သေနတ်ပစ်ခြင်း အပိုင်း(၂)
Vol. 16 Ch. 240
“ကီရီလန်ကို ဖုန်း မင်းတို့နှစ်ယောက်စလုံး အဆင်သင့် ဖြစ်ပြီလား။ မင်းတို့တွေက ပထမဆုံး ပစ္စတို ပစ်မှာမလား။ ”
အစ်ကိုကေက သူတို့ဆီ လျှောက်လာပြီးနောက် မေးလိုက်၏။
“အစ်ကိုကေ ကီရီလန်ကိုက ကျွန်တော်နဲ့ လောင်းကြေးထပ်နေတယ်။ ပြီးတော့ သူပြောတာက ကျွန်တော်ကို ကျည်နှစ်တောင့် အပိုပေးရင်တောင် နိုင်မယ်လို့ပြောနေတာ။ ”
ကီရီလန်ကို သူ့စိတ်မပြောင်းခင် ဖုန်းယွီက အလျှင်အမြန်ဖြင့် ပြောလိုက်၏။
“မင်းတို့နှစ်ယောက်က ပြိုင်မလို့လား။ ငါလည်းပြိုင်မယ်လေ။ လီရိုမင်းရောပြိုင်။ ”
အစ်ကိုကေသည် ဖုန်းယွီနှင့် ကီရီလန်ကိုသည် ပြိုင်ပွဲတစ်ခု ပြိုင်မည်ဟု ကြားသည့်အခါ စိတ်လှုပ်ရှားသွားသည်။ ဖုန်းယွီကို ကျည်နှစ်တောင့် အပိုပေးရင်တောင် ကီရီလန်ကို နိုင်မည်ဟု ပြောကတည်းက ဖုန်းယွီသေနတ်ပစ်စွမ်းရည်သည် သေချာပေါက် ဆိုးရွားပေလိမ့်မည်။ အစ်ကိုကေသည် ကီရီလန်ကို၏ အပစ်အခတ် ကျွမ်းကျင်မှုတော်မှန်း သိရှိပြီး သူသည်လည်း ထိုပျော်ရွှင်မှုတွင် ဝင်ရောက်ပါဝင်ချင်၏။
အစ်ကိုကေသည် ဖုန်းယွီကိုင်ထားသည့် လက်နက်ကို တွေ့သည့်အခါ လီရိုနှင့် ကီရီလန်ကိုလည်း ရွေးချယ်လိုက်ကြသည်။ သူသည်လည်း တူညီသည့် သေနတ်အမျိုးအစားကို ယူလိုက်၏။ သူ့အနေဖြင့် လီရိုကို မနိုင်လျှင်တောင် သူသည်အနည်းဆုံး အခြားနှစ်ယောက်ကိုတော့ နိုင်ပေလိမ့်မည်။ သူသည် ထိုအပိုင်းအခြားတွင် ပုံမှန်သာဖြစ်ပြီး သူ့အနေဖြင့် မည်သည့်သေနတ်နှင့်မဆို နိုင်မည်ဟု ယုံကြည်ချက် ရှိပေသည်။
“ငါပထမဆုံး စမယ်။ ”
ကီရီလန်ကိုသည် အသံလုံနားကြပ် တပ်လိုက်ပြီးနောက် သူ့သေနတ်ကို ချိန်းလိုက်သည်။ သူသည်ပစ်မှတ်ကို ချိန်လိုက်ပြီး ပစ်လိုက်တော့၏။
ဘန်း ဘန်း ဘန်း
ခြောက်ချက်ပစ်ပြီးနောက် ကီရီလန်ကိုသည် သူ့သေနတ်ကို ချလိုက်ပြီးနောက် အစ်ကိုကေကို အချက်ပြလိုက်သည်။
အစ်ကိုကေသည်လည်း ခြောက်ချက်ပစ်၏။ ဖုန်းယွီက တတိယမြောက် ပစ်သည့်သူဖြစ်ပြီး သူကရှစ်ကြိမ် ပစ်သည်။ ညွှန်ကြားရေးမှူး လီရိုသည် နောက်ဆုံးဖြစ်ပြီး သူသည်လည်း ခြောက်တောင့် ပစ်ပေ၏။
လူတိုင်းသေနတ် ပစ်ပြီးသည့်နောက် နံရံဘက်ရှိ ပြောသူထံမှ အသံတစ်သံ ထွက်လာသည်။
“နံပါတ်တစ် ပစ်မှတ်ခြောက်ချက်ထိ အမှတ်(၅၀) နံပါတ်နှစ် ပစ်မှတ်ခြောက်ချက်ထိ (၅၁)မှတ် နံပါတ်သုံး ပစ်မှတ်ခြောက်ချက်ထိ (၂၆)မှတ် နံပါတ်လေး ပစ်မှတ်ခြောက်ချက်ထိ (၅၉)မှတ် ”
ခဏလေး ဘာကြောင့် ခြောက်ချက်ပဲ ထိတာလဲ။ ချီး နှစ်တောင့်က ချော်သွားတာလား။
ဖုန်းယွီက အံ့အားသင့်သွားသည်။ သေနတ်ပစ်ခြင်းက လွယ်ကူမည်ဟု ထင်ရပြီး မီတာနှစ်ဆယ်ဆိုသော အကွာအဝေးသည် သိပ်မဝေးပေ။ အဘယ့်အတွက်သူသည် ပစ်မှတ်ကို မထိနိုင်ရသနည်း။ သူ့ပစ်ချက်တိုင်း၏ ပျမ်းပျတန်ဖိုးသည် လေးမှတ်သာ ရှိသည်။ ယင်းအမှတ်က တကယ်ပင် စိတ်ပျက်စရာ ကောင်းလှပေ၏။
ဖုန်းယွီက ယခုလက်ရှိတွင် အဆင့်သင့် မဖြစ်သေးပေ။ ပြီးနောက် ပစ္စတိုကို ချိန်ရခြင်းက အလွန်သန်မာမည်ဟု မသိရှိသည့်အတွက် ဖြစ်ကြောင်း ခံစားလိုက်ရ၏။ နောက်ပြန်ကန်မှုနှင့်အတူ ကျည်ဆံသည် ခေါင်မိုးကို မထိခြင်းက ကံကောင်းသည်ဟု ဖြေသိမ့်ရုံသာရှိ၏။
ကီရီလန်ကိုက ဖုန်းယွီကို တမင်တကာ စသည့်အကြည့်ဖြင့်
“ဖုန်း ဒီပြိုင်ပွဲကို ဆက်ပြိုင်ချင်လား။ ငါကစစ်သားတစ်ယောက်ဆိုတာလည်း မင်းမမေ့လိုက်နဲ့အုံး။ ”
“ဆက်ပြိုင်မှာပေါ့။ ဘာကြောင့် မပြိုင်ရမှာလဲ။ နောက်ထပ် ပစ္စတိုတစ်လက် ရှိသေးတာပဲ။ ဒီလိုမျိုး သေနတ်အမျိုးအစားကို ငါအကျွမ်းတဝင် မရှိရုံပါ။ ”
ဖုန်းယွီက ခေါင်းမာစွာဖြင့် ပြောလိုက်၏။
ကျန်ရှိသည့်သူများသည် သူတို့၏သေနတ်ထဲသို့ ကျည်တောင့်ငါးတောင့်ကိုသာ ထည့်လိုက်သည်ကို ဖုန်းယွီမြင်ပြီးနောက် သွေးဆောင့်တက်လုမတက် ဖြစ်သွားသည်။
ချီး မင်းတို့တွေက ငါ့ကိုတကယ် အထင်သေးနေတာပဲ။ အရင်က ငါသေနတ်ကို မပစ်ဖူးပေမဲ့ ငါအခုလေးတင် အတွေ့အကြုံ ရပြီးပြီ။ မင်းတို့တွေ အကုန်လုံး ကိုယ့်ရဲ့ဂူသာ တူးထားလိုက်တော့။
ယခုတစ်ခေါက်တွင် ဖုန်းယွီ၏ ပစ်ချက်များသည် ပစ်မှတ်နှင့် မလွဲချော်ပေ။ သို့သော် သူရှုံးနိမ့်ဆဲပင်ဖြစ်၏။
သူသေနတ်ရှစ်ချက် ပစ်သည်ရလဒ်မှာ (၃၁)မှတ်သာဖြစ်သည်။ ကီရီလန်ကိုနှင့် အစ်ကိုကေသည် (၄၆)မှတ်ရပြီး ညွှန်ကြားရေးမှူး လီရိုသည် အမှတ်(၅၀)ရ၏။
“ဒီသေနတ်တွေက ပျော်စရာမကောင်းဘူး။ အပြင်ကိုသွားပြီးတော့ ရိုင်ဖယ်ကိုပြောင်းရအောင်။ ငါ AK47 ကို စမ်းကြည့်ချင်တယ်။ ”
ဖုန်းယွီက စိတ်တိုနေသည်။ သူသည် အခြားသူများကို စိန်ခေါ်သည့်သူဖြစ်ပြီး သူရှုံးနိမ့်ခဲ့သည်။ သူ့အနေဖြင့် ပစ္စတိုကို ထပ်ပြီးမပစ်ချင်တော့ပေ။
ညွှန်ကြားရေးမှူး လီရိုသည် လျှောက်လာပြီးနောက် ကျန်ရှိနေသေးသည့် မပစ်ရသေးသည့် သေနတ်များကို အကုန်လုံးကို စုဆောင်းလိုက်ပြီး ဖုန်းယွီဆီကို ပေးလိုက်သည်။
“ဒီပစ်မတိုသေနတ်တွေကို မင်းပစ်ဖူးတာ ဒါပထမဦးဆုံး အကြိမ်ပဲ။ ပြီးတော့ မင်းကနည်းစနစ်ကိုလည်း မသိဘူး။ မင်းရဲ့ကိုယ်နေဟန်ထားကို ထိန်းထားနိုင်ပြီး ဖြေးဖြေးချင်း ပစ်တယ်ဆိုရင် သေနတ်ပစ်တာက မခက်ခဲပါဘူး။ ငါသေနတ်ကိုင်ထားတဲ့ပုံနဲ့ ငါ့ရဲ့ခန္ဓာကိုယ် အချိုးအစားကိုကြည့်လိုက်။ မင်းရဲ့ဘယ်ဘက်လက်က ထောက်ပံ့ပေးဖို့အတွက် ပြီးတော့ မင်းရဲ့ခန္ဓာကိုယ်ကို အနည်းငယ် ရှည်လို့ရမယ်။ မင်းရဲ့လက်မောင်းကို တန်းတန်းထားပြီးတော့ ဆက်တိုက် မပစ်နဲ့။ မင်းအခု စမ်းပစ်ကြည့်လို့ရပြီ။ ”
ဖုန်းယွီသည် ညွှန်ကြားရေးမှူး လီရို၏ ညွှန်ကြားချက်များအတိုင်း လိုက်နာပြီး ထပ်ပစ်တော့၏။ သူသည် တစ်တွဲပစ်ပြီးသွားပြီး ယခုတစ်ခေါက်တွင် ပိုပြီးတိကျလာ၏။ သူ့၏တစ်ကြိမ်စီအတွက် ပျမ်းပျရမှတ်သည် (၅)မှတ်ဖြစ်သည်။
ဖုန်းယွီသည် နောက်ထပ် ပစ္စတိုတစ်လက်ကို ကိုင်လိုက်ပြီးနောက် ထပ်ပစ်ပြန်၏။ ယခုတစ်ခေါက်တွင် သူသည် နည်းစနစ်ကို သိရှိပြီးဖြစ်သည်။ သူသည် ကျည်ဆံများ အားလုံးကုန်အောင် ပစ်နိုင်ခဲ့ပြီး ပစ်မှတ်ကြည့်ရန်အတွက် မှန်ပြောင်းတစ်စုံကို အသုံးပြုခဲ့သည်။ သူသည် ကြက်ကန်းဆန်အိုး တိုးသလို ပစ်မှတ်အလယ်ကို ထိမိသွားသည်။ ယင်းက (၁၀)မှတ်ဖြစ်သည်။ ဖုန်းယွီသည် ကျည်ခွံကို ထုတ်လိုက်ပြီးနောက် ပြောလိုက်၏။
“လာ ငါတို့တွေ တစ်ချက်ထဲပစ်တာပဲ ပြိုင်ရအောင်။ ငါကပစ်မှတ်ရဲ့ အလယ်တည့်တည့်ကို ပစ်နိုင်ခဲ့တယ်။ (၁၀)မှတ်ရတယ်။ အခုမင်းတို့အလှည့်။ ”
ကီရီလန်ကို “.... ”
အစ်ကိုကေ “ ”
ညွှန်ကြားရေးမှူးလီရို
“.... ”
မည်သူမျှ ဖုန်းယွီကို ပြန်မပြောပေ။ ထို့ကြောင့် ဖုန်းယွီသည် ကျန်ရှိနေသည့် ကျည်ဆံများအားလုံးကို ဆက်ပစ်ပြီး သူ့၏ခေါင်းကို ခေါက်လိုက်သည်။ ပြန်ကန်အားသည် သူ့၏လက်ကို နာကျင်စေသည်။ သူသည် နောက်ပိုင်းတွင် AK47 ကို စမ်းကြည့်ချင်သေးဆဲဖြစ်သည်။
ဒိုင်းဒိုင်းဒိုင်းဒိုင်း
ဖုန်းယွီသည် မောင်းကိုဆက်တိုက် နှိပ်လိုက်ပြီး မလွှတ်လိုက်ပေ။ သေနတ်ကျည်ဆံများအားလုံး တစ်ခဏအတွင်း အကုန်လုံး ခြောက်သွားသည်။
ပျော်စရာကောင်းလိုက်တာ။
တဖန် အမှတ်ကြေညာသူသည် သူ၏အမှတ်ကို ပြောလိုက်သည့်အခါ ဖုန်းယွီက ပြောစရာစကား မဲ့သွားပြန်၏။
ချီး ဘာမှားတာလဲ။ ကျည်ဆံအတောင့်သုံးဆယ် ပစ်တာကိုမှ ပစ်မှတ်ကို သုံးတောင့်ပဲ ထိတာလား။ မင်းကောင်းကောင်း ရေတွက်ရဲ့လား။
ဖုန်းယွီသည် စုံမှန်ပြောင်းကို အသုံးပြုလိုက်ပြီး သူပစ်ထားသည့် ပစ်မှတ်ကို ကြည့်လိုက်သည်။ သုံးမှတ်သာ ပေါ်နေသည်။ သူ့၏အမှတ်အများဆုံး ရမှတ်များသည် နှစ်ခုသာဖြစ်သည်။
ဘယ်လောက်တောင် ဆိုးတဲ့သေနတ်လဲ။ သူတို့တွေက ငါ့ကိုတိကျမှု မရှိတဲ့သေနတ်ကို ပေးတာပဲဖြစ်ရမယ်။ ဒီသေနတ်က သေချာပေါက် ရမှတ်သုံညဖြစ်အောင် လုပ်ထားတာပဲ။
“အစ်ကိုကီ မဟုတ်ဘူး ညွှန်ကြားရေးမှူးလီရို ကျွန်တော်ခင်ဗျားရဲ့သေနတ်နဲ့ ချိန်းချင်တယ်။ ဒီသေနတ်က မတိကျဘူး။ ”
ဖုန်းယွီသည် ညွှန်ကြားရေးမှူး လီရိုထံမှ AK47 ကို ဆွဲယူလိုက်ပြီး ညွှန်ကြားရေးမှူး လီရိုသည် သူ့အားပေးလိုက်၏။
ညွှန်ကြားရေးမှူးလီရိုသည် မျက်နှာပျက်သွားသည်။ ယခုတွင် ဖုန်းယွီသာ ရိုင်ဖယ်သေနတ် ပစ်မှည်ဆိုပါက သူ့၏ပစ်မှတ်သည် မိုးကောင်းကင်သို့ ရောက်လုနီးပါး ဖြစ်မည်ပင်။ ပြီးနောက် သူ့အနေဖြင့် ထိုသေနတ်သည် မတိကျဟု ပြဿနာရှာမည်ပင် မဟုတ်ပေလော။
သူပစ်မှတ်ကို နှစ်ချက်ထိလျှင်တောင် ယင်းက အံ့ဖွယ်ဖြစ်ရပ်ပင် ဖြစ်သွားပေလိမ့်မည်။
ဒိုင်းဒိုင်းဒိုင်းဒိုင်း
ဖုန်းယွီသည် နောက်ထပ် ကျည်တစ်တွဲကို ပစ်မိသွားသည်။ ကျည်အများစုသည် ပစ်မှတ်ကို မထိပေ။ ကျည်ခြောက်တောင့်သာ ပစ်မှတ်ကိုထိ၏။
သူတို့အားလုံးက ဖုန်းယွီကို ကြည့်လိုက်ပြီး ယခုတွင်သူ မည်သည့်အကြောင်းပြချက်မှ မပေးသည့်အတွက် အံ့သြမှင်သက်နေကြသည်။
“လေကအရမ်းပြင်းတာပဲ။ ”
သူတို့အားလုံးသည် မနီးမဝေးတွင်ရှိသည့် အလံကို ကြည့်လိုက်၏။ အလံသည် လွင့်မနေပေ။ ပြီးနောက် အလံတိုင်တွင်သာ ကျလျှက်ရှိနေပေ၏။ ယင်းက လေလုံးဝမတိုက်သည်ကို ဆိုလိုခြင်းဖြစ်သည်။
“အခုလေက အရမ်းပြင်းတာပဲနော်။ ခံစားမိရဲ့လား။ ငါ့ရဲ့ဦးထုတ်တောင်မှ လွင့်ထွက်တော့မယ်။ အခုလေးတင်ပဲ ရပ်သွားတာ။ ”
ညွှန်ကြားရေးမှူး လီရိုသည် ဆက်လက် သည်းမခံနိုင်တော့ပေ။ ပြီးနောက် ပြောလိုက်၏။
“ဖုန်း AK47 ရဲ့ ပြန်ကန်အားက အရမ်းပြင်းပြီးတော့ တိကျမှုကလည်း မကောင်းဘူး။ မင်းအနေနဲ့ သုံးကြိမ်ပစ်တဲ့ ပြိုင်ပွဲပုံစံမျိုး ရွေးချယ်သင့်တယ်။ ပြီးတော့ ချိန်တဲ့အမှတ်ကိုလည်း နည်းနည်း အောက်ချရမယ်။ ဒီနည်းနဲ့ဆိုရင် မင်းရဲ့ပစ်မှတ်က ပိုပြီးတော့ တိကျသွားလိမ့်မယ်။ ”
“တကယ်ကြီးလား။ ဘာကြောင့် ကျွန်တော်ကို စောစောက မပြောတာလဲ။ အစ်ကိုကီ ခင်ဗျားရဲ့သေနတ်ကို ကျွန်တော်ကိုပေး။ ညွှန်ကြားရေးမှူး လီရိုရဲ့ သေနတ်ကလည်း မတိကျပြန်ဘူး။ ”
ကီရီလန်ကိုက
“.... ”
ဒီုင်းဒိုင်းဒိုင်း
ဒီုင်းဒိုင်းဒိုင်း
ဒီုင်းဒိုင်းဒိုင်း
ယခုတစ်ခေါက်တွင် ဖုန်းယွီသည် ပစ်မှတ်ကို သုံးကြိမ်သာ လွဲခဲ့သည်။ ပြီးနောက် သူ၏ရလဒ်ကို ကျေနပ်နေ၏။
ငါတိုးတက်လာတာ ကြည့်လိုက်စမ်း။ သုံးကြိမ်ထဲနဲ့ သုံးခါပဲလွဲသွားတယ်။ ငါကဉာဏ်ကြီးရှင်ပဲ။
အကယ်၍ ညွှန်ကြားရေးမှူး လီရိုသည် ဖုန်းယွီဘာစဉ်းစားနေသည်ကို သိပါက သူသည် ပြောစရာစကား မဲ့သွားမည်ပင်။ သေနတ်ပစ်ကွင်းတွင် သူ့၏စစ်သားများသည် သုံးကြိမ်သာ ပစ်မှတ်လွဲပါက သူသည် ထိုစစ်သားကို ရိုင်ဖယ်ခေါင်းပေါ်တင်လျှက် ဖားခုန်အကြိမ်တစ်ရာ ခုန်ခိုင်းမည်ဖြစ်သည်။ ထိုသူသည် ကျည်ဆံများကို ဖြုန်းတီးခြင်းသာဖြစ်သည်။ ကီရီလန်ကိုနှင့် ကျန်သည့်သူများသည် ဖုန်းယွီပြီးနောက် ပစ်ကြ၏။ ဖုန်းယွီသည် ကီရီလန်ကိုနှင့် အစ်ကိုကေ၏ ရလဒ်ကို မြင်သည့်အခါ သူသည် အတော်ပင် ယုံကြည်ချက် ရှိနေဆဲဖြစ်၏။ သို့သော် သူသည် ညွှန်ကြားရေးမှူး လီရို၏ ရလဒ်ကိုမြင်ပြီးနောက် ယုံကြည်ချက်များ ပျောက်ဆုံးသွားတော့သည်။
မင်းငါ့ကိုပြောတာက AK47 က မတိကျဘူးဆို။ ပြီးတော့ မင်းရဲ့အနည်းဆုံးအမှတ်က (၇)မှတ်။ ပြီးတော့ မင်းကပစ်မှတ်ရဲ့ ဗဟိုကို နည်းနည်းပဲ ထိသွားတယ်။
“ဒါကပျော်စရာလည်း မကောင်းဘူး။ Mosinရိုင်ဖယ်ကို ပြောင်းရအောင်။ ”
ဖုန်းယွီသည် မှန်ပြူးဖြင့် ပစ်ပါက ပစ်မှတ်လွဲမည်ဟု မယုံကြည်ပေ။
ဒိုင်းဒိုင်းဒိုင်းဒိုင်း
ဖုန်းယွီက သေနတ်ပစ်ခြင်း ပြီးဆုံးသွားပြီး အမှတ်ကြေညာသူက သူ့၏အမှတ်အား မကြေညာခင် သူသည်စစ်မှန်ပြောင်းကိုသုံးပြီး ပစ်မှတ်အား ကြည့်လိုက်၏။
ချီး ဘာတွေဖြစ်နေတာတုန်း။ ငါပစ်မှတ်ကို ရှင်းရှင်းလင်းလင်း မြင်ရပြီးတော့ အခုလေးတင် ပစ်လိုက်တာလေ။ ဘာကြောင့် ပစ်မှတ်က ပြောင်နေရတာလဲ။ ဒီမှာကျည်ရာ တစ်ရာအောင် မတွေ့ရဘူး။ ဒါကမဖြစ်နိုင်ဘူး။
ဖုန်းယွီသည် သူ့၏ပစ်မှတ်ကို တစ်စုံတစ်ယောက်က ပြောင်းသည်ဟု အပြစ်တင်မည်ပင်။ ယခုလက်ရှိတွင် အဘယ့်ကြောင့် သူ၏ပစ်မှတ်က ပြောင်လင်းနေပြီး အကွာအဝေးသည် မီတာငါးဆယ်သာ ရှိသည်လော။
ညွှန်ကြားရေးမှူး လီရိုသည် ဖုန်းယွီထံမှ စစ်မှန်ပြောင်းကိုယူပြီးနောက် ပစ်မှတ်အား ကြည့်လိုက်သည်။ ထို့နောက် သူကအနည်းငယ်လှုပ်လျှက် ဖုန်းယွီကို မကောင်းသတင်းအချို့ ပြောနေ၏။ ဖုန်းယွီသည် ပစ်မှတ်အမှားကို ပစ်မိခြင်းဖြစ်၏။