← Chapters

တင့်ကားမောင်းနှင်ခြင်း

Vol. 17 Ch. 241

တင့်ကားမောင်းနှင်ခြင်း

Vol. 17 Ch. 241

ဖုန်းယွီသည် ယနေ့သေနတ်ပစ်ကွင်း ခရီးစဉ်နှင့် ပတ်သတ်ပြီး မပျော်မရွှင် ဖြစ်နေသည်။ အထူးသဖြင့် နောက်ဆုံးတွင် သူပစ်မှတ်အမှားကို ပစ်မိသည့်အခါတွင်ဖြစ်၏။ ကီရီလန်ကိုနှင့် အစ်ကိုကေက သူ့အားလှောင်ရယ်ကြသည်။ သူတို့ Skeet သေနတ်ပစ်သည့် အခါတွင် ဖုန်းယွီသည် ချပ်ပြားတိုင်းကို လွဲနေသည်။ ညွှန်ကြားရေးမှူး လီရိုသည် တစ်ချက်တောင်မှ မလွဲပေ။

ကီရီလန်ကိုသည် Skeet သေနတ်ပစ်ရာတွင် အစ်ကိုကေထက် ပိုတော်ပေသည်။ ပြီးနောက် ယင်းအချက်က သူ့ကိုတရုတ်နိုင်ငံတွင် ဝက်ဝံဖမ်းခဲ့သည်ဆိုသော အကြောင်းကို ပိုပြီးကြွားဝါ၍ ကောင်းစေခဲ့သည်။

ကီရီလန်ကိုက အစ်ကိုကေနှင့် ညွှန်ကြားရေးမှူး လီရိုကို သူတို့အရင်က ဝက်ဝံဖမ်းခဲ့ဖူးလားဟု ဂုဏ်ယူစွာဖြင့် မေးလိုက်သည်။ ဝက်ဝံသားရေသည် သူ့အိမ်တွင် ရှိနေဆဲဖြစ်၏။

ဆိုဗီယက် ပြည်ထောင်စုသည် ဝက်ဝံများကို အမဲလိုက်ရန် မတားမြစ်ထားသော်ငြား မည်သူမှ ဝက်ဝံကို ကိုယ်တိုင်ကိုယ်ကျ သတ်သည်မဟုတ်ပေ။

ဖုန်းယွီနှင့် ကီရီလန်ကိုသာ ဝက်ဝံအမဲလိုက်ခြင်း၏ နောက်ကွယ်မှ အမှန်တရားကိုသာ သိပေသည်။ ယင်းမတော်တဆမှုက သူတို့ရှိနေသည့် ချစ်ကြည်ရေးကို ဦးတည်သွားစေခဲ့သည်။

အစ်ကိုကေသည်လည်း ကီရီလန်ကို၏ ကြွားဝါမှုအား သံသယဖြစ်နေသည်။ တရုတ်နိုင်ငံတွင် အမဲလိုက် ရိုင်ဖယ်သေနတ်ကို ကီရီလန်ကို မည်သို့ရရှိသနည်း။ သူသည် နိုင်ငံခြားသားတစ်ယောက်ဖြစ်ပြီး ရိုင်ဖယ်သေနတ်ကို သူ့အားမည်သူက ငှားပေးသနည်း။

ကီရီလန်ကိုက အမဲလိုက်ရိုင်ဖယ်ကို ဖုန်းယွီထံမှငှားကြောင်း ပြောခဲ့သည်။ သို့သော် အစ်ကိုကေက သူ့အားမယုံကြည်ပေ။ သူသေချာသည်က ဖုန်းယွီသည် သူ၏သေနတ်ပစ်စကေးကို ကြည့်ခြင်းဖြင့် အမဲလိုက်သည့် မိသားစုမှမဟုတ်ကြောင်း အသေအချာ ပြောနိုင်ပေသည်။ ပြီးနောက် သူ့အနေဖြင့် အမဲလိုက်ရိုင်ဖယ်သေနတ်ကို မည်သည့်နေရာက ရမည်နည်း။

ထပ်ပြောရပါက သူတို့နှစ်ယောက်စလုံး ထိုအဖြစ်အပျက်ပြီးမှ သိကြသည်လော။ သူတို့သည် ကီရီလန်ကိုကို အမဲလိုက်သေနတ် ငှားပြီးမှ ရင်းနှီးကြသည်လော။

အစ်ကိုကေက ကီရီလန်ကိုကို ထိုအကြောင်း အချိန်တိုင်း မေးသောအခါ ကီရီလန်ကိုသည် သူ့အနေဖြင့် ဝက်ဝံကို တစ်ယောက်ထဲသာ ဖမ်းခဲ့ကြောင်း ပြောဆို၏။ ထို့အပြင် သူ့၏အမဲလိုက်အကြောင်း ပြောပြမှုသည် အချိန်တိုင်းအချိန်တိုင်း အနည်းငယ် ကွဲပြားမှုရှိနေသည်။ ဖုန်းယွီသာ အမှန်တရားကို သိမည်ဟု မည်သူမှ မယုံကြည်ကြပေ။

ဖုန်းယွီသည် အခြားသော သေနတ်များနှင့် စမ်းချင်သေးသည်။ သို့သော် ညွှန်ကြားရေးမှူးလီရိုက သူ့အား ခွင့်မပြုပေ။ သူကဖုန်းယွီကို ပထမတစ်ချီထဲတွင် ကြိမ်ဖန်များစွာပစ်ပါက ကိုယ့်ကိုယ်ကို အနာတရ ဖြစ်စေမည်ဖြစ်ကြောင်း ပြောခဲ့၏။

နေ့လည်စာ စားချိန်တွင် ဖုန်းယွီသည်လည်း သူ့၏လက်များ တုန်နေသည်ကို သတိပြုမိခဲ့သည်။ ပြီးနောက် ကံကောင်းချင်တော့ သူသည် အစားစားရန်အတွက် တူကိုကိုင်ရန် မလိုပေ။

အဆုံးတွင် ညွှန်ကြားရေးမှူးလီရိုသည် သူ့လက်ကို ဆေးအချို့ဖြင့် နှိပ်နှယ်ပေးသည်။ ထိုဆေးသည် ယမ်းမှုန့်၏ အနံ့နှင့် လက်မောင်းနာကျင်ခြင်းကို ယူပစ်သလို ပျောက်ကင်းစေသည်။

ဟိုတယ်သို့အပြန်တွင် ကီရီလန်ကိုက ဖုန်းယွီကို ဂုဏ်ယူစွာဖြင့် မေးလိုက်၏။

“ဖုန်း မင်းင့ါရဲ့ သေနတ်ပစ်စကေးကို သံသယရှိနေတုန်းပဲလား။ ”

“ဟမ့် မင်းကစစ်သားတစ်ယောက်ပဲ။ ပြီးတော့ ဒီဟာက ကျွန်တော်အတွက် ပထမဦးဆုံးအကြိမ် ပစ်မှတ်ကိုလွဲတယ်ဆိုတာ ကျွန်တော်အတွက်ကတော့ ပုံမှန်ပဲလေ။ ”

“မနက်ဖြန်ကျရင် ယူကရိန်းဘဏ်ရဲ့ မန်နေဂျာနဲ့ တွေ့ရမှာနော်။ မနက်ဖြန် မင်းဘာလုပ်ချင်သေးလဲ။ ဘယ်ကစားနည်း ဆော့ချင်သေးလဲ။ မင်းပုံမှန်ဆို ဘယ်လိုအားကစားနည်းတွေ ကစားလဲ။ အားကစားနည်းအကြောင်း ပြောရအောင်လေ။ တရုတ်နိုင်ငံအနေနဲ့ ဆိုဗီယက် ပြည်ထောင်စုကိုတော့ အားကစားမှာ မယှဉ်နိုင်ဘူး။ ဘောလုံးနဲ့ ဘက်စကတ်ဘောကိုပဲကြည့်လိုက်။ ”

ကီရီလန်ကိုက ပြောလိုက်၏။

ချီး ဘက်စကပ်ဘောလား။ ဆိုဗီယက် ပြည်ထောင်စုရဲ့ ဘက်စကပ်ဘောက သမိုင်းမှာပဲ အောင်မြင်မှုဆိုတာ ရှိတော့တာ။ ၁၉၇၂ခုနှစ် အိုလံပစ်ကတည်းက ဆိုဗီယက် ပြည်ထောင်စုက အမေရိကန် ပြည်ထောင်စုနဲ့ ယှဉ်ပြိုင်ခဲ့ကြတယ်။ အဲ့ဒီအချိန်မှာကတည်းက ဆိုဗီယက် ပြည်ထောင်စုက နာမည်ရှိပြီးသား။ ဆိုဗီယက် ပြည်ထောင်စု နည်းပြက ဒိုင်တွေကို သွားပြောခဲ့တယ်။ ပြီးတော့ ဒိုင်တွေကလည်း ဆိုဗီယက် ပြည်ထောင်စုကို ပင်နယ်တီ ပေးခိုင်းခဲ့တယ်။ ဆိုဗီယက် ပြည်ထောင်စုရဲ့ ကစားသမားတွေက ပင်နယ်တီပစ်တာတောင်မှ လွဲနေတုန်းပဲ။ ပြီးတော့ ဒိုင်က ဆိုဗီယက် ပြည်ထောင်စုအသင်းကို နောက်ထပ် ပင်နယ်တီ ထပ်ပေးပြန်တယ်။

ဆိုဗီယက် ပြည်ထောင်စုက ဂိမ်းကိုနိုင်သွားတယ်။ အမေရိကန်များသည် ဒိုင်၏ဆုံးဖြတ်ချက်နှင့် ပတ်သတ်ပြီး ဆန့်ကျင်အငြင်းပွားကြသည်။ သို့သော် မအောင်မြင်ပေ။ ဆိုဗီယက် ပြည်ထောင်စုသည် ရွှေတံဆိပ်ရသွားသည်။ ပြီးနောက် အမေရိကန် ပြည်ထောင်စုသည် ဒုတိယနေရာရသည်။

၁၉၈၈အိုလံပစ် ဘက်စကပ်ဘော ဆီမီးဖိုင်နယ်တွင် ဆိုဗီယက် ပြည်ထောင်စုသည် အမေရိကန်နှင့် ထပ်တွေ့ပြန်သည်။ ဆိုဗီယက်အသင်းသည် နောက်ဆုံးတွင် အမှတ်ရခဲ့သည်။ ပြီးနောက် ယင်းအမှတ်ကိုလည်း ထည့်တွက်ခဲ့သည်။ ထိုနှစ်တွင် ဆိုဗီယက် ပြည်ထောင်စုသည် ရွှေတံဆိပ်ဆုကို ထပ်ရပြန်၏။

ထိုပြိုင်ပွဲများမှစပြီး အမေရိကန်ပြည်ထောင်စု ဘက်စကတ်ဘောအသင်းသည် ဆိုဗီယက် ပြည်ထောင်စုနှင့် ပွဲမရှိတော့ပေ။

ဖုန်းယွီသည် ကီရီလန်ကိုကို ကြည့်လိုက်ပြီး ပြုံးလိုက်၏။

ကီရီလန်ကို၏ ဂုဏ်ယူနေမှုသည် တမင်တကာ လုပ်ပြောနေသည်။ ဖုန်းယွီသည် သူ့ကိုမပြောပေ။ ဖုန်းယွီသည် သူနှင့်သူ့အဖေကို ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲမည့်အကြောင်းကို ပြောခဲ့သည်။ ယမန်လက ယက်ဆင်သည် ရုရှားအနေဖြင့် ဆိုဗီယက် ပြည်ထောင်စုကနေ ခွဲထွက်မည်ဟု ကြေညာခဲ့ပြီး ယင်းက ယခုနှစ်တွင် ဆိုဗီယက် ပြည်ထောင်စုမှ ထွက်ခွာမည့် စတုတ္ထမြောက် နိုင်ငံဖြစ်သည်။ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲပြီးနောက် ရုရှားဘက်စကပ်ဘောအသင်းသာ ကျန်ခဲ့မည်ဖြစ်သည်။ ထိုအသင်းအနေဖြင့် အမေရိကန်ကို နိုင်နိုင်မည်လော။

ဆိုဗီယက် ပြည်ထောင်စု၏ အောင်မြင်သည့် အချိန်များသည် ကုန်ဆုံးတော့မည်ဖြစ်သည်။ သူ့အနေဖြင့် ဘာတွေဆက်ဖြစ်မည်ကို တွေးကြည့်လိုက်သည့်အခါ ကီရီလန်ကို၏ စိတ်ဝင်စားမှုအားလုံး ပျောက်ဆုံးသွားမည်ဖြစ်၏။

ဖုန်းယွီက ရုတ်တရက် မေးလိုက်၏။

“အစ်ကိုအထင် အစ်ကိုရဲ့ အားကစားတွေက ထူးချွန်ပြောင်မြောက်တယ်လို့ တွေးနေတာလား။ ဘာကြောင့် ကျွန်တော်နဲ့ မနက်ဖြန်ကျရင် ပင်ပေါင်(စားပွဲတင်တင်းနစ်) မကစားရမှာလဲ။ ကျွန်တော် အစ်ကို့ကို ငါးမှတ်အပိုပေးမယ်။ ”

တကယ်တန်းတွင် ဖုန်းယွီသည် ပင်ပေါင်ကစားနည်းတွင် သာမာန်သာရှိသည်။ သို့သော် ဖုန်းယွီသည် ကီရီလန်ကိုအနေဖြင့် ထိုစိန်ခေါ်မှုကို လက်ခံမည်မဟုတ်မှန်း သိပေ၏။ အကြောင်းမှာ တစ်ကမ္ဘာလုံးရှိ လူအများစုက တရုတ်နိုင်ငံသည် ပင်ပေါင်ကစားနည်းတွင် နံပါတ်တစ်ဟု တွေးထားသည့်အတွက်ကြောင့် ဖြစ်ပေသည်။ တရုတ်နိုင်ငံသားအားလုံး ပင်ပေါင် ဘယ်လိုကစားရမယ်ဆိုတာ သိကြသည်။ တရုတ်နိုင်ငံသားအားလုံး ကွန်ဖူူးကို ဘယ်လိုကစားရမည်ဟု သိသကဲ့သို့ပင်ဖြစ်၏။

ကီရီလန်ကိုက ပင်ပေါင်အားကစားနည်းတွင် တရုတ်လူမျိုးများ မည်မျှတော်မှန်း ချက်ချင်းအတွေး ပေါ်ပြီးနောက် သူသည်ပင်ပေါင်ကိုလည်း ဘယ်လိုကစားရမည်မှန်းလည်း မသိရှိပေ။

“အဲဒါဆိုရင် မနက်ဖြန်ကျရင် ကစားဖို့မေ့လိုက်တော့။ တကယ်လို့ မင်းစိတ်ဝင်စားတယ်ဆိုရင် ငါတို့တွေ အပျော်အနေနဲ့ တင့်ကားကို သွားမောင်းကြမယ်။ ”

တင့်ကားကို မောင်းမှာလား။ ဖုန်းယွီသည် တင့်ကားတစ်စီးကို ကိုယ်တိုင်ကိုယ်ကျ မောင်းရန်အတွက် စိတ်ဝင်စားကြောင်း လုံးဝဝန်ခံရမည်ပင်။

တရုတ်နိုင်ငံတွင် သူ့အနေဖြင့် အချို့သော လက်နက်ခဲယမ်းသေနတ်များကို ပစ်ခွင့်ရကောင်း ရနိုင်သည်။ သို့သော် သူ့အနေဖြင့် တင့်ကားမောင်းရန် အခွင့်အရေး ဘယ်တော့မှ ရရှိမည်မဟုတ်ပေ။

“ကောင်းပြီလေ အဲ့ဒါဆိုရင် မနက်ဖြန်ကျရင် သွားပြီးတော့ တင့်ကားတွေ မောင်းကြတာပေါ့။ ကျွန်တော် ပစ်လည်းပစ်မှာနော်။ ”

ကီရီလန်ကိုသည်လည်း ထခုန်လုနီးပါးပင်။

“အဲ့အကြောင်းကိုတော့ မင်းမတွေးလိုက်တော့နဲ့။ တကယ်တန်းကျ ငါလည်းအဲ့လိုမျိုးတောင် လုပ်ခွင့်မရှိဘူး။ ငါတို့အလုပ်နိုင်ဆုံးက တင့်ကားထဲကို မင်းဝင်နိုင်တယ်။ ပြီးတော့ ပတ်ဝန်းကျင်မှာ မောင်းလို့ရတယ်။ အဲ့ဒါကလွဲပြီး ကျန်တဲ့အရာ မင်းဘာမှ လုပ်လို့မရဘူး။ ”

တင့်ကားကနေပြီးတော့ ပစ်မှာလား။ မင်းရဲ့ ပစ်တဲ့စွမ်းရည်နဲ့ဆိုရင် အဲ့ဒီမှာရှိတဲ့ လူတိုင်းကို သတ်မိမှာ။

ဖုန်းယွီက တင့်ကားမှ ပစ်ခွင့်မရသည့်အတွက် အနည်းငယ် စိတ်မကောင်းသလို ခံစားမိသည်။ သို့သော် တင့်ကားတစ်စီးကို ဘယ်လိုထိန်းချုပ်ရမည် ဆိုသည်ကတော့ စိတ်ဝင်စားဖို့ ကောင်းနေဆဲဖြစ်သည်။ သူ့အနေဖြင့် ဓာတ်ပုံတစ်ပုံလည်း ရိုက်မည်ပင်။

နောက်တစ်နေ့တွင် ဖုန်းယွီက မနက်စောစောတွင် နိုးလာခဲ့ပြီး ကီရီလန်ကို၏ တံခါးကို ခေါက်လိုက်၏။

“အစ်ကိုကီ ကျွန်တော်တို့တွေ ဘယ်အချိန် တင့်ကားမောင်းဖို့ သွားမှာလဲ။ ”

ကီရီလန်ကိုက ဖုန်းယွီကို ကူကယ်ရာမဲ့စွာဖြင့် ကြည့်လိုက်သည်။ မနက်၇နာရီသာ ရှိသေး၏။

ဆယ်မိနစ်ခန့်ကြာပြီးနောက် ကီရီလန်ကိုက သူ၏ယာဉ်မောင်းကို ဆက်သွယ်သည်။ သူသည် ဖုန်းယွီကို တင့်ကားမောင်းရန်အတွက် အကြံဉာဏ်ပေးခဲ့သည်ကို နောင်တရနေမိခဲ့၏။

ဖုန်းယွီသည် တင့်ကားများကို မြင်ပြီးနောက် စိတ်ပျက်သွားတော့၏။ တင့်ကားများသည် ခေတ်မမှီသေးပေ။ ပြီးနောက် သူတင့်ကားထဲကို ဝင်သည့်အခါတွင် မွန်းကြပ်နေ၏။ ယင်းကသူ တီဗီပေါ်တွင် တွေ့ရသည်နှင့် မတူပေ။

ဆိုဗီယက် ပြည်ထောင်စု၏ တင့်ကားများသည် အကုန်လုံး ခေတ်မမှီကြသည်မဟုတ်။ သို့သော် ဆိုဗီယက် ပြည်ထောင်စု၏ တင့်ကားအများစုသည် အရည်အချင်း ကောင်းရုံမျှသာရှိသည်။

ဂျာမနီတင့်ကားများသည် အရှုပ်ထွေးဆုံးဖြစ်ပြီး သူတို့၏ နည်းပညာများသည် ကမ္ဘာပေါ်တွင် အကောင်းဆုံးဖြစ်သည်။ သို့သော် ယင်းအတွက်ကြောင့်ပဲ သူတို့၏ တင့်ကားများသည် အနည်းငယ် ထိခိုက်ရုံဖြင့် ရပ်တန့်သွားကြပေ၏။

အခြားတစ်ဖက်တွင် ဆိုဗီယက် ပြည်ထောင်စု၏ တင့်ကားများသည် ခိုင်ခံ့မာကြောပြီး မည်သည့် အတားအဆီးမဆို ဖြတ်နိုင်၏။ ပျက်စီးရန် ခက်ခဲသော်ငြား ထိုတင့်ကားများသည် တင့်ကားမောင်းသည့် စစ်သားများအပေါ် ကာကွယ်ရေးတွင် အမေရိကန် တင့်ကားများအား ရှုံးနိမ့်သေးဆဲဖြစ်၏။

ဖုန်းယွီသည် တင့်ကားကို တစ်ခဏကြာ မောင်းပြီးနောက် စိတ်ဝင်စားမှု လျော့နည်းသွားသည်။ ထိုတင့်ကားများသည် အလွန်အိုဟောင်းနေ၏။ ပြီးနောက် သူ့အနေဖြင့် ထွန်စက်မောင်းရသလို ခံစားရသည်။ တင့်ကားကို ထိန်းချုပ်ရန်အတွက် အဆင့်နှစ်ဆင့်သာ ပါရှိသည်။ စတီယာဝီးက ဘယ်တွင်ရှိသနည်း။

ဖုန်းယွီသည် တင့်ကား၏ အတွင်းပိုင်းတွင် ဓာတ်ပုံရိုက်ခွင့် မပြုပေ။ သို့သော် အပြင်တွင် ဓာတ်ပုံရိုက်ရန်တော့ ခွင့်ပြုပေ၏။ ထိုတင့်ကားများသည် လေ့ကျင့်ရေးအတွက်သာ အသုံးပြုခြင်းဖြစ်ပြီး နည်းပညာအများစုမှာ ခေတ်နောက်ကျနေပြီဖြစ်၏။

ကီရီလန်ကိုသည် တင့်ကားထဲတွင် နိုင်ငံခြားသားအား ဓာတ်ပုံရိုက်ခွင့်ကိုလည်း ခွင့်မပြုရဲပေ။

နေ့လည်စာ စားသည့်အခါတွင် သူတို့သည် ဟိုတယ်သို့ ပြန်ခဲ့၏။ ဖုန်းယွီသည် လေယာဉ်တစ်စီးသို့ ဟယ်လီကော်ပတာဖြင့်ပျံရန် တောင်းဆိုခဲ့သည်။ သို့သော် ကီရီလန်ကိုက ပယ်ချလိုက်၏။

ဟမ့် အနာဂတ်ကျရင် ငါ့ရဲ့ကိုယ်ပိုင်လေယာဉ်နဲ့ ဟယ်လီကော်ပတာဝယ်မယ်။ ငါကိုယ်တိုင် မောင်းမယ်။

ညစာစားပြီးနောက် ကီရီလန်ကိုသည် ဖုန်းယွီကို သူနှင့်အစ်ကိုကေသည် ဆိုဗီယက်ဘဏ်၏ ယူကရိန်းဘဏ်ခွဲ မန်နေဂျာနှင့် တွေ့ရန်အတွက် ဖုန်းယွီကို ခေါ်သွားမည်ဖြစ်ကြောင်း ပြောသည်။ သူသည် ဖုန်းယွီကို စကားနည်းနည်းပြောပြီး သူ့ကိုသာ စကားပြောစေ၏။

All Chapters