← Chapters

ဘဏ်မန်နေဂျာနှင့် ဆက်ဆံခြင်း

Vol. 17 Ch. 242

ဘဏ်မန်နေဂျာနှင့် ဆက်ဆံခြင်း

Vol. 17 Ch. 242

ကီရီလန်ကိုသည် ဖုန်းယွီကို ယူကရိန်းတွင် ချေးငွေရရန် ကူညီချင်ခဲ့သည်။ သို့သော် အစ်ကိုကေ၏ အကူအညီမပါဘဲ သူဘာမျှ မလုပ်နိုင်ပေ။ သို့သော် ဖုန်းယွီသည် ကီရီလန်ကို၏ စိတ်ရင်းကို မြင်ခဲ့၏။ အစ်ကိုကေသည် ဖုန်းယွီ၏ ငြင်းဆိုချက်ကို မပျော်ရွှင် ဖြစ်နေသည်။ သို့သော်သူသည် ဖုန်းယွီနှင့် လက်တွဲမဖြုတ်သေးပေ။ ကီရီလန်ကို သူ့ကိုပြောထားတာ ဖြစ်ကောင်းဖြစ်နိုင်ပေ၏။

ဖုန်းယွီ၏စိတ်ထဲတွင် ယူကရိန်းဘဏ်၏ မန်နေဂျာနှင့် အစည်းအဝေးသည် ဘဏ်တွင်ဖြစ်လိမ့်မည် ဖြစ်သည်။ သို့သော် အစ်ကိုကေသည် မန်နေဂျာကို သူ့၏စံအိမ်တွင် လာရန်အတွက် စီစဉ်ခဲ့၏။

“ဖုန်း မင်းကိုမိတ်ဆက်ပေးမယ်။ ဒါက ဆိုဗီယက်ဘဏ်ရဲ့ ယူကရိန်းဘဏ်ခွဲက မန်နေဂျာ မစ္စတာ ကော့စကီစ် ဒါကမန်နေဂျာဖုန်း တရုတ်ပြည်ကလာတယ်။ သူကကျွန်တော်ရဲ့ သူငယ်ချင်းကောင်းပဲ။ ”

“မစ္စတာဖုန်း တွေ့ရတာ ဝမ်းသာပါတယ်။ ”

မစ္စတာကော့စကီစ်သည် ဖုန်းယွီ၏ အသက်အရွယ်ကို မအံ့သြပေ။ ဆိုဗီယက် ပြည်ထောင်စုတွင် များစွာသော ဒုတိယမျိုးဆက်ကို တွေ့ဖူးပေသည်။ သူ့အတွေးတွင် ဖုန်းယွီသည်လည်း တရုတ်နိုင်ငံမှ သူတို့ထဲကတစ်ယောက် ဖြစ်ရမည်ပင်။

“မစ္စတာကော့စကီစ် နေကောင်းရဲ့လား။ ခင်ဗျားအကြောင်းကိုပြောတာ မကြာမကြာ ကြားဖူးတယ်။ ပြီးတော့ နောက်ဆုံးတော့ ခင်ဗျားကို တွေ့ရပြီ။ ”

ဖုန်းယွီ၏ မြှောက်ပင့်ခြင်းများသည် မစ္စတာကော့စကီစ်အပေါ် သက်ရောက်မှု ရှိပုံမပေါ်ပေ။ ပြီးနောက် မစ္စတာကော့စကီစ်က မေးလိုက်၏။

“ကျွန်တော် ကြားတာကတော့ မစ္စတာဖုန်းက ကျွန်တော်တို့ ယူကရိန်း ဘဏ်ခွဲကနေပြီးတော့ ချေးငွေရချင်တယ်လို့ ပြောတယ်။ ဘယ်လောက်လိုချင်တာလဲ။ ပြီးတော့ ခင်ဗျားရဲ့ ပိုင်ဆိုင်တဲ့ ဘယ်အရာတွေကို အပေါင်အဖြစ် ထားမှာလဲ။ ဒါမှမဟုတ်ဘူးဆိုရင် အာမခံပေးတဲ့လူရှိလား။ ”

ချေးငွေအမျိုးအစား နှစ်ခုရှိပေ၏။ ပထမတစ်ခုသည် အပေါင်ခံ ပစ္စည်းများကို ထားခြင်းဖြစ်ပြီး နောက်တစ်ခုသည် အာမခံပေးသူ ရှိခြင်းဖြစ်သည်။ သေချာသည်မှာ ဘဏ်များတွင် အပေါင်နောက်ခံမလိုဘဲ ပေးသော ချေးငွေများလည်း ရှိ၏။ ဥပမာအနေဖြင့် ဟောင်ကောင် Citibankသည် စူပါမန်းလီ၏ သားဖြစ်သူကို အပေါင်နောက်ခံမလိုဘဲ ပေးသောချေးငွေအဖြစ် ဟောင်ကောင်ဒေါ်လာ တစ်ဘီလီယံ ပေးခဲ့သည်။ တစ်ဘီလီယံ=သန်းတစ်ထောင်။ သူ၏ပိုင်ဆိုင်မှုသည် သန်းတစ်ရာတောင် မရှိပေ။ ပြီးနောက် သူ့တွင်အာမခံသည့်လူလည်း မရှိပေ။

သို့သော် Citibankသည် ချေးငွေကို ခွင့်ပြုဆဲဖြစ်သည်။ ဘဏ်သည် အခြားသူအနေဖြင့် ချေးငွေပြန်မဆပ်မည်ကို စိတ်မပူပေ။ အကြောင်းမှာ သူ၏ဖခင် စူပါမန်းလီကြောင့် ဖြစ်သည်။ စူပါမန်းလီသည် သူ့၏သားကို မည်သည့်အခါကမှ တရားစွဲဆို ခံစေခြင်း ပြုမည်မဟုတ်ပေ။ ပြီးနောက် သူတို့တွင် ဂုဏ်သတင်းလည်း ရှိပေသေးသည်။

Citibankသည် ခွင့်ပြုကတည်းက ပျက်စီးယိုယွင်းနေသော ဆိုဗီယက် ဘဏ်ခွဲများတွင်လည်း ရရန်က ပြဿနာတစ်ရပ် ရှိမည်မဟုတ်ပေ။

“မစ္စတာကော့စကီစ် ကျွန်တော် ရူပယ်သန်းတစ်ရာ ချေးငွေအဖြစ် ယူချင်ပါတယ်။ ”

မစ္စတာကော့စကီစ်က မှင်သက်သွားသည်။ သူသည် ဖုန်းယွီကို ကြည့်လိုက်သည်။ ပြီးနောက် အစ်ကိုကေကို ကြည့်လိုက်သည်။ သူဤနေရာသို့ လာခဲ့ခြင်းမှာ အစ်ကိုကေကြောင့်ဖြစ်သည်။ အစ်ကိုကေ၏ သူငယ်ချင်းသည် ရူပယ်သန်းအနည်းငယ်လောက်သာ ချေးမည်ဟု သူတွေးခဲ့၏။ သူသည် ထိုတရုတ်တစ်ယောက်အနေဖြင့် ပိုက်ဆံများစွာကို ချေးမည်ဟု သူမည်သည့်အခါကမှ မမျှော်လင့်ခဲ့ပေ။

ရူပယ်သန်းတစ်ရာလား။ သူကဘာလုပ်မှာလဲ။ အကယ်၍ အစ်ကိုကေသာ အခန်းထဲတွင် ရှိမနေပါက သူသည်အခန်းထဲက ထွက်လာမည်ပင်ဖြစ်၏။ ရူပယ်သန်းတစ်ရာသည် ဘယ်လောက် တန်ကြေးရှိသည်ကို သူသိသည်လော။

“ဘယ်အရာကို ပေါင်နှံပစ္စည်းအဖြစ် ထားမှာလဲ။ ”

မစ္စတာကော့စကီစ်က မျက်မှောင်ကြုတ်လိုက်၏။

ဖုန်းယွီသည် သူပြင်ဆင်ထားသည့် စာရွက်စာတမ်းများကို ထုတ်လိုက်သည်။ ထိုအရာများသည် မိတ္တူများဖြစ်သည်။ မူရင်းမိတ္တူများကို အသုံးပြုပြီး ဘင်းမြို့တော်တွင်ရှိသော ICBCမှ ချေးငွေများ ရယူစဉ်က အသုံးပြုခဲ့သည်။ အချို့သော စာရွက်စာတမ်းများကို ရုရှားဘာသာစကားဖြင့် ရေးထားသည်။ ပြီးနောက် မစ္စတာကော့စကီစ်သည် ထိုစာများသည် တရုတ်စာ မဟုတ်သည့်အတွက် နားလည်ပေ၏။ သူသည် နံပါတ်များကိုသာ ကြည့်ရန်ဖြစ်သည်။ စုစုပေါင်းမှာ သန်း(၁၈၀)ဖြစ်သည်။

အား ဒီပုဂ္ဂိုလ်က ပိုင်ဆိုင်မှုတွေ အရမ်းများတာပဲ။ အဲ့ဒါဆိုရင် သန်းတစ်ရာ ချေးငွေရဖို့အတွက် ပြဿနာရှိမှာမဟုတ်ဘူး။

ခဏနေပါအုံး။ ဒီတရုတ်စာရွက်စာတမ်းမှာ ယွမ်လို့ပြထားတာလား။

အကယ်၍ ယွမ်သန်း(၁၈၀)သာဆိုပါက ရူပယ်သန်း(၃၀)သာဖြစ်သည်။ ရူပယ်သန်းတစ်ရာ ငွေကြေးအတွက်ဆိုရင်တော့ ယင်းကအလွန်ပင် ကွာခြားပေ၏။

ပုံမှန်အနေဖြင့် ဘဏ်များသည် ပိုင်ဆိုင်မှုတန်ဖိုး၏ ပမာဏထက်နည်းသော ချေးငွေများကိုသာ ခွင့်ပြုလေ့ရှိသည်။ သူတို့အနေဖြင့် အကောင့်ထဲရှိ ပိုင်ဆိုင်မှု၏ တန်ဖိုးကျမှုကိုလည်း ထည့်တွက်ရန်လိုသည်။

တန်ကြေးသန်း(၃၀) တန်ဖိုးရှိသည့် ပစ္စည်းများအတွက် အမြင့်ဆုံးပေးနိုင်သည့် ချေးငွေမှာ ရူပယ်သန်း(၃၀)သာဖြစ်သည်။ ယင်းက သူခွင့်ပြုပေးနိုင်သည့် ပမာဏ အများဆုံးပင်ဖြစ်၏။ ပြီးနောက် ထိုဖုန်းယွီက ရူပယ်သန်းတစ်ရာ လိုချင်သည်လော။

“မင်းရဲ့ပိုင်ဆိုင်မှုက ရူပယ်ငွေနဲ့ဆိုရင် ဘယ်လောက် တန်ကြေးရှိလဲ။ ”

“ဒီနေ့လက်ရှိ ငွေလွှဲနှုန်းအရဆိုရင်တော့ ရူပယ်သန်း(၃၀)လောက် တန်ကြေးရှိပါတယ်။ ”

ဖုန်းယွီက ပြန်ပြောလိုက်သည်။

မစ္စတာ ကော့စကီစ်က ထရပ်လိုက်ပြီးနောက် ပြောလိုက်၏။

“အကုန်လုံးအနေနဲ့ မသင့်လျော်တဲ့ လူတစ်ယောက်နား ကပ်မိပြီထင်တယ်။ ပိုင်ဆိုင်မှု ရူပယ်သန်း(၃၀) အာမခံသူ မပါဘူး။ ရူပယ်သန်းတစ်ရာချေးမယ် ရနိုင်မှာမဟုတ်ဘူး။ ”

အစ်ကိုကေသည် ယူကရိန်းတွင် လွှမ်းမိုးမှုအချို့ ရှိသော်လည်း သူ့၏လွှမ်းမိုးမှုက ရူပယ်သန်း(၇၀) တန်ကြေးမရှိပေ။ ထပ်ပြောရပါက အစ်ကိုကေသည် အာမခံသူတစ်ယောက် ဖြစ်ပေးမည်ဟုလည်း မပြောခဲ့ပေ။

အာမခံသူမပါဘဲ ပိုင်ဆိုင်မှု အလွန်နည်းပါက မစ္စတာကော့စကီစ်သည် ထိုချေးငွေကို ထိုတရုတ်နိုင်ငံသားအား ချေးရန်အတွက် ခွင့်ပြုပေးမည် မဟုတ်ပေ။

“မစ္စတာကော့စကီစ် လွယ်လွယ်နဲ့ မသိမ်းလိုက်ပါနဲ့အုံး။ ဒီစာရွက်စာတမ်းကို ကြည့်အုံး။ ဒီမှာ သန်း(၁၈၀)ဆိုပြီး ပြထားတာ။ တကယ်လို့ တစ်ယောက်ယောက်ကသာ ဒီစာရွက်ကို မျက်စိတစ်ဖက်မှိတ်ပြီး စစ်ဆေးမယ်ဆိုရင်တော့ ဒီချေးငွေက ခွင့်ပြုလို့ရပါတယ်။ ”

“ခင်ဗျား ဘာကိုဆိုလိုချင်တာလဲ။ ”

မစ္စတာကော့စကီစ်က စိတ်ဆိုးသွား၏။

ကီရီလန်ကိုက သူလက်များကို ဖြန့်လိုက်ပြီးနောက် ပြောလိုက်၏။

“မစ္စတာကော့စကီစ် တကယ်လို့ ကျွန်တော်တို့ကို ကူညီမယ်ဆိုရင် ကျွန်တော် ဖုန်းအတွက် ဆုံးဖြတ်ချက် ချပေးနိုင်ပါတယ်။ သူ့ရဲ့ပြည်ပအကောင့်မှာ ရူပယ်ငါးသောင်းကို အရင်ဆုံး ပေးလို့ရတယ်။ ဒါက ရူပယ်ငါးသောင်းနော်။ ခင်ဗျား တစ်နှစ်ကို ဘယ်လောက်ရတာလဲ။ ”

မစ္စတာကော့စကီစ်သည် ယူကရိန်းဘဏ်၏ မန်နေဂျာသာဖြစ်ပြီး သူ့၏နှစ်စဉ် လစာသည် ရူပယ်တစ်ထောင်ခန့်သာရှိသည်။ ရူပယ်ငါးသောင်းသည် သူ့၏ငါးနှစ်စာ လစာနှင့် ညီမျှပေ၏။

မစ္စတာကော့စကီစ်၏ တွန့်ဆုတ်မှုကိုကြည့်ရင်း ကီရီလန်ကိုက ဆက်ပြောလိုက်သည်။

“ကျွန်တော် သူ့ကို အာမခံသူ တစ်ယောက်ယောက်ရဖို့ စီစဉ်ပေးလို့ရတယ်။ ပြီးတော့ ကျွန်တော် ခင်ဗျားကို ပေးရမဲ့ချေးငွေတွေကို အချိန်မီ ပေးနိုင်ဖို့လည်း ကတိပေးတယ်။ မစ္စတာကော့စကီစ်က အစ်ကိုကေနဲ့ ကျွန်တော်ကိုတောင် ခင်ဗျားက မယုံတာလား။ ”

“ရူပယ်ငါးသောင်း အရမ်းနည်းလွန်းတယ်။ သန်း(၇၀)က သတ်မှတ်ထားတဲ့ သတ်မှတ်ချက်ထက်တောင် ကျော်နေပြီ။ ပြီးတော့ ခင်ဗျားတို့က ကျွန်တော်ကို နည်းနည်းလေးပဲ ပေးတာလား။ ကျွန်တော် ရူပယ်(၇)သန်း လိုချင်တယ်။ ”

မစ္စတာကော့စကီစ် ဒီကိုမလာခင်ကတည်းက သူသည် ယင်းချေးငွေနှင့် ပတ်သတ်ပြီး ကိစ္စတစ်ခုခု ရှိမည်ဟု သိပြီးသားဖြစ်သည်။ မဟုတ်ပါက သူတို့အနေဖြင့် အဘယ့်ကြောင့် စံအိမ်သို့ ဖိတ်ခေါ်မည်နည်း။ ဘဏ်ကိုသာ သူတို့တည့်တည့် လာကြမည်ပင်။ သို့သော် ချေးငွေပမာဏသည် ဤမျှကြီးကြောင်း သူလုံးဝ မမျှော်လင့်ခဲ့ပေ။ သူသည် အန္တရာယ်လည်း အလွန်ကြီးသည်ဟု ခံစားရပြီး ငွေများလည်း သူလိုချင်ပေ၏။

ဖုန်းယွီသည် ဘာမှမပြောပေ။ ကီရီလန်ကိုက ဆက်ပြော၏။

“မစ္စတာကော့စကီစ် ရူပယ်(၇)သန်းက များလွန်းတယ်လို့ မထင်ဘူးလား။ ငါတို့တွေက မင်းတစ်ယောက်ထဲကိုပဲ ဂရုစိုက်နေရတာ မဟုတ်ဘူး။ ရူပယ်(၁)သန်း။ ရူပယ်(၁)သန်းဆိုတဲ့ ငွေကြေးက မင်းရဲ့ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းပြီးတော့ သုံးစွဲလို့ရတယ်။ ”

ဖုန်းယွီသည် သူ့၏နှလုံးသားထဲတွင် မစ္စတာကော့စကီစ်သည် ရူပယ်(၁)သန်းကို အမေရိကန် ဒေါ်လာအဖြစ် ပြောင်းလိုက်ပါက သူ့ဘဝတစ်သက်တာလုံး သက်တောင့်သက်သာဖြင့် နေရနိုင်သည်ဟု တွေးမိ၏။ သို့သော် သူ့အနေဖြင့် ပိုက်ဆံများကို ရူပယ်အဖြစ်သာ ထိန်းသိမ်းထားပါက (၁)သန်းသည် ၂နှစ်ထက် ပိုအသုံးခံမည် မဟုတ်ပေ။

“အနည်းဆုံး (၅)သန်း ”

“(၁)သန်းပဲ။ မင်းလည်း အန္တရာယ်တွေ ယူရတယ်။ ငါတို့လည်း အန္တရာယ်တွေ ယူရတာပဲ။ ငါ့အထင်တော့ ရူပယ်(၁)သန်းက သင့်တင့်တဲ့ ပမာဏပဲ။ မင်းအရမ်းကြီး လောဘမကြီးသင့်ဘူး။ တကယ်လို့ ငါ့ရဲ့သတ်မှတ်ချက်တွေကို သဘောတူနိုင်မယ်ဆိုရင် ငါပိုက်ဆံကို ဒီထက်ပိုပြီးများများ ပေးလို့ရတယ်။ ”

ကီရီလန်ကိုက သူ့၏လက်ညိုးကို ထောင်ပြလိုက်သည်။

“ဘာအခြေအနေလဲ။ ဘာသတ်မှတ်ချက်တွေလဲ။ ”

“ငါ့သူငယ်ချင်းဖုန်းက အတိုးကာလကို ရှစ်နှစ်လိုချင်တယ်။ ပြီးတော့ ရှစ်နှစ်ကြာ အတိုးကိုလည်း ရှစ်နှစ်ကြာပြီးတော့မှ အတိုးရော အရင်းရော အတူတကွ ပေါင်းပေးမှာ။ ”

“ခင်ဗျားဘာကို ဆိုလိုတာလဲ။ အတိုးပေးရမှာကို နောက်ထပ် နှစ်နှစ်ကြာတဲ့အထိ စောင့်ရမယ်လို့ ဆိုလိုချင်တာလား။ မဖြစ်နိုင်တာ။ ”

ယင်းက ငွေကြေးပမာဏ တော်တော်များများ ဖြစ်သည်။ ပြီးနောက် အတိုးကိုလည်း နောက်ထပ် ရှစ်နှစ်ကြာအောင် စောင့်ဆိုင်းထားရပေမည်။ သူ့အန္တရာယ်က အလွန်ပင် များလွန်းပေ၏။

“မင်းအနေနဲ့ အတိုးနှုန်းကို မြင့်လို့ရတယ်။ ပြီးတော့ ငါတို့ကမင်းကို ရူပယ်(၂)သန်းပေးမယ်။ သေချာနားထောင် ရူပယ်(၂)သန်းနော်။ ငါတို့တွေ ငွေရပြီဆိုတာနဲ့ မင်းအကောင့်ထဲကို ငါတို့က ငွေထည့်ပေးလိုက်မှာ။ ”

“ငါဒီလို မလုပ်နိုင်ဘူး။ ဒါကဥပဒေတွေကို ဆန့်ကျင်နေတယ်။ ”

“ရူပယ်(၃)သန်း ဒါကငါ့ရဲ့ အမြင့်ဆုံးပေးနိုင်တဲ့ ပမာဏပဲ။ ဆိုဗီယက် ပြည်ထောင်စုမှာ ယူကရိန်းဘဏ်ခွဲပဲ ရှိတာမဟုတ်ဘူးဆိုတာ မင်းသိမှာပါ။ ”

ကီရီလန်ကိုက သူ့ကိုဆက်လက် နားချ၏။

မစ္စတာကော့စကီစ်၏ လက်ထဲတွင် စီးကရက်ကို ကိုင်ထားပြီး လှုပ်နေ၏။ သူက တွန့်ဆုတ်နေသည်။ ရူပယ်(၃)သန်းသည် သူ့ဇနီးနှင့် ကလေးများကို ပိုမိုကောင်းမွန်သည့် ဘဝကို ပေးစွမ်းနိုင်သည်။ အကယ်၍ သူသည် ယူကရိန်းဘဏ်၏ မန်နေဂျာတစ်ယောက် ဖြစ်နေဆဲဖြစ်ပါက မည်သူမှ ထိုချေးငွေအကြောင်း သိမည်မဟုတ်ပေ။ အကယ်၍ တစ်ယောက်ယောက် ရှာတွေ့သွားပါက သူ့အစား အပြစ်ခံပေးနိုင်သည့်သူ ရှာနိုင်ပေသည်။ သူသည် ထိုအန္တရာယ်ကို ထိန်းချုပ်နိုင်စွမ်း ရှိ၏။

ဖုန်းယွီသည် သူ့၏အဖြေအတွက် စိတ်ရှည်စွာဖြင့် စောင့်ဆိုင်းနေသည်။ သူသည် ကီရီလန်ကိုကို ယုံကြည်၏။ ကီရီလန်ကိုသည် သူ့ထက် ဆိုဗီယက် ပြည်ထောင်စု၏ လာဘ်ထိုးမှုဈေးနှုန်းကို ပိုပြီးရင်းနှီးပေ၏။

မစ္စတာကော့စကီစ်က သူ့၏စီးကရက်ကို လက်ဖြင့်ချေကာ မီးငြိမ်းလိုက်ပြီးနောက် မတ်မတ်ထိုင်လိုက်ကာ

“ရှစ်နှစ်ကတော့ မဖြစ်နိုင်ဘူး။ ငါမင်းတို့ကို အများဆုံး ပေးနိုင်တာကတော့ ခြောက်နှစ်ပဲ။ ”

ကီရီလန်ကိုက ဖုန်းယွီဘက် လှည့်လိုက်သည်။ ဖုန်းယွီက ခေါင်းညိတ်လိုက်၏။

“ကောင်းပြီ ခြောက်နှစ် ဒါပေမဲ့ ချေးငွေက တစ်လအတွင်းတော့ အတည်ပြုပေးမှ ရမှာနော်။ ”

ကီရီလန်ကိုက ပြောလိုက်၏။

“တကယ်လို့ သင့်လျော်တဲ့ အာမခံသူသာ မင်းရှာနိုင်တယ်ဆိုရင် ဒီချေးငွေကို တစ်ပတ်အတွင်း ခွင့်ပြုပေးမယ်လို့ ငါအာမခံတယ်။ ”

All Chapters