ချေးငွေအပိုင်း(၁)
Vol. 17 Ch. 243
ကော့စကီစ်သည် အလွန်မြန်ဆန်လွန်းသည်။ တတိယမြောက်နေ့တွင် ဖုန်းယွီသည် ရူပယ်သန်းတစ်ရာအတွက် ချေးငွေစာချုပ်ကို လက်မှတ်ထိုးခဲ့သည်။ သူ့အနေဖြင့် ခြောက်နှစ်ကြာပြီးမှ အတိုးနှင့်အရင်းပါ ပေါင်းပြီးပေးရမည် ဖြစ်သည်။ အတိုးသည် မူလချေးထားသော ငွေအပေါ်တွင်သာ မူတည်တွက်ချက်ခြင်း ဖြစ်၏။ အတိုးနှုန်းသည် တစ်နှစ်လျှင် (၁၃)ရာခိုင်နှုန်းဖြစ်သည်။
ဖုန်းယွီက ကတိပေးထားသည့်အတိုင်း ကော့စကီစ်ကို ရူပယ်(၃)သန်းပေး၏။ ပြီးနောက်သူသည် အစ်ကိုကီကို သူ့အားကူညီပေးသည့်အတွက် ရူပယ်တစ်သန်းပေးသည်။ ချေးငွေကာလသည် သူလိုချင်သည်ထက် တိုတောင်းသော်ငြား ဖုန်းယွီသည် လက်ခံနိုင်သေးဆဲဖြစ်၏။ အတိုးနှုန်းသည် သူမျှော်မှန်းထားသည်ထက်တောင် နည်းနေသေးသည်။
ငွေများကို ဖုန်းယွီ၏ ဟောင်ကောင်တွင်ရှိသည့် ဘဏ်အကောင့်သို့ ပြောင်းလိုက်သည်။ ပြီးနောက် သူသည် ချက်ချင်းဆိုသလိုပင် ပိုက်ဆံများကို အခြားသူများထံသို့ လွှဲပြောင်းလိုက်၏။
“အစ်ကိုကီ ကျွန်တော် အတိုးနှုန်းများများကို လက်ခံနိုင်ပါတယ်။ ချေးငွေအတိုးနှုန်းနဲ့ ပတ်သတ်ပြီးတော့ အစ်ကိုညှိနှိုင်းပေးစရာ မလိုပါဘူး။ ”
ဖုန်းယွီသည် ပေးရန်တန်ဖိုးပေါ် ပြန်အမ်းငွေကို လျော့ချချင်သည်။ ပြီးနောက် အတိုးနှုန်းမြင့်မြင့်ကို အသုံးချပြီး ချေးငွေရယူရန်အတွက် ဘဏ်မန်နေဂျာများကို သွေးဆောင်ချင်သည်။
ကီရီလန်ကိုသည် သဘောတူလိုက်၏။ အတိုးနှုန်းမြင့်မြင့်နှင့် ဆိုပါက ဘဏ်မန်နေဂျာများနှင့် သူဆွေးနွေးပါက ပိုမိုလွယ်ကူပေမည်။ ယနေ့တွင် သူတို့သည် ဘယ်လာရု ဘဏ်ခွဲမန်နေဂျာနှင့် တွေ့ဆုံမည်ဖြစ်၏။
ဖုန်းယွီသည် အချိန်တိုတိုနှင့် ခရီးပေါက်ချင်သည်။ သူ့အနေဖြင့် ချေးငွေများကို အချိန်အနည်းငယ်အတွင်း အပြီးသတ်ချင်သည်။ လအနည်းငယ်အတွင်း ရူပယ်၏ ငွေလဲလှယ်နှုန်းသည် ပြောင်းလဲလာမည်ဖြစ်သည်။ ဒေါ်လာနှင့် ရူပယ်၏ ငွေလဲနှုန်းသည် 0.6⁄1 မှ 1.8⁄1 အထိ ကျဆင်းသွားမည်ဖြစ်သည်။ နောက်ပိုင်းတွင် ယင်းထက်တောင် ပိုမိုကျဆင်းမည် ဖြစ်ပေ၏။
ကီရီလန်ကို၏ ကူညီမှုဖြင့် ဖုန်းယွီသည် ဆိုဗီယက် ဘဏ်သုံးခုမှ ရူပယ်သန်းသုံးရာ ရခဲ့သည်။ စုစုပေါင်း ပေးရန်တန်ဖိုးပေါ် ပြန်အမ်းငွေသည် ရူပယ်(၁၁)သန်းအထိဖြစ်၏။ ပေးရန်တန်ဖိုးပေါ် ပြန်အမ်းငွေသည် များပေမည်။ သို့သော် ဖုန်းယွီ၏အမြတ်နှင့် ယှဉ်ပါက ယင်းကမြေပဲလှော် တန်ဖိုးသာရှိ၏။
“ဖုန်း ချေးငွေတွေ မင်းထပ်လိုချင်သေးလား။ ငါတို့ရဲ့ ပြည်ထောင်စုအတွင်းက နိုင်ငံတွေရဲ့ ဘဏ်တွေကနေပြီးတော့ ချေးငွေတွေကို ငါတို့ပိုပြီး ရကောင်းရနိုင်တယ်။ ဒါပေမဲ့ ချေးငွေပမာဏကတော့ အများကြီးရမှာ မဟုတ်ဘူး။ ”
“ကျွန်တော်တို့တွေ ချေးငွေထပ်ရနိုင်သေးတာလား။ အစ်ကိုကီ တကယ်လို့ ချေးငွေပမာဏက ရူပယ်ဆယ်သန်း ဖြစ်ရင်တောင်မှ ကျွန်တော် အဲ့ဒီချေးငွေကိုယူမယ်။ ”
ယင်းက ဘဝတစ်သက်တာတွင် တစ်ခုတည်းသော အခွင့်အရေးဖြစ်သည်။ ဖုန်းယွီသည် ယင်းကို အပြည့်အဝ အသုံးချရမည်ပင်။
ကီရီလန်ကိုက ပဟေဠိဖြစ်သွားသည်။ အဘယ့်အတွက် ဖုန်းယွီသည် ချေးငွေများစွာကို လိုအပ်နေသနည်း။ အတိုးနှုန်းသည် ပိုပိုပြီး များများလာသည်။ ပြီးနောက် ဖုန်းယွီသည် ဂရုမစိုက်ပေ။ သူ့အနေဖြင့် မည်သည့်နေရာတွင် ရင်းနှီးမြုပ်နှံမည်နည်း။ မည်သည့်အကျိုးအမြတ်က ချေးငွေ၏ အတိုးနှုန်းကို အာမခံနိုင်မည်နည်း။
ကီရီလန်ကိုက ဖုန်းယွီကို တတိယဘဏ်၏ ချေးငွေ အတည်ပြုပြီးနောက် မေးလိုက်သည်။
ဖုန်းယွီသည်လည်း ကီရီလန်ကို သူ့အားမေးမည်ကို စောင့်နေ၏။ သူသည် ကီရီလန်ကိုပါ ယင်းကိစ္စတွင် ပါဝင်စေချင်သည်။ အကယ်၍ အရာအားလုံး ချောချောမွေ့မွေ့ ဖြစ်ပါက သူ့အနေဖြင့် ကီရီလန်ကိုနှင့်အတူ သဘာဝ သယံဇာတများတွင် ရင်းနှီးမြုပ်နှံမည်ဖြစ်သည်။
နောက်ခံကောင်းကောင်းမရှိဘဲ ဆိုဗီယက် ပြည်ထောင်စုတွင် မိုင်းတွင်း သို့မဟုတ် ရေနံလုပ်ကိုင်များကို ပိုင်ဆိုင်ရန်က မဖြစ်နိုင်ပေ။
နောက်နှစ် ဖေဖော်ဝါရီလတွင် ကမ်းရိုးတန်းစစ်ပွဲသည် စတင်မည်ဖြစ်ပြီး ရေနံ၏ဈေးနှုန်းသည်လည်း ကျဆင်းမည်ပင်။ ထိုအချိန်တွင် ဖုန်းယွီသည် ရေနံလုပ်ကွက်များကို ယူမည်ဖြစ်သည်။ ထို့အပြင် ရူပယ်တန်ဖိုးသည်လည်း ဖြေးဖြေးချင်း ကျဆင်းလာမည်ဖြစ်၏။ အကယ်၍ ယခုလက်ရှိတွင် ရေနံလုပ်ကွက်များကို ဝယ်ယူပြီး စာချုပ်ချုပ်ဆိုလျှင်တောင် သူ့အနေဖြင့် ပေးရမည်ကို နောက်ဆုတ်ထားနိုင်၏။ နောက်လ အနည်းငယ်အတွင်း ရူပယ်သည် သုံးဆကျော် ကျဆင်းလာမည်ဖြစ်ကာ ရေနံလုပ်ကွက်များသည်လည်း အလွန်ပင် ဈေးပေါပေမည်။
“အစ်ကိုကီ ကျွန်တော် အစ်ကို့ကို ငွေရဖို့ နည်းလမ်းတစ်ခုကိုပြောတာ မှတ်မိသေးရဲ့လား။ တကယ်လို့ ဆိုဗီယက် ပြည်ထောင်စုက ပြိုကွဲသွားမယ်ဆိုရင် ရူပယ်တွေ ဘယ်လိုဖြစ်သွားမယ်လို့ အစ်ကိုထင်လဲ။”
“ရူပယ်လား။ ရူပယ်ငွေကြေးက ဘာဖြစ်မှာမို့လို့လဲ။ ပြိုကွဲပြီးတဲ့နောက် တစ်ချို့နိုင်ငံတွေက သူတို့ရဲ့ ငွေကြေးတွေကို ထုတ်ရင်ထုတ်မယ်။ ဒါပေမဲ့ ရူပယ်ကတော့ အဓိကငွေကြေးအဖြစ် ဖြစ်နေအုံးမှာပဲလေ။ ”
ကီရီလန်ကိုသည် ထိုအရာများအကြောင်း အားလုံးမတွေးရသေးပေ။
“အစ်ကိုကီ ကြည့်ပါအုံး။ အစ်ကိုနိုင်ငံက လူတွေက အစားအစာလက်မှတ်တွေကို ဝယ်ယူပြီး ပစ္စည်းတွေကို ဝယ်ယူနေကြတယ်။ တရုတ်နိုင်ငံမှာလည်း ဒီလိုအဖြစ်အပျက်မျိုးတွေ ရှိခဲ့ဖူးတယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေ တံခါးဖွင့်စီးပွားရေး ကျင့်သုံးနိုင်ကတည်းက ကျွန်တော်တို့တွေအနေနဲ့ ဒီအစားအစာ လက်မှတ်တွေကို မသုံးတော့ဘူး။ ကျွန်တော်တို့တွေက ယွမ်ကိုသုံးပြီး ကျွန်တော်တို့လိုချင်တဲ့ ပစ္စည်းကို ဝယ်ကြတယ်။ လူသုံးကုန် ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေက မြင့်လာတယ်လေ။ မှန်တယ်မလား။ ”
“ဈေးနှုန်းတွေ မြင့်တက်လာတယ်ဆိုတာ ပုံမှန်ပဲလေ။ ဘာမှားလို့လဲ။ ”
ကီရီလန်ကိုက မေးလိုက်၏။
ဖုန်းယွီက ခေါင်းခါလိုက်သည်။ ကီရီလန်ကိုသည် စီးပွားရေး အကြောင်းအရာများ အားလုံးကို နားမလည်ပေ။ ဝယ်လိုအား များလာသည့်အခါ ဈေးနှုန်းသည် များလာမည်ဖြစ်သည်။ ပြီးနောက် ငွေကြေးဖောင်းပွမှုဖြစ်ပါက ထိုငွေကြေးကို တန်ဖိုးကျဆင်းစေလိမ့်မည်။
ယခုလက်ရှိတွင် နိုင်ငံခြားဘဏ်များ ထိန်းချုပ်မှုနှင့် ပတ်သတ်ပြီး ရော့ရဲလာသည်။ ဥရောပမှ ဘဏ်ကြီးများစွာသည် ဆိုဗီယက် ပြည်ထောင်စုကို ချဲ့ထွင်လာကြသည်။ ထိုဘဏ်များသည် တိတ်တဆိတ် နည်းလမ်းများကို အသုံးပြုပြီး ဆိုဗီယက် ပြည်ထောင်စု၏ ငွေကြေး အဖွဲ့အစည်းများမှ ချေးငွေများကို ရယူကြသည်။ ဤနည်းဖြင့် ဆိုဗီယက် ပြည်ထောင်စုသည် ပိုက်ဆံများကို ပိုမိုရိုက်နှိပ်ရပြီး ငွေကြေးဖောင်းပွမှုနှုန်းလည်း တိုးလာမည်ဖြစ်သည်။
“အစ်ကိုကီ ဘာလို့နိုင်ငံခြားဘဏ်တွေက ဆိုဗီယက် ပြည်ထောင်စုကနေပြီးတော့ ချေးငွေတွေ ရယူလဲဆိုတာ တွေးကြည့်ဖူးလား။ အစ်ကိုအနေနဲ့ ကျွန်တော် ဘယ်လာရုစ်ဘဏ်ခွဲက ဘဏ်မန်နေဂျာနဲ့ စကားပြောတဲ့အကြောင်းကိုရော မှတ်မိသေးရဲ့လား။ မစ္စတာချိယက်က ကျွန်တော်တို့ကို ပြောတာက အချို့နိုင်ငံခြားဘဏ်တွေက သူတို့ရဲ့ ဘဏ်တွေကနေပြီးတော့ ပရောဂျက်အချို့ကို လုပ်ဖို့အတွက် ပမာဏများများ ချေးကြတယ်လို့ပြောတယ်။ အစ်ကိုအထင် အဲ့ဒီပရောဂျက်တွေက အစစ်အမှန်တွေလို့ ထင်လား။ ”
“သေချာပေါက် မဟုတ်ဘူးပေါ့။ သူတို့တွေက ဆိုဗီယက် ပြည်ထောင်စုမှာ အိမ်ခြံမြေနဲ့ ပတ်သတ်ပြီးတော့ ရင်းနှီးမြုပ်နှံချင်နေတာ။ ငါတို့ဆိုဗီယက်တွေက ကိုယ့်အိမ်ကိုယ်ရှိတယ်။ ဒါကြောင့်မို့လို့ ငါတို့က အိမ်များများ ဘာကြောင့်လိုမှာလဲ။ ”
ကီရီလန်ကိုက ဂုဏ်ယူစွာဖြင့် ပြောလိုက်၏။ သူသည် ထိုအကြောင်းအရာကို ဘယ်လာရုဘဏ်ခွဲ၏ ဘဏ်မန်နေဂျာမှ ကြားသည့်အခါက သူ့အနေဖြင့် ထိုနိုင်ငံခြားဘဏ်များသည် အရူးများဟု တွေးခဲ့ကြသည်။ အကယ်၍ သင်အိမ်ဆောက်ချင်ပါက သင့်အနေဖြင့် ဝယ်လက်ရရှိအောင် အရင်လုပ်ရမည်ဖြစ်ပြီး ပြီးမှသင်ငွေရလာမည်ဖြစ်သည်။ ဆိုဗီယက် ပြည်ထောင်စုတွင် အိမ်မလုံလောက်မှု မရှိပေ။
ထိုသူများသည် အရူးများ ဖြစ်ကြပေ၏။ အဲ့ဒီလူတွေက အရူးတွေတဲ့လား။ ဆိုဗီယက် ပြည်ထောင်စုရဲ့ ဘဏ်မန်နေဂျာကမှ တကယ်အရူးတွေ ဒီပရောဂျက်တွေ အကုန်လုံးက အတုတွေကြီးပဲ။ ပြီးတော့ သူတို့ရဲ့ အဓိက ရည်ရွယ်ချက်က ချေးငွေများများရဖို့။ ဘဏ်မန်နေဂျာအချို့က ဒီအကြောင်းကို သိချင်သိမယ်။ ဒါပေမဲ့ ပေးရန်တန်ဖိုးငွေကို ပြန်ရဖို့အတွက် ချေးငွေတွေကို ခွင့်ပြုကြရုံပဲ။
အဘယ့်ကြောင့် ဖုန်းယွီသည် ကီရီလန်ကိုကို မိုင်းတွင်းများနှင့် ရေနံလုပ်ကွက်များကို စုဆောင်းရန်အတွက် ပြောခဲ့သနည်း။ အကြောင်းမှာ ဆိုဗီယက် ပြည်ထောင်စုသည် သူတို့၏ နိုင်ငံပိုင် လုပ်ငန်းများကို အစုရှယ်ယာစနစ်သို့ ပြန်လည်ပြောင်းလဲ တည်ဆောက်နေသည်။ အစိုးရသည် အလုပ်သမားများကို နိုင်ငံပိုင် လုပ်ငန်းများ၏ ရှယ်ယာများကို ထုတ်ပေးသည်။ ပျမ်းမျှအနေဖြင့် အလုပ်သမား တစ်ဦးစီသည် ရူပယ်တစ်သောင်းမှ နှစ်သောင်းတန်ကြေးရှိ ရှယ်ယာများကို ရကြပေ၏။ ယခုလက်ရှိ ငွေလွှဲနှုန်းထားအရ ယင်းက နည်းပါးသည့် ပမာဏ မဟုတ်ပေ။
ဆိုဗီယက်များသည် ပိုပြီးချမ်းသာလာကြသည်။ သို့သော် သူတို့၏ လူနေမှု အခြေအနေသည် တိုးတက်လာခြင်း မရှိချေ။ ယင်းက ကုန်ပစ္စည်း ရှားပါးမှုကြောင့်ဖြစ်သည်။ သူတို့သည် ငွေကြေးများကို ဘဏ်တွင်သာ အပ်ထားနိုင်သည်။ သို့သော် မည်သည့်ဘဏ်က ထိုအရာများကို အသုံးပြုမည်နည်း။ နိုင်ငံခြားဘဏ်၏ အတိုးနှုန်းသည် မြင့်မားပြီး ဝန်ဆောင်မှုလည်း ပိုမိုကောင်းမွန်၏။ သူတို့၏ ဘဏ်ခွဲများတွင် ကော်ဖီနှင့် လက်ဖက်ရည်များကို အခမဲ့ ထောက်ပံ့သည်။
ထို့ကြောင့် ဆိုဗီယက် အများစုသည် သူတို့၏ ငွေများကို နိုင်ငံခြားဘဏ်များတွင် အပ်နှံထားပြီး သူတို့ပြည်တွင်း ဘဏ်များသည် နိုင်ငံခြားဘဏ်များကို ချိန်းရန်အတွက် လုံလောက်သည့် ပမာဏ မရှိပေ။ ဆိုဗီယက် ပြည်ထောင်စု၏ ဖြေရှင်းနည်းသည် ပိုက်ဆံများ ပိုရရန်အတွက် ပိုက်ဆံပိုမို ရိုက်ထုတ်ရမည်ဖြစ်ကာ ယင်းက ငွေကြေးဖောင်းပွမှုကို ဦးတည်စေ၏။
“အစ်ကိုကီ နိုင်ငံခြားဘဏ်တွေက အရူးတွေလို့ အစ်ကိုတွေးတုန်းပဲလား။ ဆိုဗီယက် အများစုက သူတို့ရဲ့ငွေတွေကို နိုင်ငံခြားပိုင် ဘဏ်တွေမှာ စုဆောင်းနေကြတယ်။ ပြီးတော့ အဲ့ဒါကလည်း ပမာဏ တော်တော်လေးရှိတယ်။ ဒါကဆိုဗီယက် ပြည်ထောင်စုရဲ့ ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းအပေါ် သက်ရောက်မှုတွေ ရှိလာလိမ့်မယ်။ ယခုလက်ရှိမှာ ဆိုဗီယက် ပြည်ထောင်စုက ဈေးကွက်စီးပွားရေးစနစ် ပြီးတော့ အဲ့ဒါက ကုန်ပစ္စည်းပေါ် ငွေကြေးတွေ ဖောင်းပွလာပြီးတော့ ဘဏ်တွေကို လွယ်လွယ်ကူကူနဲ့ ဒုက္ခရောက်စေနိုင်တယ်။ ပြီးတော့ ရူပယ်ငွေကြေးလည်း ကျဆင်းသွားနိုင်တယ်။ ”
“ဘာ ရူပယ်က တန်ဖိုးကျမှာလား။ ”
ထိုသို့ကြားသည့်အခါ ကီရီလန်ကိုသည် မပျော်ရွှင်ပေ။ အဘယ့်ကြောင့် ရူပယ်များသည် တန်ဖိုးကျမည်နည်း။
“ဒါအမှန်ပဲ။ဉပမာအနေနဲ့ ရူပယ်တစ်ဆယ်တန် ရှပ်အင်္ကျီတစ်ထည်ကို ရူပယ်နှစ်ဆယ်နဲ့ ရောင်းရလိမ့်မယ်။ ဒါကဈေးကွက် စီးပွားရေးစနစ်ကြောင့်ပဲ။ အများဆုံး ပေးနိုင်တဲ့လူက နိုင်မှာပဲ။ ဒါပေမဲ့ အဲ့ဒီတူညီတဲ့ ရှပ်အင်္ကျီတစ်ထည်ပဲ။ တကယ်လို့ အစ်ကိုအဲ့ဒီအကြောင်း စဉ်းစားလိုက်မယ်ဆိုရင် ရူပယ်ရဲ့တန်ဖိုးက ငါးဆယ်ရာခိုင်နှုန်းကျော် ရှိသလိုမျိုးပေါ့။ ဒါကငွေကြေး ဖောင်းပွမှုကို ဖြစ်စေတယ်။ အစ်ကိုငွေကြေး ဖောင်းပွမှုဆိုတာရော သိလား။ ”
ကီရီလန်ကိုက သူ၏ခေါင်းကို မသိသလိုဖြင့် ခါလိုက်သည်။ ဘာက ငွေကြေးဖောင်းပွမှုလဲ။
ဖုန်းယွီက သက်ပြင်းချမိ၏။ စီးပွားရေး အခြေခံ အကြောင်းအရာများကို မသိသူအဖို့ တစ်စုံတစ်ယောက်ကို ရှင်းပြရန်က ခက်ခဲပေသည်။
“ဘာပဲဖြစ်ဖြစ်လေ အစ်ကိုအခု သိထားရမှာက ရူပယ်က မကြာခင်မှာ တန်ဖိုးကျလိမ့်မယ်။ ပြီးတော့ အဲ့ဒါက တန်ဖိုးအများကြီး ကျမှာနော်။ ကျွန်တော်အနေနဲ့ ဒီချေးငွေကရတဲ့ ရူပယ်တွေကို အမေရိကန်ဒေါ်လာ ယွမ် ဒါမှမဟုတ် ယန်းငွေတွေကို လဲမှာ။ ရူပယ်ငွေကြေးတွေ ကျသွားတယ်ဆိုရင် ကျွန်တော်အနေနဲ့ အဲ့ဒီငွေကြေးတွေကို ရူပယ်ကို ပြန်လဲမယ်။ ဒီနည်းလမ်းနဲ့ကျွန်တော် ငွေတွေရလာလိမ့်မယ်။ အစ်ကိုအခု နားလည်ပြီလား။ ”
“ဒါကြောင့်မင်းက ချေးငွေတွေကို ရယူနေတာလား။ ငါအံ့သြနေတာက ဘာကြောင့်မင်းက အတိုးရောအရင်းရောပေါင်း ချေးငွေကိုယူပြီးတော့ ချေးငွေကာလ တစ်ခုကြာမှ အတိုးရောအရင်းရော ပေးမယ်ဆိုတာ အံ့သြနေတာ။ ငါ့ကိုပြော ရူပယ်တန်ဖိုးက ဘယ်လောက်ထိ ဆိုးဆိုးဝါးဝါး ကျဆင်းမှာလဲ။ ”
ကီရီလန်ကိုသည် နောက်ဆုံးတွင် ဖုန်းယွီဘာလုပ်နေသည်ကို နားလည်သွားသည်။
“တကယ်လို့ အစ်ကိုကျွန်တော်ကို ယုံတယ်ဆိုရင် အစ်ကိုရဲ့ အဆက်အသွယ်တွေကို အသုံးပြုပြီးတော့ ချေးငွေတွေကို ရအောင်လုပ်။ သုံးလအတွင်း ရူပယ်တွေ တန်ဖိုးကျမှာက လုံးဝဆိုးဆိုးဝါးဝါးပဲ။ အစ်ကိုအနေနဲ့ အနည်းဆုံး နှစ်ဆလောက် ပြန်ရလိမ့်မယ်။ ”