← Chapters

ချေးငွေအပိုင်း(၂)

Vol. 17 Ch. 244

ချေးငွေအပိုင်း(၂)

Vol. 17 Ch. 244

ဖုန်းယွီသည် သူ့၏ဆိုဗီယက် ပြည်ထောင်စု သို့မဟုတ် အနာဂတ်ရုရှားတွင် အစီအစဉ်များကို ကူညီရန်အတွက် တစ်စုံတစ်ယောက် လိုအပ်ပေသည်။ ထိုလူသည် ဆိုဗီယက် ပြည်ထောင်စု သို့မဟုတ် ရုရှား၏ နိုင်ငံသားဖြစ်ရပေမည်။ ပြီးနောက်သူသည် ခိုင်မာသည့် နောက်ခံရှိသူ ဖြစ်ရပေမည်။ ကီရီလန်ကိုသည် ထိုနေရာအတွက် သင့်လျော်သည့်သူ ဖြစ်၏။

သူ့တွင်နောက်ခံ ရှိသည်။ ငွေကြေးများကိုလည်း နှစ်သက်သည်။ ပြီးနောက် အလွယ်တကူ အရူးလုပ်ရ လွယ်ကူသည် ထိုသို့သောလူမျိုးကို ရှာဖွေရန်က မလွယ်ကူပေ။

ဖုန်းယွီသည် ယခုလက်ရှိ ဆိုဗီယက် ပြည်ထောင်စု၏ အခြေအနေနှင့် ပတ်သတ်ပြီး ငွေကြေးများစွာ ရခဲ့သည်။ ပြီးနောက် သူသည် မကောင်းသည့်သူ လူတစ်ယောက်ဖြစ်ရန်လည်း မလိုအပ်ပေ။ သူ့ကို ကောင်းသည့်လူဟုတောင် စဉ်းစား၍ ရနိုင်ပေ၏။

“ဖုန်း ဘာလို့ငါက ချေးငွေတွေရဖို့ လိုအပ်ရတာလဲ။ မင်းကငါ့ကို မိုင်းတွင်းတွေ ဒါမှမဟုတ်ဘူးဆိုရင် အခြားသတ္ထုတိုက်တွေ ဝယ်ဖို့အတွက် အကြံဉာဏ် ပေးတုန်းပဲလား။ ”

ကီရီလန်ကိုသည် ပိုက်ဆံအများကြီးကို ဘယ်လိုသုံးရမည်ဆိုသည်ကို တကယ်ပင် မသိပေ။ သူသည် ငွေတစ်သန်းကိုသာ ဘယ်လိုအသုံးပြုရမည်ဆိုသည်ကို သိသည်။ သို့သော် သူ့အား သန်းတစ်ရာ ပေးလိုက်ပါက သူသေချာပေါက် ဆုံးရှုံးအောင် လုပ်မည်ပင်။

“ဒါအမှန်ပဲ မိုင်းတွင်းတွေကို ဝယ်မယ်။ မှတ်ထားနော်။ မိုင်းတွင်း ဒါမှမဟုတ်ဘူးဆိုရင် ရေနံလုပ်ကွက်ရဲ့ဈေးက ဘယ်လောက်ပဲများများ စာချုပ်ကိုအရင် လက်မှတ်ထိုးမယ်။ ပြီးမှငွေကို ဒီနှစ် နှစ်ကုန် ဒါမှမဟုတ်ဘူးဆိုရင် နောက်နှစ် နှစ်ဆန်းပိုင်းမှ ငွေပေးချေမယ်။ အစ်ကို နားလည်လား။ ”

ကီရီလန်ကို၏ မျက်လုံးများက တောက်ပသွားသည်။ ဒါမှန်တယ်။ တကယ်လို့ ငါတို့တွေ ဝယ်ယူမှုစာချုပ်ကို လက်မှတ်ထိုးပြီး ပေးစရာရှိတာကို နှစ်ကုန်မှပေးမယ်။ ရူပယ်ရဲ့ တန်ဖိုးကလည်း ကျနေပြီ။ ငါ့အနေနဲ့ ရူပယ်တွေကို အမေရိကန် ဒေါ်လာအဖြစ် ပြောင်းထားမယ်။ ပြီးတဲ့အခါ ငါပေးရမဲ့ငွေက စာချုပ်ထဲမှာ ပြထားတဲ့ ပမာဏရဲ့ သုံးပုံပုံရင်တစ်ပုံ ဒါမှမဟုတ်ဘူးဆိုရင် အဲ့ထက်နည်းနည်းပဲ ပေးရတော့မှာ။ တကယ်လို့ မိုင်းတွင်းတွေက ဈေးကြီးမယ်ဆိုရင်တောင်မှ အဲ့ဒါက အဆင်ပြေတယ်။ ဘာပဲဖြစ်ဖြစ် ဘဏ်တွေကနေပြီးတော့ ချေးငွေတွေကို ရယူရမယ်။

“ဖုန်း မင်းကတကယ်ပဲ ငါ့ရဲ့သူငယ်ချင်းကောင်း ငါ့ရဲ့ညီအစ်ကို စိတ်မပူနဲ့ ငါမင်းကို ချေးငွေတွေ ပိုရဖို့အတွက် ကူညီပေးမယ်။ ပြီးတော့ မင်းင့ါကို တရုတ်နိုင်ငံရဲ့ ပစ္စည်းတွေကို ပြန်ပို့ဖို့မလိုဘူး။ ”

ကီရီလန်ကိုက ပြောလိုက်၏။

“မဟုတ်တာ ကျွန်တော်တို့တွေက ကတိပေးထားပြီးပြီလေ။ သူငယ်ချင်း ဖြစ်ရင်တောင်မှ ကျွန်တော်က အစ်ကို့ကို ပေးထားတဲ့ကတိ တည်မှာပါ။ ”

ဖုန်းယွီသည် ကီရီလန်ကိုကို သူ့အားနှစ်သက်စေချင်သည်။ ထိုနည်းလမ်းဖြင့် သူ့အနေဖြင့် ကီရီလန်ကိုနှင့်အတူ သဘာဝသတ္ထုတိုက်များတွင် ရင်းနှီးမြုပ်နှံဖို့အတွက် ပိုမိုလွယ်ကူမည် ဖြစ်ပေသည်။ သူ့၏နှစ်သက်မှုကို ရရန်အတွက် ငါးသန်းတန်ဖိုးရှိ တရုတ်ပစ္စည်းများသည် သူမသုံးဘဲ နေမည်နည်း။

ကီရီလန်ကိုလည်း ခံစားမိသွားသည်။ ထိုဖုန်းက တကယ်ပင် သူငယ်ချင်းကောင်း တစ်ယောက်ပင်ဖြစ်သည်။

“ဘယ်သတ္ထုတိုက်တွေကို စုဆောင်းဖို့အတွက် ငါ့ကိုအကြံပြုချင်လဲ။ ”

“ရေနံစိမ်း၊ သံ၊ ကျောက်မီးသွေး၊ နီကယ်၊ ပလက်တီနမ်နဲ့ အခြားမြေရှားသတ္ထုတွေ။ အဲ့ဒီသတ္ထုတွေက အနာဂတ်ကျရင် တန်ကြေးများစွာ ရှိလာမယ်။ ကျွန်တော် မှတ်မိတာကတော့ ဆိုဗီယက် ပြည်ထောင်စုမှာရှိတဲ့ မိုင်းတွင်းတွေက အစုရှယ်ယာရှင်စနစ်ကို ပြန်လည်ပြုပြင် တည်ဆောက်နေတယ်။ အစ်ကိုအနေနဲ့ ရှယ်ယာတွေကို အလုပ်သမားတွေဆီကနေပြီးတော့ ဝယ်လို့ရတယ်။ ငွေက ပြဿနာတစ်ရပ် မဟုတ်ဘူး။ ကျွန်တော်တို့တွေ ပူးပေါင်းဆောင်ရွက်လို့ရတယ်။ အစ်ကိုက အကြီးဆုံးရှယ်ယာ ရမှာပါ။ ”

“ဖုန်း ငါမင်းနဲ့တွေ့ရတာ ငါတကယ်ပဲ ဝမ်းသာတယ်။ ”

ကီရီလန်ကိုသည် မျက်ရည်များ ထွက်ကျလုမတတ်ပင်။ ဖုန်းယွီသည် သူ့အတွက် အလွန်ပင် စဉ်းစားပေးလွန်းသည်။

ဖုန်းယွီသည် ထိုအခြေအနေတွင် ရှယ်ယာကြီးကြီးမားမား ရရန်အတွက် မဖြစ်နိုင်မှန်း သိပေ၏။ သို့သော် သူ့တွေ့သည်က ကီရီလန်ကိုသည် သူ့အားလိမ်ညာမည် မဟုတ်ပေ။ ဖုန်းယွီသည်လည်း အခြားဈေးကွက်နှင့် ပတ်သတ်ပြီး သိပ်မသေချာပေ။ သို့သော် တရုတ်နိုင်ငံ၏ အနာဂတ်ဈေးကွက်တွင် ထိုသတ္ထုများ၏ ဈေးနှုန်းများသည် ခပ်သွက်သွက် မြင့်မားလာမည်ဖြစ်သည်။

ဖုန်းယွီအနေဖြင့် ထိုသတ္ထုမိုင်းတွင်းများမှတစ်ဆင့် အင်အားရှိသည့် အရာရှိအချို့နှင့် ရင်းနှီးမည် ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် အချိန်အရ သူ့အနေဖြင့် ထိုသူများကို သိရန်မလိုသေးပေ။ ပြီးနောက် သူ့၏ကြွယ်ဝချမ်းသာမှုကိုလည်း ထပ်ချဲ့ထွင်ရန် မလိုအပ်သေးပေ။ သူ့အနေဖြင့် သူ၏ပိုင်ဆိုင်မှုများကို ကာကွယ်နိုင်လောက်သည်အထိ အင်အားကြီးရန်အတွက် စောင့်ဆိုင်းရန် လိုအပ်ပေသေးသည်။

ဖုန်းယွီက ပြုံးကာပြောလိုက်၏။

“ကျွန်တော်လည်း အစ်ကိုလိုလူနဲ့ သူငယ်ချင်းဖြစ်ရတာ တကယ်ကို ကံကောင်းတာပဲ။ အစ်ကိုကီ ဒီကိစ္စကို လူနည်းနည်းသိလေလေ ကျွန်တော်တို့အတွက် အကျိုးအမြတ်များများ ရလေပဲ။ ”

“စိတ်မပူနဲ့။ ငါဒီကိစ္စကို ဘယ်သူ့ကိုမှ မပြောပြဘူး။ ငါ့ရဲ့အဖေကိုတောင် မပြောပြဘူး။ ”

“ကောင်းပြီ ပြီးတော့ မှတ်ထားအုံးနော် နိုင်ငံခြားဘဏ်တွေနဲ့ အဖွဲ့အစည်းတွေက လှည့်ကွက်များကို ထုတ်သုံးမယ်ဆိုတာလည်း မမေ့နဲ့အုံး။ သူတို့တွေက ဆိုဗီယက် ပြည်ထောင်စုရဲ့ စီးပွားရေးနဲ့ ပတ်သတ်ပြီးတော့ ကောလဟာလတွေ အများကြီးဖြန့်လိမ့်မယ်။ ပြီးတော့ ဆိုဗီယက်တွေကို သူတို့ရဲ့ စက်ရုံတွေနဲ့ အခြားသော လုပ်ငန်းတွေရဲ့ ရှယ်ယာတွေကို ရောင်းဖို့အတွက် တွန်းအားပေးလိမ့်မယ်။ အစ်ကိုအနေနဲ့ အခြားကဏ္ဍတွေမှာတော့ မပါဝင်နဲ့။ ဒါပေမဲ့ အစ်ကိုက သတ္ထုနဲ့ပတ်သတ်တဲ့ ရှယ်ယာတွေ အကုန်လုံးကိုတော့ ဝယ်မှရမယ်။ ပိုက်ဆံတွေ ဆုံးရှုံးမှာကို မကြောက်နဲ့။ အစ်ကိုအနေနဲ့ ဒီသဘာဝ သတ္ထုတွေကို အမေရိကန်နဲ့ ဥရောပတွေကို ထိန်းချုပ်စေလို့ မဖြစ်ဘူး။ ”

ကီရီလန်ကိုက လေးလေးနက်နက်ဖြင့် ပြောလိုက်၏။

“ကျန်တဲ့လူတွေတော့ ရှယ်ယာတွေကို ပိုင်ဆိုင်လို့ရတယ်။ ဒါပေမဲ့ အမေရိကန်တွေတော့ မရဘူူး။ ကောင်းပြီ ငါတို့တွေ နောက်ပိုင်းကစပြီးတော့ ကုန်သွယ်မှုမှာ ရူပယ်သုံးတာကို ရပ်တန့်လိုက်ရအောင်။ ငါတို့တွေ ယွမ်သုံးမယ်။ ဖုန်း သတင်းကောင်းအချို့အတွက် စောင့်နေနော်။ ”

....

နွေရာသီစခန်းသည် ပြီးသွားပြီဖြစ်သည်။ ဖုန်းယွီသည် အခြားကျောင်းသားများနှင့်အတူ တရုတ်နိုင်ငံသို့ မပြန်ပေ။ ချေးငွေကိစ္စ ရှိနေသေးသည့်အတွက်ဖြစ်၏။ ဖုန်းယွီနှင့် ကီရီလန်ကိုသည် ဖုန်းအချို့ ခေါ်ဆိုပြီးနောက် ကျောင်းနှင့်တက္ကသိုလ်ကို ထိုကိစ္စကို ဒီအတိုင်းထားရန်အတွက် ဖြောင့်ဖျလိုက်သည်။

သြဂုတ်လ အစောပိုင်းတွင် ဖုန်းယွီ၏ ကျန်ရှိနေသေးသည့် ချေးငွေများ ခွင့်ပြုပြီဖြစ်သည်။ ပြီးနောက်သူသည် ဘင်းမြို့တော်သို့ ပြန်ရန်ပြင်ဆင်တော့၏။

ယခုခရီးစဉ်တွင် သူရရှိသည့် ချေးငွေပမာဏသည် မှန်းထားသည်ထက်ပင် ပိုများနေသေးသည်။ ကီရီလန်ကိုလည်း သူ့အတွက် ချေးငွေများ ရယူ၏။ ပြီးနောက်သူသည် ဖုန်းယွီကို ပတ်ဝန်းကျင်ရှိ နိုင်ငံသေးလေးများမှ ချေးငွေများ ရရန်အတွက်လည်း စီစဉ်ပေးသည်။ အမြင့်ဆုံးချေးငွေ ပမာဏမှာ သန်းသုံးဆယ်ဖြစ်သည်။ အနည်းဆုံးမှာ ရူပယ်သန်းနှစ်ဆယ်ဖြစ်သည်။ စုစုပေါင်း ဖုန်းယွီသည် ထိုဘဏ်ငယ်လေးများမှ ရူပယ်သန်းတစ်ရာ့နှစ်ဆယ် ရရှိခဲ့သည်။

ကီရီလန်ကိုသည်လည်း ဘဏ်အချို့မှ ချေးငွေများ ရယူခဲ့သည်။ သူသည် ရုရှားဘဏ်မှတောင် ချေးငွေကို ရယူခဲ့၏။

သူကိုယ်တိုင်အတွက် ချေးငွေရယူရန်က ကွဲပြားသည့် အချက်ပင်ဖြစ်သည်။ သူ၏ပိုင်ဆိုင်မှုများသည် ဖုန်းယွီထက် နည်းပေသည်။ သို့သော် ချေးငွေပမာဏက ပိုများပေ၏။

ရုရှားတစ်ခုတည်းမှာတင် ကီရီလန်ကိုသည် ရူပယ်သန်းသုံးရာ ချေးငှားနိုင်ခဲ့သည်။ ပြီးနောက် သူ့အနေဖြင့် ယူကရိန်းနှင့် အခြားမိတ်ဖက် နိုင်ငံများရှိ ဘဏ်များမှ ချေးငွေများလည်း ရယူနိုင်သေးဆဲဖြစ်သည်။

ဖုန်းယွီက သက်ပြင်းချလိုက်သည်။ စကားတစ်ခွန်းက အရင်းရှင်စနစ်သည် လူများကို ရူးစေလိမ့်မည်။ ကီရီလန်ကိုကို ယခုကြည့်ပြီး ဖုန်းယွီသည် ထိုပြောစကားကို ယုံကြည်လာ၏။

ကီရီလန်ကိုသည် ချေးငွေများကို ရယူရန်အတွက် အရူးတစ်ယောက်ပမာ ပြုမူ၏။ ပြီးနောက် အခြားသော ဒုတိယမျိုးဆက်များသည် ယင်းအကြောင်းကို သိကြပေသည်။ သူတို့တွေ ကီရီလန်ကို ဘာလုပ်နေလဲဆိုတာ သိချင်စိတ် ဖြစ်ပေါ်ကြ၏။ အဘယ့်ကြောင့် သူငွေများစွာ လိုအပ်သနည်း။ ထို့အပြင် ကီရီလန်ကိုသည် ဘဏ်မန်နေဂျာများကို ပေးရန်တန်ဖိုးငွေပေါ် ပြန်အမ်းငွေကို များစွာပေး၏။ ကီရီလန်ကိုအနေနှင့် အလွန်အကျိုးအမြတ်ရသော စီးပွားရေး အကွက်တစ်ခုကို တွေ့ထားသည်လော။

ပထမဦးဆုံး ကီရီလန်ကိုကို မေးသည့်သူက အစ်ကိုကေဖြစ်သည်။ ကီရီလန်ကို၏ ပြန်လည်ဖြေကြားမှုသည် ထိုချေးငွေများသည် ဖုန်းယွီအတွက်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ အစ်ကိုကေသည် ကီရီလန်ကိုသည် ရူးနေပြီဖြစ်ကြောင်း တွေးခဲ့၏။ ကီရီလန်ကိုသည် ဖုန်းယွီကို အများကြီး ကူညီခဲ့ပြီးဖြစ်သည်။ ပြီးနောက် သူကိုယ်တိုင် ချေးငွေများကို ရယူနေသည်လော။ အကယ်၍ ဖုန်းယွီသည် ချေးငွေများကို ပြန်မဆပ် ဒါမှမဟုတ် ပိုက်ဆံများကိုယူပြီး ပြေးသွားရင်ရော မည်သို့နည်း။

ဖုန်းယွီသည် ကီရီလန်ကိုကို ဖြုတ်ချပြီး သူနှင့်အလုပ်လုပ်ရန် စိတ်မဝင်စားသည်က အံ့သြဖွယ်ရာ မရှိပေ။ အစ်ကိုကေသည် သူ့အနေဖြင့် ကီရီလန်ကို၏ လမ်းစဉ်အတိုင်း မလုပ်နိုင်သည်ဟု အစ်ကိုကေလည်း သိရှိပေ၏။

အခြားသော ဒုတိယမျိုးဆက်များသည် ကီရီလန်ကိုသည် ချောက်ကမ်းပါးကို လျှောက်နေသည်ဟု ခံစားနေရပြီး သူတို့၏ မိတ်ဖက်ဆက်ဆံရေးကို ရုတ်သိမ်းချင်နေသည်။ အစ်ကိုကေသည်လည်း သူတို့၏ သဘောတူညီမှုမှ နှုတ်ထွက်ရန်အတွက် စီစဉ်ခဲ့သည်။ အနာဂတ်တွင် ကီရီလန်ကိုသည် သူတို့ကို တရုတ်ကုန်ပစ္စည်းများ ရောင်းချပါက သူတို့အနေဖြင့် လက်မှတ်ထိုးရန် လိုအပ်ပေမည်။

ကီရီလန်ကိုက ဒေါသထွက်သွားသည်။ အကြောင်းမှာ သူတို့၏ သစ္စာဖောက်မှုကြောင့်ဖြစ်သည်။ သူသည် ကုမ္မဏီ၏ ရှယ်ယာများအားလုံးကို ဝယ်ယူခဲ့သည်။ အစ်ကိုကေ၏ ရှယ်ယာအပါအဝင်ဖြစ်သည်။

ထိုသူများသည် ပျော်ရွှင်နေကြသည်။ သူတို့သည် လွန်ခဲ့သည့် နှစ်များကတည်းက တရုတ်ဆိုဗီယက် ကုန်သွယ်ရေးမှ သန်းများစွာ ရရှိခဲ့သည်။ ကီရီလန်ကိုသည် အလွန်ပျော်ရွှင်နေသည်။ သူသည် နောက်ဆုံးတွင် ထိုသူများကို ဖြုတ်ချနိုင်ခဲ့ပြီဖြစ်သည်။ အနာဂတ်တွင် သူသည် ထိုကုန်သွယ်ရေး ကုမ္မဏီကို အပြည့်အဝ လည်ပတ်နိုင်တော့မည်ဖြစ်၏။

ကီရီလန်ကိုသည် ချေးငွေများကိုမရခင် သူသည်အချို့သော စီးပွားရေး လုပ်ငန်းရှင်များနှင့် ဆွေးနွေးခဲ့သည်။ ပြီးနောက် သူတို့၏ လေ့လာသုံးသပ်ချက်သည် ဖုန်းယွီ၏ ပြောဆိုချက်များနှင့် ဆင်တူပေသည်။ သူတို့သည်လည်း ဆိုဗီယက် ပြည်ထောင်စု၏ ငွေကြေးဖောင်းပွမှုမျိုးကို ကြုံတွေ့မည်ဟု တွက်ဆကြပြီး ယင်းကဖုန်းယွီပြောသလောက်တော့ မဆိုးပေ။ ဆိုဗီယက် ပြည်ထောင်စုသည် ယင်းကိစ္စကို ကိုင်တွယ်ရန်အတွက် သန်မာပြီး ပြန်လည်ကုသရန်အတွက် အချိန်မရှိပေ။

သို့သော် ကီရီလန်ကိုသည် ဖုန်းယွီကို အလုံးစုံယုံကြည်၏။ အကြောင်းမှာ သူ့၏အဖေသည် ဆိုဗီယက် ပြည်ထောင်စုမှ ရုရှားသည် နှုတ်ထွက်တော့မည်ဖြစ်ကြောင်း သတင်းကို ကြားသိခဲ့ရ၍ဖြစ်၏။ ယင်းအဓိပ္ပာယ်က ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲတော့မည်ပင်။ ယင်းမှာ ဖုန်းယွီခန့်မှန်းထားသည့်အတိုင်း ဖြစ်နေ၏။ ယခုနှစ် နှောင်းပိုင်းတွင် ဆိုဗီယက် ပြည်ထောင်စုသည် အတိတ်တွင်သာ သမိုင်းတစ်ခုအနေဖြင့် ရှိတော့မည်ဖြစ်၏။

ဆိုဗီယက် ပြည်ထောင်စုမရှိဘဲ မည်သူက ငွေကြေးဖောင်းပွမှုအား စီမံခန့်ခွဲနိုင်မည်နည်း။ ထို့ကြောင့် ကီရီလန်ကိုသည် ချေးငွေများကို အငမ်းမရ စတင်ယူတော့သည်။ သူသည် ထိုအခွင့်အရေးကို အသုံးချပြီး အခြားသော ဒုတိယမျိုးဆက်များကို ဖြုတ်ချခဲ့သည်။ သူကိုယ်တိုင်အတွက်လည်း ဒုတိယမျိုးဆက် အသိုင်းအဝိုင်းတွင် နာမည်ပြောင်တစ်ခု ရရှိခဲ့သည်။ အခြားသူအတွက် ငွေချေးပေးသော အရူးဟူ၍ ဖြစ်၏။

ကီရီလန်ကိုသည် ထိုအကြောင်းကို ကြားသောအခါ ရှင်းပြခြင်းမျိုး မလုပ်ပေ။ သူ့အနေဖြင့် ချေးငွေများမှရရှိသည့် ရူပယ်များကို အမေရိကန်ဒေါ်လာသို့ ပြောင်းရန်သာ နည်းလမ်းကို စဉ်းစားနေသည်။ လအနည်းငယ်အတွင်း ဘယ်သူက အရူးလဲဆိုတာကို သေချာပေါက် သိရတော့မည်ပင်။

All Chapters