← Chapters

ထောင်ချောက်ဆင်ခြင်း

Vol. 17 Ch. 245

ထောင်ချောက်ဆင်ခြင်း

Vol. 17 Ch. 245

ဘင်းမြို့တော်သို့ ပြန်ပြီးနောက် ဖုန်းယွီသည် ခရိုင်တွင်ရှိသော သူ့အိမ်သို့ မပြန်ပေ။ သူသည် ဘင်းမြို့တော်သို့ပြန်ကာ ထိုက်ဟွကုန်သွယ်ရေးတွင် ကီရီလန်ကိုအား ပေးရန်အတွက် ရူပယ်ငါးသန်း တန်ဖိုးရှိ ပစ္စည်းများကို စီစဉ်နေ၏။ ပြီးနောက် သူသည် ဟောင်ကောင်ကို ချက်ချင်း ထွက်ခွာသွားတော့သည်။

ယခုအချိန်တွင်သူသည် စုစုပေါင်း ရူပယ်သန်းလေးရာ့နှစ်ဆယ် ရင်းနှီးမြုပ်နှံခဲ့၏။ ယခုတစ်ခေါက်တွင် သူသည် ရူပယ်သန်းလေးရာ့နှစ်ဆယ် ချေးငွေရယူခဲ့ပြီး ပေးရန်တန်ဖိုးပေါ် ပြန်အမ်းငွေအား ပေးသွင်းပြီးနောက် သူသည် ရူပယ်သန်းလေးရာ့ငါးသန်း ရခဲ့သည်။ ထိုပေးရန်တန်ဖိုးပေါ် ပြန်အမ်းငွေသည် ကြိုတင်မျှော်မှန်းထားသည်ထက် နည်း၏။ ပြီးနောက် ချေးငွေပမာဏသည်လည်း မျှော်မှန်းထားသည်ထက် များသည်ပင်။ ကီရီလန်ကိုသည် ချေးငွေအမြောက်အများ ရရန်အတွက် သူ့အားကူညီပေးခဲ့သည်။ ထိုချေးငွေများမှတစ်ဆင့် ဆိုဗီယက် ပြည်ထောင်စုရှိ ဘဏ်များ မည်သို့ပြိုကွဲမည်ဆိုသည်ကို ပြောနိုင်ပေ၏။

ဆိုဗီယက် ပြည်ထောင်စု၏ ချေးငွေများသည် သူ၏တရုတ်နိုင်ငံ ဘဏ်အကောင့်ထဲသို့ မရောက်ပေ။ ဖုန်းယွီသည် ဟောင်ကောင်ဘဏ်ခွဲ၏ အကောင့်တွင်သာ လွှဲစေခဲ့သည်။ ဖုန်းယွီသည် ဟောင်ကောင်သို့ ချက်ချင်းအပြေးသွားပြီး သူ၏ရူပယ်များကို အမေရိကန်ဒေါ်လာ၊ ဗြိတိသျှပေါင်၊ ယန်းအစရှိသည့် ငွေကြေးများနှင့် လဲလှယ်ရမည်ဖြစ်သည်။ အကယ်၍သူသည် ထိုရူပယ်များအားလုံး မလဲနိုင်ပါက သူသည် ထိုရူပယ်ငွေကြေးများကို တရုတ်နိုင်ငံသို့ ပြန်သယ်သွားပြီး ယွမ်နှင့် လဲမည်ပင်။

သေချာသည်မှာ ဖုန်းယွီသည် ထိုသို့လုပ်ပါက သူ့နိုင်ငံသားအချင်းချင်း အထူးသဖြင့် ICBCကို လိမ်ညာရာ ကျပေလိမ့်မည်။ ICBCအနေဖြင့် ရူပယ်များ တန်ဖိုးကျသည့်အခါ သူ့အားပြန်ပေးမည်ကို သူစိုးရိမ်၏။

ဖူကွမ်းကျန်းသည် ဖုန်းယွီလာမည်အကြောင်း သတင်းရရှိခဲ့သည်။ အမှန်တကယ်တွင် သူသည်ဖုန်းယွီကို တွေ့ရန်အတွက် အံ့အားသင့်နေ၏။ ထို့အပြင် သူ၏မိသားစုသည် ဖုန်းယွီထံမှ အိုက်ဝ၏ ရှယ်ယာများကို လုယူခဲ့သည်။

ဖုန်းယွီသည် ဘာမျှမပြောသော်ငြား ဖူကွမ်းကျန်းသည် ဖုန်းယွီထံမှ အချိန်အတော်ကြာသည်အထိ မည်သည့်ဖုန်းခေါ်ဆိုမှုမှ မရခဲ့ပေ။ ဖုန်းယွီသည် သူတို့ကို မကျေနပ် ဖြစ်နေသည်ကိုလည်း သိနေ၏။ ဖူမိသားစုထံသို့ ယင်းကဲ့သို့သော အဖြစ်အပျက်မျိုး ဖြစ်ပွားပါက သူတို့သည် ယင်းနည်းလမ်းအတိုင်း တုန့်ပြန်မည်ဖြစ်သည်။ သို့သော် ဖူကွမ်းကျန်းအစ်ကို၏ ဖြောင့်ဖြမှုနှင့် အကျိုးအမြတ်ကြောင့် သူ၏အဖေသည် ထိုဆုံးဖြတ်ချက်ကို ချမှတ်သေးဆဲဖြစ်သည်။ ဖူကွမ်းကျန်း လုပ်နိုင်သည့်အရာ တစ်ခုမှ မရှိပေ။

အမှန်တကယ်တွင် ဖူကွမ်းကျန်းသည် အိုက်ဝ၏ ရှယ်ယာများကို ဖုန်းယွီကို ရောင်းချချင်နေ၏။ ဖုန်းယွီသည် သူတို့ကို အကျိုးအမြတ်များစွာ ပေးမည်ဟု ယုံကြည်ပြီး သူသည်ဖုန်းယွီကို စိတ်ကျေနပ်အောင် ပေးမည်ဖြစ်သည်။ သို့သော် သူ့ဖခင်က သူ့စကားအား နားမထောင်ပေ။ သူ၏ဖခင်က ပြော၏။ ဖုန်းယွီသည် တရုတ်နိုင်ငံ၏ ထိပ်ပိုင်းခေါင်းဆောင်များကြားထဲ နောက်ခံကောင်းကောင်း မရှိပေ။ သူသည် သတင်းများကို ရရန်သာ အရင်းအမြစ် ရှိပေ၏။

မဟုတ်ပါက ဖုန်းယွီသည် ဖူကွမ်းကျန်းကို ထိုက်ဟွအိမ်သုံးလျှပ်စစ်ပစ္စည်း စက်ရုံကို ကွမ်တုံးတွင် ဆောက်ခိုင်းမည်မဟုတ်ပေ။ သူ့အနေဖြင့် ဖူကွမ်းကျန်းကို ထိုစက်ရုံ၏ နှစ်ဆယ်ရာခိုင်နှုန်း ရှယ်ယာကိုလည်း ရမည်မဟုတ်ပေ။ သူသည် သူ့၏အဆက်အသွယ်ကို အသုံးချပြီး အရာအားလုံးကို တည်ဆောက်မည်ဖြစ်သည်။

ဖူရုန်ကျင်း၏အတွေးတွင် ဖုန်းယွီသည် တရုတ်နိုင်ငံ၏ ထိပ်ပိုင်းခေါင်းဆောင်များနှင့် အဆက်အသွယ်ရှိပြီး ဖုန်းယွီနောက်ကွယ်တွင်ရှိသော ပုဂ္ဂိုလ်ကို ကျေနပ်အောင် လုပ်ပေးစေချင်သည်။ ဖုန်းယွီတွင် ဘာမှနောက်ခံမရှိသည်ကို သူတွေ့ရှိသွားပြီးကတည်းက သူ့၏ဖုန်းယွီအပေါ် ထားရှိသော အမြင်သည် ပြောင်းလဲလာ၏။

ဖူမိသားစုသည် လက်ကားစီးပွားရေးဖြင့် စတင်ခဲ့ပြီး တစ်ကမ္ဘာလုံးတွင် ဖြန့်ဖြူးရေး လမ်းကြောင်းများ ရှိပေသည်။ သူတို့အနေဖြင့် မည်သည့်ထုတ်ကုန်သည် ကောင်းကောင်း ရောင်းရမည်မှန်း သိ၏။ နားကြပ်ကပ်ဆက် ဈေးကွက်သည် တိုးတက်လာမည်ဖြစ်ပြီး အိုက်ဝ၏ ထုတ်ကုန်အသစ်များသည် ဒီဇိုင်းလှပပေသည်။ ထပ်ပြောရပါက သူတို့သည် ဖုန်းယွီ၏ အမြင်နှင့် ပတ်သတ်ပြီး ယုံကြည်ချက်ရှိပြီး ဖုန်းယွီသည် ထိပ်ပိုင်းအတွင်းလူ တစ်ယောက်ယောက်ဆီမှ သတင်းများကို ရသည်ဟု သံသယဖြစ်မိသည်။ တရုတ်နိုင်ငံရှိ နားကြပ်ကပ်ဆက် ဈေးကွက်သည် အလွန်နာမည် ကျော်ကြားမည်ဖြစ်ကာ အိုက်ဝ၏ နားကြပ်ဈေးကွက်သည် တရုတ်နိုင်ငံ၏ ဈေးကွက်ကို ရယူနိုင်မည်ဖြစ်သည်။ ယင်းက အိုက်ဝအတွက် အလှည့်အပြောင်း ဖြစ်စေနိုင်သည်။ ထို့အတွက်ကြောင့် ဖူရုန်ကျင်းသည် အိုက်ဝ၏ ရှယ်ယာများကို အမြန်စုဆောင်းခြင်း ဖြစ်ပေသည်။

ဖူမိသားစုတွင် ဖူကွမ်းကျန်း၏ အနေအထားသည် အရင်ကနှင့် ကွဲပြားခြားနားလာသော်ငြား သူသည် သူ့အဖေ၏ ဆုံးဖြတ်ချက်အပေါ် လွှမ်းမိုးနိုင်စွမ်း မရှိသေးပေ။ သူ့အနေဖြင့် ဖုန်းယွီကို ယှဉ်ပြချင်သည်။ သို့သော်သူသည် အခွင့်အရေး တစ်ခါမှ မရခဲ့ပေ။ ယခုတစ်ခေါက်တွင် ဖုန်းယွီသည် ဟောင်ကောင်ကို လာမည်ဖြစ်သည်။ သူ့အနေဖြင့် ထိုအခွင့်အရေးကို အသုံးချပြီး သူ့အားရှင်းပြချင်နေ၏။

“ညီအစ်ကိုဖုန်း လေယာဉ်စီးလာတာ ပင်ပန်းရောပေါ့။ ပင်နီဆူလာ ဟိုတယ်မှာ မင်းအတွက် ငါအခန်းတစ်ခန်း ဘိုကင်လုပ်ထားတယ်။ ငါမင်းကို နောက်မှပဲ ထမင်းဖိတ်ကျွေးတော့မယ်။ ”

ဖုန်းယွီက ဖူကွမ်းကျန်းကို တစ်ချက်ကြည့်လိုက်ပြီး ဖူမိသားစုသည် တကယ်ကိုပင် သူ့အား အထင်သေးသည်ပင်။ ဖူကွမ်းကျန်း တစ်ယောက်သာ လေဆိပ်ကိုလာပြီး သူ့ကိုခရီးကြိုဆိုမှု ပြုသည်။ ဖူကွမ်းကျန်း၏ ဧည့်ခံညစာဟူသာ စကားအရ ဖုန်းယွီသည် ဖူကွမ်းကျန်း တစ်ယောက်ထဲသာ ညစာစားသည့် အချိန်တွင် ရှိမည်ဖြစ်မှန်း သိ၏။

ဒီတစ်ကြိမ်တော့ မင်းတို့ဖူမိသားစုကို အများကြီးရှုံးအောင် ငါလုပ်ပြမယ်။

“ဟား ဟား ဟား ဟား ကောင်းပါပြီ ဟောင်ကောင်မှာရှိတဲ့ အစ်ကိုရဲ့ စီစဉ်မှုတွေကို ကျွန်တော်ကောင်းကောင်း နားထောင်ပြီးပါပြီ။ ”

ဖုန်းယွီသည် အိုက်ဝရှယ်ယာများအကြောင်းကို မပြောသမျှ ဖူကွမ်းကျန်းသည်လည်း နေမထိထိုင်မသာ ပိုဖြစ်မည် မဟုတ်ပေ။ သူဖုန်းယွီကိုသိသလောက် သူသည် အခြားသူများကို နှိပ်စက်တတ်သည့် လူမျိုးမဟုတ်ပေ။ ဖုန်းယွီအနေဖြင့် ရေနွေးငွေ့စက်နှင့် ဒလက်မဲ့ပန်ကာ ဖြန့်ချီမှုကို ပြန်ပြီးရုတ်သိမ်းမည်လော။

သို့သော် ဖူမိသားစုသည် ဖုန်းယွီကိုအရင်က တွက်ချက်ပြီးသားဖြစ်၏။ ဖုန်းယွီတွင် တရုတ်နိုင်ငံ၏ ပြင်ပ၌ ဖြန့်ဖြူးရေးလမ်းကြောင်းများ မရှိပေ။ ပြီးနောက် အကယ်၍သူသည် ဖူမိသားစုနှင့် အလုပ်ဆက်မလုပ်ရန် ဆုံးဖြတ်ခဲ့ပါက သူသည် တည်ထောင်ထားသော ဖြန့်ဖြူးရေး လမ်းကြောင်းများကို စွန့်လွှတ်ရမည်ဖြစ်ကာ အရှုံးများဖြင့် တွေ့ကြုံရနိုင်၏။ သူ့အနေဖြင့် စာချုပ်ဖောက်ဖျက်သည့်အတွက်လည်း လျော်ကြေးငွေကို ပေးဆောင်ရန် လိုအပ်ပေသည်။ သူ့၏ ဂုဏ်သတင်းသည်လည်း ထိခိုက်မည်ဖြစ်သည်။ အခြားသော ဟောင်ကောင်စီးပွားရေး လုပ်ငန်းရှင်များသည် သူနှင့်ပူးပေါင်း ဆောင်ရွက်ချင်ကြမည် မဟုတ်ပေ။

ဖူမိသားစုသည် ဟောင်ကောင်တွင် လွှမ်းမိုးနိုင်စွမ်းရှိသော မိသားစုတစ်ခုဖြစ်၏။ အခြားသော အင်အားရှိသည့် မိသားစုများတောင် သူတို့ကို မျက်နှာပေးရမည်ပင်။ မိသားစု ငယ်လေးများသည် ဖူမိသားစုနှင့် ယှဉ်တောင်မယှဉ်ပြိုင်ရဲကြပေ။ ဖုန်းယွီတွင် အခြားသော ရွေးချယ်စရာ မရှိပေ။ ယင်းအတွက်ကြောင့် ဖူကွမ်းကျန်းသည် အိုက်ဝ၏ ရှယ်ယာများကို စုဆောင်းခဲ့ခြင်း ဖြစ်ပေ၏။ ဖုန်းယွီသည် သူ၏မကျေနပ်ချက်များ အားလုံးကို မြိုသိပ်နိုင်သည်ဟု ခံစားမိ၏။

ပန်နဆူလာ ဟိုတယ်သည် အနာဂတ်နှစ်များလောက် မခမ်းနားပေ။ အကြောင်းမှာ ဟိုတယ်သည် ၁၉၉၄နောက်ပိုင်းမှ အကြီးစားပြုပြင်မှု ပြုလုပ်မည်ဖြစ်ကာ ထိုနောက်ပိုင်းမှစပြီး ကမ္ဘာ၏ ဆွဲဆောင်မှု အရှိဆုံးနှင့် ဇိမ်ခံဟိုတယ်တစ်ခု ဖြစ်လာမည်ပင်ဖြစ်သည်။

ဖူကွမ်းကျန်းသည် ဧည့်ခံထမင်း ကျွေးမွေးခြင်းကို ဖူမိသားစုထဲမှ လာရောက်သည့်သူ တစ်ယောက်ထဲသာဖြစ်သည်။ သူ၏အစ်ကိုတောင် ညစာစားချိန်တွင် ရှိမနေပေ။

“ညီအစ်ကိုဖုန်း ဘာအတွက်ကြောင့် ဟောင်ကောင်ကို လာတာလဲ။ ”

ဖူကွမ်းကျန်းက မေးလိုက်၏။

“အိုး ကျွန်တော်က ဟောင်ကောင်မှာရှိတဲ့ ဘဏ်အကောင့်ကို ရူပယ်ပမာဏများများ လွှဲပြောင်းထားခဲ့တယ်။ ကျွန်တော် ဟောင်ကောင်မှာရှိတဲ့ Forex ငွေကြေးဈေးကွက်မှာ ရင်းနှီးမြုပ်နှံဖို့ ဆုံးဖြတ်လိုက်တယ်။ အစ်ကိုလည်း တရုတ်နိုင်ငံရဲ့အကြောင်း သိပါတယ်။ တရုတ်နိုင်ငံမှာဆိုရင် အခုလက်ရှိ အခြေအနေနဲ့ Forex ငွေကြေးမြုပ်နှံမှုကို လုပ်နိုင်မှာမဟုတ်ဘူး။ ဘဏ်တွေကလည်း နိုင်ငံခြားငွေ အကုန်လုံးကို သိမ်းဆည်းထားတာ။ ”

ဖူကွမ်းကျန်း၏ မျက်လုံးများက လင်းလက်သွားသည်။ လွန်ခဲ့သည့်တစ်ခေါက်က ဖုန်းယွီသည် ယမ်းငွေကြေး ဈေးတက်လာမည်ဟု မှန်းခဲ့သည်။ ပြီးနောက် သူ၏အကြီးဆုံး ဦးလေးသည် အကျိုးအမြတ်များစွာ ရရှိခဲ့သည်။ ယခုတစ်ခေါက်တွင် ဖုန်းယွီသည် သူကိုယ်တိုင် ပြန်လာပြီး ကုန်သွယ်ရေး ဆောင်ရွက်နေ၏။ ယင်းအဓိပ္ပာယ်က သူရရှိသည့် သူ့အတွင်းလူထံမှ သတင်းအချက်အလက်အချို့ ရခဲ့သည်ကို ဆိုလိုခြင်းဖြစ်ပြီး အကျိုးအမြတ်သည် သေချာပေါက် များမည်ပင်။

“ညီအစ်ကိုဖုန်း အတွင်းလူဆီကနေပြီးတော့ ဘာသတင်းတွေ ရထားသေးလဲ။ ငါ့ကိုပြောပါအုံး။ ”

ဖုန်းယွီက ဖူကွမ်းကျန်းကို တစ်ချက်ကြည့်ပြီးနောက် ပြောလိုက်သည်။ ဖူကွမ်းကျန်းသည်လည်း နားထောင်ရန်အတွက် တက်ကြွနေ၏။

“တကယ်လို့ကျွန်တော် အဲ့ဒီသတင်းကို ပြောပြရင် ကျွန်တော်က ဘာပြန်ရမှာလဲ။ ”

ဖုန်းယွီက ရုတ်တရက် မေးလိုက်၏။

အာ ဖုန်းယွီက သူရထားတဲ့ အချက်အလက်တွေကို မျှဝေပေးဖို့အတွက် မငြင်းဆိုဘူးဘဲ။

ဖူကွမ်းကျန်းသည် ငွေကြေးဈေးကွက်တွင် ရရှိသည့် သတင်းအချက်အလက်က ဘယ်လောက် တန်ဖိုးရှိမှန်း သိပေ၏။ အထူးသဖြင့် Forex ငွေကြေးဈေးကွက်တွင်ဖြစ်သည်။ ဟောင်ကောင်တွင်သာ အချို့သောသူများသည် နေထိုင်စရိတ်ကို သတင်းအချက်အလက်များရောင်းပြီး ရှာကြသည်။ သေချာသည်မှာ သူတို့ရရှိသည့် သတင်းအရင်းအမြစ်ကို ဖော်ထုတ်ပြမည် မဟုတ်ပေ။

“ငါတို့ရတဲ့ထဲက သုံးဆယ်ရာခိုင်နှုန်း မင်းကိုပြန်ပေးမယ်။ ”

ဖူကွမ်းကျန်းက ဖုန်းယွီကို ဈေးမြင့်မြင့် ခေါ်လိုက်သည်။ ဟောင်ကောင်တွင် သတင်းအချက်အလက်အတွက် ပုံသေနှုန်း ရှိပေသည်။ အကယ်၍ ကော်မရှင်ခ ပါလျှင်တောင် တစ်ဆယ်ရာခိုင်နှုန်းထက် မပိုပေ။ သုံးဆယ်ရာခိုင်နှုန်းက အလွန်များပြားသည့် ပမာဏဖြစ်ပေ၏။

“အစ်ကိုဖူ တကယ်လို့ တစ်ယောက်ထဲဆိုရင် ကျွန်တော်သေချာပေါက် သဘောတူမှာပေါ့။ ဒါပေမဲ့ အစ်ကို သတင်းအချက်အလက်တွေအကြောင်း အစ်ကိုသိပြီးတာနဲ့ အစ်ကိုက အစ်ကို့ရဲ့အစ်ကိုနဲ့ အစ်ကို့ရဲ့အဖေကို ပြောပြလိမ့်မယ်။ အစ်ကိုရဲ့အဖေက အစ်ကို့ရဲ့ ဦးလေးတွေကို ပြောပြလိမ့်မယ်။ မကြာခင်မှာပဲ တစ်မိသားစုလုံး အဲ့သတင်းကို သိသွားမယ်။ အစ်ကိုရဲ့ မိသားစုတွေက မိတ်ဖက်တွေကို အကြောင်းကြားပြီး သူတို့တွေရဲ့ ချစ်ကြည်ရေးကို တိုးတက်လာအောင် လုပ်တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ တကယ်လို့ အစ်ကိုပြောတဲ့ သုံးဆယ်ရာခိုင်နှုန်းက သန်းတစ်ရာထက် ပိုများမယ်ဆိုရင်တော့ ကျွန်တော်သေချာပေါက် သဘောတူမှာ။ ”

ဖူကွမ်းကျန်းက အံ့အားသင့်သွားသည်။ သို့သော် ဖုန်းယွီပြောသည့် သန်းတစ်ရာကြောင့် သူမှင်သက်သွားခဲ့သည်။ ယင်းအဓိပ္ပာယ်က ယခုတစ်ခေါက်တွင် ဖူမိသားစု၏အမြတ်မှာ သန်းသုံးရာထက် ပိုမည်လော။

ယင်းက ကြီးမားသည့် အပေးအယူတစ်ခုဖြစ်သည်။ သူ့၏အဖေသာမက ဖူမိသားစု တစ်ခုလုံးကပါ ဆွဲဆောင်နိုင်မည်ဖြစ်သည်။ ဖူကွမ်းကျန်းသည် ယခုနေရာတွင် တစ်ပြိုင်ထဲ မဆုံးဖြတ်နိုင်ပေ။ ပြီးနောက် သူ့အနေဖြင့် သူ့အဖေကို ဤအကြောင်းသိအောင် လုပ်ရအုံးမည်ဖြစ်၏။

“ဒါဆိုရင် ငါ့အနေနဲ့ ဒီဆုံးဖြတ်ချက်ကို မချမှတ်နိုင်ဘူး။ ငါ့အနေနဲ့ အဖေနဲ့ တိုင်ပင်ဖို့လည်း လိုအပ်သေးတယ်။ ”

ဖုန်းယွီက လက်ဝှေ့ယမ်းပြလိုက်ရင်း

“အစ်ကိုမဆုံးဖြတ်နိုင်ဘူးဆိုတာ ကျွန်တော် သိပါတယ်။ အစ်ကိုရဲ့အဖေကို ဒီကိုလာခိုင်း ဒါမှမဟုတ်ဘူးဆိုရင် အစ်ကိုရဲ့အဖေက အလိုရှိတယ်ဆိုရင် အစ်ကိုရဲ့ အကြီးဆုံး ဘကြီးကိုလည်း ခေါ်လိုက်။ ကျွန်တော် သူတို့အကုန်လုံးနဲ့ စကားပြောချင်တယ်။ ”

“ကောင်းပြီ ညီအစ်ကိုဖုန်း ငါအရာအားလုံးကို ဒီညနေခင်းမှာ ဘာမှလုပ်စရာ မရှိဘူးဆိုမှတော့ ငါ့အိမ်ကိုလာပြီးတော့ ညစာလာစားလိုက်။ ငါ့ရဲ့အဖေလည်း အိမ်မှာရှိနေမယ်။ ”

ဖုန်းယွီက ပြုံးလိုက်ကာ

“ကောင်းပြီ”

All Chapters