လောဘကြီးသော ဖူရုန်ကျင်း
Vol. 17 Ch. 246
ညနေခင်းတွင် ဖူကွမ်းကျန်းသည် ဖုန်းယွီကို ဖူရုန်ကျင်း၏ စံအိမ်သို့ မောင်းပို့ခဲ့သည်။ ထိုစံအိမ်က မကြီးပေ။ ပြီးနောက် နှစ်ထပ်အဆောက်အဦးသာဖြစ်ပြီး ၃၀၀စတုရန်းမီတာခန့် ရှိသည်။ ထိုစံအိမ်တွင် ဥယျာဉ်ငယ်တစ်ခု ကားဂိုဒေါင်တစ်ခုရှိသည်။ သို့သော် ရေကူးကန်တော့ မရှိပေ။
ယင်းက စုန့်လောင်စီ၏ စံအိမ်ထက် တစ်ဝက်မျှသာရှိသည်။ သို့သော် ဟောင်ကောင်တွင် ဘီလီယံနာများသာ ထိုအမျိုးအစားကဲ့သို့ စံအိမ်မျိုးကို တက်နိုင်ကြသည်။
ဖုန်းယွီသည် လက်ဆောင်အဖြစ် ဝိုင်နီတစ်ပုလင်းကို ယူခဲ့သည်။ ယင်းက ဟောင်ကောင်သားတို့အတွက် ရိုးရာတစ်ခုပင်ဖြစ်သည်။
ဖူရုန်ကျင်းသည် ဖုန်းယွီက သူ့အား သတင်းအချက်အလက်များကို ရောင်းမည်ဟု ပြောသောအခါ ဖုန်းယွီသည် စွမ်းဆောင်နိုင်စွမ်း မရှိသည်ဟု သူခံစားမိ၏။ သူသည် ဖုန်းယွီ၏ ဝိုင်နီတစ်ပုလင်းကို မြင်သည့်အခါ ပိုတောင်မှ စိတ်ပျက်သွားသည်။ ထိုဖုန်းယွီသည် အခြားသော ဟောင်ကောင်စီးပွားရေး သမားများ၏ ဒုတိယမျိုးဆက်နှင့် ဆင်တူ၏။
ဖူမိသားစု မရှိဘူးဆိုရင် ရေနွေးငွေ့စက် ရောင်းအားက ရတဲ့အကျိုးအမြတ်က အနည်းဆုံး ငါးဆယ်ရာခိုင်နှုန်းလောက် ကျသွားမှာ။ ဖုန်းယွီ ဖူမိသားစုကို လာပြီးတော့ ပြဿနာရှာရဲမယ် မကြံနဲ့။
“ရှောင်ဖုန်း ဖူကွမ်းကျန်းဆီကနေ ကြားတာက Forex ငွေကြေးဈေးကွက်မှာ ရင်းနှီးမြုပ်နှံ ကုန်သွယ်မလို့တဲ့။ ပြီးတော့ မင်းငါ့ကို အတွင်းလူဆီကနေ ရထားတဲ့ သတင်းအချက်အလက်တွေ ရောင်းမယ်လို့လည်းပြောတယ်။ ”
ဖူရုန်ကျင်း၏ လေသံသည် အလွန်အမင်း ခက်ထန်နေလေ၏။
“ဒါအမှန်ပဲ ဦးလေးကြီး ဖူမိသားစု သိရမဲ့ သတင်းအချက်အလက်က နောက်ထပ် နှစ်လအတွင်းမှာပဲ ငွေကြေးပမာဏ များများရလိမ့်မယ်။ အကျိုးအမြတ်ကတော့ ငါးဆယ်ရာခိုင်နှုန်းလောက်ပဲ။ နှစ်လအတွင်း အကျိုးအမြတ် ငါးဆယ်ရာခိုင်နှုန်းနော်။ ဒီသတင်း အချက်အလက်က ငွေအမြောက်အများ တန်တယ်လို့ မထင်ဘူးလား။ ”
ဖုန်းယွီက ယုံကြည်ချက်ရှိစွာဖြင့် ပြောလိုက်၏။
ဖူရုန်ကျင်းသည် သူ၏မျက်လုံးများ မှေးကျဉ်းသွားကာ နှစ်လအတွင်းမှာ အကျိုးအမြတ်က ငါးဆယ်ရာခိုင်နှုန်း ရမှာလား။ ဖုန်းယွီက ငွေကြေးအချို့အနေနဲ့ တန်ဖိုးတက် ဒါမှမဟုတ် တန်ဖိုးအများကြီး ကျမှာကို သိထားတာလား။
“မင်းက ယန်းငွေကြေး တက်မယ်လို့ ပြောခဲ့တယ်နော်။ ဟုတ်တယ်မလား။ မင်းက ယန်းငွေကြေး တက်မယ်လို့ ပြောခဲ့တာမလား။ ”
ဖူရုန်ကျင်းသည် ထိုခဏအခိုက် မတည်ငြိမ်သော ငွေကြေးဈေးကွက်မှာ ယန်းဟု ခံစားလိုက်ရသည်။ ယန်းငွေကြေးသည် ဆက်လက်မြင့်တက်နေပြီး ရရှိသည့် အကျိုးအမြတ်က ဘာမှမတန်ဟု သူသိပေ၏။
ဖုန်းယွီက သူ့ခေါင်းကို ခါလိုက်ပြီးနောက်
“ကျွန်တော် ဦးလေးရဲ့သားကို ယန်းအကြောင်း ပြောပြီးသား။ ယန်းကနေပြီး အကျိုးအမြတ် ရတယ်ဆိုပေမဲ့ အကျိုးအမြတ်က ငါးဆယ်ရာခိုင်နှုန်းထိ ရမှာမဟုတ်ဘူး။ ကျွန်တော်ပြောမဲ့ ငွေကြေးက နှစ်လအတွင်းမှာကို လုံးဝကို မြင့်တက်လိမ့်မယ်။ ”
ဖူကွမ်းကျန်းသည် ရုတ်တရက် ဖုန်းယွီပြောသည့် အကြောင်းအရာကို စဉ်းစားလိုက်မိသည်။ သူသည် ဟောင်ကောင်တွင်ရှိသော ဘဏ်အကောင့်ထဲသို့ ယန်းငွေကြေး ပမာဏများများကို လွှဲပြောင်းခဲ့သည်။ ထိုငွေကြေးအနေဖြင့် ရူပယ်များ ဖြစ်မည်လော။
ဖုန်းယွီက ဆက်ပြော၏။
“ရူပယ် ရူပယ်တွေက မြင့်တက်လာမယ်။ ယမန်နှစ်ကပဲ ဆိုဗီယက် ပြည်ထောင်စုက သူတို့တွေ တစ်သမတ်ထဲ ငွေကြေးလဲလှယ်မှု စနစ်ကနေပြီးတော့ နှစ်လမ်းသွား ငွေကြေးလဲလှယ်မှုစနစ်ကို ပြောင်းလဲမယ်လို့ ကြေညာထားပြီးပြီ။ အဲ့ဒီကတည်းက ရူပယ်က Forex ငွေကြေးဈေးကွက်မှာ အတက်အကျတွေ ဖြစ်လာတယ်။ ရူပယ်က တော်တော်လေးကို ကျသွားခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်အခု ဆိုဗီယက် ပြည်ထောင်စုကနေ ပြန်လာတာ။ ပြီးတော့ ဆိုဗီယက် ပြည်ထောင်စု အစိုးရက ငွေကြေးဖောင်းပွမှုကို တားဆီးဖို့အတွက် ရူပယ်တွေကို ခိုင်မာအောင်လုပ်မယ်လို့ သတင်းရထားတယ်။ ယခုလက်ရှိ Forex ငွေကြေးလဲလှယ်တဲ့ ဈေးကွက်မှာ ရူပယ်နဲ့ အမေရိကန် ပြည်ထောင်စုရဲ့ ငွေလဲနှုန်းက 0.8⁄1ကနေ ကျသွားခဲ့တယ်။ ဒါကနှစ်နှစ်အတွင်းမှာ အကျဆုံးပဲ။ ဆိုဗီယက် အစိုးရက ယမန်နှစ်က အနိမ့်ဆုံးရမှတ်ကို ပြန်တင်ဖို့အတွက် ရည်ရွယ်ထားတယ်။ 0.6⁄1 0.5⁄1 တောင်မှ ရောက်သွားနိုင်တယ်။ အဲ့ဒီကနေ အကျိုးအမြတ် ဘယ်လောက်ရမလဲဆိုတာ တွက်တာကြည့်လိုက်ပါ့လား။ ”
ဖူရုန်ကျင်းက သူ၏ဆေးတံကို မှုတ်နေပြီးနောက် လေးလေးနက်နက်ဖြင့် တွေးနေလေ၏။
သူသည် ရူပယ်များသည် တန်ဖိုးကျနေမှန်း သိပေ၏။ အကြောင်းမှာ သူ့မိသားစုသည် ဥရောပတွင် စီးပွားရေး ရှိသည့်အတွက်ကြောင့်ဖြစ်သည်။ သို့သော် ယခုတွင် ဖုန်းယွီပြောသည်က ဆိုဗီယက် ပြည်ထောင်စုသည် ရူပယ်ငွေကြေးကို ခိုင်မာအောင် ပြုလုပ်မည်ဖြစ်သည်။ နိုင်ငံ၏ စွမ်းအားနှင့်ဆိုပါက ရူပယ်၏တန်ဖိုးကို ပြန်လည်ခိုင်မာအောင် လုပ်ရန်က ခက်ခဲမည်မဟုတ်ပေ။ အစိုးရအနေဖြင့် တစ်သမတ်ထဲ ငွေကြေးလဲလှယ်နှုန်းကို ပြန်လည်သတ်မှတ်လိုက်သည်နှင့် ရူပယ်သည် ချက်ချင်းပင် တန်ဖိုးတက်လာမည် ဖြစ်သည်။
မကြာသေးမီက သူ၏အကြီးဆုံးအစ်ကို ဖူရုန်ချီသည် ဥရောပကို ခရီးသွားသည်ကို သူရုတ်တရက် မှတ်မိသွားသည်။ သူပြောသည်က သူ့အနေဖြင့် ထိုနေရာတွင် ရင်းနှီးမြုပ်နှံမှုအချို့ ပြုလုပ်ရန်ဖြစ်သည်။ သူသည်လည်း ရူပယ်တွင် ငွေကြေးရင်းနှီးမြုပ်နှံမည်လော။
သူ၏အစ်ကိုကြီးသည် Forex ငွေကြေးဈေးကွက်တွင် ကုန်သွယ်ရသည်ကို နှစ်သက်သည်။ အကြောင်းမှာ ထိုနေရာမှ ဝင်ငွေများစွာရရှိသည့်အတွက်ဖြစ်သည်။ သို့သော် သူသည် သူ့ညီအစ်ကိုများကို ခေါ်သည်က ရှားပေ၏။ ဖူရုန်ကျင်းသည် သူ၏အကြီးဆုံးအစ်ကို ထိုသို့လုပ်သည့်အတွက် မပျော်မရွှင်ဖြစ်သည်။ သို့သော် သူ့ညီအစ်ကို အကြီးဆုံးသည် မိသားစု၏ အကြီးအကဲဖြစ်သည်။ ပြီးနောက် သူ့၏ပိုင်ဆိုင်မှုသည် အခြားသော မောင်နှမသားချင်းတွေထက် အဆပေါင်းများစွာ ပိုပေ၏။ သူ့အနေဖြင့် ဘာမှမလုပ်နိုင်သဖြင့် စိတ်တိုရုံသာ တက်နိုင်ပေ၏။
သူ့အကြီးဆုံးအစ်ကိုသည် ဥရောပသို့ သွားရသည့် အကြောင်းအရင်းမှာ ရူပယ်ဈေးကွက်ကို စစ်ဆေးရန်ဖြစ်ပြီး ရူပယ်နှင့် ကုန်သွယ်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။ ယင်းအချက်က ဖြစ်ကိုဖြစ်ရမည်ပင်။ သူ၏အကြီးဆုံး အစ်ကိုသည် ယခုတစ်ခေါက်တွင်လည်း အခြားသူများကို ပူးပေါင်းစေလိုခြင်း မရှိပေ။
ဟမ့် ငါကမှ အဖေရဲ့ အနှစ်သက်ခံရဆုံးသား။ ဒါပေမဲ့ မိသားစုရဲ့ ပိုင်ဆိုင်မှု တော်တော်များများက မင်းလက်ထဲမှာ။ ဘာလို့လည်းဆိုတော့ မင်းကအကြီးဆုံးမို့လို့လေ။ တကယ်လို့ အဖေသာ ငါ့ကိုအမွေအများဆုံး ပေးတယ်ဆိုရင် ဖူမိသားစုက ဟောင်ကောင်ရဲ့ အင်အားအကြီးဆုံး မိသားစုဖြစ်လာမှာ။ မင်း
မင်း ဖူရုန်ချီ ငါတို့ကို ဆူနိုင်ပေမဲ့ မင်းပြောခဲ့တယ် Forex ငွေကြေးဈေးကွက်မှာ ကုန်သွယ်တာက မသင့်တော်ဘူးလို့ မင်းပြောခဲ့တယ်။ ဒီတစ်ခေါက်တော့ ငါမင်းကိုပြမယ်။ ဒီကုန်သွယ်မှုမှာ ငါမင်းကို မရှုံးစေရဘူး။
“ရှောင်ဖုန်း ဒီသတင်းကိုတော့ ငါတို့ရဲ့ မိသားစုကလည်း သိပြီးသားပါ။ ငါတို့ရဲ့ အကြီးဆုံးအစ်ကိုက Forex ငွေကြေးဈေးကွက်မှာ ကုန်သွယ်ရတာကို နှစ်ခြိုက်တယ်ဆိုတာ မင်းလည်းသိမှာပါ။ ပြီးတော့ သူကဈေးကွက်ကို ခွဲခြမ်းစိတ်ဖြာတဲ့နေရာမှာ ကျွမ်းကျင်သူကြီးပဲ စုထားတဲ့ အသင်းတစ်သင်းတောင် ရှိသေးတယ်။ ဒါပေမဲ့ မင်းကဒီအကြောင်းကို လာပြောပြပြီဆိုမှတော့ ငါလည်းမင်းကို တစ်ခုခု ပြန်ပေးရတာပေါ့။ ငါမင်းကို အမေရိကန်တစ်ဒေါ်လာ ပြန်ပေးမယ်ဆိုရင်ရော ဘယ်လိုလဲ။ အဲ့ဒါကို မင်းရဲ့သတင်း အချက်အလက်တွေ ပေးတဲ့အတွက် ပြန်ပေးတဲ့ ငွေအဖြစ် စဉ်းစားလိုက်ပေါ့။ ”
ဖူရုန်ကျင်း၏ စိတ်ထဲတွင်တော့ ရယ်မောနေသည်။ ဖုန်းယွီ မင်းငယ်သေးတယ်။ အတွေ့အကြုံ မရှိသေးဘူး။ တစ်ခါထဲနဲ့ သတင်းအချက်အလက်တွေကို ထုတ်ဖော်ပြလိုက်တာက အဲ့ဒါရဲ့တန်ဖိုးကို ဆုံးရှုံးသွားစေတယ်။
ဖူကွမ်းကျန်းက မှင်သက်သွား၏။ ပြီးနောက် သူ့အဖေကို ကြည့်လိုက်သည်။ သူ၏အဖေ ရူပယ်ငွေကြေး တန်ဖိုးတက်လာမည်ကို မည်သည့်အချိန်က သိရှိသနည်း။ ဖုန်းယွီသည် သန်းတစ်ရာ လိုချင်သည်။ ပြီးနောက် သူ၏အဖေက အမေရိကန်ဒေါ်လာ တစ်သန်းသာ ပေးသည်လော။ ကွဲပြားခြားနားမှုက လွန်စွာမြင့်မား၏။ ဖုန်းယွီအနေဖြင့် ယင်းကို လက်ခံမည်လော။
“ဦးလေးကျင်း အမေရိကန် တစ်ဒေါ်လာကို အသာထားလိုက်ပါ။ ဘာကြောင့် ဦးလေးက အိုက်ဝရဲ့ ရှယ်ယာတွေကို ကျွန်တော်ကို မရောင်းပေးနိုင်ရတာလဲ။ ရှယ်ယာအတွက် ကျွန်တော် အမေရိကန်ဒေါ်လာ ငါးသန်း ပြန်ပေးနိုင်ပါတယ်။ ”
ဖုန်းယွီက သူ့စိတ်ထဲတွင် စဉ်းစားထားသည့်အတိုင်း ပြန်ပြောလိုက်၏။ ဖူကွမ်းကျန်းက တွေးတောနေသည်။ ဖုန်းယွီက တကယ်ပဲ အိုက်ဝ၏ ရှယ်ယာတွေကို လိုချင်သည်လော။ သူပေးတဲ့ဈေးက အရမ်းကို မြင့်မားလွန်းနေတယ်။ ဒါပေမဲ့ ငါ့ရဲ့အဖေက သူ့ကိုဘာပြန်ပြောမှာလဲ။
ဖူရုန်ကျင်းက မျက်မှောင်ကြုတ်ပြီးနောက် ပြောလိုက်၏။
“အဲ့ဒီရှယ်ယာတွေကို ငါကွမ်းကျန်းရဲ့အစ်ကိုကို ပေးပြီးသွားပြီ။ အဖေတစ်ယောက်အနေနဲ့ ငါ့သားရဲ့ ရှယ်ယာတွေကို ငါ့ဆီကို ပြန်တောင်းဖို့ဆိုတာက မသင့်လျော်ဘူးလေ။ ဒီရက်ပိုင်း ကွမ်းကျန်းရေ ဖုန်းယွီကို အဖော်ပြုပြီးတော့ ဟောင်ကောင်ကို လိုက်ပြလိုက်ပါအုံး။ ဖုန်းယွီက မင်းတရုတ်မှာ စီးပွားရေးလုပ်တုန်းက မင်းကိုကောင်းကောင်း စောင့်ရှောက်ထားတာ။ မင်းအခုသူ့ကို စောင့်ရှောက်ရမဲ့ အလှည့်ရောက်ပြီ။ ”
ဖူရုန်ကျင်းသည် ဖူမိသားစုအနေဖြင့် ဖုန်းယွီ၏ နိုင်ငံခြားစီးပွားရေးကို ဂရုစိုက်ထားကြောင်း ပြန်လည်ပြသသည့်ပုံဖြစ်၏။
ဖုန်းယွီက စိတ်ထဲတွင်တော့ ကျိန်ဆဲနေသည်။ ငါကမင်းကို အခွင့်အရေးတစ်ခု ပေးခဲ့တယ်။ ဒါပေမဲ့ မင်းကဒီအခွင့်အရေးကို ငြင်းပယ်ခဲ့တယ်။ ဒီတစ်ကြိမ် ငါမင်းကို လှည့်စားတဲ့အတွက် ငါ့ကိုအပြစ် မမြင်နဲ့။
“ကိစ္စမရှိပါဘူး ဦးလေးကျင် ဖူမိသားစု ဒီအကြောင်းအရာကို သိတယ်ဆိုမှတော့ ကျွန်တော်အနေနဲ့ ဒီအရာအတွက် ဘာမှလက်မခံလိုပါဘူး။ ကျွန်တော် ဟင်းနဲ့ရတယ်။ ညစာအဆင်သင့် ဖြစ်ပြီလား။ ”
“ဟား ဟား ဟား ဟား ဟား ဟုတ်တယ်ဟုတ်တယ် ငါတို့ညစာ အရင်စားရအောင် ပြီးတော့မှ ဆက်ပြောကြတာပေါ့။ ”
ဖူရုန်ကျင်းသည် ဖုန်းယွီစိတ်ထားနှင့်ပတ်သတ်ပြီး ကျေနပ်နေလေ၏။
ညစာစားပြီးနောက် ဖူရုန်ကျင်းသည် သူ၏ဒါရိုက်ဘာကို ဖုန်းယွီကို ဟိုတယ်သို့ ပြန်ပို့ရန်အတွက် ညွှန်ကြားလိုက်သည်။ ယခုတစ်ကြိမ်တွင် ဖူကွမ်းကျန်းသည် ဖုန်းယွီကို ပြန်ပို့ရန်အတွက် ခွင့်မပြုပေ။ ထိုဖူကွမ်းကျန်းသည် စီးပွားရေးနှင့် ပတ်သတ်သည့် အရာအားလုံးကို မသိပေ။ မိတ်ဆွေက စီးပွားရေးထက် ပိုပြီးအရေးကြီးသည်လော။ သင့်တွင် လုံလောက်သည့် ငွေပမာဏရှိပါက ဆုံးရှုံးသွားသော သူငယ်ချင်းများ အားလုံးသည်လည်း သင့်နဘေးတွင် ပြန်လာမည်ဖြစ်သည်။
ဖူရုန်ကျင်းသည် စာကြည့်ခန်းထဲသို့ ဝင်သွားပြီး သူ၏စီးပွားရေး အကျိုးဆောင်ကို ခေါ်လိုက်သည်။ သူသည် ယခုလက်ရှိ ရူပယ်၏ တန်ဖိုးအကြောင်းကို မေးပြီး ဆိုဗီယက် ပြည်ထောင်စုအနေဖြင့် ရူပယ်တန်ဖိုး ခိုင်မာလာအောင်လုပ်ပါက မည်သို့ဖြစ်ပျက်မည့် အကြောင်းကိုလည်း မေးလိုက်၏။
စီးပွားရေး အကျိုးဆောင်က တစ်ခဏကြာ တွေးပြီးနောက် ဟုတ်ကဲ့ လုပ်သင့်ကြောင်း ပြန်ပြောလေ၏။ သင်နေသည့် ကုလားအုပ်တစ်ကောင်သည် မြင်းတစ်ကောင်ထက် ကြီးနေသေးဆဲဖြစ်သည်။ ဆိုဗီယက် ပြည်ထောင်စု၏ စီးပွားရေးသည် မကောင်းသော်ငြား အစိုးရသည် ထိုနိုင်ငံ၏ ငွေကြေးဈေးကွက်ကိုတော့ ထိန်းချုပ်နိုင်၏။ ထို့ပြင် ဆိုဗီယက် ပြည်ထောင်စုသည် ရွှေတင်ပို့မှုကို တိုးမြင့်နေ၏။ ရွှေတန်ဖိုး မြင့်မားလာခြင်းနှင့်အတူ ဆိုဗီယက် ပြည်ထောင်စုသည် ငွေအမြောက်အများ ရရှိမည်ဖြစ်သည်။
စီးပွားရေး အကျိုးဆောင်က ပြန်ပြောသည်က ဆိုဗီယက် ပြည်ထောင်စု အစိုးရအနေဖြင့် ရူပယ်ငွေကြေးကို ခိုင်မာလာအောင် လုပ်ရန်ဆုံးဖြတ်ပါက ရူပယ်များသည် သေချာပေါက် တန်ဖိုးတက်လာမည်ဖြစ်သည်။ သူ့အနေဖြင့် ရူပယ်များ သေချာပေါက် တန်ဖိုးတက်လာမည်ဟု မပြောခဲ့ပေ။
ဖူရုန်ကျင်းသည် သူ၏လောဘဖြင့် ဖုံးလွှမ်းနေသည်။ ပြီးနောက်သူသည် မည်သည့်အန္တရာယ်ကိုမှ သတိမပြုမိတော့ပေ။ သူ၏ စီးပွားရေးအကျိုးဆောင် ပြန်ဖြေသည့် အဖြေကို စိတ်ကျေနပ်နေ၏။ ဖုန်းယွီပြောတာ မှန်ခဲ့ပါက ရူပယ်သည် မကြာခင်တွင် တန်ဖိုးတက်သွားမည်ဖြစ်သည်။ ယခုအချိန်တွင် သူ့အနေဖြင့် လောင်းကြေးကြီးကြီး ထပ်ရမည်ဖြစ်သည်။ သူသည် သူ၏ရက်ကိုးဆယ်စာ ချေးငွေများအားလုံးနှင့် အာမခံပြုပြီး ချေးငွေများကို ရူပယ်တွင် ရင်းနှီးမြုပ်နှံရန်အတွက် အသုံးပြုမည်ဖြစ်သည်။ သူသည် အကျိုးအမြတ်များများ လိုချင်ပေ၏။
ဒီတရုတ်လူမျိုး ဖုန်းယွီကတော့ အာမခံချေးငွေတွေရဲ့ အကြောင်းကို သိမှာမဟုတ်ဘူး။ ငါးဆယ်ရာခိုင်နှုန်း အကျိုးအမြတ်လား အနည်းဆုံး ငါးရာရာခိုင်နှုန်း အကျိုးအမြတ်ရအောင် ငါယူပြမယ်။