← Chapters

ရူပယ်များကို အမေရိကန်ဒေါ်လာ လဲလှယ်ခြင်း

Vol. 17 Ch. 247

ရူပယ်များကို အမေရိကန်ဒေါ်လာ လဲလှယ်ခြင်း

Vol. 17 Ch. 247

နောက်တစ်နေ့မနက်တွင် ဖုန်းယွီသည် ဖူကွမ်းကျန်းထံမှ ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့သည်။ သူ့အား ဟောင်ကောင်မြို့တွင်း လိုက်ပြမည်ဆိုသော ဖူကွမ်းကျန်း၏ ကမ်းလှမ်းချက်ကို သူကယဉ်ကျေးစွာဖြင့် ငြင်းဆိုခဲ့သည်။ ဖုန်းယွီက သူ့အား သူကိုယ်တိုင် လှည့်ပတ်သွားလာချင်ကြောင်း ပြောခဲ့သည်။

ဟိုတယ်မှ ထွက်ပြီးနောက် ဖုန်းယွီသည် တက္ကတီပေါ်သို့ တက်ခဲ့သည်။ သူကနောက်ကိုကြည့်လိုက်ရာ သူ့နောက်တွင် ကားတစ်စီး လိုက်လာသည်ကို မြင်လိုက်ရ၏။ ဖုန်းယွီက ပြောလိုက်သည်။

ဖူရုန်ကျင်းသည် သူ၏ထောင်ချောက်တွင်း မကျရောက်မှာကို သူစိုးရိမ်နေသေးဆဲဖြစ်၏။ တစ်စုံတစ်ယောက်ကို သူ့နောက်လိုက်ကာ နောက်ယောင်ခံခိုင်းခြင်း အဓိပ္ပာယ်က ဖူရုန်ကျင်းသည် သူ၏ထောင်ချောက်တွင် ကျပြီးဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ ယင်းက ရိုးရှင်းသည် ထောင်ချောက်တစ်ခုသာဖြစ်သည်။ လောဘကြီးသည့် လူများသာ ထိုထောင်ချောက်တွင် ကျခြင်းဖြစ်ပေ၏။

ဖူရုန်ကျင်း၏ လူများက ဖုန်းယွီ HSBC ဘဏ်ထဲသို့ ဝင်သွားသည်ကို မြင်ပြီးနောက် ချက်ချင်းပင် ဖုန်းခေါ်ဆိုလိုက်သည်။ ထိုသတင်းက ဖူရုန်ကျင်းကို ရူပယ်ဈေးကွက်တွင် ထပ်ပြီး ရင်းနှီးမြုပ်နံှရန်အတွက် ယုံကြည်မှုများ တိုးစေခဲ့၏။

“မင်္ဂလာမနက်ခင်းပါ ဆရာ ကျွန်တော်ဒီနေ့ ဘာကူညီပေးရမလဲ။ ”

အနာဂတ် ကာလများကလို အိမ်ခြံမြေပွဲစားများ ဝတ်ဆင်ထားသည့် ပုံစံအတိုင်း ဝတ်ဆင်ထားသော လူငယ်လေးတစ်ယောက်သည် ဖုန်းယွီဘဏ်ထဲသို့ ဝင်လာသည့်အခါ ချဉ်းကပ်လာပေ၏။

“ခင်ဗျား အင်္ဂလိပ်စကား ပြောတတ်လား။ ”

ဖုန်းယွီက အင်္ဂလိပ်လို မေးလိုက်၏။ သူသည် ကန်တုံးဒေသသံကို နားလည်သည်။ သို့သော် သူ့အနေဖြင့် မပြောနိုင်ပေ။ သူအဆက်အသွယ် ပြုလုပ်ရန်အတွက် အင်္ဂလိပ်ကို ရွေးချယ်၏။ ဟောင်ကောင်၏ ပညာရေးတွင် အင်္ဂလိပ်ဘာသာစကားသည် အဓိကဘာသာရပ်ထဲမှ တစ်ခုဖြစ်ပေ၏။

“ကိစ္စမရှိပါဘူးဆရာ ”

ထိုလူငယ်လေးက အင်္ဂလိပ်ကို ပြန်ပြောလိုက်၏။

“ကောင်းတယ် မင်းတို့ရဲ့ဘဏ်မှာ ငါငွေစုထားတာရှိတယ်။ အဲ့ဒါတွေက ရူပယ်တွေဖြစ်နေတယ်။ မင်းအနေနဲ့ အဲ့ဒီရူပယ်တွေကို အမေရိကန် ဒေါ်လာအဖြစ် ပြောင်းပေးနိုင်မလား။ ”

ဖုန်းယွီသည် ရူပယ်ဈေးမကျခင် မြန်နိုင်သမျှမြန်မြန် သူ၏ရူပယ်ငွေများ အားလုံးကို အခြားငွေကြေးသို့ ပြောင်းလဲချင်သည်။

“ကိစ္စမရှိပါဘူးဆရာ ဆရာအနေနဲ့ ရူပယ်ဘယ်လောက်များများ လဲလှယ်မှာလဲ။ ကျွန်တော်ဆရာကို ဟိုမှာရှိတဲ့ နိုင်ငံခြားငွေလဲလှယ်ရေး ကောင်တာကို ခေါ်သွားပါ့မယ်။ ”

ထိုလူငယ်လေးမှာ အနည်းငယ် စိတ်ပျက်သွားသည်။ သို့သော် သူသည် ကော်မရှင်ခ ရရန်အတွက် ဖုန်းယွီထံမှ အချို့သော ရင်းနှီးမြုပ်နှံမှု ကုန်ပစ္စည်းများကို ကြေညာရန် ကြိုးပမ်းနေဆဲဖြစ်၏။

ဖုန်းယွီသည် ထိုကောင်တာကို မသွားဘဲ လူငယ်ဘက်သို့လှည့်ကာ

“မင်းတို့ရဲ့မန်နေဂျာနဲ့ ငါ့ကိုတွေ့ခွင့်ပေး။ ဒီကောင်တာမှာဆိုရင် ငွေလဲလှယ်တဲ့ ပမာဏက ကန့်သတ်ထားတယ်။ ငါ့ရဲ့ရူပယ်တွေကို ဒီမှာမလဲနိုင်ဘူး။ ငါ့မှာ အမေရိကန်ဒေါ်လာကို ပြောင်းဖို့အတွက် ရူပယ်ငွေကြေး သန်းလေးရာကျော် ရှိတယ်။ ”

ထိုလူငယ်က အံ့အားသင့်သွားသည်။ ယင်းက ဧည့်သည်တော်ကြီးဖြစ်၏။ ဖုန်းယွီကို သူ၏ဧည့်သည်အနေဖြင့် မည်သို့ သူလုပ်နိုင်မည်နည်း။ သူသည် ဖုန်းယွီကို သန်းတစ်ဆယ်တန်ဖိုးရှိ ငွေရေးကြေးရေး ထုတ်ကုန်များကို ဖုန်းယွီဝယ်ယူရန် နားချနိုင်ပါက သူ၏ကော်မရှင်ခသည် အရမ်းများမည်ပင်။

“ဘာလို့ဒီမှာ ရပ်နေတာလဲ။ သွားမယ်လေ။ ”

ဖုန်းယွီက ပြောလိုက်၏။

“အော် ဟုတ်ကဲ့ဆရာ ကျွန်တော်နောက်က လိုက်ခဲ့ပါ။ ကျွန်တော် မန်နေဂျာရဲ့ရုံးခန်းကို ခေါ်သွားပါ့မယ်။ ”

“စုကျားရုန် မင်းဘာလို့ ဧည့်ကြိုမှာ မရှိနေရတာလဲ။ ”

အသင်းခေါင်းဆောင် ပုံပေါ်သည့် တစ်စုံတစ်ယောက်က ထိုလူငယ်အား အော်လိုက်၏။

“အသင်းခေါင်းဆောင် ကျွန်တော်ဒီလူကြီးမင်းကို အပေါ်ထပ်မှာရှိတဲ့ မန်နေဂျာရဲ့ရုံးခန်းကို ခေါ်သွားမလို့ပါ။ ”

“အဓိပ္ပာယ်မရှိလိုက်တာ။ လူတိုင်း မန်နေဂျာနဲ့ တွေ့ခွင့်ရမယ်လို့ မင်းထင်နေတာလား။ မင်းဒီမှာ အလုပ်လုပ်တာ ဘယ်လောက်ကြာပြီလဲ။ ဒီမှာရှိတဲ့ စည်းမျဉ်းတွေကိုတောင် မသိတော့ဘူးလား။ ”

အသင်းခေါင်းဆောင်သည် ဖုန်းယွီ၏ အသက်အရွယ်နှင့် ဝတ်စားဆင်ယင်ပုံကို ကြည့်လိုက်သည်။ ဖုန်းယွီသည် ဧည့်သည်တော်ကြီးတစ်ယောက် မဟုတ်ဟု ခန့်မှန်းမိ၏။ HSBC ဘဏ်ကို ဒီတိုင်းဝင်လာသည့် မည်သူမဆို မန်နေဂျာနှင့် တွေ့ခွင့်ရရန် တောင်းဆိုနိုင်သည်လော။ အသင်းခေါင်းဆောင်သည် စုကျားရုန်နှင့် ပတ်သတ်ပြီး မပျော်မရွှင် ဖြစ်နေ၏။

“အသင်းခေါင်းဆောင် ဒီလူကြီးမင်းက တကယ်ကို ဧည့်သည်တော်ကြီးပါ။ ”

“အော် ဧည့်သည်တော်ကြီးလား မင်းအိမ်မက် မက်နေတာပဲ ဖြစ်ရမယ် ဒီလူကိုလည်း ကြည့်လိုက်အုံး။ ဘယ်လိုလုပ်သူက ဧည့်သည်တော်ကြီး ဖြစ်နိုင်မှာလဲ။ သူကဘာဝယ်မှာတဲ့လဲ။ ရင်းနှီးမြုပ်နှံမှာလား အာမခံဝယ်မှာလား ဘာလဲ။ သူ့မှာ တစ်သန်းတောင် ရှိရဲ့လား။ ”

အသင်းခေါင်းဆောင်က အော်လိုက်၏။

စုကျားရုန်၏ မျက်နှာက အနီရောင်သို့ ပြောင်းလဲသွားသည်။ သို့သော် ဖုန်းယွီသည် ရူပယ်သန်းလေးရာကို အမေရိကန်ဒေါ်လာနှင့် လဲချင်သည်ဆိုသည်အား အသင်းခေါင်းဆောင်အား မပြောရဲပေ။ မဟုတ်ပါက အသင်းခေါင်းဆောင်သည် ထိုဧည့်သည်ကို ခေါ်သွားမည်ဖြစ်ကာ သူ့အနေဖြင့်လည်း ကော်မရှင်ခ ရတော့မည်မဟုတ်ပေ။

ဖုန်းယွီသည် ထိုအသင်းခေါင်းဆောင်ကို ဆိုချင်ခဲ့သည်။ သို့သော် နေက်တွင် ရင်းနှီးသည့် တစ်ယောက်ယောက် လမ်းလျှောက်လာသည်ကို သတိပြုမိလိုက်၏။

“မန်နေဂျာကျော့ ”

မန်နေဂျာကျော့သည် တစ်စုံတစ်ယောက်က သူ့အားခေါ်လိုက်သည်ကို ကြားလိုက်ရ၏။ သူပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ ဖုန်းယွီကသူ့အား လက်ပြနေ၏။

ဒီသူက ရင်းနှီးနေလိုက်တာ။ ဒီလူငယ်လေးက တရုတ်ပြည်က ဖုန်းယွီပဲ။ သူကယွမ်သန်းငါးဆယ်ကို ချေးငွေယူခဲ့တာ။ ပြီးတော့ ငါနဲ့အတူတူ လက်မှတ်ထိုးခဲ့တဲ့ တစ်ယောက်ပဲ။

“မစ္စတာဖုန်း HSBC ကို လာမယ်ဆိုရင် ဘာလို့ကျွန်တော်ကို ဖုန်းမခေါ်တာလဲ။ ကျွန်တော်ရဲ့ နာမည်ကဒ်ကို ခင်ဗျားအဝေးကို ပစ်လိုက်ပြီလား။ ”

မန်နေဂျာကျော့သည် ဖုန်းယွီနှင့် ဟာသလုပ်လိုက်၏။

“ဟား ဟား ဟား ဟား တကယ်လို့ ခင်ဗျားရဲ့နာမည်ကဒ်ကို ကျွန်တော် ပစ်လိုက်မယ်ဆိုရင် ခင်ဗျားရဲ့ဘဏ်ထဲကို ဘယ်လိုလုပ် ကျွန်တော် ခြေချရဲမှာလဲ။ ”

ဖုန်းယွီက ရယ်လိုက်၏။

“မန်နေဂျာကျော့ ”

အသင်းခေါင်းဆောင်နှင့် စုကျားရုန်က သူ့အား နှုတ်ဆက်လိုက်လေသည်။

“မင်းတို့နှစ်ယောက် ဘာတွေ မှားနေကြတာလဲ။ ဘာကြောင့် မစ္စတာဖုန်းကို နှစ်ယောက်သားအတူတူ ဧည့်ခံနေရတာလဲ။ ”

မန်နေဂျာကျော့က မျက်မှောင်ကြုတ်သွား၏။ ဘဏ်တွင် ဧည့်သည်အများအပြား ရှိသည်။ မည်သူမှ သူတို့ကို ဧည့်မခံပေ။

အသင်းခေါင်းဆောင်သည် ဖုန်းယွီနှင့် မန်နေဂျာကျော့တို့ ပြောဆိုနေသည်ကို ကြားပြီးနောက် ဖုန်းယွီသည် ဘဏ်၏အရေးပါသည့် ဧည့်သည် အစစ်အမှန်ပင်ဖြစ်ကြောင်း သိရှိသွားခဲ့သည်။ ဖုန်းယွီသည် ဘာမှမဟုတ်ပါက မန်နေဂျာကျော့သည် သူ့အား နှုတ်ဆက်မည်မဟုတ်ချေ။ ချီး ဧည့်သည်တော်ကြီးတစ်ယောက် ပုံမှန်လူလို ဝတ်ဆင်နေတာလား။ သူကငါတို့ကို အရူးလုပ်မလို့လား။ ဒါပေမဲ့ ဒီဧည့်သည်တော်ကြီးကို ငါ့ဘက်ပါအောင် သေချာပေါက် ယူရမယ်။

“စုကျားရုန် မန်နေဂျာကျော့ပြောတာ မင်းမကြားဘူးလား။ သွားပြီးတော့ တစ်ခြားဧည့်သည်တွေကို သွားဧည့်ခံချေ။ ငါ့နောက်ကလိုက်တာ ရပ်လိုက်တော့။ ”

အသင်းခေါင်းဆောင်သည် စုကျားရုန်ကို ဆူ၏။

စုကျားရုန်က ဒေါသထွက်သွားသည်။ သူသည်ထိုနေရာသို့ အရင်လာခဲ့၏။ ပြီးနောက် ထိုဧည့်သည်သည် သူ့ဟာဖြစ်သင့်သည်ပင်။

ဖုန်းယွီက ရုတ်တရက် ပြောလိုက်၏။

“စုကျားရုန်က ငါ့ကိုဧည့်ခံနေတာ မင်းကဘယ်သူလဲ။ ”

အသင်းခေါင်းဆောင်၏ မျက်နှာထက်ရှိ အပြုံးက ရုတ်တရက် အေးခဲသွားပြီး ငါကဘယ်သူတဲ့လဲ။

မန်နေဂျာကျော့ သူ့အားစိုက်ကြည့်နေသည်ကို ကြည့်ရင်း အသင်းခေါင်းဆောင်က ထွက်သွားတော့သည်။ ကော်မရှင်ခများ ဆုံးရှုံးသည်မှာ ကိစ္စကြီးတစ်ရပ်မဟုတ်။ သို့သော် မန်နေဂျာကျော့သာ သူ့အားအလုပ်ဖြုတ်မည်ဟု ဆုံးဖြတ်ချက်ချပါက သူသည် အလုပ်ပြုတ်မည်ပင်။ သူ့အတွက် အခြားဘဏ်များတွင် အလုပ်လျှောက်ရန်ကလည်း ပိုပြီးတောင် ခက်ခဲသွားမည်ဖြစ်၏။

“မစ္စတာဖုန်း ဘာကြောင့် ကျွန်တော်ရဲ့ဘဏ်ကို လာရတာလဲ။ တကယ်လို့ ခင်ဗျားလိုအပ်တာ ရှိတယ်ဆိုရင် ကျွန်တော်ကို ဖုန်းခေါ်တာနဲ့ ရတာပဲလေ။ ”

မန်နေဂျာကျော့က နွေးထွေးစွာဖြင့် ပြောလိုက်၏။ ဖုန်းယွီသည် ဟောင်ကောင်ရှိ HSBC ဘဏ်ကို အဘယ့်ကြောင့် လာရသနည်းကို သူသိချင်နေ၏။

“ကျွန်တော်အကောင့်ထဲမှာရှိတဲ့ ရူပယ်ငွေကြေးတွေ အကုန်လုံးကို အမေရိကန်ဒေါ်လာ ပြောင်းမလို့ပါ။”

“ဒါကရိုးရှင်းတဲ့ကိစ္စပဲ။ ကျားရုန် မန်နေဂျာဖုန်းရဲ့ တောင်းဆိုချက်ကို ကူညီပေးလိုက်အုံး။ ”

“မန်နေဂျာကျော့ မစ္စတာဖုန်းရဲ့ ရူပယ်က ပမာဏက သေးသေးလေး မဟုတ်ဘူး။ ”

မန်နေဂျာကျော့သည် စုကျားရုန်ပြောသည့် အဓိပ္ပာယ်ကို နားလည်သွားသည်။ ဖုန်းယွီသည် သူတို့ဘဏ်မှ ယွမ်သန်းငါးဆယ် ချေးယူခဲ့သည်။ ပြီးနောက် သူသည် စီးပွားရေး ကြီးကြီးမားမား သေချာပေါက် ရှိမည်ပင်။ သူရူပယ်မှ ပြောင်းချင်သည့် အမေရိကန်ဒေါ်လာသည် ပမာဏ သေးသေးလေးမဟုတ်ပေ။ အနည်းဆုံး အမေရိကန်ဒေါ်လာ တစ်သန်းကျော် ရှိမည်ပင်။

“မစ္စတာဖုန်း ရူပယ်ဘယ်လောက်များများကို ခင်ဗျားက လဲချင်တာလဲ။ ”

“ရူပယ်သန်းလေးရာ ဝန်းကျင်ပါပဲ။ ”

ဖုန်းယွီက ပုံမှန်အတိုင်း ပြောလိုက်သည်။

“လေး ရူပယ်သန်းလေးရာလား။ ”

မန်နေဂျာကျော့က အံ့အားသင့်နေသည်။ သို့သော်သူ မြန်မြန်ဖြင့် အသိစိတ်ကို ချုပ်တည်းနိုင်ခဲ့သည်။ HSBC၏ မန်နေဂျာ တစ်ယောက်အနေဖြင့် သူသည် ဧည့်သည်ကြီးကြီးမားမား များစွာကို တွေ့ခဲ့ပြီးဖြစ်သည်။ သူကချက်ချင်းဆိုသလိုပင် အပေါ်ထပ်ရှိ နားနေဆောင်ကို ဖုန်းယွီအား ခေါ်သွားသည်။ ယင်းက ကြီးမားသည့် လဲလှယ်မှုဖြစ်သည်။ ပြီးနောက် လက်ထောက်မန်နေဂျာအနေဖြင့် ထိုဆုံးဖြတ်ချက်ကို မချမှတ်နိုင်ပေ။ သူ့အနေဖြင့် မန်နေဂျာအား သတင်းပို့ရမည်ဖြစ်သည်။

“ရှောင်စု တစ်ခြားဧည့်သည်တွေကို အရင်ဆုံးသွားပြီး ဧည့်ခံနေလိုက်။ စိတ်မပူနဲ့ မစ္စတာဖုန်းဆီကနေရတဲ့ ငွေလဲလှယ်မှုကနေပြီးတော့ ကော်မရှင်ခကို ငါမင်းကို ပေးမှာပါ။ ”

မန်နေဂျာကျော့၏ ကတိပေးမှုနှင့်အတူ စုကျားရုန်သည် ပျော်ရွှင်စွာဖြင့် ထွက်ခွာသွား၏။ သူသည် ဘာမှမလုပ်ရဘဲ ကော်မရှင်ခ ရဆဲပင်ဖြစ်၏။ ထိုမတော်တဆမှုက သူ့အား ဝင်လာသည့် ဧည့်သည်တော်များ အားလုံးကို ကောင်းကောင်း ဧည့်ခံရန် တွန်အားပေးစေခဲ့၏။

“မစ္စတာဖုန်း ရူပယ်ကနေ အမေရိကန်ဒေါ်လာကို ဈေးကွက်ရဲ့ ပေါက်ဈေးအတိုင်း လဲလှယ်မှုမှာ ကွဲပြားချက်အချို့ ရှိတယ်ဆိုတာ ကျေးဇူးပြုပြီးတော့ နားလည်ပေးပါ။ ”

ဖုန်းယွီက ခေါင်းညိတ်လိုက်၏။ မည်သို့ပင် ဖြစ်စေကာမူ ယခုလက်ရှိ သို့မဟုတ် အနာဂတ်တွင် ငွေလဲလှယ်နှုန်းထားမှာ အမြဲတမ်း ကွဲပြားမှုရှိပေ၏။

“ဒါ့အပြင် မစ္စတာဖုန်းအနေနဲ့ ရူပယ်ကနေပြီးတော့ အမေရိကန်ဒေါ်လာကို ပြောင်းမယ် ဟောင်ကောင်ဒေါ်လာ မဟုတ်ဘူး။ ကျွန်တော်တို့အနေနဲ့ ငွေလွှဲပြောင်းမှုနှုန်းအဖြစ် အပို၂ရာခိုင်နှုန်း ပေးရပါမယ်။ ”

ဖုန်းယွီက မျက်မှောင်ကြုတ်သွားသည်။ အဘယ့်ကြောင့် ငွေလဲလှယ်မှုနှုန်းက အရမ်းမြင့်နေရသနည်း။ သူ၏အတိတ်ကို မှတ်မိသေးသည်။ အနာဂတ်တွင် ငွေကြေးများ လဲလှယ်ရန်အတွက် လဲလှယ်ခနှုန်းမှာ ၁ရာခိုင်နှုန်းသာဖြစ်သည်။ ဟောင်ကောင်၏ ငွေလဲနှုန်းက အလွန်ပင် များပေ၏။

“ငွေလဲလှယ်တဲ့နှုန်းက အရမ်းများနေတယ်။ တစ်ယောက်ယောက်က ကျွန်တော်ကို ပြောတာကတော့ ငွေလဲလှယ်နှုန်းက ၁ရာခိုင်နှုန်းလောက်ပဲတဲ့။ ခင်ဗျားတို့အနေနဲ့ ကျွန်တော်ဆီကနေပြီးတော့ ငွေလွှဲပြောင်းမှုကနေ ပတ်သတ်ပြီးတော့ ကွဲပြားချက် အချို့ကနေလည်း ယူထားသေးတယ်လေ။ ဘာကြောင့်မို့လို့ ငွေလဲလှယ်ခက ဒီလောက်များနေရတာလဲ။ ကျွန်တော်အနေနဲ့ တစ်ခြားဘဏ်တွေကိုသွားဖို့ စဉ်းစားရင် ကောင်းမလား။ ”

ဘဏ်မန်နေဂျာက ရှင်းပြလိုက်လေသည်။

“မစ္စတာဖုန်း ဟောင်ကောင်ဘဏ်တွေ အကုန်လုံးက တူညီတဲ့ နှုန်းထားဖြစ်တဲ့ ၂ရာခိုင်နှုန်းကိုပဲ ယူတာပါ။ ဒါပေမဲ့ ခင်ဗျားရဲ့ ငွေလွှဲပြောင်းမှုက ပမာဏ ကြီးကြီးမားမား ဖြစ်မယ်ဆိုရင်တော့ ကျွန်တော်ခင်ဗျားကို လျော့ပေးမှာပါ။ ငွေလွှဲပြောင်းမှုနှုန်း ၁.၇ရာခိုင်နှုန်း ဆိုရင်ရော ဘယ်လိုလဲ။ ”

“ကောင်းပြီ ကျွန်တော်အကောင့်ထဲမှာရှိတဲ့ ရူပယ်တွေ အကုန်လုံးကို အမေရိကန်ဒေါ်လာ ပြောင်းပေးပါ။ ကျွန်တော်အကောင့်ထဲမှာရှိတဲ့ အမေရိကန်ဒေါ်လာတွေကို ဘယ်လောက်ကြာမှ စသုံးနိုင်မလဲ။ ”

ဖုန်းယွီသည် ငွေကြေးလွှဲပြောင်းမှုနှုန်းမှ ရူပယ်တစ်သန်းကျော် ချွေတာနိုင်ခဲ့ပေသည်။

“တစ်နာရီ မကြာပါဘူး။ ခဏစောင့် ကျွန်တော် လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပြင်ဆင်ချိန်မှာ ကျေးဇူးပြုပြီး ခဏစောင့်ပေးပါ။ ”

နာရီဝက်ခန့် ကြာပြီးနောက် ဖုန်းယွီသည် HSBCမှ ထွက်လာခဲ့သည်။ သူ့အကောင့်ထဲရှိ ရူပယ်များအားလုံးသည် အမေရိကန်ဒေါ်လာသို့ ပြောင်းလဲပြီးဖြစ်သည်။ ဖုန်းယွီက စိတ်သက်သာရာ ရသွားခဲ့၏။

All Chapters