← Chapters

အာရုံခြောက်ပါး

Vol. 17 Ch. 248

အာရုံခြောက်ပါး

Vol. 17 Ch. 248

နောက်တစ်နေ့တွင် ခမဲသာမာစောသည် ဟောင်ကောင် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်လာခဲ့သည်။ ဖုန်းယွီက သူ့အားစာချုပ် ချုပ်ဆိုရန်အတွက် ခေါ်ခဲ့ခြင်းဖြစ်သည်။ ဖုန်းယွီသည် အမေရိကန် ဒေါ်လာတစ်သန်းကို ရင်းနှီးမြုပ်နှံရန်အတွက် ခမဲသာမာစောအား ပေးခဲ့လေ၏။

ခမဲသာမာစောသည် ဖုန်းယွီကို တစ်လကျော်ကြာ စောင့်ခဲ့ရသည်။ သူ့အတွေးတွင် ဖုန်းယွီသည် သူ့ကုမ္မဏီတွင် မရင်းနှီးမြုပ်နှံတော့ဟု တွေးခဲ့သည်။ အကြောင်းမှာ အိုက်ဝ၏ အစုရှယ်ယာရှင်များထံမှ ရှယ်ယာများကို ဖုန်းယွီအတွက် မစုဆောင်းပေးနိုင်သည့် အတွက်ကြောင့်ဖြစ်သည်။ သို့သော် နောက်ဆုံးတွင် ဖုန်းယွီကသူ့အား ခေါ်ခဲ့၏။

“ခမဲသာ ခင်ဗျားကုမ္မဏီကို ပြင်ဆင်တာ ဘယ်လိုရှိပြီလဲ။ ”

“ကျွန်တော်ကုမ္မဏီကို မှတ်ပုံတင်ပြီးပါပြီ။ ရင်းနှီးမြုပ်နှံတဲ့ငွေတွေ ဘဏ်ကိုလွှဲပြောင်းပြီးတာနဲ့ ကျွန်တော်တို့အနေနဲ့ စက်ရုံကို စဝယ်ပြီးတော့ စထုတ်လို့ရပါပြီ။ ”

ခမဲသာမာစောက ခါးကိုင်းရင်း ပြောလိုက်၏။

“ကောင်းပြီလေ အဲ့ဒါဆိုရင် တရားရုံကို သွားပြီးတော့ စာချုပ်မှာ လက်မှတ်ထိုးရအောင်။ ”

ဖုန်းယွီသည် ယမန်နေ့က ဟောင်ကောင်၏ ဝီလ်ဆင် ဥပဒေရုံးတွင် ချိန်းဆိုမှုတစ်ခု လုပ်ထားသည်။ ထိုဥပဒေ ရုံးခန်း၏ ပိုင်ရှင်သည် တော်ဝင်တရားရှေ့နေ့ချုပ် ဝီလ်ဆင်ဖြစ်သည်။

တော်ဝင်တရားရေး ရှေ့နေ့ချုပ်တစ်ယောက် အနေဖြင့် အင်္ဂလိပ် တော်ဝင်မိသားစုအတွက် ရှေ့နေ့အဖြစ် အလုပ်လုပ်ပေးရန် မလိုပေ။ ရှေ့နေ့အဖြစ် ဆယ်နှစ်ကြာ အတွေ့အကြုံ ရရှိပြီး ထူးချွန်ပြောင်မြောက်သော အောင်မြင်မှုများကို ရရှိပါက ထိုဘွဲ့ကို လျှောက်ထားနိုင်ပေမည်။ ထိုဘွဲ့ကို တော်ဝင်မိသားစုက ခွင့်ပြုပေးရခြင်းဖြစ်ပြီး ထို့နောက်မှ ရှေ့နေများအနေဖြင့် ယင်းဘွဲ့ကို အသုံးပြုနိုင်သည်။

ထိုဘွဲ့သည် ဘွဲ့တစ်ခုထက်ကို ပိုပေ၏။ ဓနသဟာယ နိုင်ငံများတွင် ဘုရင်မ၏ တရားရုံး ရှေ့နေချုပ် အဆင့်အတန်းသည် မြင့်မြတ်သူနှင့် သူဆင်းရဲကြားတွင် ရှိပေ၏။

ဝီလ်ဆင်တွင် နောက်ထပ် ဘွဲ့တစ်ခုလည်း ရှိသေးသည်။ ယင်းက ဘုရင်မ၏ တရားရုံး ရှေ့နေ့ချုပ်ဖြစ်သည်။ ဝီလ်ဆင်သည် အင်္ဂလိပ် တော်ဝင်မိသားစုအတွက် ဥပဒေ အတိုင်ပင်ခံ တစ်ယောက်ဖြစ်ပြီး သူသည် ဓနသဟာယ နိုင်ငံများမှ အထူးအခွင့်အရေးများကိုလည်း ရရှိနိုင်သည်။

ထိုဘွဲ့နှစ်ခုသည် ဝီလ်ဆင်၏ စွမ်းဆောင်ရည်ကို တကယ်တန်း ပြသနေခြင်း မဟုတ်ပေ။ ဝီလ်ဆင်သည် စူပါးမန်းလီ၏ ဥပဒေ အတိုင်ပင်ခံလည်း ဖြစ်ပေ၏။ ယင်းက ဟောင်ကောင်တွင် သူ့အဆင့်အတန်း ဘယ်လောက်မြင့်မားကြောင်း ပြသနေခြင်း ဖြစ်ပေသည်။

ဟောင်ကောင်တွင် ဝီလ်ဆင်၏ အဆင့်အတန်းကို မှီနိုင်သည့် ဥပဒေပညာရှင် နှစ်ယောက်၊ သုံးယောက်သာ ရှိပေ၏။ ဥပမာအနေဖြင့် ဖူမိသားစု၏ ဥပဒေ အတိုင်ပင်ခံသည် နောက်ထပ် ဘုရင်မ၏ တရားရုံးရှေ့နေ့ချုပ် ဖြစ်ပေ၏။

ထိုဘွဲ့တော်များသည် သူတို့၏ အဆင့်အတန်းကိုသာ ပြသသည်သာမဟုတ် သူတို့၏ စွမ်းဆောင်ရည်ကိုလည်း ပြသပေ၏။ ပိုအရေးကြီးဆုံးက သူတို့အနေဖြင့် ရှေ့နေခကို အများကြီး တောင်းနိုင်ပေသည်။

ဖုန်းယွီသည် ယခုလက်ရှိတွင် ဂျပန်ကိုသွားရန်အတွက် အစီအစဉ် မရှိပေ။ သူ့အနေဖြင့် ဝီလ်ဆင်၏ ဝန်ဆောင်မှုကို အသုံးချပြီး အိုက်ဝကုမ္မဏီနှင့် ခမဲသာမာစော၏ ကုမ္မဏီနှင့် ပတ်သတ်သည့် တရားရေးရာ ကိစ္စများကို တိုင်ပင်ရန်အတွက် ဥပဒေအကြံပေးအဖြစ် ဖြစ်စေချင်သည်။

ဝီလ်ဆင်သည် ဥပဒေဆိုင်ရာ စာရွက်စာတမ်းများကို ပြင်ဆင်နိုင်ပြီး ကုမ္မဏီ၏ ကိုယ်စားလှယ်ကိုလည်း ပြောင်းလဲနိုင်သည်။ ပြီးနောက်သူသည် စာရင်းကိုင်များကိုတောင် ငှားယန်းနိုင်ပြီး ဖုန်းယွီအစား စာရင်းစစ်နိုင်ပေ၏။

ဟောင်ကောင်၏ ဥပဒေရုံးခန်း

များသည် များစွာသော ဝန်ဆောင်မှုမျိုးကို ထောက်ပံ့ပေး၏။ ထိုအရာများသည် ဖုန်းယွီ၏ ပြဿနာများစွာကို လျော့ချနိုင်ပေသည်။ ဖုန်းယွီသည် ဝီလ်ဆင်ကို သူဘာလုပ်ချင်သည်ကိုသာ ပြောရန်လိုအပ်ပြီး ဝီလ်ဆင်၏ ဝန်ထမ်းများသည် စာချုပ်များကို ပြင်ဆင်မည်ဖြစ်သည်။

ဝီလ်ဆင်အနေဖြင့် ဖုန်းယွီကို ကိုယ်တိုင်ကိုယ်ကျ မကူညီသည်ကတော့ အနည်းငယ် နောင်တရမိစရာ ကောင်းသည်။ ဖုန်းယွီ၏ သဘောတူညီမှုသည် အမေရိကန်ဒေါ်လာ တစ်သန်းသာဖြစ်သည်။ ပြီးနောက် ဝီလ်ဆင်သည် တစ်ခဏကြာ သူ၏မျက်နှာကိုသာ ပြသပြီး သူ၏ဝန်ထမ်းများသည် ကျန်သည့်ကိစ္စများကို လုပ်ဆောင်ပေး၏။

သို့သော် ထိုအတွက်ကြောင့် စီနီယာရှေ့နေများသည် သူတို့၏ ကိုယ်ပိုင်ဥပဒေ ရုံးခန်းများကို ဖွင့်လှစ်ကြခြင်း ဖြစ်ပေသည်။ သူတို့၏ အဆင့်အတန်း နာမည်ကျော်ကြားမှုပေါ် အခြေခံသည်။ သို့သော် အလုပ်အများဆုံး လုပ်ရသည်မှာ ဂျူနီယာ ရှေ့နေများပင်ဖြစ်သည်။ ဂျူနီယာ ရှေ့နေများ၏ လစာသည် ပိုတောင်နည်းပေ၏။ ပြီးနောက်ယင်းက ဥပဒေရုံးခန်းများအနေဖြင့် ငွေမည်သို့ ရှာဖွေသည်ကို ပြသခြင်းဖြစ်ပေသည်။

တစ်နေ့တွင် ဖုန်းယွီသည် ဝီလ်ဆင်သူ့အား စူပါးမန်းလီကဲ့သို့ ဆက်ဆံလာအောင် ပြုလုပ်မည်ပင်။

ဖုန်းယွီ၏ တောင်းဆိုချက်အတိုင်း စာချုပ်သည် ဘာသာစကား သုံးခုဖြစ်သည်။ အင်္ဂလိပ်၊ တရုတ်နှင့် ဂျပန်ဖြစ်၏။ ဖုန်းယွီသည် ခမဲသာမာစော စာချုပ်ကို အသေအချာဖြင့် ဖတ်ရှု့နေသည်ကို မြင်ပြီးနောက် ခမဲသာမာစောသည် တရုတ်ကိုသာ သိသည်သာမက အင်္ဂလိပ်တွင်လည်း တစ်ဖက်ကမ်း ကျွမ်းကျင်တတ်မြောက်သည်ဟု သတိပြုမိခဲ့သည်။

ချီး ငါလည်းဘာသာစကား သုံးခုကိုတတ်တယ်။ အဲ့ဒါဆိုရင် အဲ့ဒီအဓိပ္ပာယ်က ငါလည်း ဒီလိင်ဖျော်ဖြေရေး ပစ္စည်းတွေ ရောင်းတဲ့လူနဲ့ အတူတူပဲလား။

ခမဲသာမာစောသည် စာချုပ်ဖတ်တာကို ပြီးဆုံးသွားပြီဖြစ်သည်။ ပြီးနောက် သူ၏နာမည်ကို လက်မှတ်ထိုးသည်။ ပြီးနောက် လက်ဗွေနှိပ်သည်။ ထို့နောက် သူ၏ပက်စပို့ကို ရှေ့နေဆီသို့ လွှဲလိုက်ပြီးနောက် မိတ္တူကူးစေသည်။ ဖုန်းယွီသည်လည်း ထိုနည်းအတိုင်းပင် ပြုလုပ်၏။

“ခမဲသာ မင်းရဲ့စက်ရုံက ဘယ်အချိန်မှာ ထုတ်လုပ်မှု စမှာလဲ။ ငါပြောတာက တစ်ခြားထုတ်ကုန်တွေကို ပြောတာ။ မင်းအနေနဲ့ အဲ့ဒါတွေကို ကိုယ်တိုင် ဒါမှမဟုတ်ဘူးဆိုရင် တစ်ခြားသူကို ကန်ထရိုက်ပေးပြီးတော့ ထုတ်လုပ်မှာလား။ ”

“စိတ်မပူပါနဲ့ မစ္စတာဖုန်း ထုတ်ကုန်တွေ အကုန်လုံးက ချက်ချင်းပဲ ထုတ်လုပ်တော့မှာပါ။ ကျွန်တော်တို့ရဲ့ ထုတ်ကုန်အသစ်က ဈေးကွက်ထဲကို အောက်တိုဘာလမှာ ရောက်လိမ့်မယ်။ ကျွန်တော်က စက်ပစ္စည်းအချို့ကို ဝယ်ဖို့ဆုံးဖြတ်ချက် ချထားပြီးတော့ စက်ရုံကို တိုးချဲ့ပါမယ်။ ကျွန်တော်အနေနဲ့ ကန်ထရိုက်ကို ပေးမှာမဟုတ်ပါဘူး။ ”

ထိုအချိန်တွင် ခမဲသာမာစောသည် ပျင်းရိမနေပေ။ သူသည် Black Dragon ကုမ္မဏီတွင် အလုပ်လုပ်ကိုင်ခဲ့ဖူးသော ဝန်ထမ်းများနှင့် စာချုပ်ချုပ်ဆိုသည်။ အထူးသဖြင့် အရောင်းစာရေးနှင့် ထုတ်လုပ်ရေး အလုပ်သမားဖြစ်သည်။ အကယ်၍ အရင်ဥက္ကဌအနေဖြင့် ကုမ္မဏီ၏ ရန်ပုံငွေများကို လွှဲမှားမှုမဖြစ်စေဘဲ ထိန်းချုပ်နိုင်ပါက ကုမ္မဏီအနေဖြင့် ဒေဝါလီ ခံရမည်မဟုတ်ပေ။

ထပ်ပေါင်းပြောရပါက Black Dragon ကုမ္မဏီမှ ထုတ်လုပ်သည့် လိင်ဖျော်ဖြေရေး အရုပ်များသည် ဂျပန်တွင် နာမည်ကျော်ကြားပေ၏။ ထုတ်လုပ်ရေး စတင်ပြီး သူတို့၏ ထုတ်ကုန်များ ဈေးကွက်အတွင်းသို့ ဝင်ရောက်သည်နှင့် ကုမ္မဏီသည် သူတို့၏ ရွှေရောင်နေ့ရက်များကို ပြန်လည်ရောက်ရှိမည်မှာ လွယ်ကူပေ၏။ ဖုန်းယွီသည် ခမဲသာမာစောကို စိတ်အားတက်ကြွစေသည့် အရာများ ပေးခဲ့သည်။ သူ့အနေဖြင့် ထိုကုမ္မဏီသည် သုံးနှစ်အတွင်း သူ၏တန်ဖိုး၏ သုံးဆကျော် ပြန်လည်ရရှိမည်ဟု ယုံကြည်ပေ၏။

“ခမဲသာ စာချုပ်ထဲမှာ ပြထားတဲ့ မင်းရဲ့ဆုလဒ်တွေကို မြင်ပြီးပြီလား။ တကယ်လို့ ငါချမှတ်ထားတဲ့ သတ်မှတ်ချက် ပန်းတိုင်တွေကို မင်းအောင်မြင်အောင် လုပ်နိုင်မယ်ဆိုရင် ငါမင်းကို ကုမ္မဏီရဲ့ ရှယ်ယာတွေကို ပေးမယ်။ ကုမ္မဏီများများ ရလေလေ မင်းလည်းများများ ရလေလေပေါ့။ အလုပ်ကြိုးစား ပြီးတော့ ငါနဲ့မင်းရဲ့အဖေကို စိတ်ပျက်အောင် မလုပ်နဲ့။ ”

ဖုန်းယွီက ခမဲသာမာစော၏ နောက်ကိုပုတ်ရင်း ပြောလိုက်သည်။

ခမဲသာမာစောသည် မျက်ရည်များ ကျတော့မည်ပင်။ ဖုန်းယွီသည် သူ့အတွက် အလွန်စဉ်းစားပေးသည်။ ဖုန်းယွီကသူ့အား Black Dragon ကုမ္မဏီ၏ ကုန်ပစ္စည်း အမှတ်တံဆိပ်ကိုတောင် ဝယ်ယူပေးခဲ့သည်။ ထိုကုန်ပစ္စည်း အမှတ်တံဆိပ်ကို သူ၏အဖေ ထူထောင်ခဲ့ခြင်းဖြစ်သည်။

ကုမ္မဏီ၏ နာမည်အသစ်မှာလည်း စိတ်ဝင်စားဖို့ကောင်း၏။ အာရုံခြောက်ပါး ယင်းအဓိပ္ပာယ်က ထူးကဲသည့် ခံစားချက်ဖြစ်သည်။ ထိုအဓိပ္ပာယ်က ကုမ္မဏီမှ ထုတ်လုပ်သည့် ထုတ်ကုန်များသည် စိတ်ခံစားမှုကို ကောင်းစေရုံသာမက ဝယ်ယူသူများ၏ အထီးကျန်ဆန်မှုကိုလည်း ကျေနပ်စေမည်ကို ဆိုလိုခြင်းဖြစ်သည်။

ဖုန်းယွီသည် ထိုနာမည်နှင့် ပတ်သတ်ပြီး များများစားစား မတွေးပေ။ သူ့စိတ်ထဲတွင် ပေါ်လာသည့်အတိုင်း ပုံမှန်အတိုင်း ပေးလိုက်ခြင်းပင်ဖြစ်၏။ သို့သော် ခမဲသာမာစောသည် ထိုနာမည်က အဓိပ္ပာယ် အများကြီးရှိကြောင်း ပြောသည်။ ဖုန်းယွီက ခမဲသာမာစောကို Black Dragon ကုမ္မဏီ၏ ကုန်ပစ္စည်း အမှတ်တံဆိပ်ကို ဝယ်ယူရန်အတွက် ခွင့်ပြုခဲ့သည်။ အကြောင်းမှာ ရှိပြီးသား အမှတ်တံဆိပ် ကုန်ပစ္စည်းသည် ဖောက်သည်အများစု ရှိပေမည်။ ယင်းကသူ့အတွက် ဝယ်ယူသူများကို ကုန်ပစ္စည်းများ ရောင်းချရာတွင် လွယ်ကူစေပြီး မတ်ကတင်း ကုန်ကျစရိတ်ကိုလည်း လျော့ချနိုင်ပေ၏။

ဖုန်းယွီ ခမဲသာမာစောကို ထိုကုမ္မဏီအား လည်ပတ်စေရသည့် အကြောင်းအရင်းသည် သူ့အနေဖြင့် ထိုသေးငယ်သည့် ကုမ္မဏီကို စီမံခန့်ခွဲရန်က အလုပ်အလွန် ရှုပ်၍ဖြစ်သည်။ မည်သို့ပင် ဖြစ်စေကာမူ သူသည်ကုမ္မဏီ၏ ရှယ်ယာများကို ထိန်းချုပ်ထားသည်။ ပြီးနောက် ကုမ္မဏီကို အချိန်မရွေး ပြန်လည်ရယူနိုင်၏။

ခမဲသာမာစော ကုမ္မဏီ၏ ရှယ်ယာများကို ဆုချရန်အတွက် ယင်းက ခမဲသာမာစောကို စိတ်အားတက်ကြွစေရန်သာဖြစ်သည်။ စာချုပ်တွင် ဖော်ပြထားသည်က ကုမ္မဏီ၏ အမြတ်သည် သေချာသည့် ပမာဏသို့ ရောက်ရှိပါက ဖုန်းယွီအနေဖြင့် ခမဲသာမာစောကို အနည်းဆုံး ကုမ္မဏီ၏ရှယ်ယာ တစ်ရာခိုင်နှုန်းကို ပေးမည်ဖြစ်သည်။ အများဆုံးမှာ တစ်ဆယ်ရာခိုင်နှုန်း ဖြစ်၏။

ဖုန်းယွီသည် အနာဂတ်ရှိ ကုမ္မဏီများစွာ၏ စီမံခန့်ခွဲမှု စနစ်များကို တုပခဲ့ခြင်းဖြစ်သည်။ ဖုန်းယွီသည် အမှန်တကယ်တွင် လိင်ဖျော်ဖြေရေး ဈေးကွက်ကို စိတ်မဝင်စားပေ။ သူ၏အရင်ဘဝတွင်လည်း သူသည် ထိုကဏ္ဍနှင့် ပတ်သတ်ပြီး မှတ်ချက်ပြုခြင်း မရှိပေ။

စာချုပ်ထဲတွင် ပါရှိသည့် အချက်အလက် အများစုသည် ဖုန်းယွီ၏ စိတ်ဝင်စားမှုကို ကာကွယ်ထားခြင်း ဖြစ်ပေသည်။ မည်သို့ပင် ဖြစ်စေကာမူ သူသည် ရင်းနှီးမြုပ်နှံသူ တစ်ယောက်ဖြစ်၏။

ယခုအကြိမ်တွင် ခမဲသာမာစောသည် ဂျပန်စီးပွားရေး လုပ်ငန်းရှင်များကိုလည်း သူ၏ကုမ္မဏီတွင် ရင်းနှီးမြုပ်နှံရန် ဆန္ဒရှိမရှိကို တိတ်တဆိတ် ဆက်သွယ်ခဲ့သည်။ သို့သော် သူတို့ထဲမှ အများစုမှာ ရင်းနှီးမြုပ်နှံလိုစိတ် မရှိပေ။ ဂျပန်နိုင်ငံ၏ စီးပွားရေးသည် ကျဆင်းနေပြီး ကုမ္မဏီ အများစုသည် ငွေကြေးပြတ်လပ်ခြင်းနှင့် တွေ့ကြုံနေရသည်။ မည်သည့်ကုမ္မဏီကို ယခုအချိန်တွင် ယုံကြည်ရမည်နည်း။

ခမဲသာမာစောအနေဖြင့် သူ့ကုမ္မဏီတွင် ရင်းနှီးမြုပ်နှံသည့် သူများအနေဖြင့် ခမဲသာမာစောကို မည်သည့်ရှယ်ယာမှ မပေးရန် သဘောမတူကြပေ။ အကယ်၍သူသည် ကုမ္မဏီ၏ရှယ်ယာကို ထိန်းချုပ်နိုင်ပါက သူသည် ရှယ်ယာများကို ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ရမည် ဖြစ်ပေ၏။ ဖုန်းယွီသည် ထိုရင်းနှီးမြုပ်နှံမှုများ အားလုံးထဲတွင် အရက်ရောဆုံး ဖြစ်သည်။ တစ်ဆယ်ရာခိုင်နှုန်းသော ရှယ်ယာသည် အမေရိကန်ဒေါ်လာ တစ်သိန်းနှင့် ညီမျှပေ၏။ ယန်းသန်းတစ်ရာဖြစ်သည်။

ခမဲသာမာစောသည် ဖုန်းယွီကို အလွန်ကျေးဇူးတင်နေ၏။ သူသည် လူကောင်းတစ်ယောက်နှင့် တွေ့ခဲ့သည်ဟု ခံစားနေရသည်။

“ခမဲသာမာစော မင်းပြန်သွားရင် ထုတ်လုပ်ရေးကို ချက်ချင်းလုပ်ဆောင်။ ပြီးတော့ ငါပြောတာကို မမေ့နဲ့အုံး။ အဲ့ဒီအရုပ်ရဲ့ အဓိကနေရာတွေရဲ့ ထိတွေ့မှု အစိတ်အပိုင်းတွေအပြင် မျက်နှာကလည်း အရေးကြီးတယ်။ တကယ်လို့ အဲ့ဒီအရုပ်ထဲမှာ ညဉ်းသံတွေ ထည့်နိုင်မယ်ဆိုရင် အဲ့ဒီအရုပ်က သေချာပေါက်ကို ရောင်းအား လုံးဝလုံးဝ ကောင်းလိမ့်မယ်။ ”

“မစ္စတာဖုန်း ကျွန်တော် မစ္စတာဖုန်း ပြောသမျှ အကုန်လုံးကို မှတ်မိပါတယ်။ ကျွန်တော်အနေနဲ့ ခင်ဗျားကို စိတ်ပျက်အောင် လုပ်မှာမဟုတ်ပါဘူး။ ပြီးတော့ ကျွန်တော် နောက်နေ့ကျရင် ငွေရေးကြေးရေး ကျွန်တော်ရဲ့ လုပ်ဆောင်ချက်တွေကို မန်နေဂျာဖုန်းကို တင်ပြပေးပါ့မယ်။ ”

ဖုန်းယွီက လက်ယန်းပြလိုက်၏။

မြန်မြန်သွား။ တစ်ကိုယ်တည်းဖြစ်နေတဲ့ နှလုံးသားတွေကို ကျေနပ်အောင်လုပ်ပေး။ ပြီးတော့ မင်းတို့ဂျပန် အမျိုးသားတွေအတွက် ခန္ဓာကိုယ်တွေလုပ်ပေး။ ငါ့မှာ ဟောင်ကောင်မှာ အရေးကြီးတဲ့ လုပ်စရာတွေ ရှိနေဆဲပဲ။

All Chapters