လန်ဒန်ဂိုးလ်အိတ်ချိန်း
Vol. 17 Ch. 249
ထိုရက်များအတွင်း ဖူရုန်ကျင်းသည် သူ့ရရှိသမျှ ငွေများအားလုံးကို Forex ငွေကြေးဈေးကွက်တွင် ရင်းနှီးမြုပ်နှံခဲ့သည်။ စုစုပေါင်းမှာ ဟောင်ကောင်ဒေါ်လာ သန်းလေးရာကျော်ဖြစ်၏။ ထိုငွေများအားလုံးတွင် သူ၏ငွေပြောင်းလဲနိုင်သည့် အရာများတောင် ပါဝင်ပေ၏။ ပြီးနောက် ပြန်ဆပ်ရမည့်ရက်သည် နောက်နှစ်လကြာလျှင် ဖြစ်သည်။
သူ၏အိမ်မက်သည်လည်း နှစ်လကြာပြီးနောက် သူပိုင်ဆိုင်မှုက အဆပေါင်းများစွာ တိုးတက်သွားပေမည်။ ဟောင်ကောင်ဒေါ်လာ သန်းလေးရာမှ ဟောင်ကောင်ဒေါ်လာ လေးဘီလီယံအထိ။ ဖူကွမ်းကျန်းသည် သူ၏အဖေကို အကြီးဆုံးဦးလေး၏ အကြံဉာဏ်ကို ပထမဦးဆုံးယူရန် ကြိုးစားပြီး နားချခဲ့သည်။ ပြီးနောက် ရင်းနှီးမြုပ်နှံမှု အလွန်အကျွံ မလုပ်ရန်လည်း နားချခဲ့၏။ အကြောင်းမှာ အနာဂတ် Froex ငွေကြေးဈေးကွက်တွင် ပိုင်ဆိုင်သမျှ အရာအားလုံး အလွယ်တကူ ဆုံးရှုံးနိုင်သည့်အတွက် ဖြစ်၏။
သို့သော် ဖူရုန်ကျင်းက နားမထောင်ပေ။ သူ့အနေဖြင့် Forex ငွေကြေးဈေးကွက်မှ သူငွေဘယ်လောက်များများ ရလာသည့်အခါ မြင်ရမည့် ဖူရုန်ချီ၏ တုန့်ပြန်မှုကို တွေ့ချင်နေသည်။ ဖူရုန်ကျင်းသည် ဖုန်းယွီ လွန်ခဲ့သည့်ရက်က ဘဏ်များနှင့် ဥပဒေရုံးများကို အကြိမ်များစွာ သွားခဲ့သည်ဟု သူ့လူများ ပြောခဲ့သော်လည်း သူဂရုမစိုက်ခဲ့ပေ။
ဖုန်းယွီကငါ့ကို တရားဆွဲဆိုဖို့အတွက် ရှေ့နေငှားချင်နေတာလား။ ဒါကဟောင်ကောင် ပြီးတော့ ငါနာမည်ကဖူ။
ချမ်းသာသည့်လူများကို တရားဆွဲဆိုရာတွင် ဆင်းရဲသည့်လူများက တက်နိုင်ခြင်း မရှိပေ။ ဖုန်းယွီသည် ချမ်းသာသော်ငြား ဖူမိသားစုနှင့် ယှဉ်ပါက သူသည်အများကြီး လိုအပ်နေသေးသည်။
ဖူရုန်ကျင်းသည် ဖုန်းယွီကို အထင်မြင်သေးနေသည်။ ပြီးနောက် သူ၏လောဘကြောင့် အမှောင်ဖုံးနေသည်။ အကယ်၍ ဖူရုန်ချီသာဖြစ်ပါက သူ့အနေဖြင့် ဖုန်းယွီ၏ လိမ်ညာမှုများကို မြင်နိုင်မည်ဖြစ်သည်။
ထိုအချိန်ကာလတွင် ဖုန်းယွီသည် ဟောင်ကောင်ရှိ လန်ဒန်ဂိုးလ်ဈေးကွက်သို့ သွားရောက်လေ့လာခဲ့သည်။ သူ့အနေဖြင့် အနာဂတ်တွင် လန်ဒန်ဂိုးလ်များကို ကုန်သွယ်ချင်၏။ ယင်းက သူ၏အရင်ဘဝတွင် အများဆုံး ကုန်သွယ်ခဲ့သည့် အရာဖြစ်သည်။
လန်ဒန်ဂိုးလ် ကုန်သွယ်ခြင်း၏ အဓိပ္ပာယ်သည် လန်ဒန်တွင်ရှိသည့် ရွှေများကို ကုန်သွယ်ခြင်းဖြစ်၏။ လန်ဒန် အပြည်ပြည်ဆိုင်ရာ ငွေကြေးအိတ်ချိန်းမှ ကုန်သွယ်ရန် ခွင့်ပြုသည့် ထုတ်ကုန်ဖြစ်သည်။ ထိုရွှေများသည် လန်ဒန်၏ မြေအောက်တိုက်မှဖြစ်ပြီး ယင်းက ၄၄၀အောင်စ(၁၂.၅ ကီလိုဂရမ်ရှိသော အုတ်ခဲပုံဖြစ်ပြီး သန့်စင်မှုမှာ ၉၉.၅ရာခိုင်နှုန်း)ဖြစ်သည်။
လန်ဒန်ဂိုးလ် ရောင်းဝယ်မှုသည် ကိုင်တွယ်၍ရသည့် ရွှေများကို သုံးခြင်းမဟုတ်ပေ။ ပြီးနောက် ရွှေ့ပြောင်းရန်မလို၊ သိမ်းဆည်းထားရန်မလို၊ ကြည့်ရှု့စစ်ဆေးရန်မလို အစရှိသဖြင့်ဖြစ်သည်။ ရင်းနှီးမြုပ်နှံမှု ကုန်ကျငွေသည် ကိုင်တွယ်ကြည့်ရှု့၍ရသော ရွှေအစစ်ကို လဲလှယ်မှုထက် ကုန်ကျစရိတ် နည်းလေသည်။ ပြီးနောက် တန်ဖိုးကြီးကြီးမားမားလည်း ရပေသည်။ အမြင့်ဦးဆုံး တန်ဖိုးကို အဆတစ်ရာထိ သတ်မှတ်နိုင်ပြီး မှောင်ခိုဈေးကွက်တွင် အဆငါးရာထိတောင် ရှိနိုင်ပေသည်။ ယင်းက ရင်းနှီးမြုပ်နှံမှုများကို သူတို့၏ အတက်နိုင်ဆုံး ငွေကြေးများအားလုံးကို အသုံးပြုပြီး အမြင့်မားဆုံး ပြန်လည်ရရှိနိုင်ခြင်းကို ခွင့်ပြုထားခြင်း ဖြစ်ပေ၏။
လန်ဒန်ဂိုးလ် ကုန်သွယ်မှုမှ အားသာချက်များလည်း ရှိသေးသည်။ ကုန်သွယ်မှုသည် ၂၄နာရီဖြစ်ပြီး ကြားထဲတွင် ပွဲစားမလိုပေ။ ရင်းနှီးမြုပ်နှံသူများအနေဖြင့် တစ်ရက်ထဲတွင် ရောင်းနိုင်၊ ဝယ်နိုင်သည်။ လန်ဒန်ဂိုးလ်ကို ရွှေကုန်သွယ်ရေး ဈေးကွက်တွင် လှုပ်ရှားမှု အရှိဆုံးနှင့် ပိုက်ဆံရှာဖွေရာတွင် လူကြိုက်အများဆုံးအဖြစ် စဉ်းစား၍ ရနိုင်ပေသည်။
ဆိုဗီယက် ပြည်ထောင်စုမှ ရရှိခဲ့သော ချေးငွေများအားလုံးကို အမေရိကန်ဒေါ်လာသို့ ပြောင်းလဲပြီးဖြစ်သည်။ လွှဲပြောင်းမှုစရိတ်ပေါင်းပြီး ဖုန်းယွီလက်ရှိတွင် အမေရိကန်ဒေါ်လာ သန်း၄၉၀ ပိုင်ဆိုင်ပြီဖြစ်၏။ သူ့အနေဖြင့် ငွေကြေးအလုံးစုံကို လန်ဒန်ရွှေဈေးကွက်တွင် ရင်းနှီးမြုပ်နှံရန် ရည်ရွယ်ထားသည်။
ဖုန်းယွီသည် ဟောင်ကောင်၏ လန်ဒန်ဂိုးလ်အိတ်ချိန်းသို့ ခြေချလိုက်သည်နှင့် ပွဲစားအုပ်စု တစ်စု၏ ဆွဲခေါ်ခြင်းကို ခံလိုက်ရသည်။ သူတို့သည် ဖုန်းယွီကို သူတို့၏ နာမည်ကဒ်ကိုပေးပြီး ဖုန်းယွီအနေဖြင့် သူတို့၏ ဝန်ဆောင်မှုများကို ရယူမည်ဟု မျှော်လင့်နေကြသည်။ ထိုအခါ သူတို့အနေဖြင့် ကော်မရှင်ခ ရမည်ဖြစ်သည်။
ဖုန်းယွီက သူတို့အားလုံးကို ငြင်းဆိုလိုက်သည်။ သူသည် မည်သည့်ဝန်ဆောင်မှုမျှ မလိုပေ။ အကြောင်းမှာ သူကိုယ်တိုင်ပင် ပရော်ဖက်ရှင်နယ်တစ်ယောက် ဖြစ်နေသည့်အတွက်ပင်။ အကယ်၍ သူသည် ပွဲစားတစ်ယောက်ကို ငှားချင်သည်ဆိုသည့်တိုင် သူ့တွင် ရည်မှန်းချက်တစ်ခု ရှိပေသည်။ ထိုပွဲစားသည် အနာဂတ် ဟောင်ကောင်၏ ငွေကြေးဈေးကွက်ကမ္ဘာတွင် လိဂျန့်တစ်ယောက် ဖြစ်ရပေမည်။ ဖုန်းယွီသည် ထိုအချိန်က ရွှေကုန်သွယ်သည့်သူ စတင်လုပ်ကိုင်နေပြီမှန်း သူမှတ်မိသေး၏။
ဖုန်းယွီသည် ရွှေဈေးများကို ကြည့်လိုက်သည်။ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၃၇၁ဖြစ်၏။ ယင်းက ယမန်နှစ်ကထက် ပိုနည်းနေသည်။ ယမန်နှစ်က တစ်အောင်စလျှင် ၄၁၂ဒေါ်လာ ရှိခဲ့၏။ ဆိုဗီယက် ပြည်ထောင်စုသည် ယခုလက်ရှိတွင် ရွှေဈေးများကို မြင့်တင်ရန် ကြိုးစားနေသည်။ အကြောင်းမှာ ဆိုဗီယက် ပြည်ထောင်စုသည် ရွှေများကို တင်ပို့သည် နိုင်ငံများထဲမှ တစ်ခုဖြစ်သည့်အတွက်ပင်။ သူတို့သည် ငွေရှာရန်အတွက် ရွှေကိုအသုံးပြုခြင်း ဖြစ်၏။
ဆိုဗီယက် ပြည်ထောင်စုသည် လွန်ခဲ့သည့် ဆယ်နှစ်ခန့်က ငွေရရှိရန်အတွက် သူတို့၏ စက်မှုလုပ်ငန်းများကို မှီခိုခဲ့ရသည်။ သို့သော် ဆယ်နှစ်နောက်ပိုင်းတွင် သူတို့၏ စက်မှုလုပ်ငန်းသည် ကျဆင်းခဲ့သည်။ ပြီးနောက် သူတို့သည် ရွှေများကို စတင်ရောင်းတော့၏။ ရွှေများ၊ ဆီနှင့် အခြားသော သတ္ထုများအား အစိုးရ၏ အဓိကဝင်ငွေအဖြစ် စတင်ရောင်းချတော့သည်။ ယင်းက ဆိုဗီယက် ပြည်ထောင်စု၏ ကျရှုံးမှုကို ပြသနေခြင်းဖြစ်သည်။ မည်သည့်တိုင်းပြည်ကမှ သူတို့၏ သဘာဝ ဓာတ်ငွေ့များကို နောက်ဆုံးတွင် ရောင်းချခြင်း မပြုပေ။ ယင်းအဓိပ္ပာယ်က ဆိုဗီယက် ပြည်ထောင်စုသည် ပြိုကွဲနေခြင်းပင်ဖြစ်သည်။
ဖုန်းယွီသည် လာမည့်နှစ်နှစ်အတွင်း ရွှေဈေးသည် အမေရိကန်ကို ကျော်မည်ကို သူမှတ်မိသေး၏။ ရွှေဈေးသည် အလျှင်အမြန်ဖြင့် တက်လာမည်ဖြစ်သည်။ ထိုရွှေဈေးသည် ယခုနှစ် အောက်တိုဘာ ဝန်းကျင်တွင် စတင်မည်ဖြစ်သည်။ သို့သော် ဖုန်းယွီသည် ရက်အတိအကျကိုတော့ မမှတ်မိပေ။
ယခုမှ စက်တင်ဘာလအထိ ရွှေဈေးသည် ဆက်လက်မြင့်တက်မည်ဖြစ်ပြီး တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၃၃၀ထက်သို့ ရောက်မည်ပင်။ ကွာခြားချက်မှာ အမေရိကန်ဒေါ်လာ နှစ်ဆယ်ဖြစ်သည်။ အမေရိကန်ဒေါ်လာ သန်းငါးရာနီးပါးနှင့် ရွှေ၏အရှိန်အဝါနှင့် ဆိုပါက သူ၏ပြန်ရမှုမှာ သေချာပေါက် အကြီးကြီး ဖြစ်ပေမည်။
ဖုန်းယွီသည် ချက်ချင်းပင်ဆိုသလိုပင် သူ၏ကုန်သွယ်ရေးအကောင့်ကို ဖွင့်လိုက်ပြီး သူသည် အမှာစာများကို စတင်လိုက်သည်။ သူသည် ယခုလက်ရှိ ဈေးနှုန်းဖြင့် ရွှေများကို ဝယ်လိုက်ပြီး ရောင်းဈေးမှာ အမေရိကန်ဒေါ်လာ ၃၈၀မှ ၃၉၀ထိဖြစ်သည်။ ယင်းအဓိပ္ပာယ်က ရွှေဈေးသည် ထိုဈေးကို ရောက်နေပြီဖြစ်သည်။ သူ၏ရွှေများကို အလိုအလျှောက် ရောင်းချပြီးနောက် ရရှိလာသော ငွေများသည် ဖုန်းယွီ၏ ဘဏ်အကောင့်ထဲသို့ လွှဲပြောင်းပေးမည်ဖြစ်သည်။
ဖုန်းယွီသည် ရောင်းဝယ်မှုများစွာ ပြုလုပ်ခဲ့ပြီး သူ့အတွက် အန္တရာယ် နည်းပေသည်။ ရွှေဈေးများက မတည်ငြိမ်ပြီး အတက်အကျ ဖြစ်ခြင်းက တစ်နေ့လျှင် ဆယ်ဒေါ်လာအထိဖြစ်သည်။ အမြင့်ဆုံး ငွေကြေးနှင့်ဆိုပါက သူသေချာ ဂရုမစိုက်ပါက မည်သူမှ သူတို့၏ ရင်းနှီးမြုပ်နှံမှုများအားလုံး ဆုံးရှုံးမည် မဟုတ်ပေ။ ဖုန်းယွီတွင် ဈေးကွက်ကို ကြည့်ရန်အတွက် အချိန်မရှိပေ။ သူ၏ကုန်သွယ်မှုကို ခွဲခြမ်းစိတ်ဖြာခြင်းက အလုံခြုံဆုံး နည်းလမ်းပင် ဖြစ်ပေမည်။
ဖုန်းယွီသည်သူ့၏ အမှာစာများကို ကောင်တာခွဲများတွင် တင်လိုက်သည်။ ပြီးနောက် သူ့အနေဖြင့် ရောင်းဝယ်နိုင်သည့် ပမာဏကို ခွဲခြားထားလေ၏။ အမေရိကန်ဒေါ်လာ တစ်သန်းမှ ဆယ်သန်းအထိ ဖြစ်သည်။
ထိုရက်ဆက်တိုက်တွင် ဖုန်းယွီသည် ကုန်သွယ်ရန်အတွက် အမှာစာများကို ထားခဲ့သည်။ ပြီးနောက် သူသည် မည်သည့်သိချင်မှုကိုမှ ပြုလုပ်ရန် မလိုပေ။ ဖုန်းယွီ၏ ဆောင်ရွက်ချက်များသည် လူများစွာ၏ အာရုံဝင်စားမှုကို ငြိတွယ်စေခဲ့သည်။
ဒီလူငယ်လေးက ဘယ်သူလဲ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက ဒီမှာလာပြီးတော့ ရောင်းဝယ်နေတာ။ တကယ်လို့ သူရောင်းဝယ်ကုန်သွယ်တာက ပမာဏ နည်းနည်းလေး ဆိုရင်တောင်မှ ရတဲ့ဟာက သေချာပေါက် နည်းမှာမဟုတ်ဘူး။
ဖုန်းယွီသည် တစ်ကိုယ်တည်း ရင်းနှီးမြုပ်နှံသူဟု ထင်ရသည်။ အခြားသော ရင်းနှီးမြုပ်နှံသူများသည် သူ့ထံသို့ ချဉ်းကပ်လာပြီး အိတ်ချိန်းဈေးကွက်ရှိ အိတ်ချိန်းအမြင်ကို ကြည့်ကြ၏။
သို့သော် ဖုန်းယွီကသူတို့ကို အင်္ဂလိပ်လို ပြန်ပြောပြီး သူသည် ကံတုန်းဒေသိယစကားကို နားမလည်ဟန် ပြုမူလိုက်သည်။ ဒီလူငယ်လေးက အင်္ဂလန်က လာတာလား။ ဒါပေမဲ့ သူ့ရဲ့လေသံက ဗြိတိသျှတွေနဲ့ လေသံမတူဘူး။ ဖုန်းယွီက အင်္ဂလိပ်စကားပြောသည်။ သို့သော် လန်ဒန်အင်္ဂလိပ် မဟုတ်ပေ။ သူသည် အမေရိကန် အင်္ဂလိပ်စာကို အသုံးပြုနေသည်။ သူတို့နှစ်ခုကြားထဲ အနည်းငယ် ကွာဟချက်ရှိသည်။
ဖုန်းယွီသည် အခြားသော ရင်းနှီးမြုပ်နှံမှုများနှင့် စကားပြောဆို၏။ သူသည် ထိုနေရာတွင် စွမ်းဆောင်ရည်ရှိသော လူများအား မြင်ချင်သည်။ ဟောင်ကောင်သည် အာရှတိုက်၏ ငွေကြေးမြို့တော်ဖြစ်သည်။ ပြီးနောက် ငွေကြေးဈေးကွက်တွင် လူများစွာရှိ၏။ ထိုဈေးကွက်တွင် ဒီလောက် လူများများနှင့်ဆိုပါက အရည်အချင်းရှိသည့် ကုန်သွယ်သူများလည်း သေချာပေါက် များမည်မှာ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ တစ်ခဏကြာ စကားပြောပြီးနောက် ဖုန်းယွီက စိတ်ပျက်သွားသည်။ ထိုကျွမ်းကျင်သူများအနေဖြင့် သူတို့၏အတွေးများကို အခြားသူများအား မမျှဝေချင်တာ ဖြစ်ကောင်းဖြစ်နိုင်သည်။ ဖုန်းယွီနား ချဉ်းကပ်လာသော လူများသည် သူ၏မျှော်မှန်းချက်နှင့် မကိုက်ညီပေ။ တစ်ချို့သောသူများက ရွှေဈေးသည် မကြာခင် အချိန်အတွင်း ဆက်လက် ကျဆင်းမည်လို့တောင် ပြောလိုက်သေးသည်။ ဖုန်းယွီသည် စုဆောင်းရန်အတွက် လူတစ်ယောက်မှ မတွေ့ရှိပေ။
ပြီးနောက် ဖုန်းယွီသည် သူပိုင်ဆိုင်သမျှ အမေရိကန်ဒေါ်လာများ အားလုံးကို ရွှေဈေးကွက်တွင် မြုပ်နှံလိုက်သည်။ သူသည် ဖူကွမ်းကျန်းကို ဖုန်းခေါ်ဆိုလိုက်ပြီး နှုတ်ဆက်စကား ဆိုလိုက်သည်။ သူသည် ဘင်းမြို့တော်သို့ ပြန်နေပြီဖြစ်၏။
ဖူရုန်ကျင်း ဖုန်းယွီ ဘင်းမြို့တော်သို့ ပြန်သွားပြီဟု ကြားသည့်အခါ သူသည် သူ့လူများကိုခေါ်ကာ ထိုရက်ပိုင်းအတွင်း ဖုန်းယွီဘယ်ကို သွားနေသလဲဟုမေး၏။
“ဒီကောင်စုတ်လေးက ဒီရက်တွေအတွင်း ဘယ်တွေသွားနေတာလဲ။ ”
“သူက လန်ဒန်ဂိုးလ်အိတ်ချိန်းကို သွားတာပါ။ ”
“ဘာ လန်ဒန်ဂိုးလ်အိတ်ချိန်းလား ဟမ့် သူထင်ရာမြင်ရာ ဘယ်လိုသွားရမလဲဆိုတာ သိသားပဲ။ ဖြူးချားအိတ်ချိန်း စတော့အိတ်ချိန်း သူကဟောင်ကောင်ရဲ့ ငွေကြေးဈေးကွက်ကို လေ့လာနေတာလား။ စိတ်ဝင်စားစရာပဲ။ ”
ဖူရုန်ကျင်းသည် ယင်းကိစ္စနှင့် ပတ်သတ်ပြီး အများကြီး မစဉ်းစားပေ။ ဖူကွမ်းကျန်း သူ့ကိုပြောထားသည်က ဖုန်းယွီသည် စတော့ကို ရင်းနှီးမြုပ်နှံတာကို နှစ်ခြိုက်ပြီး တရုတ်နိုင်ငံတွင်လည်း အများကြီးဝယ်ထားကြောင့် သူ့အား ပြောသည့်အတွက်ပင်ဖြစ်၏။ ဖူကွမ်းကျန်းသည်လည်း တရုတ်နိုင်ငံတွင် ရှယ်ယာအချို့ ဝယ်ထားသည်။ ပြီးနောက် သူပြောသည်က ထိုစတော့များမှတစ်ဆင့် ငွေများရရှိမည်ဖြစ်သည်။ ဖုန်းယွီသည် တရုတ်နိုင်ငံတွင်ရှိသော ကန့်သတ်ထားသည့် ရှယ်ယာများကိုသာ စဉ်းစား၍သာမက သူ့အနေဖြင့် ဟောင်ကောင်၏ စတော့ဈေးကွက်ကိုလည်း စစ်းဆေးချင်ပုံပေါ်၏။
ယခုလက်ရှိ ဟောင်ကောင်၏ စတော့ဈေးကွက်သည် အရမ်းကြီး မဆိုးသလို အရမ်းကြီး မကောင်းပေ။ သို့သော် အတွေ့အကြုံမရှိသည့် လူတစ်ယောက်အနေဖြင့် ဈေးကွက်ထဲ ဝင်ပါက သူသည်သေချာပေါက် အများကြီး ဆုံးရှုံးပေမည်။
ဖူရုန်ကျင်းသည် သူ၏ရှန်ပိန်ကို ဖြေးဖြေးချင်း သောက်နေပြီး ဖုန်းယွီသူ့အားပေးသော သတင်းအချက်အလက်များကို စဉ်းစားနေသည်။ ဖုန်းယွီက တကယ်ပင် တိကျသည်။ ထိုရက်များအတွင်း ရူပယ်ငွေကြေးသည် အနည်းငယ် တက်ခဲ့သည်။ သူသည် ချေးငွေများကို နှစ်လအတွင်း ပြန်ပေးဆပ်မည်ဟု သတ်မှတ်ခဲ့သည်။ နှစ်လခန့်ကြာပြီးနောက် ရူပယ်သည် 0.5⁄1 အနည်းဆုံး ကျမည်ပင်။ ပြီးနောက် သူ၏ပစ္စည်းများနှင့် ဆိုပါက သူသည် အမြတ်ဆယ်ဆကျော် ရရှိမည်ပင်။ သန်းလေးရာ ရူပယ်သည် လေးဘီလီယံ ဖြစ်သွားမည်ပင်။
လေးဘီလီယံ ငွေနှင့်ဆိုလျှင် ဖူရုန်ချီတောင် ငွေအဲ့လောက်ရှိမည်မဟုတ်ပေ။ အနာဂတ်တွင် ဖူရုန်ကျင်းသည် ဖူမိသားစု၏ရှေ့တွင် ရောက်လာမည်ဖြစ်၏။