လယ်ဟဟနာမည် ကျော်ကြားလာခြင်း
Vol. 17 Ch. 250
“မန်နေဂျာဖုန်း ပြန်လာပြီလား။ ”
ဝူကျီကန်း ကုမ္မဏီသို့ ပြန်လာစဉ် ဖုန်းယွီ ဝန်ထမ်းအချို့နှင့် စကားပြောဆိုနေသည်ကို တွေ့လိုက်ရသည်။ သူ့ပုံစံက စိတ်ကောင်းဝင်နေသည့်ပုံပင်။
“အော် အေး ဟုတ်တယ် မင်းရဲ့ခရီးရော ဘယ်လိုလဲ။ ”
ဖုန်းယွီက ပြုံးကာမေးလိုက်၏။
ဝူကျီကန်းသည် ယခုတွင် ထိုက်ဟွကုန်သွယ်ရေး၏ လက်ထောက်အထွေထွေ မန်နေဂျာဖြစ်ပြီး သူသည် အလုပ်ကြိုးစားဆဲဖြစ်သည်။ သူသည် ခရီးသွားလာရပြီး ဝယ်ယူသူများဆီ သွားရသည်။ သို့သော်သူ မည်သည့်အခါကမှ မညဉ်းညူခဲ့ပေ။ ယင်းက ဖုန်းယွီကို အလွန်ကျေနပ်စေ၏။
ဟမ့် ကျီကန်းတောင် နောက်နှစ်ကျရင် လက်ထပ်တော့မယ်။ သူတို့အိမ် အသစ်အတွက် အိမ်သုံးပစ္စည်း တစ်စုံစာ သူ့ကိုလက်ဖွဲ့မှထင်တယ်။ ဖုန်းယွီသည် သူ၏ဝန်ထမ်းများအတွက် မည်သည့်အခါမှ တွန့်တိုခြင်းမရှိပေ။
“မန်နေဂျာဖုန်း မန်နေဂျာဖုန်းရဲ့ အကြံဉာဏ်က တကယ့်ကို ထူးချွန်ပြောင်မြောက်လှပါပေတယ်။ လဲ့ဟဟရဲ့ ကြော်ငြာတွေကို မူကြိုတွေ၊ မူလတန်းကျောင်းတွေရှေ့မှာ ထားထားတာက လဲ့ဟဟရဲ့ ရောင်းအားကို ထိုးတက်စေတယ်။ ”
ဝူကျီကန်းက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။
ဖုန်းယွီ လဲ့ဟဟကို ရင်းနှီးမြုပ်နှံကတည်းက ထိုက်ဟွကုန်သွယ်ရေးသည် အရှေ့မြောက်ပိုင်း ပြည်နယ်သုံးခုအတွက် ဖြန့်ဖြူးရေးလမ်းကြောင်းကို ယူခဲ့သည်။ လဲ့ဟဟသည် ယမန်နှစ်က CCTVတွင် ကြော်ငြာမည်။ သို့သော် သူတို့၏ ထုတ်လုပ်ရေး အခက်အခဲကြောင်း လဲ့ဟဟသည် ထိုဧရိယာများရှိ ဈေးကွက်သို့ မဝင်နိုင်ခဲ့ပေ။
လဲ့ဟဟ၏ ရောင်းအားကို မည်သို့မြင့်တင်ရမည်နည်း။CCTVတွင် ကြော်ငြာခြင်းက မလုံလောက်ပေ။ အချို့သော စဉ်းစားမှုများ ပြုလုပ်ပြီးနောက် ဖုန်းယွီသည် သူ၏လူများကို ဒေသတွင်း ရောင်းချသူများအား အကြောင်းကြားပြီး မူကြိုများနှင့် မူလတန်းကျောင်းများအနီးတွင် ကြော်ငြာရန် ပြောလိုက်၏။ မိဘများသည် သူတို့၏ကလေးများကို ကျောင်းသို့ပို့သည့်အခါ သူတို့အနေဖြင့် ကြော်ငြာကို သတိပြုမိကြပေမည်။
လဲ့ဟဟ၏ ပစ်မှတ်ထားသည့်သူသည် မိဘများဖြစ်ပေသည်။ ပြီးနောက် သူတို့၏ အဓိကထုတ်ကုန်မှာ ကလေးငယ်များ၏ အာဟာရဖြည့်စွက် အချိုရည်ဖြစ်သည်။ ကြော်ငြာဆောင်ပုဒ်တွင် ဖော်ပြထားသည်က “လဲ့ဟဟကို သောက်ပါ ညစာပိုပြီး ကောင်းလာပါလိမ့်မည် ”
မိဘများသည် သူတို့၏ ကလေးငယ်များကို အခြားသူများနှင့် ရလဒ်၊ အရပ် အစရှိသည်တို့ကို နှိုင်းယှဉ်ရသည်ကို နှစ်သက်ကြပေသည်။ ကလေးများ အစာကောင်းကောင်း မစားခြင်းက မိဘများအတွက် အမြဲတမ်း ခေါင်းခဲစရာ ကိစ္စတစ်ခုဖြစ်သည်။
အတိတ်က ကလေးများ မစားချင်သည့် အကြောင်းကိစ္စများ ရှိသည်လော။ အကယ်၍ ကလေးများ မစားပါက သူတို့အနေဖြင့် အာဟာရပြတ်မည် ဖြစ်သည်။ အာဟာရပြတ်ပြီး သေဆုံးနိုင်သည်။ ယခုလက်ရှိတွင် မိသားစု အတော်များများ၏ လူနေမှု အဆင့်အတန်းသည် တိုးတက်ကောင်းမွန်လာပြီး မိဘများအနေဖြင့် သူတို့၏ ကလေးငယ်များကို မည်သည့်အခါမှ အဆာခံစေမည် မဟုတ်ပေ။
ထိုကျန်းမာရေး ဖြည့်စွက်စာများသည် အစားကောင်းကောင်း မစားသည့် ကလေးငယ်များအတွက် ရည်ရွယ်ထားခြင်း ဖြစ်ပေသည်။ သူတို့ ဈေးကွက်ထဲကို ဝင်သည်နှင့် တစ်ပြိုင်နက် မိဘအများစုသည် ထိုပစ္စည်းများကိုဝယ်ရန် အပြေးသွားမည်ပင်။ အထူးသဖြင့် တစ်ယောက်ယောက်၏ ကလေးသည် ထိုဖြည့်စွက်စာကို စားသည့်အချိန်တွင် ဖြစ်သည်။
CCTV၏ ကြော်ငြာမှုနှင့်အတူ လဲ့ဟဟသည် အရှေ့မြောက်ပိုင်း ပြည်နယ်သုံးခုတွင် လျှင်မြန်စွာဖြင့် နာမည်ကျော်ကြားလာခဲ့သည်။
ဝူကျီကန်းသည် ရှန်းမြို့တော်သို့သွားပြီး လဲ့ဟဟ၏ ရောင်းအားကို စစ်ဆေးသည်။
ဖုန်းယွီသည် မူကြိုများနှင့် မူလတန်းကျောင်းများတွင် ကြော်ငြာရန်အတွက် သူကိုယ်တိုင် တွေးခဲ့ခြင်းမဟုတ်ပေ။ တကယ်တန်းကျ ယင်းက ကျူံးချင်းရှန် တွေးခဲ့သည့် အကြံဉာဏ်ဖြစ်သည်။ အတိတ်က လဲ့ဟဟသည် သူတို့၏ ထုတ်ကုန်အသစ်ကို မိတ်ဆက်သည့်အခါ သူသည် ယခုကဲ့သို့သော ကြော်ငြာသည့် နည်းလမ်းမျိုးကို အသုံးပြုခဲ့သည်။
နက်စ်ကဖေးသည်လည်း ယခုကဲ့သို့ တူညီသည့် နည်းလမ်းကို အသုံးပြုခဲ့ပြီး ဖြေးဖြေးချင်း တရုတ်နိုင်ငံ၏ အောင်မြင်အကျော်ကြားဆုံး ကော်ဖီအမှတ်တံဆိပ် ဖြစ်လာသည်။ ထင်းကျီဟိုးဒင်း ကော်ပရေးရှင်းသည်လည်း သူတို့၏ အချိုရည် ယမကာများကို ယခုနည်းအတိုင်း ကြေညာနေသည်။ ထိုသို့သော် ကြော်ငြာနည်းဗျူဟာသည် အကုန်အကျနည်းပြီး ပါးစပ်မှတစ်ဆင့် ပေါက်သည်ဖြစ်သည်။
ဖုန်းယွီသည် ထိုက်ဟွကုန်သွယ်ရေးသည် ယခုနည်းဗျူဟာကို အသုံးပြုသည်သာမက သူသည် ကျူံးချင်းရှန်ကိုလည်း တစ်ခြားသော ပြည်နယ်များတွင် ယခုနည်းဗျူဟာကို အသုံးပြုရန်အတွက် အသိပေးခဲ့သည်။ ဖုန်းယွီသည် လဲ့ဟဟ၏ ရှယ်ယာရှင်ဖြစ်သည်။ အကယ်၍ လဲ့ဟဟ ပိုက်ဆံရရှိပါက သူသည်လည်း ပိုက်ဆံပိုမို ရရှိမည် ဖြစ်ပေသည်။
ကျူံးချင်းရှန်ကို ယခုကဲ့သို့ ကြော်ငြာနည်းလမ်းမျိုး အသုံးပြုရန်အတွက် အလွယ်တကူ နားချ၍မရပေ။ သို့သော် ယင်းကို လက်တွေ့လုပ်ဆောင်ပြီးနောက် ထိုကြော်ငြာသည့်နည်းလမ်းက တကယ်ပင် အလုပ်ဖြစ်ကြောင်း သူရှာဖွေတွေ့ရှိခဲ့သည်။ သူသည် ထုတ်လုပ်ရေးကို တိုးမြင့်၏။ သူသည် သိုလှောင်ရုံထဲတွင် ထုတ်ကုန် အများအပြားကို သိုလှောင်ထားသည်။ ပြီးနောက် ထိုကုန်ပစ္စည်းများ ပြုတ်ထွက်လောက်သည်အထိ ရောင်းကုန်မှာကိုလည်း စိုးရိမ်ပေ၏။ သို့သော် ထိုနည်းလမ်း ထုတ်သုံးပြီးကတည်းက လိုအပ်ချက်သည် ထောက်ပံနိုင်မှုထက် ကျော်လွန်နေပြီဖြစ်သည်။ သူကဖုန်းယွီကို ယခုကိစ္စအား သူ့အားမျှဝေပေးသည့်အတွက် ကျေးဇူးတင်မိ၏။
ဖုန်းယွီက ကျူံးချင်းရှန်၏ ချီးမြင့်မှုကို ပျော်ရွှင်စွာဖြင့် လက်ခံပေသည်။ သို့သော် ထိုပြောကြားချက်များက အသက်မပါပေ။ သူသည် မန်နေဂျာဖုန်းကို ချီးကျူးသည့်အကြောင်း စဉ်းစားနေရင်း သူသည် ကုမ္မဏီ၏ ကိစ္စများတွင် ပါဝင်ပတ်သတ်နေသည်....
ကုမ္မဏီသည် အမြတ်များစွာရပြီး ငွေကြေးကြပ်တည်းမှုကို တွန်းလှန်ခဲ့သည်။ ကျူံးချင်းရှန်သည် အလုပ်သမား အားလုံး၏ လစာကို ပြန်ပေးနိုင်ခဲ့ပြီး သူတို့ထဲမှအချို့ကို ဆုများတောင် ပေးနိုင်ခဲ့၏။ ရလဒ်အနေဖြင့် ထိုအလုပ်သမားများ အားလုံး အလွန်စိတ်အားတက်ကြွနေ၏။
ထိုနှုန်းနှင့်ဆိုပါက လဲ့ဟဟ၏ မကြာသေးခင်က ချဲ့ထွင်မှုသည် လုံလောက်မည်ဖြစ်ကာ ဈေးကွက်၏ လိုအပ်ချက်ကို မကြာခင် ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သည်။ ကျူံးချင်းရှန်နှင့် အခြားသူများသည် သူတို့၏ ထုတ်လုပ်ရေး လမ်းကြောင်းများကို ချဲ့ထွင်ရန်အတွက် စဉ်းစားကြသည်။ သူတို့အနေဖြင့် ကလေးငယ်များ၏ အစာအာဟာရ ဖြည့်စွက်မှု ဈေးကွက်ကို သိမ်းပိုက်ချင်ပြီး ဈေးကွက်တွင် ခေါင်းဆောင်ချင်၏။
ဖုန်းယွီအနေဖြင့် ယင်းအချက်ကို ငြင်းဆိုခြင်းမပြုပေ။ လုပ်ငန်းချဲ့ထွင်မှုမှာ စောသေးသော်ငြား ယင်းက လိုအပ်ဆဲဖြစ်သည်။ ဖုန်းယွီက လဲ့ဟဟ မြန်မြန်ချဲ့ထွင်ရန်တောင် ဆုတောင်းနေလိုက်သည်။ ပြီးနောက် ရန်ပုံငွေများ ပြတ်တောက်မည်ဖြစ်သည်။ ယင်းက သူ့အတွက် ရှယ်ယာများ ပိုရရန်အတွက် အကြောင်းပြချက်တစ်ခု ဖြစ်စေမည်ဖြစ်၏။ ဖုန်းယွီက ကျူံးချင်းရှန်ကို ပေကျင်းမြေတွင် စက်ရုံတစ်ခု ထူထောင်ရန်အတွက် ကြိုးစားဖြောင့်ဖြသည်။ ယင်းက မြောက်ပိုင်းဈေးကွက်ကို အလွယ်တကူ ထိန်းချုပ်နိုင်မည်ဖြစ်ပြီး စက်ရုံတစ်ရုံကို ပြည်နယ်တိုင်း နှစ်ခုသုံးခု တည်ဆောက်ပါက အကောင်းဆုံး ဖြစ်ပေမည်။ ဤနည်းဖြင့် လဲ့ဟဟသည် ဈေးကွက်ကို တစ်ဦးတည်း ချုပ်တည်းနိုင်မည်ဖြစ်သည်။
သို့သော် ဖုန်းယွီ၏အသံက ပိုပြီးလှုပ်ရှားချင်သည့်ပုံ ဖြစ်ကောင်းဖြစ်နိုင်တာကြောင့် ကျူံးချင်းရှန်သည် ထိုချဲ့ထွင်မှု အစီအစဉ်ကို နောက်နှစ်အထိ ရွှေ့ဆိုင်းရန်အတွက် ဆုံးဖြတ်ချက် ချလိုက်သည်။
ယခုလက်ရှိ လဲ့ဟဟ၏ ငွေရေးကြေးရေး အခြေအနေနှင့် ဆိုပါက ဈေးကွက်ချဲ့ထွင်ရန်အတွက် အကြောင်းပြချက် ရှိရပေမည်။ သို့သော် စက်ရုံအသစ်များ တည်ဆောက်ရန်အတွက် ငွေကြေးအရင်းအနှီး ပိုမိုလိုအပ်မည်ဖြစ်သည်။
ကျူံးချင်းရှန်သည် ကုမ္မဏီထဲသို့ ငွေအလုံးအရင်းလည်း ထပ်ထည့်ရန်က မတက်နိုင်ပေ။ ပြီးနောက်သူသည် ယခုလက်ရှိတွင် ကုမ္မဏီကို ချဲ့ထွင်ချင်သည်။ ဖုန်းယွီသည်လည်း ကုမ္မဏီတွင် သူ၏ရှယ်ယာကို ပိုများများ ယူချင်သည်။ ဤအချက်က ကျူံးချင်းရှန် မဖြစ်စေလိုသည့် အချက်ဖြစ်သည်။
သူသည် လဲ့ဟဟ၏ တည်ထောင်သူဖြစ်ပြီး ဖုန်းယွီ၏ ကုမ္မဏီ၏ ရှယ်ယာ၄၀ရာခိုင်နှုန်း ပါဝင်ပေသည်။ ကျူံးချင်းရှန်သည် အထွေထွေမန်နေဂျာ ဖြစ်ပြီး ကုမ္မဏီတွင် ဆုံးဖြတ်ချက် ချရသည့်သူ ဖြစ်သော်ငြား ဖုန်းယွီသာ ရှယ်ယာ၅၀ရာခိုင်နှုန်း ရသွားမည်ဆိုပါက သူဘာလုပ်မည်ဆိုသည်ကို မည်သူပြောနိုင်မည်နည်း။
ကျူံးချင်းရှန်က ဖုန်းယွီအကြောင်းကို စုံစမ်းကြည့်သည်။ သူသိရှိသည်က ဖုန်းယွီသည် အစပိုင်းတွင် စက်ယန္တရားကုမ္မဏီ၏ အစုရှယ်ယာရှင်ငယ်လေး ဖြစ်ခဲ့သော်ငြား ယခုတွင် ထိုကုမ္မဏီ၏ အဓိကရှယ်ယာရှင် ဖြစ်လာပြီး ယင်းအတွက်ကြောင့် ဒေသတွင်း အစိုးရနှင့်တောင် ပြဿနာ တက်ခဲ့သေးသည်။
စက်ယန္တရား ကုမ္မဏီသည် ဥပမာတစ်ခု ဖြစ်တာကြောင့် ကျူံးချင်းရှန်သည် ဖုန်းယွီကို သတိထားနေသည်။ ကျူံးချင်းရှန်နှင့် သူ၏အခြားသော မိတ်ဖက်နှစ်ယောက်က သူတို့အနေဖြင့် ကုမ္မဏီ၏ ရှယ်ယာများကို မည်သည့်အကြောင်းနှင့်ဖြစ်စေ ရောင်းချမည်မဟုတ်ကြောင်း သဘောတူလိုက်သည်။ သူသည် သူမိတ်ဖက်များ ဖုန်းယွီကို သူတို့၏ရှယ်ယာများ ရောင်းချမည်ကို စိုးရိမ်၏။
တကယ်တန်းကျ ဖုန်းယွီတွင် ကျူံးချင်းရှန်၏ အာဏာကို ယူရန်အတွက် ဆန္ဒမရှိပေ။ သူ၏အရင်ဘဝက ကျူံးချင်းရှန်သည် လဲ့ဟဟကို ခေါင်းဆောင်မည့်သူတစ်ယောက် ဖြစ်ပြီး တရုတ်နိုင်ငံ၏ အောင်မြင်အကျော်ကြားဆုံး ဖျော်ရည်လုပ်ငန်းကို ရောက်တောင် တွန်းပို့ခဲ့သည့်သူ ဖြစ်သည်။ သူ၏စွမ်းဆောင်ရည်သည် မည်သူမှ နောက်ထပ် ရှိနိုင်မည်မဟုတ်ပေ။
ဖုန်းယွီသည် စီးပွားရေးများစွာကို ဂရုစိုက်ရန်အတွက်လည်း အချိန်မရှိပေ။ သူ၏အနှစ်သက်ဆုံးမှာ ငွေကြေးဈေးကွက်ဖြစ်သည်။ ယင်းက သူအထူးကျွမ်းကျင်သည့် အပိုင်းဖြစ်၏။ အရာအားလုံး လုပ်ရခြင်းသည် အချို့သော အခွင့်အလမ်းများကြောင့်ဖြစ်ပြီး သူ၏ပိုင်ဆိုင်မှုများကို အဆပေါင်းများစွာထိရအောင် ပြုလုပ်ခြင်း ဖြစ်ပေသည်။
ဖုန်းယွီသည် လဲ့ဟဟကုမ္မဏီ၏ ရှယ်ယာများကို ထိန်းချုပ်ပြီး ကျူံးချင်းရှန်ကို စီမံခန့်ခွဲရန် ခွင်ပြုသော်ငြား ယင်းက တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်ပေသည်။ ကျူံးချင်းရှန်သည် သူ၏တက်ကြွမှုအားလုံး ပျောက်ဆုံးသွားမည်ဖြစ်သည်။ သူ့အနေဖြင့် လဲ့ဟဟက ထွက်ပြီးနောက် အချိုရည်အမှတ်တံဆိပ် အသစ်တစ်ခုတောင် ထူထောင်နိုင်ပေသည်။
ကျူံးချင်းရှန်၏ တောင်းဆိုမှုမပါဘဲ ဖုန်းယွီသည် လဲ့ဟဟဆီသို့ ဆက်လက်ထည့်ဝင်ခြင်း ပြုမည်မဟုတ်ပေ။ ယခုလက်ရှိ သူ၏ရည်ရွယ်ချက်သည် အနာဂတ်တွင် အောင်မြင်ကျော်ကြားမည့် ကုမ္မဏီများမှ ရှယ်ယာများကို ရရှိရန်ဖြစ်သည်။ အနာဂတ်တွင် အောင်မြင်မည့် ကုမ္မဏီ ဆယ်ခုမှ ရှယ်ယာ၂၀ရာခိုင်နှုန်းသာ သူရယူနိုင်လျှင်တောင် သူ့အနေဖြင့် အခြားသူများထက် ပိုပြီးငွေဝင်နိုင်မည် ဖြစ်သည်။ အကောင်းဆုံးအပိုင်းမှာ သူ့အနေဖြင့် စီးပွားရေးကို စိတ်ပူစရာမလို သို့မဟုတ် ခန့်ခွဲစရာ မလိုပေ။
သေချာသည်မှာ အကယ်၍ အခြားသူများသာ သူ့အား ရှယ်ယာရောင်းချမည်ဆိုပါက ဖုန်းယွီသည် ဝမ်းပမ်းတသာဖြင့် လက်ခံမည်ဖြစ်ပေသည်။ ဥပမာအနေဖြင့် ယခုလက်ရှိ လဲ့ဟဟ အနာဂတ်တွင် ကျူကျူ ပိုင်တု အစရှိသဖြင့် ဖြစ်၏။
ကျူံးချင်းရှန် သူ၏အစီအစဉ်ကို အဘယ့်ကြောင့် နောက်ဆုတ်သည် ဆိုသည်ကိုလည်း ဖုန်းယွီ နားလည်ပေ၏။ လဲ့ဟဟ၏ ယခုနှစ်အတွက် အမြတ်သည် တိုးတက်နေပြီး စုစုပေါင်း ရောင်းအားသည် ယွမ်သန်း၂၀ကျော် ဖြစ်ကောင်းဖြစ်နိုင်ပေ၏။ ယင်းက မျှော်မှန်းထားသည်ထက် တစ်နှစ် စောနေသည်ပင်။
လဲ့ဟဟအနေဖြင့် ယခုနှစ်ကုန်ပိုင်းတွင် တင်ကျန်နေသော အကြွေးများအားလုံး ဆပ်နိုင်မည်ဖြစ်ပြီး ရန်ပုံငွေ လုံလုံလောက်လောက် ရှိမည်ဖြစ်၏။ ကျန်ရှိသည့် ရန်ပုံငွေများသည် စက်ရုံအသစ်များ တည်ဆောက်ရန်အတွက် မလုံလောက်သော်ငြား ကုမ္မဏီသည် ဘဏ်မှချေးငွေများ ရယူနိုင်သည်။ ယခုနည်းလမ်းဖြင့် ကျူံးချင်းရှန်၏ ရှယ်ယာများသည်လည်း လျော့မည်မဟုတ်ပေ။ ပြီးနောက် သူသည် ကုမ္မဏီကို ထိန်းချုပ်ထားနိုင်ဆဲ ရှိအုံးမည်ပင်။
ဖုန်းယွီက သက်ပြင်းချလိုက်မိသည်။ ကျူံးချင်းရှန်သည် သူ့အား ကောင်းကောင်း နားမလည်သေးဆဲ ဖြစ်သည်။ ဖုန်းယွီသာ လဲ့ဟဟကို သူကိုယ်တိုင် စီမံခန့်ခွဲလျှင်တောင် သူ့အနေဖြင့် ကျူံးချင်းရှန်လောက် ကောင်းကောင်း ခန့်ခွဲနိုင်မည် မဟုတ်ပေ။
ဖုန်းယွီသည် လဲ့ဟဟ၏ မအောင်မြင်သော ထုတ်ကုန်အချို့ကိုလည်း မှတ်မိသေးဆဲဖြစ်သည်။ သူ့အနေဖြင့် ကျူံးချင်းရှန်ကို ထိုပစ္စည်းများ ထုတ်လုပ်မည်ဆိုပါက တားဆီးမည်ဖြစ်သည်။ သူ၏အရင်ဘဝက လဲ့ဟဟသည် ကောင်းကောင်း လည်ပတ်သော်ငြား ကော်ဖီ၊ ကုတ်နှင့် လက်ဖက် အချိုရည်များတွင် မအောင်မြင်ခဲ့ပေ။
ယင်းက ဆိုးဝါးသည့် အရာမဟုတ်။ ဖုန်းယွီအနေဖြင့် အခြားသော အရာများတွင်သာ သူ အာရုံစိုက်ထားနိုင်မည် ဖြစ်သည်။