ရှန်ဟိုင်းစတော့အိတ်ချိန်း ဖွင့်လှစ်ပြီ
Vol. 17 Ch. 251
ဖုန်းယွီသည် ဝမ်တုန့်ကျွင်းကို မမြင်ရသည်မှာ တစ်လကျော် ကြာပြီဖြစ်သည်။ ထိုစောက်ပေါကောင်လေးက အရပ်များ ရှည်လာတော့မည်ပင်။
ချီး မင်းဝက်စာများ စားနေတာလား။ မင်းအရပ်က ရှည်ပြီးသားကို မင်းကထပ်ရှည်ချင်သေးတာလား။ ဖုန်းယွီသည် သူနှင့်စကားပြောရန်အတွက် ခေါင်းကို မော့ရသည့်အခါ မပျော်ရွှင်တော့ပေ။
ဖုန်းယွီသည် အရပ်၁.၇၆မီတာ ရှိပြီဖြစ်သော်ငြား ယခုနှစ်များတွင် လေ့ကျင့်ခန်းများ လုပ်ခဲ့သည်။ မျှတသည့် အစားစားပြီး သူ့အနေဖြင့် ၁.၈မီတာကို ရောက်ချင်ခဲ့သည်။ သို့သော် ဝမ်တုန့်ကျွင်းနှင့် ယှဉ်ပါက သူသည်အရပ် တိုနေသေးဆဲဖြစ်သည်။ ဝမ်တုန့်ကျွင်းသည် ၁.၈၅မီတာသို့ ရောက်ပြီးဖြစ်၏။
ဖုန်းယွီက ဝမ်တုန့်ကျွင်း ဘက်စကပ်ဘော ကစားတာကို စွန့်လွှတ်ရန်အတွက် အကြံဉာဏ်အချို့ ပေးရန်အတွက် ဆုံးဖြတ်ချက် ချလိုက်သည်။
“တုန့်ကျွင်း ဒီကိုလာအုံး။ ငါမင်းကို ပြောစရာတစ်ခုခုရှိလို့”
နေ့လည်စာ စားပြီးနောက် ဖုန်းယွီက ဝမ်တုန့်ကျွင်းကို ခေါ်လိုက်၏။
“ဘာပြောစရာရှိလို့လဲ လာခဲ့ သွားပြီးတော့ ဘက်စကပ်ဘော ကစားရအောင်”
“ငါမင်းကို တကယ်အရေးကြီးတဲ့ ကိစ္စကို ပြောမလို့”
ဖုန်းယွီ၏ လေးနက်သည့် သွင်ပြင်ကိုကြည့်ရင်း ဝမ်တုန့်ကျွင်းက ရပ်လိုက်ပြီးနောက်
“ဘာလဲ လီနကမင်းကို စွန့်ပစ်လိုက်လို့လား”
“ချီးပဲ ငါကမင်းကို မင်းရဲ့အနာဂတ်အကြောင်းကို ပြောချင်လို့။ မင်းရဲ့အိမ်မက်က ဘာလဲ”
ဖုန်းယွီက ဝမ်တုန့်ကျွင်းကို ဆရာတစ်ယောက်၏ လေသံအတိုင်း မေးလိုက်၏။
“အရာရှိဖြစ်ဖို့။ ငါ့အဖေထက်ပိုမြင့်တဲ့ အရာရှိတစ်ယောက်ပေါ့”
ကောင်းပြီ။ ဒီကောင်စုတ်လေးက ဖြစ်ချင်တာ တစ်ခုထဲအတွက်ကို အရာရှိ ဖြစ်ချင်နေတာ။
“သေချာစဉ်းစားနော်။ မင်းအနေနဲ့ မင်းထက်အရပ်ရှည်တဲ့ အရာရှိတွေနဲ့ တွေ့ဖူးလား”
ဖုန်းယွီက ဆက်မေးလိုက်သည်။
“အား အခုမင်းပြောချင်တဲ့ အရာကဒါလား။ ငါ့လောက်အရပ်ရှည်တဲ့ အရာရှိ တစ်ယောက်ကိုမှ ငါတစ်ခါမှ မတွေ့ဖူးဘူး။ အနာဂတ်ကျရင် ငါကအရပ်အရှည်ဆုံး အရာရှိတစ်ယောက် ဖြစ်လာမယ်လို့ မင်းမတွေးမိဘူးလား”
ဝမ်တုန့်ကျွင်းက စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်၏။
ချီး ယောက်မင်လောက်ရှည်မှ မင်းငါ့ကို စကားလာပြော။ ယောက်မင်းကမှ တကယ့်အရပ် အရှည်ဆုံး အရာရှိကြီး။
“တုန့်ကျွင်း မင်းသေချာ စဉ်းစားနော်။ တကယ်လို့ မင်းရဲ့ခေါင်းဆောင်က ၁.၇မီတာလောက်ပဲ။ မင်းရဲ့အရပ်က ၁.၉မီတာ ဖြစ်နေတယ်ဆိုရင် မင်းရဲ့ခေါင်းဆောင်က မင်းကို ကြည့်ချင်တဲ့အခါ ခေါင်းကိုမော့ရမှာ။ တကယ်လို့မင်းသား အဲ့ဒီခေါင်းဆောင် နေရာမှာဆိုရင် မင်းကျေနပ်ပျော်ရွှင်ပါ့မလား”
“မင်းပြောချင်တာက ငါ့ရဲ့အရပ်ကြောင့်မို့ ငါကအဆင့်မြင့်မြင့် အရာရှိတစ်ယောက် မဖြစ်နိုင်ဘူးလို့ ဆိုလိုချင်တာလား”
ဝမ်တုန့်ကျွင်းက မေးလိုက်၏။
“ငါကြိုးစားပြီးပြောတောင် မင်းနောက်ဆုံးတော့ ဖမ်းမိပြီပဲ။ ဒါဆိုရင် မင်းရဲ့အရပ်ကို သေချာပေါက် ထိန်းမှရမယ်”
ဝမ်တုန့်ကျွင်း နောက်ဆုံးတွင် နားလည်သွားခဲ့သည့်အတွက် ဖုန်းယွီ ပျော်ရွှင်နေသည်။
“ဒါပေမဲ့ ငါ့အနေနဲ့ ကြီးထွားမှုကို မထိန်းချုပ်နိုင်ဘူး။ မနှစ်တုန်းက ငါကမင်းထက် ၂စင်တီမီတာလောက်ပဲ ရှည်တာလေ”
ဝမ်တုန့်ကျွင်းက ပြောလိုက်၏။
ဖုန်းယွီက
“....”
“လာခဲ့ ငါမင်းကို တစ်ခုခုသင်ပေးမယ်။ နေ့တိုင်း ကင်းမြှီးကောက်ထောင်ပြီးတော့ မင်းရဲ့ခန္ဓာကိုယ်တစ်ခုလုံး မင်းခေါင်းနဲ့ပဲထိန်း။ ဘက်စကပ်ဘောနဲ့ ဘောလုံးဆော့တာကိုလျော့။ ဝိတ်လေ့ကျင့်ခန်းတွေ များများလုပ်။ ပြီးတော့ မင်းရဲ့ဝိတ်တုံးတွေကို ပုခုံးပေါ်မှာတင်ပြီးတော့ စကွက်ထိုင်။ တကယ်လို့ မင်းအနေနဲ့ ဘောလုံးဆော့မယ် ဆိုရင်တောင်မှ အကြာကြီး မဆော့နဲ့....”
ဝမ်တုန့်ကျွင်း ကင်းမြှီးကောက်ထောင်တာကို ကြည့်ပြီး ဖုန်းယွီက ပြုံးလိုက်သည်။ ပြီးနောက် ဘက်စကပ်ဘောကွင်းသို့ လျှောက်သွားလိုက်သည်။ သူသည် အရပ်ရှည်ချင်သေးဆဲဖြစ်၏။
နေ့လည်ခင်းတွင် ဘက်စကပ်ဘော တစ်ပွဲကစားပြီးနောက် နေ့လည်စာသင်ချိန် ရောက်လာပြီဖြစ်သည်။ ဖုန်းယွီက ပင်ပန်းနေပြီး အိပ်ငိုက်နေ၏။
သမိုင်းဆရာမက ခေတ်သစ်သမိုင်းအကြောင်းကို ပြောနေသည်။ ပြီးနောက် ဖုန်းယွီက သမ်းနေ၏။ မကြာခင်တွင်သူသည် ခုံစောင်းပေါ်တွင် အိပ်ပျော်သွားတော့သည်။
“ဖုန်းယွီ ဖုန်းယွီ ဆရာမဟူက မင်းကိုမေးခွန်းတစ်ခု မေးမလို့”
ဖုန်းယွီဘေးရှိလူက သူ့အားတွန်းပြီးနောက် နိုးလိုက်၏။
“ဖုန်းယွီ စာသင်ခန်းထဲမှာ မင်းအိပ်နေတယ်။ မင်းအကုန်လုံးကို သိထားပြီးပြီလို့ ထင်နေတာလား။ ငါအခုမေးလိုက်တဲ့မေးခွန်းကို ဖြေ”
ချီး ဘာမေးခွန်းကြီးလဲ။ ဒီမေးခွန်းကို ဆရာမထပ်ပြောလို့ မရဘူးလား။ ဒီမေးခွန်းက ဘာလဲဆိုတာ ကျွန်တော် သိတောင်မသိဘူး။ ဘယ်လိုလုပ် ဆရာမအတွက် မေးခွန်ပြန်ဖြေပေးနိုင်မှာလဲ။ ဖုန်းယွီက မတ်တပ်ထရပ်လိုက်သည်။ အခြားကျောင်းသားများ အတန်းတွင်းအိပ်၍ ဆရာမဖမ်းမိသလို ဖုန်းယွီက မကြောက်လန့်ပေ။ မည်သို့ပင် ဖြစ်စေကာမူ သူသည် ဆရာ၊ဆရာမ၏ အတန်းပြင်ထုတ်ခြင်းကို ခံရမည်ဖြစ်သည်။
“မင်းဒီအဖြေကို မသိဘူးလား။ တစ်ချို့ကျောင်းသားတွေက သူတို့ရဲ့မိသားစုက ချမ်းသာတယ်။ သူတို့က စာတွေလေ့လာဖို့ မလိုတော့ဘူး။ အဲ့ဒါဆိုရင် ဘာလို့ အမှတ်သုံး အထက်တန်းကျောင်းကို လာသေးတာလဲ။ မင်းရဲ့မိဘတွေက ကျောင်းကိုပို့တယ်ဆိုတာက အနာဂတ်ကောင်းပြီးတော့ တက္ကသိုလ်ကောင်းကောင်းကို ဝင်စေချင်လို့။ သူတို့တွေက အတန်းထဲမှာအိပ်ဖို့ မင်းကိုလွှတ်ထားတာ မဟုတ်ဘူး။ ထိုင်ပြီးတော့ သေချာနားထောင်”
ဆရာမဟူသည်လည်း ဖုန်းယွီကို ပြစ်ဒဏ်မပေးခဲ့ပေ။ ဆရာ၊ဆရာမများ အားလုံးသည် ကျောင်းအုပ်က ဖုန်းယွီကို အထူးအခွင့်အရေး ပေးထားမှန်း သိပေ၏။ ဆိုဗီယက် ပြည်ထောင်စု နွေရာသီစခန်းတွင် ဖုန်းယွီသည် ကျောင်းအုပ်စုကို ပြန်မလာဟု သူတို့ကြားခဲ့ရသည်။ သူမက ဖုန်းယွီ၏ အတန်းပိုင်ဆရာ ဖြစ်မနေသည်မှာ ကံကောင်းနေပြီဖြစ်သည်။
အတန်းပြီးသွားပြီးနောက် လီနသည် ဖုန်းယွီဘေးသို့လာကာ
“နောက်တစ်ခေါက်ကျ နေ့လည်ခင်းကျရင် ဘက်စကပ်ဘော မကစားနဲ့တော့နော်။ နေ့လည်ခင်း သင်ခန်းစာတွေမှာ နင်ကောင်းကောင်း အာရုံမစိုက်နိုင်ဘဲ နေလိမ့်မယ်”
“ငါဟောင်ကောင်ကနေ နင့်အတွက်ဝယ်လာတဲ့ အဝတ်အစားကို ဘာလို့ မင်းမဝတ်တာလဲ။ သဘောမကျလို့လား”
ဖုန်းယွီက အကြောင်းအရာကို ပြောင်းလိုက်သည်။
“အဲ့ဒီအကီၤျက အရမ်းတိုလွန်းတယ်”
လီနက ရှက်သွေးဖြာသွားသည်။ ဖုန်းယွီက ပြောလိုက်၏။ သူမှတ်မိသည်က ဟောင်ကောင်နှင့် တရုတ်သည် တော်တော်လေး ကွဲပြားခြားနားပေသည်။ မြို့တော်ရှိ လူအများစုသည် ရှေးရိုးဆန်သည့် အဝတ်အစားများ ဝတ်ဆင်နေကြဆဲဖြစ်သည်။ သူတို့သည် တိုနန့်သည့် အဝတ်အစားများကို မဝတ်ရဲသေးပေ။
“ကောင်းပြီ ငါမင်းအတွက် အဝတ်အစားတွေကို တစ်စုံတစ်ယောက်ကနေပြီးတော့ ပေးလိုက်မယ်။ ဘယ်လိုမျိုးဒီဇိုင်း မင်းနှစ်သက်လဲ။ တီဗီထဲက နာမည်ကျော် သရုပ်ဆောင်တွေ ဝတ်သလိုမျိုး မင်းဝတ်ချင်လား”
“ငါ အဝတ်အစားတွေ ထပ်ပြီးတော့ မလိုတော့ဘူး”
ဖုန်းယွီသူမကို ကောင်းကောင်း ဆက်ဆံသည့်အတွက် လီနပျော်ရွှင်မိသည်။ သို့သော် သူမအနေဖြင့် အခြားကျောင်းသားများ အနေဖြင့် သူမအား သွားပုတ်လေလွင့် ပြောမည်ကို စိုးရိမ်သည်။ ကျောင်းရှိ ကျောင်းသားများ အားလုံးနှင့် ဆရာ၊ဆရာမများ အားလုံးက ဖုန်းယွီနှင့်သူ ချိန်းတွေ့နေသည်ကို သိသော်ငြား သူမ၏ မိဘများသည် ယခုထိ မသိသေးပေ။
“ဒီညနေခင်းမှာ ငါတို့တွေ မြောက်ဘက်မှာရှိတဲ့ ဥယျာဉ်ကို သွားကြမလား။ ငါကြားတာကတော့ အဲ့ဒီမှာ ရွှေငါးတွေပြည့်နေတဲ့ ရေကန်တစ်ခု ရှိတယ်တဲ့”
ဖုန်းယွီက မေးလိုက်၏။ လီန၏မျက်လုံးများ လည်သွားပြီးနောက်
“ညမှာနင်က ရွှေငါးတွေကို မြင်နိုင်မယ်လို့ တွေးနေတာလား”
သက်ပြင်းချလိုက်မိ၏။ လျှပ်စစ်မီးသည် ယခုထိတိုင် ပြဿနာတစ်ရပ် ရှိနေသေးဆဲဖြစ်သည်။ ပန်းခြံထဲတွင် မီးတိုင်တစ်တိုင်တောင် မရှိပေ။ ညတွင် အလွန်မှောင်မည်းနေသည်ဖြစ်၍ လက်ချောင်းများကိုပင် မြင်နိုင်မည်မဟုတ်ချေ။
ဖုန်းယွီသည် ယခင်က လမ်းများထက်တွင် မီးများလင်းနေသည့် ညများကိုပင် သတိရသွားခဲ့သည်။ သို့သော် နှစ်နှစ်၊သုံးနှစ် ကြာပြီးနောက် မြို့ကြီးများအချို့တွင် ယင်းကဲ့သို့ ဖြစ်လာမည် ဖြစ်ပေသည်။
ယခုလက်ရှိတွင်KTVများ မရှိသေးသည်ကလည်း နောင်တရစရာ ကောင်းပေသည်။ ဤမြို့တွင် ကာရာအိုကေ ရှိသော်ငြား ကာရာအိုကေသည် သီချင်းသာဖြစ်ပြီး ပုံမပါပေ။ ကပ်ဆက်ခွေများကိုသာ အသုံးပြုနေသေးဆဲဖြစ်သည်။
လီနသည် ဖုန်းယွီညတွင် ဘယ်သွားရမည်နည်းဟု တွေးနေသည်ကို မြင်သည့်အခါ သူမက ပြောလိုက်၏။
“ငါတို့တွေ နောက်နေ့ကျရင် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေရတော့မှာ။ ငါတို့အနေနဲ့ အခုကစပြီးတော့ ပြင်ဆင်ထားသင့်တယ်။ ဘယ်လိုကစားမယ် ဆိုတာကြီးပဲ တွေးမနေတော့နဲ့။ တကယ်လို့ ငါတို့တွေ တက္ကသိုလ် မဝင်ရင်ရော ဘယ်လိုလုပ်မှာလဲ”
အနာဂတ်တွင် ထိန်းချုပ်မည့် မိန်းမတစ်ယောက်၏ ပုံစံဖြစ်နေသည်။ ဖုန်းယွီသည် သူမ၏ သွေးခုန်နှုန်းကို သေချာပေါက် တိုင်းရမည်ပင်။ လေ့လာခြင်းနှင့် ကစားခြင်းမှာ ဘယ်အရာကပိုပြီး အရေးကြီးသနည်း။
ဖုန်းယွီက အလေးအနက်ဖြင့် ပြောလိုက်၏။
“ငါတို့တွေ သေချာပေါက် တက္ကသိုလ် ဝင်နိုင်မှာပါ။ ပေကျင်းမှာရှိတဲ့ အကောင်းဆုံး တက္ကသိုလ်ကိုတောင် ဝင်နိုင်မှာ။ အဲ့ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ စိတ်မပူနဲ့။ ဒီနေ့ညနေခင်းမှာ ငါတို့တွေ နီကမ်းကို သွားရအောင်လေ။ အဲ့ဒီမှာတော့ ညမီးတွေရှိတယ်”
စွန်းဝမ်ဟိုက်က ဖုန်းယွီကို တက္ကသိုလ်တစ်ခုတွင် နေရာရစေရမည်ဟု ကတိပေးထားပြီး နောက်နှစ် အစောပိုင်းတွင် သူတို့အားလုံး လုပ်ရမည်မှာ တက္ကသိုလ်တွင် အင်တာဗျူး ဖြေရန်သာဖြစ်သည်။ အကယ်၍ ထိုတက္ကသိုလ်တွင် နေရာမရှိပါက တက္ကသိုလ်၏ ဝင်ခွင့်အမှတ်ကို သူတို့အတွက် တစ်ရာမှ ငါးဆယ်အထိသို့ လျော့ချနိုင်ပေ၏။ ဖုန်းယွီသည် သူလိုချင်သည့် တက္ကသိုလ်သို့ အလွယ်တကူဖြင့် ဝင်နိုင်ပေ၏။
ဆိုဗီယက် ပြည်ထောင်စု နွေရာသီစခန်းသည် တက္ကသိုလ်ကို ဝင်ရောက်ရန်အတွက် အကျိုးအမြတ်များစွာ ရခဲ့သည်။ သူ၏အမှတ်နှင့်ဆိုပါက ထိုနွေရာသီစခန်း၏ အကူအညီ မပါဘဲ ပေကျင်းတက္ကသိုလ်သို့ ဝင်ရောက်ရန် အခွင့်အရေး ရမည်မဟုတ်ပေ။
ဖုန်းယွီအတွက် တက္ကသိုလ်ဝင်ရန်က မခက်ခဲပေ။ အကယ်၍ သူ့အနေဖြင့် အင်တာဗျူး ကျလျှင်တောင် သူ့အနေဖြင့် ဟောင်ကောင် သို့မဟုတ် နိုင်ငံခြားတွင် ပညာသင်ကြားနိုင်ပေ၏။ သို့သော် ဖုန်းယွီသည် ပျင်းရိသည့် လူတစ်ယောက်ဖြစ်ပြီး အိမ်နှင့်ဝေးဝေး မသွားချင်ပေ။ ဟောင်ကောင်ရှိ တက္ကသိုလ်များသည် သူလက်ခံသည့် အဝေးဆုံး အကွာအဝေးပင်ဖြစ်သည်။ သူသည် အမေရိကန် ပြည်ထောင်စုနှင့် အခြားသော နိုင်ငံများတွင် စာပေလေ့လာရန် စိတ်ဝင်စားခြင်း မရှိပေ။
၁၉၈၀ခုနှစ်ကတည်းက တရုတ်ပြည်တွင် ပုဂ္ဂလိကကျောင်းများ ဖွင့်လှစ်ရန် ခွင့်ပြုထားသည်။ အကယ်၍ ထိုအရာများအားလုံး ကျရှုံးခဲ့ပါက ဖုန်းယွီသည် သူကိုယ်တိုင်အတွက် တက္ကသိုလ်တစ်ခုတောင် တည်ထောင်နိုင်၏။
ဖုန်းယွီ၏ ပေဂျာက ရုတ်တရက် တုန်လာသည်။ ၉၀ကို ပြသနေပေ၏။ ယင်းကုဒ်သည် ဖုန်းယွီနှင့် ဝူကွမ်းကျန်းသာ သိပေ၏။ ထိုအရာက စတော့အိတ်ချိန်း အကြောင်းဖြစ်ပေသည်။ ဝူကျီကန်းသည် သူ့အား ထိုနည်းလမ်းဖြင့် သတိပေးလေ့ရှိ၏။
ဖုန်းယွီ အပျော်လွန်သွားသည်။ ရှန်ဟိုင်း စတော့ဈေးကွက်သည် စတင်ဖွင့်လှစ်ပြီဖြစ်၏။