အခန်း (၂၅၂)
Vol. 17 Ch. 252
ရှန်ဟိုင်းစတော့ အိတ်ချိန်းသည် ဖုန်းယွီ၏ ယခင်အရင်ဘဝထက် ဖွင့်တာစောပေ၏။ ဖုန်းယွီသည် ပြင်ဆင်ပြီးသားဖြစ်သည်။ ပြီးနောက် ထိုအချိန်တွင် နိုင်ငံတကာ ဈေးကွက်သည်လည်း ကောင်းကောင်း အလုပ်မဖြစ်သေးသော်ငြား တရုတ်နိုင်ငံ၏ ဈေးကွက်သည် ကမ္ဘာ့ဈေးကွက်နှင့် မချိတ်ဆက်ရသေးပေ။ တရုတ်စတော့များကို ဝယ်ယူသည့် နိုင်ငံခြားသားများလည်း မရှိသေးပေ။ ယခုကဲ့သို့ စောစောဖွင့်ရခြင်းမှာ အဆင့်မြင့်ပိုင်း ခေါင်းဆောင်များ၏ မျိုးဆက် ရင်းနှီးမြုပ်နှံသူများသည် စတော့အိတ်ချိန်းကို ဖွင့်ရန်ဆုံးဖြတ်ချက် ချသည့်အတွက်ဖြစ်၏။
ဖုန်းယွီသည်လည်း သူ့ကိုယ်သူ တရုတ်နိုင်ငံတွင် အရေးပါဆုံး ကစားသမားဟု ခံစားနေရသည်။ ယခုလက်ရှိတွင် သူ့ထက် ရှယ်ယာပိုင်ဆိုင်သည့်သူ တစ်ယောက်မှ ရှိမည်မဟုတ်ပေ။
ရှန်ဟိုင်းစတော့အိတ်ချိန်း ဖွင့်လှစ်သည်ဟု ကြေညာသည့် သတင်းပြီးနောက် ရှယ်ယာများ၏နှုန်းက ချက်ချင်းဆိုသလိုပင် မြင့်တက်လာ၏။ သတင်းစာ၊ ရုပ်မြင်သံကြားသည်လည်း စတော့အိတ်ချိန်းတွင် ပါဝင်ခွင့်ရသည့် ပထမအသုတ် စာရင်းဝင် ကုမ္မဏီများအကြောင်း လွှင့်နေသည်။
အံ့သြစရာမရှိဘဲ စာရင်းဝင် ကုမ္မဏီများအားလုံး စတော့အိတ်ချိန်းတွင် စာရင်းဝင်ကြပေသည်။
တရုတ်နိုင်ငံ၏ စတော့အိတ်ချိန်း ဈေးကွက်သည် ယခုမှစပြီး နှစ်ကုန်ပိုင်းအထိ လျှင်လျှင်မြန်မြန်ဖြင့် တိုးတက်မည်ဖြစ်သည်။ ထိုတိုးတက်မှုသည် ယခုနှစ်နှောင်းပိုင်းတွင် တဖြည်းဖြည်း ကျလာမည်ဖြစ်ပြီး ထိုအခါ ရင်းနှီးမြုပ်နှံသူများသည် သူတို့၏ ရှယ်ယာများကို ရောင်းထုတ်ပြီး အကျိုးအမြတ်များ ရလာမည်ဖြစ်သည်။ စတော့ဈေးနှုန်းများသည်လည်း အနည်းငယ် ကျဆင်းသွားမည်ဖြစ်၏။
ဖုန်းယွီသည် သူနှင့်မရင်းနှီးသည့် ရှယ်ယာအချို့ကို ယခုနှစ်နှောင်းပိုင်းတွင် ရောင်းချရန် ဆုံးဖြတ်ထားသည်။ သူ့အနေဖြင့် ထိုရှယ်ယာရောင်းချခြင်းမှ ရရှိလာသည့် ငွေများကို အသုံးပြုပြီး နောက်နှစ်မတ်လတွင် ရှယ်ယာများကို ပိုဝယ်ယူမည်ဖြစ်သည်။ ထိုအခါ ဈေးကွက်၏ အတွေ့အကြုံသည်လည်း အနည်းငယ် ကျဆင်းသွားမည်ဖြစ်သည်။
ဖုန်းယွီသည် ပျော်ရွှင်မှုကို ခံစားနေစဉ် ဟောင်ကောင်မှာရှိသော ဖူရုန်ကျင်းက လောင်နေတော့သည်။
သူသည် ရူဘယ်လ်ကို ပမာဏများများ ရင်းနှီးမြုပ်နှံခဲ့သည်။ သူ့၏ရနိုင်သမျှ ငွေကြေးများ အားလုံးကို အသုံးပြုခဲ့သည်။ ပြီးနောက် သူ့အနေဖြင့် ထိုအရာများ အားလုံးကို ယခုနှစ်လအတွင်း အများအပြား ရလိမ့်မည်ဟု တွေးခဲ့သည်။ ထိုအစား ရူဘယ်လ်၏ တန်ဖိုးသည် ရုတ်ချည်း ကျဆင်းသွားခဲ့သည်။
ပထမက ရူဘယ်လ်သည် အနည်းငယ် တက်လာခဲ့ပြီး မကြာခင်တွင် ကျဆင်းသွားတော့သည်။ ဖူရုန်ကျင်း၏ အတွေးတွင် ယင်းကသာမာန် ဈေးအတက်အပြောင်း ဖြစ်ခြင်းဟု တွေးခဲ့သည်။ သူယုံကြည်ထားသည်က ဆိုဗီယက် ပြည်ထောင်စုအနေဖြင့် ရူဘယ်လ်၏ တန်ဖိုးကို သေချာပေါက် မြင့်တက်အောင် လုပ်မည်ပင်။
ဆိုဗီယက် ပြည်ထောင်စုသည် အင်အားကြီး နိုင်ငံဖြစ်ပြီး ရူဘယ်လ်တန်ဖိုး မြင့်တင်အောင်လုပ်ခြင်းက သူတို့အတွက် မည်သည့်ပြဿနာမှ ရှိမည်မဟုတ်ပေ။ သို့သော် ရူဘယ်လ်သည် တက်ရမည့်အစား ကျဆင်းလာခဲ့သည်။ ယခုအပတ်တွင် ရူဘယ်လ်တန်ဖိုး ကျဆင်းလာမှုသည် ပိုမိုမြန်ဆန်လာသည်။ ယခုကဲ့သို့ ဆက်လက်ဖြစ်ပွားပါက ဖူရုန်ကျင်း၏ အနာဂတ်စာချုပ် ချုပ်ဆိုမှုသည်လည်း သောကြာနေ့မတိုင်ခင် ပိတ်သွားမည်ဖြစ်သည်။
ဖူရုန်ကျင်းသည် ယခုကဲ့သို့ ဘာကြောင့်ဖြစ်မှန်း နားမလည်နိုင် ဖြစ်နေသည်။
ဖူရုန်ကျင်းသည် လက်ကားဈေးကွက်တွင် တော်ပေ၏။ သူသည် ဈေးကွက်ပြောင်းလဲမှုကို စိတ်ထိခိုက်လွယ်နေ၏။ ဖူမိသားစု၏ ဖြန့်ဖြူးရေး ချယ်နယ်များသည် သူ၏အကြံအစည်ကြောင့် များပြားလာခြင်းဖြစ်သည်။ သို့သော် ငွေကြေးဈေးကွက်သို့ ဝင်ရောက်သည့်အခါ သူသည် ထူးချွန်ခြင်း မရှိပေ။ သူသည် ရွေးချယ်စရာမရှိပေ။ ထိုအစား ဖူကွမ်းကျန်းကို သူ့၏အစ်ကိုဆီ စေလွှတ်ရမည်ဖြစ်သည်။ သူ့၏အစ်ကိုအကြီးဆုံးဖြစ်သူ ဖူရုန်ချီဆီ လွှတ်ရမည်ဖြစ်သည်။ ရူဘယ်လ် မည်သည့်အချိန်တွင် ပြန်ကောင်းလာမည်နည်း။
ဖူကွမ်းကျန်း ရရှိခဲ့သည့် အဖြေက ဖူရုန်ကျင်းကို ထိတ်လန့်အံ့သြသွားစေ၏။
ရူဘယ်လ်များ ပြန်လည်ကောင်းမွန်ရန်က မဖြစ်နိုင်ပေ။ ဆိုဗီယက် ပြည်ထောင်စုအနေဖြင့်လည်း ဘာမျှမလုပ်နိုင်ပေ။ ဆိုဗီယက် ပြည်ထောင်စုသည် ရူဘယ်လ်၏ ငွေကြေးများကို ဆွဲတင်ရန်အတွက် အလုံအလောက် မရှိပေ။ အကြောင်းမှာ ပြည်တွင်းစစ် ဖြစ်ပွားနေပြီး ဆိုဗီယက် ပြည်ထောင်စုသည် ပြိုကွဲမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။
ဘာ ဖူရုန်ကျင်းသည် သူကြားသည်ကို နားမယုံကြည်နိုင် ဖြစ်နေသည်။ အဘယ့်ကြောင့် ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲမည်နည်း။
နိုင်ငံများက ကွဲပြားလျှင်တောင် သူတို့အနေဖြင့် လွတ်လပ်ရေး ကြေညာနိုင်ပေ၏။ ဆိုဗီယက် ပြည်ထောင်စုသည် ပြိုကွဲမည်မဟုတ်ပေ။ ယင်းက ဓနသဟာရ နိုင်ငံများကဲ့သို့ပင်ဖြစ်သည်။ သူတို့အနေဖြင့် ကောင်းမွန်သည့် ဆက်ဆံရေးကို ထိန်းထားနိုင်ပေ၏။
ဖူရုန်ချီသည် သူ့၏လူများကို ဆိုဗီယက် ပြည်ထောင်စုနှင့် ပတ်သတ်သည့် သတင်းများ စုဆောင်းရန်အတွက် စတင်စေလွှတ်သည်။ သူသည် ဖူရုန်ချီကို မယုံကြည်ပေ။ ဖူရုန်ချီက လိမ်ညာနေသည်ဟု သူခံစားနေရသည်။
ဖူရုန်ကျင်းသည် သူ့လူများထံမှ သတင်းများကို ကြားသည့်အခါ ကုလားထိုင်ပေါ်သို့ ပစ်လဲသွားတော့သည်။
အနည်းဆုံး နိုင်ငံလေးနိုင်ငံသည် သူတို့အနေဖြင့် ဆိုဗီယက် ပြည်ထောင်စုမှ ထွက်ခွာမည်ဟု ကြေညာမည်ဖြစ်ပြီး သူ့အနေဖြင့် ထိုသတင်းများကို သတိမပြုမိခဲ့သည်ပင်။
လစ်သူယေးနီးယားသည် ပထမဦးဆုံး လွတ်လပ်ရေး ကြေညာပြီးနောက်တွင် လစ်ဗျားနှင့် မော်ဒိုဘာက ကြေညာလေ၏။ သို့သော် ဆိုဗီယက် ပြည်ထောင်စု အစိုးရသည် ခွင့်မပြုပေ။ ဖူရုန်ကျင်း လက်မခံနိုင်သည့် အရေးကြီးဆုံးက ရုရှားသည် ဆိုဗီယက် ပြည်ထောင်စုမှ နှုတ်ထွက်မည်ဟု ကြေညာခြင်းပင် ဖြစ်ပေသည်။ ရုရှားသည် ဆိုဗီယက် ပြည်ထောင်စု၏ အိမ်ဖြစ်ပြီး ဆိုဗီယက် ပြည်ထောင်စုအတွင်း ယင်းက အင်အားအရှိဆုံး တိုင်းပြည်ဖြစ်သည်။
ရုရှားသာ ဆိုဗီယက် ပြည်ထောင်စုမှ ထွက်ပါက ဆိုဗီယက် ပြည်ထောင်စုသည်လည်း ပြိုကွဲသွားမည်ပင်။
ဆိုဗီယက် ပြည်ထောင်စုသည် ပျက်စီးလုနီးပါး ဖြစ်နေပြီး ရူဘယ်လ်၏တန်ဖိုးကို မည်သို့ ဆွဲတင်နိုင်မည်နည်း။
ဘာကြောင့်လဲ။ ဘာကြောင့်ဒီလိုမျိုး ဖြစ်လာရတာလဲ။
ဖူရုန်ကျင်းကို ပြိုကွဲအောင် လုပ်သည့်အရာသည် ဖုန်းယွီသည် ဟောင်ကောင်ကို လာပြီးမှ ဖြစ်ပွားခဲ့သည့် အရာများပင်ဖြစ်သည်။ သူဟောင်ကောင်ကို မလာခင်က သူ့အနေဖြင့် ထိုဈေးများကို သိရှိခဲ့ခြင်းမရှိပေ။ သူ့အနေဖြင့် ဖုန်းယွီကို မယုံကြည်သင့်ပေ။ ပြီးနောက် သူ့၏ပိုင်ဆိုင်မှုများ အားလုံးကို ရူဘယ်လ်တွင်လည်း ရင်းနှီးမမြုပ်နှံခဲ့သင့်ပေ။
သွားပြီ အကုန်လုံးသွားပြီ။ ဟောင်ကောင်ဒေါ်လာ သန်းလေးရာ အကုန်ကုန်ပြီ။
ရူဘယ်လ်ငွေကြေးများသည် ဆက်လက် ကျဆင်းနေပေ၏။ ယခုတွင် ရူဘယ်လ်နှင့် အမေရိကန်ဒေါ်လာသည် 1.1⁄1 ရောက်သွားသည်။ သူ၏အနာဂတ် စာချုပ်များသည် ဖျက်သိမ်းပြီးဖြစ်သည်။ အကြောင်းမှာ သူ၏ငွေ မဖြည့်သွင်းနိုင်သည့် အတွက်ကြောင့်ဖြစ်သည်။
ဖူရုန်ကျင်းသည် သူ၏စာရင်းသေ ပိုင်ဆိုင်မှုများကို ရောင်းချပြီး သူ၏အနာဂတ် စာချုပ်များ ချုပ်ဆိုရန်အတွက် ငွေများကို အသုံးပြုရမည်ပင်။ သို့သော် သူ့အနေဖြင့် ထိုသို့လည်း မလုပ်နိုင်ပေ။ သူသည် မည်သို့မည်ပုံ လုပ်ရမည်ကို မသိပေ။ ရူဘယ်လ်သည် ဆက်လက် ကျဆင်းနေပြီး သူငွေကြေးတွေ အကုန်လုံးလည်း ဆုံးရှုံးမည်ဖြစ်သည်။
ဖူရုန်ကျင်း ဟောင်ကောင်ဒေါ်လာ သန်းလေးရာ ဆုံးရှုံးသည့်နေ့တွင် သူသည်ဖူကွမ်းကျန်းကို အိမ်သို့ခေါ်ပြီး အော်ငေါက်၏။ သူ့အား ရိုက်တောင် ရိုက်လိုက်သေးသည်။
ထို့နောက်တွင် ဖူကွမ်းကျန်းသည် ဘယ်လောက် ဆုံးရှုံးသည်ကို သိရှိသွားသည်။ သူ့အနေဖြင့် ဟောင်ကောင်ဒေါ်လာ သန်းလေးရာ သူ့အဖေ ရင်းနှီးမြုပ်နှံမည်ကို မသိခဲ့ပေ။ ပြီးနောက် သူ့အဖေ၏ စုစုပေါင်း ပိုင်ဆိုင်မှုမှာ ဟောင်ကောင်သန်းတစ်ထောင်သာ ရှိသည်။ သူ၏အဖေသည် ယမန်နှစ်နှင့် ယခုနှစ်တွင် ကိစ္စအချို့တွင် ရင်းနှီးမြုပ်နှံနိုင်ရန်အတွက် သူ့အားငွေအချို့ ပေးခဲ့သည်။
သမာသမတ် ကျစေရန်အတွက် သူ၏အကြီးဆုံးသား ဖြစ်သူကိုလည်း ဖူရုန်ကျင်းက သူ၏ပိုင်ဆိုင်မှုမှ အချို့ကို ပေးခဲ့သည်။
ဟောင်ကောင်ဒေါ်လာ သန်းလေးရာ ဆုံးရှုံးပြီးနောက် ဖူရုန်ကျင်းတွင် ယခုလက်ရှိတွင် ဟောင်ကောင်ဒေါ်လာ သန်းသုံးရာခန့် တန်ဖိုးရှိ ပိုင်ဆိုင်မှုသာ ရှိတော့သည်။ ထိုအရာများက အဓိကအားဖြင့် ကုမ္မဏီရှယ်ယာများနှင့် စာရင်းသေ အပ်ငွေများဖြစ်ကြသည်။ သူ၏ဘဏ်အကောင့်တွင် ဟောင်ကောင်ဒေါ်လာ သန်းဂဏန်းသာ ရှိတော့၏။ သူ၏ကုမ္မဏီကိုလည်း လည်ပတ်ရန် လုံလောက်သည့် ငွေပမာဏ မရှိတော့သည့်အတွက်ကြောင့် ငွေကြေးကြပ်တည်းမှုများ ဖြစ်လာတော့မည်ပင်။
“အဖေ ဘာလို့ အဖေရဲ့ပိုက်ဆံတွေ အကုန်လုံးကို ရင်းနှီးမြုပ်နှံခဲ့တာလဲ။ ကျွန်တော် အဖေ့ကို ဦးလေးကြီးနဲ့ ဆွေးနွေးဖို့ ကျွန်တော်ပြောခဲ့တယ်လေ။ ဒါပေမဲ့ အဖေက ငြင်းဆိုခဲ့တယ်။ ပြီးတော့အခု အဖေကျွန်တော်ကို လာပြီးတော့ အပြစ်တင်နေတယ်”
ဖူကွမ်းကျန်းသည် မှားသည်ဟု ခံစားလိုက်ရသည်။ သူ့အနေဖြင့် ယခုဆုံးရှုံးမှုနှင့် ပတ်သတ်ပြီး ဘာမှမလုပ်နိုင်ပေ။ သူသည် Forex ငွေကြေးဈေးကွက်တွင် ရင်းနှီးမြုပ်နှံရန်အတွက်လည်း မေးခဲ့သည့်သူ မဟုတ်ပေ။
“တကယ်လို့သာ မင်းအဲ့ဒီကောင်စုတ်ကို ဒီကိုမခေါ်လာဘူးဆိုရင် ငါကဘာလို့ သူ့ရဲ့ထောင်ချောက်ထဲကို ဝင်မိမှာလဲ။ သန်းလေးရာ ဒါကဟောင်ကောင်ဒေါ်လာ သန်းလေးရာ”
ဖူရုန်ကျင်း၏အသံက တုန်နေ၏။
“ကွမ်းကျန်း အခုမင်းမှာ ငွေဘယ်လောက်ရှိလဲ။ ငါ့ကိုပေး။ မဟုတ်ရင် မင်းရဲ့အဖေ ကုမ္မဏီက ငွေကြေးကြပ်တည်းမှုနဲ့ ရင်ဆိုင်ရမှာ”
ဖူကွမ်းကျန်း မင်းရဲ့အစ်ကိုကြီး ဖူကွမ်းဟွေ့ကိုလည်း ပြောလိုက်။
“ကျွန်တော် တရုတ်နိုင်ငံက စက်ရုံအသစ်မှာ ရင်းနှီးမြုပ်နှံထားရုံပဲ ရှိသေးတာ။ ပြီးတော့ ကျွန်တော်မှာ ငွေပိုငွေလျံ မရှိဘူး။ တကယ်လို့ တရုတ်မှာရှိတဲ့ ရှယ်ယာတွေအကုန်လုံးကို ရောင်းချရင်တောင်မှ ကျွန်တော်ဆီကနေပြီးတော့ ဆယ်သန်းလောက်ပဲ ရနိုင်မှာ”
“ငါကသန်းနှစ်ဆယ် လိုတာလေ။ ဒါပေမဲ့ အဲ့ဒါက မလုံလောက်သေးဘူး။ ငါတို့အနေနဲ့ အဖေရဲ့ကုမ္မဏီကို ချောချောမွေ့မွေ့နဲ့ လည်ပတ်နိုင်ဖို့အတွက် အနည်းဆုံး သန်းတစ်ရာလိုတယ်”
“ကျွန်တော်တို့တွေ အကြီးဆုံး ဦးလေးဆီကနေပြီးတော့ ငွေချေးလိုက်ရင်ရော ဘယ်လိုလဲ”
ဖူကွမ်းကျန်းက မေးလိုက်၏။
ဖူရုန်ကျင်းက မျက်မှိုင်ကျသွားပြီးနောက် ဆိတ်ဆိတ်သာနေသည်။ ဖူရုန်ချီ ဆီကနေပြီးတော့ ငွေချေးရမှာတဲ့လား။ ဖူရုန်ချီက သူ့အား ပိုက်ဆံတွေ ဘယ်ရောက်သွားလဲဟု မေးသည့်အခါ သူ၏ပိုက်ဆံများအားလုံး Forex ငွေကြေးဈေးကွက်တွင် ရောက်သွားသည်ဟု ပြောရမည်လော။
ဖူရုန်ချီက သူ့ကိုပြောဖူးသည်။ သူ့အနေဖြင့် ငွေကြေးဈေးကွက်တွင် ရောင်းဝယ်ကုန်သွယ်ဖို့က သူနှင့်မသင့်တော်ပေ။ သို့သော် ဖူရုန်ကျင်းက နားမထောင်ပေ။ ယခုတွင် သူသည် ဖူရုန်ချီကို ချေးငွေအတွက် မေးရတော့မည်ပင်။ သူ၏အခြားသော ညီအစ်ကိုများသည်လည်း သူ့အား ရယ်ကြမည်ဖြစ်၏။
“မဟုတ်ဘူး။ ကုမ္မဏီကို အပေါင်ပစ္စည်းအဖြစ် သုံးပြီးတော့ ဘဏ်ကနေပြီးတော့ ငွေချေးခဲ့”
ဖူရုန်ကျင်းက ပြောလိုက်၏။
“အဖေ ကျွန်တော်တို့တွေ ဘဏ်အစား ဦးလေးကြီးကနေပြီးတော့ ချေးလို့ရတာပဲ။ ထပ်ပြောရရင် တကယ်လို့ ကျွန်တော်တို့ရဲ့ မိတ်ဖက်တွေသာ ကျွန်တော်တို့ ဘဏ်ကနေပြီးတော့ ပမာဏများများ ချေးယူတယ်ဆိုတာ သိသွားခဲ့မယ်ဆိုရင် သူတို့က ကျွန်တော်တို့နဲ့ ဆက်ပြီး ပူးပေါင်းတော့မှာ မဟုတ်တော့ဘူး”
ဖူကွမ်းဟွေ့က သူ၏အဖေကို နားချရန်အတွက် ကြိုးစားလိုက်သည်။
“တကယ်လို့ မင်းတို့တွေ မင်းတို့ရဲ့ ဦးလေးကြီးဆီကို သွားချင်တယ်ဆိုရင် မင်းတို့ဘာသာ မင်းတို့သွား။ ငါကတော့ မလိုက်နိုင်ဘူးဟေ့”
ထိုသို့ပြောပြီးနောက် ဖူရုန်ကျင်းသည် သူ၏အခန်းထဲ၌ ငြိမ်လျှက်သာ ကျန်တော့သည်။
ဖူကွမ်းဟွေ့က ဖူကွမ်းကျန်းကို ဘေးသို့ဆွဲခေါ်လိုက်ပြီးနောက် ဖုန်းယွီ သူ့၏ဖခင်ကို မည်သည့် လှည့်ဖြားမှု လုပ်ခဲ့ကြောင်း မေး၏။ မည်သို့ဖြစ်သွားခဲ့သနည်း။
ဖူကွမ်းကျန်းက ဖြစ်စဉ်တစ်ခုလုံးကို ရှင်းပြသည်။ ပြီးနောက် ဖူကွမ်းဟွေ့ မျက်မှောင်ကြုတ်သွားသည်။ ထိုကိစ္စများ အကုန်လုံးက သူ့အဖေ စတင်ခဲ့သည်ပင်။ သူသည် ဖုန်းယွီနှင့် ဖူကွမ်းကျန်းတို့၏ ဆက်ဆံရေးအကြောင်းလည်း မေးခဲ့သည်။ သူတို့သည် မိတ်ဖက်များဖြစ်ပြီး အတူတကွ အလုပ်လုပ်သည်မှာ ကြာပြီဖြစ်သည်။ အဘယ့်ကြောင့် ဖုန်းယွီအနေဖြင့် သူ၏အဖေကို ထောင်ချောက်ဆင်ရသနည်း။
ဖူကွမ်းဟွေ့ သိရှိသွားသည်က ဖူရုန်ကျင်းသည် ဖုန်းယွီလိုချင်သည့် အိုက်ဝ၏ ရှယ်ယာများကို စုဆောင်းနေသည့် အတွက်ကြောင့်ဖြစ်သည်။ သူ၏ခေါင်းများ တုန်ယင်လာသည်။ ပထမဦးဆုံး မှားခဲ့သူမှာ သူ၏အဖေဖြစ်သည်။ သို့သော် ဖုန်းယွီအနေဖြင့် သူ၏အဖေကို ထောင်ချောက်ဆင်ခြင်းကလည်း မမှန်ကန်ပေ။
ဟောင်ကောင်၏ ဖူမိသားစုကို လွယ်လွယ်ဖြင့် နှိပ်စက်ရန်က လွယ်ကူသည်မဟုတ်။