← Chapters

ဖူရုန်ချီ

Vol. 17 Ch. 253

ဖူရုန်ချီ

Vol. 17 Ch. 253

ဖူရုန်ချီသည် သူ့ရုံးခန်းထဲတွင် သတင်းစာ ဖတ်နေပြီး ဇွတ်ပြေးလာသည့် သူ့၏တူဖြစ်သူ ဖူကွမ်းဟွေ့ကို မြင်လိုက်သည်။ သူသည် မျက်မှောင်ကြုတ်သွားပြီး မပျော်ရွှင်နိုင် ဖြစ်နေ၏။ သူ၏အငယ်ဆုံးညီအနေဖြင့် ကလေးများကို မည်သို့ ပျိုးထောင်သနည်း။ ဖူမိသားစုဝင် တစ်ယောက်အနေဖြင့် အခြေခံ လောကဝတ်ဖြစ်သော တံခါးခေါက်ရမည်ကို မသိသည်လော။

ဖူရုန်ချီ၊ ဖူကွမ်းဟွေ့ကို မဆိုခင် ဖူကွမ်းဟွေ့ကသူ့အား ထိတ်လန့်တုန်လှုပ်စေသည့် တစ်ခုခုကို အော်ပြောလိုက်၏။

“ဦးလေး ကျွန်တော်ရဲ့အဖေ သန်းလေးရာ အလိမ်ခံလိုက်ရတယ်”

“ဘာ လောင်စစ်က သန်းလေးရာ အလိမ်ခံလိုက်ရတာလား။ ဘယ်သူကသူ့ကို လိမ်တာလဲ”

ဖူရုန်ချီသည် ဒေါသတကြီး ထလိုက်ပြီးနောက် မေးလိုက်၏။ (မိသားစုတွင် လေးယောက်မြောက်ညီ လောင်စစ်ဟူသော စကားသည် ညီလေး လေးကို ရည်ညွှန်းခြင်းဖြစ်သည်။)

ဟောင်ကောင်တွင် ဖူမိသားစုကို မည်သူက ရှုပ်ရဲသနည်း။

“အဲ့ဒါကဖုန်းယွီ ဖူကွမ်းကျန်းရဲ့ မိတ်ဖက် ရေနွေးငွေ့စက်တွေကို ရောင်းတဲ့တစ်ယောက်လေ”

“သူလား သူကမင်းရဲ့အဖေကို ဘယ်လိုလိမ်တာလဲ”

ဖူရုန်ချီက ထိတ်လန့်သွားသည်။ ရေနွေးငွေ့စက်များသည် ရောင်းအားကောင်းပြီး အကျိုးအမြတ်များသည့် ထုတ်ကုန်ဖြစ်သည်။ ပြီးနောက် ဖုန်းယွီသည်လည်း သူ့၏တရားဝင် စီးပွားရေးမှ ငွေအမြောက်အများ ရပေသည်။ အဘယ့်ကြောင့် သူသည် ငွေများကို လိမ်သနည်း။ ထပ်ပြောရပါက ဖူမိသားစုက သူ့ကိုဟောင်ကောင် ဘဏ်များတွင်တောင် ချေးငွေရရန် ကူညီပေးခဲ့သည်။ အမှန်တွင် သူတို့၏ ဆက်ဆံရေးက အဆင်ပြေရမည်ပင် ဖြစ်သည်။

ဖူကွမ်းဟွေ့က သူ၏ဖခင်ကို ဖုန်းယွီက ရူဘယ်လ်တွင် ရင်းနှီးမြုပ်နှံရန်အတွက် လှည့်ကွက်သုံးခဲ့ပြီး သူ၏ဖခင်သည် ပိုင်ဆိုင်သမျှ ငွေများအားလုံး ဆုံးရှုံးသွားသည်ဟု ချဲ့ကားပြောခဲ့သည်။ သူကိစ္စတစ်ခုလုံးကို ရှင်းပြပြီးနောက် သူကထပ်ပြောလိုက်၏။

“ဦးလေး ဖုန်းယွီဆိုတဲ့ကောင်က ဖူမိသားစုကို လေးစားမှုကို မရှိဘူး”

“မင်းပြောတဲ့ပုံအရ ဖုန်းယွီက မင်းရဲ့အဖေကို သတင်းအချက်အလက်အချို့ ရောင်းမယ်လို့ ပြောခဲ့တယ်တဲ့လား။ ပြီးတော့ မင်းရဲ့အဖေက ရူဘယ်လ်တွေ မြင့်တက်လာမယ်ဆိုတဲ့ သတင်းကို ရခဲ့တယ်။ ပြီးတော့သူက ဖုန်းယွီကို တစ်ပြားတောင် မပေးဘူးတဲ့လား”

ဖူကွမ်းဟွေ့သည် အံ့အားသင့်သလို ခံစားနေရသည်။ သူ၏ဖခင်က အမှန်တကယ် မှားခဲ့သည်ပင်။ သို့သော် သူ့အတွေးတွင် ဖုန်းယွီသည်လည်း သူ့အဖေကို လှည့်ကွက်ချောက်ချခဲ့ခြင်းမှာ မှားယွင်းသည်ဟု တွေးခဲ့သည်။ ထပ်ပြောရပါက ဆုံးရှုံးသွားသည့် ပမာဏသည် ဟောင်ကောင်ဒေါ်လာ သန်းလေးရာ ဖြစ်ပေသည်။

“ဦးလေး ကျွန်တော်အဖေကို သူ့ကို အမေရိကန်ဒေါ်လာ တစ်သန်းပေးဖို့အတွက် ပြောတယ်လို့ ပြောခဲ့သေးတယ်လေ။ ဒါပေမဲ့သူက ငြင်းခဲ့တယ်”

“လောင်စစ် အတွေ့အကြုံ မရှိဘဲနဲ့ Forex ငွေကြေးဈေးကွက်မှာ ဘယ်တော့မှ ရင်းနှီးမမြုပ်နှံရဘူး။ ဘာလို့သူက ငါ့ကိုမမေးခဲ့ရတာလဲ”

ဖူကွမ်းဟွေ့သည် သူ၏ဦးကြီးကို မည်သို့ဖြေရမှန်း မသိပေ။ သူ့ဦးလေးအား သူ့အဖေသည် ထိုပိုက်ဆံကို တိတ်တဆိတ် ရှာဖွေရန် လုပ်ခဲ့သည်ဟုလည်း သူ့ဦးကြီးကို မပြောနိုင်ပေ။

“ကွမ်းဟွေ့ တကယ် ဘာတွေဖြစ်ခဲ့တာလဲ။ ငါမင်းရဲ့အဖေကို ကိုယ်တိုင်ကိုယ်ကျ သွားမေးမယ်။ အခုချက်ချင်းပဲ မင်းတို့အိမ်ကို သွားကြမယ်”

ဖူရုန်ကျင်းသည် အိမ်တွင် ဆိတ်ဆိတ်သာ ရှိနေသည်။ ပြီးနောက် သူ့၏သားများသည် သူ၏အကြီးဆုံး အစ်ကိုကို သွားပြီးမတောင်းဆိုလျှင်တောင် သူသည် အစ်ကိုအကြီးဆုံးကို အကူအညီ သွားတောင်းခြင်းက အကောင်းဆုံး ဖြေရှင်းနည်းဆိုသည်ကို သိပေ၏။

စာကြည့်ခန်းတံခါးကိုခေါက်ပြီး ဖူရုန်ချီ ဝင်လာလေ၏။ ဖူရုန်ကျင်းသည် ယခုတွင် သူ၏အစ်ကိုအား မတွေ့ချင်ပေ။

“လောင်စစ် မင်းရဲ့အစ်ကိုပြောတာက ဒီနေ့မနက်စာကို မင်းမစားဘူးဆို”

“အစ်ကိုကြီး ဘာကြောင့် ဒီမှာရောက်နေတာလဲ”

“ဟမ့် တကယ်လို့ ငါဒီကို မလာဘူးဆိုရင် မင်းကဒီအမှောင်ထဲမှာပဲ နေနေအုံးမှာလား”

ဖူရုန်ချီက ဒေါသတကြီး ပြောလေ၏။

“ကွမ်းကျန်း ငါကြားတာက မင်းကဖုန်းယွီကို အိမ်ကိုခေါ်လာတဲ့လူလို့ပြောတယ် ဟုတ်လား”

“ဦးလေး ကျွန်တော် ဖုန်းယွီကို အိမ်ကိုခေါ်လာတဲ့လူ ဟုတ်ပါတယ်။ သူကငွေအများကြီး ရှာနိုင်တဲ့ သတင်းအချို့ကို ပြောမယ်လို့ ပြောခဲ့တယ်။ ကျွန်တော်ကသူ့ကို ကျွန်တော်တို့ရတာရဲ့ သုံးဆယ်ရာခိုင်နှုန်း ပေးမယ်လို့ သဘောတူခဲ့တယ်။ ဒါကအရမ်းများတဲ့ ကမ်းလှမ်းမှုပဲလေ။ ဒါပေမဲ့သူက သန်းတစ်ရာ လိုချင်တယ်။ ဒါကြောင့်မို့ ကျွန်တော်က အဖေနဲ့တွေ့ဖို့အတွက် သူ့ကိုခေါ်လာခဲ့တာ”

ဘန်း

ဖူရုန်ချီသည် ဆိုဖာကို ရိုက်ချလိုက်၏။

“သူကသန်းတစ်ရာ လိုချင်တာကို မင်းတို့က တစ်သန်းပဲ ပေးတယ်တဲ့လား။ ဘယ်ကတည်းက ငါတို့ဖူမိသားစုက တစ်ခြားလူတွေကို ဒီလိုမျိုး လိမ်နိုင်ရတာလဲ”

ဖူရုန်ချီသည်လည်း အခြားသူများထံမှ သတင်းအချက်အလက်များ ဝယ်ဖူးပေသည်။ သို့သော် သူသည် တစ်ပြားမျှမလျော့ပေ။ ငွေပမာဏအကုန် ပေးချေသည်။ သူ၏ညီအငယ်ဆုံးသည်လည်း တစ်ဖက်လူက သူပေးလိုက်သည့် သတင်းအချက်အလက်အတွက် သန်းတစ်ရာ လိုချင်မှန်း သိပေသည်။ ယင်းအဓိပ္ပာယ်က သူသည် လိုချင်သည့် ပမာဏကို ပေးရန် သဘောတူခြင်းဖြစ်သည်။ အခြားတစ်ဖက်လူက သူ့အား သတင်းအချက်အလက် ပေးခဲ့သည်။ သို့သော်သူသည် တောင်းသလောက်ကို မပေးပေ။ ယင်းက မိသားစုအတွက် နာမည်ပျက်စရာ ကိစ္စပင်ဖြစ်၏။

ဖူရုန်ကျင်းကလည်း တုန်လှုပ်သွားပေသည်။ သူတို့၏ဖခင် ကွယ်လွန်သွားကတည်းက သူအကြောက်ရဆုံးလူမှာ အကြီးဆုံးအစ်ကိုကြီးပင်ဖြစ်သည်။ သူသည် အမြဲတမ်း သူ့အစ်ကိုကြီးကို အနိုင်ယူချင်ပြီး ယခုအချိန်တွင် သူတွေးသည်က ဘီလီယံချီရှာပြီး သူ့ကိုယ်သူ ပြသမည်ဟု တွေးခဲ့သည်။ သို့သော် အဆုံးတွင် သူအားလုံး ဆုံးရှုံးသွား၏။

“အစ်ကိုကြီး သူကကျွန်တော်ကို သတင်းအမှားလည်း ပေးသေးတယ်။ ပြီးတော့ ကျွန်တော်ကို သန်းလေးရာ ဆုံးရှုံးအောင်လည်း လုပ်ခဲ့တာ။ ဘာကြောင့် အစ်ကိုကြီးက ကျွန်တော်ကို ဆူရတာလဲ”

“တကယ်လို့ မင်းသာသူ့ကို သန်းတစ်ရာ ပေးခဲ့မယ်ဆိုရင် သူကသတင်းအမှားကို မင်းကိုပေးပါ့မလား။ တကယ်လို့ မင်းငါ့ဆီကို လာပြီးမေးရင်တောင် ငါ့အနေနဲ့ ရူဘယ်လ်တန်ဖိုး မြင့်မမြင့်ဆိုတာ မင်းကိုမပြောပြမှာ စိုးရိမ်နေတာလား။ ဒါ့အပြင် ဖုန်းယွီနဲ့ ကွမ်းကျန်းက သူငယ်ချင်းတွေလေ။ ဘာကြောင့် မင်းကသူ့ကို လှည့်စားရတာလဲ”

ဖူရုန်ကျင်းက ဒေါသထွက်နေသည်။ ယခုအချိန်တွင် ဖူရုန်ကျင်းက အကြောင်းပြချက်ကို ရှာနေသေးဆဲဖြစ်သည်။

“သူကကျွန်တော်ကို လှည့်စားမှန်း ကျွန်တော် ဘယ်လိုလုပ် သိနိုင်မှာလဲ။ ကျွန်တော် ပြန်ရတာနဲ့ သူ့ကိုပေးမယ်လို့ ကျွန်တော် စီစဉ်ထားခဲ့တာ”

ဖူရုန်ကျင်းက ပြန်ပြော၏။

“မင်း” သက်ပြင်းချလိုက်သည်။

“ကွမ်းကျန်း ဘာကြောင့်ဖုန်းယွီက မင်းရဲ့အဖေကို လှည့်ဖြားတာလဲ”

ဖူကွမ်းကျန်းက သူ့အဖေကို ကြည့်လိုက်သည်။ ပြီးနောက် သူ့ဦးကြီးကို ကြည့်ပြီး ပြောလိုက်၏။

“ကျွန်တော်ထင်တာတော့ ဖုန်းယွီလိုချင်တဲ့ ရှယ်ယာတွေကို အဖေက ဝယ်လိုက်လို့ဖြစ်မယ်”

“ဘာတွေဖြစ်ခဲ့တာလဲ”

ဖူရုန်ချီသည် အဘယ့်ကြောင့် သူ၏ညီအငယ်ဆုံးအနေဖြင့် ဖုန်းယွီလိုချင်သည့် ရှယ်ယာများကို စုဆောင်းချင်မှန်း နားမလည်နိုင် ဖြစ်နေသည်။

“အဓိပ္ပာယ်မရှိလိုက်တာ။ ငါသူ့ဆီကနေပြီးတော့ ဘယ်တုန်းက ရှယ်ယာတွေကို လုယူဖူးလို့လဲ။ ငါ့ရဲ့ပိုင်တဲ့ ပိုက်ဆံနဲ့ ဒီရှယ်ယာတွေကို ဝယ်ခဲ့တာ။ ပြီးတော့ ငါသူ့ကို ဘာမှတောင် မလုပ်ခဲ့ဘူး မဟုတ်ဘူးလား”

ဖူရုန်ကျင်းက အော်လိုက်၏။

“မင်း ပါးစပ်ပိတ်ထားစမ်း။ ကွမ်းကျန်း ဆက်ပြော”

“အဲ့ဒါက ဂျပန်ရဲ့ အိုက်ဝရှယ်ယာတွေ။ ဖုန်းယွီက ကျွန်တော်ကို အိုက်ဝအကြောင်းကို မေးခဲ့တယ်။ ပြီးတော့ အိုက်ဝရဲ့ ရှယ်ယာတွေကို ဝယ်ချင်တယ်လို့လည်း ပြောခဲ့တယ်။ သူကဆိုနီဆီကနေပြီးတော့ ရှယ်ယာ ၆၀ရာခိုင်နှုန်းကျော် ဝယ်ခဲ့ပြီးပြီ။ အဖေက သူ့ရဲ့လူတွေကိုမေးပြီး အခြားရှယ်ယာရှင်တွေ ဆီကနေပြီးတော့ ရှယ်ယာတွေဝယ်ဖို့ ပြောခဲ့တယ်။ ဖုန်းယွီက ကျွန်တော်ကို အိုက်ဝရဲ့ ရှယ်ယာတွေကို ကျွန်တော်တို့ဆီကနေ ယူချင်ကြောင်း ကြိမ်ဖန်များစွာ ပြောခဲ့တယ်။ ဒါပေမဲ့ အဖေက အမြဲတမ်း ငြင်းဆိုတယ်လေ”

အိုက်ဝရဲ့ ရှယ်ယာတွေလား။ ဖူရုန်ချီသည် ယင်းအပေါ်တွင် အမြင်အချို့ ရှိပေသည်။ ထို့အပြင် သူသည် ဟောင်ကောင်၏ အိုက်ဝရုံးခွဲကို ဖွင့်လှစ်စဉ်က သူသည်လည်း အလုပ်လုပ်ခဲ့ဖူးသည်။ သူသည်လည်း ထိုကုမ္မဏီကို လေ့လာခဲ့၏။

“လောင်စစ် ကွမ်းကျန်းပြောတာတွေက တကယ်လား”

“အမှန်တွေပဲ။ ဘာကြောင့် သူလိုချင်တဲ့ ရှယ်ယာတွေကို ကျွန်တော်က ရောင်းရမှာလဲ”

“အဲ့ဒါဆိုရင် မင်းကဘာလို့ အိုက်ဝရဲ့ ရှယ်ယာတွေကို ပထမဦးစားပေးအနေနဲ့ ဝယ်ခဲ့တာလဲ”

ဖူရုံချီက ဖူရုံကျင်းကို စိုက်ကြည့်လိုက်သည်။ အဘယ့်ကြောင့် ဖူရုံကျင်းအနေဖြင့် အကြွေးများဖြင့် ပိနေသော ကုမ္မဏီမှ ရှယ်ယာများကို ဝယ်ယူချင်ခဲ့သနည်း။

“ကျွန်တော်ထင်တာက ဒီကုမ္မဏီကကောင်းတယ်။ အစ်ကို့ကို ကျွန်တော် မပြောခဲ့ဘူးလား။ နားကြပ်ကပ်ဆက် ဈေးကွက်က ကောင်းကောင်း အလုပ်ဖြစ်မယ်လို့။ ဒါအတွက်ကြောင့်ပဲ ကျွန်တော် ဟောင်ကောင်ရဲ့ အိုက်ဝကုမ္မဏီ ရှယ်ယာတွေကို အစ်ကိုဆီကနေပြီးတော့ ဝယ်ခဲ့တာလေ”

ဖူရုန်ကျင်းက သက်ပြင်းချလိုက်ပြီးနောက် ဖူကွမ်းကျန်းကို လက်ညိုးထိုးကာ

“မင်းပြော”

“အဲ့ဒါက ဘာကြောင့်လည်းဆိုတော့ ဖုန်းယွီရင်းနှီးမြုပ်နှံတိုင်း သူကပိုက်ဆံရတယ်လေ။ ကျွန်တော်လည်း သူနဲ့အတူတူ စက်ယန္တရား ကုမ္မဏီက ရှယ်ယာကို ဝယ်ခဲ့တယ်။ ပြီးတော့ ယမန်နှစ်ကပဲ ကျွန်တော်ရဲ့ ရင်းနှီးငွေတွေကို ပြန်ရရှိခဲ့တယ်။ ဦးလေးအနေနဲ့ လေနှင့်မိုး ရေနွေးငွေ့စက် ဘယ်လောက်အကျိုးအမြတ် များလဲဆိုတာ ဦးလေးမြင်မှာပါ။ မော်တော်ဆိုင်ကယ်ကလည်း တရုတ်နိုင်ငံမှာဆိုရင် ပန်ကိတ် ရောင်းရသလိုမျိုးကို ရောင်းရတာ။ ကျွန်တော်တို့ ခံစားရတာက ဒီအိုက်ဝကုမ္မဏီက နည်းပညာအသစ် ဖွံ့ဖြိုးပြီးတဲ့နောက်မှာ ကုမ္မဏီရဲ့ ကံကြမ္မာက ပြောင်းလဲလာနိုင်တယ်။ ဒါအတွက်ကြောင့်ပဲ အဖေက အိုက်ဝရဲ့ ရှယ်ယာတွေကို ဝယ်ခဲ့တာ။ ဘာပဲဖြစ်ဖြစ် အိုက်ဝရဲ့ ရှယ်ယာတန်ဖိုးက နည်းနေတယ်။ ပြီးတော့ ကျွန်တော်တို့က အရှုံးကို တက်နိုင်တုန်းပဲလေ”

ဖူကွမ်းကျန်း၏ အသံက သူပြောလေလေ ပြောလာလေဖြစ်သည်။ သူကအံ့အားသင့်နေသည်။ မည်သို့ပင် ပြောစေကာမူ သူ့၏အဖေသည် အမှားကို လုပ်ခဲ့ပေ၏။

“လောင်စစ် မင်းငါ့ကို ဘာပြောချင်သေးလဲ။ ငါမင်းကို ကြိမ်ဖန်များစွာ ပြောပြီးပြီ။ မင်းစီးပွားရေးကို လုပ်တဲ့အခါတိုင်း မင်းရဲ့အမြင်က ရေရှည်ကိုကြည့်ရမယ်။ ပြီးတော့ မင်းရဲ့စီးပွားရေး မိတ်ဖက်တွေကို ဘယ်တော့မှ မလိမ်ရဘူး။ ငါတို့ရဲ့ ဖူမိသားစုက ဟောင်ကောင်မှာ လွှမ်းမိုးနိုင်တဲ့ မိသားစုအဖြစ် နှစ်ပေါင်းများစွာ ရှိနေတာက ငါတို့ရဲ့ နာမည်ဂုဏ်ကျက်သရေကြောင့်ပဲ။ ဒါ့အပြင် ရင်းနှီးမမြုပ်နှံခင် မင်းအနေနဲ့ ကိုယ်တိုင်လေ့လာ ဆုံးဖြတ်ရမယ်။ အလျင်စလိုမျိုး ဘယ်တော့မှ မဆုံးဖြတ်ရဘူး။ မင်းငါပြောတာတွေ အကုန်လုံး မေ့သွားပြီလား။ ဘာကြောင့် အဖေအသက်ရှင်တုန်းက မင်းကိုအချစ်ဆုံးဖြစ်ပေမဲ့ အမွေတွေ အများစုကို ငါရခဲ့လဲဆိုတဲ့ အချက်ကို မင်းအခု သဘောပေါက်ပြီလား။ အဲ့ဒါက ဘာကြောင့်လည်းဆိုတော့ အဖေက မင်းကိုမိသားစုရဲ့ ပိုင်ဆိုင်မှုတွေ အကုန်လုံး ပေးခဲ့တယ်ဆိုရင် ဖူမိသားစုကို လီမိသားစုကနေ ကျော်တက်ဖို့အတွက် ၅၀ရာခိုင်နှုန်း ရှိတယ်။ ပြီးတော့ ဖူမိသားစုကလည်း ဒေဝါလီတောင် ခံရနိုင်တယ်”

“အဖေက တကယ်ပဲ အဲ့လိုပဲ ပြောခဲ့တာလား”

ဖူရုန်ကျင်းက သူ့အစ်ကိုကြီး ပြောစကားကို မယုံကြည်ပေ။

“ဟမ့် ငါကမင်းရဲ့ အစ်ကိုအကြီးဆုံး။ ငါမင်းကို ဘယ်တုန်းက လိမ်လို့တုန်း။ ကွမ်းကျန်း မနက်ဖြန် မင်းဘင်းမြို့တော်ကို သွားပြီးတော့ ဖုန်းယွီကို အိုက်ဝရဲ့ ရှယ်ယာတွေကို ဈေးကွက်ပေါက်ဈေးအတိုင်းရောင်း။ မင်းရဲ့အဖေ ငွေကြေးဆုံးရှုံးတယ်ဆိုတာကို သူ့ကိုမပြောနဲ့”

“ဦးလေး တကယ်လို့ ကျွန်တော်အဖေ အများကြီး မှားရင်တောင်မှ သူကကျွန်တော်ရဲ့ အဖေကို လိမ်ခဲ့တာလေ။ ဦးလေးက ဘာကြောင့် ကျွန်တော်အဖေဘက်က မရပ်တည်ရတာလဲ။ ပြီးတော့ ကွမ်းကျန်းကို အိုက်ဝရဲ့ ရှယ်ယာတွေကို သူ့ဆီပြန်ရောင်းစေချင်သေးတာလား”

ဖူကွမ်းဟွေ့က ဒေါသထွက်နေသည်။ အဘယ့်ကြောင့် သူ၏အကြီးဆုံးဦးကြီးက အပြင်လူကို ကူညီရသနည်း။ ဖူမိသားစုသည် ထိုကောင်စုတ်ကို ဦးညွှတ်ရမည်လော။

ဖူရုန်ချီက မျက်လုံးများကို မှေးကြည့်လိုက်ပြီးနောက် ပါးစပ်အပြည့် ရှုသွင်းထားသည့် စီးကရက်ကို မှုတ်ထုတ်လိုက်ကာ

“သွားပြီးတော့ သူ့ကိုဒီ ............. သူနားလည်လိမ့်မယ်။ ပြီးတော့ ငါတို့ကို အဖြေပြန်ပေးလိမ့်မယ်။ တကယ်လို့ သူကငါတို့ကျေနပ်တဲ့ အဖြေကို မပေးဘူးဆိုရင် ............. မင်းတရုတ်နိုင်ငံမှာလည်း ဘာမှလုပ်နိုင်မှာ မဟုတ်တော့ဘူး။ ငါတို့ရဲ့ ဖူမိသားစုက သူ့ကိုဘာမှ မလုပ်နိုင်ဘူး”

All Chapters