အခန်း (၂၅၄)
Vol. 17 Ch. 254
ဖူကွမ်းကျန်းသည် အဘယ့်ကြောင့် ဘင်းမြို့တော်သို့လာပြီး ဖုန်းယွီကို ရှာနေသနည်းကို သိချင်နေ၏။
ရူဘယ်လ် တန်ဖိုးများသည်လည်း ယခုလက်ရှိတွင် ကျဆင်းနေမည်ဖြစ်သည်။ ပြီးနောက် ဖူရုန်ကျင်းသည် သူ၏ထောင်ချောက်တွင် မကျခဲ့ရင်တောင် ဖူမိသားစုအနေဖြင့် ဖုန်းယွီသည် သူတို့ကို လိမ်လည်ရန် ကြိုးပမ်းခဲ့မှန်း သိပေမည်။ ဖုန်းယွီသည်လည်း ဖူမိသားစု သူ့ဆီလာမည်ကို စောင့်ဆိုင်းနေပြီး သူသည်လည်း သူတို့နှင့် ရင်ဆိုင်ရန်အတွက် ပြင်ဆင်ထား၏။
သူ ဘာလုပ်ခဲ့သလဲ ဆိုသောမေးခွန်းကို ဖူကွမ်းကျန်းမေးရန် ရောက်လာသည်လော။ ယင်းက တစ်ခုတည်းသော ဖြစ်နိုင်သည့် အရာသာဖြစ်၏။
....”ညီအစ်ကိုဖုန်း အကြာကြီးပဲ မင်းငါ့ကို ဆက်တောင် မဆက်သွယ်ဘူးနော်”
ဖူကွမ်းကျန်းသည် ဖုန်းယွီကို တွေ့ဆုံသည့်အခိုက် နွေးထွေးစွာဖြင့် နှုတ်ဆက်လိုက်၏။
“ကျွန်တော်တို့က ဆက်သွယ်စရာ ကိစ္စရှိလို့လား”
ဖုန်းယွီက မေးလိုက်၏။
ဖူကွမ်းကျန်းက ပြုံးလိုက်သည်။ သူ၏အကြီးဆုံး ဦးလေးသည် သူ့အဖေ ပိုက်ဆံများစွာ ဆုံးရှုံးခဲ့သည့် ကိစ္စနှင့်ပတ်သတ်၍ ဘာမှမလစ်ဟမိစေရန် ညွှန်ကြားထားသည်ကို သူမှတ်မိ၏။
“အို ဟုတ်သား ညီအစ်ကိုဖုန်း ငါ့မှာမင်းအတွက် သတင်းကောင်း တစ်ခုရှိတယ်။ မင်းအမြဲတမ်း အိုက်ဝရဲ့ရှယ်ယာကို ဝယ်ချင်နေတာ ဟုတ်တယ်မလား။ ငါ့ရဲ့အဖေက ငါ့ရဲ့အစ်ကိုကို ပြောပြီးတော့ သူတို့တွေက အိုက်ဝရှယ်ယာတွေကို မင်းကိုရောင်းမယ်လို့ ဆုံးဖြတ်ချက် ချလိုက်တယ်။ ၂၆ရာခိုင်နှုန်း အဲ့ဒီရှယ်ယာတွေက ဈေးကွက်ပေါက်ဈေး အရဆိုရင် အမေရိကန်ဒေါ်လာ၂.၈သန်းနဲ့ ညီမျှတယ်။ ငါတို့တွေ ဒီရှယ်ယာကို မင်းကို အမေရိကန်ဒေါ်လာ ၃သန်းနဲ့ ရောင်းရင်ရော ဘယ်လိုလဲ”
ဘာလဲ။
ဖုန်းယွီ၏မေးရိုးများ ကျသွားတော့သည်။ သူသည် ဖူမိသားစုကို ရှယ်ယာများကို ရောင်းရန်အတွက် အမေရိကန်ဒေါ်လာ ၅သန်း တောင်းဆိုခဲ့ဖူးသည်။ သို့သော် သူတို့က ရောင်းရင် ငြင်းဆိုခဲ့ကြ၏။ သူတို့အနေဖြင့် ဆေးများ မှားစားခဲ့သည်လော။ သူတို့အနေဖြင့် ထိုရှယ်ယာများအတွက် အမေရိကန်ဒေါ်လာ ၃သန်းသာ လိုချင်သည်လော။
အိုက်ဝကုမ္မဏီအနေဖြင့် ပြဿနာတစ်ချို့နှင့် တွေ့ကြုံခဲ့ပြီး ဖူမိသားစုသည် ယင်းအကြောင်းကို သိရှိသွားကာ သူတို့၏ ရှယ်ယာများကို ပြန်လည်ရောင်းချချင်သည်လော။ သို့မဟုတ် သူ့ကြောင့် သမိုင်းကြောင်းက ပြောင်းလဲသွားသည်လော။ ဆိုနီကြောင့် ဖြစ်သည်လော။
“အစ်ကိုဖူ ဘာကြောင့် အစ်ကိုရဲ့အဖေက အိုက်ဝရဲ့ ရှယ်ယာတွေကို ကျွန်တော်ဆီရောင်းဖို့ မြန်မြန်ကြီး ဆုံးဖြတ်ချက် ချလိုက်ရတာလဲ”
ဖုန်းယွီက သံသယရှိစွာဖြင့် မေးလိုက်၏။
“မင်းကရှယ်ယာတွေ မလိုချင်ဘူးလား။ ငါ့ရဲ့အဖေက ဒီရှယ်ယာတွေရောင်းဖို့ ဆုံးဖြတ်ချက် ချလိုက်တယ်ဆိုတာက မင်းဒီရှယ်ယာတွေကို အရမ်းလိုချင်မှန်း သူသိတယ်လေ။ မင်းအခု ငါ့ကိုပြော။ ဒီရှယ်ယာတွေကို မင်းလိုချင်လား မလိုချင်ဘူးလား”
“အိုး ကျွန်တော် ဒီရှယ်ယာတွေ လိုချင်တာပေါ့”
ဖုန်းယွီသည် တစ်ခဏကြာ တွန့်ဆုတ်နေပြီးနောက် ပြန်လည်ဖြေကြားလိုက်သည်။ သူ့အနေဖြင့်လည်း ထိုရှယ်ယာများကို ဝယ်ယူပါက အိုက်ဝကုမ္မဏီ တစ်ခုလုံးကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။
အကယ်၍ ထိုရင်းနှီးမြုပ်နှံမှုတွင် သူဆုံးရှုံးခဲ့လျှင်တောင် အမေရိကန်ဒေါ်လာ ၇သန်းခန့်သာ ရှိပေသည်။ သူသည် ထိုဆုံးရှုံးမှုကို တက်နိုင်၏။ အရေးကြီးဆုံး အရာမှာ အိုက်ဝတွင်ရှိသည့် သုတေသနနှင့် ဖွဲ့ဖြိုးတိုးတက်မှု အစီအစဉ်ရှိ အင်ဂျင်နီယာများတွင် ဖြစ်သည်။ ထိုအင်ဂျင်နီယာများ အိုက်ဝတွင် ရှိနေသမျှ ဖုန်းယွီသည် သူ၏ရင်းနှီးမြုပ်နှံမှုများ ဆုံးရှုံးမည်မဟုတ်ပေ။ သူတို့သည် ထိုကဏ္ဍတွင် ထူးချွန်ပြောင်မြောက်ဆုံးသော အင်ဂျင်နီယာများ ဖြစ်ကြပေ၏။
ဖူကွမ်းကျန်းသည် သူ့အဖေ လက်မှတ်ထိုးထားသည့် စာရွက်စာတမ်းကို ဖုန်းယွီဆီ ကမ်းလိုက်၏။
“ဒါကစာချုပ် ဒီစာချုပ်ထဲမှာ ပြဿနာတွေ ရှိမလားဆိုတာ တစ်ချက်တော့ စစ်ကြည့်ပါအုံး”
ဖုန်းယွီသည် ဖူကွမ်းကျန်းဆီမှ စာချုပ်ကို ယူလိုက်ပြီးနောက် အသေအချာဖြင့် ဖတ်၏။ စာချုပ်ထဲတွင် စည်းမျဉ်းသတ်မှတ်ချက် အနည်းငယ်သာပါပြီး ထိုအချက်များကို ပြင်စရာလည်း မလိုအပ်ပေ။ ဖူရုန်ကျင်းသည်လည်း ထိုစာချုပ်ပေါ်တွင် လက်မှတ် ရေးထိုးထား၏။
ဟမ့် ဖူကွမ်းကျန်းရဲ့ အစ်ကိုကို ရှယ်ယာတွေ လွှဲပြောင်းပြီးပြီလို့ ဒီလူကြီး ပြောခဲ့တာမလား။ ဘာကြောင့် ခင်ဗျားရဲ့နာမည်က ဒီစာချုပ်ပေါ်မှာ ရှိနေရသေးတာလဲ။
သေချာသည်မှာ ဖုန်းယွီသည်လည်း ယခုကိစ္စနှင့်ပတ်သတ်ပြီး အာရုံသိပ်မထားတော့ပေ။ သူသည် စာချုပ်ကို လက်မှတ်ထိုးပြီးနောက် ထိုလက်မှတ်ပေါ်တွင် လက်မရိုက်နှိပ်လိုက်၏။ သူသည် မူရင်းကို သိမ်းထားလိုက်တော့၏။
“အစ်ကိုဖူ ကျွန်တော် HSBCဘဏ်ကို အခုဖုန်းခေါ်ဆိုပြီးတော့ ခင်ဗျားအဖေရဲ့ ဘဏ်အကောင့်ထဲကို လွှဲပေးဖို့ ကျွန်တော် ပြောလိုက်မယ်”
ဖူကွမ်းကျန်းသည် သူ့ထံမှ ငွေများအောင်မြင်စွာဖြင့် မလွှဲပြောင်း ပေးသေးခင်အထိ သူ့အနေဖြင့် ရူဘယ်လ်အကြောင်း တစ်ခွန်းမှ ဟမည်မဟုတ်ပေ။ ဖုန်းယွီသည်လည်း ပဟေဠိဖြစ်နေသည်။ ဖူရုန်ကျင်းသည် ရူဘယ်လ်များကို မဝယ်ယူခဲ့သည်လော။
“အစ်ကိုဖူ အစ်ကိုဖူရဲ့အဖေက မကြာခင်တုန်းက ရူဘယ်လ်တွေရော ဝယ်ယူခဲ့သေးလား”
ဖုန်းယွီက မေးလိုက်၏။
ဖူကွမ်းကျန်းသည်လည်း ဖူရုန်ချီ သင်ထားသည့်အတိုင်း ပြန်ဖြေ၏။
“ဒီအကြောင်းကိုတော့ ငါသေချာ မသိဘူး။ ဒါပေမဲ့ ဒီရက်ပိုင်းအတွင်းတော့ ငါ့ရဲ့အဖေက စိတ်အခြေအနေတော့ သိပ်မကောင်းဘူး”
စိတ်အခြေအနေ မကောင်းဘူးလား။ ဒါဆို သူရူဘယ်လ်တွေ ဝယ်ပြီးတော့ ရူဘယ်လ်တန်ဖိုး ကျသွားတာကြောင့် သူ့ရဲ့ပိုက်ဆံတွေ ဆုံးရှုံးသွားတယ်။ သို့သော် ဖုန်းယွီအနေဖြင့် သူ၏ဆုံးရှုံးမှု ဘယ်လောက်များလဲဆိုသည်ကို မသိရှိပေ။ ဖူကွမ်းကျန်း၏ လေသံအရ ဆုံးရှုံးသွားသည့် ပမာဏက နည်းနည်းနောနောတော့ ဟုတ်မည်မပေါ်ပေ။
သို့သော် ဖူရုန်ကျင်း ပိုက်ဆံများ ဆုံးရှုံးပြီးကတည်းက အဘယ့်ကြောင့် သူ့ထံသို့ အိုက်ဝ၏ ရှယ်ယာများကို ရောင်းချသနည်း။ ဖုန်းယွီသည် ဖူမိသားစု ဘာလိုချင်နေသည်ကို နားမလည်နိုင် ဖြစ်နေ၏။
ဖူကွမ်းကျန်းသည် ဖုန်းယွီကို အိုက်ဝ၏ ရှယ်ယာများကို ရောင်းရုံသာမက ရေနွေးငွေ့စက်နှင့် ဒလက်မဲ့ ပန်ကာများ၏ နိုင်ငံခြား ဈေးကွက်အကြောင်းလည်း ဆက်ပြောသေးသည်။ သူက ဖုန်းယွီကိုတောင် သူ၏ဖခင်အနေဖြင့် အိုက်ဝနားကြပ်ကပ်ဆက်နှင့် ပတ်သတ်ပြီး အရှေ့တောင်အာရှ ဈေးကွက်တွင် ဖြန့်ချီရေးလမ်းကြောင်းများ ထူထောင်ပြီးသည် ဖြစ်ကြောင်းလည်း ပြောသည်။ ပြီးနောက် သူ့အနေဖြင့် ဖုန်းယွီကို တရုတ်နိုင်ငံ၏ အရောင်းဈေးကွက်ကို ကိုင်ထားစေချင်သည်။
ဖုန်းယွီက ပိုပြီးစိတ်ရှုပ်လာခဲ့သည်။ ထိုအရာများအားလုံးက သူ့အတွက် အကျိုးအမြတ် ရသည်ပင်။ ယင်းအရာများသည် ဖူမိသားစုအနေဖြင့် သူ့အားတောင်းပန်ခြင်း ဖြစ်သည်လော။ ထိုအချက်များက အလွန် ဘက်လိုက်ရာ ကျလွန်းသည်။ ဟောင်ကောင်၏ လွှမ်းမိုးနိုင်သော မိသားစု တစ်စုအနေဖြင့် လုပ်လေ့လုပ်ထရှိသည့် ကိစ္စမျိုးလည်း မဟုတ်ပေ။
ဖုန်းယွီသည် သူ၏အရင်ဘဝက ဟောင်ကောင်၏ ဖူမိသားစုနှင့် ပတ်သတ်သည့် ဆောင်းပါးတစ်ပုဒ်ကို အမှတ်ရလိုက်သည်။ ထိုဆောင်းပါးတွင် ဖော်ပြထားသည်က အခြားသော ညီအစ်ကိုများထက် အစ်ကိုအကြီးဆုံးသည် နာမည်ကောင်း ရှိသူဖြစ်သည်။ အခြားသော ညီအစ်ကိုများသည် နာမည်ကောင်း မရှိပေ။ ဖူရုန်ကျင်းအနေဖြင့် သူဖုန်းယွီ လှည့်ဖြားတာ ခံရပြီးနောက် ယခုကဲ့သို့ ပြုမူဆက်ဆံမည် မဟုတ်ပေ။
ခဏနေပါအုံး။ ဒါဆိုရင် ဖူမိသားစုရဲ့ အကြီးဆုံး အစ်ကိုက ဖူကွမ်းကျန်းကို ဒီလိုလုပ်ဖို့အတွက် စေခိုင်းတာများလား။ ဖူမိသားစုရဲ့ အကြီးအကဲက အစ်ကိုအကြီးဆုံးလေ။
“အစ်ကိုဖူ အစ်ကိုရဲ့အဖေက အစ်ကိုကို ဒီကိုလာခိုင်းတာလား။ ဒါမှမဟုတ်ဘူးဆိုရင် တစ်ယောက်ယောက်က ဒီကိုများ လာခိုင်းတာလား”
ဖူကွမ်းကျန်းက တွေးလိုက်၏။ မင်းနောက်ဆုံး ဒီမေးခွန်းကို မေးပြီပေါ့။
“အဲ အဲ့ဒါက အကြီးဆုံး ဦးလေးကြီးရဲ့ ဆုံးဖြတ်ချက်ပါ”
အဲ့ဒါဆို တကယ်သူပဲ။
ဖုန်းယွီ၏ အရင်ဘဝတွင် သတင်းစာ ဆောင်းပါးများသည် ဖူရုန်ချီနှင့် ပတ်သတ်သော ဗားရှင်းမျိုးစုံကို ဖော်ပြကြပေသည်။ အချို့သော သတင်းစာများက ပြောကြသည်က ဖူရုန်ချီသည် စီးပွားရေးနှင့် ပတ်သတ်လာလျှင် အလွန်တော်သည့်လူဖြစ်ပြီး သူ၏စီးပွားရေး မိတ်ဖက်များသည်လည်း ဘယ်တော့မှ ငွေမဆုံးရှုံးပေ။ သို့သော် အချို့သော သတင်းစာများက ဖော်ပြသည်က ဖူရုန်ကျင်းသည် ရိုင်းစိုင်းပြီး သူ့မိတ်ဖက်၏ ကုမ္မဏီများကို သိမ်းပိုက်သည်ဟု ဆိုကြပြန်သည်။ သို့သော် နောက်ပိုင်းတွင် လူအများက သိကြသွားသည်မှာ သူ၏မိတ်ဖက်များက သူ့အား လိမ်လည်ရန် ကြိုးစားကြသည့်အတွက်ကြောင့် သူ့အနေဖြင့်
ယင်းအဓိပ္ပာယ်က ဖူရုန်ချီသည် ဘာဖြစ်ခဲ့သည်မှန်း သိရှိပြီး ဖူမိသားစုသည် ဖုန်းယွီအပေါ် အမှားလုပ်သည်ကိုလည်း သိရှိသွားသည်။ ထို့အတွက်ကြောင့် သူသည် ရှယ်ယာများကို ဖုန်းယွီဆီသို့ ပြန်လည်ရောင်းခိုင်းလိုက်သည်။ ယခုလက်ရှိတွင် ဆုံးဖြတ်ချက်က ဖုန်းယွီအပေါ်တွင် မူတည်နေသည်။ ယင်းက ဖုန်းယွီ၏ စိတ်နေစိတ်ထားနှင့် ပတ်သတ်သည်။ သူသည် ဖူမိသားစုကို သူငယ်ချင်းအဖြစ် ဆက်လုပ်မည်လော သို့မဟုတ် ရန်သူအဖြစ် ဆက်ထားမည်လော။
ဖူမိသားစုသည် တောင်းပန်ချင်သည့် ဆိုကတည်းက ဖုန်းယွီသည်လည်း သူ၏မိတ်ဖက်များကို မဖြတ်တောက်လိုပေ။ ထပ်ပေါင်းပြောရပါက ဖူမိသားစုသည် တကယ်ပင် လက်ကားစီးပွားရေး၌ တော်ပေ၏။ ဖုန်းယွီသာ အခြားသောမိတ်ဖက် ပြောင်းပါက လေနှင့်မိုး အမှတ်တံဆိပ်ကို အကျိုးအမြတ် ရရှိအောင် စွမ်းဆောင်နိုင်မည် မဟုတ်ချေ။ ထို့အပြင် သူ့အနေဖြင့် ဖူမိသားစုကို ဆုံးရှုံးမှုအတွက် ပြန်လည်ကုစားရန် နည်းလမ်းလည်း ခွင့်ပြုပေးမည်ပင်။
ဖုန်းယွီသည် ဖူမိသားစုနှင့် ယခုလက်ရှိတွင် လက်တွဲမဖြတ်လိုပေ။ အကြောင်းမှာ သူ့တွင် လုံလောက်သည့် စည်းစိမ်နှင့် အဆက်အသွယ် မရှိ၍ဖြစ်၏။ သို့သော် ဖုန်းယွီ ယုံကြည်ထားသည်က နှစ်နှစ်အတွင်း သူသည် ဖူမိသားစုနှင့် တန်းတူဖြစ်မည်ဖြစ်ကာ ဖူမိသားစုကို နောက်ထပ် ငါးနှစ်အတွင်း ကျော်တက်နိုင်မည်ဖြစ်၏။
ဖုန်းယွီသည် တစ်ခဏကြာ တွေးတောနေပြီးနောက် မေးလိုက်၏။
“အစ်ကိုဖူ အစ်ကိုရဲ့အဖေက ရွှေတွေကို ရင်းနှီးမြုပ်နှံလား။ လန်ဒန်ဂိုးလ်လေ”
“လန်ဒန်ဂိုးလ်လား”
ဖူကွမ်းကျန်းသည် ဖုန်းယွီကို သတိထား စောင့်ကြည့်ဆဲဖြစ်သည်။ ဖုန်းယွီ၏သွင်ပြင်က သူတို့ကို ရူဘယ်လ် လိမ်လည်တုန်းက ပုံစံနှင့် တူနေသည့်အတွက်ဖြစ်၏။ သူသည် သူ့ဦးလေးအကြီးဆုံး မှာခဲ့သမျှ အရာအားလုံး ပြုလုပ်ပြီးဖြစ်၏။ ပြီးနောက် ဒီဖုန်းယွီကသူ့အား ဆက်လှည့်ဖြားမည်ဟု ထင်နေသည်လော။
“ဒါအမှန်ပဲ။ ကျွန်တော် အရင်တစ်ခေါက်က ဟောင်ကောင်ကို လာတုန်းက ကျွန်တော် ရွှေအချို့ကို ရင်းနှီးမြုပ်နှံခဲ့တယ်။ ကျွန်တော်ချေးငွေ အချို့တောင် အသုံးပြုခဲ့သေးတယ်။ ဒါပေမဲ့ ကျွန်တော် တော်တော်များများ ပြန်ရလိုက်တယ်”
လန်ဒန်ဂိုးလ် စာချုပ်တွင် ဖုန်းယွီ၏ ရင်းနှီးမြုပ်နှံမှုသည် အတည်တကျ ဖြစ်ပြီဖြစ်သည်။ ပြီးနောက် အကျိုးအမြတ်များအားလုံး သူ့အကောင့်ထဲ ဝင်သည်ဖြစ်၏။ သူသည် သူ၏ရင်းနှီးမြုပ်နှံမှုကို ဆက်တိုက် လုပ်သော်ငြား ချေးငွေပမာဏ အနည်းငယ်သာ သုံးသည်။ သုံးသည့်တိုင် သူသည် အမေရိကန်ဒေါ်လာ သန်းတစ်ရာကျော် ရှာနိုင်ခဲ့ပြီဖြစ်သည်။
ငွေကြေးဈေးကွက်အတွက်မူ များများရင်းနှီး မြုပ်နှံလေ အကျိုးအမြတ် များများပြန်ရလေဖြစ်ပြီး အန္တရာယ်က ပိုပြီးနည်းသည်ပင်။
ဖုန်းယွီသည် ယမန်နေ့က ဘဏ်ကိုသွားခဲ့သည်။ ပြီးနောက် ရွှေရောင်းဈေးသည် စတင်ကျဆင်းလာပြီဖြစ်သည်။ ရွှေရောင်းဈေးသည် တစ်အောင်စလျှင် ၃၇၇ဒေါ်လာသို့ ကျဆင်းသွားပြီဖြစ်၏။ သူ၏လေ့လာ ဆုံးဖြတ်ချက်အရ နှစ်ကုန်ပိုင်းတွင် ဈေးအရွေ့အပြောင်း ဖြစ်လာမည်ဖြစ်ပြီး ရွှေဈေးသည် တစ်အောင်စလျှင် ၃၈၅ဒေါ်လာကျော် မြင့်သွားမည်ဖြစ်၏။
သို့သော် ယင်းက မကြာသေးခင် နှစ်များအတွင်း အမြင့်ဆုံးပမာဏ ဖြစ်သည်။ နှစ်ကုန်ပြီးနောက် အချို့သော အမေရိကန် အရင်းရှင်တို့သည် ရွှေများကို ဆက်တိုက် ရင်းနှီးမြုပ်နှံကြမည်ဖြစ်ပြီး မှောင်ခိုဈေးကွက်တွင် ၅၀၀ကျော် ဖြစ်သွားမည်ဖြစ်၏။ ရွှေဈေးသည်လည်း တရစပ် ကျဆင်းလာမည်ဖြစ်သည်။ အကယ်၍ ယခုလက်ရှိတွင် တစ်စုံတစ်ယောက်သည် လန်ဒန်ဂိုးလ်တွင် စတင်ရင်းနှီးမြုပ်နှံမည် ဆိုပါက သူ့အနေဖြင့် အကျိုးအမြတ်အချို့ ရရှိမည်ဖြစ်သည်။ နှစ်ကုန်ပြီးသည်နှင့် ရွှေဈေးသည် အကျိုးအမြတ် ပိုရရှိလာမည်ဖြစ်သည်။
ဖုန်းယွီက ဆက်ပြောလိုက်၏။
“အစ်ကိုဖူ ကျွန်တော်ဈေးကွက်ကို လေ့လာပြီးသွားပြီ။ သူတို့ရဲ့ စီးပွားရေးကို ထိန်းချုပ်ဖို့အတွက် ရူဘယ်လ်တွေရဲ့ တန်ဖိုးတွေ ဆိုဗီယက် ပြည်ထောင်စုက ရွှေဈေးတွေကို တိုးအောင်လုပ်နေတယ်။ ထပ်ပြောရမယ်ဆိုရင် သူတို့တွေက ကမ္ဘာအကြီးဆုံး ရွှေတင်ပို့တဲ့ လူတွေလေ။ ကျွန်တော်အနေနဲ့ အစ်ကိုကို ရွှေဈေးအများကြီး မြင့်တက်လာမယ်လို့ အာမမခံဘူး။ ကတိမပေးနိုင်ဘူး။ ဒါပေမဲ့ ဒီရက်အနည်းငယ်အတွင်းမှာ ရွှေဈေးတွေက စမြင့်လာပြီးတော့ ၃၈၅ဒေါ်လာအထိ ရောက်သွားလိမ့်မယ်။ အနိမ့်ဆုံးက ၃၈၀ဒေါ်လာဖြစ်လိမ့်မယ်။ ဒါပေမဲ့ နောက်နှစ် ဂျန်နဝါရီ လကစပြီးတော့ ရွှေဈေးက ၃၅၅ဒေါ်လာအောက်ကို ရောက်သွားလိမ့်မယ်”
၃၈၅ ၃၅၅ ကွာခြားနှုန်းသည် ဒေါ်လာ၃ဝဖြစ်သည်။ အကယ်၍ ဖုန်းယွီပြောတာ မှန်သည်ဆိုပါက ဖူမိသားစုအနေဖြင့် အကျိုးအမြတ်များစွာ ရှာဖွေနိုင်ပေ၏။
“အစ်ကိုဖုန်း ခင်ဗျားရော ရင်းနှီးမြုပ်နှံချင်လား”
ဖူကွမ်းကျန်းက သိချင်စိတ်ဖြင့် မေးလိုက်၏။
“သေချာတာပေါ့။ ကျွန်တော်အနေနဲ့ အောက်တိုဘာလကျရင် ဟောင်ကောင်ကို လာအုံးမှာ။ ကျွန်တော်တို့တွေ အတူတူ လုပ်လို့ရတယ်လေ”
ဖုန်းယွီက ပြောလိုက်၏။
ဖူကွမ်းကျန်းသည်လည်း စိတ်သက်သာရာ ရသွားသည်။ သူသည် သူ့ဦးလေးအကြီးဆုံး ပေးခဲ့သည့်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့ပြီဖြစ်၏။