← Chapters

ဂူနန်းအတွက် ယှဉ်ပြိုင်ပွဲ

Vol. 21 Ch. 287

ဂူနန်းအတွက် ယှဉ်ပြိုင်ပွဲ

Vol. 21 Ch. 287

လုဟုန်းနှင့် သူ၏ တပည့်များ ပျောက်ကွယ်သွားသည်နှင့် ပတ်ဝန်းကျင် လေထုမှာ တင်းမာမှုများ ပြေလျော့သွားခဲ့သည်။ သို့သော်လည်း စိန်းထိုက်ယွမ်၏ အမှုအယာမှာ ပျက်ယွင်းနေဆဲဖြစ်သည့် သူ့အနေဖြင့် လုဟုန်းက ဤမျှလောက်အထိ မျက်နှာသာမပေးပဲ နေမည်ဟု မထင်ထားမိပေ။

အကြီးအကဲ လုစုန့်က သူ၏ နဘေးသို့ လျှောက်လာခဲ့ပြီး ပြောလိုက်သည် “သူက ငါ့တို့ကို အမြဲ အပေါ်စီးက ဆက်ဆံတယ်ဆိုတာ သိရဲ့သားနဲ့ ဘာလို့ သူ့ကို သွားတောင်းဆိုနေသေးလဲ။”

သူက ဇူယွမ်ကို တစ်ချက်ကြည့်လိုက်သည်။ လုစုန့်ကလည်း စိန်းထိုက်ယွမ် ၏စိတ်ကိုသိပေသည်။ ဇူယွမ်မှာ စိန်းထိုက်ယွမ်အတွက် အရေးကြီးသောကြောင့် ဇူယွမ်အတွက် အကောင်းဆုံးသော ကျင့်ကြံခြင်း အရင်းအမြစ်များကို ဖန်တီးပေးချင်နေပေသည်။

သန်စင်သော ချီများရှိသည့် ဂူနန်းတစ်ခုက မရှိမအဖြစ် လိုအပ်ချက်တစ်ခုဖြစ်သည်။

စိန်းထိုက်ယွမ်၏ အမှုအယာမှာ နက်မှောင်နေပြီး ဒေါသတကြီးနှင့် ပြောလိုက်သည် “သူမှာ စွမ်းအားရှိတာနဲ့ပဲ အာဏာရှိတဲ့သူ တစ်ယောက်လို ပြုမှုနေတာ။”

လုစုန့်က ခေါင်းခါယမ်းလိုက်ပြီးနောက် မေးလိုက်သည် “နောက်လာမယ့် မင်းမှာ ယုံကြည်မှု မရှိဘူးလား။”

စန်းထိုက်ယွမ်၏ အမှုယာမှာ စိတ်ဓာတ်ကျနေသောပုံသို့ ပြောင်းသွားခဲ့သည်။

မူလအစက မူလသူတော်စင်တောင်ထွတ်၏ ဂူနန်းများကို သူနှင့်လုစုန့်တို့၏ တပည့်များသာ ရယူပိုင်ဆိုင်ခဲ့ကြသည်။ သို့သော်လည်း ဓားကပ်ဘေးတောင်ထွတ်မှ လုဟုန်းနှင့် သူ၏ တပည့်များ ရောက်လာပြီးချိန်တွင် မူလသူတော်စင်တောင်ထွတ်မှာ ငြိမ်းချမ်းခြင်း မရှိတော့ပေ။

လုဟုန်း၏ အဖွဲ့ကလည်း ဂူနန်းလိုအပ်သည့်အတွက် သူတို့ကိုလဲ ထပ်မံခွဲဝေပေးခဲ့ရပေသည်။

သည်လိုနှင့် ဂူနန်းအတွက် ယှဉ်ပြိုင်ပွဲများ စတင်ပေါ်ပေါက်လာတော့သည်။

အုပ်စု သုံးခုမှ တပည့်များ ကြားတွင် စွမ်းအားပေါ်အခြေခံ၍ ပြိုင်ဆိုင်မှုများ ရှိလာခဲ့ပြီးနောက် အနိုင်ရရှိသူသာလျှင် ဂူနန်းအား ရရှိပေသည်။

ပြီးခဲ့သော နှစ်များတွင် လုဟုန်း၏ အဖွဲ့မှာ များစွာသော ဂူနန်းယှဉ်ပြိုင်မှုများ ပြုလုပ်ခဲ့ပြီးနောက် အနိုင်ရလဒ်များစွာကို သိမ်းပိုက်ခဲ့သည်။ သည်လိုနှင့် သူ၏ တပည့်များ၏ အရည်အချင်းမှာ စိန်းထိုက်ယွမ်နှင့် လုစုန့်တို့၏ တပည့်များထပ် ကောင်းမွန်လာခဲ့ပေသည်။

ယခု နောက်ဆုံးကျန်ခဲ့သည့် ခရမ်းရောင် ဂူနန်းကိုပင် လုဟုန်း မျက်စိကျနေပြီဖြစ်သည်။

စိန်းထိုက်ယွမ်ကလည်း နောက်ဆုံးကျန်သည့် ခရမ်းရောင် မူလဂူနန်းကို လိုချင်ခဲ့ပေသည်။ သို့သော်လည်း သူ့ဘက်တွင် လုဟုန်း၏ တပည့်များကို ယှဉ်ပြိုင်နိုင်သူ မရှိကြောင်းကို သူသိပေသည်။

စည်းမျဉ်း စည်းကမ်းများအရ တပည့်တိုင်းသည် တစ်နှစ်လျှင် ဂူနန်းယှဉ်ပြိုင်မှုကို တစ်ကြိမ်သာ ပါဝင်ခွင့်ရှိသည်။ လက်ရှိအချိန်တွင် စိန်းထိုက်ယွမ်၏ လက်အောက်မှာ ဇူထိုက်ကဲ့သို့ တပည့်များကို သူတို့၏ ယှဉ်ပြိုင်ပွဲများတွင် အသုံးချပြီး ဖြစ်သည်။ ထိုကြောင့် နောက်ထပ်ဂူနန်း ယှဉ်ပြိုင်မှုတွင်ပါဝင်ရန်အတွက် သူ့တွင် ရွှေရောင်ခါးစည်း တပည့်များသာ ကျန်ရှိတော့သည်။

လုဟုန်းသည်လည်း သူလိုပင် ခရမ်းရောင်ခါးစည်းတပည့်များကို ယခင်က ယှဉ်ပြိုင်မှုများတွင် အသုံးပြုခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း လုဟုန်း၏ လက်အောက်တွင် ဝူကန်းကဲ့သို့ သန်မာသည့် ရွှေရောင်ခါးစည်းတပည့်များ များစွာ ရှိသေးသည်ကို စိန်းထိုက်ယွမ် သိပေသည်။

နှိုင်းယှဉ်ပါက စိန်းထိုက်ယွမ်၏ ရွှေရောင်ခါးစည်းတပည့်များမှာ တော်တော်လေး စွမ်းရည်နည်းပေသည်။

ထိုကြောင့် စိန်းထိုက်ယွမ်က တစ်လအကြာတွင် ကျင်းပမည့် ယှဉ်ပြိုင်ပွဲအတွက် များစွာ ယုံကြည်ချက် မရှိခြင်း ဖြစ်သည်။

လုစုန့်မှာလဲ အခြေအနေကို သတိထားမိသည့်အတွက် သူ၏ လေသံကို နိုမ့်ကာ ပြောလိုက်သည် “ဘာလို့ နည်းနည်း ကြာကြာ မစောင့်နိုင်ရတာလဲ။ နောက်တစ်နှစ်ရဲ့ အစရောက်ရင် ယှဉ်ပြိုင်ပွဲတွေက အစကနေ ပြန်စမှာပဲကို။”

ထိုအခိုက်တွင် စိန်းထိုက်ယွမ်၏ အမှုအယာမှာ မတည်မငြိမ်ဖြစ်သွားခဲ့သည်။ သို့သော်လည်း သူက နောက်ဆုံးတွင် ခေါင်းခါယမ်းလိုက်ပြီးနောက် အလေးအနက်ပြောလိုက်သည် “ငါနည်းလမ်း ရှာကြည့်ဦးမယ်။”

ထိုနောက် သူက လုစုန့်ကို လက်ဝှေ့ယမ်းပြလိုက်ပြီးနောက် ဇူယွမ်တို့ လူစုဘက်သို့ လှမ်းကြည့်ကာ တစ်ဖက်သို့ လှည့်ပြီး ထွက်ခွာသွားတော့သည်။

“ညီတော်ဇူယွမ်၊ အနာဂါတ်မှာ ငါတို့က ညီတော်ရဲ့ အဖွဲ့ဝင်တွေ ဖြစ်လာမယ်ထင်တယ်” ဇူထိုက်က ဇူယွမ်ကို ပြုံးပြကာ ပြောလိုက်သည်။ ကြည့်ရသည်မှာ သည်လူလဲ အတော်လေး ပွင့်လင်းပုံ ရပေသည်။

ဇူယွမ်က ပြန်လည်ပြုံးပြလိုက်ပြီးနောက် သူ၏လက်သီးနှစ်ဖက်ကို ဆုပ်ကာပြောလိုက်သည် “အကိုတော် ဇူထိုက်ကို နှုတ်ဆက်ပါတယ်။”

ဇူထိုင်က ပြောသည် “ဆရာစိန်းက အမြဲခပ်တန်းတန်းပဲ နေပေမယ့် သူက မင်းကို အများကြီး မျှော်လင့်ထားတယ်။”

ဇူယွမ်က ခေါင်းညိမ့်ကာ ထောက်ခံလိုက်သည်။ စိန်းထိုက်ယွမ်နှင့် သူတွင် မည်သည့် အဆက်အသွယ်မှ မရှိခဲ့သော်လည်း အစောပိုင်းက အဖြစ်အပျက်မှာ သူ၏မျက်လုံးထဲတွင် သဘောကျစေခဲ့သည်။ စိန်းထိုက်ယွမ်က ဇူယွမ်၏ ကျင့်ကြံခြင်းကို အထောက်အကူ ဖြစ်စေရန် နောက်ဆုံးကျန်နေသည့် ခရမ်းရောင် မူလဂူနန်းအတွက် လုဟုန်းနှင့် ယှဉ်ပြိုင်ခဲ့ပေသည်။

သည်အပြုအမှုက ဇူယွမ်ကို စိတ်လှုပ်ရှားစေခဲ့သည်။

တကယ်တော့ အခြားသူ တစ်ဦးဆိုပါက သူ၏ မြင့်မားသော အကြီးအကဲ အဆင့်အတန်းဖြင့် တပည့်တစ်ယောက် အတွက်မျှလောက်နှင့် အခြားအကြီးအကဲတစ်ဦးအား အပြစ်ပြုမည် မဟုတ်ပေ။

“စီနီယာ ဇူထိုက် အဲ့တာက ခက်ခဲလွန်းရင် ဆရာစိန်းကို အတင်းအကြပ် မကြိုးစားဖို့ ဖြောင်းဖျပေးပါ။” ဇူယွမ်က ပြောလိုက်သည်။ သူ့အနေဖြင့် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေကို အပြည့်အ၀ နားမလည်သေးသော်လည်းပဲ စိန်းထိုက်ယွမ်၏ နောက်ဆုံး ခရမ်းရောင် မူလဂူနန်းအတွက် ယှဉ်ပြိုင်လိုမှုကို အထင်သေးနေကြောင်း တွေ့ရပေသည်။

လုဟုန်းက သူအနိုင်ရမည်ဟု ကျိန်းသေ ယုံကြည်နေပေသည်။

ဇူထိုက်က ခါးသက်သက် ရယ်မောလိုက်ပြီး “ဆရာစိန်းက သူ့ရဲ့ စိတ်ထဲမှာ ဆုံးဖြတ်ချက် ချပြီးသွားရင် ဖြောင်းဖျဖို့ မဖြစ်နိုင်တော့ဘူး။ သူရဲ့ အကျင့်စရိုက်နဲ့ဆို… ဘယ်သူမှ သူ့ကို ဖြောင်းဖျနိုင်မှာ မဟုတ်ဘူး။”

ထိုနောက် သူက ဇူယွမ်၏ ပုခုံးကို ပုတ်လိုက်ပြီး နှစ်သိမ့်လိုက်သည် “သည်ကိစ္စနဲ့ ပတ်သတ်ပြီး မင်းစိတ်ပူဖို့ မလိုအပ်ပါဘူး။ ငါ ဂူနန်းယှဉ်ပြိုင်မှုမှာ ပါဝင်ဖူးတဲ့အတွက် နောက်ဆုံးခရမ်းရောင် မူလဂူနန်းယှဉ်ပြိုင်မှုမှာ ငါမင်းကို ကူညီပေးနိုင်မှာပါ။”

ဇူယွမ်က ခေါင်းညိမ့်လိုက်ပြီး နောက်ထပ် မည်သည့်စကားမှ မပြောတော့ပေ။

ထိုနောက် တပည့်များသည် အကြီးအကဲ လုစုန့်ကို လေးစားစွာ နှုတ်ဆက်လိုက်ကြပြီး အကြီးအကဲ စုန့်ထိုက်ယွမ်၏ နောက်သို့ လိုက်ပါသွားကြသည်။

လုစုန့်က သူတို့ထွက်ခွာသွားသည်ကို ကြည့်ရင်း သက်ပြင်းချလိုက်သည် “လူအိုကြီး စိန်းကတော့ သည်ကောင်လေးကို အရမ်းကြီး မျှော်မှန်းထားတာပဲ။ သည်ကောင်လေး နောက်ဆုံးကျန်တဲ့ ခရမ်းရောင် မူလဂူနန်းရရှိဖို့ လုဟုန်းနဲ့တောင် သူရင်ဆိုင်ခဲ့တယ်ဆိုတာ ငါတကယ် မယုံကြည်နိုင်ဘူး။”

လုယန်က လျှောက်လာရင်း မေးလိုက်သည် “အကြီးအကဲ စိန်းနိုင်မယ်လို့ ထင်လား။”

အုပ်စုသုံးခုသည် ယှဉ်ပြိုင်နေကြသော်လည်းပဲ လုစုန့်နှင့် စိန်းထိုက်ယွမ်တို့ လူစုသည် နှစ်ပေါင်းများစွာ ရင်းနှီးခဲ့ကြပေသည်။ လုဟုန်း၏ အုပ်စုမှာမှု ယခုမှပေါ်လာခဲ့ခြင်းဖြစ်ပေသည်။ ထိုပြင် သူတို့၏ နည်းလမ်းများမှာ လွန်စွာ အပေါ်စီးဆန်လှပေသည်။ ထိုကြောင့် လုစုန်းတို့ အုပ်စုမှာ ပုံမှန်အားဖြင့် စိန်းထိုက်ယွမ်တို့ အနိုင်ရရန်သာ မျှော်လင့်ကြပေသည်။

လုစုန့်က ခေါင်းခါယမ်းကာ ပြောလိုက်သည် “အဲ့တာက အရမ်းကို ခက်ခဲလွန်းတယ်။ လုဟုန်းရဲ့ လက်အောက်က တပည့်တွေက အတော်လေးကို ထူးချွန်ကြတယ်။ ခရမ်းရောင် ခါးစည်းတပည့်တွေက သူတို့ရဲ့ အလှည့်တွေကို အသုံးပြုပြီးသွားပြီ ဆိုရင်တောင်မှပဲ ကျန်ခဲ့တဲ့ ရွှေရောင်ခါးစည်းတပည့်တွေကို လုံး၀ လျော့တွက်လို့ မရဘူး။ ဥပမာ ဝူဂန်းဆိုရင် မူလစဦး ပဉ္စမအဆင့်တွေကြားမှာတောင် လက်ရွေးစင်ပဲ။ လူအိုကြီး စိန်းရဲ့ တပည့်တွေကြားထဲမှာ သူ့နဲ့ ယှဉ်နိုင်တဲ့သူ ဘယ်သူရှိလို့လဲ။”

“တောင်ထွတ်ရွေးချယ်မှု အခမ်းအနားရဲ့ ချန်ပီယံဖြစ်ခဲ့ပေမယ့်လို့လဲ ဇူယွမ်က တော်တော်လေး အားနည်းနေသေးတယ်မလား။ သည်ပွဲမှာ သူပါမလား ငါသိချင်မိတယ်။” ခရမ်းရောင် ခါးစည်းတပည့်က ရယ်မောကာ ပြောလိုက်သည်။

ထိုစကား ကြားရချိန်တွင် လုယန်က မျက်မှောင်ကြုတ်သွားပြီး “မင်းသူ့ကို အမြင့်ကြီး တွေးထားတာပဲ။ သူက အပြင်ဘက်တောင်မှာပဲ ချန်ပီယံဖြစ်ခဲ့တာလေ။ အခုအတွင်းတောင်မှာ သူဘာများ လုပ်နိုင်မှာလဲ။ သူ့အနေနဲ့ ဘာမှ မကြိုးစားခင် ပထမဆုံး တစ်နှစ် နှစ်နှစ်လောက် လိမ်လိမ်မာမာလေး လေ့ကျင့်နေသင့်တယ်။”

သူမက ဇူယွမ်ကို အထင်သေးနေခြင်း မဟုတ်ပဲ အမှန်ကို ပြောနေခြင်းမျှသာ ဖြစ်ပေသည်။ ဇူယွမ်က လုဖန်းအား အနိုင်ရရှိခဲ့သော်လည်း လုဖန်းမှာ မူလစဦး စတုတ္ထအဆင့် အထွတ်အထိပ်မျှသာ ရှိသေးသည်။ အတွင်းတောင်ရှိ ရွှေရောင်ခါးစည်းတပည့်များမှာ ထိုသန်မာမှုလောက် မကပေ။

အချို့သော ရွှေရောင်ခါးစည်းအဆင့် တပည့်များမှာ မူလစဦးအဆင့်ငါး ထက်ပင် သာလွန်သော အစွမ်းများ ရှိကြပေသည်။ ဝူဂန်းမှာလည်း ထိုသို့ပင် မူလသူတော်စင်တောင်ထွတ်မှ ရွှေရောင်ခါးစည်းအဆင့် တပည့်များကြားထဲရှိ အသန်မာဆုံး တစ်ယောက်ပင် ဖြစ်သည်။

သူမ၏ အမြင်တွင် ဇူယွမ်မှာ ပါရမီရှိသော်လည်း ယခုမှ အတွင်းတောင်သို့ ဝင်ရောက်လာသူ တစ်ယောက်သာ ဖြစ်ပြီး အခြားသော ရွှေရောင်ခါးစည်းတပည့်များနှင့် ယှဉ်ပြိုင်ရန် မလုံလောက်သေးပေ။ သည်အချိန်တွင် သူ၏ လေ့ကျင့်မှုကိုသာ အာရုံစိုက်နေသင့်ပေသည်။

ထိုခရမ်းရောင် တပည့်က ရယ်မောလိုက်သည်။ အစောပိုင်းက သူ စနောက်လိုက်ခြင်းသာ ဖြစ်ပေသည်။ လုယန်၏ တုန့်ပြန်မှုကို ကြားသောအခါ သူက ခေါင်းညိမ့်လိုက်ပြီး ပြောလိုက်သည် “ညီမလေး ပြောတာ မှန်တယ်။ တောင်ထွတ်ရွေးချယ်မှု အခမ်းအနားရဲ့ ချန်ပီယံတွေက သာမန်မဟုတ်ကြပေမယ့်လည်း ဘယ်သူမှ အကိုတော် ချူးချင်လို အံ့အားသင့်အောင် မလုပ်နိုင်ကြပါဘူး။”

လုယန်က သူမ၏ မျက်လုံးများကို ဝှေ့ကြည့်လိုက်ပြီး အနည်းငယ် စိတ်တိုသည့်ဟန်ဖြင့် ပြောလိုက်သည် “ကျေးဇူးပြုပြီး အကိုတော် ချူးချင်ကို အခြားဘယ်သူနဲ့မှ မနှိုင်းပါနဲ့လား။”

“အကိုတော် ချူးချင်က တစ်နှစ်အတွင်းမှာပဲ ခရမ်းရောင်ခါးစည်းတပည့် ဖြစ်လာခဲ့တဲ့ ဘယ်သူမှ မယှဉ်ပြိုင်နိုင်တဲ့ အမြန်နှုန်းနဲ့ သူပဲ။”

သူမက ချူးချန်၏ အမာခံ ဖန်တစ်ယောက် ဖြစ်ပြီး သူနှင့် အခြားသူများအား နှိုင်းယှဉ်သည်ကို မကြိုက်ပေ။

“ဟီးဟီး… ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။ ညီမလေးရဲ့ အသည်းကြော်ကို အခြားသူနဲ့ ငါမနှိုင်းသင့်ပါဘူး။ ဇူယွမ်က တောင်ထွတ်ရွေးချယ်မှု အခမ်းအနားရဲ့ ချန်ပီယံဖြစ်ခဲ့ပေမယ့်လည်း သူက အကိုတော် ချူးချင်နဲ့ ယှဉ်နိုင်မှာလဲ။” ခရမ်းရောင် ခါးစည်းတပည့်က ရယ်မောကာဖြင့် သူ၏ လက်နှစ်ဖက်ကို ဆုပ်ကာ တောင်းပန်လိုက်သည်။

ထိုအခါမှသာ လုယန်က ကျေနပ်စွာဖြင့် ခေါင်းညိမ့်လိုက်တော့သည်။

သူတို့နှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် ကျီဆယ်စကားဆိုနေကြသည်ကို မြင်သောအခါ လုစုန့်က မည်သည့်မှမပြောပဲ ရယ်မောကာ နေသည်။ သူက လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ကာ ထွက်ခွာ သွားလိုက်သည်။

“သွားကြစို့။”

“သည်တစ်ခေါက် ယှဉ်ပြိုင်မှုမှာ လူအိုကြီး စိန်း ဆိုးဆိုးရွားရွား မရှုံးနိုမ့်ဖို့ ငါမျှော်လင့်တယ်။ မဟုတ်ရင် ပြီးခဲ့တဲ့ နှစ်ဝက်တုန်းကလိုမျိုး ငါတို့ သူ့ရဲ့ အပြုံးကို မြင်ရမှာ မဟုတ်ဘူး။”

All Chapters