သူနှင့်သူငယ်ချင်းဖြစ်ခြင်း
Vol. 18 Ch. 256
ဖူရုန်ကျင်းသည် ဖုန်းယွီကို ကြည့်လိုက်ပြီး မယုံကြည်နိုင်စွာဖြင့် မေးလိုက်၏။
“အမေရိကန် ပြည်ထောင်စုက အီရပ်ကို စစ်ကြေညာမှာလား။ ဘယ်လိုလုပ် အဲ့ဒါဖြစ်နိုင်မှာလဲ”
“ဘာကြောင့် မဖြစ်နိုင်ရမှာလဲ။ ကမ္ဘာ့ကုလသမဂ္ဂက အီရပ်ကို သူ့ရဲ့တပ်ဖွဲ့တွေကို ကူဝိတ်ကနေ စေလွှတ်ချင်တယ်။ ပြီးတော့ ဆိုဗီယက် ပြည်ထောင်စုကလည်း သဘောတူတယ်။ ဒါပေမဲ့ အီရပ်က ငြင်းဆိုတယ်လေ။ အီရပ်တွေက ကူဝိတ်ရဲ့ သဘာဝ သယံဇာတတွေကို လိုချင်တယ်။ ဒါ့အပြင်ကို ကူဝိတ်ကို အီရပ်ရဲ့ ပြည်နယ်တစ်ခု ဖြစ်လာမယ်ဆိုရင် အဲ့ဒီအရာက ဥရောမကို အကျိုးသက်ရောက်မှု ရှိစေလိမ့်မယ်။ အဲ့ဒီအရာက ဥရောပ၊ အမေရိကန်ပြည်ထောင်စု၊ ဂျပန်နဲ့ အခြားကမ္ဘာ့နိုင်ငံတွေရဲ့ စီးပွားရေးကို သက်ရောက်မှု ရှိစေလိမ့်မယ်။ အဲ့ဒီအချက်က အီရပ်ကို ရေနံဆီ ဈေးနှုန်းတွေကို ထိန်းချုပ်ဖို့ ခွင့်ပြုသလိုမျိုး ဖြစ်သွားမှာ။ ပိုပြီးအရေးကြီးဆုံးက အမေရိကန် ပြည်ထောင်စုအနေနဲ့ ဆိုဗီယက် ပြည်ထောင်စုကို သူတို့ရဲ့ စွမ်းဆောင်ရည်တွေကို မြင်စေချင်တယ်။ ပြီးတော့ သူတို့ရဲ့ တုန့်ပြန်မှုကိုလည်း ကြည့်ချင်နေတာလေ”
အီရပ်သည် ဆိုဗီယက် ပြည်ထောင်စုနှင့် မိတ်ဖက်လည်း ဖြစ်စေသည်။ ပြီးနောက် အီရပ်စစ်တပ်သည်။ ဆိုဗီယက် ပြည်ထောင်စု၏ လက်နက်များကို တပ်ဆင်ထားသည်။ မဟုတ်ပါက သူတို့အနေဖြင့် ကူဝိတ်ကို တစ်ရက်အတွင်း ကျူးကျော်နိုင်လိမ့်မည် မဟုတ်ပေ။
ထိုကမ်းရိုးတန်းဒေသတွင် အီရပ်စစ်တပ်သည် အင်အားအကြီးဆုံးဖြစ်သည်။ သို့သော် အခြားကမ္ဘာ့နိုင်ငံများနှင့် ယှဉ်ပါက ဘာမှမဟုတ်ချေ။ အီရပ်သည် အီရန်နှင့် အတိတ်က ပြိုင်ဘက်ဖြစ်ခဲ့ပြီး အခြားသော နိုင်ငံများသည်လည်း သူတို့ကိုဘာမျှ မလုပ်နိုင်ပေ။ သို့သော် ကူဝိတ်ကတော့ ကွဲပြားခြားနားပေသည်။ မည်သည့်စစ်ပွဲမဆို ကမ္ဘာစီးပွားရေးကို သက်ရောက်မှု ရှိစေနိုင်သည်။ ပြီးနောက် ယခုအကြိမ်တွင် ယင်းက အတူတူပင်ဖြစ်၏။ ဖုန်းယွီသည် စစ်ပွဲအကြောင်းကို မတူညီသည့် ရှု့ထောင့်မျိုးစုံမှ ဆက်လက် စီစစ်လေ့လာသည်။ (ယူကရိန်း ရုရှားစစ်ပွဲသည် ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေး အခြေအနေနှင့် ငွေကြေး ဖောင်းပွမှုကို ဖြစ်ပေါ်စေခဲ့သည်။)
“ဒါပေမဲ့ မမှန်တဲ့အချက် ရှိသေးတယ်နော်။ တကယ်လို့ စစ်ဖြစ်ပြီဆိုတာနဲ့ ဆီဈေးတွေက မြင့်တက်သင့်တာမလား။ ထပ်ပြောရမယ်ဆိုရင် ဆီတွေကို စစ်ပွဲအတွင်းမှာ ဖျက်ဆီးခံရနိုင်ပြီးတော့ ဆီထောက်ပံ့နိုင်မှုကလည်း လျော့ကျသွားလိမ့်မယ်။ ဒါကဆဒ္ဒန်ဟူစိန်ရဲ့ ဆီတွေကို ကန့်သတ်ပြီးတော့ ဆီဈေးတွေကို မြင့်တက်ချင်တာနဲ့ ထပ်တူကျနေတယ်လေ”
ဖူရုန်ချီသည် အဘယ့်ကြောင့် ဈေးနှုန်းများ ကျဆင်းသွားမည်ကို နားမလည်နိုင်ပေ။ ဆီထောက်ပံ့နိုင်မှု နည်းပါက လိုအပ်မှုသည် တစ်ချိန်ထဲတွင် ထပ်တူညီလည်း ရှိနေသေးပါက ဈေးနှုန်းများသည်လည်း မြင့်တက်လာမည်ပင်။ ယင်းက စီးပွားရေး၏ အခြေခံ သဘောတရားပင်ဖြစ်သည်။
“ရေနံစိမ်းတင်ပို့တဲ့ အခြားကမ္ဘာ့နိုင်ငံတွေလည်း ရှိသေးတာပဲလေ။ အာရေးဗီးယား ပြီးတော့ ဆိုဗီယက် ပြည်ထောင်စုတွေ ကျန်သေးတယ်။ သူတို့က ဒီအခွင့်အရေးကို အသုံးချပြီးတော့ ရေနံစိမ်း ထုတ်လုပ်မှုကို တိုးမြင့်လိမ့်မယ်။ ဒါပေမဲ့ ဥရောပ အမေရိကန်ပြည်ထောင်စု ဂျပန်နဲ့ အခြားသော နိုင်ငံတွေက သေချာပေါက် အတူတကွ ဆီဈေးနှုန်းကို ဖိနှိမ်ထားကြမှာပဲ။ ပိုပြီးအရေးကြီးဆုံးက ရူဘယ်လ်ကျဆင်းမှုရဲ့ အဓိပ္ပာယ်က အမေရိကန်ဒေါ်လာ တန်ဖိုးတက်လာတာကို ပြသနေတာပဲ။ အမေရိကန်ဒေါ်လာ တန်ဖိုးတက်လာတယ်ဆိုရင် ရေနံစိမ်းတွေကလည်း အမေရိကန်ဒေါ်လာ ကျဆင်းတာနဲ့ ပြောင်းပြန်ဆက်စပ်မှု ရှိသွားလိမ့်မယ်”
ဖုန်းယွီ၏ ခန့်မှန်းမှုက အလွန်ပင် ကျိုးကြောင်းညီညွှတ်သည်။ ဖူရုန်ချီသည် လက်မခံနိုင် ရှိနေသေးဆဲဖြစ်၏။ သို့သော် ဖူရုန်ချီသည် ဖုန်းယွီ၏ ရွှေဈေးကွက် ခွဲခြမ်းစိတ်ဖြာမှုနှင့် ပတ်သတ်ပြီး သဘောတူသည်။
ဖူရုန်ချီသည် တကယ်ပင် ဖုန်းယွီသည် ထိုအရာများ အားလုံးကို သူတစ်ယောက်ထဲ လုပ်သည်လော။ သို့မဟုတ် သူ့နောက်တွင် အသင်းတစ်သင်း ရှိသည်လော ဆိုသည်ကို သိချင်နေ၏။ သို့မဟုတ် ထိုသတင်း အချက်အလက်များသည် တရုတ်နိုင်ငံ၏ အစိုးရဆီက ရသည်လော။ ပြီးနောက် ဖုန်းယွီသည် ထိုအချက်အလက်များကို ရရှိနိုင်သည့် တစ်ဦးတည်းသော သူလော။
“ရှောင်ယွီ မင်းက ကမ္ဘာ့စီးပွားရေးနဲ့ ပတ်သတ်ပြီးတော့ အရမ်းကို နှံ့စပ်တာပဲ။ တရုတ်နိုင်ငံမှာ မင်းလိုလူတွေရော အများကြီးရှိလား”
ဖူရုန်ချီက ပြောလိုက်၏။
“တရုတ်နိုင်ငံမှာ မရှိပါဘူး”
ဖုန်းယွီက ပြောလိုက်သည်။
ငါမင်းကို ခန့်မှန်းခိုင်းကြည့်မယ်လေ။ ငါမင်းကို ခန့်မှန်းခိုင်းကြည့်ရင်တောင် မင်းအနေနဲ့ အဖြေမှန်ကို ဘယ်တော့မှ ခန့်မှန်းနိုင်မှာ မဟုတ်ဘူး။ ဘာလို့လည်းဆိုတော့ ငါဒီကာလမှာ နေခဲ့ဖူးတဲ့ တစ်ယောက် ဖြစ်နေလို့ပဲ။
“ရှောင်ယွီ ဟောင်ကောင်ရဲ့ စီးပွားရေးကိုရော မင်းအနေနဲ့ ဘယ်လိုထင်လဲ။ ဘယ်အပိုင်းက ရင်းနှီးမြုပ်နှံမှု သင့်တော်သလဲ”
ဟောင်ကောင်လား။ ဖုန်းယွီသည် ဖူရုန်ချီ ဟောင်ကောင်အကြောင်း သူ့အားမေးမည်ဟု လုံးဝမမျှော်လင့်ခဲ့ပေ။ ဟောင်ကောင်သည် ဖူမိသားစု၏ ကစားကွက်ဖြစ်သည်။ အဘယ့်ကြောင့် သူ့အား မေးရသနည်း။
ဖုန်းယွီသည် တစ်ခဏကြာ တွေးလိုက်ပြီးနောက် ပြန်ပြောလိုက်သည်။
“တယ်လီကွန်မြူနစ်ကေးရှင်းနဲ့ အိမ်ခြံမြေ”
ဟောင်ကောင်တွင်ရှိသည့် တယ်လီကွန်မြူနစ်ကေးရှင်း လုပ်ငန်းကို လီဆိုသော မျိုးရိုးနာမည်ရှိသည့် လူနှစ်ယောက်က ချုပ်ကိုင်ထားသည်။ အကယ်၍ ဖူမိသားစုသာ ထိုနယ်ပယ်ထဲ ဝင်ရောက်ပါက အန္တရာယ်သည် အလွန်မြင့်မည်ပင်။ သို့သော် အိမ်ခြံမြေဈေးကွက်က အကြီးကြီးဖြစ်သည်။ ဖူမိသားစုအနေဖြင့် မည်သည့် ပြဿနာမှမရှိဘဲ ထိုလုပ်ငန်းတွင်းသို့ ဝင်နိုင်ပေ၏။
ယခုလက်ရှိတွင် ဟောင်ကောင်သားများသည် တရုတ်နိုင်ငံသို့ ဟောင်ကောင် ပြန်လည်လွှဲအပ်မည်ကို ကြောက်ရွံ့သည်။ သူတို့၏ အတွေးတွင် တရုတ်အစိုးရသည် သူတို့၏ ပိုင်ဆိုင်မှုများ အားလုံးကို ပြည်သူပိုင်သိမ်းပြီး တရုတ်နိုင်ငံသားများအတိုင်း ဆက်ဆံမည်ဟု ထင်သည်။ သူတို့သည် လစာအနည်းငယ်သာ ရရှိနိုင်ပေမည်။
ဟောင်ကောင် နိုင်ငံသား များစွာသည် အင်္ဂလန်၊ မလေးရှား၊ စင်္ကာပူ စသည့် အခြားနိုင်ငံများသို့ ပြောင်းရွှေ့သွားကြသည်။ သူတို့သည် ပိုင်ဆိုင်သမျှ အရာအားလုံးကို ယူဆောင်သွားသည်။ သို့သော် သူတို့၏ အိမ်ခြံမြေက မည်သို့ဖြစ်သွားသနည်း။ အကယ်၍ ဟောင်ကောင်မှ ဒီတိုင်း ထွက်ခွာလျှင်တောင် သူတို့၏အိမ်များကို မည်သူမှ ဝယ်ကြတော့မည် မဟုတ်ပေ။
ဟောင်ကောင်ရှိ အိမ်ခြံမြေဈေးကွက်သည် ယခင်၂နှစ်အတွင်း အတက်ဘက်သို့ ပြလာသော်လည်း အိမ်ခြံမြေဈေးကွက်၏ ဈေးနှုန်းသည် နည်းနေသေးဆဲဖြစ်သည်။ လူများစွာသည် အိမ်ဝယ်မည့်အစား ငှားယမ်းကြလေသည်။ သူတို့ တက်နိုင်လျှင်တောင် မဝယ်ယူကြပေ။ သူတို့၏ ငှားစရိတ်သည် အိမ်ယာချေးငွေထက်တောင် ပိုဈေးကြီးပေ၏။
ဖုန်းယွီသည်လည်း ထိုအကြောင်းကို အရင်က တွေးဖူးခဲ့သည်။ အကယ်၍သူ့တွင် ငွေပိုငွေလျံများ ရှိပါက သူသည်လည်း ဟောင်ကောင်တွင် မြေကွက်လွတ်အချို့နှင့် အဆောက်အအုံအချို့ ဝယ်ယူချင်သည်။ အိမ်ခြံမြေဈေးကွက်သည် ၁၉၉၅နောက်ပိုင်းတွင် ၂ဆထိ တိုးရရှိမည်ဖြစ်၏။
ယင်းက စိတ်ချယုံကြည်ရသည့် ရင်းနှီးမြုပ်နှံမှုဖြစ်ပြီး ပြန်ရမှာလည်း များပေသည်။ သို့သော် ထိုရင်းနှီးမြုပ်နှံမှုတွင် ငွေကြေးပမာဏများများ လိုအပ်ဆဲဖြစ်သည်။
“ရှောင်ယွီ ဟောင်ကောင်မှာ ရင်းနှီးမြုပ်နှံမှုအချို့ မင်းလုပ်ချင်သေးလား။ တကယ်လို့ အကူအညီ လိုတယ်ဆိုရင် ငါမင်းကို ကူညီဖို့ အဆင်သင့် ရှိပါတယ်”
ဖူရုန်ချီက ပြောလိုက်သည်။ ဖုန်းယွီသည် သူ့ကိုအချက်အလက် များစွာ ပြောခဲ့ပြီးဖြစ်သည်။ ဖူရုန်ကျင်း၏ ဆုံးရှုံးမှုကို သင်ခန်းစာ ရယူသည့်အတွက်ကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ ထို့ပြင် ဖူရုန်ချီသည်လည်း ဖုန်းယွီဆီမှ သတင်းအချက်အလက်များကို အလကားယူချင်သည့် စိတ်ဓာတ်မရှိပေ။
“ကောင်းပြီ ကျွန်တော် လိုအပ်တယ်ဆိုရင်တော့ ကျွန်တော်ဦးလေးကို အသိပေးမှာပါ”
....
နေ့လည်စာ စားပြီးနောက် ဖူမိသားစုက ထွက်ခွာသွားသည်။ ဖုန်းယွီသည် ဖုန်းခေါ်ဆိုမှုတစ်ခု ပြုလုပ်၏။ သူသည် ဟောင်ကောင်၏ အနာဂတ် ရွှေကုန်သွယ်မှုတွင် ကျွမ်းကျင်သူအား ရှာဖွေရန် လူငှားခဲ့သည်။ ဖုန်းယွီသည် သူ့ကို ခေါ်ယူချင်သည်ပင်။
“ခင်ဗျားက မစ္စတာဖုန်းလား။ ဒီလောက်ထိ ငယ်မယ်လို့ ကျွန်တော်လုံးဝ မမျှော်လင့်ခဲ့ဘူး”
ဟယ်ကျောက်ကျီက ဖုန်းယွီနှင့် တွေ့ဆုံစဉ် သူသည် စက္ကန့်အနည်းငယ် ထိုစီးပွားရေး သမားအနေဖြင့် ရင်းနှီးမြုပ်နှံမှု ကုမ္မဏီကို ထူထောင်ရန် ဆန္ဒရှိမှန်း တွေးပြီးသားဖြစ်သည်။ ယင်းက တရုတ်နိုင်ငံမှ စီးပွားရေးသမားလော။ သူသည် အရမ်း ငယ်ရွယ်လွန်းသည်။ သူ့တွင် ငွေကြေးပမာဏများများ ပိုင်ဆိုင်ထားသည်လော။
“မစ္စတာဟယ် ကျွန်တော် ဖုန်းပေါ်မှာ ကျွန်တော်အကြောင်းကို အများကြီး မရှင်းပြနိုင်ခဲ့ဘူး။ အဲ့ဒါကြောင့်မို့ ကျွန်တော် ကိုယ်တိုင်ကိုယ်ကျ တွေ့ဖို့ပဲ ရွေးချယ်ခဲ့တာ။ ကျွန်တော်မှာ အမေရိကန်ဒေါ်လာ သန်းငါးရာ ရှိပါတယ်။ ပြီးတော့ ကျွန်တော်အနေနဲ့ ဟောင်ကောင်မှာ ရင်းနှီးမြုပ်နှံမှု အချို့ပြုလုပ်ဖို့အတွက် ရင်းနှီးမြုပ်နှံမှု ကုမ္မဏီ ထူထောင်ချင်တယ်။ မကြာသေးခင်က ရွှေဈေးက အလုပ်ဖြစ်မယ်လို့ ကျွန်တော် ခံစားမိတယ်။ ပြီးတော့ ကျွန်တော်ကြားတာက ခင်ဗျားက ဒီနယ်ပယ်မှာ ကျွမ်းကျင်ပညာရှင်တစ်ယောက်ဆို။ ဒီအတွက်ကြောင့်ပဲ ကျွန်တော်က ခင်ဗျားဆီလာပြီး အကူအညီ တောင်းတာပေါ့။ ဘယ်လောက် ခင်ဗျားလိုချင်လဲ။ ကျွန်တော်ကို ပွင့်ပွင့်လင်းလင်းသာ ပြောပါ”
“မစ္စတာဖုန်း ခင်ဗျားကျွန်တော်ကို အရမ်းယုံကြည်တာလား”
“ကျွန်တော် ခင်ဗျားကိုအရင် စမ်းသပ်စရာ ရှိသေးတယ်။ ကျွန်တော် ဆုံးဖြတ်ချက် မချခင်မှာ နောင်ဖြစ်လာမဲ့ ရွှေဈေးကွက်အကြောင်းကို ခင်ဗျားရဲ့အမြင်ကို ကျွန်တော် သိချင်တယ်”
အကယ်၍ တစ်စုံတစ်ယောက်အနေဖြင့် အမေရိကန်ဒေါ်လာ သန်းငါးရာ အသုံးပြုပါက အကျိုးရလဒ်အနေဖြင့် တစ်နှစ်စာ ပြန်ရမည်က အနည်းဆုံး တစ်ဆယ်ရာခိုင်နှုန်း ဖြစ်ရပေမည်။ အမေရိကန်ဒေါ်လာ သန်းငါးဆယ် ပြန်ရမည်ဖြစ်၏။ အကယ်၍သူသာ ထိုရင်းနှီးမြုပ်နှံမှု ကုမ္မဏီကို စီမံခန့်ခွဲပါက သူ၏နှစ်စဉ်လစာသည် အမေရိကန်ဒေါ်လာ ငါးသိန်းနှင့်အထက် ရှိပေမည်။ ယင်းက သူကိုယ်တိုင် ရွှေကုန်သွယ်ခြင်းထက်တောင် ပိုရမည်ဖြစ်၏။
သို့သော် အားနည်းချက်များလည်း ရှိပေသေး၏။ အချို့သော ပွဲစားများသည် သူတို့သူဌေး၏ ရင်းနှီးမြုပ်နှံမှုကို ဆုံးရှုံးအောင် လုပ်ခဲ့ကြသည့်အတွက် သက်သေသွားကြသည်။ သို့သော် ဟယ်ကျောက်ကျင်းသည် ယခုတစ်ကြိမ်တွင် လောင်းကြေးထပ်ရန် ဆုံးဖြတ်ချက် ချခဲ့သည်။ သူသည် သူ့၏ ရွှေဈေးကွက် ခန့်မှန်းတွက်ချက်မှုကို ယုံကြည်သည်။ သူ့အနေဖြင့် သူ့သူဌေးကို အများကြီးရအောင် ကူညီပေးနိုင်စွမ်းရှိပြီး သူသည်လည်း ကိုယ်တိုင်အတွက် ကော်မရှင်ခများစွာ ရမည်ပင်။
ဟယ်ကျောက်ကျင်းသည် ဖုန်းယွီကို ရွှေဈေးကွက်အကြောင်း စတင်ပြော၏။ ဖုန်းယွီသည် သူပြောတာကို ဂရုတစိုက် နားထောင်သည်။ ပြီးနောက် ဖြတ်မပြောပေ။ ဟယ်ကျောက်ကျင်းသည် ဖုန်းယွီ၏ အတိတ်ဘဝတွင် ရုတ်တရက် ၁၉၉၀မှ ၁၉၉၁ခုနှစ်ထိ ကျော်ကြားခဲ့သည်။ ဟယ်ကျောက်ကျင်းသည် ရွှေဈေးကွက် စီစစ်မှုသည် ဖုန်းယွီနှင့် အတူတူပင်ဖြစ်၏။ ပြီးနောက် သူသည် ရွှေကုန်သွယ်သည်မှာ ငါးနှစ်ကျော်ပြီဖြစ်သည်။ သူသည် အတွေ့အကြုံ ရခဲ့ပြီဖြစ်သည်။ ယင်းအဓိပ္ပာယ်က စုဆောင်းခြင်း လူသစ်ခေါ်ခြင်း ဖြစ်ပေသည်။
....
ဖူရုန်ချီသည်လည်း ရွှေဈေးကွက်အပေါ် ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှုကို သူ၏အသင်း၏ အမြင်ကို နားထောင်နေသည်။ သူတို့သည် ရွှေဈေး ဆက်လက် မြင့်တက်မည်ဟု သဘောတူကြသည်။ သို့သော် အချို့သော စီစစ်သူများက ရွှေဈေးကွက်သည် အစပိုင်းတွင် ပြန်ကျမည်ဖြစ်ပြီး နောက်ပိုင်းမှ ပြန်တက်လာမည်ဟု ဆိုသည်။
ရေနံစိမ်း ဈေးကွက်သည် နောက်နှစ်တွင် ကျဆင်းရန်အတွက်မူ မည်သူမှ မခန့်မှန်းနိုင်ပေ။ သူတို့အကုန်လုံး စစ်ပွဲစတင်မည်ဟု ခံစားရသည်။ ရေနံစိမ်းသည် သေချာပေါက် မြင့်တက်ရမည်ပင်။
ဖုန်းယွီသည် ရူဘယ်လ်၏တန်ဖိုး ဆက်လက် ကျဆင်းမည်ဟု ခန့်မှန်းထားသည်။ ဆိုဗီယက် ပြည်ထောင်စု၏ အခြေအနေက ပိုဆိုးလာသည်။ အမေရိကန် ပြည်ထောင်စုသည် စစ်ကြေညာမည်ဖြစ်သည်။ ဖူရုန်ချီ၏ အသင်းမှ မည်သူမှ ထိုအခြေအနေများကို ခန့်မှန်းနိုင်စွမ်း မရှိပေ။
ထိုအရာများသာ တကယ်ဖြစ်ခဲ့ပါက ဖုန်းယွီ၏ သတင်းရသည့် အရင်းအမြစ်သည် တကယ်ပင် စွမ်းအားကြီးမားကြောင်း သက်သေပြရာ ရောက်ပေမည်။
ဖူရုန်ချီသည် ထိုအခြေအနေကိုကြည့်ရန် စောင့်ဆိုင်းမည်ဟု ဆုံးဖြတ်ချက် ချလိုက်သည်။ ထိုဖုန်းယွီ မျှော်မှန်းထားသလို အခြေအနေများ တကယ်ဖြစ်ခဲ့ပါက ဖူမိသားစုသည် ရွေးချယ်စရာ တစ်ခုသာရှိသည်။ သူတို့သည် ဖုန်းယွီနှင့် မိတ်ဆွေ ဆက်ဖြစ်ရမည်ပင်။