← Chapters

စီချွမ်း လေကြောင်းလှိုင်း

Vol. 18 Ch. 257

စီချွမ်း လေကြောင်းလှိုင်း

Vol. 18 Ch. 257

ဖုန်းယွီ၏ စိတ်အခြေအနေက အလွန် ကောင်းမွန်နေသည်။ အကြောင်းမှာ သူသည် အိုက်ဝ၏ ရှယ်ယာများကို ထိန်းချုပ်နိုင်ခဲ့ပြီးဖြစ်သည်။ သူသည် လေနှင့်မိုး အကြံပေး ကုမ္မဏီကိုလည်း တည်ထောင်ခဲ့ပြီးဖြစ်၏။ ဝီလ်ဆင်သည် ထိုကုမ္မဏီသည် အမေရိကန်ဒေါ်လာ ငါးရာရှိသည်ဟု ကြားသည့်အခါ သူကိုယ်တိုင်ကိုယ်ကျ ထိုကုမ္မဏီအတွက် တရားဝင်အကြံပေး ဖြစ်လာခဲ့သည်။ ဖုန်းယွီသည်လည်း ဟယ်ကျောက်ကျီကို ရောင်းဝယ်သည့် အသင်းတစ်ခု ဖွဲ့စည်းစေ၏။ သူသည် ဟယ်ကျောက်ကျီကို ပြောထားသည်က ဦးတည်ချက်လားရာသည် မပြောင်းလဲပေ။ သို့သော် သူ့အနေဖြင့် ဝယ်ယူမှုနှင့် ရောင်းချသည့် ဈေးနှုန်းကို အနည်းငယ် ချိန်ညှိနိုင်သည်။ သို့သော် ဖုန်းယွီကို နေ့တိုင်းဖုန်းမှ အစီရင်ခံရမည် ဖြစ်ပေသည်။

ဖုန်းယွီသည် သူ၏ရင်းနှီးမြုပ်နှံမှုကို အခြေခိုင်စေချင်သည်။ အနာဂတ်တွင် သူ့ထံမှ အခွင့်အရေး မြောက်များစွာမှ ငွေများရရှိနိုင်မည်ဖြစ်သည်။ အကယ်၍ ဟယ်ကျောက်ကျီသည် အကြိမ်တစ်ရာကျော် အသုံးပြုပါက ရွှေဈေးသည် အလွန်မြင့်မားသွားလိမ့်မည်ဖြစ်ကာ သူ့အနေဖြင့် ပမာဏများများ ဆုံးရှုံးမည် ဖြစ်ပေသည်။ အကယ်၍ ဖုန်းယွီသည် အမေရိကန်ဒေါ်လာ တစ်သန်းသာ အသုံးပြုသည်ဆိုပါက သူ့အနေဖြင့် အန္တရာယ်ကို ရွေးချယ်ပေရပေမည်။ သို့သော်သူသည် အမေရိကန်ဒေါ်လာ သန်းငါးရာ အသုံးပြုပြီးနောက် သူ့အနေဖြင့် လုံခြုံစေချင်သည်။ နောက်နှစ်တွင် ရွှေနှင့်ရေနံဆီသည် သေချာပေါက် အကျိုးအမြတ် များမည်ဖြစ်ရာ ထိုအခွင့်အရေးများက ဖုန်းယွီကို သန်းတစ်ရာကျော် ရှာနိုင်သည့် အခွင့်အရေးပင် ဖြစ်ပေမည်။

ဖုန်းယွီသည် ရင်းနှီးမြုပ်နှံမှုကို စိတ်ချရန် လိုအပ်ပြီး ယခုလက်ရှိတွင် မည်သည့် ဆိုးကျိုးကိုမှ မလိုချင်ပေ။

သူရွှေဈေးတွင် အမေရိကန်ဒေါ်လာ သန်းငါးရာ ရင်းနှီးမြုပ်နှံသလို ဖူမိသားစုကို နောက်ထပ် ဖုန်းယွီလှည့်စားဖို့ကလည်း မဖြစ်နိုင်ပေ။ သူ့အနေဖြင့် ငွေကြေးများစွာကို အသုံးပြုပြီး သူတို့အား မညစ်ပတ်လိုပေ။ ထပ်ပြောရပါက ဖူရုန်ချီ၏ အသင်းသည်လည်း ယခုနှစ်တွင် ရွှေဈေးများ တက်လာမည်ဟု ခန့်မှန်းသည်။ ဖူရုန်ချီသည်လည်း ရွှေဈေးကွက်တွင် ပမာဏများများ ရင်းနှီးမြုပ်နှံထားသည်။ ဖူရုန်ချီသည် ဖူရုန်ကျင်းကို သူ၏ကုမ္မဏီ ချောချောမွေ့မွေ့ဖြင့် လည်ပတ်ရန်အတွက် သန်းတစ်ရာ ချေးပေး၏။ ဖူရုန်ကျင်းသည် သူ၏အဆက်အသွယ်များထံမှ ငွေကြေးအချို့ ချေးပြီးနောက် ဖူရုန်ချီဆီသို့ လွှဲပြောင်းခဲ့သည်။ သူ့အနေဖြင့် ပိုင်ဆိုင်မှုများကို ပြန်လည်ရယူချင်လို၏။

ဖူရုန်ချီက သက်ပြင်းချလိုက်သည်။ ငွေကြေးဈေးကွက်တွင် မပြောအပ် မလုပ်အပ်ဟု တားမြစ်ထားသည်က ပြန်ရမှုကို ကြီးရန်နှင့် အန္တရာယ်ကို လျစ်လျူရှု့မထားရန်ဖြစ်သည်။ ညတွင်းချီ ဘီလံနာတစ်ယောက် ဖြစ်နိုင်ပြီး ညတွင်းချင်း ဒေဝါလီလည်း ခံရနိုင်ပေ၏။

သို့သော် ယခုအချိန်တွင် ဖူရုန်ချီသည် ဖူရုန်ကျင်းကို ရင်းနှီးမြုပ်နှံရန် ကူညီသေးဆဲဖြစ်သည်။ သူသည် အခြားညီအစ်ကို နှစ်ယောက်ကိုလည်း အတူတကွ ရင်းနှီးမြုပ်နှံရန်အတွက် မေး၏။

ယင်းက မိသားစုအတွက် အကျိုးအမြတ်ပင် ဖြစ်သည်။ မိသားစုဝင်တစ်ယောက်သည် ငွေကြေး အခက်အခဲ ကြုံတွေ့ရသည့်အခါ အခြားသူများသည် သူ့အား ငွေချေးခြင်းက ဖြစ်သင့်သည့် အစဉ်အလာပင်ဖြစ်သည်။ ထို့ပြင် မိသားစုဝင်တစ်ယောက် ပြိုင်ဘက်၏ ဖိနှိပ်မှုကို ခံရသောအခါ အခြားမိသားစုဝင်များက အတူတကွ ပြန်လည်တိုက်ခိုက်သည်မှာလည်း ဖြစ်ရိုးဖြစ်စဉ်ဖြစ်၏။ ဖုန်းယွီနှင့် ဖူမိသားစု၏ ဆက်ဆံရေးမှာ တိုးတက်လာပြီး ဖူမိသားစုသည် ယင်းကို ပထမနေရာတွင် ဦးစားပေးသည်။ ဖူရုန်ချီသည် ကောက်ကျစ်သည့်သူ ဖြစ်သည်။ ပြီးနောက် ဖုန်းယွီသည်လည်း သူဘာစဉ်းစားနေသည်ကို မပြောနိုင်ပေ။ သို့သော် တစ်နေ့တွင် ဖုန်းယွီသည် ဖူမိသားစု တစ်စုလုံးကို သူ့နောက်လိုက် ဖြစ်စေရမည်ဟု ဆုံးဖြတ်ချက် ချထားပြီး သူ၏အမိန့်များကို နာခံစေမည်ဖြစ်သည်။

....

အောက်တိုလာလကုန် ရောက်လာပြီဖြစ်သည်။ ဖုန်းယွီနှင့် ဟိုဟိုက်ထောင်သည် ထျန်ဖူသို့ သွားကြ၏။ ကီရီလန်ကိုသည်လည်း ဖုန်းယွီကို သတင်းကောင်း ပေးခဲ့သည်။ ရုရှားအနေဖြင့် ဆိုဗီယက် ပြည်ထောင်စုမှ ထွက်ခွာမည်ဟု ကြေညာပါက ဆိုဗီယက် ပြည်ထောင်စု၏ စက်ရုံများမှ ခေါင်းဆောင်များသည်လည်း ကြပ်တည်းလာမည်ဖြစ်သည်။

ကီရီလန်ကိုသည် တရုတ်နိုင်ငံသို့ လေယာဉ်များ ရောင်းချရန်အတွက် စက်ရုံနှစ်ခုနှင့် စာချုပ်များ ချုပ်ဆိုပြီဖြစ်၏။ ပထမဦးဆုံး မော်ဒယ်သည် လူတင်လေယာဉ်ဖြစ်သည့် Tubolev TU154 ပြီးနောက် နောက်ထပ် မော်ဒယ်တစ်ခုမှာ စစ်ဖက်ဆိုင်ရာသုံး လေယာဉ် Iiyushin II76 ဆိုဗီယက် ပြည်ထောင်စုသည် ယခုလက်ရှိတွင် လေယာဉ်များ ပိုလျံနေသည်။ ထိုလေယာဉ်များအတွက် အသုံးပြုရန်လည်း မရှိပေ။ ပြီးနောက် ထိုလေယာဉ်များကိုလည်း ဝယ်ယူသည့်သူ မရှိပေ။ စက်ရုံများသည် ထိုလေယာဉ်များအား ဆက်လက် ထုတ်လုပ်နေဆဲပင်ဖြစ်သည်။ ယခုလက်ရှိတွင် စက်ရုံမန်နေဂျာများသည် ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲတော့မည်ဖြစ်ကြောင်း သိပေသည်။ ပြီးနောက် သူတို့သည် ထိုအရာများကို ငွေကြေးအဖြစ် ပြောင်းလဲချင်ကြသည်။

Tubolev TU154 သည် ကောင်းမွန်သော အခြေအနေတွင် ရှိနေသေးသည်။ အကြောင်းမှာ ယင်းက စီးပွားဖြစ် လေယာဉ်ဖြစ်သည့်အတွက်ပင်။ ယခုလက်ရှိ တရုတ်ပြည်တွင် ထိုလေယာဉ်များအတွက် ဈေးကွက်တန်ဖိုးသည် ယွမ်သန်းခြောက်ဆယ် ဖြစ်သည်။ Iiyushin II76အတွက်မူ တရုတ်သည် အနည်းငယ်သာ ဝယ်ယူထားသည်။ တရုတ်က ထိုလေယာဉ်များကို စစ်ဖက်ဆိုင်ရာတွင် အသုံးပြုရန်ဟု ပြောဆိုထားသည်။ လက်တွေ့တွင် ထိုလေယာဉ်များကို ဝယ်ယူပြီးနောက် ပြန်လည် ပြင်ဆင်ပြီး တုပပြုလုပ်ခြင်း ဖြစ်သည်။ တရုတ်နိုင်ငံသည် ထိုအချိန်တွင် ဘိုးအင်း၏ ကြီးမားသော ခရီးသည်တင် လေယာဉ်များကို မတက်နိုင်ပေ။ ထိုလေယာဉ်ကြီးများသည် ယွမ်သန်းနှစ်ရာကျော် တန်ဖိုးရှိကြပေ၏။

စီချွမ်းလေကြောင်းလှိုင်းသည် ၁၉၈၈ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ယခုလက်ရှိတွင် လေယာဉ် သေးငယ်လေးများဖြစ်သော ဟာဘင်း Y7 နှင့် ဟာဘင်း Y12 ကိုသာ အသုံးပြုနေသည်။ ထိုလေယာဉ်များသည် ထိုင်ခုံငါးဆယ်အောက် လျော့နည်းကာ ယင်းက စီချွမ်းလေကြောင်းလှိုင်း လိုအပ်သည့် အရေအတွက်နှင့် ထပ်တူကျခြင်း မရှိပေ။ ယင်းက တရုတ်နိုင်ငံရှိ လေကြောင်းလှိုင်းများအားလုံး ရင်ဆိုင်နေရသည့် ပြဿနာတစ်ရပ်ဖြစ်သည်။ စီချွမ်းလေကြောင်းလှိုင်းသည် ယခုလက်ရှိတွင် လေယာဉ်ကြီးများ ဝယ်ယူရန်အတွက် ရန်ပုံငွေ လျှောက်ထားဆဲဖြစ်၏။

“ဒါရိုက်တာဟို စိတ်မပူပါနဲ့ဗျာ။ တကယ်လို့ အပေးအယူက ချောချောမွေ့မွေ့ ဖြစ်တယ်ဆိုတာနဲ့ ကျွန်တော် ကတိပေးထားတဲ့အတိုင်း ခင်ဗျားကို သေချာပေါက် ပေးမှာပါ”

မြို့ပြလေကြောင်း ညွှန်ကြားရေးမှူးရုံးသည် မတော်တဆမှု တစ်ခုခုကြောင့် ထိုအပေးအယူ ပျက်ခြင်းမှ ကာကွယ်ရန်အတွက် ဖုန်းယွီသည် ဟိုဟိုက်ထောင်ကို တစ်ပါထဲ ခေါ်ခဲ့သည်။ သူသည် ဘင်းမြို့တော် လေယာဉ်ထုတ်လုပ်သည့် စက်ရုံ၏ ကာကွယ်မှုကို လိုအပ်ပေ၏။ ထို့အပြင် Iiyushin II76သည် စစ်ဖက်သုံး လေယာဉ်ဖြစ်ပြီး အများပြည်သူ ပို့ဆောင်သည့် လူစီးလေယာဉ်အဖြစ် ပြောင်းလဲနိုင်သော်ငြား စည်းမျဉ်းသတ်မှတ်ချက်များနှင့် ဆန့်ကျင်နေသေးဆဲဖြစ်သည်။

“ကျွန်တော် ခင်ဗျားကို ယုံပါတယ်။ ဒီအတွက်လည်း စိတ်ပူဖို့ မလိုအပ်ပါဘူး။ စီချွမ်းလေကြောင်းလှိုင်းက ဒါရိုက်တာချွမ်းနဲ့ အကြိမ်များစွာ ကျွန်တော် တွေ့ပြီးပါပြီ။ ကျွန်တော်တို့က သူငယ်ချင်းတွေ မဟုတ်ကြပေမဲ့ ကျွန်တော်တို့တွေ မကြာခဏ တွေ့ဖူးပါတယ်။ ခင်ဗျားဘာမှ ဆုံးရှုံးမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ မန်နေဂျာဖုန်း ခင်ဗျားရဲ့ စီးပွားရေးက ပိုပိုပြီး ကြီးလာတယ်နော်။ အခု လေယာဉ်တွေတောင်မှ ခင်ဗျားဝယ်နိုင်နေပြီ”

ဟိုဟိုက်ထောင်သည် သက်ပြင်းချရုံသာ တက်နိုင်သည်။

ဖုန်းယွီသည် ဟိုဟိုက်ထောင်ကို ယခုအရောင်းအဝယ်အကြောင်း ပြောသည့်အခါ သူသည် ဖုန်းယွီသူ့အား နောက်နေသည်ဟု ထင်ခဲ့သည်။ လေယာဉ်ရောင်းမည်လော။ လေယာဉ်တစ်စီး၏ ကုန်ကျငွေကို ဘယ်လောက်သိသလဲ။

သို့သော် ယင်းက အမှန်တကယ်ဖြစ်သည်။ အထူးသဖြင့် ဖုန်းယွီသည် သူ့ကို Iiyushin နှင့် Andonov စီးရီး၏ အင်ဂျင်နည်းပညာများကို ရယူပေးမည်ဟု ပြောထားသည်။ ယင်းက ဟိုဟိုက်ထောင်အတွက် ဆွဲဆောင်စရာပင် ဖြစ်သည်။ သူသည် ချက်ချင်းပင် သဘောတူလိုက်ပြီး ဖုန်းယွီကို ဝယ်သူနှင့် ဆက်သွယ်ပေးလိုက်တော့၏။

ဟိုဟိုက်ထောင်ကြောင့်သာ ဖုန်းယွီသည် ယခုစီးပွားရေးကို လုပ်ရဲခြင်း ဖြစ်ပေသည်။ မဟုတ်ပါက သူသည် လေယာဉ်များကို ယူဆောင်ပြီးပါက တရုတ်အာဏာပိုင် အဖွဲ့အစည်းများက သူ့အား ရောင်းရန် တားမြစ်မည် ဖြစ်ပေမည်။ သူ့ပိုက်ဆံများအားလုံး ရေစုန်မျောသွားမည်ဖြစ်၏။

....

“အိုး ဒါရိုက်တာဟို ကျွန်တော်တို့တွေ မတွေ့ရတာ တော်တော် ကြာပြီပဲ။ ကျွန်တော်တို့တွေ နောက်ဆုံးတွေ့တာက ပေကျင်းမှာလုပ်တဲ့ အစည်းအဝေးမှာ မဟုတ်ဘူးလား။ ဟုတ်သား မန်နေဂျာဖုန်းရော ဘယ်မှာလဲ။ ခင်ဗျားပြောတာက သူက ဒီကို လေယာဉ်တွေ လာရောင်းမယ်လို့ ပြောတာနော်။ ဘာကြောင့် သူခင်ဗျားနဲ့တူတူ မပါလာတာလဲ”

ဒါရိုက်တာချန်းက ဟိုဟိုက်ထောင်နှင့်တွေ့စဉ် လက်ဆွဲနှုတ်ဆက်ရင်း ပြောလိုက်၏။

ဖုန်းယွီက

“....”

ငါကမမြင်ရဘူးလား။ ငါ ဟိုဟိုက်ထောင်ထက် အရပ်ရှည်တယ်လေ။ မင်းကငါ့ကို မမြင်ရဘူးလား။

ဟိုဟိုက်ထောင်က ဖုန်းယွီကို လက်ညိုးထိုးလိုက်ပြီးနောက် သူ့အား မိတ်ဆက်ပေးလိုက်သည်။

“ဒါရိုက်တာချန်း ဒါက ထိုက်ဟွကုန်သွယ်ရေးရဲ့ အထွေထွေ မန်နေဂျာဖုန်း။ မန်နေဂျာဖုန်း ဒါက စီချွမ်းလေကြောင်းလှိုင်းရဲ့ ဒါရိုက်တာ ဒါရိုက်တာချန်း”

ဒါရိုက်တာချန်းသည် ဖုန်းယွီကို လက်ဆွဲနှုတ်ဆက်လိုက်သည်။ သူ၏မျက်နှာထက်တွင် အံ့အားသင့်ပြီး ဝေခွဲရခက်သည့် သွင်ပြင်မျိုး ရှိနေ၏။ သူသည် ဖုန်းယွီကို ဟိုဟိုက်ထောင်၏ အတွင်းရေးမှူးဟု တွေးခဲ့ခြင်းဖြစ်သည်။

“မန်နေဂျာဖုန်း ကျွန်တော် တောင်းပန်ပါတယ်ဗျာ။ ကျွန်တော် ခင်ဗျားကို သတိမပြုမိခဲ့ဘူး။ ထိုင်ပါအုံး။ ရှောင်ဖုန်းထောက် သွားပြီးတော့ ငါတို့ရဲ့ ဧည့်သည်တွေအတွက် လက်ဖက်ရည်အချို့ သွားယူချေ”

ဒါရိုက်တာချန်းသည် ရှောင်ဖုန်းဟု ခေါ်ချင်သော်လည်း ယင်းကဖုန်းယွီကို မလေးစားရာ ကျသည်ဟု သူခံစားမိသည်။ သူသည် သူ၏အတွင်းရေးမှူးကို ရှောင်ထောက်ဟုလည်း မခေါ်နိုင်ပေ။ ယင်းက ဟိုဟိုက်ထောင်ကို မလေးစားရာ ကျပေမည်။ သူ၏အတွင်းရေးမှူးကို နာမည်ပြောင်းခိုင်းရန် သို့မဟုတ် သူ့အတွင်းရေးမှူးအား သူ၏နာမည်ကို ပြောင်းရမည်ဟု သူတွေးမိလိုက်၏။

“လာပါ ဆေးလိပ် သောက်ပါအုံး”

ဖုန်းယွီက လက်ယမ်းပြလိုက်ပြီး

“ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က မသောက်ပါဘူး”

“မန်နေဂျာဖုန်း ဒါရိုက်တာဟိုဆီကနေ ကြားတာက လေယာဉ်တွေကို ဈေးနည်းနည်းနဲ့ ရနိုင်မယ်လို့ပြောတယ် ဟုတ်လား”

ဒါရိုက်တာချန်းက မေးလိုက်၏။ ဖုန်းယွီက ပြုံးလိုက်ပြီး အခြားဝယ်သူသည် စိတ်အားတက်ကြွလေ ယခုရောင်းချမှု ပိုမိုအောင်မြင်ရန် အခွင့်အရေး မြင့်မားလေဖြစ်သည်။

“သေချာတာပေါ့။ ယခုလက်ရှိမှာ ကျွန်တော်မှာ မော်ဒယ်နှစ်မျိုးပဲ ရှိတယ်။ တစ်ခုက Tubolev TU154 နောက်ထပ်တစ်ခုကကျတော့ Iiyushin II76 ဒီလေယာဉ်တွေ အကုန်လုံးက အသစ်တွေဆိုတာ ငါအာမခံတယ်။ Tubolev TU154 ကကျတော့ ခရီးသည်တင်လေယာဉ် နောက်ထပ် တစ်ခုကကျတော့ စစ်တပ်ဖက်ရော ခရီးသည်ပါ နှစ်မျိုးလုံး သုံးလို့ရတယ်။ တကယ် မင်းတို့လိုအပ်တာကို မူတည်ပြီးတော့ ငါပြောင်းလဲမှုအချို့ ပြုလုပ်ပေးနိုင်တယ်”

ဒါရိုက်တာချန်း၏ မျက်လုံးများက လင်းလက်သွားတော့သည်။ ထိုအရာများ အားလုံးသည် ကြီးမားသည့် ခရီးသည်တင် လေယာဉ်များ ဖြစ်ကြသည်။ ထိုလေယာဉ်များသည် ယခုလက်ရှိ လေယာဉ်များထက် အနည်းဆုံး သုံးဆရှိပေမည်။

“ဈေးနှုန်းကရော”

“ဒါရိုက်တာချန်း ခင်ဗျားရဲ့ မျှော်မှန်းဈေးကရော ဘယ်လောက်လဲ။ ပြီးတော့ ခင်ဗျား လေယာဉ်ဘယ်လောက်လောက် လိုအပ်တာလဲ”

ဖုန်းယွီက ပြုံးလိုက်ပြီးနောက် ဒါရိုက်တာချန်းကို မေးလိုက်သည်။ သူ့အနေဖြင့် ဒါရိုက်တာချန်း ဘယ်လောက် ကမ်းလှမ်းမည်ဆိုတာကို သိချင်နေသည်။ မည်သည့်ဈေးနှုန်းပင် ဖြစ်စေကာမူ ဖုန်းယွီသည် အမြတ်များ ရဆဲဖြစ်မည်ပင်။ ထို့ပြင်သူသည် ထိုလေယာဉ်များကို ဈေးအနည်းငယ်ဖြင့်သာ ရရှိခဲ့သည်။

“ကျွန်တော် ငါးစီးလိုချင်တယ်။ Tubolev TU154 သုံးစီး၊ Iiyushin II76 နှစ်စီး။ ကျွန်တော်အနေနဲ့ စုစုပေါင်း ယွမ်သန်း၂၅၀ ပေးဖို့ဆန္ဒရှိတယ်”

ဒါရိုက်တာချန်းက တစ်ခဏကြာ တွန့်ဆုတ်နေပြီးမှ ပြန်ပြောလိုက်၏။

အကယ်၍ ယင်းသာ ဈေးကွက်တွင်းဆိုပါက ထိုလေယာဉ်များ၏ တန်ဖိုးသည် သန်း၄၀၀နား ကပ်ပေမည်။

ဖုန်းယွီသည် စိတ်ထဲတွင် တွက်ချက်လိုက်သည်။ ယွမ်သန်း၂၅၀သည် သူ၏အမြတ်မှာ ယွမ်သန်း၈၀ ကျော်ပေမည်။ သို့သော် သူယုံကြည်ထားသည်က ယင်းက စီချွမ်းလေကြောင်းလှိုင်း အမြင့်ဆုံး ပေးနိုင်သည့် ကမ်းလှမ်းမှု မဟုတ်ပေ။ သူတို့အနေဖြင့် ပိုပြီးတော့ ဈေးနှုန်း တိုးပေးသင့်သည်ပင်။

“ဒါရိုက်တာချန်း ကျွန်တော်ကို နောက်နေတာလား။ Iiyushin II76 နှစ်စီးရဲ့တန်ဖိုးက ယွမ်သန်း၂၀၀ထက် ကျော်တယ်။ ယခုလက်ရှိ ဈေးကွက်ပေါက်ဈေးနဲ့ဆိုရင် အဲ့ဒီလေယာဉ် ငါးစီးက သန်း၄၀၀နား ကပ်နေမှာ။ ဒါရိုက်တာဟိုရဲ့ သူငယ်ချင်း ဖြစ်နေလို့ရယ် ပြီးတော့ ကျွန်တော်ရဲ့ နိုင်ငံကို အကျိုးပြုစေချင်တာကြောင့်ရယ် ကျွန်တော် ယွမ်သန်း၃၅၀ပဲ လိုချင်တယ်။ ဒီလိုရော ဘယ်လိုလဲ”

စီချွမ်းလေကြောင်းလှိုင်းသည် လေယာဉ်ငါးစီး တစ်ပြိုင်နက်ထဲဝယ်ရန် တကယ်ကို ဆန္ဒရှိပေသည်။ ဖုန်းယွီ၏ အရင်ဘဝတွင် တစ်စုံတစ်ယောက်သည် Tubolev TU154 လေယာဉ် လေးစီးရောင်းချခြင်းမှ ယွမ်းသန်း၁၀၀နီးပါး ရရှိခဲ့သည်။ အကယ်၍ ဖုန်းယွီအနေဖြင့် အကျိုးအမြတ်ကို သန်းတစ်ရာကျော် မစွမ်းဆောင်နိုင်ပါက သူယခုဘဝတွင် ပြန်လည်မွေးဖွားသည်မှာ အလကားသာ ဖြစ်မည်ပင်။

All Chapters