← Chapters

သတင်းကောင်းနှစ်ခု

Vol. 18 Ch. 259

သတင်းကောင်းနှစ်ခု

Vol. 18 Ch. 259

“ဖုန်း ငါမင်းကို ပြောစရာ သတင်းနှစ်ခု ရှိတယ်”

ကီရီလန်ကိုက ဖုန်းထဲတွင် စိတ်လှုပ်ရှားစွာဖြင့် ဆိုလိုက်သည်။

“အစ်ကိုကီ တစ်ခုက သတင်းကောင်း တစ်ခုက သတင်းဆိုးလို့ ကျွန်တော်ကို လာမပြောနဲ့နော်”

“မဟုတ်ပါဘူး။ တစ်ခုက သတင်းကောင်း ပြီးတော့ နောက်ထပ်တစ်ခုက အဲ့ဒီသတင်းထက် ပိုပြီးကောင်းတဲ့ သတင်း ဟား ဟား ဟား ဟား”

ကီရီလန်ကို၏ လေသံအရ သူသည် အလွန်ကို ပျော်ရွှင်နေသည့် စိတ်ထားတွင် ရှိနေ၏။

ဖုန်းယွီသည် သတင်းဆိုး မရှိဘူးဆိုမှ စိတ်သက်သာရာ ရသွားသည်။ သို့သော် မည်သို့သော သတင်းမျိုးက ကီရီလန်ကိုကို ပျော်ရွှင်စေသနည်း။ သူ့ကို အဘယ့်ကြောင့် ကိုယ်တိုင်ကိုယ်ကျ ဖုန်းခေါ်ဆိုသနည်း။

“ပထမဦးဆုံးသတင်းက စက်ရုံက ငါတို့ကို Iiyushin II76 ကို မင်းတောင်းဆိုတဲ့အတိုင်း ပြုပြင်ပေးမယ်လို့ သဘောတူလိုက်ပြီ။ ပြီးတော့ အဲ့ဒါကို အခမဲ့ လုပ်ပေးမှာ”

ဖုန်းယွီက ပြုံးလိုက်သည်။ ယင်းက တကယ်ပင် သတင်းကောင်းဖြစ်သည်။ အကယ်၍ Iiyushin II76 သာ မပို့မီ ပြုပြင်မှုများ မလုပ်ပါက ပြဿနာအချို့နှင့် ရင်ဆိုင်တွေ့ရမည် ဖြစ်သည်။ ခရီးသည်တင် လေယာဉ်နှင့် စစ်ဖက်ဆိုင်ရာသုံး လေယာဉ်များသည် မတူညီသည့် လုပ်ဆောင်ချက်မျိုး ရှိပေသည်။ ထပ်ပြောရပါက လေကြောင်းလှိုင်း ကုမ္မဏီများသည် လူစီးခရီးသည်တင် လေယာဉ်များကို လိုချင်နေကြသည်။ စစ်ဖက်ဆိုင်ရာသုံး ထောက်ပို့ယာဉ်များ မဟုတ်ပေ။ ဖုန်းယွီသည်လည်း ထိုလေယာဉ်များ ဘာမှမပူပင်ဘဲ ပို့မည်ကို စိုးရိမ်နေသည်။ ပြီးနောက် တရုတ်နိုင်ငံ၏ လေယာဉ်ထုတ်လုပ်သည့် စက်ရုံများသည် သူတို့ကိုယ်တိုင် ပြုပြင်ရန်က မတက်နိုင်ပေ။ ဘင်းမြို့တော် လေယာဉ်ထုတ်လုပ်သည့် စက်ရုံတွင်တောင် လုပ်နိုင်စွမ်းက အလွန်နည်းလွန်း၏။

“ဒါကောင်းတာပေါ့။ စိတ်မပူနဲ့ ဒီတစ်ခေါက် ကျွန်တော်တို့တွေ အမှာစာ အကြီးကြီးရထားတယ်။ ပြီးတော့ ကျွန်တော်တို့တွေ အကျိုးအမြတ် အများကြီးလည်း ရနိုင်မှာ”

“ဟား ဟား ဟား ဒီတစ်ခေါက်တော့ ငါပိုက်ဆံ မလိုချင်တော့ဘူး။ ပိုက်ဆံအစား တရုတ်နိုင်ငံက ထုတ်ကုန်ပစ္စည်းတွေပဲ လိုချင်တယ်။ နောက်မှပဲ ငါလိုချင်တဲ့ ပစ္စည်းစာရင်းကို မင်းကိုပို့လိုက်မယ်။ ပြီးတော့ ကျသင့်ငွေကို ငါ့ကိုပြန်ပြောပေါ့။ ဒါပေမဲ့ ဒီတစ်ခေါက်တော့ အရေအတွက်ကိုတော့ စဉ်းစားလို့ရနိုင်တယ်။ ပြီးတော့ စစ်ဖက်ဆိုင်ရာသုံး ရထားတွဲက သူတို့အားလုံးကို တင်ပို့ဖို့အတွက် မတက်နိုင်လောက်ဘူးနော်။ အဲ့ဒီအတွက် ပြဿနာများ ရှိနိုင်မလား”

ယခုလက်ရှိတွင် ရူဘယ်လ်ငွေကြေးသည် အရှိန်ပြင်းစွာဖြင့် ဈေးကျနေပြီး ဆိုဗီယက် ပြည်ထောင်စု၏ နေ့စဉ်အသုံးအဆောင် ပစ္စည်းများသည် ပိုပိုပြီး ဈေးကြီးလာပေ၏။ နေ့စဉ်သုံး အသုံးအဆောင် ပစ္စည်းများ၏ ဝယ်လိုအားသည်လည်း များလာခဲ့သည်။ ဆိုဗီယက် လေယာဉ်ထုတ်လုပ်သည့် စက်ရုံသည်လည်း ငွေမလိုပေ။ သူတို့သည် ပစ္စည်းများသာ လိုချင်သည်။ ကီရီလန်ကိုသည်လည်း ရူဘယ်လ်ငွေကြေးများ၏တန်ဖိုး ကျဆင်းနေပြီမှန်း သိသည်။ ပြီးနောက် ပစ္စည်းများသည် ပိုပြီးတန်ဖိုး ရှိလာပေ၏။

“သေချာတာပေါ့။ ကိစ္စမရှိဘူး။ ကျွန်တော် ပို့ဆောင်ရေးအတွက် ကျွန်တော် တာဝန်ယူလိုက်မယ်”

ဖုန်းယွီသည် အလွန်ယုံကြည်ချက် ရှိနေသည်။ အကြောင်းမှာ သူ့အနေဖြင့် မြို့ပြလေကြောင်း ညွှန်ကြားရေးမှူး ရုံးချုပ်ကို သူ့အား ထိုပစ္စည်းများ တင်ပို့ရန်အတွက် အကူအညီတောင်းမည် ဖြစ်သည့်အတွက်ပင်။ သူတို့သည် ရထားတွဲများကို စီစဉ်ပေးနိုင်ပေ၏။ ယင်းက ကြီးမားသည့် အမှာစာတစ်ခုဖြစ်သည်။ ဖုန်းယွီသည် မိတ်ဖက်များစွာ ရှိပေသည်။ ပြီးနောက် သူ့တွင် ပိုက်ဆံလည်းရှိသည်။ သူ့အနေဖြင့် ပစ္စည်းများကို ရရန်က ပူစရာမလိုပေ။

ထပ်ပြောပါက ယခုအချိန်တွင် အရေအတွက်သည် အရေးပါသည်။ ပြီးနောက် ဖုန်းယွီ၏ ကုန်ကျစရိတ်သည်လည်း နည်းပေမည်။ သူသည် ဝူကျီကန်းကို သူတို့ထံ ပစ္စည်းရောင်းချသူများနှင့် ဆက်သွယ်ပြီး သူတို့ရှိနေသည့် ကုန်ပစ္စည်းများ အားလုံးကို ယူမည်ဖြစ်ကြောင်း ပြောလိုက်၏။ ယင်းရောင်းဝယ်မှုသည် တရုတ်နိုင်ငံ၏ သမိုင်းကြောင်းတွင် အကြီးဆုံး ဖြစ်သွားပေလိမ့်မည်။ ပြီးနောက် သမိုင်းကြောင်း စာအုပ်များတွင်လည်း မှတ်တမ်းတင် ခံရမည်ဖြစ်ပေသည်။

“ဒုတိယသတင်းက ပိုတောင် ကောင်းသေးတယ်။ ငါမိုင်းလုပ်ငန်းအချို့နဲ့ လက်မှတ် ရေးထိုးပြီးပြီ။ ဆက်သွယ်ပြီးသွားပြီ။ ပြီးတော့ သူတို့တွေကလည်း ရှယ်ယာတွေကို ရောင်းချဖို့အတွက် စိတ်ဝင်စားကြတယ်။ မိုင်းအလုပ်သမားတွေကလည်း သူတို့ရဲ့ ရှယ်ယာတွေကို ရောင်းချချင်ကြတယ်။ ဒီတစ်ခေါက်တော့ ငါတို့အနေနဲ့ ကြီးတဲ့မိုင်းတွေကို စုဆောင်းနိုင်မယ်ဆိုတာ ငါသေချာပေါက် ယုံကြည်တယ်။ သေချာပေါက် စုဆောင်းနိုင်လိမ့်မယ်”

ကီရီလန်ကို၏ လေသံကို ကြားလိုက်ရသည့် လူအဖို့ သူသည်အလွန် ဝမ်းမြောက်နေကြောင်း သိနိုင်ပေသည်။

ကီရီလန်ကို ပြောတာကြားပြီးနောက် ဖုန်းယွီသည်လည်း စိတ်လှုပ်ရှားသည်။ အနာဂတ်တွင် မိုင်းတွင်းပိုင်ရှင်များသည် အထူးသဖြင့် ရုရှားဒေသတွင် သူဌေးကြီးများပင် ဖြစ်ပေသည်။ ထပ်ပြောရပါက ဆိုဗီယက် ပြည်ထောင်စု၏ မိုင်းတွင်းများသည် ဓာတ်သတ္ထုကြွယ်ဝပြီး သူတို့၏ မိုင်းတွင်းနည်းပညာသည်လည်း ကမ္ဘာပေါ်တွင် အကောင်းဆုံးထဲ ပါဝင်သည်။ သူတို့သည် မိုင်းကို ဝယ်ယူပြီးသည်နှင့် မိုင်းစတင် တူးနိုင်သည်။ ဆိုဗီယက် ပြည်ထောင်စု နောက်နေ့တွင် ပြိုကွဲပြီးနောက် မိုင်းတွင်းများသည်လည်း အကျိုးအမြတ်များစွာ ပြန်ရမည်ပင်။

တရုတ်နိုင်ငံသည် အနာဂတ်တွင် ဓာတ်သတ္ထုများ ဝယ်လိုအား များပေသည်။ ပြီးနောက် ဖုန်းယွီသည် ထိုဓာတ်သတ္ထုများကို အခြားသော နိုင်ငံများမှ တင်ပို့နိုင်လျှင်တောင် သူ့အနေဖြင့် အကျိုးအမြတ်များ ရစေပြီး အခြားသူများ၏ နှစ်သက်မှုကို ရစေနိုင်သည်။ ဤနည်းလမ်းဖြင့် သူ၏တရုတ်နိုင်ငံတွင်ရှိသော စီးပွားရေးသည် ပိုပိုပြီး အချိတ်အဆက် မိလာမည် ဖြစ်ပေ၏။

“အစ်ကိုကီ ကျွန်တော် အစ်ကိုကို ပြောထားတဲ့ဟာကို မှတ်မိသေးလား။ ပထမဦးဆုံး စာချုပ်မှာ လက်မှတ်ထိုး ပြီးမှငွေကိုပေး”

ဖုန်းယွီက ကီရီလန်ကိုကို သတိပေးလိုက်သည်။ ပေးချေမှုကို နောက်မှလုပ်လေလေ သူတို့သုံးစွဲမှု လျော့နည်းလေဖြစ်သည်။

“စိတ်ချပါ။ ငါမင်းပြောတာတွေကို မှတ်ထားတယ်။ ငါဘဏ်ထဲမှာရှိတဲ့ အမေရိကန်ဒေါ်လာတွေကို အသုံးချပြီးတော့ သူတို့နဲ့ ဈေးညှိနှိုင်းရာမှာ အသုံးပြုခဲ့တယ်လေ။ မင်းပြောသလိုပဲ ငါတို့တွေက သူတို့ကို ဈေးမြင့်မြင့်ပေးတယ်။ ဒါပေမဲ့ ဒီနှစ်အတွင်းမှာတော့ ငါဘာပေးချေမှုကိုမှ လုပ်မှာမဟုတ်ဘူး”

ကီရီလန်ကိုက ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။

ဆိုဗီယက် ပြည်ထောင်စုတွင် စာချုပ် လက်မှတ်ထိုးခြင်းသည် ရူဘယ်လ်ငွေကြေးဖြင့်သာ ဖြစ်ရပေမည်။ ပြီးနောက် ယခုလက်ရှိတွင် သူတို့ မိုင်းတွင်းပိုင်ရှင်များ၏ ကမ်းလှမ်းမှုသည် ဈေးနှစ်ဆဖြစ်သည်။ သို့သော် နောက်နှစ်တွင် ရူဘယ်လ်၏တန်ဖိုးသည် အဆပေါင်းများစွာ ကျဆင်းသွားမည်ဖြစ်သည်။ ကီရီလန်ကို သုံးစွဲမည့် ပမာဏသည် အတော်အတန်ကိုပင် နည်းသွားမည်ပင်။ အကယ်၍ ကီရီလန်ကိုသာ မစုဆောင်းပါက ထိုမိုင်းတွင်း အများစုကို အမေရိကန်လူမျိုးများ စုဆောင်းသွားပေမည်။

ကီရီလန်ကိုသည် မိုင်းတွင်းများကို စုဆောင်းရာတွင် အကျိုးအမြတ်များစွာ ရခဲ့သည်။ ပထမအနေဖြင့် သူသည်ဆိုဗီယက် ဖြစ်သည်။ ပြီးနောက် ထိုမိုင်းတွင်း ပိုင်ရှင်များသည်လည်း ဆိုဗီယက်များပင် ဖြစ်သည်။ သူသည်လည်း သူတို့ထဲမှ တစ်ယောက်ဖြစ်သည်။ ဒုတိယအနေဖြင့် ကီရီလန်ကိုသည် သူတို့ကို ဈေးမြင့်မြင့်ဖြင့် ကမ်းလှမ်းသည်။ လောဘကြီးသော အမေရိကန် လူမျိုးအချို့သည် သူတို့၏ ကမ်းလှမ်းမှု ဈေးနှုန်းကို ဆိုဗီယက် ပြည်ထောင်စု၏ လက်ရှိအခြေအနေကိုမြင်ပြီး တမင်တကာ ဈေးနှိမ်ကြသည်။ သူတို့သည် ထိုအချက်ကို အခွင့်ကောင်းယူချင်၏။ ကီရီလန်ကိုသည် ယခုလက်ရှိ ဖြစ်ပွားနေသည့် အခြေအနေများကို အခွင့်ကောင်းမယူပေ။ ပြီးနောက် မိုင်းတွင်းပိုင်ရှင်များ မျှော်မှန်းထားသည်ထက်တောင်မှ ပေးသေး၏။

နောက်ပိုင်းတွင် ကီရီလန်ကိုသည် ဘဏ်ထဲတွင် အမေရိကန်ဒေါ်လာ ရှိသည်။ ယင်းက ထိုမိုင်းတွင်းပိုင်ရှင်များကို စိတ်ချရစေသည်။ ကီရီလန်ကိုသည် သူတို့ကို လှည့်စားမည်မဟုတ်ပေ။ ပြီးနောက် သူတို့အနေဖြင့် မိုင်းတွင်းပိုင်ရှင်များကို ပေးနိုင်ရန်က တက်နိုင်ပေသည်။ နောက်ဆုံးတွင် ကီရီလန်ကို၏ အဖေသည်လည်း ယက်ဆင်၏ နှစ်သက်မှုကို ခံနေရသူဖြစ်သည်။ သူ၏ဖခင်သည် ယက်ဆင်ကို စစ်တပ်နှင့် စစ်ဖက်ဆိုင်ရာ ထောက်ပံ့မှုများကို အခြားသော စစ်တပ်များထက် ပေး၏။ ထို့ကြောင့် ယက်ဆင်သည် ပိုပိုပြီး အင်အားကြီးထွားလာသည်။ ပြီးနောက် ကီရီလန်ကို၏ အဖေသည် ပိုပြီးအာဏာရှိလာသည်။ ကီရီလန်ကို၏ အခြေအနေသည်လည်း တိုးတက်လာခဲ့သည်။

ကီရီလန်ကိုသည် များစွာသော မိုင်းတွင်းပိုင်ရှင်များနှင့် စိတ်ဝင်စားကြောင်း စာချုပ် ချုပ်ဆိုရာတွင် အားသာချက်များ များစွာရပေသည်။ သူ့အနေဖြင့် ဈေးကို နောက်ဆုံးအနေဖြင့် သတ်မှတ်နိုင်ပြီး ဈေးနှင့်ပေးချေရမည့်ရက်ကို သတ်မှတ်ရန်သာလိုသည်။ အကယ်၍ ကီရီလန်ကိုသည် ပေးရမည့်အချိန်ကို မဆွဲပါက သူ့အနေဖြင့် ထိုမိုင်းတွင်းများကို ယခုချက်ချင်းပင် အကုန်ပေးရမည်ပင်။

“အစ်ကိုကီ ပိုက်ဆံအတွက် စိတ်မပူနဲ့။ မိုင်းတွင်းပိုင်ရှင်တွေကို များများဆက်သွယ်။ ပြီးတော့ အစ်ကို တွေ့သမျှ မိုင်းတွင်းတွေကိုဝယ်။ အစ်ကိုအနေနဲ့ ဆုံးရှုံးမှာ မဟုတ်ဘူးလို့ ကျွန်တော် အာမခံတယ်။ အစ်ကိုကျွန်တော်ကို ယုံကြည်လို့ရတယ်”

ဖုန်းယွီက သူ၏နှလုံးသားထဲတွင် အော်နေသည်။ အစ်ကိုကီ ဘာလို့ကျွန်တော်ဆီကနေ ချေးငွေယူပြီးတော့ ကျွန်တော်ကို ရှယ်ယာရှင်တစ်ယောက် ဘာလို့ ဖြစ်ခွင့်မပေးရတာလဲလို့ မမေးရတာလဲ။ မြန်မြန် ကျွန်တော်ကိုမေး။ တကယ်လို့ အခုမေးမယ်ဆိုရင် ချက်ချင်း သဘောတူမှာ။ ဆုံးရှုံးမှု တစ်ခုတောင်မှ ရှိစေရမှာ မဟုတ်ဘူး။

“ငါ့မှာအဲ့လိုလုပ်ဖို့အတွက် ပိုက်ဆံတွေ အများကြီးမရှိဘူး။ မင်းပိုက်ဆံအများကြီး ချေးပေးနိုင်မလား။ ငါ့ကိုပိုက်ဆံအချို့ ချေးပေးပါ့လား”

ဖုန်းယွီက

“....”

ငါမင်းကို မိုင်းတွင်းတွေ ဝယ်ဖို့အတွက် အကြံပေးခဲ့တယ်မလား။ ပြီးတော့ မင်းကိုပြောထားတယ်။ တကယ်လို့ ပိုက်ဆံ မလုံလောက်ဘူးဆိုရင် ငါ့ကိုပြော။ ငါမင်းနဲ့အတူ ပူးပေါင်းဆောင်ရွက်မယ်။ ငါက ရှယ်ယာရှင်တစ်ယောက် ဖြစ်ချင်တယ်။ မင်းကငါ့ဆီကနေပြီးတော့ ပိုက်ဆံ ချေးယူချင်တာလား။

“အစ်ကိုကီ ကျွန်တော်လည်း ကျွန်တော်ရဲ့ ခြံမှာတော့ ရင်းနှီးမြုပ်နှံမှုတွေ လုပ်နေတယ်။ ဘာကြောင့် မိုင်းတွင်းတွေကို အစ်ကိုနဲ့တူတူဝယ်ပြီးတော့ အစ်ကိုရဲ့ ကုမ္မဏီမှာ ရင်းနှီးမြုပ်နှံရမှာလဲ။ ကျွန်တော်လည်း အစ်ကိုရဲ့ကုမ္မဏီမှာ ရှယ်ယာပိုင်ချင်တယ်လေ။ ပြီးတော့ အစ်ကိုရဲ့ မိုင်းတွင်း စီးပွားရေးကို ကျွန်တော်အနေနဲ့ နှောက်ယှက်မှာ မဟုတ်ပါဘူး”

ဖုန်းယွီက ပြောစရာစကား မဲ့သွားသည်။ သူသည် ကီရီလန်ကိုကို မသိခဲ့သည်က ကီရီလန်ကိုသည် သူလိုချင်သည့်ဟာ မရမချင်း ဟန်ဆောင်နေသည်လော။ သူသည် တကယ်ပင် အရူးတစ်ယောက်လော။ သူသည် သူနှင့်ပတ်သတ်ပြီး တန်းတန်းသာ ဆက်ဆံရန် ဆုံးဖြတ်ချက် ချလိုက်၏။

ကီရီလန်ကိုက ပြောလိုက်ပြီးနောက် သူ့အဖေကို အကူအညီ တောင်းရန်အတွက် ကြည့်လိုက်သည်။ ဆန်ချန်းကိုသည် ကီရီလန်ကိုကို ထိုသို့လုပ်ရန် သဘောတူလိုက်၏။

ကီရီလန်ကိုသည် ဖုန်းယွီကို ယနေ့ဖုန်းခေါ်ဆိုမှု ပြုရခြင်းသည်။ ဆန်ချန်းကို၏ အကြံဉာဏ်လည်း ဖြစ်ပေသည်။ ဆန်ချန်းကိုသည် အမှန်တကယ်တွင် ကီရီလန်ကိုကို မကြိုက်ပေ။ အကြောင်းမှာ ကီရီလန်ကိုသည် စစ်တပ်ထဲ နေရတာကိုမကြိုက်။ ပြီးတော့ အခြားအသုံးမဝင်သည့် ဒုတိယမျိုးဆက်များနှင့် အပြင်ထွက်လည်နေသည်။ ဆန်ချန်းကိုသည် ကီရီလန်ကိုက သူ့အကြိုက် မဟုတ်ကြောင်း ခံစားရ၏။

သို့သော် ကီရီလန်ကိုသည် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှု ပြုလုပ်ပြီးနောက် သူ၏ကံကြမ္မာ ပြောင်းလဲလာခဲ့သည်။ ဆန်ချန်းကိုသည် သူ့သားကို စတင်နှစ်ခြိုက်လာသည်။ ဆန်ချန်းကိုက သူ၏စစ်ဖက်ဆိုင်ရာ အဆင့်သည် သူ၏အကြီးဆုံး အစ်ကိုတောင် ကျော်လွှားနိုင်မည်ဟု ခံစားနေရသည်။

ကီရီလန်ကိုသည် ဆန်ချန်းကိုကို ဖုန်းယွီ၏ စီစစ်အကဲဖြတ်မှုနှင့် ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲမည့်အကြောင်း ပြောခဲ့ပြီး ယက်ဆင်သည်လည်း အနာဂတ်၏ ရုရှားခေါင်းဆောင် ဖြစ်လာမည်ပင်။ ဖုန်းယွီသည် ဆန်ချန်းကိုကို ယက်ဆင်၏ အဖွဲ့ထဲဝင်ရန်အတွက် အကြံဉာဏ်ပေးခဲ့ပြီး အခွင့်အရေးကောင်းများ ရလာခဲ့သည်။ ယင်းအတွက်ကြောင့် ဆန်ချန်းကိုသည် သူ၏သားငယ်ကို ပိုမိုနှစ်သက်လာခြင်း ဖြစ်ပေသည်။

ဆန်ချန်းကိုသည်လည်း ယခုလက်ရှိ နိုင်ငံရေး အခြေအနေကို စီစစ်အကဲဖြတ်ပြီး ဖုန်းယွီ ပြောသည့်အတိုင်းမှာ တကယ်ပင် ဖြစ်လာမည်ဖြစ်ကြောင်း တွေ့ရှိသွားခဲ့သည်။ သူ့အနေဖြင့် ဖုန်းယွီ၏ ခန့်မှန်းမှုသည် မှန်ကန်လာသည်ကို တွေ့ရှိသွားသောအခါ အံ့သြမှင်သက်သွားသည်။

ဖုန်းယွီ၏ နောက်ဆုံး ခန့်မှန်းချက်ဖြစ်သည့် ရူဘယ်လ်များ ကျဆင်းလာခြင်းသည် ဆန်ချန်းကိုသည် ဖုန်းယွီကို ကီရီလန်ကိုထက်ပိုပြီး ယုံကြည်လာစေသည်။ သူသည် စစ်တပ်ထဲတွင် သူ့ရာထူးကို ထပ်ပြီးတော့ မြင့်တက်လိုသည်။ ပြီးနောက် သူ့အနေဖြင့် ဖုန်းယွီ၏ စီစစ်အကဲဖြတ်မှုကို လိုအပ်ပေသည်။ သူသည် ကီရီလန်ကိုထက် ဖုန်းယွီနှင့်ပိုပြီး ရင်းနှီးသည့် ဆက်ဆံရေး ရှိချင်သည်။

ဖုန်းယွီသည် ထိုမိုင်းတွင်းများတွင် ရှယ်ယာရှင်တစ်ယောက် ဖြစ်ချင်သည်လော။ ယင်းကဘာမှ မဟုတ်ပေ။ ယခုလက်ရှိတွင် ဆိုဗီယက် ပြည်ထောင်စုရှိ နိုင်ငံပိုင် စက်ရုံအများစုသည် အစုရှယ်ယာရှင်အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းနေပြီဖြစ်သည်။ ဖုန်းယွီသည်လည်း ရှယ်ယာရှင်တစ်ယောက် ဖြစ်ချင်ပါက အဘယ့်ကြောင့် သူတို့သဘောမတူဘဲ နေမည်နည်း။ ဖုန်းယွီအနေဖြင့် ရှယ်ယာများကို ထိန်းချုပ်ချင်ပါက ကီရီလန်ကိုကို လက်ခံရန်တောင် ပြောသည်။ ဖုန်းယွီသည် နောက်ဆုံးအကြိမ်ကလို သူ့အားတူညီသည့် အကြံဉာဏ် ပေးနေသမျှ သူတို့၏မိသားစုသည်လည်း ဆုံးရှုံးမှု ရှိမည်မဟုတ်ပေ။

အာဏာနှင့်သာဆိုပါက ပိုက်ဆံမရှိမည့်အရေးကို သူအဘယ့်ကြောင့် စိုးရိမ်ပူပန်မည်နည်း။

All Chapters