မြို့ပြလေကြောင်း ဝယ်ယူရေး လေယာဉ်ဝယ်ယူရေး အသင်း
Vol. 18 Ch. 260
“ဒါရိုက်တာဟို ဘာပြောလိုက်တာတုန်း။ မြို့ပြလေကြောင်းက လူတွေက ဘင်းမြို့တော်ကို ရောက်နေတာလား။ သူတို့တွေက လေယာဉ်ဝယ်ယူဖို့ ပြောဆိုဖို့ ဒီနေရာကို ရောက်နေကြတာလား။ ကောင်းပြီလေ ငါအခုပဲ လာခဲ့လိုက်မယ်”
သူ ဟိုဟိုက်ထောင်ဆီမှ ရုံးခန်းကိုလာရန် ဖုန်းလက်ခံရရှိသည့် အချိန်တွင် ဖုန်းယွီသည် ညစာစားပြီးကာစသာ ရှိသေးပြီး ဝမ်တုန့်ကျွင်းနှင့်အတူ တီဗီဂိမ်း ကစားနေသည်။ မြို့ပြလေကြောင်း လေယာဉ်ဝယ်ယူရေး အသင်းသည် ဘင်းမြို့တော်သို့ ရောက်ရှိနေပြီဖြစ်၏။
နောက်ဆုံးတစ်ခေါက် ဖုန်းယွီနှင့် ဟိုဟိုက်ထောင်သည် စီချွမ်းလေကြောင်းလိုင်းသို့ သွားခဲ့ပြီး သူတို့လေယာဉ် ဝယ်ယူရေး အတွက်ကိုသာ ဆွေးနွေးခဲ့ကြသည်။ အရာရှိချုပ်ချန်းသည် ထိုဆွေးနွေးပွဲတွင် ဝင်ရောက်လာပြီးနောက် အရေအတွက်နှင့် ဈေးနှုန်းကို နောက်ဆုံး မသတ်မှတ်ရသေးပေ။ စီချွမ်းလေကြောင်းလိုင်းသည် ဖုန်းယွီကို မည်သည့်အဖြေမှ ပြန်လည်ပေးခဲ့ခြင်း မရှိပေ။ ထို့ကြောင့် ဖုန်းယွီနှင့် ဟိုဟိုက်ထောင်သည် ဘင်းမြို့တော်သို့ ပြန်လာပြီး သတင်းကိုသာ စောင့်ရုံသာရှိသည်။
စီချွမ်းလေကြောင်းလိုင်းသည် ဖုန်းယွီနှင့် လေယာဉ်ဝယ်ယူရန်အတွက် ဈေးညှိနှိုင်းမှုကို ရပ်တန့်ရန်အတွက် လက်ခံရရှိခဲ့သည်။ ရုံးချုပ်သည် လေယာဉ် အများအပြား ဝယ်ယူမည်ဖြစ်ကာ ဈေးနှုန်းသည်လည်း နည်းမည်ပင်။
ဖုန်းယွီသည် ဟိုဟိုက်ထောင် ရုံးခန်းသို့ ဝင်သည့်အခိုက် မှင်သက်သွားတော့သည်။ တစ်ခန်းလုံး ဆေးလိပ်များဖြင့် ပြည့်နေသည်။ ချီး ဒီမှာမီးလောင်နေတာလားဟ။
သူသည် မျက်စိဖြင့် အားစိုက်ထုတ် ကြည့်ပြီးနောက် တစ်ခန်းလုံး လူများဖြင့် ပြည့်နေသည်ကို တွေ့လိုက်ရသည်။ ထိုရုံးခန်းတွင် အနည်းဆုံး အမျိုးသား တစ်ဒါဇင်ခန့် ရှိပေသည်။ ရုံးချုပ်သည် သူနှင့်ဆွေးနွေးရန်အတွက် အသင်းကြီးတစ်ခုကို စေလွှတ်လိုက်ခြင်းပင် ဖြစ်သည်။
“မန်နေဂျာဖုန်း ဒီကိုလာပါ။ အရာရှိချုပ်ချန်းနဲ့ ကျန်တဲ့လူတွေက ရောက်ပါပြီ။ တကယ်တော့ ကျွန်တော်က မနက်ဖြန် မနက်မှ ခင်ဗျားတို့ကို ခေါ်ချင်ခဲ့တာ။ ဒါပေမဲ့လေ ဒီမှာရှိတဲ့ လူတိုင်းက ဒီရောင်းဝယ်မှုကို မြန်မြန်အပြီးသတ်နိုင်လေ ပိုကောင်းလေဆိုပြီးတော့ ခံစားနေရလို့”
“အိုး ခင်ဗျားက ထိုက်ဟွကုန်သွယ်ရေးရဲ့ မန်နေဂျာဖုန်း ဖြစ်ရမယ်။ လာ ဆေးလိပ်သောက်ပါအုံး။ ပန်ဒါအမှတ်တံဆိပ်။ ဒီစီးကရက် အမျိုးအစားကို ကြီးမြတ်တဲ့ ခေါင်းဆောင်ကြီးကတောင် ကြိုက်တယ်”
“ကျွန်တော်ဟာသောက် ဒါက ကျုံးဟွာ အမှတ်တံဆိပ် တရုတ်နိုင်ငံရဲ့ အကောင်းဆုံး အမှတ်တံဆိပ်”
“ကျွန်တော်ဟာလည်း ကျုံးဟွာ အမှတ်တံဆိပ်ပဲ။ လာလာလာ မန်နေဂျာဖုန်း ဆေးလိပ်သောက်ပါအုံး”
....
အနည်းဆုံး လက်(၇)ချောင်းမှ (၈)ချောင်းသည် ဖုန်းယွီဆီသို့ ဆန့်ထုတ်လာကြသည်။ လူတိုင်း၏ လက်ထဲတွင် စီးကရက်တစ်လိပ်ကို ကိုင်ထားကြသည်။ ဖုန်းယွီက မှင်သက်နေတော့သည်။
“ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော် မသောက်လို့ပါ”
ဖုန်းယွီသည် သူတို့၏ ကမ်းလှမ်းမှုကို ယဉ်ကျေးသိမ်မွေ့စွာဖြင့် ငြင်းပယ်လိုက်သည်။ သူသည် ဟိုဟိုက်ထောင်ဘက်သို့ လှည့်လိုက်သည်။ သူသည် တစ်ခုခု မှားယွင်းနေသလို ခံစားလိုက်ရသည်။
သူသည် မျက်စောင်းထိုး ကြည့်လိုက်ပြီးနောက် ဖုန်းယွီသည် ဒါရိုက်တာချန်းနှင့် ဒါရိုက်တာချန်တို့သည် အကြည့်ချင်း ဖလှယ်နေသည်ကို တွေ့ရှိသွားကြသည်။ ချီးပဲ။ သူတို့တွေက ဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်တာပဲ။ ဒါရိုက်တာချန်းက ငါဆေးလိပ် မသောက်ဘူးဆိုတာကို သိမှာပဲ။ အဲဲဲဲဲဲဲဲဲဲ့ဒါကိုသူက တစ်ခြားလူတွေကို ပြောထားခဲ့တယ်။ ဒီအဓိပ္ပာယ်က သူ့အနေနဲ့ ဒီတစ်ခန်းလုံးကို ဆေးလိပ်ငွေ့တွေ ထောင်းထောင်း ထသွားစေချင်တာပဲ။
ချီး ဒီလူတွေက ငါ့ဆီကနေပြီးတော့ အကျိုးအမြတ်ယူဖို့ ကြိုးစားနေကြတာပေါ့။ ဟမ့် ဒီလှည့်ဖြားမှု သေးသေးလေးက ငါနဲ့ လားလားမှကို မဆိုင်ဘူး။
“အတွင်းရေးမှူးရွှီ ဘာကြောင့် ကျွန်တော်ကို လက်ဖက်ရည် ဧည့်မခံတာလဲ။ ပြီးတော့ ပန်ကာလည်း ဖွင့်အုံး။ တစ်ခန်းလုံးက ဆေးလိပ်တွေနဲ့ ပြည့်နေတာ။ ခေါင်းဆောင်တွေကို နာမကျန်း ဖြစ်စေချင်နေတာလား”
ထိုသို့ပြောစဉ် ဖုန်းယွီသည် ရုံးခန်း၏ ပြတင်းပေါက်ဆီသို့ သွားပြီး ဖွင့်လိုက်တော့သည်။
အချိန်ကာလသည် အောက်တိုဘာလသာ ရှိသေးသော်ငြား စတင်အေးနေပြီဖြစ်သည်။ အထူးသဖြင့် ဘင်းမြို့တော်တွင် ည၌ ပြင်ပအပူချိန်သည် တစ်ဆယ်ဒီဂရီ စင်တီဂရိတ်အောက်တောင် ရောက်နေပြီဖြစ်၏။
ဟူး
လေအေးတစ်ချက်က အခန်းထဲသို့ ဝင်လာခဲ့သည်။ ဖုန်းယွီသည် အတွင်းရေးမှူး ပန်ကာကို မဖွင့်သည်ကို မြင်သောအခါ သူသည် ရုံးခန်း၏ထောင့်ကို သွားလိုက်ပြီးနောက် ဒလက်မဲ့ပန်ကာကိုယူပြီး ပန်ကာ၏ အမြင့်ဆုံး ဖွင့်နိုင်သည့် ပမာဏအထိ ဖွင့်ချလိုက်သည်။ ပြီးနောက် ထိုပန်ကာကို လူတိုင်းရှိရာဘက်သို့ လှည့်လိုက်၏။
ထိုခေါင်းဆောင်များသည် အသက်ငါးဆယ်အရွယ် ဖြစ်ကြပြီး အကုန်လုံးက ထိတ်လန့် သွားကြတော့သည်။
ဒါက စောက်ရမ်းအေးတာပဲ။ ပြီးတော့ မင်းက ပြတင်းပေါက်ရဲ့ တံခါးတွေတောင် ဖွင့်လိုက်သေးတယ်။ အဲ့ဒါတောင်မှ ပန်ကာတွေကို ဖွင့်တုန်းလား။
မင်းက ငယ်တယ်လေ။ ဒီအပူချိန်ကို ခံနိုင်ရည်ရှိတာပေါ့။ ဒါပေမဲ့ ငါတို့က အိုနေပြီ။ ဘယ်လိုလုပ် ဒါကို ခံနိုင်ရည်ရှိမှာလဲ။
“အာ ဘာလို့ ခင်ဗျားတို့ရဲ့ စီးကရက်တွေကို ဘာလို့ ဆက်မသောက် တာလဲ”
ဖုန်းယွီ၏ အမေးမှာ သိသာလွန်းလှသည်။ ထိုလူများ၏ လက်သည် အိတ်ကပ်ထဲတွင် ရောက်နေကြပြီဖြစ်သည်။ သူတို့တစ်ကိုယ်လုံး တုန်ယင်နေတော့သည်။
ဒါရိုက်တာချန်းက အံ့အားသင့်စွာဖြင့် ပြောလိုက်ပြီးနောက်
“မန်နေဂျာဖုန်း ဒီနေ့က အရမ်းအေးတယ်။ ဘာလို့ ပြတင်းပေါက်တွေကို ဖွင့်လိုက်ရတာလဲ”
“စီးကရက်က ကျန်းမာရေးကို သက်ရောက်မှု ရှိစေတယ်။ ခေါင်းဆောင်တို့ အကုန်လုံးက ဆေးလိပ် ဆက်သောက်နေမှတော့ ကျွန်တော်ကို လျစ်လျူရှု့တာပဲလေ။ ကျွန်တော်က လေကောင်းလေသန့် လိုအပ်တယ်”
ဖုန်းယွီက သူ့မျက်နှာတွင် သနားစရာကောင်းသော အမူအရာထားရင်း ပြောလိုက်သည်။ သူ့ပုံစံသည် သူ့အနေဖြင့် ခေါင်းဆောင်များကို လေးစားသည့်ဟန် ဆက်ဆံပုံပေါ်ပြီး သူတို့လက်ထဲရှိ ဆေးလိပ်ကိုတော့ ယင်းကဲ့သို့စိတ်မျိုး ရှိပုံမပေါ်ပေ။
“အဟွတ် ဆေးလိပ်သောက်တာတွေ ရပ်လိုက်တော့။ ရှောင်ရွှီ ပန်ကာကိုပိတ်။ ပြီးတော့ ပြတင်းပေါက်တွေကို ပိတ်။ ပြီးတော့ မီးခိုးတွေ မရှိတော့ဘူး။ ဒါ့အပြင် ငါတို့ကိုလည်း လက်ဖက်ရည် နွေးနွေးလေးပေးကွာ”
ရှောင်ရွှီသည် ဖုန်းယွီ၏ လက်ဖက်ရည်ကို ယူရင်း ပြန်လာကာစသာ ရှိသေးပြီး သူသည် ခေါင်းဆောင်များ အကုန်လုံး သူတို့တုန်ယင်နေကြပြီး သူတို့၏ လည်ပင်းများသည်လည်း ဝင်နေသည်ကို တွေ့လိုက်ရသည်။ သူသည် မတက်နိုင်ဘဲ စိတ်ထဲတွင် ရယ်မိလိုက်တော့၏။ ကျွန်တော်တို့ရဲ့ ဒါရိုက်တာဟိုက ခင်ဗျားတို့ကို ဖုန်းယွီကို ဒီအကွက်လေးတွေနဲ့ မကစားဖို့ မပြောထားဘူးလား။ ဖုန်းယွီက ဒီလိုလှည့်ကွက်တွေမှာ တကယ့်ကို မာစတာကြီးပဲ။
“မန်နေဂျာဖုန်း ကျွန်တော် အကုန်လုံးကို မိတ်ဆက်ပေးပါ့မယ်။ ခင်ဗျားအရင်က ဒါရိုက်တာချန်းနဲ့ ဒါရိုက်တာချန်ကို အရင်က တွေ့ပြီးပြီပေါ့။ ဒါက ငှာနခွဲမှူးချုပ် လျိုပါ။ ဒါက အရာရှိချုပ် မာပါ။ ဒါကတော့ အရာရှိချုပ် ကျန်းပါ”
ဖုန်းယွီသည် မတ်တပ်ထရပ်လိုက်ပြီးနောက် သူတို့ကို လက်ဆွဲနှုတ်ဆက်လိုက်သည်။ ရုံးချုပ်က လူများမှလွဲပြီး ကျန်တဲ့လူများသည် လေယာဉ်လိုင်း ခြောက်လိုင်းမှ ကိုယ်စားလှယ်များ ဖြစ်ကြသည်။ လူထိုမျှ များပြားနေသည်မှာ အံ့သြစရာအကြောင်း မရှိပေ။
လေကြောင်းလိုင်း ခြောက်လိုင်းစလုံး ကြီးမားသည့် လေယာဉ်ကြီးများ ဝယ်ယူသည့်ဟန် ပုံပေါ်၏။ အကယ်၍ လေကြောင်းလိုင်းများသည် နှစ်စီးစီ ဝယ်ယူလျှင်တောင် စုစုပေါင်းမှာ (၁၂)စီးဖြစ်မည်။ အကယ်၍ စီချွမ်း လေကြောင်းလိုင်းလို လေယာဉ်ငါးစီး လိုအပ်ပါက လေယာဉ် စုစုပေါင်း အစီး(၃၀)ရှိမည်ဖြစ်သည်။ ထိုအမှာစာက တကယ်ပင် များသည်ပင်။
ဖုန်းယွီသည် သူ၏စိတ်လှုပ်ရှားမှုကို ထိန်းလိုက်ပြီး ယင်းကို သူ့မျက်နှာထက်တွင် ပေါ်အောင်မပြပေ။ သူသည် ထိုအရောင်းအဝယ် ကိစ္စနှင့်ပတ်သတ်ပြီး ဘာမှမစိုးရိမ်သည့်ပုံ ပြုမူလိုက်သည်။
လေကြောင်းလိုင်း လုပ်ငန်း၏ ခေါင်းဆောင်များသည် အချင်းချင်း ကြည့်လိုက်ကြသည်။ ထိုဖုန်းယွီသည် လက်ဆွဲနှုတ်ဆက်သည့် အချိန်တွင် စိတ်လှုပ်ရှားပုံ မပေါ်ပေ။ ထိုခေါင်းဆောင်များသည် အာဏာအများကြီး ရှိကြပြီး သူတို့၏ အဆင့်အတန်းက ပြည်နယ် အရာရှိများနှင့် တန်းတူပင်ဖြစ်သည်။
သို့သော် ဖုန်းယွီက အလွန်ငယ်လွန်းသည်။ ပြီးနောက် သူသည် ထိုလူများ၏ သက်ရောက်မှုကို ခံရပုံမပေါ်ပေ။ သူ့အနေဖြင့် ခေါင်းဆောင်နှင့် အရာရှိများကို တွေ့ရသည်မှာ ပုံမှန်အတိုင်း ဖြစ်ပုံပေါ်နေ၏။
ဖုန်းယွီသည် ထိုင်ချပြီးနောက် ဆိတ်ဆိတ်သာ နေလိုက်သည်။ သူသည် ထိုင်ခုံပေါ်တွင် ထိုင်နေပြီး သူ့လက်ဖက်ရည်ကိုသာ ဖြေးဖြေးချင်း သောက်နေသည်။
ထိုခေါင်းဆောင်များက ကြောင်တောင်တောင် ဖြစ်သွားကြသည်။ ဖုန်းယွီက ဆိုဗီယက် ပြည်ထောင်စုကနေပဲ လေယာဉ်တွေ အများကြီးကို ရောင်းနိုင်မှာလား။ သူက သူတို့အားလုံးကို လေယာဉ်တွေကို ရောင်းချင်နေတာမလား။ ဘာကြောင့် ဖုန်းယွီက တိတ်တိတ်ဆိတ်ဆိတ်ပဲ နေနေရတာလဲ။
ယခုလက်ရှိတွင် ပထမဦးဆုံး ပြောသည့်သူသည် အကျိုးရလဒ်ကောင်း ထွက်မည်မဟုတ်ပေ။ ထိုလူများသည် ဘင်းမြို့တော်သို့ လေယာဉ်ဝယ်ရန် ရောက်ရှိနေကြခြင်းဖြစ်သည်။ သို့သော် သူတို့သည် ဖုန်းယွီကို ပထမဦးဆုံး စပြောစေချင်သည်။ ဤနည်းလမ်းဖြင့် သူတို့သည် ဆွေးနွေးမှုတွင် အပေါ်ပိုင်းမှ အသာစီးရနေပြီဖြစ်သည်။ သို့သော် ထိုဖုန်းယွီက လောသည့်ဟန် မပေါ်ပေ။
“အဟွတ် မန်နေဂျာဖုန်း ကျွန်တော်က ဒီလေကြောင်းလိုင်း အကုန်လုံးရဲ့ကိုယ်စား ခင်ဗျားနဲ့ လေယာဉ်ဝယ်ယူရေး ဆွေးနွေးမဲ့ ကိုယ်စားလှယ်ပါ။ ဘာကြောင့် သူတို့ကို ခင်ဗျားရဲ့ လေယာဉ်တွေနဲ့ ဈေးနှုန်းအကြောင်း မပြောပြရတာလဲ”
အရာရှိချုပ် ချန်သည် ငြိမ်သက်နေမှုကို ချိုးပစ်လိုက်သည်။ သူ့အနေဖြင့် တိတ်ဆိတ်နေသော အခန်းထဲတွင် ဆက်ပြီးတော့ မခံနိုင်လိုပေ။ ဖုန်းယွီသည် သူ့လက်ဖက်ရည်ကို စားပွဲပေါ်တွင် တင်ပြီးနောက် ပြောလိုက်၏။
“ကျွန်တော်ရဲ့ အခြေအနေ အကုန်လုံးကို ကျွန်တော် ပြောပြီးပြီပဲလေ။ အဲ့ဒါကိုတောင်မှ သူတို့က မသိဘူးလို့ ဘာလို့ပြောနေနိုင်ရသေးတာလဲ”
ဖုန်းယွီ၏ အပြုံးကိုကြည့်ရင်း အရာရှိချုပ်ချန်မှာ အလွန်ပင် အံ့အားသင့်နေသည်။ တစ်ချိန်ထဲတွင် သူက စိတ်တိုလာသည်။ သူတို့သည် ခေါင်းဆောင်များ ဖြစ်ကြပြီး ဘယ်အချိန်ကတည်းက သာမာန် စီးပွားရေးသမား တစ်ယောက်က ယခုကဲ့သို့ သူတို့ကို ကောင်းကောင်း ပြောဆိုနိုင်ရသနည်း။
“တစ်ခါ ထပ်ပြောပေးပါ”
အရာရှိချုပ်ချန်က ပြန်ပြောလိုက်၏။
“ပြန်ပြောရမှာလား ကောင်းပြီလေ Tupolev TU154က တစ်စီးကို သန်းခြောက်ရာ Ilyushin II76က တစ်စီးကို သန်းတစ်ရာ အကုန်လုံးက ဘယ်လောက် လိုချင်တာလဲ”
ဖုန်းယွီသည် သူ့ခြေထောက်ကို တင်ပျဉ်ခွေချိတ်ထိုင်ပြီး ခြေထောက်ကို လှုပ်ခါနေလိုက်သည်။
အရာရှိချုပ်ချန် ဘာမှမပြောနိုင်ခင် ဒါရိုက်တာချန်းက ပြောလိုက်၏။
“မန်နေဂျာဖုန်း အရင်တစ်ခေါက်တုန်းက ကျွန်တော်တို့ ပြောတဲ့ဈေးနဲ့ မဟုတ်သလိုပဲနော်။ ဘာကြောင့်ဈေးက ဒီလောက်အများကြီး တက်သွားရတာလဲ”
ဖုန်းယွီက ဒါရိုက်တာချန်းကို ကြည့်လိုက်သည်။
“နောက်ဆုံးတစ်ခေါက် တွေ့တုန်းက ကျွန်တော်တို့တွေ ဘယ်လောက် ပြောခဲ့တာလဲ။ ကျွန်တော် မေ့သွားပြီ”
မေ့သွားပြီလား။
ဒါရိုက်တာချန်းက
““
ဒီမန်နေဂျာဖုန်းက လွယ်လွယ်နဲ့ ဆက်ဆံလို့ရတဲ့လူတော့ မဟုတ်ဘူးပဲ။ မြို့ပြလေကြောင်း ညွှန်ကြားရေးမှူးက ဘာအကျိုးအမြတ်မှ ရနိုင်မဲ့ပုံ မပေါ်ဘူး။