မင်းဘယ်ဘက်ကလဲ
Vol. 18 Ch. 261
အရာရှိချုပ်ချန်းသည် ဟိုဟိုက်ထောင်ကို ကြည့်လိုက်သည်။ ဟိုဟိုက်ထောင်သည် ယင်းကိစ္စတွင် မပါဝင်လိုပေ။ သို့သော်သူက ပြောလိုက်၏။
“မန်နေဂျာဖုန်း သူတို့တွေက အပြင်လူတွေမှ မဟုတ်ဘဲ။ အရာရှိချုပ် ချန်ကလည်း ကျွန်တော်ရဲ့ ဆရာကြီး ဒီလူတွေကလည်း ကျွန်တော်ရဲ့ သူငယ်ချင်းတွေလေ။ သူတို့အားလုံးကို ဒီလေယာဉ်ရဲ့ တန်ဖိုးအစစ်အမှန်ကိုပဲ ပြောလိုက်ပါ”
ဖုန်းယွီက ဟိုဟိုက်ထောင်ကို တစ်ချက် စိုက်ကြည့်လိုက်သည်။ ဒီလူတွေက အပြင်လူတွေ မဟုတ်ဘူးလား။ အဲ့ဒါဆိုရင်မင်းက ဒီလူတွေနဲ့ သူငယ်ချင်းကောင်းတွေကို ပြောချင်နေတာလား။ အဲ့ဒါဆိုရင် စီချွမ်း လေကြောင်းလှိုင်းမှာတုန်းက ငါတို့ရောက်နေတုန်းက ခင်ဗျားဘာလို့ ဒီလိုဆိတ်ဆိတ် နေနိုင်ရတာလဲ။
“အဲ့ဒါဆိုရင်လည်း ဒီလိုဖြစ်ပြီဆိုမှတော့ ဒါရိုက်တာဟိုကိုပဲ ကျွန်တော် မျက်နှာသာ ပေးလိုက်ပါ့မယ်။ ခင်ဗျားတို့အားလုံး လေယာဉ်ဘယ်လောက်များများ လိုချင်လဲ။ အခုလက်ရှိမှာတော့ ကျွန်တော်မှာက မော်ဒယ် နှစ်ခုပဲရှိတယ်။ သေချာတာပေါ့။ တကယ်လို့ ခင်ဗျားတို့ စိတ်ထဲမှာရှိတဲ့ မော်ဒယ်တွေကိုလည်း ပြောလို့ရတယ်။ အဲ့ဒါဆိုရင်လည်း ကျွန်တော်လည်း သိရတာပေါ့။ တကယ်လို့ ဆိုဗီယက်ကသာ အဲ့ဒီမော်ဒယ်တွေကို တင်ပို့ခွင့် ခွင့်ပြုပေးမယ်ဆိုရင် ကျွန်တော်အနေနဲ့ စက်ရုံနဲ့ ဆက်သွယ်ပြီးတော့ ဈေးနှုန်းကို ပြန်ပြောပေးပါ့မယ်”
ခေါင်းဆောင်များသည် အချင်းချင်း ကြည့်လိုက်ကြပြီး စီချွမ်းလေကြောင်းလှိုင်း၏ ဒါရိုက်တာချန်းက ပထမဦးဆုံး ပြော၏။
“မန်နေဂျာဖုန်း ယခုလက်ရှိမှာ ကျွန်တော်တို့က ဒီမော်ဒယ် နှစ်ခုကိုပဲ စိတ်ဝင်စားတာ။ ကျွန်တော်တို့မှာ တစ်ခြားမော်ဒယ်တွေကို ရယူဖို့အတွက် အစီအစဉ် မရှိပါဘူး။ ဒါပေမဲ့ အရောင်းအဝယ် ပိုပြီးကောင်းအောင်လို့ ကျွန်တော်တို့ကို သိခွင့်ပေးနိုင်မလား။ ကျွန်တော်တို့ လေကြောင်းလှိုင်း ခြောက်ခုက Tupolev TU154 လေယာဉ်အစီး (၂၀)နဲ့ Ilyushin II76 လေယာဉ် (၁၀)စီးကို ဝယ်ဖို့အတွက် စီစဉ်ထားတယ်။ အဲ့ဒါအတွက် ဘယ်လောက်များ ကျနိုင်မလဲ”
ဖုန်းယွီသည် စိတ်ထဲတွင်တော့ ပျော်ရွှင်နေတော့သည်။ ထိုအမှာစာသည် သူမျှော်မှန်းထားသည်ထက် သိသိသာသာ များပြားနေသည်ပင်။ တရုတ်နိုင်ငံ၏ လေကြောင်းလှိုင်း စီးပွားရေးကဏ္ဍသည် သူ၏အရင်ဘဝကထက် ပိုပြီး လျှင်လျှင်မြန်မြန်ဖြင့် ဖွံ့ဖြိုးလာမည်ပင်။
ထိုလေကြောင်းလှိုင်းများသည် ကမ္ဘာပေါ်ရှိ နာမည်ရ လေယာဉ်ထုတ်လုပ်ရေး ကုမ္မဏီများဖြစ်သည့် ဘိုရင်းတွင် ဝယ်ယူရန် အစပိုင်းက စီစဉ်ထားကြသည်။ သူတို့သည် လေယာဉ်အချို့ကို ဝယ်ယူရန် စီစဉ်ထားကြ၏။ ထိုလေယာဉ်များသည် တစ်စီးလျှင် ယွမ်သန်းနှစ်ရာ ကျော်ပေသည်။
ယခုလက်ရှိတွင် ဖုန်းယွီက သူတို့ကို ပိုကောင်းသည့် ဈေးပေးသည်။ ထိုလေယာဉ်များသည် ဘိုရင်းလေယာဉ်များ၏ ကုန်ကျစရိတ်ထက် လေးပုံပုံ တစ်ပုံသာ ကျသင့်သည်ပင်။ Tupolev TU154သည် ဘိုးရင်း၏ 7စီးရီး လေယာဉ်များနှင့် မယှဉ်နိုင်သော်ငြား Tupolev TU154၏ ကုန်ကျစရိတ် တန်ဖိုးသည် ဘိုးရင်းထက်တောင် မြင့်နေသေးသည်။
မြို့ပြလေကြောင်း ညွှန်ကြားရေးမှူးချုပ်သည် ချက်ချင်းပင် ဘိုးရင်းနှင့် ဈေးဆွေးနွေးမှုများ ရပ်တန့်ရန် လေကြောင်းလှိုင်းများ အားလုံးကို အမိန့်ထုတ်ခဲ့သည်။ သင့်လျော်သည့် ဈေးနှုန်း ရရှိပါက သူတို့အနေဖြင့် ဖမ်းဆုပ်ရမည်ပင်။ အချို့သော လေကြောင်းလှိုင်းများသည် အဲဘက်စ်မှ လေကြောင်းဝယ်ယူရန် စီစဉ်ထားသည့် လေကြောင်းလှိုင်းများတောင် မြို့ပြလေကြောင်း စီမံခန့်ခွဲရေး ရုံးချုပ်ဆီသို့ ချဉ်းကပ်လာကြပြီး သူတို့သည် ဖုန်းယွီဆီမှ ဆိုဗီယက် ပြည်ထောင်များကို ဝယ်ယူချင်ကြောင်း ပြောကြသည်။
အဲဘက်စ်များသည် ပိုကြီးပြီး ဘိုးရင်းများထက် စွမ်းဆောင်ရည် ကောင်းသော်ငြား သူတို့သည် အဆင်သင့် ရှိမနေပေ။ သူတို့ ယခုလက်ရှိတွင် အမှာစာ တင်လျှင်တောင် အနည်းဆုံး တစ်နှစ်ခန့် စောင့်ရအုံးမည်ဖြစ်သည်။
ဆိုဗီယက် လေယာဉ်များသည် ဈေးနှုန်းချိုသာပြီး ပစ္စည်းအသင့်ရှိသည်။ လေကြောင်းလှိုင်း ကုမ္မဏီများသည် မြို့ပြလေကြောင်း ညွှန်ကြားရေးမှူးကို သူတို့၏ ထောက်ပံ့မှုကို ပြသချင်ကြသည်။
လေကြောင်းလှိုင်းများ အကုန်လုံး ပေါင်းပါက သူတို့ဝယ်ယူချင်သည့် လေယာဉ် အရေအတွက်များ တိုးလာမည်ဖြစ်သည်။ ရှန်ကျန်း လေကြောင်းလှိုင်းတောင် အစပိုင်းက လေယာဉ်များကို ဝယ်ယူရန် ဆန္ဒမရှိပေ။ သို့သော် လေယာဉ်သုံးစီး မှာယူလိုက်သည်။
ဖုန်းယွီသည် သူ၏မေးကို ပွတ်သပ်လိုက်ပြီးနောက် ကီရီလန်ကို သူ့အားပြောသည့် ဈေးကို ပြန်စဉ်းစားလိုက်၏။
“Tupolev TU154က တစ်စီးကို (၄၂)သန်းယွမ် Ilyushin II76က တစ်စီးကို ယွမ်(၇၈)သန်း ဒါက ဈေးကွက်ပေါက်ဈေးရဲ့ ၇၀ရာခိုင်နှုန်းလောက်ပဲ ရှိတာ။ ပြီးတော့ဒါက ဈေးအနည်းဆုံးပဲ”
ဖုန်းယွီက ပြောလိုက်၏။
ထိုသူများသည် ဖုန်းယွီလိုချင်သည့် ဈေးနှုန်းကို သိကြပေသည်။ ယခုလက်ရှိသည် အနည်းငယ် နည်းသော်ငြား သူတို့သည် ဆက်လက် ဆွေးနွေးရန်အတွက် ရှိသေးကြောင်း ခံစားမိသည်။ ထပ်ပေါင်းပြောရပါက သူတို့သည် အမှာစာ ကြီးကြီးမှာထားသည်။ ပြီးနောက် သူတို့အနေဖြင့် လျော့ဈေးများ ရသင့်သည်ပင်။ သူတို့အားလုံးသည် ဘိုးရင်းနှင့် အဲဘက်စ် ဆွေးနွေးသည်ကိုတောင် မေ့သွားကြပြီဖြစ်သည်။ သူတို့တွင် လျော့ဈေးများတောင် မရှိပေ။
“မန်နေဂျာဖုန်း ဒီလေယာဉ်တွေ ရောင်းချဖို့အတွက် စာရွက်စာတမ်းတွေကိုရော ပြင်ဆင်ပြီးပြီလား”
တစ်စုံတစ်ယောက်က မေးလိုက်သည်။
ဖုန်းယွီက စိတ်ထဲတွင် တွေးလိုက်၏။ နောက်ဆုံးတော့ ဒီကိုရောက်လာပြီပဲ။ ဒီလူတွေက လုပ်ရမဲ့ လုပ်ငန်းစဉ်တွေကို အသုံးချပြီးတော့ လျော့ဈေးတွေ ယူဖို့အတွက် စဉ်းစားနေကြတာ။ ဖုန်းယွီသည် ထိုကဲ့သို့သော နည်းလမ်းမျိုးကို အရင်က တွေ့ကြုံပြီးဖြစ်သည်။ သူသည် ဟိုဟိုက်ထောင်ကို တစ်ချက် လှည့်ကြည့်လိုက်သည်။ ဒီတစ်ခါ မင်းအလှည့်ရောက်ပြီ။
ဟိုဟိုက်ထောင်သည် ဖုန်းယွီ၏ အကြည့်ကို မြင်ပြီးနောက် ပြောလိုက်၏။
“အဟွတ် ကျွန်တော်တို့ရဲ့ ဘင်းမြို့တော် လေယာဉ်ထုတ်လုပ်ရေး စက်ရုံက စာရွက်စာတမ်း ကိစ္စတွေကို စီစဉ်ပေးပြီးတော့ မန်နေဂျာဖုန်းရဲ့ လေယာဉ်တွေအတွက် စာရွက်စာတမ်းနဲ့ လုပ်ဆောင်ရမဲ့ အဆင့်ဆင့်တွေကို လုပ်ပေးသွားမှာပါ”
ဘာ
ပြောင်းလဲမှုက အလွန်မြန်ဆန်လွန်းသည်။ လွန်ခဲ့သည့် တစ်နာရီခွဲက ဟိုဟိုက်ထောင်သည် ထိုက်ဟွကုန်သွယ်ရေး၏ ဈေးနှုန်းကို လျော့ချရန်အတွက် သူ့ကို ကူညီမည့်အကြောင်းကို ပြောနေသေးသည်။ သို့သော် ယခုတွင် သူတို့၏ အစီအစဉ်ကို ဟိုဟိုက်ထောင်က ဖျက်ဆီးလိုက်သည်ပင်။ သူတို့အနေဖြင့် ယခုကဲ့သို့ ဖြစ်လာမည်ဟု မည်သည့်အခါမှ မထင်ခဲ့ကြပေ။
လူတိုင်းက ဟိုဟိုက်ထောင်ကို ဒေါသထွက်စွာဖြင့် စိုက်ကြည့်နေသည်။ ဖုန်းယွီဆီကနေ သူဘာတွေများ ရထားတာလဲ။
ဖုန်းယွီသည် အမှန်တကယ်ပင် ဟိုဟိုက်ထောင်ကို အကျိုးအမြတ်တစ်ချို့ ပေးခဲ့သည်။ ထိုလေယာဉ် အင်ဂျင်နှစ်ခု၏ နည်းပညာများကို သူ့အား ပေးခဲ့ရုံသည်သာမက ဘင်းမြို့တော် လေယာဉ်ထုတ်လုပ်သည့် စက်ရုံ သုတေသန ပြုလုပ်ရန်အတွက် အင်ဂျင်နှစ်ခုကိုတောင် ပေးခဲ့သေးသည်။
ထိုအရာများ အားလုံးသည် ဟိုဟိုက်ထောင်အတွက် အခမဲ့ ဖြစ်သည်။ ဖုန်းယွီသည် ယွမ်ဆယ်သန်း တန်ဖိုးရှိ ကုန်ပစ္စည်းများကို အသုံးပြုပြီး ကီရီလန်ကိုနှင့် ကုန်သွယ်ခဲ့သည်။ နာမည်တွင်တော့ လေယာဉ်ထုတ်လုပ်သည့် စက်ရုံသို့ လှူဒါန်းခြင်းဖြစ်ပြီး ထိုနည်းပညာများနှင့် အင်ဂျင်များသည် ဘင်းမြို့တော်သို့ လေယာဉ်ရောက်ရှိသည့်အခါ တစ်ပါထဲ ပါလာကြမည်ဖြစ်သည်။
၁၉သန်း အသုံးပြုပြီးနောက် ဘင်းမြို့တော် လေယာဉ်ထုတ်လုပ်သည့် စက်ရုံသည် ဖုန်းယွီကို ထိုလေယာဉ်များအတွက် လုပ်ဆောင်ရမည့် အဆင့်များနှင့် စာရွက်စာတမ်းများကို ကူညီပေးမည်ဖြစ်သည်။ ထို့ပြင် လေယာဉ်ထုတ်လုပ်သည့် စက်ရုံသည် စစ်တပ် နောက်ခံရှိသည်။ ဖုန်းယွီသည် ထိုကိစ္စများကို ကိုယ်တိုင် ဖြေရှင်းလျှင် အချိန် ကြာမြင့်မည်ဖြစ်သည်။
ထို့ပြင် လေယာဉ်ထုတ်လုပ်သည့် စက်ရုံသည် ဖုန်းယွီကို ကူညီလျှင် မြို့ပြလေကြောင်း ညွှန်ကြားရေးမှူးအနေဖြင့် ဖုန်းယွီကို ခက်ခဲအောင် လုပ်ဖို့က မဖြစ်နိုင်ပေ။ လေယာဉ်ထုတ်လုပ်သည့် စက်ရုံသည် သူတို့၏ ညွှန်ကြားမှုအောက်တွင် ရှိမနေပေ။
ဟိုဟိုက်ထောင်သည် စကားပြောပြီးနောက် သူသည် ခေါင်းညိတ်လိုက်ပြီး မည်သူ့ကိုမျှ မကြည့်ရဲပေ။ အထူးသဖြင့် သူ၏ ဆရာကြီးတွေကိုဖြစ်၏။ သူ့တွင် ရွေးချယ်စရာ မရှိပေ။ သူကိုယ်တိုင် ထိုနည်းပညာများနှင့် အင်ဂျင်များကို ရရန်အတွက် နည်းလမ်းမရှိပေ။ ထပ်ပြောရပါက ဖုန်းယွီသည် သူ၏စက်ရုံကို အခမဲ့ပေးခဲ့သည်။ သူ့အနေဖြင့် ထိုကမ်းလှမ်းမှုကို လက်မခံရန် မနေနိုင်ပေ။
ဘင်းမြို့တော် လေယာဉ်ထုတ်လုပ်သည့် စက်ရုံသည် စစ်ဖက်ဆိုင်ရာ စက်ရုံမှ သာမာန် စက်ရုံတစ်ခုသို့ ကူးပြောင်းခဲ့သည်။ စက်ရုံသည် လေယာဉ်သေးလေးများနှင့် ဟယ်လီကော်ပတာများကို ထုတ်လုပ်ရာတွင် အသုံးပြုသည့် အင်ဂျင်များကိုသာ ထုတ်လုပ်ပြီး သုတေသန ပြုလုပ်နေသည်။ သူတို့၏ အကျိုးအမြတ်ဖြစ်သော ထုတ်ကုန်သည် လေယာဉ်ငယ်လေးများ ဖြစ်ပြီး တောမီးငြိမ်းသက်ရာတွင် အသုံးပြုသည်။
ထိုနည်းပညာများနှင့်ဆိုလျှင် သူတို့အနေဖြင့် စက်ရုံ၏ ထုတ်ကုန်များကို တိုးတက်အောင် လုပ်နိုင်ပေသည်။ ပြီးနောက် ဟိုဟိုက်ထောင်သည်လည်း သေချာပေါက် ရာထူးတိုး ခံရမည်ဖြစ်သည်။
ဟိုဟိုက်ထောင်သည်လည်း သူလုပ်တာ မမှားဟု ခံစားမိသည်။ ယင်းက သူ့စက်ရုံအတွက်နှင့် သူ့အတွက် အကောင်းဆုံး ရွေးချယ်မှုပင်ဖြစ်သည်။ လေကြောင်းလှိုင်းများသည် မည်သည့် ဆုံးရှုံးမှုမျှ ခံရမည်မဟုတ်ပေ။ မည်သို့ပင် ဖြစ်စေကာမူ သူတို့သည် လေယာဉ်ကြီးများ ဝယ်ယူရန်အတွက် ဈေးနှုန်းမြင့်မြင့်ကိုတောင် ပေးချေချင်ကြသည်။ ယခုလက်ရှိတွင် သူတို့သည် ပို၍ဈေးကောင်းကောင်း ရပြီး လောဘမကြီးသင့်ပေ။ ရှောင်ဖုန်းသည် သူ၏စီးပွားရေးကို လည်ပတ်ဖို့က လွယ်ကူသည့် ကိစ္စတစ်ရပ်တော့ မဟုတ်ပေ။
“အဟွတ် စာချုပ်စာတမ်းနဲ့ လုပ်ဆောင်ရမဲ့ အဆင့်တွေအတွက် ခင်ဗျားတို့အားလုံး စိတ်ပူပန်စရာ မလိုပါဘူး။ ကျွန်တော်အနေနဲ့ ဈေးနှုန်းနဲ့ ပတ်သတ်ပြီးတော့ ရှင်းလင်းတဲ့ဟာ ရှိပြီးသား။ ကျွန်တော်ကို အဖြေပြန်ပေး။ တကယ်လို့ ခင်ဗျားတို့ မလိုချင်ဘူးဆိုရင်တော့ ကျွန်တော် ဥရောပကို နောက်ထပ် နှစ်ရက်နေရင် သွားမယ်။ ပြီးတော့ ကျွန်တော် ရောင်းမဲ့ဈေးကို ဆွေးနွေးလိမ့်မယ်။ ဒီလေယာဉ်တွေကို ကျွန်တော် ရောင်းဖို့က ခက်ခဲတဲ့ ကိစ္စတစ်ရပ်တော့ မဟုတ်ပါဘူး”
ဖုန်းယွီက ပြောလိုက်သည်။
“မန်နေဂျာဖုန်း ဒီလေယာဉ်တွေကို ကျွန်တော်တို့ကိုပဲ ရောင်းပါ။ ဒါက ကျွန်တော်တို့နိုင်ငံရဲ့ လေကြောင်း စီးပွားရေးကို အထောက်အပံ့ ပြုတာပဲလေ။ တိုင်းပြည်က ခင်ဗျားရဲ့ ထောက်ပံ့မှုကို အမှတ်ရနေမှာပါ”
တစ်စုံတစ်ယောက်သည် ဖုန်းယွီ၏ မျိုးချစ်စိတ်ကို အသုံးချရန် ကြိုးစားလိုက်သည်။
“ကောင်းပြီလေ။ ငါလေယာဉ်တွေကို မင်းတို့ကို ရောင်းပေးမှာပါ။ ကျွန်တော် စီချွမ်းလေကြောင်းလှိုင်းက ဒါရိုက်တာချန်းကို ကျွန်တော် မဆက်သွယ်ခဲ့ဘူးလား။ ဒါပေမဲ့ အကုန်လုံးက ကျွန်တော်ရဲ့ ဈေးနှုန်းကို လက်မခံကြဘူးဆိုရင်တော့ ဒီလေယာဉ်တွေကိုလည်း ကျွန်တော်အတွက်ကို မထိန်းထားနိုင်ဘူး။ အကုန်လုံးကို ရောင်းထုတ်ပစ်မှာပဲ။ ဘာပဲဖြစ်ဖြစ်လေ ဒီလေယာဉ်တွေကို တစ်ခြားနိုင်ငံတွေကို ရောင်းလိုက်မယ်ဆိုရင် ကျွန်တော်အတွက် နိုင်ငံကို ဝင်ငွေရစေမှာပဲ။ အခွန်ငွေတွေလည်း ရစေမှာ”
အရင်မျိုးဆက်များကို မျိုးချစ်စိတ်ကို အကြောင်းပြုပြီး ညှိနှိုင်းလို့ ရပေသော်ငြား ဖုန်းယွီတွင်တော့ ယင်းက အလုပ်မဖြစ်ပေ။ ဖုန်းယွီ၏ စိတ်ထဲတွင် ငွေဆိုသည့် အရာပဲရှိ၏။
“ဒါပေမဲ့ အဲ့ဒါက အရမ်းဈေးကြီးတာပဲ။ ကျွန်တော်တို့မှာ အဲ့လောက် ပိုက်ဆံအများကြီး မရှိဘူးလေ”
“တကယ်ကြီးလား။ ရှန်ဟိုင်း လေကြောင်းလှိုင်းက ဘိုးရင်းကနေပြီးတော့ လေယာဉ်ဝယ်ယူမယ်ဆိုတဲ့ သတင်းကို ကျွန်တော် ဘယ်ကနေပြီး ကြားလာပါလိမ့်။ ပြီးတော့ အဲ့ဒီလေယာဉ်ကလည်း ဘိုးရင်း 727မော်ဒယ်နော်။ ဒီမော်ဒယ်က ဆက်ပြီး မထုတ်လုပ်တော့ဘူး။ သူတို့ရဲ့ သိုလှောင်ရုံထဲမှာ ကျန်ရှိနေတဲ့ ထုတ်ကုန်တွေ အဓိပ္ပာယ်ပဲ။ ဒီလေယာဉ်က တစ်စီးကို သန်းနှစ်ရာကျော် တန်တယ်မလား။ ဟုတ်တယ်မလား။ ကျွန်တော်ရဲ့ လေယာဉ်တွေက ဈေးချိုပြီးတော့ ကောင်းတယ်။ ပြီးတော့ စွမ်းဆောင်ရည်ကလည်း တကယ်ကောင်းတယ်။ အခုပေးတဲ့ ဈေးနှုန်းက တကယ့် ကုန်ကျစရိတ်ပဲ။ ဟုတ်တယ်မလား ဒါရိုက်တာဟို”
ချီး ဘာလို့ငါ့ကို ထပ်မေးပြန်တာလဲ။
ဟိုဟိုက်ထောင်က ဖုန်းယွီကို စိုက်ကြည့်ရင်း ပြန်ပြောလိုက်၏။
“ဒါအမှန်ပဲ။ ဒီဈေးနှုန်းက ထုတ်လုပ်တဲ့စရိတ်ပဲ စဉ်းစားလို့ရနိုင်တာ။ မန်နေဂျာဖုန်းက အကျိုးအမြတ် အများကြီး မယူထားပါဘူး”
လေကြောင်းလှိုင်း ကုမ္မဏီများမှ လူများသည် ဒေါသထွက်သွားကြသည်။ မင်းဘာလို့ တိတ်တိတ် မနေရတာလဲ။ ဟိုဟိုက်ထောင်သည် ဖုန်းယွီကို လုပ်ဆောင်ရမည့် အဆင့်အတွက် ပြုလုပ်ပေးခဲ့သည်။ ယခုလက်ရှိတွင် သူသည် ဈေးနှုန်းကိုတောင် ကူညီပေးနေသည်လော။
ချီး မင်းက ဘယ်ဘက်ကလဲ။