ဆိုဗီယက် ပြည်ထောင်စု၏ သူငယ်ချင်းကောင်း
Vol. 18 Ch. 262
ဟိုဟိုက်ထောင်သည် ဖုန်းယွီကို ကူညီပြန်သည်။ ပြီးနောက် ယခုတစ်ခေါက်တွင် အရာရှိချုပ်ချန်သည် ဆက်သည်းမခံနိုင်တော့ပေ။
“ရှောင်ဟို ငါလည်း လေယာဉ်ထုတ်လုပ်တဲ့ စက်ရုံမှာ အလုပ်လုပ်ခဲ့တာပါ။ လေယာဉ်တွေကိုလည်း အရင်က ထုတ်လုပ်ခဲ့ဖူးတယ်။ ဒီလေယာဉ်ထုတ်လုပ်တဲ့ ကုန်ကျစရိတ်ကို ငါမသိဘဲ ဘယ်လိုလုပ် နေမှာတုန်း။ Tubolev TU154ရဲ့ လေယာဉ်ထုတ်လုပ်တဲ့ ကုန်ကျစရိတ်က ယွမ်သန်းနှစ်ဆယ်ထက် ကျော်မှာမဟုတ်ဘူး။ ပြီးတော့ Iiyushin II76ရဲ့ ထုတ်လုပ်တဲ့ ကုန်ကျစရိတ်ကလည်း ယွမ်သန်းငါးဆယ်ထက် မပိုဘူး။ ဒီကုန်ကျစရိတ်ကို မင်းလည်း တွက်ခဲ့တယ် မဟုတ်ဘူးလား”
ဟိုဟိုက်ထောင်သည် အရာရှိချုပ်ချန်၏ အမေးကို မည်သို့ဖြေရမှန်းမသိ ဖြစ်နေစဉ် ဖုန်းယွီက ထရပ်လိုက်ပြီး
“အရာရှိချုပ်ချန် အရာရှိအနေနဲ့ စျေးကို ဒီလိုမျိုး တွက်လို့မရဘူး။ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်အတွက် ကုန်ကျစရိတ်ကိုရော မလိုဘူးလား။ စက်ရုံထူထောင်တာနဲ့ ပြုပြင်စရိတ်တွေရော မလိုဘူးလား။ အရောင်းနဲ့ မတ်ကတင်း ကုန်ကျစရိတ်ရော ဘယ်လိုလဲ။ ကုန်ကျစရိတ် အကုန်လုံးက အဲ့ဒီပြောတဲ့ ကုန်ကျစရိတ်တွေထဲမှာ ကျွန်တော် မပြောရသေးတာ အများကြီး ကျန်သေးတယ်။ ထုတ်လုပ်တဲ့ ကုန်ကျစရိတ်ကလည်း မြင့်တာပဲ။ အရာရှိချုပ်ချန်ကလည်း လေယာဉ်ထုတ်လုပ်တဲ့ စက်ရုံမှာ အရင်က အလုပ်လုပ်ဖူးတယ်ဆိုတော့ ဒီအကြောင်းတွေကို သိမှာပါ”
အရာရှိချုပ်ချန်သည် ဖုန်းယွီနှင့် ပြိုင်မငြင်းနိုင်ပေ။
“ဒီလိုဆိုရင်ရော Iiyushin II76က ကုန်တင်လေယာဉ် ဖြစ်ပြီးတော့ ခရီးသည်တင် လေယာဉ်ဖြစ်ဖို့အတွက် ပြောင်းလဲမှုအချို့ လုပ်ရမယ်ဆိုတာ ခင်ဗျားတို့ အားလုံးလည်း သိမှာပါ။ ဒီပြောင်းလဲမှုတွေအတွက် ကုန်ကျစရိတ်ကို ကျွန်တော် ပေးမယ်။ ပြီးတော့ ဆိုဗီယက် ပြည်ထောင်စုက စက်ရုံကိုလည်း ခင်ဗျားတို့ရဲ့ တောင်းဆိုချက်အတိုင်း ကျွန်တော် လုပ်ပေးမယ်။ ဒါပေမဲ့ ခင်ဗျားတို့ရဲ့ တောင်းဆိုချက်က အရမ်းကြီးတော့ များလို့မရဘူး။ ကျွန်တော်ကလည်း စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်လေ။ တကယ်လို့ ကျွန်တော်ရဲ့ စီးပွားရေးကနေပြီး ပိုက်ဆံမရဘူးဆိုရင် ဘယ်ငွေနဲ့ မိသားစုကို ပြန်ကျွေးမှာလဲ”
ဒါရိုက်တာချန်းက
“....”
မင်းက ခရီးသည်တင် လေယာဉ်ကြီး အစီးသုံးဆယ်သာ ရနိုင်တယ်။ အဲ့ဒါကိုတောင်မှ မင်းရဲ့မိသားစုကို မကျွေးနိုင်ဘူးလို့ ငါ့ကိုပြောနေတာလား။
သို့သော် Iiyushin II76သည် ပြောင်းလဲမှုများ မပြုခင် ပို့ပါက သူတို့အတွက် အခက်တွေ့မည်ဖြစ်ပြီး အချိန်လည်း ကြာမည်ပင်။
လေကြောင်းလှိုင်းများမှ ကိုယ်စားလှယ်များသည် အချင်းချင်း ကြည့်လိုက်ကြပြီးနောက် အရာရှိချုပ်ချန်ဘက်ကို လှည့်လိုက်ကြသည်။ အရာရှိချုပ်ချန်သည် နောက်ဆုံး ဆုံးဖြတ်ချက်ကို ချနိုင်သည့်သူ တစ်ဦးသာဖြစ်သည်။ ထို့ပြင် သူသည် ထိုဝယ်ယူမှု အများအပြားကို ဝယ်ယူရန် စီစဉ်သူတစ်ယောက်လည်း ဖြစ်သည်။
“Tubolev TU154အတွက် သန်း(၄၀) Iiyushin II76အတွက် (၇၅)သန်း။ အဲ့ဒါအပြင်ကို မင်းအနေနဲ့ Iiyushin II76လေယာဉ်ကို ပြုပြင်မှုအချို့ ပြုလုပ်ပေးဖို့လိုတယ်။ မန်နေဂျာဖုန်း ဒီစျေးမှာ မင်းအနေနဲ့ အကျိုးအမြတ်တွေ ရှိနေပြီးသားဆိုတာ ယုံကြည်ပါ။ ငါတို့တွေ စာချုပ်ကို လက်မှတ်ထိုးမယ်။ ပြီးတော့မှ လေယာဉ်တွေ ငါတို့ဆီ ရောက်လာမှ ငွေချေမယ်”
အရာရှိချုပ်ချန်သည် အခြေအနေအသစ်ကို ထပ်ပြီးတော့ တင်ပြလိုက်ပြီး ဆက်လက် ညှိနှိုင်းရန် ကြိုးစားလိုက်သည်။ ယင်းက ထိုလေယာဉ်များကို ပစ္စည်းရောက်မှ ပေးချရမည်ဖြစ်သည်။ သူသည် ဖုန်းယွီအနေဖြင့် ထိုမျှများပြားသော လေယာဉ်များအတွက် ပိုက်ဆံမရှိဟု စဉ်းစားမိသည်။ ဖုန်းယွီက လှည့်ကွက်အချို့ကို မျက်လှည့်ပြသလို သုံးရမည်ပင်။
အကယ်၍ ထိုလေကြောင်းလှိုင်းအနေဖြင့် ခရီးသည်တင် လေယာဉ်ကြီးများကို အရေးတကြီး မလိုပါက သူတို့အနေဖြင့် ဖုန်းယွီကို အရမ်းကောင်းရန်မလိုသော်ငြား သူ၏လေယာဉ်များသည် သူတို့တွေ့သမျှ အရာထဲတွင် စျေးအချိုဆုံးဖြစ်သည်ကို စဉ်းစား၍ ရနိုင်ပေသည်။
အရာရှိချုပ်ချန်၏ ထိုအခြေအနေသည် ဖုန်းယွီကို စျေးဆက်လက် လျော့ချရန်ဖြစ်သည်။ ဖုန်းယွီအနေဖြင့် ထိုလေယာဉ်များကို ပထမဦးဆုံး ဝယ်ယူရန်အတွက် ရန်ပုံငွေ အလုံအလောက် ရှိသည်မှာ မသေချာပေ။
“အရာရှိချုပ်ချန်က စျေးညှိနှိုင်းတဲ့နေရာမှာ တကယ်ပဲ ကျွမ်းကျင်အဆင့်ပဲ။ ကောင်းပါပြီလေ ကျွန်တော်အနေနဲ့ တိုင်းပြည်ကို ပံ့ပိုးတယ်လို့ပဲ သဘောထားလိုက်ပါ့မယ်။ ကျွန်တော်အနေနဲ့ ဒီစျေးကို လက်ခံပါတယ်။ စာချုပ်ထဲမှာ ဖော်ပြထားတဲ့အတိုင်း လေယာဉ်တွေ ရောက်လာမှ ငွေချေမယ်ဆိုရင်လည်း ကျွန်တော်အတွက် ပြဿနာ မရှိပါဘူး။ ဒါပေမဲ့ Iiyushin II76 ပြုပြင်ဖို့ကတော့ အချိန်အနည်းငယ် လိုအပ်လိမ့်မယ်။ ကျွန်တော်အနေနဲ့ Tubolev TU154ကို ယခုနှစ် မကုန်ခင်မှာ ရောက်လိမ့်မယ်။ ပြီးတော့ Iiyushin II76ကလည်း ပြုပြင်မှုတွေ ပြုလုပ်ပြီးတာနဲ့ ရောက်လာမှာ။ ကျွန်တော်ရဲ့ ခန့်မှန်းတွက်ချက်မှုအရတော့ နောက်နှစ်မေလထက်တော့ နောက်ကျမှာ မဟုတ်ဘူး”
“ဘာ”
အရာရှိချုပ်ချန်သည် မှင်သက်သွားသည်။ ဖုန်းယွီက သူ့အခြေအနေကို သဘောတူညီသည်လော။ ဘယ်လိုလုပ်ယင်းက ဖြစ်နိုင်မည်နည်း။ လေယာဉ် (၃၂)စီးနှင့် စုစုပေါင်း ကုန်ကျငွေသည် အနည်းဆုံး ယွမ်သန်းရာဂဏန်းအထိ ဖြစ်သွားမည်ပင်။ ထိုဖုန်းယွီက မျက်တောင်မခတ်ဘဲ ဆုံးဖြတ်ရဲသည်လော။
“အရာရီချုပ်များ ကျွန်တော်အနေနဲ့ စာချုပ်ကို ပြင်ဆင်လိုက်ပါအုံးမယ်။ ကျွန်တော်တို့တွေ ဒီမှာပဲ မနက်ဖြန်ကျ လက်မှတ်ထိုးကြတာပေါ့”
ဖုန်းယွီသည် သေချာပေါက် မြို့ပြလေကြောင်း ညွှန်ကြားရေးမှူးနှင့် စာချုပ်ထိုးမည် မဟုတ်ပေ။ ထိုအစား သူ့အနေဖြင့် သက်ဆိုင်ရာ လေကြောင်းလှိုင်းများ၏ ကိုယ်စားလှယ်နှင့် လက်မှတ်ထိုးမည်ပင်။ ယင်းက ငွေပေးချေမှု ငြင်းဆိုရန်မှ ကာကွယ်ရန်အတွက်ဖြစ်သည်။ လေကြောင်းလှိုင်းများသည် စီးပွားရေး လုပ်ငန်းများ ဖြစ်ကြပြီး မြို့ပြလေကြောင်း ညွှန်ကြားရေးမှူးသည် အစိုးရအေဂျင်စီ ဖြစ်ပေသည်။
ထိုညတွင် ဖုန်းယွီသည် ကီရီလန်ကိုကို ဖုန်းခေါ်ဆိုမှုတစ်ခု ပြုလုပ်ခဲ့သည်။ တရုတ်နိုင်ငံတွင် (၁၁)နာရီ ရှိနေပြီဖြစ်သည်။ သို့သော် မော်စကိုတွင် ညနေခင်း ခြောက်နာရီသာ ရှိသေး၏။
“ဖုန်း ငါမှတ်မိရသလောက်ဆိုရင် အခုဆိုရင် ဘင်းမြို့တော်က ညသန်းခေါင် ရောက်တော့မှာပဲ။ ဘာလို့ ဒီအချိန်မှ ငါ့ကိုခေါ်ရတာလဲ။ အရေးကြီးတာများ ရှိလို့လား”
ကီရီလန်ကိုသည် ဖုန်းယွီသူ့ဆီကို သတင်းဆိုးများ ရရှိမည်ကို စိုးရိမ်နေသည်။
“ဟား ဟား ဟား ဟား အစ်ကိုကီ စိတ်မပူပါနဲ့။ ဒါကသတင်းဆိုး မဟုတ်ပါဘူး။ သတင်းကောင်းပါ။ ကျွန်တော် ပြောထားတဲ့ လေယာဉ်စက်ရုံ နှစ်ရုံအကြောင်း မှတ်မိသေးလား။ ပထမစက်ရုံမှာ Tubolev TU154ရှိတယ်။ နောက်ထပ် တစ်ရုံက Iiyushin II76 လေယာဉ်ရှိတယ်။ လေယာဉ်ဘယ်လောက်များများက အခုထုတ်လုပ်နေတဲ့ အခြေအနေမှာ ရှိသေးလဲ”
“အခုလက်ရှိ ထုတ်လုပ်နေတာလား။ ဘာကိုဆိုလိုချင်တာလဲ။ ဖုန်း ရှိနေတဲ့ လေယာဉ်တွေက မလုံလောက်ဘူးလား”
ကီရီလန်ကို၏ မျက်လုံးများက ကျယ်သွားသည်။ ဖုန်းယွီသည် လေယာဉ်မည်မျှ ရောင်းချမည်နည်း။
“ကျွန်တော် Tubolev TU154 အစီးနှစ်ဆယ်လိုတယ်။ ပြီးတော့ Iiyushin II76 ဆယ့်နှစ်စီးလိုတယ်။ Iiyushin II76 လေယာဉ်မှာ ခရီးသည် ထိုင်ဖို့အတွက် ထိုင်ခုံတွေကိုလည်း တပ်ဆင်ပေးရမယ်။ ကျွန်တော်တို့အနေနဲ့ Iiyushin II76ကို လူစီးလေယာဉ်အနေနဲ့ အသုံးပြုမှာ။ အဲ့ဒီမှာ ပြဿနာတွေများ ရှိနေမလား”
“ကိစ္စမရှိဘူး။ ငါအခု ဘယ်သူနဲ့ ညစာစားနေတယ်ဆိုတာ မင်းခန့်မှန်းကြည့်။ XX လေယာဉ် ထုတ်လုပ်တဲ့ စက်ရုံက စက်ရုံဒါရိုက်တာ အီဗန်နိုဗစ်နဲ့ စားနေတာကွ။ ငါတို့တွေကလည်း အခုလေးတင်ပဲ ဒီအကြောင်းတွေ ပြောနေကြတာ။ ဒါက တကယ့်ကို သတင်းကောင်းပဲ”
ကီရီလန်ကိုသည် အပျော်လွန်နေသည်။ အီဗန်နိုဗစ်သည် ကီရီလန်ကိုကို သူ့အား Iiyushin II76ကို လေယာဉ်လေးစီးရောင်းရန် အကူအညီ တောင်းနေသည်။ ဥရောပ ကုမ္မဏီတစ်ခုသည် ထိုလေယာဉ်လေးစီး အမှာစာကို ပစ်ခဲ့သည်။ အီဗန်နိုဗစ်သည် သူတို့ဆီကို ကုန်ကျနည်းနည်းဖြင့် ရောင်းချချင်ဆဲဖြစ်သည်။
ယခုလက်ရှိ ဆိုဗီယက် ပြည်ထောင်စု၏ အခြေအနေသည် မရေရာ မသေချာသည့် အခြေအနေသို့ ရောက်နေပြီဖြစ်သည်။ နိုင်ငံငယ်လေး များကတောင်မှ သူတို့ထံမှ အခွင့်အရေးများကို လက်ရှိတွင် ယူရဲနေကြပြီဖြစ်သည်။ လွန်ခဲ့သည့် နှစ်နှစ်က မည်သည့် ဥရောပတိုင်းပြည်က သူတို့၏ အမှာစာများကို ပယ်ဖျက်ရဲမည်နည်း။
စက်ရုံတွင် ပစ္စည်းများ ပိုနေပြီး ထိုလေယာဉ်များ အသုံးပြုရန် နေရာလည်းမရှိပေ။ သူတို့သည် လေယာဉ်များကိုလည်း မရောင်းနိုင်ပေ။ အစိုးရသည် စက်ရုံများကို လူမှုဖူလုံရေးငွေများ ပေးသော်ငြား စက်ရုံအနေဖြင့် လည်ပတ်ရန်က မတက်နိုင်ပေ။ ကီရီလန်ကိုသည် နေ့စဉ်လိုအပ်သည့် ပစ္စည်းများကို လေယာဉ်များဖြင့် လဲလှယ်မည်ဟု ပြောသည့်အခါ အီဗန်နိုဗစ်က ချက်ချင်းပင် သဘောတူလိုက်သည်။ သေချာသည်မှာ အခြားသော သူများထက် ကီရီလန်ကိုက သူ့ကိုပိုပြီး အကျိုးအမြတ် ပေးသည့်အတွက်ကြောင့် ဖြစ်သည်။
အီဗန်နိုဗစ်သည် သူ၏အထက် အရာရှိများကို လေယာဉ်လေးစီး ရောင်းရပြီဖြစ်ကြောင်း သတင်းပို့ထားသည်။ သို့သော် အခြားတစ်ယောက်အနေဖြင့် သူ၏အမှာစာများကို ပယ်ဖျက်လိမ့်မည်ဟု လုံးဝမမျှော်လင့်ထားခဲ့ပေ။
အကြောင်းမှာ အတိတ်က သူတို့၏ အမှာစာများကို မဖယ်ရဲခဲ့သည့် အတွက်ကြောင့် ဖြစ်နိုင်သည်။ ထို့ကြောင့် စာချုပ်ချုပ်သည့် လျော်ကြေးငွေသည် အလွန်နည်းပေသည်။ ယင်းက သူ၏အထက် အရာရှိများကို သူ၏လုပ်ဆောင်ချက် မပြည့်မှီကြောင်း ပြသရာ ရောက်ပေလိမ့်မည်။ အရာများသည် ယခုကဲ့သို့ ဖြစ်သွားကတည်းက အဘယ့်ကြောင့် ကီရီလန်ကိုကို စျေးနည်းနည်းဖြင့် ထိုလေယာဉ်များကို မရောင်းချရဲဘဲ နေမည်နည်း။ သူ့အနေဖြင့် ကီရီလန်ကိုထံမှ ငွေအချို့ ရနိုင်သေးဆဲဖြစ်သည်။ အကယ်၍ စက်ရုံပိတ်သိမ်းလျှင်တောင် သူသည် သက်တောင့်သက်သာဖြင့် ပင်စင်ယူပြီး အနားယူနေနိုင်မည်ဖြစ်သည်။
ဖုန်းချလိုက်ပြီးနောက် ကီရီလန်ကိုက အီဗန်နိုဗစ်ကို ပြောလိုက်သည်။
“ကောင်းပြီ မင်းအခက်အခဲ တွေ့နေပြီဆိုမှတော့ ငါလည်း အဖြေကို ကြိုးစားပြီး ရှာပေးရမှာပေါ့။ ဒါပေမဲ့ Iiyushin II76က ငါ့သူငယ်ချင်းရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီမှုတော့ မရှိဘူး။ မင်းအနေနဲ့ ဒီလေယာဉ်တွေကို ခရီးသည်တင် လေယာဉ်အဖြစ် ပြောင်းလဲပေးရမယ်။ အဲ့ဒီအတွက် ပြဿနာတွေရှိလား”
“ပြဿနာ မရှိပါဘူး။ တကယ်လို့ ကျွန်တော်ရဲ့ လေယာဉ်တွေအကုန်လုံး ရောင်းရမယ်ဆိုရင် ကျွန်တော်က Iiyushin II76 လေယာဉ်တွေ အကုန်လုံးကို ခင်ဗျားအတွက် အလကား ပြင်ပေးမှာ။ ကျွန်တော်အနေနဲ့ ဒီလေယာဉ်တွေကို ပထမဦးဆုံး ရစေရမယ်လို့လည်း ကျွန်တော် အာမခံတယ်”
“ကောင်းပြီလေ အဲ့ဒါဆိုရင် ငါ့ရဲ့တရုတ်က သူငယ်ချင်းကို ငါတို့ရဲ့ လေယာဉ်တွေကို ဝယ်ဖို့အတွက် ငါကြိုးစားပြီး နားချလိုက်အုံးမယ်”
ကီရီလန်ကိုက ပြောလိုက်၏။
....
နောက်တစ်နေ့တွင် ဖုန်းယွီနှင့် လေကြောင်းလှိုင်း ကုမ္မဏီများ၏ ကိုယ်စားလှယ်များသည် စာချုပ်တွင် လက်မှတ်ထိုးကြသည်။ ကိုယ်စားလှယ်များသည် ဖုန်းယွီအသုံးပြုသည့် ကုမ္မဏီတံဆိပ်ခေါင်းသည် ကွဲပြားနေသည်ကို သတိပြုမိသည်။ ယင်းက ထိုက်ဟွကုန်သွယ်ရေး မဟုတ် ထိုအစား ဟောင်ကောင်တွင် မှတ်ပုံတင်ထားသည့် ကုမ္မဏီ ဖြစ်နေသည်။
ဖုန်းယွီက ယင်းမှာ လုပ်ဆောင်ရသည့် အချက်အလက်များကြောင့် ဖြစ်သည်ဟု ရှင်းပြသည်။ ဟောင်ကောင် ကုမ္မဏီ၏ နာမည်ကို အသုံးပြုပြီး လေယာဉ်များကို တင်သွင်းရန်က လွယ်ကူသည်။ လေယာဉ်များသည် ဟောင်ကောင်တွင် ဆင်းမည်ဖြစ်ကာ သက်ဆိုင်ရာ လေကြောင်းလှိုင်းများဆီ လွှဲပေးမည်ဖြစ်သည်။
ဟောင်ကောင်တွင် ထူထောင်ထားသော ဖုန်းယွီ၏ ကုမ္မဏီကြောင့် ထိုလေကြောင်းလှိုင်းများသည် သူ့အား ပိုက်ဆံမပေးမည်ကို ဖုန်းယွီအနေဖြင့် စိုးရိမ်စရာ မလိုအပ်ပေ။ ဖုန်းယွီအနေဖြင့် ယခုကိစ္စကို ဟောင်ကောင်ထံတွင် ထားသွားနိုင်သည်။ ပြီးနောက် ဟောင်ကောင်သည် တရုတ်နိုင်ငံကို ပြန်လည်ရောက်ရှိပြီမှ အကျိုးသက်ရောက်မည် ဖြစ်သည်။ လေကြောင်းလှိုင်း ကုမ္မဏီများသည် ထိုနေရာကို ပြဿနာ မလုပ်ရဲပေ။
ကီရီလန်ကိုသည်လည်း အခြားလေယာဉ် ထုတ်လုပ်သည့် စက်ရုံနှင့် စာချုပ် ချုပ်ဆိုပြီးဖြစ်ပြီး သူ့အနေဖြင့် Tubolev TU154 လေယာဉ် အစီးနှစ်ဆယ် လိုချင်ကြောင်း ပြောသည်။ စက်ရုံဒါရိုက်တာ အဲလက်စ်က အပျော်လွန်သွားသည်။ သူ့အနေဖြင့် သက်ပြင်းမချဘဲ မနေနိုင်ပေ။ ကီရီလန်ကို၏ တရုတ်သူငယ်ချင်းက တကယ်ကိုပင် ဆိုဗီယက် ပြည်ထောင်စု၏ သူငယ်ချင်းကောင်း တစ်ယောက်ပင် ဖြစ်သည်။