ကျန်းရွေ့ချင်၏မေးခွန်း
Vol. 18 Ch. 263
စာချုပ် ချုပ်ဆိုပြီးနောက် ဖုန်းယွီသည် ကီရီလန်ကိုဆီသို့ နေ့စဉ်လိုအပ်သည့် အသုံးအဆောင် ပစ္စည်းများ အားလုံးကို ရထားဖြင့် ပို့ပေးလိုက်သည်။ ကီရီလန်ကိုသည်လည်း ဖုန်းယွီကို Tubolev TU154 ပထမအသုတ်သည် ဘင်းမြို့တော် လေဆိပ်သို့ နှစ်သစ်ကူးတွင် ရောက်လာမည်ဖြစ်ကြောင်း ကတိပေးခဲ့သည်။
လေကြောင်းလှိုင်းများ လက်ခံရန်အတွက် လုပ်ဆောင်ရသည့် အဆင့်ဆင့်က တကယ်ပင် အခက်တွေ့သည်။ ပထမအနေဖြင့် လေယာဉ်ထုတ်လုပ်သည့် စက်ရုံသည် လေယာဉ်များကို စစ်ဆေးရန်အတွက် စက်ရုံသို့ တစ်စုံတစ်ယောက်ကို ပို့ခဲ့ရသည်။ ပြီးနောက် ကီရီလန်ကိုသည် လေယာဉ် မထွက်ခင်အထိ စာရွက်စာတမ်းကို သူ့ဆီတွင် ထားထားရသည်။
လေယာဉ်များ တရုတ်နိုင်ငံ၏ လေပိုင်နက်ကို ဝင်လာသည့်အခါ လေယာဉ်များသည် တရုတ်နိုင်ငံ လေကြောင်းညွှန်ကြားရေး ငှာနကို ဆက်သွယ်ရသည်။ ပြီးနောက် ဘင်းမြို့တော် လေဆိပ်ဆီ ဆင်းရန်အတွက် ခွင့်ပြုချက်ကို တောင်းရသည်။ အရေးကြီးသည့် အရာများစွာရှိပြီး အသေးစိတ်က လုံးဝရှုပ်ထွေးသည်။ သို့သော် ဖုန်းယွီအနေဖြင့် ထိုလုပ်ဆောင်ရမည့် အရာများအားလုံးကို စိုးရိမ်ပူပန်စရာ မလိုပေ။ အကြောင်းမှာ ဟိုဟိုက်ထောင်သည် သူ့အတွက် ကိစ္စအဝဝကို လုပ်ပေးသည့်အတွက်ပင် ဖြစ်သည်။
Tubolev TU154လေယာဉ် ပထမအသုတ် (၁၀)စီး ဘင်းမြိ်ု့တော် လေဆိပ်သို့ ရောက်လာသည့်အခါ လေကြောင်းလှိုင်းမှ ဝန်ထမ်းများသည် ထိုလေဆိပ်တွင် စောင့်နေကြသည်။ သူတို့အားလုံးသည် သူတို့လက်ဖြင့် ထိုလေယာဉ်ကိုမောင်းရန် စိတ်အားထက်သန်နေကြသည်။
ရှန်းမြို့တော်တွင် အခြေစိုက်သည့် လေကြောင်းကုမ္မဏီမှ လူများသည် ပထမဦးဆုံး ရောက်လာသည်။ သူတို့သည် ပထမဦးဆုံး လေယာဉ်(၂)စီးကို ယူသွားပြီး ဟောင်ကောင်တွင်ရှိသော ဖုန်းယွီ၏ လေနှင့်မိုး အကြံပေးကုမ္မဏီသို့ ပိုက်ဆံများ လွှဲပြောင်းပေးလိုက်သည်။
အခြားလေကြောင်းလှိုင်းသည် နောက်ထပ် လေယာဉ်(၁)စီး သို့မဟုတ် (၂)စီးစီ လာယူမည်ပင်။ ထိုကုမ္မဏီများသည် လေယာဉ်မှာယူမှု နည်းသည့် ကုမ္မဏီများသည် ဖုန်းယွီဆီသို့ လေယာဉ်များ ရောက်ရန်အတွက် အပြေးတောင်းဆိုကြသည်။
ဖုန်းယွီအနေဖြင့် လေကြောင်းလှိုင်း ကုမ္မဏီများ အနေဖြင့် အပြည့်ပေးချေပြီးမှ စိတ်သက်တောင့်သက်သာ ရမည်ဖြစ်ကြောင်း ပြောခဲ့သည်။ သူသည် သူတို့ကို ကျန်ရှိသည့် လေယာဉ်များသည် ဘင်းမြို့တော်၏ လေဆိပ်သို့ နောက်အပတ်တွင် ရောက်လာမည်ဖြစ်ကြောင်း ပြောသည်။ အကြောင်းမှာ ဘင်းမြို့တော် လေဆိပ်သည် ထိုလေယာဉ်များ အားလုံး တစ်ပြိုင်နက်ထဲ လာရန်အတွက် မကြီးပေ။
ထိုလေကြောင်းလှိုင်း ကုမ္မဏီ၏ ခေါင်းဆောင်များသည် စတင်ပြီး ညဉ်းညူကြသည်။ ဘာလို့ ဘင်းမြို့တော်ရဲ့ လေယာဉ်က အရမ်းသေးနေရတာလဲ။ ဘာလို့ သူတို့တွေက လေဆိပ်ကြီးကြီး မဆောက်ရတာလဲ။
ဘင်းမြို့တော် လေဆိပ်ရှိ လူများသည် ပြောစရာစကား မဲ့သွားကြသည်။ လေဆိပ် အရွယ်အစားကို ပြည်နယ်အစိုးရက စီမံချက်ဖြင့် ဆောက်လုပ်စေတာဖြစ်ပြီး လေဆိပ်ရှိ ဝန်ထမ်းများ၏ ဆုံးဖြတ်ချက်နှင့် မဆိုင်ပေ။
အကယ်၍ ပြည်နယ်အစိုးရသည် ခွင့်ပြုပါက ပါတီကော်မတီ အနေဖြင့်လည်း ယင်းကို ခွင့်ပြုမည်ဖြစ်သည်။ ယခုလက်ရှိတွင် ဘင်းမြို့တော်တွင် တစ်နေ့တွင် လေကြောင်းလှိုင်း အနည်းငယ်သာရှိပြီး အဘယ့်အတွက် လေကြောင်းလှိုင်း လေဆိပ်ကြီးကြီး လိုအပ်မည်နည်း။
ရှန်းမြို့တော် လေကြောင်းလှိုင်း၏ ကိုယ်စားလှယ်များသည် ပထမအသုတ်တွင် လေယာဉ်(၂)စီး ရလိုက်သည့်အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြသည်။ သူသည် အခြားသော ကိုယ်စားလှယ်များ၏ ပြဿနာရှာတာကို လျစ်လျူရှု့သည်။ မည်သို့ပင် ဖြစ်စေကာမူ Iiyushin II76 ဘင်းမြို့တော် လေဆိပ်သို့ ရောက်လာသည့်အခါ သူသည်လည်း ပထမဦးဆုံး လေယာဉ်ရရှိသည့်သူ ဖြစ်လာမည်ပင်။
တစ်ပတ်ခန့် ကြာပြီးနောက် Tubolev TU154 ဒုတိယအသုတ် ရောက်လာပြီဖြစ်သည်။ လေကြောင်းလှိုင်းများ အားလုံး၏ ကိုယ်စားလှယ်များသည် ကျေနပ်နေကြသည်။ လေယာဉ်နှင့် ပတ်သတ်ပြီး မည်သည့်ပြဿနာမှ မရှိပေ။ ဖုန်းယွီအနေဖြင့်လည်း သူတို့ကို တစ်ပတ်ရစ် လေယာဉ်များအား လေယာဉ် အသစ်များအဖြစ် လိမ်ပြီးရောင်းချမည် မဟုတ်ပေ။
ဘင်းမြို့တော် အစိုးရသည်လည်း ထိုအရောင်းအဝယ် ကိစ္စကို သိပေသည်။ ပြီးနောက် အချို့သော ပြည်နယ်အစိုးရ များကတောင် ယင်းအကြောင်း သိပေ၏။ ဘင်းမြို့တော်မှ တစ်စုံတစ်ယောက်သည် နိုင်ငံအတွက် လေယာဉ်များ ဝယ်ရန်အတွက် စီမံမှုကို ပြုလုပ်နိုင်ခဲ့သည်။ ပြီးနောက် သူတို့သည် ယင်းအတွက် ဂုဏ်ယူနေကြသည်။ သို့သော် အရာရှိများအနေဖြင့် တစ်ချို့သော အပိုင်းများတွင်တော့ စိတ်မကြည်ကြပေ။ ပြည်နယ်အစိုးရအနေဖြင့် ဘင်းမြို့တော်၏ အစိုးရကို ဖုန်းယွီနဲ့ စကားပြောရန် ညွှန်ကြားလိုက်သည်။
ပုံမှန်အတိုင်း ထိုတာဝန်သည် ကျန်းရွေ့ချင်ဆီသို့ ကျခဲ့သည်။ မြို့တော်ရှိ လူတိုင်းသည် ကျန်းရွေ့ချင်၏လူသည် ဖုန်းယွီဖြစ်ကြောင်း သိပေ၏။
....”ဖုန်းယွီ မင်းကပိုပြီးတော့ စွမ်းဆောင်ရည် ကောင်းကောင်းလာတယ်။ ပြီးတော့ မင်းရဲ့စီးပွားရေးက ပိုပိုပြီး ကြီးလာတယ်။ ဆိုဗီယက် ပြည်ထောင်စုရဲ့ စက်မှုသုံ စက်ကိရိယာကနေပြီးတော့ အခု လေယာဉ်တွေအထိ ဖြစ်လာပြီ”
ကျန်းရွေ့ချင်သည် ဖုန်းယွီအနေဖြင့် လေယာဉ်များကို ရောင်းချမည်ဟု လုံးဝမမျှော်လင့်ထားခဲ့ပေ။ ဖုန်းယွီ၏ ဆိုဗီယက်တွင်ရှိသော အဆက်အသွယ်သည် သူမျှော်မှန်းထားသည်ထက် ပိုပြီး အင်အားကြီးပုံ ပေါ်ပေသည်။
“မြို့တော်ဝန်ကျန်း ဒါကနေထိုင်ဖို့ အဆင်ပြေရုံပဲရှိတဲ့ စီးပွားရေးလုပ်ငန်းတစ်ခု သာသာပဲပါ”
ဖုန်းယွီက ပြုံးကာပြောလိုက်၏။
ကျန်းရွေ့ချင်က လေသံမာမာဖြင့် ပြန်ပြောသည်။
“ယွမ်သန်းရာချီ တန်ဖိုးရှိတဲ့ အရောင်းအဝယ် ကိစ္စကို လုပ်ငန်းသေးသေးလေးလို့ ပြောသေးတာလား။ ဒါကို နေထိုင်ဖို့ ကောင်းရုံပဲလို့ စဉ်းစားလို့ ရနိုင်တယ်လို့လည်း ပြောတယ်ဆိုရင် အဲ့ဒါဆိုရင် ငါက သွားတောင်းစားရမှာလား။ ဒါမှမဟုတ်ဘူးဆိုရင် ငါက သစ်ခေါက်တွေကိုပဲ စားရမှာလား”
ဖုန်းယွီက ပြောလိုက်၏။
“မြို့တော်ဝန်ကျန်း မြို့တော်ဝန်က ဘင်းမြို့တော်ရဲ့ ခေါင်းဆောင်လေ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ပဲ။ တကယ်လို့ မြို့တော်ဝန်သာ သစ်ပင်အခေါက်တွေကို စားမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ဘင်းမြို့တော်ကြီးက ဘယ်လိုဖြစ်သွားမှာလဲ”
“မင်း....”
ကျန်းရွေ့ချင်သည် ဖုန်းယွီကို လက်ညိုးထိုးလိုက်ပြီးနောက်
“ဘာကြောင့်မင်းကို ဒီကိုခေါ်လဲဆိုတာ မင်းသိလား”
ဖုန်းယွီက မျက်တောင် ပေကလက်ဖြင့် ပြန်ဖြေလေ၏။
“ကျွန်တော်ကို ဒီကိုခေါ်တာက စကားပြောဖို့ပဲလေ မဟုတ်ဘူးလား”
ကျန်းရွေ့ချင်က
“....”
ဒီကောင်စုတ်က ငါ့ကိုတကယ်ပဲ စိတ်တိုအောင် လုပ်နေတာပဲ။ နှစ်ကုန်တော့မှာလေ ဒါက နှစ်တစ်နှစ်အတွက် အလုပ်ရှုပ်ဆုံးလ။ ငါ့မှာဘယ်လိုလုပ် မင်းနဲ့စကားပြောဖို့ အချိန်က ရှိရမှာလဲ။
“ငါမင်းကို မေးခွန်းနှစ်ခု မေးချင်တယ်။ ပထမက ဒီလေယာဉ်တွေကို ဝယ်ယူဖို့အတွက် ပိုက်ဆံတွေ မင်းဘယ်ကနေ ရတာလဲ။ မင်းလူတွေကို လိမ်နေတာလား။ ဒုတိယအနေနဲ့ ဘာကြောင့် ဟောင်ကောင်မှာ ကုမ္မဏီတစ်ခုကို မှတ်ပုံတင်ထားရတာလဲ။ ပြီးတော့ ဘာကြောင့် ထိုက်ဟွကုန်သွယ်ရေးကို မင်းအရောင်းအဝယ် ပြုလုပ်တဲ့နေရာမှာ အသုံးမပြုခဲ့ရတာလဲ”
“မြို့တော်ဝန်ကျန်း ကျွန်တော်ကို တရားမဝင်တာတွေ လုပ်နေတယ်လို့ စွပ်စွဲမလို့လား။ ကျွန်တော် လေကြောင်းလှိုင်း ကုမ္မဏီတွေကို ရောင်းလိုက်တဲ့ လေယာဉ်တွေက စျေးကွက်က ပေါက်စျေးထက်ကို နည်းတယ်နော်။ ပြီးတော့ အကုန်လုံးက အကောင်းအတိုင်းပဲ။ မဟုတ်ဘူးဆိုရင် လေကြောင်းလှိုင်းတွေက အဲ့ဒီလေယာဉ်တွေကို ငြင်းဆိုကြပြီးတော့ ကျွန်တော်လည်း ဘာမှပိုက်ဆံရမှာ မဟုတ်ဘူးလေ။ ကျွန်တော်က တရုတ်ကုန်ပစ္စည်းတွေကို ဒီလေယာဉ်တွေနဲ့ လဲလှယ်ဖို့အတွက် အသုံးပြုခဲ့တာ။ ပြီးတော့ လေကြောင်းလှိုင်းတွေကို ပြန်ရောင်းတယ်။ ဒါကိုဘယ်လိုလုပ် လိမ်လည်တယ်လို့ စဉ်းစားလို့ ရနိုင်မှာလဲ။ လေကြောင်းလှိုင်း ကုမ္မဏီတွေက ဒီအရောင်းအဝယ် ကိစ္စမှာ အကျိုးအမြတ် အရဆုံး လူတွေပဲလေ”
“ပြီးတော့ ကျွန်တော် ဟောင်ကောင်မှာ ကုမ္မဏီတစ်ခု မှတ်ပုံတင်ထားတာက ပိုပြီးတော့ အဆင်ပြေ လွယ်ကူစေဖို့ပါ။ မြို့တော်ဝန်လည်း ကျွန်တော်ရဲ့ ကုမ္မဏီက ထုတ်ကုန်တွေ အများကြီးကို တင်ပို့နေတယ်ဆိုတာ သိမှာပါ။ ဟောင်ကောင်မှာရှိတဲ့ တင်ပို့တဲ့ လမ်းကြောင်းတွေက ပိုပြီးတော့ ကောင်းတယ်လေ။ ပြီးတော့ အင်္ဂလိပ်ကို အဓိက ဘာသာစကားအဖြစ် အသုံးပြုတယ်။ ဒီနည်းနဲ့ဆိုတော့ ကျွန်တော်အနေနဲ့ နိုင်ငံခြားသားတွေရဲ့ လိမ်တာမခံရတော့ဘူးလေ။ ဒီလေယာဉ်ရဲ့ အရောင်းအဝယ် ကိစ္စမှာလည်း အတူတူပဲ။ ကျွန်တော်က ဆိုဗီယက်တွေ ကျွန်တော်ကို လိမ်သွားမှာ ကျွန်တော်အရမ်း စိုးရိမ်တယ်။ အဲ့ဒါကြောင့်မို့ သူတို့ကျွန်တော်ကို လိမ်မှာကို ပြင်ဆင်ထားတဲ့အနေနဲ့ ကျွန်တော်သူတို့ကို တရားစွဲဖို့အတွက် ပြင်ဆင်ထားတာပါ”
ဖုန်းယွီက ကျန်းရွေ့ချင်ကို အနည်းငယ်သော အမှန်တရားသာ ပြောပြလိုက်သည်။ ဖုန်းယွီ အမှန်တကယ် စိုးရိမ်သည်က လေကြောင်းလှိုင်းများ သူ့ကိုလိမ်ညာသွားမည်ပင် ဖြစ်သည်။ ပြီးနောက် သူ့အနေဖြင့် သူတို့ကို တရားစွဲဆိုရန်အတွက် သေချာပေါက် ပြင်ဆင်ရမည်ပင်။
“ငါ့ရဲ့ခန့်မှန်းချက်အရတော့ မင်းဟောင်ကောင်မှာ ကုမ္မဏီကို မှတ်ပုံတင်တယ်ဆိုတာက အကြောင်းပြချက် တစ်ခုပဲ။ ပထမဦးဆုံးအနေနဲ့ နိုင်ငံခြားငွေ လဲလှယ်တဲ့ ပြဿနာကြောင့်ပဲ။ ငါမကြာသေးခင်က ကြားတာက ထိုက်ဟွကုန်သွယ်ရေးက ရူဘယ်လ်ငွေကြေး လဲလှယ်တာမျိုး မရှိတော့ဘူးလို့ ကြားတယ်။ ဒုတိယအနေနဲ့ မင်းက လေကြောင်းလှိုင်း ကုမ္မဏီက မင်းကိုပေးရမဲ့ပိုက်ဆံတွေ မပေးမှာ ကြောက်တာ ဟုတ်တယ်မလား”
ကျန်းရွေ့ချင်သည် ရည်ရွယ်ချက်ကို သိနေသည်။ သို့သော် သူမသိသည်က ဟောင်ကောင်ကုမ္မဏီသည် နိုင်ငံတစ်ကာ ငွေကြေးစျေးကွက်တွင် ရင်းနှီးမြုပ်နှံရန်အတွက် ထူထောင်ထားသည်ကိုတော့ မသိပေ။
ဖုန်းယွီကပြုံးကာ
“မြို့တော်ဝန်ကျန်း ဒီကိစ္စတွေကို စိုးရိမ်ဖို့အတွက် မလိုဘူး မဟုတ်ဘူးလား”
“ဘာကြောင့်မင်းက မင်းရဲ့တိုင်းပြည်ကို မယုံကြည်ရတာလဲ။ မင်းအနေနဲ့ နိုင်ငံတော်က မင်းကို ငွေကြေးလိမ်လည်မယ်လို့ တွေးနေတာလား”
ကျန်းရွေ့ချင်က နာကျင်သလို ခံစားနေရသည်။
ဖုန်းယွီက အလေးအနက်ဖြင့် ပြန်ပြောလိုက်သည်။
“တကယ်လို့ ကျွန်တော်က မြို့တော်ဝန်နဲ့ စီးပွားရေးလုပ်မယ်ဆိုရင် ကျွန်တော်က စိုးရိမ်နေမှာ မဟုတ်ဘူး။ ဒါပေမဲ့ တစ်ခြားလူနဲ့ စီးပွားရေး လုပ်မယ်ဆိုရင်တော့ ကျွန်တော်ကနည်းနည်း လက်တွန့်တယ်ဗျ။ ဒီငွေတွေ အကုန်လုံးက နိုင်ငံခြားဘဏ်ကနေပြီးတော့ ကျွန်တော်ယူထားတဲ့ ချေးငွေတွေလေ။ တကယ်လို့ လေကြောင်းလှိုင်း ကုမ္မဏီက ငွေကြေးပေးချေမယ်ဆိုရင်တော့ ကျွန်တော် အဆင်ပြေတယ်။ တကယ်လို့ သူတို့မပေးဘူးဆိုရင်တော့ ကျွန်တော် ပြီးသွားပြီ”
“ချေးငွေတွေကနေ ပိုက်ဆံတွေလား။ ဘယ်နိုင်ငံက မင်းကို ဒီလောက်များတဲ့ ပိုက်ဆံတွေကို ချေးပေးတာလဲ”
ကျန်းရွေ့ချင်က ပြောလိုက်၏။
“ဆိုဗီယက် ပြည်ထောင်စုဘဏ်လေ။ မြို့တော်ဝန်ကျန်း တကယ်လို့ ကျွန်တော်ကို မယုံကြည်ဘူးဆိုရင် ကျွန်တော်အနေနဲ့ ချေးငွေစာချုပ်တွေရဲ့ မိတ္တူကို ပြလို့ရတယ်”
ကျန်းရွေ့ချင်သည် ဖုန်းယွီ၏ ဆိုဗီယက် ပြည်ထောင်စုနှင့် အဆက်အသွယ်ကို စဉ်းစားလိုက်သည်။ သူသည် ဆိုဗီယက် ပြည်ထောင်စုထံမှတောင် ချေးငွေပမာဏ များများတောင် ရနိုင်သေးသည်ပင်။
“အဲ့ဒီအတွက် မလိုအပ်ပါဘူး။ ငါမင်းကို ယုံကြည်တယ်။ ဒါပေမဲ့ အထက်ကတော့ သိပ်ပြီးတော့ မပျော်ရွှင်ကြဘူး။ သူတို့တွေက ဟောင်ကောင်ကုမ္မဏီကို ဒီအရောင်းအဝယ်မှာ သုံးခဲ့တော့ အစိုးရက ဘယ်လိုလုပ် မင်းဆီကနေပြီးတော့ အခွန်ရတော့မှာလဲ”
ဖုန်းယွီမျက်လုံးများ ပြူးကျယ်သွားကာ
“အခွန်တွေလား။ စာချုပ်ထဲမှာ ဖော်ပြထားတာက လေကြောင်းလှိုင်း ကုမ္မဏီအနေနဲ့ အခွန်တွေ အားလုံးပေးဆောင်ရန်လို့ ပြောထားတယ်လေ။ ကျွန်တော်ဆီကနေပြီးတော့ ဘယ်လိုလုပ် ရမှာလဲ”
“ဒါပေမဲ့မင်းက ခရီးသည်တင် လေယာဉ်တွေကို ရောင်းချတဲ့လူလေ။ မင်းလည်း ဝင်ငွေရမှာပဲ။ မင်းအနေနဲ့ အခွန်ကို ပေးဖို့လိုအပ်တယ်”
ပြည်နယ်အစိုးရ အရာရှိများသည် မပျော်ရွှင်နေသည့် အကြောင်းအရင်းမှာ ယွမ်သန်းရာချီ တန်ဖိုးရှိ အရောင်းအဝယ်တွင် အခွန်က အနည်းငယ်သာ ဖြစ်နေသည်။ သို့သော် အဆုံးတွင် ဖုန်းယွီသည် ဟောင်ကောင်ကုမ္မဏီကို အသုံးပြုခဲ့ပြီး ထိုအခွန်များ အားလုံးသည် အခြားနိုင်ငံသို့ ရောက်သွားမည်ဖြစ်သည်။ ဟောင်ကောင်သည် ဗြိတိသျှ၏ ကိုလိုနီ ဖြစ်နေဆဲဖြစ်၏
ဟောင်ကောင်သည် ကျန်းရွေ့ချင်ဘက်သို့ လျှောက်လာပြီးနောက် လျို့လျို့ဝှက်ဝှက်ဖြင့် ပြောလိုက်၏။
“မြို့တော်ဝန်ကျန်း ဒီအခွန်တွေက ဘင်းမြို့တော်ရဲ့ အစိုးရဆီကိုတော့ သွားမှာမဟုတ်ဘူး။ ဘာကြောင့် ကျွန်တော်က မြို့တော်ဝန်ရှေ့မှာ မြို့တော်ဝန် ပျော်နိုင်မဲ့သတင်းကို ကျွန်တော်က မမျှဝေဘဲ နေရမှာလဲ။ ကျွန်တော်တို့အနေနဲ့ ဒီအခွန်ကိစ္စကို မေ့ထားလို့ရတယ် မဟုတ်ဘူးလား”