← Chapters

သူ့ကိုယုံကြည်ရမလား မယုံကြည်ရဘူးလား

Vol. 18 Ch. 264

သူ့ကိုယုံကြည်ရမလား မယုံကြည်ရဘူးလား

Vol. 18 Ch. 264

ငါ့ရဲ့ခေါင်းဆောင်တွေရှေ့မှာ ထင်ပေါ်စေမဲ့ အရေးကြီးတဲ့ သတင်းတစ်ခုလား။ ဖုန်းယွီက ဘာအကြောင်း ပြောနေတာလဲ။

ဖုန်းယွီသည် ကျန်းရွေ့ချင် ဘာမှမတုန့်ပြန်သည်ကို မြင်သောအခါ သူကဆက်ပြောလိုက်သည်။

“မြို့တော်ဝန်ကျန်း ကျွန်တော် မြို့တော်ဝန် သဘောတူတယ်လို့ ယူဆလိုက်ပါ့မယ်။ ဒီသတင်းက.... ဆိုဗီယက် ပြည်ထောင်စုက နောက်နှစ်မှာပဲ ပြိုကွဲတော့မယ်”

“ဘာ”

ကျန်းရွေ့ချင်သည် ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲလိမ့်မည်ဆိုသော သတင်းကို သူကြားရသည့်အခါ မှင်သက်သွားခဲ့သည်။

သူသည် ဆိုဗီယက် ပြည်ထောင်စု၏ အခြေအနေကို သိပေသည်။ ပြီးနောက် ရုရှားအပါအဝင် ပြည်ထောင်စု အဖွဲ့ဝင် နိုင်ငံများ အားလုံးသည် သူတို့ ဆိုဗီယက် ပြည်ထောင်စုမှ ထွက်ခွာချင်ကြောင်း ကြေညာထားသည်။ သို့သော် ထိုနိုင်ငံများသည် မအောင်မြင်ကြသေးပေ။ အချို့သော နိုင်ငံများတွင် ထိုကြေညာချက်ကို ကြေညာသည့်သူက နိုင်ငံ၏ ခေါင်းဆောင်မဟုတ်ပေ။ ပြီးနောက် အခြားသော နိုင်ငံများကလည်း သူတို့၏ တောင်းဆိုမှုကို အသိအမှတ် မပြုကြပေ။

ထပ်ပြောရပါက ဆိုဗီယက် ပြည်ထောင်စုသမ္မတ မီခေးလ်ဂေါ်ဘာချော့သည် ရှိနေဆဲဖြစ်သည်။ ပြီးနောက် ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲရန်က မဖြစ်နိုင်ပေ။ ယက်ဆင်သည် အာဏာပြန်ရလာသော်ငြား သူသည် ရုရှား၏ သမ္မတတောင် မဖြစ်သေးပေ။ ပြီးနောက် မီခေးလ်ဂေါ်ဘာချော့သည် ဒုတိယအကြိမ် သူ့အားဖြုတ်ချနိုင်ပေသည်။

ဖုန်းယွီသည် ထိုသတင်းကို ဆိုဗီယက် ပြည်ထောင်စုမှ ရရှိခဲ့သည်လော သို့မဟုတ် သူ့ပြစ်ဒဏ်မှ လွတ်မြောက်ရန်အတွက် ယင်းကို အသုံးချသည်လော။

“မြို့တော်ဝန်ကျန်း ကျွန်တော်ကို မယုံဘူးလား”

“မင်းဘာပြောနေလဲဆိုတာ မင်းသိရဲ့လား။ ဘယ်လိုလုပ် ဆိုဗီယက် ပြည်ထောင်စုက ပြိုကွဲမှာလဲ။ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲသွားတာနဲ့ ပြည်ထောင်စု အဖွဲ့ဝင် နိုင်ငံတွေရဲ့ စီးပွားရေးတွေ အကုန်လုံးက ပျက်စီးကုန်မှာ။ သူတို့က ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲဖို့အတွက် ဘယ်တော့မှ သဘောတူကြမှာ မဟုတ်ဘူး”

တိုင်းပြည်ထဲတွင် အသံနှစ်ခု ထွက်ပေါ်ခဲ့သည်။ ပထမတစ်အုပ်စုသည် ရုရှားအနေဖြင့် လွတ်လပ်ရေးကို ကြေညာမည်ဟုထင်ပြီး ဆိုဗီယက် ပြည်ထောင်စုသည် ရုတ်ချည်း ပြိုကွဲသွားပေလိမ့်မည်။ သို့သော် ဆိုဗီယက် ပြည်ထောင်စုသည် ယခုလက်ရှိတွင် မပြိုကွဲသေးပေ။ အချိန်ပိုင်း လိုသေးသည်။ မကြာမီတွင် ပြိုကွဲမည်ဖြစ်သည်။ အကြောင်းမှာ ဆိုဗီယက် ပြည်ထောင်စု၏ စီးပွားရေးသည် နိုင်ငံကြီးတစ်ခုလုံးကို ထောက်ပံ့ပေးနိုင်သည်အထိ အင်အားမရှိ၍ဖြစ်၏။

အခြားသောအုပ်စု ထင်ကြသည်က ပြိုကွဲမှုသည် မဖြစ်နိုင်သည့် အရာပင်ဖြစ်သည်။ သူတို့က မီခေးလ်ဂေါ်ဘာချော့သည် ဆိုဗီယက် ပြည်ထောင်စုကို တည်ငြိမ်အောင် လုပ်နိုင်သည်ဟု ခံစားရပြီး သူ့တွင် အာဏာလည်း ရှိပေသည်။ ထပ်ပြောရပါက ဗိုလ်မှူးများစွာသည် သူ့အား ထောက်ခံနေကြဆဲပင် ဖြစ်သည်။

ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲသွားသည်နှင့် ပြည်ထောင်စုအဖွဲ့ဝင် နိုင်ငံများ၏ စီးပွားရေးသည် မည်သို့ဖြစ်မည်နည်း။ ဆိုဗီယက် ပြည်ထောင်စုသည် သူတို့၏ ပြုပြင်ပြောင်းလဲရေးတွင် ကျရှုံးခဲ့ပြီး ထိုပြည်ထောင်စု အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးသည်လည်း ကြပ်တည်းနေသည်။ ဆိုဗီယက် ပြည်ထောင်စု မရှိပါက ထိုပြည်ထောင်စုအဖွဲ့ဝင် နိုင်ငံများအနေဖြင့် မည်သည့်အရာကို မှီခိုမည်နည်း။

ပြည်ထောင်စု အဖွဲ့ဝင်နိုင်ငံများသည် သူတို့ထုတ်လုပ်ထားသည့် ထုတ်ကုန် ပေါ်တွင်သာ အသက်ရှင်သန်ရန် ကြိုးပမ်းမည်လော။ အချို့သော အဖွဲ့ဝင် နိုင်ငံများသည် အခြေခံထုတ်ကုန်များတောင် မရှိပေ။ ပြီးနောက် နိုင်ငံ၏ တင်ပို့မှု လည်ပတ်ရေးတွင်လည်း ပြဿနာရှိမည် မဟုတ်ပေလော။ ထိုနိုင်ငံ၏ စီးပွားရေးသည် ပျက်စီးသွားပေလိမ့်မည်။

ထိုပြည်ထောင်စု အဖွဲ့ဝင်နိုင်ငံများ၏ စစ်တပ်သည်လည်း မီခေးလ်ဂေါ်ဘာချော့ကို ထောက်ပံ့မည်ဖြစ်ကာ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲခြင်းမှ တားဆီးကြမည်ဖြစ်သည်။ ယက်ဆင်သည် ရုရှားလွတ်လပ်ရေးကို ဦးဆောင်လမ်းပြသူဖြစ်သည့်အတွက် သေချာပေါက် အပြစ်ပေး ခံရမည်ပင်။

ကျန်းရွေ့ချင်သည် အဖက်ဖက်မှ စဉ်းစားပြီး ထိုအရာများသည် ဖြစ်လာမည် မဟုတ်မှန်းလည်း တွေးမိသည်။ သို့သော် ထိုအခြေအနေများက ဖြစ်လည်းဖြစ်လာနိုင်ပေသည်။

ဖုန်းယွီပြောသည့်အတိုင်း ဆိုဗီယက် ပြည်ထောင်စု သေချာပေါက် ပြိုကွဲလျှင် သူ့အနေဖြင့် ယုံပေလိမ့်မည်။ သို့သော် ဖုန်းယွီက ဆိုဗီယက် ပြည်ထောင်စု နောက်နှစ်တွင် ပြိုကွဲမည်ဟု ပြောခဲ့၏။ သူ့အနေဖြင့် ယင်းက မဖြစ်နိုင်ဟု တွေးမိသည်။ အဘယ့်အတွက် ထိုမျှမြန်မြန်ဆန်ဆန် ပြိုလဲနိုင်မည်နည်း။

“မြို့တော်ဝန်ကျန်း ကျွန်တော်မှာ ဆိုဗီယက် ပြည်ထောင်စုက သူငယ်ချင်းအချို့ ရှိတယ်ဆိုတာ မြို့တော်ဝန်လည်း သိပြီးဖြစ်မှာပါ။ ကျွန်တော် ဆိုဗီယက် ပြည်ထောင်စုကနေပြီးတော့ လေယာဉ်တွေဝယ်တာ မြို့တော်ဝန်အနေနဲ့လည်း အဲ့ဒီရောင်းချတဲ့ သူငယ်ချင်းတွေထဲက တစ်ယောက်က စစ်ဖက်ဆိုင်ရာ အရာရှိရဲ့ သားတစ်ယောက်ဆိုတာ ရိပ်မိပြီးဖြစ်မှာပါ။ ယခုလက်ရှိမှာ ဆိုဗီယက် ပြည်ထောင်စု အစိုးရထဲမှာတင်ကို အကွဲအပြဲတွေက ဖြစ်ပေါ်နေပြီ။ တစ်ချို့တွေက သမ္မတ မီခေးလ်ဂေါ်ဘာချော့ကို ထောက်ခံကြတယ်။ ပြီးတော့ သူတို့တွေက ရာထူးမြင့်မြင့် လိုချင်ကြတယ်လေ။ ဒါပေမဲ့ ဆိုဗီယက် ပြည်ထောင်စု နိုင်ငံသားတွေက အဲ့ဒါကိုတော့ အလိုမရှိကြဘူး။ တစ်ချို့တွေက ခေါင်းဆောင်အသစ် လိုချင်ကြတယ်။ ပြီးတော့ အဲ့ဒီထဲမှာ ယက်ဆင်က နာမည်အကြီးဆုံးပဲ။ ဆိုဗီယက် ပြည်ထောင်စု ပြန်လည်မကုစားနိုင်တော့ဘူးဆိုတဲ့ အဖွဲ့တစ်ဖွဲ့ကလည်း ရှိတယ်။ ပြီးတော့ အဲ့ဒီအဖွဲ့ကလည်း မကြာခင်မှာ ပြိုကွဲမယ်လို့ ခန့်မှန်းထားကြတယ်”

“ယခုလက်ရှိမှာ မီခေးလ်ဂေါ်ဘာချော့က သူ့ရဲ့ ထောက်ခံအားပေးတဲ့လူတွေ ဆုံးရှုံးနေတယ်။ လူတိုင်း မြင်နိုင်တာက မီခေးလ်ဂေါ်ဘာချော့ တင်သွင်းတဲ့ ပြုပြင်ပြောင်းလဲရေး အကုန်လုံးက ကျရှုံးခဲ့တယ် ဆိုတာပဲ။ ကျွန်တော်တို့နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးကလည်း ဆိုဗီယက် ပြည်ထောင်စုရဲ့ ပြုပြင်ပြောင်းလဲရေးကို သာဓကအနေနဲ့ ယူထားခဲ့တာ။ ကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲရေးမှာလည်း အခက်အခဲတွေ အများဆုံး တွေ့ခဲ့ရတယ်။ ဆိုဗီယက် ပြည်ထောင်စုရဲ့ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုက အစီအစဉ်တကျ မရှိခဲ့ဘူး။ သူတို့တွေက အကြီးစား စက်မှုလုပ်ငန်းမှာ အများကြီး ပုံအောခဲ့တယ်။ ပြီးတော့ အသေးစား စက်မှုလုပ်ငန်းတွေ အများစုက လုံးဝကို ကျဆင်းခဲ့တယ်။ အခုလက်ရှိမှာ ကျွန်တော်တို့တွေက သူတို့ရဲ့ အသေးစား စက်မှုလုပ်ငန်းတွေကို လိုက်နိုင်နေပြီလေ။ မကြာခင်မှာပဲ ကျွန်တော်တို့က သူတို့ကို ကျော်နိုင်တော့မှာ။ မြို့တော်ဝန်အနေနဲ့ အတိတ်ကလူတွေက ဒီလိုဖြစ်လာမယ်ဆိုတာ ယုံမယ်လို့ တွေးနေတာလား”

“ဒါ့အပြင်ကို ဆိုဗီယက် ပြည်ထောင်စုရဲ့ စီးပွားရေး အလုံးစုံကို ခြုံငုံကြည့်မယ်ဆိုရင် သူတို့ရဲ့ စက်မှုလုပ်ငန်းတွေကလွဲပြီးတော့ သူတို့ရဲ့ အဓိကဝင်ငွေက သူတို့သဘာဝ တွင်းထွက်ပစ္စည်းတွေကို ရောင်းတာကပဲ။ ယက်ဆင်ကို ခေါင်းဆောင်သစ် ဖြစ်မယ်ဆိုပြီးတော့ ခန့်မှန်းနေကြတာ။ သူက ရုရှားရဲ့ လွတ်လပ်ရေးကိုလည်း ကြေညာထားတယ်လေ။ ပြီးတော့ အဲ့ဒီအဓိပ္ပာယ်က ဆိုဗီယက် ပြည်ထောင်စု ထပ်ရှိမှာကို ဘယ်သူမှ လိုလားကြတော့တာ မဟုတ်ဘူး။ တကယ်လို့ ဆိုဗီယက် ပြည်ထောင်စုက ရုရှားပဲ ရှိမယ်ဆိုရင်တော့ ရုရှားအတွက် ပြန်လည်ကုစားဖို့က ပိုပြီးတော့ လွယ်ကူလိမ့်မယ်”

“ခဏနေပါအုံး။ ဆိုဗီယက် ပြည်ထောင်စုမှာ ရုရှားပဲကျန်မယ်ဆိုတာ ဘာကိုဆိုလိုချင်တာလဲ။ ရုရှားက တစ်ခြား ပြည်ထောင်စု အဖွဲ့ဝင်တွေငယ်တွေကို ပြန်ပြီးတော့ စုစည်းမယ်လို့ ပြောချင်တာလား”

ကျန်းရွေ့ချင်က ဖုန်းယွီကို ဖြတ်ပြောလိုက်သည်။ သူသည် ယင်းကဲ့သို့ ဖြစ်လာမည်ကို မယုံကြည်ပေ။

ဖုန်းယွီက သူ့စိတ်ထဲတွင် တွေးလိုက်သည်က အဲ့ဒီပြည်ထောင်စု အဖွဲ့ဝင် နိုင်ငံတွေက အနာဂတ်ကျရင် ရုရှားနဲ့ တကယ်ပဲ ပြန်ပြီးပူးပေါင်းလိမ့်မယ်။ ဒါပေမဲ့ ပူတင်သမ္မတဖြစ်မှ။ အခုလက်ရှိမှာတော့ ဒါကဖြစ်လာမှာ မဟုတ်ဘူး။ ယက်ဆင်ကလည်း ဘယ်လိုမှ သဘောတူမှာ မဟုတ်ဘူး။

“မန်နေဂျာကျန်း ဆိုဗီယက် ပြည်ထောင်စုက နိုင်ငံသုံးခု ကွဲသွားလိမ့်မယ်။ အဲ့ဒီထဲမှာ အင်အား အတောင့်တင်းဆုံးကရုရှား အဲ့ဒီနောက်မှာ ယူကရိန်းနဲ့ ဘယ်လာရုက လိုက်တယ်။ အဲ့ဒီနိုင်ငံတွေထဲမှာ ရုရှားက မြေဧရိယာအကျယ်ဆုံး သဘာဝသတ္ထု အများဆုံးနဲ့ ပြီးတော့ သူတို့ရဲ့ စက်မှုလုပ်ငန်းတွေနဲ့ စစ်ဖက်ဆိုင်ရာ တပ်ဆင်မှုတွေက အဖွံ့ဖြိုးဆုံးပဲ။ တကယ်လို့ ရုရှားသာ ဆိုဗီယက် ပြည်ထောင်စုရဲ့ နိုင်ငံခြားကပိုင်တဲ့ ပစ္စည်းတွေကို ပြန်လည်စုဆောင်းမယ်ဆိုရင် ရုရှားအနေနဲ့ အချိန်ခဏလေးအတွင်းမှာ ပြန်ပြီးတော့ စီးပွားရေးတွေ ကုစားနိုင်မယ်လို့ မထင်ဘူးလား”

“ဘာ ရုရှားက ဆိုဗီယက် ပြည်ထောင်စုရဲ့ ပြည်ပပိုင်ဆိုင်မှု အကုန်လုံးကို ရယူမယ်။ အဲ့ဒါက ဖြစ်နိုင်ပါ့မလား။ တစ်ခြားပြည်ထောင်စု နိုင်ငံတွေကရော သဘောတူပါ့မလား”

ကျန်းရွေ့ချင်သည် ယင်းအကြောင်းကို သိပြီးဖြစ်သည်။ အကယ်၍ သူသာယက်ဆင်ဖြစ်လျှင် သူသည်လည်း ဆိုဗီယက် ပြည်ထောင်စုကို ပြိုကွဲအောင် လုပ်မည်ပင်။ ရုရှားတစ်ခုတည်း ကျန်ခဲ့သည်မှာ လုံလောက်ပြီဖြစ်၏။ ရုရှားအနေဖြင့် ကမ္ဘာပေါ်တွင် အင်အားကောင်းသော နိုင်ငံတစ်ခုအဖြစ် ရပ်တည်နိုင်သေးသည်။ အခြားသော ပြည်ထောင်စု အဖွဲ့ဝင် နိုင်ငံများ၏ အကူအညီနှင့် ဆိုပါက ရုရှား၏ စီးပွားရေးသည် အချိန်တခဏအတွင်း ပြန်လည်ကုစားနိုင်မည် ဖြစ်သည်။

“မြို့တော်ဝန်ကျန်း အခြားနိုင်ငံတွေက သဘောတူတူ မတူတူ အဲ့ဒါက ပြဿနာတစ်ရပ်အဖြစ် ရှိနေမှာမဟုတ်ဘူး။ ဘယ်နိုင်ငံက စစ်တပ်အင်အား ပိုပြီးတော့ သာလွန်လည်း ဆိုတာပဲ မူတည်တယ်။ မီခေးလ်ဂေါ်ဘာချော့က စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်းတွေ ထိန်းချုပ်မှုမှာ သူဆုံးရှုံးပြီးပြီ။ သူလုပ်နိုင်တာ အကုန်လုံးက အခြားနိုင်ငံကနေ အကူအညီ တောင်းဖို့ပဲ။ အဲ့ဒီတိုင်းပြည်က အာဏာရှိရမယ်။ ပြီးတော့ ဆိုဗီယက် ပြည်ထောင်စုရဲ့ အနီးအနားမှာပဲ ရှိရမယ်။ ကျွန်တော်တို့ရဲ့ နိုင်ငံလိုပေါ့။ ဒါကြောင့် မီခေးလ်ဂေါ်ဘာချော့က ကျွန်တော်တို့ရဲ့ ခေါင်းဆောင်တွေကို ဖိတ်ခေါ်မယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ ထောက်ခံမှုကနေ အကျိုးအမြတ်တွေ ရရှိမယ်ဆိုပြီးတော့ ကတိပေးမယ်။ သူတို့တွေက အဲ့ဒီအခွင့်အရေးတွေကို အကြောင်းပြချက်အဖြစ် သုံးကြမယ်။ ဘာကြောင့်လည်းဆိုတော့ သူတို့က ကျွန်တော်တို့ကို အခွင့်အရေး ပေးတာကို။ အဲ့ဒါကို လျော်ကြေးအဖြစ် အသုံးချလို့ရမယ်”

အဲ့ဒါကို သစ္စာဖောက်ခြင်းကို စဉ်းစားလို့ ရနိုင်တယ်။

ကျန်းရွေ့ချင်၏ လက်များက တုန်ယင်နေသည်။ ဖုန်းယွီ၏ စစ်ဆေးအကဲဖြတ်မှုသည် တကယ်ပင် ကြောက်ဖို့ကောင်းပေသည်။ ယင်းက တကယ်ပင် ဖြစ်လာမည်လော။

“မင်းပြောတာ မှန်တယ်ဆိုတာ ဘယ်လိုလုပ် သက်သေပြနိုင်မလဲ”

“ခဏစောင့်လိုက်ပါ။ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်က ဆိုဗီယက် ပြည်ထောင်စုကို အလည်အပတ် သွားလိမ့်မယ်။ ပြီးတော့ အဲ့ဒီမှာ သက်သေရလိမ့်မယ်။ ပြီးတော့ ဆိုဗီယက် ပြည်ထောင်စုရဲ့ မိတ်ဖက်နိုင်ငံတွေကလည်း ကျွန်တော်တို့နဲ့ နိုင်ငံသံတမန်ရေးတွေကို တည်ဆောက်ဖို့အတွက် ကြိုးပမ်းလာပြီးတော့ ကျွန်တော်တို့ရဲ့ ထောက်ခံမှုကို လိုချင်လာလိမ့်မယ်။ ဒါက ကျွန်တော်တို့ လိုချင်တဲ့ လိုချင်တဲ့ အရာပဲလေ။ တကယ်လို့ ကျွန်တော်တို့ရဲ့ အိမ်နီးချင်းတွေက အရမ်းသန်မာနေမယ်ဆိုရင် ကျွန်တော်တို့အတွက် ဘယ်တော့မှ ကောင်းတဲ့အရာ ဖြစ်လာမှာ မဟုတ်ဘူးလေ”

ဖုန်းယွီက ပြောလိုက်၏။

“ဒါတွေအကုန်လုံးကို ဘယ်သူက ပြောတာလဲ။ မင်းရဲ့ဆိုဗီယက် သူငယ်ချင်းလား”

ကျန်းရွေ့ချင်က ဖုန်းယွီကို စိုက်ကြည့်လိုက်သည်။

ဖုန်းယွီက မတ်မတ်ထိုင်လိုက်ပြီးနောက် လက်ဖက်ရည်တစ်ငုံသောက်ကာ

“ကျွန်တော် ဆိုဗီယက် ပြည်ထောင်စုနဲ့ ဟောင်ကောင်မှာ ကြားခဲ့တဲ့ အရာတွေပါပဲ”

“ဟောင်ကောင်လား။ အဲ့ဒီမှာ ဆိုဗီယက် ပြည်ထောင်စုရဲ့ နိုင်ငံရေးကို စိတ်ဝင်စားတဲ့လူတွေ ရှိတာလား”

“အဲ့ဒါက စီးပွားရေးလေ။ နိုင်ငံရေးနဲ့ စီးပွားရေးက ရင်းရင်းနှီးနှီးနဲ့ ချိတ်ဆက်နေတယ်ဆိုတာ မြို့တော်ဝန်အနေနဲ့ ငြင်းဆိုလို့ မရဘူး။ နိုင်ငံရေးကို လေ့လာတဲ့လူတွေက ငွေရေးကြေးရေး ဈေးကွက်မှာ ပိုပြီးတော့ အားသာချက်ရတယ်။ မြို့တော်ဝန်ကျန်း ကျွန်တော်ရဲ့ ခန့်မှန်းချက်တွေက မကြာခင်မှာပဲ ဖြစ်လာလိမ့်မယ်။ တကယ်လို့ ဆိုဗီယက် ပြည်ထောင်စုက မပြိုကွဲဘူးဆိုရင် မြို့တော်ဝန်ပဲ စဉ်းစားကြည့်ပါ။ ကျွန်တော်အနေနဲ့ ဒီလေယာဉ်တွေကို ဈေးချိုချိုနဲ့ ရနိုင်မလားလို့။ မြို့တော်ဝန်ကျန်း ကျွန်တော်ပြောတာကို မြို့တော်ဝန်စဉ်းစားပါ။ တကယ်လို့ ကျွန်တော်သာဆိုရင် ကျွန်တော်လည်း ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲတာရဲ့ ထောက်ခံသူတစ်ယောက်ဖြစ်မှာ။ ပြီးတော့ တကယ်လို့အဲ့ဒါ ဖြစ်လာတယ်ဆိုရင် အထက်အရာရှိတွေက ကျွန်တော်ကို သတိပြုမိလာလိမ့်မယ်။ ပြီးတော့ ကျွန်တော်က အမြင်ရှိတဲ့လူမှန်း သူတို့သိသွားလိမ့်မယ်”

ကျန်းရွေ့ချင်က တွေဝေရခက်နေသည်။ သူ့အနေဖြင့် ဖုန်းယွီကို ယုံကြည်သင့်သည်ကိုတော့ သိသည်။ ယင်းက သူ့အတွက် အခွင့်အရေးဖြစ်သည်။ သို့သော် ဖုန်းယွီ၏ ခန့်မှန်းချက်များ မှားသွားမည်ကိုလည်း သူစိုးရိမ်သည်။ အကယ်၍ ဖုန်းယွီခန့်မှန်းတာ မှားပါက သူ၏အနာဂတ်သည် ဆုံးရှုံးသွားပေမည်။ ယခုလက်ရှိ သူ၏ရာထူးက အစိုးရဝန်ထမ်းဘဝတွင် အမြင့်ဆုံး ဖြစ်မည်ပင်။

သူ့ကိုယုံရမှာလား မယုံရဘူးလား။

All Chapters