← Chapters

နှင်းနှင့်ကစားခြင်း

Vol. 18 Ch. 265

နှင်းနှင့်ကစားခြင်း

Vol. 18 Ch. 265

အချိန်ကုန်သည်မှာ လျှပ်ပြတ်ကကဲ့သို့ပင်။ မကြာခင်တွင် ဒီဇင်ဘာ လကုန်ပိုင်းသို့ ရောက်လောက်ပြီဖြစ်သည်။

ယခုနှစ်တွင် ဘင်းမြို့တော်သို့ နှင်းကျသည်မှာ နောက်ကျပေသည်။ ပြီးနောက် ယမန်နေ့ညကမှ နှင်းစတင်ကျလေသည်။ ထိုနှင်းများသည် မနက်ခင်းတွင် ရပ်သွားသည်။ ထိုနှင်းများသည် ခြေကျင်းဝတ်အထက်ကို ရောက်နေပြီဖြစ်သည်။

အတန်းနှစ်တန်းကြား ကျောင်းသားများစွာသည် အပြင်ဘက်တွင် နှင်းဘောလုံးပစ်တန်း ကစားနေကြသည်။ သို့သော် ဖုန်းယွီ၏အတန်းမှ မည်သူမျှ အပြင်ကို ထွက်မကစားပေ။ အတန်းထဲတွင် ယောကျာ်းလေး အနည်းငယ်သာ ရှိသည်။ နှင်းထဲတွင် ကစားသည်မှာ ပျော်ဖို့မကောင်းပေ။

ဖုန်းယွီသည် ရုတ်တရက် လီနအပြင်ဘက်ရှိ ကစားနေသော ကျောင်းသားများအား ကြည့်နေသည်ကို ရုတ်တရက် သတိပြုမိသွားသည်။ သူမ၏ ပုံစံက နှင်းများနှင့် ကစားနေသော ထိုကျောင်းသားများကို အားကျနေပုံပေါ်သည်။ သူမက အပြင်သို့ ကစားချင်သည်လော။ ဖုန်းယွီက နှင်းဘောလုံးများနှင့် ပစ်ပေါက်ခြင်းက ပျော်စရာမကောင်းဟု တွေးသော်ငြား လီနကစားချင်ပါက သူကရုစိုက်မည် မဟုတ်ပေ။

သူက ကိုရီးယားဇာတ်လမ်းတွဲများကဲ့သို့ ဇာတ်ဝင်ခန်းများကို မြင်ယောင်ကြည့်လိုက်သည်။ လီနကို နှင်းဘောလုံးဖြင့် ပေါက်လိုက်ပြီး လီနက ရယ်မောနေသည်ပုံဖြစ်သည်။ လီနသည် သူ့ဆီနှင်းဘောလုံး ပစ်လိုက်ချိန်တွင် သူ့မျက်နှာကို မှန်သွားကာ လီနကို ရယ်မောစေသည်။

ဖုန်းယွီသည် လမ်းလျှောက်လာပြီး လီနဘေးတွင်ထိုင်ကာ

“နေ့လည်စာ စားပြီးရင် ငါတို့နှင်းသွားဆော့ကြမလား”

“ငါတို့နှစ်ယောက်ပဲလား”

“ဟုတ်တယ် ငါတို့နှစ်ယောက်ပဲ”

ဖုန်းယွီသည် သေချာပေါက် ထိုအရူးဝမ်တုန့်ကျွင်းနှင့် နှင်းဘောလုံးပစ် ကစားနည်းတွင် မကစားလိုပေ။ အကယ်၍ ဝမ်တုန့်ကျွင်းသာ နှင်းဘောလုံးပစ် ကစားနည်းတွင် ဝင်ပါပါက သူ့စိတ်ထဲ စိတ်ကူးထားသော နှစ်လိုဖယ်ကောင်းသည့် ပုံရိပ်သည်လည်း ပျောက်ဆုံးသွားမည်ပင်။

“ကောင်းပြီလေ။ နေ့လည်စာ စားပြီးမှပဲ ဆက်ပြောကြတာပေါ့”

စာသင်နှစ် အဆုံးပိုင်းသို့ ရောက်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ ပြီးနောက် လီနသည် နေ့တိုင်း လေ့လာရသည်ကို ပိုပြီးငြီးငွေ့လာသည်။ သူမသည် အနားယူချင်သည်။ ဖုန်းယွီသည် သူမကို ရုပ်ရှင်ပြရန် ကြိုးပမ်းသော်ငြား သူမကြိမ်ဖန်များစွာ ငြင်းခဲ့သည်။ ယခုတစ်ခေါက်တွင်တော့ စာကြိုးစားပြီး အပြင်တွင် သွားမကစားသင့်ဟု သူမခံစားမိသည်။ သို့သော် သူမမသိသည်က ဖုန်းယွီသည် သူတို့တက္ကသိုလ်အတွက် စီစဉ်ထားသည်ပင်ဖြစ်သည်။

....

“အား ဖုန်းယွီ နေ့လည်စာ စားပြီးတာနဲ့ နှင်းထဲသွားပြီးတော့ ကစားရအောင်လေ”

ဖုန်းယွီက ထိတ်လန့်သွားခဲ့သည်။ ဝမ်တုန့်ကျွင်းက သူ၏စိတ်ကို ဖတ်နိုင်သည်လော။

“ဟင် မကစားပါဘူး ငါစိတ်မဝင်စားဘူး”

ဖုန်းယွီ၏ အဓိပ္ပာယ်က ဝမ်တုန့်ကျွင်း ကစားသည်ကို စိတ်မဝင်စားသည့်ပုံ ပေါ်သည်။

“သွားရအောင် ကျန်းဟန်ကလည်း လိုက်ကစားမှာ။ ပြီးတော့ လီနကလည်း သေချာပေါက် ပါမှာလေ။ တကယ်လို့ ငါတို့နှစ်ယောက် မပါဘူးဆိုရင် အဲ့ဒါက ပျော်ဖို့ကောင်းမှာ မဟုတ်တော့ဘူး”

ဖုန်းယွီပြန်မပြောခင် လီနက ပြောလိုက်၏။

“ကျန်းဟန်လည်း ကစားမှာလား။ ကောင်းပြီလေ ဒါပေမဲ့ နင်တို့နှစ်ယောက်လုံးက ငါတို့ကိုတော့ အနိုင်မကျင့်ရဘူးနော်”

ဖုန်းယွီက သူ့စိတ်ထဲတွင်တော့ နောင်တရနေသည်။ အဘယ့်ကြောင့် လီနက သဘောတူလိုက်သနည်း။ သူမသည် နှင်းဘောလုံး ကစားသည့်အခါ ဝမ်တုန့်ကျွင်းက ဝက်ဝံ့တစ်ကောင်လို ဖြစ်သွားသည်ကို သူမ မသိသည်လော။ သူက အရမ်းကြမ်းတမ်းပြီး အရင်က ကျောင်းသားများစွာကို ငိုစေခဲ့သည်။

ယခုလက်ရှိတွင် ဝမ်တုန့်ကျွင်းသည် အရပ်ရှည်ပြီး သန်မာလာသည်။ အကယ်၍ ကြမ်းကြမ်းတမ်းတမ်း ပြုမူပါက ဖုန်းယွီသေချာပေါက် အနာရမည်ပင်။

“ငါကကျန်းဟန်နဲ့တစ်ဖွဲ့ နင်နဲ့ ဖုန်းယွီနဲ့က တစ်ဖွဲ့လေ။ ဒါဆိုရင် ငါတို့တွေက နင်တို့ကို အသားယူတယ်လို့ ပြောစရာ မလိုတော့ဘူး”

ဝမ်တုန့်ကျွင်းက အသင်းကို မျှမျှတတဖွဲ့လိုက်သည်။

ချီး မင်းတို့နှစ်ယောက်ကမှ ငါတို့ကို အသားယူတာ။ ဒီနေ့လည်ခင်းမှာ ငါတို့တွေ သေချာပေါက် နာတော့မှာပဲ။

နေ့လည်စာ စားပြီးနောက် ဖုန်းယွီသည် သူ၏ပစ္စည်းအစုံကို ဝတ်ဆင်လိုက်သည်။ ဦးထုတ်၊ လက်အိတ်၊ ပြီးနောက် လည်စီးပုဝါသည် အရေးကြီးသည့် အရာပင်ဖြစ်သည်။

သူသည် ခါးပတ်ကို တင်းတင်းဝတ်ထားပြီး သူ၏ဘောင်းဘီအစကိုလည်း ခြေအိတ်ထဲသို့ ထိုးထားသည်။ ဖိနပ်ကြိုးများကိုလည်း တင်းကြပ်စွာ ချည်နှောင်ထားသည်။ လည်စီးပုဝါသည် လည်ပင်းအတွက်သာမက သူ၏မျက်နှာကိုပါ ဖုံးရန်အသုံးပြုထားသည်။ လည်စီးပုဝါက ကြီးမားသော မက်စ်တစ်ခုကဲ့သို့ပင်။ ခန္ဓာကိုယ်တစ်ခုလုံးကို အင်္ကျီများဖြင့် ကာထားသည့်အတွက်ကြောင့် နှင်းဒဏ်မှ ကာကွယ်ထားပြီး ဖြစ်ပေမည်။

ဝမ်တုန့်ကျွင်းနှင့် တစ်ခြားမိန်းကလေး နှစ်ယောက်သည် သူ့ကိုဂြိုလ်သားတစ်ယောက်ပမာ ကြည့်နေကြသည်။ ဝမ်တုန့်ကျွင်းက သူ့အားကြည့်ကာ ဟားဟားတတ် ရယ်လိုက်တော့သည်။

“ဘာလို့မင်းရဲ့ တစ်ကိုယ်လုံးကို ဖုံးထားရတာလဲ။ မင်းကဘာလုပ်မလို့လဲ”

ဖုန်းယွီက မကျေနပ်သည့် လေသံဖြင့် ပြောလိုက်သည်။

“ငါတို့တွေက နှင်းဘောလုံး ကစားနည်း ကစားမှာလေ။ သေချာတာကတော့ ငါ့ကိုယ်ငါ ကာကွယ်ထားရမှာပေါ့”

“ဘယ်သူကမင်းနဲ့ နှင်းဘောလုံးပစ်တိုင်း ကစားမယ်လို့ ပြောလို့တုန်း။ ငါတို့တွေအခု အသက်ဘယ်လောက်တောင် ရှိနေပြီတုန်း။ ငါတို့တွေက အဲ့ဒီကလေးတွေလိုမျိုး နှင်းဘောလုံးပစ်တိုင်း ကစားကြမဲ့လူတွေလို့ တွေးနေတုန်းပဲလား”

ဝမ်တုန့်ကျွင်းက ပြောလိုက်သည်။

“ငါတို့တွေက နှင်းလူလုပ်မလို့လေ။ ကျန်းဟန်နဲ့ လီနက မနှစ်တုန်းက နှင်းလူလုပ်ချင်ခဲ့တာ ဒါပေမဲ့ မင်းမှရှိမနေတာ”

ဖုန်းယွီက လီနကို စိတ်အားထက်သန်စွာဖြင့် ကြည့်လိုက်သည်။ လီနသည် နှင်းလူလုပ်ချင်သည်။ ပြီးနောက် သူတွေးခဲ့သည်က သူမသည် နှင်းဘောလုံးပစ်တိုင်း ကစားမည်ဟု တွေးခဲ့သည်။ သို့သော် နှင်းလူလုပ်ခြင်းသည် ကလေးများအတွက်ပင် မဟုတ်သည်လော။

ဟမ့် ငါကနှင်းလူလုပ်တဲ့နေရာမှာ တကယ့်ကို ကျွမ်းကျင်အဆင့်ပဲ။ ငါမင်းတို့ကို ဘယ်လောက်ထိမိုက်တဲ့ နှင်းလူတစ်ရုပ် လုပ်ပြမလဲဆိုတာ စောင့်သာကြည့်လိုက်။

“ငါ့ကိုခဏစောင့်အုံး ငါအတန်းထဲသွားပြီးတော့ တစ်ခုခု သွားယူလိုက်အုံးမယ်”

ဖုန်းယွီသည် အတန်းသို့ ပြန်သွားပြီး ရေပုံးတစ်ခုနှင့်အတူ သူ၏ခုံမှ မှင်အချို့လည်း ယူလာခဲ့သည်။ သူကတံမြတ်စည်းကိုလည်း ယူလာခဲ့၏။

“ဖုန်းယွီ ဒီပုံးနဲ့ ဒီတံမြတ်စည်းနဲ့က ဘာလုပ်မှာလဲ။ တစ်ခုခု သန့်ရှင်းရေး လုပ်မလို့လား”

မိန်းကလေးအတန်းဖော် တစ်ယောက်က မေးလိုက်၏။

“မဟုတ်ဘူး ငါနှင်းလူ သွားလုပ်မလို့”

ထိုသို့ပြောပြီးနောက် ဖုန်းယွီ နောင်တရသွားမိသည်။

“နှင်းလူလုပ်မှာလား။ ဘယ်မှာလဲ လီနနဲ့အတူတူလား ငါလည်းပါမယ်လေ”

ထိုမိန်းကလေး အတန်းဖော်သည် စိတ်လှုပ်ရှားစွာဖြင့် အော်လိုက်သည်။

“ငါ့ကိုလည်းခေါ်သွား ငါလည်းလိုက်မယ် ခဏစောင့်အုံး ငါလက်အိတ် သွားယူလိုက်အုံးမယ်”

“ငါလည်းလိုက်ချင်တယ် ငါ့ကိုစောင့်အုံး”

....

ဖုန်းယွီသည် အခန်းထဲမှ မိန်းကလေးအတန်းဖော် ခုနှစ်ယောက် ရှစ်ယောက်နှင့်အတူ ထွက်လာသည်။

ဖုန်းယွီသည် လီနနှင့် အခြားသူများ တစ်ဖွဲ့ထဲ ပေါင်းလိုက်ကြသည်ကို မြင်သောအခါ ကူကယ်ရာမဲ့သည့်သွင်ပြင် ဖြစ်သွားတော့သည်။ သူ့အနေဖြင့် အတန်းထဲတွင် ကျောင်းသားများစွာ ရှိသည်ကို မသိခဲ့ပေ။ ပုံမှန်အားဖြင့် သူတို့သည် နေ့လည်စာ စားသည့်အချိန်တွင် အိမ်သို့ပြန်လေ့ရှိသည်။ အများပြည်သူ သယ်ယူပို့ဆောင်ရေးသည် ဆောင်းရာသီတွင် နှေးလျှင်တောင် သူတို့သည် လမ်းလျှောက်ပြန်နိုင်သေးဆဲဖြစ်သည်။ အဘယ့်ကြောင့် ဤနေရာတွင် သူတို့ရှိနေသနည်း။

လီနနှင့် အခြားမိန်းကလေး အတန်းဖော်များသည် သူငယ်ချင်းများ ဖြစ်ကြပေ၏။ ပြီးနောက် မကြာခင် သူတို့သည် နှင်းလူကို အတူတကွ လုပ်ကြသည်။ ဝမ်တုန့်ကျွင်းနှင့် ကျန်းဟန်သည် အခြားအတန်းမှဖြစ်ပြီး သူတို့သည်လည်း အတူတူလုပ်ကြသည်။ ဖုန်းယွီသည် တစ်ယောက်ထဲသာ ကျန်နေသည်။

ဖုန်းယွီသည် စိတ်ထဲတွင် ကျိန်ဆဲလိုက်သည်။ မင်းတို့တွေ လူအများကြီး ရှိရက်နဲ့ကွာ။ ဘာလို့ ကိုယ်ဟာကိုယ် မကစားရတာလဲ။ ဘာလို့ငါတို့နှစ်ယောက်ရဲ့ ကြားမှာမှ ဝင်ပြီးတော့ နှောက်ယှက်နေရတာလဲ။ တကယ်လို့ မင်းတို့တွေင့ါကို နှောက်ယှက်ရင်တောင်မှ ငါ့ကိုတစ်ယောက်ထဲ မထားသွားသင့်ဘူးလေ။

ဟမ့် ငါတစ်ယောက်ထဲပဲ လှပတဲ့ ပန်ဒါပုံစံ လူရုပ်လုပ်ပြမယ်။ မင်းတို့အားလုံးကို ငါပြမယ်။

ဖုန်းယွီသည် ချက်ချင်းပင် နှင်းဘောလုံး အကြီးကြီး လုပ်လိုက်သည်။ သူ့အနေဖြင့် နှင်းဘောလုံးကို စိုစေပြီး ဒီထက်ကြီးမားသော နှင်းဘောလုံး လုပ်ချင်သည်။ သို့သော် သူ့ပုံးထဲရှိ ရေများအားလုံး ခဲသွားသည်။ သူ့အနေဖြင့် နှင်းဘောလုံးအတွက် မည်သည့်နေရာမှ ရေရနိုင်မည်နည်း။

အကယ်၍သူသည် နှင်းဘောလုံးထဲကို ရေတစ်ပုံးလုံး လောင်းချလိုက်သည့်အခါ နှင်းဘောလုံးသည် သေချာပေါက် ပျော်သွားမည်ပင်။ အကယ်၍သူသည် နှင်းဘောလုံးကို ရေဖြန်းလျှင်လည်း နှင်းဘောလုံးသည် ပုံပျက်သွားပေမည်။ ဖုန်းယွီအနေဖြင့် သူ၏လက်ကိုသုံးပြီး ပုံးထဲမှရေများကို ဖြေးဖြေးချင်း ယူရန်သာ ရှိတော့သည်။

“အား ဖုန်းယွီ ဘာကြောင့် ရေခဲလုံး လုပ်မလို့လဲ”

ဝမ်တုန့်ကျွင်းက လျှောက်လာပြီး မေးလိုက်၏။

“နှင်းလူလုပ်ဖို့အတွက် နှင်းပဲအသုံးပြုသင့်တယ်။ ဘာလို့လဲ မင်းက ရေခဲပန်းပုလုပ်မလို့လား”

“မင်းဘာသိလို့လဲ။ ထွက်သွားစမ်းပါ။ မင်းနောက်ကျမှ ငါ့ရဲ့အံ့ဖွယ်လက်ရာကို မြင်တာနဲ့ မင်းတို့အကုန်လုံး အံ့အားသင့်သွားစေမယ်”

ဖုန်းယွီသည် ပထမနှင်းဘောလုံး လုပ်ပြီးနောက် ဒုတိယနှင်းဘောလုံး လုပ်သည့်အခါ ရေများခဲသွားသည်ကို သူသတိပြုမိလိုက်သည်။

သူအခု ဘာလုပ်မည်နည်း။ ရေမရှိဘဲ ကြီးမားသည့် နှင်းဘောလုံးလုပ်ရန်က မတက်နိုင်ပေ။ ဖုန်းယွီသည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးနောက် ဝမ်တုန့်ကျွင်းဘေး၌ နှင်းဘောလုံး အကြီးကြီးတစ်လုံး ရှိနေသည်ကို တွေ့လိုက်ရသည်။ ဖုန်းယွီသည် ထိုနှင်းဘောလုံးကို ဝမ်တုန့်ကျွင်း သတိမပြုမိခင်တွင် လှိမ့်သွားလိုက်သည်။ ယင်းက သင့်တော်သည့် အရွယ်အစားဖြစ်ပြီး ဝမ်တုန့်ကျွင်းသည် သေချာပေါက် သူ့အတွက် နှင်းဘောလုံး ပြင်ထားခြင်းဖြစ်ရပေမည်။

ဖုန်းယွီသည် မှင်ဘူးကိုဖွင့်လိုက်သည်။ ကံကောင်းသည်မှာ မှင်များက မခြောက်သေးပေ။ သူသည် တံမြတ်စည်းကိုသုံးကာ နှင်းဘောလုံးကို ခြယ်နေသည်။ သူသည် ပန်ဒါ၏ မျက်လုံးအဖြစ် အနက်ရောင် စက်ဝိုင်းနှစ်ခုကို ရေးဆွဲလိုက်သည်။

အား ပန်ဒါက လက်နှက်ဖက် ပျောက်နေတုန်းပဲ။ ဖုန်းယွီသည် ရေပုံးထဲရှိ ရေခဲများ ခွဲရန်အတွက် သူ့ခြေထောက်ကို အသုံးပြုလိုက်သည်။ သူသည် သူ့၏ဖိနပ်များကို လျစ်လျူရှု့သည်။ ယင်းက ရေခဲပုံးထဲမှ ရေခဲရှိ အစိုဓာတ်ဖြစ်သည်။ ပြီးနောက် ပန်ဒါ၏ လက်မောင်းများကို နှင်းနှင့်ရေကို အသုံးပြုကာ ပြုလုပ်လိုက်သည်။

ဖုန်းယွီသည် နောက်ဆုတ်လိုက်ပြီးနောက် သူ၏ပြောင်မြောက်သည့် လက်ရာကို ကြည့်နေသည်။

ကွင်းပြင်ကျယ်တွင် နှင်းဘောလုံးများစွာ ရှိနေသည်။ ပြီးနောက် သူတို့အများစုမှာ နှင်းလူသားများ ဖြစ်ကြသည်။ သို့သော် နှင်းလူသားများကို သစ်ပင်ကိုင်းများနှင့် မုန်လာဥနီများကို လက်မောင်းအဖြစ် အသုံးပြုကြသည်။ သူ၏နှင်းပန်ဒါရုပ်မှာ တစ်ကျောင်းလုံးထဲတွင် အကောင်းဆုံး ဖြစ်နေသည်။

လီနသည်လည်း အခြားသော မိန်းကလေးများနှင့်အတူ နှင်းလူသား လုပ်နေသည်။ သို့သော် ဖုန်းယွီလုပ်နေသည်ကို အမြဲကြည့်နေ၏။ ဖုန်းယွီ နှင်းပန်ဒါ လုပ်နေသည်ကို သိရှိသောအခါ သူကစိတ်လှုပ်ရှားမိ၏။

ဖုန်းယွီသည် လီန ပန်ဒါကြိုက်မှန်း သိပေသည်။ ယင်းအတွက် သူသည် သူမကို ပန်ဒါရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ပေးခဲ့ခြင်းဖြစ်သည်။ ထိုနှင်းပန်ဒါကြီးက သူ၏လက်များမှာ နာကျင်နေလေသည်။ လီနသည် အပြေးသွားပြီး သူမ၏လက်အိတ်များကို ဖုန်းယွီကိုပေးကာ အေးခဲနေသည့် လက်များကို နွေးအောင်လုပ်ပေးလိုက်သည်။

“နင်ဘာလို့ ဒီလောက်ရူးရတာလဲ။ နင့်လက်တွေ အအေးဒဏ် ဖြစ်သွားမှာကို မကြောက်ဘူးလား။ နင့်ရဲ့နှင်းလူနာမည်ကရော ဘာလဲ”

နာမည် ပန်ဒါမှာ နာမည်ပေးရအုံးမှာလား။

ဖုန်းယွီက မျက်တောင်ခတ်လိုက်ပြီးနောက် ပြောလိုက်သည်။

“ငါ့ရဲ့ဒီပြောင်မြောက်တဲ့ လက်ရာအတွက် ငါနာမည် မစဉ်းစားရသေးဘူး။ ဒီနှင်းပန်ဒါကို ကြိုက်သလို ပေးလို့ရတယ်လေ”

လီနသည် သူ့လက်ကို အနွေးပေးနေသည်။ အရာအားလုံးသည် အရေးမကြီးတော့ပေ။ ယင်းက ပျော်ရွှင်စရာပင်ဖြစ်သည်။ ဖုန်းယွီသည် ထိုအချိန်ကို ဖြေးဖြေးသာ ကုန်ဆုံးစေချင်သည်။ သူတို့အခု တက္ကသိုလ်ရောက်လျှင် သူတို့အနေဖြင့် ယခုကဲ့သို့ ကြည်နူးစရာကောင်းသော အခြေအနေများကို ပိုလုပ်နိုင်ပေမည်။

ဘန်း

နှင်းဘောလုံးတစ်လုံးက ဖုန်းယွီ၏ ခန္ဓာကိုယ်ကို ထိမိသွားသည်။

“ဝမ်တုန့်ကျွင်း မင်းသေစမ်း”

ဖုန်းယွီသည် ကြီးမားသည့် နှင်းဘောလုံးကို ပြုလုပ်ပြီး ဝမ်တုန့်ကျွင်းကို ပစ်လိုက်သည်။

သူတို့ကြား နောက်ဆုံးပိုင်းက ရောက်လာပြီဖြစ်သည်။ ပြီးနောက် မကြာမီတွင် အခြားအတန်းမှ မိန်းကလေးသူငယ်ချင်းများလည်း ပါဝင်ကြသည်။ လူတိုင်းက နှင်းထဲတွင် ကစားရင်း ပျော်ရွှင်နေကြသည်။

ဖုန်းယွီသည် လီနကို ကျီစားနေခိုက် လီနချော်လဲသွားသည်။ ဖုန်းယွီသည် သူမအား မလဲကျရန် ထိန်းသော်ငြား သူသည်လည်း လဲကျသွားသည်။ ဖုန်းယွီသည် လီနသူ့အပေါ် ကျရန်အတွက် ခန္ဓာကိုယ်ကို လိမ်လိုက်ပြီး လီနသည် သူ့ကိုယ်ပေါ်သို့ ကျလာခဲ့သည်။

လဲကျသွားသည့်အတွက် လီနနှင့် ဖုန်းယွီ၏နှုတ်ခမ်းများမှာ ထိမိသွားကြသည်။ ဖုန်းယွီသည် အရူးတစ်ယောက်လို ပြုံးနေသည်။ လီန၏ မျက်နှာသည် နီရဲနေတော့သည်။

All Chapters