စတော့များ ရောင်းချခြင်း
Vol. 18 Ch. 266
စာမေးပွဲ ပြီးသွားပြီဖြစ်သည်။ လီနနှင့်အခြားသူများသည် သူတို့၏ဒေသသို့ ပြန်သွားကြသည်။ သို့သော် ဖုန်းယွီတွင် လုပ်စရာတစ်ခုရှိသည်။ ယင်းအချိန်သည် သူ့ရှယ်ယာများကို ရောင်းချရန် ဖြစ်ပေသည်။
ရှန်ဟိုင်းစတော့အိတ်ချိန်းသည် ဖွင့်လှစ်မှု စောရုံသာမက ရှန်ကျန်း၏ စတော့အိတ်ချိန်းသည်လည်း စောစီးစွာ ပွင့်မည်ပင်။ သို့သော် ရှန်ကျန်းစတော့ အိတ်ချိန်းသည် မဖွင့်သေးပေ။ နောက်နှစ်မှသာ ဖွင့်ပေမည်။
ငွေတိုက်စာချုပ် ကုန်သွယ်မှု စတင်ပြီးနောက် တရုတ်နိုင်ငံတွင် ရင်းနှီးမြုပ်နှံမှုကုမ္မဏီ များစွာပေါ်ပေါက်ခဲ့သည်။ ထိုကုမ္မဏီ အများစုမှာ နိုင်ငံပိုင်စက်ရုံများ ဖြစ်ကြပြီး ယခုလက်ရှိတွင် တရုတ်နိုင်ငံသည် ပုဂ္ဂလိက ရင်းနှီးမြုပ်နှံ ကုမ္မဏီများကို ဖွင့်ရန်ခွင့်ပြုချက် မပေးသေးပေ။
ထိုစတော့အိတ်ချိန်းနှစ်ခု ဖွင့်လှစ်ပြီး ရင်းနှီးမြုပ်နှံမှု ကုမ္မဏီများ ဖွင့်လှစ်သည့်အခါ ရင်းနှီးမြုပ်နှံသူ အရေအတွက် များစွာတိုးလာမည်ပင်။ အထူးသဖြင့် ငွေတိုက်စာချုပ်များ၏ လက်ရှိဈေးနှုန်းသည် များများစားစား မပြောင်းလဲပေ။ ထိုအရာများကို ငွေတိုက်စာချုပ်များအဖြစ် ရောင်းချခြင်း သို့မဟုတ် စတော့ဈေးကွက်တွင် ရင်းနှီးမြုပ်နှံခြင်း စသည်ကို ရွေးချယ်နိုင်ကြသည်။ ယင်းက စတော့ဈေးများ မြင့်တက်လာရသည့် အကြောင်းအရာပင်ဖြစ်သည်။
သို့သော် နှစ်သစ်ကူးပြီးနောက် အချို့သော ရင်းနှီးမြုပ်နှံသူများသည် ခွဲတမ်းများ ရယူပြီးနောက် သူတို့၏ ရှယ်ယာများကို ရောင်းချကြပေမည်။ တရုတ်နှစ်သစ်ကူး ပွဲတော်သည် တရုတ်နိုင်ငံတွင် အဓိကပွဲဖြစ်ပြီး လူများသည်လည်း ယင်းပွဲတော်တွင် များစွာသုံးစွဲကြသည်။
ထိုက်ဟွကုန်သွယ်ရေး၏ ဝန်ထမ်းများသည်လည်း ဖုန်းယွီကို သူတို့အနေဖြင့် ဘယ်တော့ သူတို့ပိုင်ဆိုင်သည့် ရှယ်ယာများ ရောင်းချနိုင်မည်နည်းကို မေးကြသည်။
ယနေ့တွင် ဖုန်းယွီသည် ထိုက်ဟွကုန်သွယ်ရေးသို့ အစည်းအဝေး ပြုလုပ်ရန်အတွက် လာခဲ့သည်။ သူသည် သူ့ဝန်ထမ်းများကို ဆုံးဖြတ်ချက် ချစေချင်သည်။ သူက သူ့အသင်းကို ဈေးကောင်းကောင်းရနိုင်သည့် စတော့များကို ရွေးချယ်ပေးခဲ့သည်။ ထိုစတော့များ၏ ဈေးနှုန်းမှာ မေလနှောင်းပိုင်းတွင် ထပ်မြင့်တက်မည်ပင်။
အကယ်၍ သူတို့ယခုလက်ရှိတွင် ရှယ်ယာများကို ရောင်းချပါက သူတို့ဝယ်ထားသည့် ပမာဏ၏ တစ်ဝက်သာ ရပေမည်။ သို့သော် လအနည်းငယ်အတွင်း အဆပေါင်းများစွာ တိုးတက်ချင်ပါက ယခုလက်ရှိ ပြန်ရသည်မှာ အလွန်ပင် နည်းပေသည်။
“လူတိုင်း လူတိုင်း အကုန်လုံးကို ဒီမှာရောက်ရှိစေချင်တာက ငါတို့ရဲ့ရှယ်ယာတွေ အကြောင်းကို ပြောဖို့ပဲ။ လွန်ခဲ့တဲ့ လတွေတုန်းက လူတိုင်းက ရှယ်ယာတွေကို ပိုင်ဆိုင်ကြတယ်။ ပြီးတော့ ယခုလက်ရှိ ဈေးနှုန်းမှာလည်း ငါတို့ဝယ်ယူတဲ့ဈေးရဲ့ နှစ်ဆဖြစ်နေပြီ။ မင်းတို့တွေအကုန်လုံး ဒီရှယ်ယာတွေကို ငွေအဖြစ် ပြောင်းလဲချင်တယ်ဆိုတာသိတယ်။ ဒါပေမဲ့ ငါမင်းတို့ကို ပြောစရာတစ်ခုရှိတယ်။ မေလနောက်ပိုင်းက ရှယ်ယာတွေကို ရောင်းချဖို့အတွက် တကယ့်ရွှေကာလကြီးပဲ။ အဲ့ဒီမှာ နွားသိုးဈေးကွက် ရှိပြီးတော့ မင်းတို့ရဲ့ ရှယ်ယာတွေကလည်း တစ်ဟုန်ထိုး မြင့်တက်သွားလိမ့်မယ်။ ယခုလက်ရှိမှာတော့ မင်းတို့ရှယ်ယာတွေကို ရောင်းဖို့အချိန် မကျသေးဘူး။ ဒါပေမဲ့ မင်းတို့တွေအကုန်လုံးက ကိုယ်တိုင်ဆုံးဖြတ်မှပဲ ရမှာလေ”
ဖုန်းယွီပြောတာ ပြီးသွားပြီးနောက် ဝူကျီကန်းနှင့် ကျန်သည့်သူများသည် အချင်းချင်း ကြည့်လိုက်ကြသည်။ ရောင်းရမည်လော မရောင်းရမည်လော။
ယခုလက်ရှိတွင် လူများစွာက စတော့ဈေးကွက်တွင် ရင်းနှီးမြုပ်နှံခြင်း၏ အန္တရာယ်အကြောင်းကို ပြောဆိုနေကြသည်။ ထိုရှယ်ယာများသည် မြင့်တက်နိုင်သည် သို့မဟုတ် ကျဆင်းနိုင်သည်။ အကယ်၍ ရှယ်ယာဈေးနှုန်းများ ကျပါက သူတို့ပိုက်ဆံများ ဆုံးရှုံးမည်ပင်။
ဝူကျီကန်းသည် သူတို့ထဲမှ အထူးချွန်ဆုံးဖြစ်ပြီး သူကကျယ်လောင်စွာဖြင့် မေးမြန်းလိုက်သည်။
“မန်နေဂျာဖုန်း ရောင်းမှာလား”
“ရောင်းမှာ”
ဘာ မန်နေဂျာဖုန်းက ရောင်းမှာတဲ့လား။ သူကငါတို့ဝယ်တဲ့ ရှယ်ယာဈေးထက် အနည်းဆုံး သုံးဆကနေ ငါးဆအထိ မြင့်တက်လာမယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။ ဘာကြောင့်အခုသူက ရှယ်ယာတွေကို ရောင်းဖို့ဆန္ဒရှိနေရတာလဲ။
ဖုန်းယွီသည် သူတို့အချင်းချင်း ပြောနေသည်ကို မြင်သောအခါ သူကဆက်ပြောလိုက်သည်။
“မင်းတို့တွေအကုန်လုံးရော ရောင်းမှာလား”
ဝူကျီကန်းက ပြန်ဖြေသည်။
“မန်နေဂျာဖုန်း ပြောတဲ့အတိုင်း ကျွန်တော်လုပ်ပါ့မယ်။ တကယ်လို့ မန်နေဂျာဖုန်းက ကျွန်တော်တို့ကို ရောင်းဆိုရင် ကျွန်တော်တို့က ရောင်းမယ်။ တကယ်လို့ မန်နေဂျာဖုန်းက ဒီရှယ်ယာတွေကို ဆက်ကိုင်ထားဆိုရင် ကျွန်တော်တို့က အဲ့ဒီရှယ်ယာတွေကို ဆက်ကိုင်ထားမှာပါ”
အခြားသော ဝန်ထမ်းများသည်လည်း ထိုနည်းတူပင် ပြုလုပ်ကြသည်။ သူတို့သည် ဖုန်းယွီပြောတာကို နားထောင်မည်ပင်။ ဖုန်းယွီက ရယ်လိုက်ပြီးနောက်
“ငါရှယ်ယာအချို့ကို ရောင်းမယ်။ ငါအခုလက်ရှိမှာ ငွေလိုနေတယ်။ မင်းတို့တွေအကုန်လုံး သတိပြုမိမှာပါ။ မင်းတို့ဝယ်ခဲ့တဲ့ ရှယ်ယာတွေက သတင်းစာထဲမှာ ကြေညာထားတဲ့ ကုမ္မဏီတွေကြီးပဲ။ အဲ့ဒီကုမ္မဏီတွေက အခုလက်ရှိမှာ စာရင်းဝင်နေပြီ မဟုတ်ဘူးလား။ ရှန်ကျန်း စတော့အိတ်ချိန်း ဖွင့်လှစ်တာနဲ့ ဒီရှယ်ယာတွေက ထပ်ပြီးတော့ မြင့်တက်လိမ့်မယ်။ အဲ့လိုဖြစ်ဖို့ကလည်း လအနည်းငယ်ပဲ လိုတော့တာ။ ငါကလည်း အဲ့ဒီကုမ္မဏီရဲ့ ရှယ်ယာတွေကို ရောင်းမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ငါ့အနေနဲ့ အခြားကုမ္မဏီက ရှယ်ယာတွေကိုတော့ ရောင်းလိမ့်မယ်။ ပြီးတော့ ရတဲ့ပိုက်ဆံတွေကို အသုံးပြုပြီးတော့ ငါကြိုက်တဲ့ ကုမ္မဏီကနေပြီး ရှယ်ယာတွေ ထပ်ဝယ်မှာပေါ့”
“မန်နေဂျာဖုန်း ကျွန်တော်တို့ မန်နေဂျာကို ယုံကြည်ပါတယ်။ ကျွန်တော်တို့ကို မရောင်းမချင်း ကျွန်တော်တို့တွေ ဒီရှယ်ယာကို ရောင်းမှာမဟုတ်ပါဘူး”
ဝူကျီကန်းက ပြောလိုက်သည်။
“မင်းတို့တွေ အကုန်လုံး ငါ့ကိုယုံကြည်တယ်ဆိုရင်တော့ အရာအားလုံးက အဆင်ပြေမှာပါ။ ငါတို့တွေ အတူတူငွေရှာကြမယ်။ အခုလက်ရှိမှာ နောက်အပတ်တွေအတွက် လုပ်ဆောင်ရမဲ့ တာဝန်ကို ငါကြေညာမယ်။ မင်းတို့တွေ အကုန်လုံးက ရှယ်ယာတွေကို သွားရောင်းရမယ်”
စတော့အိတ်ချိန်းများကို မဖွင့်လှစ်သေးသ၍ ရှယ်ယာများကို ရောင်းချရန်က မလွယ်ကူပေ။ သူတို့သည် ဘဏ်ရှိ ရင်းနှီးမြုပ်နှံမှု ကောင်တာကိုသွားပြီး ရှယ်ယာများကို ပေးရသည်။ ဘဏ်က သူတို့၏အစား ရှယ်ယာများကို ရောင်းချသည်။ သို့သော်ယခုတွင် သူတို့သည် ရှယ်ယာများကို ဘဏ်သို့သာ တန်းတန်းသွားပြီး ရောင်းချနိုင်ကာ ထိုနေရာတွင် ငွေပေးချေမှုကို လက်ခံနိုင်သည်။
....
လူနှစ်ယောက်သည် လွယ်အိတ်အကြီးကြီး တစ်လုံးစီကို သယ်ဆောင်ရင်း အိုင်စီဘီစီဘဏ်၏ ရင်းနှီးမြုပ်နှံမှု ကောင်တာရှေ့သို့ ရပ်နေသည်။
ဘန်း
လွယ်အိတ်ကို ကောင်တာပေါ်တွင် ထားလိုက်သည်။
“ခင်ဗျားတို့ နှစ်ယောက်စလုံးကို ကျွန်တော် ဘာကူညီပေးရမှာလဲ။ စတော့ ဒါမှမဟုတ်ဘူးဆိုရင် ငွေတိုက်စာချုပ်တွေကို လာကြည့်ကြတာလား”
“ငါတို့တွေက ဝယ်မှာမဟုတ်ဘူး။ ငါတို့တွေက ဒီကိုလာတာက ရှယ်ယာတွေကို ရောင်းဖို့အတွက်ပဲ”
ဘဏ်ဝန်ထမ်းက မျက်လုံးဝှေ့လိုက်သည်။ ဘာလို့ဒီလွယ်အိတ် အကြီးကြီးကို သယ်ဆောင်လာတာလဲ။ မင်းတို့မှာ ရှယ်ယာတွေ ဘယ်လောက်ပါတာလဲ။ ဒီလူနှစ်ယောက်က သူတို့ရဲ့ ရှယ်ယာတွေကို ရောင်းချပြီးတော့ ရထားလက်မှတ် ဝယ်ဖို့ပဲ ဖြစ်ရမယ်။
“ကောင်းပြီလေ ရှယ်ယာတွေ ဘယ်လောက်များများ ရောင်းမှာလဲ”
“ဒီမှာရှယ်ယာပေါင်း သုံးသိန်းရှိတယ်။ အခုလက်ရှိ ဈေးကွက်တန်ဖိုးကို ချက်ချင်းပဲ တွက်ပေးပါ”
“ဘယ်လောက်ရောင်းမှာ သုံးသိန်းလား”
ဝန်ထမ်းက ထိတ်လန့်မှုကြောင့် အော်လိုက်သည်။ အခြားသော ဘဏ်ကိုလာသည့်သူများကို သူ့ကိုလှည့်ကြည့်လိုက်ပြီး သူရှိရာဘက်သို့ လှည့်လိုက်ကြသည်။ ရှယ်ယာသုံးသိန်းလား ဒီလူတွေက ဘယ်သူတွေလဲ။
ဘဏ်ဝန်ထမ်းက ရှယ်ယာအသိအမှတ်ပြု ကဒ်များကို ကြည့်လိုက်သည်။ ပြီးနောက် ထိုရှယ်ယာများ အားလုံးသည် ကုမ္မဏီတစ်ခုထဲ ပိုင်ဆိုင်တာဖြစ်သည်။ သူသည် ထိုရှယ်ယာများ၏ လက်ရှိဈေးနှုန်းကို တွက်ချက်ကြည့်လိုက်ပြီး ဈေးနှစ်ဆဖြစ်နေသည်ကို သတိပြုမိသည်။ ယင်းအဓိပ္ပာယ်က ထိုရှယ်ယာသုံးသိန်းသည် ယခုလက်ရှိတွင် ယွမ်ခြောက်သိန်းကျော် တန်ကြေးရှိသည်လော။
“ဆရာတို့ ကျွန်တော်တို့ဘဏ်မှာ ပိုက်ဆံအလုံအလောက် မရှိဘူး။ မနက်ဖြန်မှပဲ ပြန်လာခဲ့ပါ့လား”
ဝန်ထမ်း၏ စိတ်ထားက ပြောင်းလဲသွားသည်။
“အဆင်ပြေပါတယ်။ ငွေအားလုံးကို ဒီအကောင့်ထဲပဲ ထည့်ပေးနော်”
လူနှစ်ယောက် ထွက်သွားပြီးနောက် လူများစွာက ကောင်တာသို့ လာကြသည်။
“အား သူအခုရှယ်ယာတွေ ဘယ်လောက်များများ ရောင်းသွားတာလဲ”
“ဒါဟုတ်သားပဲ သူတို့တွေ ဒီရှယ်ယာတွေကို ငွေဘယ်လောက်နဲ့ ရောင်းသွားတာလဲ”
“ဒီလူနှစ်ယောက်က ဘယ်သူတွေလဲ။ သူတို့တွေက ဘာလုပ်တာလဲ”
တစ်ချိန်ထဲတွင် ဘင်းမြို့တော်ရှိ ဘဏ်များအားလုံး၏ အရောင်းကောင်တာများတွင် လူများစွာက ရှယ်ယာပမာဏ ကြီးကြီးမားမားကို လာရောက်ရောင်းချကြသည်။ ထိုလူများသည် ဘဏ်ကို နှစ်ယောက်တစ်တွဲလာကာ ရှယ်ယာများကို ရောင်းချခြင်းဖြစ်ပြီး သူတို့သည် ရှယ်ယာများကို သယ်ဆောင်ရန်အတွက် လွတ်အိတ်အကြီးများကို အသုံးပြုခဲ့ကြသည်။ သူတို့သယ်ဆောင်သည့် ရှယ်ယာများသည် တူညီသည့် ရှယ်ယာများဖြစ်ပြီး တူညီသည့် စတော့လက်မှတ်များပင် ဖြစ်သည်။ သို့သော် ဘဏ်များ သတိမပြုမိသည်က ထိုရှယ်ယာများကို ရောင်းချသည့် ငွေများအားလုံးသည် ဘဏ်အကောင့် တစ်ကောင့်ထဲကိုသာ ရောက်ရှိသွားမည် ဆိုသည့်အချက်ပင်။
ဘဏ်များက ယင်းသည် ပထမဆုံးအကြိမ် တိုက်ဆိုင်မှုသာ ဖြစ်မည်ဟု တွေးခဲ့ကြသည်။ သို့သော် နောက်တစ်နေ့တွင် လူများစွာသည် ရှယ်ယာပမာဏ များများကို ဘဏ်သို့လာရောင်းကြသည်။ တူညီသည့်လူများ မဟုတ်သော်ငြား သူတို့သည် အကောင့်နံပါတ် ရင်းနှီးနေသည်ကို ခံစားမိသည်။ ယင်းက နောက်ထပ် ငါးရက်အတွက် အတူတူပင် ဖြစ်သည်။ ဖုန်းယွီသည် သန်းနှစ်ဆယ်ဖိုးရှိသော ရှယ်ယာများကို ရောင်းချခဲ့ပြီး ယွမ်သန်းလေးဆယ်နီးပါး ရရှိခဲ့သည်။
ထိုက်ဟွကုန်သွယ်ရေး၏ ရှယ်ယာပမာဏများစွာ ရောင်းချခြင်းသည် ဘင်းမြို့တော်တွင် လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေသည်။ ရှယ်ယာများကို ပိုင်ဆိုင်သည့် လူတိုင်းသည် ဘဏ်သို့ အပြေးသွားကာ ရှယ်ယာများကို ရောင်းချကြသည်။ သူတို့အနေဖြင့် ရှယ်ယာများ ဈေးကျမည်ကို စိုးရိမ်သည့် အတွက်ပင်ဖြစ်သည်။
ရှယ်ယာများ ကိုင်ထားရသည်မှာ စိုးရိမ်နေသူများသည်လည်း ဘဏ်များသို့သွားကာ ရောင်းချကြသည်။
သေချာသည်မှာ ဉာဏ်ကောင်းသည့် လူများလည်း ရှိပေသည်။ သူတို့သည် ရှန်ကျန်းစတော့အိတ်ချိန်းသည် မကြာခင် ဖွင့်လှစ်မည်ကိုသိပြီး ရှယ်ယာဈေး သေချာပေါက် မြင့်တက်လာမည်ပင်။ သူတို့အတိတ်က လိုချင်ခဲ့သည့် ရှယ်ယာများသည်လည်း ယခုရရှိနေပြီဖြစ်သည်။ ပြီးနောက် အနည်းငယ် ဈေးလျော့သည်။ ယင်းက အခွင့်အရေးပင် ဖြစ်သည်။
ဖုန်းယွီ၏ အပြုအမူသည် ဘင်းမြို့တော်၏ စတော့ဈေးကွက်ကို လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေသည်။ ပြီးနောက် တစ်ရက်လျှင် ကုန်သွယ်မှု တစ်သန်းထက်တောင် ပိုပေသည်။ ရှယ်ယာများ၏ ဈေးနှုန်းသည်လည်း နေ့တိုင်းပင် ပြောင်းလဲနေသည်။
ဒုတိယမြောက်အပတ်တွင် ဖုန်းယွီသည် သူ၏ရှယ်ယာများကို ရှောင်းချဆဲဖြစ်သည်။ မည်သို့ပင် ဖြစ်စေကာမူ သူ၏စာရင်းထဲတွင် ပါဝင်သည့် ကုမ္မဏီများမှလွဲ၍ ဖုန်းယွီသည် အခြားသော ကုမ္မဏီများ၏ ရှယ်ယာများကို ကိုင်ထားရန် ဆန္ဒမရှိပေ။
ထိုရှယ်ယာများသည် ဖုန်းယွီ၏ ရွှေနှင့်ရေနံစိမ်း ရင်းနှီးမြုပ်နှံမှုလောက် အကျိုးအမြတ် များမည်မဟုတ်။ သူသည် ငွေများကို မြန်မြန်ရှာချင်သည်။ စစ်ပွဲသည်လည်း စတင်တော့မည်ဖြစ်၏။