← Chapters

ရေနံစိမ်း ပြတ်လပ်လာခြင်း

Vol. 18 Ch. 267

ရေနံစိမ်း ပြတ်လပ်လာခြင်း

Vol. 18 Ch. 267

ဖုန်းယွီသည် ဟောင်ကောင်သို့ တဖန်သွားပြန်သည်။ ယခုတစ်ကြိမ်တွင် ဖုမိသားစုမှ ညီအစ်ကို လေးယောက်စလုံး သူ့အား လာကြိုသည်ကို သတိပြုမိ၏။

ဖုရုံကျင်းသည် ဟောင်ကောင်ဒေါ်လာ သန်းလေးရာကျော် ဆုံးရှုံးခဲ့ပြီး ဒုတိယနှင့် တတိယ ညီအစ်ကိုများလည်း ယင်းအကြောင်း သိပြီးဖြစ်သည်။ သို့သော် သူတို့၏ အကြီးဆုံးအစ်ကိုက ဖုန်းယွီကို မည်သည့်တုန့်ပြန်မှုမျိုး မလုပ်သနည်း။ ထိုအစား သူကဖုန်းယွီကို ဦးညွှတ်လိုက်သေးသည်။ ယင်းက သူတို့အတွက် နားမလည်နိုင်သည့် ကိစ္စတစ်ရပ်ဖြစ်သည်။

သူတို့က အစ်ကိုကြီးအကြောင်းကို ကောင်းကောင်းသိပေသည်။ ဖုမိသားစု၏ အကြီးအကဲတစ်ယောက် ဖြစ်သည်နှင့်အညီ သူသည် သူ့အား လိမ်လည်လှည့်ဖြားရန် ကြိုးစားသည့် ကုမ္မဏီများကို ဒေဝါလီခံအောင် ပြုလုပ်ခဲ့သည်။ အဘယ့်ကြောင့် အကြီးဆုံးအစ်ကိုက ယခုတစ်ကြိမ်တွင် ဖုန်းယွီကို ယင်းကဲ့သို့ မလုပ်သနည်း။

သူတို့သည် အကြီးဆုံးအစ်ကိုကြီးကို မေးပြီးနောက် အကြီးဆုံး အစ်ကိုကြီးအနေဖြင့် တရုတ်နိုင်ငံ၏ အရာရှိ ဒုတိယမျိုးဆက်ဖြစ်သူကို အာမခံရဲမှန်း သူတို့တွေ့ရှိသွားသည်။ ထပ်ပြောရပါက ဖုန်းယွီသည် သူ့၏သဘောထားကို ပြပြီးဖြစ်သည်။ ပြီးနောက် ဖုမိသားစုကို ရွှေဈေးကွက်အကြောင်း ရှင်းပြသည်။ ဖုမိသားစုသည် ရွှေဈေးကွက်တွင် ရင်းနှီးမြုပ်နှံပြီး ဟောင်ကောင်ဒေါ်လာ သန်းလေးရာကျော် ရှာနိုင်ခဲ့သည်။

အခုတစ်ကြိမ်တွင် ဖုရုံချီသည် ဖုန်းယွီအနေဖြင့် ဟောင်ကောင်ကို တဖန်ပြန်လာလည်မည်ဖြစ်ကြောင်း သူတို့ကို ပြောခဲ့သည်။ သူတို့အားလုံးအနေဖြင့် ပိုက်ဆံများ ရရှိနိုင်သည့် အခွင့်အရေးကို လက်မလွှတ်နိုင်ကြ၍ အတူလိုက်ပါလာခြင်း ဖြစ်ပေသည်။

“ရှောင်ယွီ ငါ့ရဲ့ညီအစ်ကိုတွေနဲ့ မင်းကိုမိတ်ဆက်ပေးမယ်။ ဒါကဒုတိယအစ်ကို ဖုရုံချူတဲ့။ သူက အိမ်ခြံမြေဈေးကွက်ကို အများဆုံးလုပ်တယ်။ ဒါကငါ့ရဲ့ တတိယညီအစ်ကို ဖုရုံပင်းတဲ့။ သူက စူပါမားကတ်တွေကို ထောင်ထားတယ်”

“ရှောင်ယွီ မင်းကတကယ် ငယ်ရွယ်ပြီးတော့ စွမ်းဆောင်ရည်ရှိတာပဲ။ မင်းကငါ့ရဲ့ အသုံးမကျတဲ့ သားထက်ကို အဆပေါင်းများစွာ သာတယ်။ ငါသူ့ကို မင်းဆီကနေ သင်ယူဖို့ ပြောကိုပြောထားရမယ်”

ဖုရုံပင်းက ပြောလိုက်၏။

“ကျွန်တော်ကို လာပြီးတော့ မြှောက်နေတာပဲ။ ဒီတစ်ကြိမ်မှာတော့ ဦးလေးတို့ နှစ်ယောက်စလုံးက ကျွန်တော်ကို ဒီကိုလာတွေ့ရုံပဲ မဟုတ်ဘူးမလား”

“ဟား ဟား ဟား ဟား သေချာတာပေါ့။ ရှောင်ယွီက ရင်းနှီးမြုပ်နှံမှုမှာ ကျွမ်းကျင်သူတစ်ယောက်လို့ ငါကြားခဲ့တယ်လေ။ ငါတို့ရဲ့ အစ်ကိုအကြီးဆုံးနဲ့အတူတူ ငါတို့လည်း အတူတကွ ရင်းနှီးမြုပ်နှံချင်တယ်။ ငါတို့တစ်ခုခု သင်ယူနိုင်ဖို့ မျှော်လင့်နေတာ”

သင်ယူဖို့ ဟုတ်လား။ မင်းတို့နှစ်ယောက်စလုံးက ဒီကို ငွေရှာဖို့အတွက် လာတယ်ဆိုတာ သိသာလွန်းနေတယ်။ ဒါပေမဲ့ဒါက ကောင်းတဲ့အရာပဲ။ အကယ်၍ ဖုန်းယွီသာ ဖုမိသားစုနှင့် အနာဂတ်တွင် တစ်ဖက်ထဲဖြစ်ပါက ဖုန်းယွီအနေဖြင့် ရန်ပုံငွေ ကြီးကြီးမားမားကို ရှာရန်က ပိုပြီးလွယ်ကူမည်ဖြစ်သည်။ ၁၉၉၇ခုနှစ်တွင် ဖုန်းယွီသည် အမေရိကန် အရင်းရှင်များကို သင်ခန်းစာတစ်ခု ပေးချင်သည်။ အာရှသည် သူတို့အခွင့်ကောင်း ယူနိုင်သည့် နေရာတစ်ခု မဟုတ်ကြောင်း ပြသရပေမည်။

“ဦးလေးချီ ဒီလအတွင်းမှာ ရွှေဈေးကွက်ကနေပြီးတော့ ငွေအများကြီး ရှာနိုင်ခဲ့တယ်”

“ဟား ဟား ဟား ဟား ငါအမြတ်အချို့ပဲ ရတာပါ”

ဖုန်းယွီ ယင်းသို့ပြောလိုက်ချိန်တွင် ဖုရုံချီသည် မျက်လုံးတောက်ပသွားသည်။ သူသည် ရင်းနှီးမြုပ်နှံမှုကို ကရုတစိုက် လုပ်သော်ငြား အမေရိကန် သန်းတစ်ရာသာ ရှိသည်။

ဖုရုံချီသည် ကြိုတင်သတ်မှတ် ဈေးတစ်ရပ်ဖြင့် အနာဂတ်ကာလတစ်ခုတွင် အရောင်းအဝယ် ပြုလုပ်ရန် သဘောတူညီမှု ဆက်ရှိနေဆဲဖြစ်ပြီး ယင်းက မနက်ဖြန်တွင် အတည်ပြုမည်ပင်။ အကယ်၍ ထိုသဘောတူညီမှုသည် အချိန်ကာလ တိုတောင်းပါက သူ့အနေဖြင့် အမြတ်များစွာ ပြန်ရမည်ပင်။ ဖုရုံကျင်းသည် ကုမ္မဏီပိုင် ပစ္စည်းများကို အာမခံပြု၍ ငွေချေးယူပြီး ငွေကြေးပမာဏ များများကို ရအောင်လုပ်နိုင်ခဲ့သည်။ သူ့အနေဖြင့် ဆုံးရှုံးသွားခဲ့သည့် သန်းလေးရာနီးပါး ပြန်လည်ရရှိနေပြီဖြစ်သည်။

ဖုရုံကျင်းက ဖုရုံချီကို ဖြစ်ခဲ့သည့် ကိစ္စများကို နောက်ထပ် ပြန်ဖြစ်အောင် ကရုစိုက်ရန်ပြောပြီး ဖြစ်ပြီးသည့် ကိစ္စများကိုလည်း နောက်ထပ် မပြောရန် ညွှန်ကြားလိုက်သည်။ အကြီးဆုံးအစ်ကို ပြောသည်မှာ မှန်ပေသည်။ စီးပွားရေးလုပ်ရာတွင် ရန်သူ သို့မဟုတ် သူငယ်ချင်းမရှိပေ။ အကျိုးအမြတ်သာ ရှိပေသည်။

ယခုလက်ရှိတွင် ဖုန်းယွီ၏ သတင်းအချက်အလက်များက သူတို့ကို ပိုက်ဆံရှာရာတွင် အကူအညီ ဖြစ်စေခဲ့သည်။ ဖုန်းယွီသည် သူတို့အတွက် မိတ်ဆွေဖြစ်သည်။

“ဒီရက်တွေမှာ ကျွန်တော် လန်ဒန်ဂိုးလ် စာချုပ်တွေကို ဝယ်မယ်။ တကယ်လို့ ဦးလေးတို့ စိတ်ဝင်စားရင် ကျွန်တော်နဲ့အတူတူ လိုက်လို့ရပါတယ်”

ဖုန်းယွီသည် သူတစ်ယောက်ထဲသာ ပိုက်ဆံများအကုန်လုံး ဘယ်တော့မျှ ယူမည်မဟုတ်ပေ။ အဘယ့်ကြောင့် ဖုမိသားစုတို့ကို နှစ်သက်မှု မပေးရမည်နည်း။ အနာဂတ်တွင် ဖုမိသားစု သူနှင့်အချိတ်အဆက် ပြုလုပ်ရန် တောင်းဆိုရန်က ပိုမိုလွယ်ကူမည်ဖြစ်သည်။

ဖုရုံပင်းနှင့် ဖုရုံချီတို့က ဖုန်းယွီထိုသို့ပြောမည်ကို စောင့်နေကြခြင်းဖြစ်သည်။ သူတို့သည် အပျော်လွန်ပြီး ဖုန်းယွီနှင့် ခွက်ချင်းတိုက်ကာ တစ်မော့ထဲ သောက်ကြပေသည်။

နောက်တစ်နေ့တွင် ဖုန်းယွီသည် လန်ဒန်ဂိုးလ်အိတ်ချိန်းသို့ သွားခဲ့သည်။ သူသည် ပိုက်ဆံပမာဏ အများအပြားကိုသုံးကာ ဈေးကွက်ထဲသို့ စတင်ဝယ်ခဲ့သည်။ ပတ်ဝန်းကျင်ရှိ လူများအားလုံး မှင်သက်နေကြသည်။ ရွှေဈေးသည် တစ်အောင်စလျှင် ၃၆၈ အမေရိကန်ဒေါ်လာသို့ ကျဆင်းသွားသည်။ ပြီးနောက် ထိုသူသည် ရွှေများကို ဆက်လက် ဝယ်ယူနေသည်လော။

အား ဒီလူငယ်လေးနဲ့ နောက်က လူနှစ်ယောက်က တော်တော် ရင်းနှီးတာပဲ။ သူတို့တွေက ဖုမိသားစုက ညီအစ်ကိုနှစ်ယောက်နဲ့ တူတယ်။ ဒီလူငယ်လေးက ဖုမိသားစုအတွက် ရင်းနှီးမြုပ်နှံမှုကို လုပ်ပေးနေတာလား။

ဒါကတော့ မဖြစ်နိုင်ဘူး။ ဖုမိသားစုရဲ့ အကြီးဆုံးအစ်ကိုက ရင်းနှီးမြုပ်နှံမှု ကုမ္မဏီ တည်ထောင်ထားတာ။ ပြီးတော့ ဒီနှစ်ယောက်ကလည်း သူ့အစ်ကိုနဲ့အတူတူ ရင်းနှီးမြုပ်နှံမှာလေ။ ဘာကြောင့် အဲ့ဒီလူငယ်လေးကို သူတို့ငှားနေမှာလဲ။

လူအုပ်ကြီးသည် ဖုမိသားစု၏ ညီအစ်ကိုနှစ်ယောက် ရွှေများစတင်နေသည်ကို မြင်လိုက်ရသည်။

ဒီလူငယ်လေးက ဖုမိသားစုက ငှားထားတဲ့ စီးပွားရေးအကျိုးဆောင် မဟုတ်လောက်ဘူး။ အဲ့ဒီအစား ဒီဖုမိသားစုရဲ့ ညီအစ်ကိုတွေက အဲ့ဒီလူငယ်လေးဝယ်တဲ့ ရွှေတွေပဲ လိုက်ဝယ်နေတာ။

အချို့သော သူများသည် ဖုန်းယွီဘေးတွင် ရပ်နေသည့် ဟယ်ကျောက်ကျီကို မှတ်မိကြပေသည်။ ထိုအချိန်ကာလတွင် ဟယ်ကျောက်ကျီသည် လန်ဒန်ရွှေဈေးကွက်တွင် တက်ကြွစွာ ကုန်သွယ်နေသည့် သူဖြစ်သည်။ သူတို့ကြားသည်က သူ့ကို တစ်စုံတစ်ယောက်က ခေါ်ယူခဲ့တာဖြစ်ပြီး သူသည်လည်း ထိုသူ့အတွက် အလုပ်လုပ်ပေးနေသည့် ပွဲစားတစ်ယောက် ဖြစ်သည်ဟု သူကြားခဲ့သည်။

လူအုပ်ကြီးက ဟယ်ကျောက်ကျီကို ခေါ်ယူခဲ့သည့်သူမှာ ထိုလူငယ်လေး ဖြစ်မည်ဟု စတင်ခန့်မှန်းလာကြသည်။

လူအုပ်ကြီးထဲမှ အချို့မှာ ဖုန်းယွီရွှေဝယ်သည်ကို စတင်ပုံသေ ကူးလာကြတော့သည်။

ဖုန်းယွီသည် အမေရိကန်ဒေါ်လာ သန်းတစ်ရာနီးပါးကို ရင်းနှီးမြုပ်နှံခဲ့သည်။ သူ၏တွက်ချက်မှုအရ တစ်ပတ်ကြာပြီးနောက် သူ့အနေဖြင့် အမေရိကန်ဒေါ်လာ သန်းနှစ်ဆယ်ခန့် ရမည်ဖြစ်သည်။

ဖုန်းယွီသည် သူနှင့်အတူ ပိုက်ဆံများစွာ ပါလာခဲ့သည်။ သူသည် ထိုနေရာတွင် လောင်းကြေးအကြီးစား ပြုလုပ်မည်ပင်။ သူက ဖုမိသားစုကို ပါရမီရှင်တစ်ယောက်ဖြစ်ကြောင်း ပြသချင်ပေသည်။

ဇန်နဝါရီလ(၁၆)ရက်နေ့တွင် အမေရိကန်နှင့် အခြားသော နိုင်ငံများက အီရပ်ကို စစ်ကြေညာသည်။ တစ်ချိန်ထဲတွင် ဆိုဗီယက် ပြည်ထောင်စုကလည်း အမေရိကန် ပြည်ထောင်စုနှင့် အခြားသော နိုင်ငံများ၏ လုပ်ဆောင်မှုကို ဆိတ်ဆိတ်သာနေသည်။ သူတို့သည် အီရပ်ကိုကူညီရန် ဆန္ဒရှိပုံမပေါ်ပေ။

ဆဒ္ဒန်ဟူစိန်သည်လည်း အီရပ်တို့အနေဖြင့် စစ်ပွဲကို မကြောက်ကြောင်း ကြေညာနေသည်။

စစ်ပွဲသည် ဈေးကြီးသည်။ ပြီးနောက် အီရပ်သည် အရင်က ကြုံတွေ့ခဲ့ပြီးဖြစ်သည်။ သူတို့သည် လွန်ခဲ့သည့် စစ်ပွဲနှစ်ပွဲတွင် ပါဝင်ခဲ့သည့်အတွက် အီရပ်မှာ အကြွေးများဖြင့် ပြည့်နေလေသည်။

အီရပ် စစ်သားအများစုမှာ အငြိမ်းစား ယူပြီးသားလူများဖြစ်ပြီး သူတို့သည် အရင်က စစ်ပွဲများကို တိုက်ခိုက်ဖူးသည်။ ထပ်ပြောရပါက အီရပ်နှင့် အီရန်သည် တိုက်ခိုက်ခြင်းကို ၁၉၈၈ခုနှစ်တွင် ရပ်လိုက်ပြီးနောက် အီရပ်သည် ကူဝိတ်ကို တစ်ရက်အတွင်း ကျူးကျော်သည်။ ဆဒ္ဒန်ဟူစိန်သည် သူ၏စစ်သားများ၏ အကျိုးကို နားလည်ပေသည်။

ဆဒ္ဒန်ဟူစိန်သည် အမေရိကန်နှင့် အခြားသော နိုင်ငံများက သူတို့ကို ခြိန်းခြောက်ခြင်းဟုသာ ယူဆပြီး အကယ်၍ စစ်ပွဲတကယ် ဖြစ်ခဲ့ပါက ဆိုဗီယက် ပြည်ထောင်စုအနေဖြင့်လည်း ကျရှုံးသည့်ဘက်တွင် ထိုင်မည်မဟုတ်ပေ။ အကယ်၍ အမေရိကန် ပြည်ထောင်စုသာ ဆီဈေးကို ထိန်းချုပ်နိုင်ပါက ဆိုဗီယက် ပြည်ထောင်စုအတွက် ယင်းက ကောင်းသည့်အရာမဟုတ်ပေ။

ဇန်နဝါရီက(၁၇)ရက်နေ့တွင် ကမ်းရိုးတန်းစစ်ပွဲ စတင်ခဲ့သည်။

ဖုန်းယွီသည် တီဗီကိုကြည့်နေပြီး ဖုရုံချီကို ခေါ်လိုက်သည်။ သူ့အနေဖြင့် ဆီဈေးကွက်တွင် ရင်းနှီးမြုပ်နှံမည်ဖြစ်ကြောင်း ပြောသည်။ ပြီးနောက် ဖုမိသားစုသည် သူ့နောက်မှ လိုက်လုပ်ချင် လုပ်နိုင်သည်ဟုလည်း ပြောလိုက်သည်။

သေချာသည်မှာ ဖုန်းယွီနှင့်အတူ လိုက်လုပ်မည်ပင်။ ဖုရုံချီသည် ဆီဈေးများ ကျမည်ကို မယုံကြည်သည့်သူ ဖြစ်သည်။

“အခုလက်ရှိ ဈေးနှုန်းဖြစ်တဲ့ ဓာတ်ဆီကို အမေရိကန်ဒေါ်လာ (၁၈)ဒေါ်လာနဲ့ ဝယ်လိုက်။ အကောင့်ထဲမှာရှိတဲ့ ငွေအားလုံးကိုသုံးလိုက်”

ဖုန်းယွီနောက်မှ ရပ်နေသော ဖုရုံချီသည် မှင်သက်သွားပေသည်။ ဖုန်းယွီသည် တကယ်ပင် ဆီများကို ဝယ်ယူရန်အတွက် သူ၏ပိုက်ဆံများ အားလုံးကို သုံးရဲသည်။ သူသည် ချေးငွေ၏ အဆပေါင်းနှစ်ဆယ်ကျော်ကို အသုံးပြုခဲ့သည်။ ယမန်နေ့က အမေရိကန် ပြည်ထောင်စုနှင့် အခြားသော နိုင်ငံများ အီရပ်ကို တိုက်ခိုက်မည်ဟု သတင်းကို ကြားသည့်အခါ ဆီဈေးက အနည်းငယ် တက်လာခဲ့သည်။ ယနေ့တွင် တစ်ဒေါ်လာ ထပ်တက်ပြန်ပြီ။ ဖုန်းယွီက ဆီကိုဝယ်ရဲသည်လော။

ထို့ပြင် ဖုန်းယွီသည် သူ၏ငွေများ အကုန်လုံး အသုံးပြုခဲ့သည်။ သူ့မှာထွက်ပေါက် နည်းဗျူဟာ မရှိဘူးလား။ ရူးနေတာပဲ။

ဖုရုံချီသာ ဖုန်းယွီ ရူးသွားသည်ကို သိသည်သာမက သူ့အသင်းရှိ စီးပွားရေး အကျိုးဆောင် ပွဲစားများနှင့် ဖုန်းယွီအသင်း၏ စီးပွားရေး အကျိုးဆောင် ပွဲစားများသည်လည်း ဖုန်းယွီသည် ရူးသွားပြီဖြစ်ကြောင်း တွေ့ကြသည်။ ထိုကဲ့သို့သော ပြဿနာအကြီးကြီးတွင် မည်သူက လောင်းကြေးကြီးကြီး ထပ်ရဲသနည်း။

ဖုမိသားစုရှိ အခြားသော ညီအစ်ကို သုံးယောက်စလုံး ထိုသတင်းကို ကြားသည့်အခါ သူတို့သည် ဖုန်းယွီနောက် လိုက်မလုပ်ရဲပေ။ ရင်းနှီးမြုပ်နှံရာတွင် ကျွမ်းကျင်သူတစ်ယောက်ဖြစ်သည့် သူတို့၏ အစ်ကိုသည်လည်း ထိုသတင်း အချက်အလက်ကို မယုံကြည်ပေ။ သူတို့အနေဖြင့် အဘယ့်အတွက် ယုံကြည်မည်နည်း။

ဖုန်းယွီက ဖုမိသားစုကို ယုံကြည်ချက်ရှိစွာဖြင့် ပြောလိုက်သည်။

“ဒီစစ်ပွဲမှာ ဆီဈေးက နေ့တိုင်းနေ့တိုင်း ကျလာလိမ့်မယ်လို့ ငါလောင်းရဲတယ်။ ငါပြောတာ မှန်မမှန် ဒီနေ့နေ့လည်ခင်းကနေ စပြီးတော့ မင်းတို့တွေ့တော့မှာပါ”

ထိုညနေခင်းတွင် ဖုန်းယွီသည် ဟောင်ကောင်မှ ထွက်သွားသည်။ ပြီးနောက် ဖုမိသားစု၏ စာကြည့်ခန်းမှ အလင်းရောင်သည် တစ်ညလုံး လင်းနေလေ၏။

All Chapters