← Chapters

ကျန်းဟန်၏နောက်ခံ

Vol. 18 Ch. 269

ကျန်းဟန်၏နောက်ခံ

Vol. 18 Ch. 269

ဖုန်းယွီသည် အင်တာဗျူးအခန်းထဲမှ အပြုံးဖြင့် ထွက်လာသည်။ အပြင်တွင် စောင့်နေသည့် အခြားသော ကျောင်းသားများသည် သူ့ဆီသို့လာပြီး အင်တာဗျူး မည်သည့်အကြောင်းအရာ မေးသည်ကို စပ်စုနေကြသည်။

“ဆရာတွေက ငါတို့ရဲ့ ကျွမ်းကျင်တဲ့ပေါ်မှာပဲ မေးတာပါ။ ဥပမာအနေနဲ့ ငါကနိုင်ငံခြား ဘာသာစကားမှာ ကျွမ်းကျင်တယ်လို့ ပြောလိုက်တော့ သူတို့တွေက နိုင်ငံခြားဘာသာစကားနဲ့ သက်ဆိုင်တဲ့ မေးခွန်းတွေကို မေးတယ်လေ။ ပြီးတော့ သူတို့တွေက ဆိုဗီယက် ပြည်ထောင်စုရဲ့ စီးပွားရေးကိုလည်း စီစစ်အကဲဖြတ်ခိုင်းတယ်။ ဒီမေးခွန်းကတော့ နည်းနည်းတော့ ခက်ခဲတာပေါ့”

အခြားသော ကျောင်းသားများသည်လည်း စိတ်လှုပ်ရှားနေကြသည်။ သူတို့သည် အထက်တန်း ကျောင်းသားများသာ ဖြစ်သေးပြီး သူတို့အနေဖြင့် ဆိုဗီယက် ပြည်ထောင်စုအကြောင်း ဘာမျှမသိပေ။ ဖုန်းယွီ၏ မျက်နှာအသွင်အပြင်ကိုကြည့်ပြီး သူတို့သည် ဖုန်းယွီအနေဖြင့် ထိုမေးခွန်း၏ အဖြေကို ပေးနိုင်ခဲ့ကြောင်း သိနိုင်ပေသည်။ ဖုန်းယွီသည် ဘင်းမြို့တော် အမှတ်သုံး အထက်တန်းကျောင်းမှဟု သိသည့်အခါ ဖုန်းယွီအနေဖြင့် ဆိုဗီယက် ပြည်ထောင်စုအကြောင်း သိရခြင်းသည် သူတို့၏ ပြည်နယ်က နယ်စပ်အနားတွင် ရှိနေသည့်အတွက်ကြောင့်ဟု သူတို့ခန့်မှန်းကြလေသည်။

အခြားကျောင်းသားများသည် မျက်ရည်ကျလုနီးပါး ဖြစ်သွားသည်။ သူတို့သည် တရုတ်နိုင်ငံရှိ ပြည်တွင်းသတင်းကိုသာ နားထောင်နေလေ့ မရှိကြပေ။ သေချာသည်မှာ သူတို့သည် ဆိုဗီယက် ပြည်ထောင်စုအကြောင်းကို မေးမြန်းခံရမည်ပင်ဖြစ်သည်။

ဖုန်းယွီသည် ကျင်းပင်ဟိုတယ်သို့ ပြန်သွားခဲ့သည်။ သူ့ကျောင်းမှ ကျောင်းသားများ အားလုံးသည် ထိုဟိုတယ်တွင် နေသည်။ အကြောင်းမှာ သူတို့အတွက် နေထိုင်ရန် သတ်မှတ်ထားသည့် ဟိုတယ်ဖြစ်သည့်အတွက်ပင် ဖြစ်သည်။ သူတို့သည် ကျောင်းမှထောက်ခံစာကို အသုံးပြုပြီး ထိုဟိုတယ်တွင် နှစ်ရက်ကြာ မည်သည့် အဖိုးအခမျှမပေးဘဲ နေနိုင်မည်ဖြစ်သည်။ ယင်းက မြို့တော်အနေဖြင့် သူတို့ကို အားပေးသည့် ပုံစံမျိုးလည်း ဖြစ်ပေ၏။

ဖုန်းယွီ သတိပြုမိသည်က သူသည် ဟိုတယ်သို့ ပြန်လာသည့် နောက်ဆုံးလူ ဖြစ်သည်ဆိုသည့်အချက်ပင်။ လူတိုင်းက အင်တာဗျူးကို အောင်ကြသည်။ ပြီးနောက် သူတို့ထဲမှ သုံးယောက်သည် ဝင်ခွင့်စာမေးပွဲ ဖြေဆိုရန် ကင်းလွတ်ခွင့် ရကြသည်။ ကျန်သည့်သူမှာ ဝင်ခွင့်အမှတ် နည်းနည်းသာ ရရန်လိုအပ်ပေသည်။

ကျောင်းသားများ အားလုံးက ဖုန်းယွီ ဝင်ခွင့်စာမေးပွဲ ဖြေဆိုရန် မလိုဆိုသည့်သတင်းကို ကြားသည့်အခါ အလွန်အံ့သြမှင်သက်နေကြသည်။ သူသည် ပေကျင်းတက္ကသိုလ်တွင် လျှောက်ထားခဲ့ခြင်းဖြစ်ပြီး သူ၏ရမှတ်သည် သူတို့လောက် မကောင်းပေ။ အဘယ့်ကြောင့်သူမှ ကင်းလွတ်ခြင်း ရသနည်း။ ပေကျင်းတက္ကသိုလ်၏ အင်တာဗျူးကို အောင်မြင်ရန်က တကယ်ပင် လွယ်လွန်းသည်လော။

ဖုန်းယွီအတွက် မှင်သက်ရဆုံးမှာ ကျန်းဟန်နှင့် ဝမ်တုန့်ကျွင်းသည်လည်း ဝင်ခွင့်စာမေးပွဲ ဖြေဆိုရန်မှ ကင်းလွတ်ခွင့်ရသည့် သူနှစ်ဦးဖြစ်ကြပေသည်။ ဒီအရူး ဝမ်တုန့်ကျွင်းသည် အင်တာဗျူးကို မည်သို့အောင်မြင်ခဲ့သနည်း။

ဝမ်တုန့်ကျွင်းက ဝမ်းသာအားရဖြင့် သူ့အနေဖြင့် ရုရားအကြောင်းကို သရုပ်ပြလိုက်ပြီး ရုရားသီချင်းတစ်ပုဒ်ကို သီဆိုခဲ့ကြောင်း ပြောခဲ့သည်။

ဟမ့် ဒီလောက်တောင် လွယ်တာလား။ ချီ ပေကျင်းနည်းပညာ တက္ကသိုလ်ကို သီချင်းဆိုရုံနဲ့ ဝင်နိုင်တာလား။

သူသည် ကျန်းဟန်ကို သူမ၏ အင်တာဗျူးအကြောင်း မေးသောအခါ သူမက ဖုန်းယွီကို အသေးစိတ်ကျ အချက်အလက် တိတိကျကျ မပြောပေ။ သူ့အနေဖြင့် မေးသည့်မေးခွန်းတိုင်းကို အဖြေရိုးရိုးလေးသာပေးသည်။ သူသည် အောင်သွားသည်ပင်။

လီနသည် အမှတ်တစ်ရာ နည်းပြီးရလေသည်။ သူမသည် အပျော်လွန်နေသည်။ အကယ်၍ သူမအနေဖြင့် အမှတ်ငါးဆယ်သာ လျော့လျှင်တောင် သူမအနေဖြင့် ပေကျင်းဆရာအတတ်သင် တက္ကသိုလ်ကို ဝင်ရောက်နိုင်မည်ဟု ယုံကြည်ချက် ရှိပေသည်။ ယခုလက်ရှိတွင်သူသည် အမှတ်တစ်ရာ လျော့မှတ်ရထားသည်။ ယင်းက သူ့အတွက် လွယ်ကူသည့်အရာပင် ဖြစ်၏။

ကျောင်းသားခုနှစ်ယောက်သည်လည်း ဘင်းမြို့တော်သို့ လာခဲ့သည်။ ကျောင်းသားခုနှစ်ယောက်လုံး သူတို့၏ အင်တာဗျူးများကို အောင်ကြသည်။ ဖုန်းယွီက သူ၏လက်ကို ထောင်လိုက်ပြီးနောက်

“ဒီညနေခင်းမှာ ငါတို့ဂုဏ်ပြုဖို့အတွက် စားသောက်ဆိုင်ကို သွားကြရအောင်။ ငါမင်းတို့ အကုန်လုံးကိုကျွေးမယ်။ မင်းတို့စားချင်တဲ့ဟာသာ မှာလိုက်”

စားသောက်ဆိုင်သည် အရှေ့မြောက်ပိုင်း စားသောက်ဆိုင်ဖြစ်ပြီး ယင်းစားသောက်ဆိုင်၏ နာမည်က ဘင်းမြို့တော် စားသောက်ဆိုင်ဖြစ်သည်။ ထိုစားသောက်ဆိုင်သည် အရှေ့မြောက် ဒေသထွက် ဟင်းလျာများကို ဧည့်ခံပြီး ဝန်ထမ်းများနှင့် ဟိုတယ်ရှိ ဧည့်သည်များအတွက် ကန်တင်းတစ်ခုကဲ့သို့ ဧည့်ခံသည်။ စားသောက်ဆိုင်၏ မန်နေဂျာကျောက်က ဖုန်းယွီနှင့် အခြားသူများ စားသောက်ဆိုင်ထဲ ဝင်လာသည်ကို မြင်သည့်အခါ သူကချက်ချင်းပင် သူတို့ဆီ သွားလိုက်သည်။

“ကလေးတို့ နေ့လည်စာ စားချိန်မရသေးဘူး။ အချိန်တန်ရင် ငါမင်းတို့ကို အကြောင်းကြားလိုက်မယ်”

မြို့တော်သည် ထိုအင်တာဗျူး ပြန်သွားသည့် ကျောင်းသားများအတွက် ဟိုတယ်တွင် နေစရိတ် စားစရိတ်ငြိမ်း စီစဉ်ပေးသည်။ ထိုအတွက်ကြောင့် မန်နေဂျာကျောက်သည် သူတို့ကိုသူ့၏ ဝန်ထမ်းများအတိုင်း အစားအစာ အတူတူပေးသည်။ အစားအသောက်သည် မဆိုးသော်ငြား ကောင်းသည်ဟုလည်း မဆိုနိုင်ပေ။

ဖုန်းယွီသည် ယွမ်တစ်ရာတန် ငွေစက္ကူ အထုတ်လိုက်ကို စားပွဲပေါ်တွင် တင်လိုက်ပြီးနောက်

“ငါဒီနေ့ရှင်းမှာ ဒီဆိုင်မှာရှိတဲ့ ဈေးအကြီးဆုံး အစားအသောက်တွေကိုချ တကယ်လို့ မလုံလောက်ဘူးလား။ ဒါဆိုရင် စားပွဲအကြီးကို ခေါ်သွားပြီးတော့ ဟင်းပွဲတွေကိုချပေး”

မန်နေဂျာကျောက်သည် ကျောင်းသားများအကုန်လုံး ပျော်နေသည်ကို မြင်နိုင်ပေ၏။ သူတို့၏ အကုန်လုံး အင်တာဗျူး အောင်လာသည် ဖြစ်ရမည်ပင်။ ယင်းအတွက်ကြောင့် ဂုဏ်ပြုခြင်း ဖြစ်နိုင်ပေ၏။ သို့သော် အချို့သော ကျောင်းသားများ၏ မိသားစုသည် ချမ်းသာမည့်ပုံပေါ်သည်။ ယွမ်ခြောက်ရာကို မျက်တောင်တစ်ချက်မှ မခတ်ဘဲ ထုတ်နိုင်သည်။ သူသည် မိသားစုထံမှ ငွေများကို ခိုးလာသည်လော။ မန်နေဂျာကျောက်၏ လစာသည် တစ်လလျှင် ယွမ်းတစ်ရာ ကျော်ကျော်မျှသာရှိသည်။

ဝမ်တုန့်ကျွင်းက ပြောလိုက်၏။

“ဦးလေးကျောက် ကျွန်တော်တို့အတွက် ခြွေတာဖို့ မလိုဘူးနော်။ အိုး ဝက်ခြေထောက် ကြီးကြီးကို နူးနေအောင်ချက်ပေး။ ပြီးတော့ ဝိုင်တစ်ပုလင်းနဲ့ လိမ္မော်ရည် တစ်ပုလင်းချပေးပါ”

ကျောင်းသားများအားလုံးသည် ဖုန်းယွီ၏ မိသားစုကိုသိပြီး ဖုန်းယွီက သူတို့ကို ညစာကျွေးမည်ဟု ကမ်းလှမ်းသောအခါ သူတို့သည် လက်ခံကြသည်။ ထိုကျောင်းသားများ၏ မိသားစုသည်လည်း ပိုက်ဆံအချို့ပေးသည်။ သို့သော် ယခုကဲ့သို့ မသုံးစွဲရဲပေ။

“ကျောင်းသားတို့ ပိုင်ကျူမှာ ပါဝင်တဲ့ အယ်ကိုဟော ပမာဏက အရမ်းမြင့်တယ်။ မင်းတို့တွေအတွက် မသင့်တော်ဘူး။ ဘာလို့ ဘီယာမသောက်တာလဲ။ ပေကျင်းဘီယာက ဘင်းမြို့တော်မှာရှိတဲ့ ဘီယာနဲ့ ကွာတယ်နော်”

မန်နေဂျာကျောက်က ပြုံးကာပြောလိုက်၏။

သူ့ကလေးများသည်လည်း ဖုန်းယွီတို့အရွယ်ပင် ဖြစ်သည်။ ထို့အတွက်ကြောင့် သူ့အနေဖြင့် သူတို့ကို ပိုင်ကျူ ရောင်းချရန် မသင့်တော်ဟု ခံစားရခြင်းဖြစ်သည်။

“ကောင်းပြီလေ ဦးလေးကျောက် သူပြောတဲ့ အဓိပ္ပာယ်မရှိတဲ့ဟာတွေ နားထောင်မနေနဲ့။ သူတို့က ဘီယာတစ်ပုလင်းပဲ သောက်မှာပါ။ ဦးလေးကျောက် တကယ်လို့ ဦးလေးလည်း ဘာမှလုပ်စရာ မရှိဘူးဆိုရင် ကျွန်တော်တို့နဲ့အတူ ညစာလာစားလေ”

ဖုန်းယွီက မန်နေဂျာကျောက်ကို ဖိတ်ခေါ်လိုက်သည်။

“ကျေးဇူးတင်ပါတယ် ဒါပေမဲ့ ညစာစားချိန်က ရောက်တော့မှာလေ။ အဲ့ဒီအချိန်က အလုပ်အရှုပ်ဆုံး အချိန်ပဲ။ မင်းတို့တွေ ညစာကို ပျော်ပျော်ရွှင်ရွှင်နဲ့ သုံးဆောင်ကြပါ။ တကယ်လို့ တစ်ခုခု လိုအပ်တယ်ဆိုရင်တော့ စားပွဲထိုးကိုပဲ ပြောလိုက်ပေါ့။ အိုး ဟုတ်သားပဲ မင်းတို့ရဲ့ အသံကိုတော့ နည်းနည်း လျော့အုံးနော်။ မြို့တော်ကနေပြီးတော့ ခေါင်းဆောင်အချို့တွေက အထူးခန်းထဲမှာ ရှိတယ်”

မန်နေဂျာကျောက်သည် အထူးခန်းကို ညွှန်ပြလိုက်သည်။

ဝမ်တုန့်ကျွင်း၏ ဦးဆောင်မှုအောက်တွင် ယောကျာ်းလေး လေးယောက်သည် အစားအစာကို မြိန်ရည်ယှက်ရည်ဖြင့် စတင်စားသောက်ကြတော့သည်။ မိန်းကလေးသုံးယောက်လည်း အများကြီး စားပေသည်။ တစ်ခဏကြာပြီးနောက် သူတို့သည် အသံစကျယ်လာကြတော့သည်။

အထူးခန်း၏ တံခါးက ရုတ်တရက် ပွင့်သွားပြီး ငယ်ရွယ်သည့် လူတစ်ယောက်က လမ်းလျှောက်ထွက်လာကာ ဝမ်တုန့်ကျွင်းနှင့် အခြားသူများ ဆူညံနေသည်ကို မြင်လိုက်ရသည်။ သူကထိုကလေးများကို ဆူချင်သည်။ သို့သော် သူဘာမှ မဆူရသေးခင် သူ့အနေဖြင့် ရင်းနှီးသည့် လူတစ်ယောက်ကို တွေ့လိုက်ရ၏။

“ဖုန်းယွီလား”

“အစ်ကိုကျောက် အစ်ကိုကဒီမှာ ရောက်နေတာလား။ ဒါဆိုရင် မစ္စတာကျန်းက ဒီမှာရှိနေတာလား”

ဖုန်းယွီက အံ့အားသင့်သွားသည်။ အထူးခန်းထဲမှ ထွက်လာသည့်လူသည် ကျန်းရွေ့ချင်၏ အတွင်းရေးမှူးဖြစ်သည်။

“ဟုတ်တယ် သူကအထဲမှာ သူ့ရဲ့မိတ်ဆွေတွေနဲ့ စကားပြောနေတာ။ တကယ်လို့ မင်းတို့တွေ စားသောက်ပြီးသွားပြီဆိုရင်တော့ အခန်းကို ပြန်သွားကြပါတော့”

“အား အစ်ကိုကျောက်က ဘယ်သူလဲ”

ဝမ်တုန့်ကျွင်းက ဖုန်းယွီကို မေးလိုက်သည်။

“ခေါင်းဆောင်ကြီးတစ်ယောက်ရဲ့ အတွင်းရေးမှူးလေ။ ကောင်းပြီငါတို့ စကားကို ညင်ညင်သာသာပဲ ပြောကြရအောင်။ ငါတို့ညစာ စားပြီးတာနဲ့ အခန်းကိုပြန်ပြီးတော့ ပိုကာသွားကစားကြမယ်။ မနက်ဖြန်ကျရင် ငါတို့အပြင်ထွက်လည်မယ်။ ကစားကြမယ်။ ပြီးတော့ သဘက်ခါကျရင်တော့ ငါတို့ပြန်ကြမယ်လေ”

ဖုန်းယွီနှင့် အခြားသူများ သူတို့၏ညစာ စားတာမပြီးသေးခင် ကျန်းရွေ့ချင်သည် ဧည့်သည်တစ်ယောက်နှင့်အတူ ထွက်လာသည်ကို သူတို့မြင်လိုက်ရ၏။

တစ်မိနစ်ခန့် ကြာပြီးနောက် ကျန်းရွေ့ချင်သည် ဖုန်းယွီ၏ စားပွဲသို့ တန်းတန်းလျှောက်လာသည်။ ဖုန်းယွီသည် မတ်တပ်ရပ်ပြီးသူ့အား နှုတ်ဆက်ချင်သော်ငြား ကျန်းဟန်သည် မတ်တပ်ရပ်ပြီးသား ဖြစ်နေသည်ကို သူသတိပြုမိလိုက်၏။

“ဦးလေးကျန်း”

“အိုး ဟန်ဟန်လည်း ဒီကိုရောက်နေတာပဲ။ အင်တာဗျူးရော ဘယ်လိုလဲ”

ကျန်းရွေ့ချင်က ချစ်စရာကောင်းသည့် လေသံဖြင့် မေးလိုက်၏။

“သမီးအင်တာဗျူးကို အောင်ပါတယ်။ ပြီးတော့ တက္ကသိုလ်ကိုလည်း ဝင်ခွင့်စာမေးပွဲ မဖြေဘဲနဲ့ ဝင်ခွင့်ရပါတယ်။ ဒါတွေအကုန်လုံးက သမီးရဲ့ အတန်းဖော်တွေလေ။ သူတို့တွေ အကုန်လုံး အင်တာဗျူး အောင်ကြတယ်။ တစ်ချို့တွေက ဝင်ခွင့်အမှတ်ကို လျော့ရတယ်။ ပြီးတော့ တစ်ချို့တွေကကျတော့ ဝင်ခွင့်စာမေးပွဲ ကင်းလွတ်ခွင့် ရကြတယ်လေ”

ဖုန်းယွီက ထိုင်လျှက်သာ ကျန်းဟန်ကိုကြည့်ရင်း ကြက်သေ သေနေတော့သည်။ ကျန်းဟန်၏ မိသားစုသည် သေချာပေါက် နောက်ခံရှိရမည်ပင်။ သူတို့နှစ်ယောက်၏ စကားပြောပုံအရ ကျန်းဟန်၏ မိသားစုဝင်မှ တစ်ယောက်သည် ကျန်းရွေ့ချင်နှင့် အဆင့်အတူတူ သို့မဟုတ် ကျန်းရွေ့ချင်ထက် အဆင့်မြင့်သည့်သူ ဖြစ်ရပေမည်။

ချီ ကျန်းရွေ့ချင်တောင်မှ လက်ထောက်မြို့တော်ဝန် ဖြစ်ပြီးပြီဆိုမှတော့ ကျန်းဟန်ရဲ့ မိသားစုကလူက ဘယ်သူလဲ။ အဲ့ဒီလူက မြို့တော်ဝန်လား။ ဒါမှမဟုတ်ဘူးဆိုရင် အဲ့ထက်ရာထူးကြီးတဲ့ လူတစ်ယောက်လား။

“ရှောင်ယွီ တကယ်လို့ မင်းဘာမှ လုပ်စရာ မရှိဘူးဆိုရင် ငါ့အခန်းထဲကို လာခဲ့ပါအုံး။ ငါမင်းကို ပြောစရာအချို့ရှိတယ်”

ကျန်းရွေ့ချင်က ဖုန်းယွီကို ပြောလိုက်သည်။

ဖုန်းယွီက

“....”

သူသည် အခြားကျောင်းသားများ ပိုကာကစားနေသည့် အခွင့်အရေးကိုယူပြီး လီနနှင့် အတူနေရန်အတွက် အချိန်ကို အသုံးချမည်ဟု စီစဉ်ခဲ့သည်။

ကျန်းရွေ့ချင် ထွက်သွားခဲ့ပြီဖြစ်သည်။ သူတို့၏ညစာကို ဆက်စားနေကြသည်။ သို့သော် အစားအသောက်ပွဲတွင် စိတ်ဝင်စားနေကြသည့် သူများလည်းရှိသည်။ ဖုန်းယွီသည် ဝမ်တုန့်ကျွင်းကို မျက်မှောင်ကြုတ်ရင်း သူ့အား မေးလိုက်၏။

“ဘာမှားလို့လဲ။ ဗိုက်ပြည့်သွားပြီလား”

“ငါတို့မြို့တော်က ခေါင်းဆောင်တစ်ယောက် မဟုတ်ဘူးလား။ ကျန်းဟန်ကသူ့ကို ဦးလေးလို့ ခေါ်လိုက်တယ်။ အဲ့ဒီအဓိပ္ပာယ်က သူ့ရဲ့မိသားစုကလည်း တကယ့်ကို အရာရှိကြီးတွေလား”

“အဲ့ဒါက ခေါင်းဆောင်တစ်ယောက်ပါပဲ။ မင်းရဲ့အဖေကလည်း စိုက်ပျိုးရေးငှာနရဲ့ လက်ထောက် အရာရှိပဲလေ။ မင်းအရှက်ရတယ်လို့ ခံစားနေရတာလား”

ဖုန်းယွီကသူ့ကို လှောင်ပြောလိုက်သည်။ ထိုကလေး၏ ယုံကြည်မှုက အထွတ်အထိပ်ကို ရောက်ရှိသွားသည်လော။

ဝမ်တုန့်ကျွင်းသည် ခေါင်းခါလိုက်ပြီးနောက် ဝမ်းနည်းစဖွယ်ကောင်းသည့် မျက်နှာဖြင့် ပြောလိုက်သည်။

“အဲ့ဒါကြောင့် မဟုတ်ဘူး။ ငါ့ရဲ့အဖေက ခေါင်းဆောင်ကြီးတစ်ယောက်လို့ ငါကြွားဝါခဲ့တာ။ ငါအခု ဘာလုပ်ရတော့မှာလဲ”

ဖုန်းယွီက

“....”

ဒေသစိုက်ပျိုးရေး ငှာနရဲ့ လက်ထောက် မြို့တော်ဝန်တစ်ယောက်ကို မင်းကမင်းအဖေကို လက်ထောက်မြို့တော်ဝန် တစ်ယောက်နဲ့ ရာထူးအတူတူလို့ ကြွားဝါထားတာလား။ ကျန်းဟန်က မင်းရဲ့အလိမ်ကို လုံးဝမဖော်ထုတ်ဘူး။ ဒါကသေချာပေါက် အချစ်စစ်ပဲ ဖြစ်ရမယ်။

“ငါကျန်းရွေ့ချင်ဆီမှာ အဖြေရှာကြည့်လိုက်မယ်။ ကျန်းဟန်ရဲ့နောက်ခံက ဘာလဲဆိုတာကိုပေါ့။ ဟုတ်တယ်မလား”

All Chapters