← Chapters

အောက်တန်းကျသူများ

Vol. 3 Ch. 28-ခ

အောက်တန်းကျသူများ

Vol. 3 Ch. 28-ခ

တစ်ဖက်တွင် ရတနာစံအိမ်၏ ချန်ခွန်းသည် ဓားသခင်ရှန်ကွမ်းယုအနား ချဥ်းကပ်သွားကာ တစ်ချက်ပြုံး၍ ပြောလိုက်သည်။

"အစ်မယု ရတနာစံအိမ်က မဟာတိုက်ပွဲအတွက် အဆင့်တွေကို လောင်းကြေးဖွင့်ထားတယ်။ အမှတ်နှစ်ဓားတောင်ရဲ့ တပည့်တွေ စိတ်ဝင်စားလောက်ပါတယ်"

"နင်က အမြဲတမ်း အမြတ်ထုတ်ချင်နေတာလား"

"ဒါက မီးလောင်ရာကို လေနည်းနည်းပင့်ပေးလိုက်တာမို့ မီးတောက်ကြီးလေလေ စီးပွားရေးကောင်းလေလေပဲ။ မင်းနဲ့ ကျောက်ကျန်ရှင်းရဲ့ ဆက်ဆံရေးအရ ဓားအိမ်တော်ရဲ့တပည့်တွေကို မစောင့်ရှောက်ဘူးလား"

"ပါးစပ်ပိတ်ထား"

သူမက တစ်ချက်စိုက်ကြည့်၍ တားမြစ်လိုက်သည်။

"ကျုပ် နားလည်ပါတယ်။ အမှတ်တစ်ဓားတောင်က အရေအတွက်သာတဲ့အပြင် ကျန်းရယ်နဲ့ ရဲကုရင်လို ပါရမီရှင်မျိုးတွေ ပိုင်ဆိုင်ထားတယ်။ သူတို့က ကျန်ဓားတောင်တွေကို ဝါးမျိုပစ်ဖို့ သိပ်မကြာလောက်ဘူး"

ချန်ခွန်းက ခါးသက်သက် ပြုံးလိုက်သော်လည်း ရှန်ကွမ်းယုက တစ်ခုခုကို တွေးတောနေဟန်ဖြင့် တိတ်ဆိတ်နေသည်။

"ဓားအိမ်တော်က အတိတ်မှာ သန်မာခဲ့ပေမယ့် ဒီလိုအဖြစ်မျိုး ရောက်လာမယ် မထင်ထားဘူး။ ရတနာစံအိမ်က အသူရာဓားဂိုဏ်း ဒီလိုဖြစ်နေတာကို မမြင်ချင်ဘူး။ မဟုတ်ရင် ဘယ်လိုလုပ် အမြတ်ရနိုင်မှာလဲ"

"ရဲတန်းစီသာ နင့်စကားကို ကြားသွားရင် ဂိုဏ်းထဲက အသက်ရှင်ရက် ထွက်သွားနိုင်မှာ မဟုတ်ဘူး"

"သူ မကြားလောက်ပါဘူး။ အစ်မယုက ခြောက်နေပြန်ပါပြီ။ သေချာစဥ်းစားကြည့်ပါ ကျောက်ကျန်ရှင်းက ခေါင်းမာပြီး ဒေါသကြီးတယ်ဆိုပေမယ့် ပွင့်လင်းတဲ့ လူတစ်ယောက်ပဲ။ ရဲတန်းစီနဲ့ယှဥ်ရင် သူ့ကို ပိုပြီးသဘောကျတယ်"

ချန်ခွန်းက သက်ပြင်းတစ်ချက်ချ၍ လှည့်ထွက်သွားကာ လက်နှစ်ဖက်နောက်ပစ်၍ အတွေးနက်နေပုံရသည်။

အမှတ်တစ်ဓားတောင်တွင် ကျန်းရယ်သည် အိပ်ရာအတွင်းမှ နိုးထလာသောအခါ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေသည်။ သူမက အဖြစ်ဆိုးကို သတိရလိုက်သောကြောင့် မှန်တစ်ချပ်ဆွဲထုတ်ကာ မျက်နှာကို စစ်ဆေးလိုက်သည်။ သူမ၏နှာခေါင်းက မူလနေရာတွင် ပြန်ရောက်နေသော်လည်း ဓားဒဏ်ရာများကြောင့် အလှပျက်နေသည်။ သို့သော် ငွေရောင်ဆံပင်များ ပိုင်ဆိုင်ထားသော လူငယ်တစ်ယောက်က မစိုးရိမ်ရန် အားပေးလိုက်ပြီး ကျောက်စိမ်းမျက်နှာဆေးလုံးဖြင့် ကုသနိုင်ကြောင်း ရှင်းပြလိုက်၏။

"ဆရာတူအစ်ကိုငါး"

သူမက ရဲတန်းယွမ်ရှေ့တွင် ငိုချချင်သော်လည်း ဝင်ရောက်လာသော ပုံရိပ်တစ်ခုကြောင့် ကိုယ့်ကိုကိုယ် ထိန်းသိမ်းလိုက်၏။

"ဆရာ"

သူမက အိပ်ရာပေါ်မှ တွားသွားထွက်ခွာ၍ ဒူးထောက်ကာ အကြီးအကဲဖန်ရှေ့မှောက်တွင် အရှက်ရစေသောကြောင့် တောင်းပန်လိုက်သည်။

"မင်း နေကောင်းရဲ့လား"

သို့သော် အံ့သြစရာကောင်းသည်မှာ ရဲတန်းစီက ဒေါသထွက်ရမည့်အစား မတ်တပ်ရပ်ရန် ကူညီပေးလိုက်ပြီး ချိုသာစွာ မေးလိုက်သည်။

"အများကြီး ပိုကောင်းလာပါပြီ"

"တန်းယွမ် ရယ်အာကို အိပ်ရာပေါ် ပြန်ပို့ပေးလိုက်"

"ဟုတ်ကဲ့ အဖေ"

ရဲတန်းယွမ်က သူမကို အိပ်ရာပေါ်တွင် သက်တောင့်သက်သာဖြစ်စေရန် ပြင်ဆင်ပေးလိုက်သည်။

"နဂါးနွေဦးအဆင့်က နတ်ပင်လယ်အဆင့်ကို အနိုင်ရတာ ဖြစ်နိုင်လို့လား ဆရာ"

"ပုံမှန်ပါပဲ။ သူ့အစွမ်းကို ကြည့်ရသလောက် ရက်အနည်းငယ် လေ့ကျင့်ထားတာ မဖြစ်နိုင်ဘူး။ ဓားအိမ်တော်က လျှို့ဝှက်လေ့ကျင့်ပေးထားတာ ဖြစ်လိမ့်မယ်"

"ဒါပေမယ့် ဓားဝိညာဥ်"

"ဓားအော်ရာကိုးခုနဲ့ဆိုရင် အဆင့်နိမ့်ဓားဝိညာဥ်က သန်မာလာပြီး ဖျက်ဆီးနိုင်စွမ်း ပိုင်ဆိုင်တယ်။ သူက ဓားအိမ်တော်ရဲ့ လေ့ကျင့်ရေးမှာ လူအများကြီး သတ်ဖူးလောက်တယ်။ သူ့တိုက်ခိုက်ပုံက ရက်စက်ကြမ်းကြုတ်ပြီး ဓားချက်တွေက ပြင်းထန်တယ်။ မင်းရဲ့ဆရာတူအစ်ကိုအစ်မတွေက နတ်ပင်လယ်အဆင့်ဆိုပေမယ့် သတိလက်လွတ် ဖြစ်သွားကြတာပဲ။ ကြည့်ရတာ မင်းကို သေရေးရှင်ရေးတိုက်ပွဲတွေနဲ့ လေ့ကျင့်ပေးရလိမ့်မယ်"

ရဲတန်းစီ၏စကားက ကျန်းရယ်ကို သူမ၏ဓားဝိညာဥ်က တစ်ဖက်လူ၏ ဓားဝိညာဥ်အား မယှဥ်နိုင်သော အကြောင်းအရင်းကို နားလည်သွားစေသည်။ သူမက ဤယွမ်ရှောင်နှင့် တိမ်တိုင်းပြည်ဘုရင် ယွမ်ရှောင်အကြား ရက်စက်မှုချင်းတူညီသည်ဟု ခံစားနေရသဖြင့် ကျောချမ်းနေမိသည်။ သို့သော် သေမျိုးတစ်ယောက်က ဤမျှကြောက်စရာမကောင်းနိုင်ဟု ကိုယ့်ကိုကိုယ် အားပေးလိုက်ရသည်။

"ဓားအိမ်တော်က ဓားအော်ရာကိုးခုအတွက် နတ်ဆိုးအရိုးတွေသုံးမယ်လို့ မထင်ထားဘူး။ နှစ်ငါးရာနတ်ဆိုးအရိုးက နှမြောစရာပဲ"

ရဲတန်းစီက အံကြိတ်၍ ကြုံးဝါးလိုက်သည်။

"ဆရာ သူက နှစ်တစ်ထောင်နတ်ဆိုးခေါင်းခွံကို ရသွားရင် ဘယ်လိုလုပ်ကြမလဲ"

ကောင်းကင်လမ်းကြောင်းမှ အရှုံးသည် ကျန်းရယ်ကို အရှက်ခွဲရန် လုံလောက်ခဲ့ပြီး ဓားဆွေးနွေးပွဲ၌ လူသိရှင်ကြား အရှက်ကွဲခဲ့ရသည်။ ထို့အပြင် သူမက မျက်စိရှေ့ရောက်နေသော ရတနာကို လက်လွှတ်လိုက်ရသဖြင့် ဒေါသထွက်လွန်းသောကြောင့် သေချင်စိတ် ပေါက်နေ၏။

"မစိုးရိမ်ပါနဲ့ ရယ်အာ။ ဒီကောင်က မဟာတိုက်ပွဲမှာ ဝင်ပြိုင်မယ်ဆိုရင် ငါက လက်စားချေပေးမယ်။ နှစ်တစ်ထောင်နတ်ဆိုးခေါင်းခွံကိုတော့ မင်းကို ပေးပါမယ်။ ဒီကောင်က ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းနေတာဆိုတော့ သေချာပေါက် ဝင်ပြိုင်လိမ့်မယ်"

ရဲတန်းယွမ်က လေးနက်စွာ အာမခံလိုက်သည်။

"ကျောက်ရန်ရန်က ခွင့်ပြုမှာ မဟုတ်ဘူး"

ရဲတန်းစီက ဖြတ်ပြောလိုက်သည်။

"ဒါဆိုရင် အဖေ ဘယ်လိုလုပ်ကြမလဲ။ ဆုကို ဓားအိမ်တော်လက်ထဲ ပေးလိုက်လို့ မဖြစ်ဘူးနော်"

ရဲတန်းယွမ်က အံကြိတ်၍ မုန်းတီးစွာပြောလိုက်ပြီး အမှတ်တစ်ဓားတောင်အတွက် ရည်ရွယ်ထားသော ရတနာကို လက်လွှဲပေးလိုက်ရလျှင် ပါးရိုက်ခံလိုက်ရသည်နှင့် မခြားပေ။

"မင်းတို့ ဘာမှလုပ်စရာ မလိုဘူး။ ဝူဝူ ကိုင်တွယ်ပေးလိမ့်မယ်။ ဒီကောင်က မနက်ဖြန်နေထွက်တာကိုတောင် မြင်မှာ မဟုတ်ဘူး"

ရဲတန်းစီက ကောက်ကျစ်စွာ ရေရွတ်လိုက်သောကြောင့် လုပ်ကြံသတ်ဖြတ်မည်ဖြစ်ကြောင်း ကျန်းရယ်နှင့် ရဲတန်းယွမ်သည် ချက်ချင်းသဘောပေါက်လိုက်သည်။

"ဒီကောင်က သူရင်ဆိုင်ရတဲ့ ရေကန် ဘယ်လောက်နက်ရှိုင်းတယ်ဆိုတာ မသိဘူး။ ဓားနှလုံးသားတစ်ခုနဲ့ သေကာနီးဂိုဏ်းချုပ်က သူ့ကို ကာကွယ်ပေးနိုင်မယ် ထင်နေတာလား"

"သူ့ကို ဓားအိမ်တော်က ယာယီကာကွယ်ပေးနိုင်ပေမယ့် တစ်သက်လုံး မလုပ်နိုင်ဘူး။ လူတိုင်းက သေရမှာပဲ"

ရဲတန်းယွမ်နှင့် ကျန်းရယ်က ပျော်ရွှင်စွာ မှတ်ချက်ချလိုက်သည်။

"ငါက သူ့ကို ဆရာတူအစ်မနဲ့အစ်ကိုအတွက် ကိုယ်တိုင်လက်စားမချေပေးရတာ နှမြောစရာကောင်းလိုက်တာ"

"ရယ်အာ ဒီအကြောင်းတွေးစရာ မလိုဘူး။ မင်းက ဒီနေ့ရှုံးနိမ့်ခဲ့ပေမယ့် အင်မော်တယ်လမ်းကြောင်းမှာ ပုံမှန်ပါပဲ။ ဘယ်သူက ထာဝရအောင်နိုင်လို့လဲ။ အတိတ်ကို ဖက်တွယ်နေစရာ မလိုဘူး။ မင်းရဲ့တာအိုနှလုံးသားကို ရှင်းလင်းနေအောင် ထားပြီး အနာဂတ်ကိုသာ အာရုံစိုက်ထားစမ်းပါ"

ကျန်းရယ်က ညည်းညူလိုက်သောကြောင့် ရဲတန်းစီက တစ်လုံးချင်း ရှင်းပြလိုက်၏။

"စိတ်နတ်ဆိုးဖြစ်လာရင် ဘယ်လိုလုပ်မလဲ"

"မင်းရဲ့ အစ်ကိုရဲက ဓားအိမ်တော်သခင်လေးခုနစ်ယောက်ကို မယှဥ်နိုင်ပေမယ့် အခု ဘာဖြစ်နေပြီလဲ။ သူက ဒီကောင်တွေရဲ့ အလောင်းတွေအထက်မှာ အဆင့်အတန်းမြင့်မြင့်ကို ရောက်နေပြီ။ ငါ့ကိုလည်း ကျောက်ကျန်ရှင်းက အနိုင်ယူခဲ့ပေမယ့် လက်ရှိမှာ ဓားအိမ်တော်တပည့်တွေ အသတ်ခံရတာကို လက်မှိုင်ချပြီး ကြည့်နေရတယ်။ နောက်ဆုံးမှာ ဘယ်သူက ရယ်နိုင်မလဲဆိုတာက အရေးကြီးပြီး ပြိုင်ဘက်ကင်းလမ်းကြောင်းကို ရောက်ပြီဆိုရင် စိတ်နတ်ဆိုးက ဘာမှမဟုတ်ဘူး"

"နားလည်ပါပြီ ဆရာ။ ကျေးဇူးတင်ပါတယ်"

ရဲတန်းစီသည် ကျန်းရယ်၏စိုးရိမ်စိတ်ကို သူ၏စိတ်နေသဘောထားအရ အသေးစိတ် နှစ်သိမ့်ပေးလိုက်သည်။ သူ၏စကားကြောင့် ကျန်းရယ်၏ ယုံကြည်ချက်များ ပြန်လည်ဖြစ်ပေါ်လာကာ စိတ်အတွင်းရှိနေသော တိမ်မည်းများ ပျောက်ကွယ်သွားခဲ့၏။

"သူက ဒီနေ့ည သေရမယ့် ပိုးကောင်တစ်ကောင်ထက် မပိုဘူး။ ငါက ဘာကြောင့် ကိုယ်တိုင်တိုက်ခိုက်နေရဦးမှာလဲ။ သူက ဘယ်လောက်ကျော်ကြားနေပါစေ၊ သေသွားရင် ဘယ်သူက သတိရမှာလဲ။ ငါ့ပန်းတိုင်က ဓားပင်လယ်ဖြစ်ပြီး အမှိုက်တစ်စကြောင့် အထိခိုက်မခံနိုင်ဘူး"

စိတ်ဓာတ်မကောင်းသူပီပီ ကျန်းရယ်က ကိုယ့်ကိုကိုယ် အားတင်း၍ ယွမ်ရှောင်၏ကံဆိုးမှုအပေါ် ပျော်ရွှင်နေသည်။

"ဆရာ အကြီးအကဲဖန် ရှိသေးလား။ ဒီနေ့ည ကျွန်မရဲ့ ဓားဝိညာဥ်အဆင့်ကို စမ်းသပ်လို့ရမလား"

သူမက တောင်းဆိုလိုက်သည်။

"သူက မဟာတိုက်ပွဲအပြီးထိ စောင့်ကြည့်နေလိမ့်မယ်။ မင်းက ကိုယ့်ကိုကိုယ် သက်သေပြဖို့ စိတ်မရှည်ဖြစ်နေပြီ။ ဓားဝိညာဥ်ကို မနက်ဖြန် စမ်းသပ်ပြီး ကြေညာလိုက်ရင် အကောင်းဆုံးအစီအစဥ် ဖြစ်တယ်"

ရဲတန်းစီက ခေါင်းယမ်းပြလိုက်သည်။

"ဘယ်လိုကွာခြားလို့လဲ ဆရာ"

"ဒီနေ့ မင်းက အားနည်းနေတဲ့အတွက် ဓားဝိညာဥ်ကို စမ်းသပ်လိုက်ရင် လူတွေက ယွမ်ရှောင်ကို ကြောက်လို့ဆိုတာမျိုး ပြောကြလိမ့်မယ်။ ဒါဆိုရင် နှစ်ခါရှုံးသလို ဖြစ်မှာပဲ။ မနက်ဖြန်ကျရင် မင်းရဲ့ ဆရာတူအစ်ကိုငါးက အမှတ်တစ်ဓားတောင်ကိုယ်စား မဟာတိုက်ပွဲကို အနိုင်ယူပေးလိမ့်မယ်။ ဒီအခြေအနေကို အခွင့်ကောင်းယူပြီး မင်းက ပိုမိုကျော်ကြားလာလိမ့်မယ်"

"နားလည်ပါပြီ ဆရာ"

ကျန်းရယ်၏အကြည့်များ ဝင်းလက်တောက်ပသွားကာ ညအ​မှောင်၌ တလက်လက် လင်းလက်နေခဲ့သည်။

"မနက်ဖြန်ကျရင် ယွမ်ရှောင်သေတဲ့ သတင်းရောက်လာရင် ငါ အရှက်ကွဲမှာ မဟုတ်တော့ဘူး။ ငါက သူ့အလောင်းကို တက်နင်းပြီး ဂိုဏ်းတစ်ခုလုံး အသိအမှတ်ပြုစေရမယ်"

သူမ၏မျက်လုံးတွင် အဆင့်လေး ဓားအမွေခံကျောက်ဖြင့် ဓားဝိညာဥ်ကို စမ်းသပ်ပြီးလျှင် ဖြစ်ပေါ်လာမည့် အောင်မြင်မှုမျိုးကို စိတ်ကူးယဥ်နေသည်။

ဤသို့ဖြင့် အမှတ်တစ်ဓားတောင်အထက်တွင် အောက်တန်းကျသော လူသုံးယောက်၏ ရယ်သံများ ကျယ်လောင်စွာ ပဲ့တင်ထပ်သွားလေသည်။

All Chapters