← Chapters

လုပ်ကြံသူ

Vol. 3 Ch. 29-ခ

လုပ်ကြံသူ

Vol. 3 Ch. 29-ခ

ယွမ်ရှောင်သည် ပတ်ဝန်းကျင်၌ လူသူမတွေ့ရဘဲ ကြယ်ပြာ၏ ထက်ရှသော အာရုံကြောင့်သာ ခြေရာခံမိသဖြင့် တစ်ဖက်လူမှာ ကျွမ်းကျင်သော လုပ်ကြံသူတစ်ယောက် ဖြစ်သည်။ သူက သစ်တောအတွင်း ရုတ်တရက် ထွက်ပေါ်လာသော အခေါင်းကြီးအတွင်း စူးစမ်းလိုဟန်ဖြင့် ဝင်ရောက်သွားသည်။ ဓားအိမ်တော်၏ သစ်တောအတွင်း ဆန်းကျယ်သော အခေါင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာခြင်းသည် ဖြတ်သန်းသွားသူများကို စိတ်ဝင်စားစေနိုင်သောကြောင့် မထူးဆန်းပေ။ သူက အတွင်းသို့ရောက်သောအခါ အနက်ရောင်မြူခိုးများ ပြန့်ထွက်လာပြီး မည်သည်မှ မမြင်နိုင်အောင် မည်းနက်သွားခဲ့သည်။ ထို့နောက် ဝတ်ရုံနက်နှင့် အရိပ်တစ်ခုက လျင်မြန်စွာ လိုက်ပါလာပြီး တစ်ဖက်လူ၏တည်ရှိမှုကို သူက မသိကျိုးကျွံပြုထား၏။

"ဘုန်း"

ဝတ်ရုံနက်က အတွင်းသို့ ရောက်လာသောအခါ အခေါင်းက ချက်ချင်းပိတ်သွားပြီး မျက်တောင်တစ်ခတ်အတွင်း အနက်ရောင်မြူခိုးများသည် ကိုယ်တွင်းသို့ ကျူးကျော်ဝင်ရောက်လာကြသည်။

"ဘာလဲဟ"

လုပ်ကြံသူက အပြင်ပြန်ထွက်ရန် ကြိုးစားလိုက်သော်လည်း ချွေးပေါက်များအတွင်း ဝင်ရောက်လာသော စွမ်းအင်များကြောင့် ချီစွမ်းအင် ကမောက်ကမဖြစ်သွားကာ ကြယ်ပြာနှင့် လနီ၏ ဝါးမျိုနိုင်စွမ်းဖြစ်သည်။ ကြယ်ပြာက အချက်ပြလိုက်သောအခါ အပြာရောင်ဓားအလင်းများ တရစပ်ထွက်ပေါ်လာပြီး ဓားမြှောင်သည် ရန်သူမတုံ့ပြန်နိုင်ခင်မှာပင် ထိမှန်သွားခဲ့သည်။ ၎င်းက ရန်သူ၏ရင်ဘတ်ကို ထိုးဖောက်သွားကာ နာကျင်စွာ အော်သံတစ်ခု ထွက်ပေါ်လာပြီး ခန္ဓာကိုယ်တစ်ခု ကြမ်းပြင်သို့ ဘုန်းခနဲ လဲကျသွားသည်။

ယွမ်ရှောင်က တုံ့ဆိုင်းခြင်းမရှိ၊ တရစပ်တိုက်ခိုက်နေပြီး အချိန်ခဏအတွင်း ရန်သူ၌ အရိုးများပင်ပေါ်လောက်သော ဒဏ်ရာများရသွားကာ သွေးအိုင်တစ်ခု ဖြစ်တည်လာသည်။ ရန်သူသည် အခေါင်းအတွင်း ရောက်သောအခါ ကြမ်းကြုတ်ရက်စက်သော တိုက်ကွက်များ အသင့်စောင့်ကြိုနေမည်ဟု မျှော်လင့်မထားပေ။ ကြယ်ပြာ၏စွမ်းရည်က တစ်ဖက်လူကို တိုက်ခိုက်နိုင်စွမ်းကင်းမဲ့သွားစေသော်လည်း လူမြင်ကွင်းတွင် အသုံးချရန် မသင့်ပေ။

"ကျေးဇူးပြုပြီး ငါ့ကို မသတ်ပါနဲ့"

မိန်းမသံတစ်ခု ထွက်ပေါ်လာသောကြောင့် သူက ဓားဖြင့် မျက်နှာဖုံးကို ဖယ်လိုက်သောအခါ လှပသော မျက်နှာလေးတစ်ခု ထွက်ပေါ်လာသည်။

"ဘယ်သူက မင်းကို လွှတ်လိုက်တာလဲ"

သူက ဓားဖြင့် ရန်သူ၏လည်မျိုကို ထောက်ထားပြီး ကြီးစိုးစွာ မေးခွန်းထုတ်လိုက်သည်။

"ဒါဆိုရင် ငါ့ကို အသက်ချမ်းသာပေးမှာလား။ ငါက နင်နဲ့ ရန်ငြှိုးမရှိပါဘူး။ ပိုက်ဆံရလို့ လုပ်မိတာပါ"

"သဘောတူတယ်"

"နင့်ကိုသတ်ဖို့ ငှားတာက အမှတ်သုံးဓားသခင် ဝူဝူပါ"

ယွမ်ရှောင်က အလေးအနက်စဥ်းစား၍ လက်ခံလိုက်သောအခါ သူမက အမှန်အတိုင်း ပြောပြလိုက်သော်လည်း အဖြေရသည်နှင့်တပြိုင်နက် ဓားသွားက လည်ချောင်းကို ထုတ်ချင်းပေါက်သွားခဲ့သည်။

"နင် နင်"

သူမ၏မျက်လုံးများ ပြူးကျယ်သွားကာ စိုက်ကြည့်ရင်း အသက်ထွက်သွားသောအခါ သူက စစ်ဆေးလိုက်ပြီး ဓားဝိညာဥ်မရှိသောကြောင့် ဓားသမားတစ်ယောက်မဟုတ်ကြောင်း နားလည်လိုက်သည်။ သူက တစ်ဖက်လူ၏ ပိုင်ဆိုင်မှုများကို ရှာဖွေလိုက်သော်လည်း စိတ်ကျောက်တုံးများ မဆိုထားနှင့်၊ အဖိုးတန်သော အရာတစ်ခုမှ မရှိသောကြောင့် ဒေါသထွက်လာခဲ့သည်။ လုပ်ကြံသူများ၏ စည်းမျဥ်းအရ ပစ်မှတ်၏ပိုင်ဆိုင်မှုကို လုယူရန်ဖြစ်ကာ ကိုယ့်ပိုင်ဆိုင်မှုများကို အပါမခံတတ်ကြပေ။ ရတနာများမရသည့်အပြင် ဝါးမျိုစရာ ဓားဝိညာဥ်လည်း မရှိသောကြောင့် သူက စိတ်ပျက်လက်ပျက်ဖြစ်နေ၏။

၎င်းထက် ပိုဆိုးသော သတင်းမှာ အခေါင်းကြီးက ယွမ်ရှောင်ကို ကန်ထုတ်၍ အားနည်းသော သားရဲလေးအသွင် ပြောင်းသွားခဲ့သည်။

"ဘာဖြစ်တာလဲဟ"

"ငါတို့ အားနည်းနေပြီ"

"ဒီလောက်လေးနဲ့ မင်းက ပျော့လှချည်လား"

"မင်းက ဘာတွေမျှော်လင့်နေတာလဲ။ ရန်သူကို မတိုက်ခိုက်နိုင်အောင် လုပ်ဖို့နဲ့ အခေါင်းပုံစံပြောင်းဖို့ လွယ်တယ်များ မှတ်နေလား"

"ငါ အရမ်းဗိုက်ဆာနေပြီ"

ကြယ်ပြာနှင့် လနီက စိတ်ဆိုးမာန်ဆိုးအော်ဟစ်၍ ညည်းညူနေကြသည်။ ယွမ်ရှောင်က သက်ပြင်းတစ်ချက်ချလိုက်ပြီး ဤတိုက်ပွဲကြောင့် ဓားနှလုံးသားကို အသုံးမပြုမိသည်ကိုပင် ကျေနပ်နေရသည်။ သူက ကျင့်ကြံချင်သော်လည်း ဒေါသကြောင့် အာရုံစိုက်မရဖြစ်နေပြီး တွေးလေလေ ဒေါကန်လေလေ ဖြစ်နေ၏။

"ငါ့ကိုသတ်ဖို့ လုပ်ကြံသူငှားရင်လည်း ဓားသမားတစ်ယောက်ကို ငှားပါလား"

သူက ခါးသက်သက်ရယ်မော၍ ဒေါသတကြီးဖြစ်နေစဥ် ဓားနှလုံးသားကို ထုတ်ယူလိုက်သည်။

"မင်း ဘာလုပ်မလို့လဲ"

"ဒေါသမပြေသေးဘူး"

"မင်းက လုပ်ကြံသူကို သတ်လိုက်ပြီလေ။ ဘာလုပ်ချင်နေသေးလို့လဲ"

"ဒီမိန်းမမှာ အဖိုးတန်တာ ဘာမှမရှိဘူးဆိုတော့ သတ်လိုက်လည်း ဘာမှမထူးဘူးလေ။ ဒီညမှာ နောက်ထပ်သွေးမြေမကျရင် ကျင့်ကြံဖို့ အာရုံစိုက်နိုင်မှာ မဟုတ်ဘူး"

ကြယ်ပြာက စပ်စုလိုက်သောအခါ သူက ဒေါသတကြီး ပြန်​ဖြေလိုက်ပြီး အေးစက်စက်ဖြစ်နေ၏။ ဓားနှလုံးသား၏ မူလရည်ရွယ်ချက်မှာ လုံခြုံရေးအတွက်မဟုတ်ဘဲ အဘိုးကျောက်၏ စွမ်းအားများ ပါဝင်နေသောကြောင့် အစွမ်းထက် တိုက်ခိုက်ရေးရတနာ ဖြစ်သည်။ ဓားနှလုံးသားကို လက်တစ်ဖက်တွင် ကိုင်ထားပြီး ကျန်တစ်ဖက်ရှိ ကောင်းကင်သင်္ချိုင်းနှင့် အနီးကပ်ထားကြည့်လိုက်သောအခါ အပြာရောင်စွမ်းအင်များက စုပ်ယူချင်နေခဲ့သည်။

ယွမ်ရှောင်က အခြေအနေကို သဘောပေါက်သွားပြီး တစ်ချက်ပြုံးကာ သစ်တော၏ အမှောင်ထုအတွင်း လျင်​မြန်စွာတိုးဝင် ပျောက်ကွယ်သွားခဲ့သည်။

ထိုအချိန်တွင် အမှတ်သုံးဓားတောင်ထိပ်တွင် ဝူဝူ၏အိမ်တော်ဖြစ်သော ချောရည်နီအိမ်တော်အတွင်း လင်းထိန်စေရန် မီးအိမ်များ ထွန်းညှိထားသည်။ ၎င်း၏ဝင်ပေါက်တွင် ဆယ်ပေခန့်မြင့်သော ရွှေခြင်္သေ့ရုပ်ကြီးနှစ်ခု တည်ရှိသောကြောင့် ကြီးကျယ်ခမ်းနားလှသည်။ အိမ်တော်အတွင်း အဖိုးတန်ကျောက်မျက်ရတနာများ စီခြယ်ထားကာ သေမျိုးဘုရင်တစ်ပါး၏ နန်းတော်ထက် များစွာသားနားနေသည်။ ၎င်းအတွင်း၌ စားသောက်ပွဲတစ်ခု ကျင်းပနေကာ ဝူဝူက စားပွဲထိပ်ပိုင်း၌ နေရာယူထားပြီး ကျောက်စိမ်းစားပွဲအထက်တွင် သေရည်များနှင့် စားသောက်ဖွယ်ရာများ ခင်းကျင်းထားသည်။ ထိုင်နေသူများမှာ ဝူမျိုးနွယ်ဝင်များဖြစ်ကြပြီး အမှတ်သုံးဓားတောင်ကို မဟာတိုက်ပွဲတွင် ဦးဆောင်မည့် ဝူကျန်းရှုံးလည်း ပါဝင်နေကာ နတ်ပင်လယ်အလယ်အဆင့်သို့ ရောက်ရှိနေသည်။ သို့သော် ဝူကျန်းရန်၏ သေဆုံးမှုကြောင့် စားသောက်ပွဲတွင် အခြေအနေက လေးလံနေကာ ပျော်ရွှင်မှုများ ကင်းမဲ့နေသည်။

"အခုလောက်ဆို ယွမ်ရှောင်က နာနာကျင်ကျင်နဲ့ သေနေလောက်ပြီ။ ဒါကြောင့် ရန်အာက နောက်ဘဝမှာ ငြိမ်းချမ်းနေမှာပါ။ ငါတို့စိုးရိမ်စရာ မလိုတော့ဘူး။ ရှေ့ဆက်ဖို့ အာရုံစိုက်ကြရအောင်"

ဝူဝူ၏စကားသံ ထွက်ပေါ်လာသောအခါ အားလုံးက အာရုံစိုက်၍ နားထောင်နေကြသည်။

"ယွမ်ရှောင်သေတာကို ကျုပ်မျက်လုံးနဲ့ ကိုယ်တိုင်မမြင်ရတာ နှမြောစရာကောင်းတယ်"

"ရန်အာအတွက် အနည်းဆုံးတော့ လက်စားချေပေးနိုင်ခဲ့ပြီဆိုပေမယ့် အကြွေးတင်နေသလို ခံစားရမယ်"

"အသူရာဓားဂိုဏ်းကို ဧည့်သည်တွေ ရောက်နေတယ်ဆိုတော့ ငါတို့က ပေါ်တင်လုပ်လို့ မဖြစ်ဘူး။ လူသတ်တာ ကိစ္စမရှိပေမယ့် နည်းနည်းသတိထားရမယ်"

ဝူဝူက ဒေါသထွက်နေသော ဝူကျန်းရှုံးနှင့် အမျိုးသမီးဝူကို နှစ်သိမ့်လိုက်သည်။

"ဧည့်သည်တွေ ပြန်သွားရင် ဓားအိမ်တော်ရဲ့ အမှိုက်တွေကို သတ်ပစ်လို့ရမလား"

ဝူဝူ၏ သားတစ်ယောက်က မေးလိုက်ခြင်းဖြစ်သည်။

"ဓားအိမ်တော်က အနှေးနဲ့အမြန် ပျက်စီးရမှာပါ။ ဒါကြောင့် ဒီကိစ္စက ပြဿနာမရှိပါဘူး။ ကျန်းရှုံး ငါတို့က မဟာတိုက်ပွဲမှာ ဒုတိယနေရာကိုရအောင် ယူရမယ်"

ဝူဝူက သူ၏ဂုဏ်ယူရသော သားဖြစ်သူ ဝူကျန်းရှုံးကို သတိပေးလိုက်ပြီး ရည်မှန်းချက် ကြီးမားနေသည်။

"ဟုတ်ကဲ့အဖေ"

"ဝူမျိုးနွယ်အတွက်"

ဝူကျန်းရှုံးက ခေါင်းညိတ်လိုက်သောအခါ လူတိုင်း ကျေနပ်စွာပြုံး၍ သေရည်ခွက်များ မြှောက်လိုက်ကြသည်။

"တမလွန်မရောက်ခင် နောက်ဆုံး ညစာလေး ပြီးကြပြီလားခင်ဗျာ"

ထိုအချိန်တွင် အခန်းတံခါး၌ လူငယ်တစ်ယောက်က တစ္ဆေတစ်ကောင်ပမာ ရုတ်တရက် ဝင်ရောက်လာပြီး ဒေါသဖြင့် စိုက်ကြည့်နေကာ အေးစက်စက် မေးလိုက်၏။ ယွမ်ရှောင်က အံကြိတ်လိုက်ပြီး သူ၏စကားသံတွင် ဒေါသများထင်ဟပ်နေကာ ရန်သူကို မည်သို့ရက်စက်ရန် တွေးတောနေခဲ့လေသည်။

All Chapters