ဓားအိမ်တော်ဘက်မှ လောင်းကြေးထပ်ခြင်း
Vol. 3 Ch. 32-ခ
"ဦးလေးသုံး နင်က ချီပင်လယ်အခြေတည်အဆင့်ကို ရောက်သွားပြီလား"
ရဲတန်းယွမ်၏မျက်နှာက သွေးဆုတ်ကာ နေရာ၌ မင်သက်နေရာမှ တုန်ရီစွာဖြင့် နောက်ဆုတ်သွားခဲ့ရင်း မယုံနိုင်ဟန်ဖြင့် ရေရွတ်လိုက်သည်။ ကျောက်ရန်ရန်က အသက်၂၂နှစ်အရွယ်တွင် ဓားအိမ်တော်၏တပည့်များထက် သာလွန်သွားသောကြောင့် လူအုပ်တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်နေခဲ့သည်။ ဓားအိမ်တော်၏မျိုးဆက်များတွင် ယွမ်ရှောင်က ကိုးယောက်မြောက်ဖြစ်ကာ သူမက ရှစ်ယောက်မြောက်ဖြစ်သော်လည်း တစ်နှစ်အတွင်း ဒဏ်ရာအပြင်းအထန်ရပြီးနောက် ကြောက်မက်ဖွယ် အစွမ်းထက်လာခဲ့၏။
"သူမက ဒီတစ်ခေါက် မဟာတိုက်ပွဲမှာ ဝင်မပါရတာ ဆိုးတာပဲ။ မဟုတ်ရင် ဓားအိမ်တော်က အမှတ်တစ်ဓားတောင်ကို ဖျက်ဆီးပစ်လိမ့်မယ်"
"နတ်ပင်လယ်အခြေတည်အဆင့်ကို ရောက်ဖို့က နဂါးနွေဦးအခြေတည်အဆင့်ထက် အများကြီး ခက်ခဲတယ်"
"ရဲတန်းကျောက်က သေသင့်တယ်။ အရူးကောင်"
ပတ်ဝန်းကျင်မှ လှောင်ရယ်သံများက ဓားသခင်၏တပည့်များကို အရှက်ရစေပြီး မျက်နှာပျက်နေကြသည်။ သို့သော် သူတို့၏ကာကွယ်သူဖြစ်သော ရဲတန်းကျောက်ပင် ဓားတစ်ချက်တည်းဖြင့် အသက်ပျောက်သွားသောအခါ ကျောက်ရန်ရန်ကို ဒေါသမထွက်ရဲပေ။
"နင်က အမှတ်တစ်ဓားတောင်ရဲ့ စည်းကမ်းထိန်းကို သတ်ရဲတယ်ပေါ့။ ဂိုဏ်းစည်းကမ်းအရ သေဒဏ်ပေးခံရမယ်"
"နင်ကလား ငါ့ကိုသတ်မှာ"
ရဲတန်းယွမ်က ရဲစိတ်မွေး၍ ခြိမ်းခြောက်လိုက်သော်လည်း တစ်ဖက်လူ၏အကြည့်ကြောင့် ရင်ထိတ်သွားသည်။ အကယ်၍ ရဲတန်းစီသာ အစွမ်းထက်နေခြင်းမရှိလျှင် သူမက အမှတ်တစ်ဓားတောင်တစ်ခုလုံးကို သေချာပေါက် သုတ်သင်ပစ်ပေလိမ့်မည်။
"အဖေက နင့်ကို သေချာပေါက် အရေးယူလိမ့်မယ်"
"ဒါဆိုရင် ဓားအိမ်တော်ကို လာရှာခိုင်းလိုက်လေ။ ငါလည်း အဘိုးရဲ့ဓားနှလုံးသားကို စမ်းသပ်ချင်နေတာနဲ့ အတော်ပဲ"
သူက ဖခင်နောက်ခံဖြင့် ခြိမ်းခြောက်လိုက်ပြန်သော်လည်း ကျောက်ရန်ရန်၏စကားကြောင့် ဆွံ့အသွားခဲ့သည်။ လူပုံအလယ် အရှက်ကွဲရသော အဖြစ်က ပါးရိုက်ခံရသည်ထက် နာကျင်ပြီး ဟိတ်ဟန်ထုတ်နေခဲ့သော အမှတ်တစ်ဓားတောင်အုပ်စုမှာ ခဏအတွင်း အရှက်ခွဲခံလိုက်ရသည်။ သူက ပတ်ဝန်းကျင်မှ လှောင်ပြောင်မှုများကို မခံဖူးသောကြောင့် ဒေါသထွက်ချင်သော်လည်း ရဲတန်းကျောက်၏ အလောင်းကြီးက သတိပေးနေခဲ့သည်။
"မင်းက ဓားအိမ်တော်ရဲ့ တပည့်တွေကို ကိုယ်စားပြုတယ်ဆိုရင် မဟာတိုက်ပွဲကို လာခဲ့စမ်း"
ရဲတန်းယွမ်က ကျောက်ရန်ရန်ကို ရန်စမရဲသောကြောင့် ပစ်မှတ်ပြောင်းလဲကာ ယွမ်ရှောင်အား စိန်ခေါ်၍ ခပ်တည်တည် ထွက်ခွာသွားသော်လည်း ရယ်သံများ ထွက်ပေါ်လာသည်။
"ဒီငကြောက်က အရှက်မရှိဘူးလား။ ရယ်စရာကောင်းလိုက်တာ ဟား ဟား"
"သူက အစ်မကျောက်ရှေ့မှာ ချီးတောင်မပေါက်ရဲတော့ ယွမ်ရှောင်ကို ရန်သွားစနေတယ်"
"ဒီညကတော့ ထူးဆန်းတယ်ဟေ့။ ဓားသခင်ဝူတို့မိသားစု ပျောက်ကွယ်နေပြီး ရဲတန်းကျောက် အသတ်ခံလိုက်ရတယ်"
"နှမြောစရာပဲ။ ယွမ်ရှောင်တစ်ယောက်တည်းနဲ့ဆိုရင် ဓားအိမ်တော်က အသူရာဆေးအိုးကို ပြန်ယူဖို့ မဖြစ်နိုင်ဘူး"
ဤစကားသံများမှာ အမှတ်နှစ်နှင့် လေး ဓားတောင်များ၏တပည့်များထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
"အစ်မကျောက် ဓားချိတ်ပိတ်အစီအရင်က ဘာလဲ"
ယွမ်ရှောင်က သိလိုစိတ်ပြင်းပြစွာ မေးလိုက်သည်။
"ဘာမှထူးထူးခြားခြား မဟုတ်ပါဘူး။ မဟာတိုက်ပွဲမှာ ဒီအစီအရင်ကို ခင်းကျင်းထားလိုက်ရင် တိုက်ပွဲက ဘယ်လိုဖြစ်ဖြစ် အကြီးအကဲတွေ ဝင်ပါလို့မရတော့ဘူး"
ကျောက်ရန်ရန်က ခဏတာ တုံ့ဆိုင်းသွားသော်လည်း ရှင်းပြလိုက်သောကြောင့် အတိတ်မှ တိုက်ပွဲ၏ကြမ်းတမ်းပုံကို ယွမ်ရှောင် သိလိုက်ရသည်။ အမှတ်တစ်ဓားတောင်၏ တပည့်တစ်ရာကျော်နှင့် တိုက်ပွဲတွင် နောက်ဆုတ်ရန် လမ်းမရှိသောကြောင့် အရှုံးပေးခဲ့ရသော်လည်း မျှတခြင်း မရှိပေ။
"ဒီကောင်တွေက အစ်မတစ်ယောက်တည်းကို ဝိုင်းအနိုင်ကျင့်ခဲ့ပြီး စကားနဲ့ လာစော်ကားနေတယ်"
"ထားလိုက်ပါ။ ကျင့်ကြံခြင်းလောကမှာ တရားမျှတမှုက အရေးမပါဘဲ အနိုင်အရှုံးကိုသာ မှတ်ထားကြတာပဲလေ"
သူတို့က အကြည့်ချင်းဆုံသွားကြပြီး တစ်ယောက်ကိုတစ်ယောက် နားလည်သွားကြပြီး သူမ၏ဆိုလိုရင်းကို ယွမ်ရှောင်သည် ဖမ်းဆုပ်နိုင်ခဲ့၏။ သူ၏အကြည့်က ရတနာစံအိမ်ဘက် ရောက်သွားကာ ရုတ်တရက် မေးလိုက်သည်။
"စိတ်ကျောက်တုံး ရှိလား"
"ဘာလိုချင်လို့လဲ။ ငါ ဝယ်ပေးနိုင်ပါတယ်"
"မဟုတ်ဘူး။ နည်းနည်းလောက် ချေးချင်လို့"
"နင်ပြန်ပေးစရာ မလိုပါဘူး။ ဘယ်လောက်လိုတာလဲ ငါ ပေးမယ်"
"တစ်သိန်းလောက်ဆို အဆင်ပြေလား"
"နင်က ဓားပြသွားတိုက်လိုက်ပါလား"
ယွမ်ရှောင် တောင်းဆိုသော ပမာဏက ပေါ့ပေါ့ပါးပါးမဟုတ်သောကြောင့် သူမ၏ မျက်ဝန်းလေးများ ဝိုင်းစက်နေသည်။
"ဒါကြောင့် ချေးပါလို့ ပြောတာလေ။ ဘယ်လောက်ရှိသေးလဲ"
"သေရည်ဝယ်လိုက်လို့ ခြောက်သောင်းကိုးထောင်လောက် ကျန်သေးတယ်"
သူမက သက်ပြင်းချ၍ သိုလှောင်အိတ်အတွင်း စစ်ဆေးကာ ပြန်ဖြေလိုက်သည်။
"ခွေးကောင်လေး နင် ဘာလုပ်မလို့လဲ"
"မိန်းကလေးတွေက မဆဲသင့်ဘူး"
"ငါက မိန်းကလေး မဟုတ်ဘူး။ အရွယ်ရောက်တဲ့ မိန်းမတစ်ယောက် ဖြစ်နေပြီ"
"ဟုတ်ပါပြီ။ ဒါဆိုရင် ယူသွားပြီနော်"
ယွမ်ရှောင်က လျင်မြန်စွာဖြင့် သိုလှောင်အိတ်ကို ဆွဲလုကာ ဓားအိမ်တော်အတွက် လောင်းကြေးထပ်ရန် နေရာသို့ ပြေးသွားခဲ့သည်။
"ရပ်စမ်း၊ နင် ဘာလုပ်မလို့လဲ"
သူမက ရုတ်တရက် သဘောပေါက်သွားသဖြင့် ယွမ်ရှောင်တစ်ယောက် ပြဿနာကြီးကြီးမားမား မရှာနိုင်စေရန် အပြေးတစ်ပိုင်း လိုက်ပါလိုက်သည်။ ထိုအချိန်၌ ယွမ်ရှောင်သည် သိုလှောင်အိတ်အတွင်းမှ စိတ်ကျောက်တုံးများကို ဓားအိမ်တော်ဘက်တွင် သွန်ချနေသဖြင့် ပတ်ဝန်းကျင်မှ တပည့်များအား ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။
"အစ်မကျောက်က ဓားအိမ်တော်ဘက်ကနေ စိတ်ကျောက်တုံး ၆၉၆၉တုံး လောင်ကြေးတင်တယ်"
"ယွမ်ရှောင် ငါ့ငွေတွေ။ ခွေးကောင်လေး နင့်ကို အပိုင်းပိုင်း ခုတ်ပစ်မယ်"
ယွမ်ရှောင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သောအခါ ကျောက်ရန်ရန်သည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ တောင့်တင်းသွားသည်။ သူမက စိတ်လွတ်သွားဟန်ဖြင့် ဓားပျံထုတ်ဖော်ကာ အကြမ်းပတမ်း တိုးဝင်လာခဲ့သည်။
"မိန်းကလေးကျောက် မင်းလည်း စည်းမျဥ်းတွေကို သိမှာပါ။ လောင်းကြေးထပ်ပြီးတဲ့ အရာတွေကို ပြန်ယူလို့မရဘူး"
ချန်ခွန်းက သူမရှေ့တွင် ပိတ်ရပ်လိုက်ပြီး တားမြစ်နေစဥ် ယွမ်ရှောင်သည် သိုလှောင်အိတ်အတွင်းမှ စိတ်ကျောက်တုံးများ ပြောင်သလင်းခါအောင် လောင်းကြေးထပ်လိုက်သဖြင့် ကျောက်ရန်ရန်၏ အကြည့်စူးစူးနှင့် ရင်ဆိုင်လိုက်ရသည်။ သူက တစ်ချက်ပင် တုံ့ဆိုင်းမနေဘဲ ဓားပျံအား ဆင့်ခေါ်ကာ အဝေးသို့ ထွက်ပြေးလိုက်သော်လည်း သူမက တရကြမ်း လိုက်ပါလာခဲ့သည်။
အချိန်ခဏအကြာတွင် ပတ်ဝန်းကျင်၌ တပည့်များ စုဝေးလာကာ မြင်လိုက်ရသော မြင်ကွင်းကြောင့် အပျော်လုံးဆို့ကုန်သည်။
"မင်းတို့က ဘာကြောင်နေတာလဲ။ အစ်မကျောက်ရဲ့ စိတ်ကျောက်တုံးတွေကို ယူကြစို့"
"ဒီစိတ်ကျောက်တုံးတွေမှာ သူမရဲ့ ကိုယ်သင်းနံ့ ရှိလောက်တယ်ဆိုတော့ စုဆောင်းရမယ်"
"ငါ့ကောင်တို့ တစ်သက်မှာ တစ်ခါသာရတဲ့ အခွင့်အရေးကို မလွတ်စေနဲ့ဟေ့"
"ယွမ်ရှောင်က တကယ်ကျေးဇူးတင်စရာကောင်းတယ်။ လူကောင်းလေးဆိုတော့ တစ်ဘဝလုံး ငြိမ်းချမ်းပါစေ"
မျက်တောင်တစ်ခတ်အတွင်း အမှတ်တစ်ဓားတောင်ဘက်တွင် စိတ်ကျောက်တုံးများ တောင်ပုံရာပုံ ရောက်ရှိလာခဲ့လေသည်။