← Chapters

ချောင်းစူည်

Vol. 21 Ch. 288

ချောင်းစူည်

Vol. 21 Ch. 288

ဇူထိုက်က တောင်စောင်းသို့ တက်ရာလမ်းတစ်ဝက်တွင် ရပ်တန့်ပြီး စိမ်းလန်းစိုပြေသော သစ်ပင်များကြားမှ ဂူတစ်လုံးအား ညွှန်ပြကာ ပြောလိုက်သည် “ညီတော်ဇူယွမ် သည် ရွှေရောင် မူလဂူနန်းက သည်အချိန်အတွင်းမှ မင်းလေ့ကျင့်ဖို့ ယူထားလိုက်”

ဇူယွမ်က ခေါင်းမော့လိုက်ပြီး ကြည့်လိုက်သည်နှင့် တောင်အတွင်းပိုင်းတွင် တည်ဆောက်ထားသော အင်မော်တယ်ဂူနန်းကို တွေ့ရှိလိုက်သည်။ နေရောင်ခြည်မှာ ချောက်ကမ်းပါးတစ်လျှောက်ကို ဖြတ်၍ ငွေရောင်မြစ်တစ်စင်းအလား ဂူနန်းပေါ်သို့ ဖြာကျနေခဲ့သည်။ ချောက်ကမ်းပါး အနီးတွင် လသာဆောင် တစ်ခုကို ဆောက်လုပ်ထားခဲ့ပြီး ပတ်ဝန်းကျင်တွင် အလွန်အမင်း ငြိမ်းချမ်းနေကာ ငြိမ်သက်အေးချမ်းပြီး ခမ်းနားသည့် ခံစားချက်ကို ပေးစွမ်းသည်။

ထိုကဲ့သို့နေရာထိုင်ခင်းမှာ အပြင်ဘက်တောင်ရှိ အိမ်ငယ်လေးများထက် အဆများစွာ သာလွန်ပေသည်။

ပိုပြီး အရေးကြီးသည်မှာ ဂူနန်းပတ်ဝန်းကျင်ရှိ မူလချီများ၏ သန့်စင်မှုကို ခံစားမိနေခြင်း ဖြစ်သည်။ ထိုနေရာတွင် အချိန်ကြာမြင့်စွာ နေထိုင်ပါက မည်သူမဆို အံ့အားသင့်ဖွယ်အကျိုးကျေးဇူးများကို ရရှိမည် ဖြစ်သည်။

“ဟီးဟီး၊ ညီတော် ဇူယွမ် ဆရာစိန်းက မင်းကို အများကြီး မျှော်လင့်ထားတယ်။ သည်ရွှေရောင် ဂူနန်းအတွက် ယှဉ်ပြိုင်တိုက်ခိုက်နေသည့် ရွှေရောင်ခါးစည်းတပည့်တွေ အများကြီး ရှိတာ မင်းသိသင့်တယ်။ မင်းက ငါတို့နဲ့ ပူးပေါင်းလိုက်တာနဲ့ ရွှေရောင်မူလဂူနန်းတစ်ခုကို ရရှိခဲ့တယ်။ အဲ့တာက တခြားလူတွေ အတွက် ဘယ်လောက်တောင် မနာလို စရာကောင်းတယ်လို့ မင်းထင်လဲ။” ဇူထိုက်က သက်ပြင်းချလိုက်သည်။

သို့သော်လည်း သူက တကယ်ကို့ သဘောထားကြီးသော လူတစ်ယောက်ဖြစ်ပြီး ထိုအရာကို မမျှတဟု မခံစားရပေ။ တကယ့်တော့ သူကိုယ်တိုင်လဲ အကြီးအကဲ စိန်းထိုက်ယွမ်၏ တပည့်ကြီးဖြစ်သောကြောင့် လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်းက ခရမ်းရောင်မူလဂူနန်းကို ရရှိခဲ့ပြီး ဖြစ်သည်။

ဇူယွမ်က ခေါင်းညိမ့်လိုက်ပြီး နာကျင်စွာ ပြုံးလျက်ပြောလိုက်သည် “ဆရာ စိန်းထိုက်ယွမ်က ကျွန်တော့်ကို အများကြီး မျှော်လင်ထားခြင်းက အနည်းငယ် နေရထိုင်ရ ခက်ခဲစေတယ်။ ”

ဇူယွမ်အနေဖြင့် အကြီးအကဲ စိန်းထိုက်ယွမ်က သူအား အလွန်မြင့်မားစွာ မျှော်မှန်းထားမည်ဟု မမျှော်လင့် ခဲ့မိသောကြောင့် အဆုံးတွင် တော်တော်လေး အဆင်မပြေဖြစ်ခဲ့ပေသည်။

ဇူထိုက်က ခေါင်းခါယမ်းလိုက်ပြီးနောက် ရှင်းပြလိုက်သည် “ညီတော်ဇူယွမ်က ငါတို့ မူလသူတော်စင်တောင်ထွတ်ရဲ့ အခြေအနေကို အပြည့်အ၀ နားမလည်သေးလို့ပါ။ မည်သည့် လွှမ်းမိုးနိုင်စွမ်းရှိတဲ့ တပည့်မဆို အခြားတောင်ထွတ်ကို ဝင်ရောက်သွားကြတဲ့အတွက် တစ်ယောက်တလေတောင်… ငါတို့တောင်ထွတ်ကို မရောက်ရှိခဲ့တာ အတော်ကြာရှည်ခဲ့ပြီ။”

“ဒီလိုနဲ့ ငါတို့ရဲ့ မူလသူတော်စင်တောင်ထွတ်က အခြားသော တောင်ထွတ်တွေနဲ့ မယှဉ်ပြိုင်နိုင်တော့ပဲ ဆိုးရွားစွာနဲ့ပဲ လက်ရှိ ကြီးမြတ်သော အရွေးချယ်ခံ တပည့်ဆယ်ယောင်မှာ တစ်နေရာတောင် မပါဝင်နိုင်တော့ဘူး။”

“အကြီးအကဲ လုစုန့်ကလည်း အတိတ်ကာလတုန်းက သည်လို လူမျိုးတစ်ယောက် မဟုတ်ခဲ့ဘူး။ ထပ်ခါထပ်ခါ ကျရှုံးပြီးနောက်မှ သူ့ရဲ့ မျှော်လင့်ချက်တွေ ပျက်သုံးခဲ့ရပြီး မူလသူတော်စင်တောင်ထွတ်ကို ပြန်လည် နိုးကြား အသက်ဝင်အောင် မလုပ်တော့ပဲ သည်လိုမျိုးနေ့တိုင်း ဘဝကို ကျေနပ်နပ်ကြီး ဖြစ်သလိုဖြတ်သန်းတဲ့ သူတစ်ယောက် ဖြစ်လာခဲ့တယ်။”

“ဆရာစိန်းကတော့ တခြားတစ်ဖက်မှာ ရှိနေခဲ့ပြီး တော်တော်လေး ခေါင်းမာပြီး အလျော့မပေးတတ်တဲ့ လူစားမျိုးပဲ။ သူက အံကြိတ်ပြီး တစ်လျှောက်လုံး အလျော့မပေးပဲ ကြိုးစားခဲ့ပေမယ့် လုဟုန်းတို့ အုပ်စု ရောက်ရှိလာခြင်းက သူ့ကို အလွန်အမင်း ဖိအား ဖြစ်စေခဲ့တယ်။”

“တကယ်ပဲ လုဟုန်းတို့ အုပ်စုက တပည့်ခေါင်းဆောင်နေရာကို အရယူပြီး တောင်ထွတ်ဆရာသခင် တံဆိပ်တော်ကို အရယူသွားနိုင်ခဲ့ရင် ငါတို့ အုပ်စုနှစ်ခုက တပည့်တွေက ကန်ရွှမ်းကလန်မှာ ခေါင်းဖော်နိုင်မှာ မဟုတ်တော့ဘူး။”

ဇူထိုက်က ခါးသီးစွာ ရယ်မောလိုက်သည် “ဆရာစိန်းက မင်းကို မြင့်မားစွာ မျှော်လင့်ထားခဲ့တာက သူ့မှာ နောက်ထပ်ရွေးချယ်စရာ မရှိတော့လို့ပဲ။ သူမှာ ကျန်နေတဲ့ အရာကို မင်းဆီမှာ ပုံအောထားလိုက်တဲ့ပုံပဲ။ မင်းကလည်း တောင်ထွတ်ရွေးချယ်မှု အခမ်းအနားက ချန်ပီယံတစ်ယောက် ဖြစ်တဲ့အတွက် ဘယ်သူသိနိုင်မှာလဲ မင်းက ဒုတိယ ချူးချင်းတောင် ဖြစ်လာချင် ဖြစ်လာမှာပေါ့။”

ချူးချင်း၏ အမည်ကို ပြောဆိုလိုက်ချိန်တွင် ဇူထိုက်၏ မျက်ဝန်းတွင် လေးစားအာကျမှုများ ဖြတ်သန်းသွားလေသည်။

သို့သော်လည်း ဒုတိယမြောက် ချူးချင်း ထွက်ပေါ်လာမည့် အခွင့်အရေးမှာ လွန်စွာ နည်းပါးသည်ကို သူသိပေသည်။ တကယ်တော့ ထိုသူက ကန်ရွှမ်းကလန် တစ်ခွင်လုံးကို အံ့အားသင့်စေခဲ့သူ ဖြစ်ပြီး ယခုအချိန်တွင် ကြီးမြတ်သော အရွေးချယ်ခံ ဆယ်ယောက်၏ ထိပ်ဆုံးတွင် အခိုင်အမာ တည်ရှိနေပေသည်။

ဇူယွမ်မှာ တောင်ထွတ်ရွေးချယ်မှု အခမ်းအနား၏ ချန်ပီယံ တစ်ယောက်ဖြစ်သော်လည်းပဲ ချူးချင်းကဲ့သို့ လူမျိုးက နှစ်ပေါင်းများစွာ ကြာမှ တစ်ယောက် ပေါ်ထွက်ဖူးခြင်းသာ ဖြစ်သည်။

ဇူယွမ်က တိတ်ဆိတ်စွာပင် ခေါင်းညိမ့်လိုက်သည်။

သူ၏ နောက်တွင် ရှိနေသော ယောင်ယောင်က တောက်ပစွာဖြင့် ရွှေရောင်မူလဂူနန်းအား ကျေနပ်နေသည့်ဟန်ဖြင့် ကြည့်ရူနေခဲ့သည်။ သူမက ဇူယွမ်ကို လျစ်လျူရူလိုက်ပြီး ထန်ထန်ကို သယ်ဆောင်က သူမ ပိုင်ဆိုင်သည့် နေရာအလား ထိုထဲသို့ ဖြေးညင်းစွာ ဝင်ရောက်သွားခဲ့သည်။

ထိုမြင်ကွင်းကြောင့် ဇူထိုက်၏ မျက်ဝန်း၏ ထောင့်စွန်းများမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။ သူ့အနေဖြင့် ယောင်ယောင်၏ အဆင့်အတန်းမှာ အထူးသီးသန့်ဖြစ်မှန်း သိပေမယ့် သူမနှင့် ဇူယွမ်တို့ တစ်ဂူတည်း နေရလောက်အောင် နီးစပ်ကြမှန်း မသိခဲ့ပေ။

ထိုကြောင့် ဇူယွမ်အား တစ်ခုခု နားလည်သည့်ဟန်ဖြင့် ရယ်မောလိုက်သည် “ညီတော်ဇူယွမ်ရဲ့ ကံကောင်းမှုက အမျိုးသမီးတွေနဲ့ ပတ်သက်ရင် တကယ်ကို တစ်ခုခုတော့ တစ်ခုခုပဲ။”

ဇူယွမ်က နားလည်မှု တစ်စုံတစ်ရာလွဲမှားနေကြောင်း သိပေမယ့် သည်အခြေအနေကို သူ့အနေဖြင့် အမှန်ပင် ရှင်းပြနိုင်စွမ်း မရှိပေ။ တကယ်တော့ ယောင်ယောင်နှင့် သူကြားတွင် အထူးဆက်ဆံရေးမျိုး ရှိပေသည်။

ယောင်ယောင်၏ စရိုက်မှာ အလွန်ပင် အဖက်မလုပ်သည့်ဟန်ရှိပြီး သီးသန့်ဆန်ကာ မည်သည့်အရာကိုမှ ဂရုမစိုက်သည့်ပုံစံ ရှိပေသည်။ သူမက သတ္တဝါငယ်လေးများ၏ ကြားတွင် လမ်းလျှောက်နေသော မြင့်မြတ်သည့် သတ္တဝါကြီးတစ်ကောင်နှင့် တူပေသည်။

အတိတ်တွင် သူမ၏ ဆွေမျိုးသားချင်း အရင်းအခြာတစ်ယောက်အနေဖြင့် ဆရာကြီးကန်ယွမ်တစ်ယောက်သာ ရှိခဲ့လေသည်။ သို့သော်လည်း နှစ်အနည်းအငယ်ခန့် အတူတကွနေပြီး နောက်တွင် ဇူယွမ်မှာ သူမ၏ ဆွေးမျိုးသားချင်းတစ်ယောက် ဖြစ်လာသော်လည်း ဇူယွမ်အနေဖြင့် သူနှင့် ထန်ထန်၏ အဆင့်အတန်းမှာ အတူတူပင် ဖြစ်သည်ဟု ခံစားမိနေဆဲဖြစ်သည်…

တကယ်တော့ ဇူယွမ်အနေဖြင့် ယောင်ယောင်နှင် ဆက်ဆံရေးကို တိုးတက်ချင်ပါက သူမ၏ မူလမှော်စာလုံးများ ဖြင့်ဖောက်ခွဲမှုကြောင့် ဇူယွမ်သေဆုံးရပေလိမ့်မည်…

ထိုကြောင့် သူ့အနေဖြင့် ဇူထိုက်၏ ကျီစယ်မှုကို အကူအညီမဲ့စွာဖြင့် ပြုံးပြရုံသာ ပြုံးပြနိုင်လိုက်သည်။

ဇူထိုက်မှာ အာလပသလာပပြောခြင်းဖြင့် အချိန်မဖြန်းတော့ပဲ ဇူယွမ်အား အချို့သော အကြံအဉာဏ်အချို့ပေးပြီးနောက် ပြောလိုက်သည် “မင်းအနေနဲ့ မူလသူတော်စင်တောင်ထွတ်ကို သုံးရက်အတွင်း ပတ်လေ့လာလို့ရတယ်။ ဒါပေမယ့် သည်သုံးရက်ပြီးတာနဲ့ မူလစဦးကျောက်ထရံပေါ်က မနက်ခင်း သင်ခန်းစာကို မင်းမလွှဲချော်သင့်ဘူး။ အဲ့တာက အတွင်းတောင်ကို ဝင်ပြီးတဲ့နောက် ငါတို့ရရှိခဲ့တဲ့ အကြီးမားဆုံး အကျိုးကျေးဇူးပဲ။”

“မူလစဦးကျောက်ထရံ။”

ဇူယွမ်မှာ အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။

သို့သော်လည်း ဇူထိုက်မှာ ရှင်းပြခြင်းမရှိပေ။ သူက ထူးဆန်းသော အပြုံးတစ်ခုသာ ပြုံးလိုက်ပြီး ပြောလိုက်သည် “အဲ့အချိန်ကျရင် မင်းသိပါလိမ့်မည်။”

သူက တစ်ဖက်သို့လှည့်ကာ ထွက်ခွာခါနီးမှ ရုတ်တရက် တုံ့ဆိုင်းနေခဲ့ပြီးနောက် “ညီတော်ဇူယွမ် သည်အချိန်မှာ မင်းအနေနဲ့ ပိုပြီးဂရုစိုက်သင့်တယ်။ မင်းရဲ့ နိုမ့်ချတတ်တဲ့ စိတ်ထားကို အကောင်းဆုံး ထိန်းသိမ်းထားနိုင်အောင် ကြိုးစားပါ…”

ဇူယွမ်မှာ အနည်းငယ် ထိတ်လန့်သွားသည် “မင်းဘာကို ဆိုလိုတာလဲ။”

ဇူထိုက်က အကူအညီမဲ့နေဟန်ဖြင့် ပြုံးကာ ပြောလိုက်သည် “ဆရာစိန်းက မင်းကို တန်ဖိုးထားလွန်းနေခဲ့တယ်။ ဒါက အခြားသော တပည့်တွေကို မမျှတဘူးလို့ ခံစားမိစေမယ်လို့ ငါထင်တယ်။ အမှန်တိုင်းပြောရရင် ငါကိုယ်တိုင်တောင် မင်းကို မနာလို ဖြစ်မိတယ်။”

ဇူယွမ်အနေဖြင့် တောင်ထွတ်ရွေးချယ်မှု အခမ်းအနားတွင် ချန်ပီယံဖြစ်ခဲ့သော်လည်း သူက အပြင်ဘက်တောင်မှ ရောက်လာသည့် တပည့်အသစ်တစ်ယောက်ပင် ဖြစ်နေသေးကာ အတွေ့အကြုံလဲ မရှိသေးပေ။ သို့သော်လည်း အကြီးအကဲ စိန်းထိုက်ယွမ် သူအား ရွှေရောင် မူလဂူနန်းတစ်ခုကို လက်ဆောင် ပေးခဲ့ရုံမျှမက ခရမ်းရောင်မူလဂူနန်းတစ်ခု ပေးအပ်ဖို့ပင် ကြံစည်နေသေးသည်။ ထိုအပြုအမှုကို အခြားသော တပည့်များ မြင်တွေနေရခြင်းက သူတို့အားလုံးကို မမျှသ သလို ခံစားရစေပေသည်။

ထိုစကားကို ကြားချိန်တွင် ဇူယွမ်က ခေါင်းညိမ့်လိုက်သည်။

ဇူထိုက်တွင် ပြောစရာစကား မကျန်တော့သည့်အတွက် မူလချီတိမ်တိုက်ပေါ်တွင် ရပ်ရင်း ကောင်းကင်ယံသို့ တဖြည်းဖြည်းတက်သွားကာ မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။

ဇူယွမ်ကတော့ မူလနေရာတွင်သာ ရပ်လျက်ရှိပြီး ဇူထိုက်ထွက်ခွာသွားသည်ကို မျက်မှောင်ကြုတ်ကာ ကြည့်နေခဲ့သည်။

ဆရာစိန်း၏ လုပ်ရပ်က များစွာသော တပည့်များ၏ မနာလိုမှုကို လွယ်ကူစွာ ဆွဲယူသွားမည်ကို သူခံစားမိပြီး ဖြစ်သည်။ နောက်ဆုံး အနေဖြင့် သူ့အတွက် ထိုတပည့်များမှာ ဂရုတစိုက်နှင့် ပြုမှုဆက်ဆံရန် မလိုအပ်ပေ။

သူ၏ မျက်ဝန်းများမှာ ကျဉ်းမြောင်းသွားသည်။ သူအတွက် ကန်ရွှမ်းကလန်သို့ လာရောက်ခြင်းမှာ သူ၏ ခွန်အားများမှာ ဝူဘုရင်နှင့် မျက်နှာချင်းဆိုင်နေနိုင်သည်အထိ သန်မာလိုခြင်း ဖြစ်သည်။ ခရမ်းရောင် မူလဂူနန်းသည်လည်း သူ့အတွက် အကျိုးရှိသည့်အတွက်ကြောင့် ပုံမှန်အားဖြင့် သူတွင်လည်း လိုချင်တပ်မက်စိတ်ရှိပေသည်။

ထိုကြောင့် သူတွင် အခြားတပည့်များ၏ မမျှမတဖြစ်သည်ဟုသော ခံစားချက်ပေါ်တွင် မည်သည့်ခံစားချက်မှ မရှိတော့ပေ။

မူလအစတွင် သူ့အနေဖြင့် အခြေအနေကို အပြည့်အ၀ နားလည်နိုင်ခြင်း မရှိသောကြောင့် ဆရာစိန်း၏ ကြင်နာမှုကို လက်ခံရန် ဆန္ဒမရှိပဲ ငြင်းပယ်ရန် ကြိုးစားနေခဲ့ပေသည်။

သူ၏ မျက်လုံးအစုံးတွင် အတွေးများ ချာချာလည်နေခဲ့ပြီးနောက် တခဏမျှတိတ်ဆိတ်သွားပြီး တစ်ဖက်သို့လှည့်ကာ ဂူနန်းအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

သူအနေဖြင့် ဇူထိုက်၏ နိုမ့်ချစွာ နေထိုင်ပါဟုသော မှတ်ချက်စကားကို မည်သည့်ဆန္ဒမျှ မရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သည်အခြေအနေတွင် နိုမ့်ချစွာနေထိုင်ခြင်းက တစ်ခုတည်းသော အသုံးဝင်မည့် အရာမဟုတ်မှန်း နားလည်ထားသောကြောင့် ဖြစ်သည်။

မည်သူမဆို ထိုအရာအား လက်ခံနိုင်ခြင်းမရှိပါက သူတို့လက်ခံလာနိုင်အောင် လိုက်နာပေးရန် လိုအပ်ပေသည်။

…

တစ်ခုသော ဂူနန်းအတွင်းတွင်…

ဒါဇင်နှင့်ချီသော ပုံရိပ်များက ထိုနေရာတွင် ထိုင်နေခဲ့ပြီး မပျော်မရွင်ဖြစ်နေသော အသံများက တစ်ခုပြီးတစ်ခု ထွက်ပေါ်နေခဲ့သည်။

“ဆရာစိန်းရဲ့ နည်းလမ်းက တကယ်ကို မမျှတတာပဲ။ တောင်ထွတ်ရွေးချယ်မှု အခမ်းအနားမှာ အနိုင်ရရှိတာနဲ့ သွေးကြီးနေတဲ့ ဇူယွမ်ကို ရွှေရောင်မူလဂူနန်းတစ်ခုပေးဖို့ စဉ်းစားထားတယ်တဲ့လား။”

“ဟုတ်တယ်။ အဲ့သည့် ရွှေရောင်ဂူနန်းကို အကိုတော် ချောင်းစူည်က မျက်စိကျနေခဲ့ပေမယ့် အဲ့တာကို ငါတို့ရဲ့ နှာဖျားရှေ့လေးတွင်ပဲ ယူဆောင်သွားခြင်း ခံခဲ့ရတယ်.။ ”

“ပိုပြီး အရေးကြီးတာက ဆရာစိန်းက နောက်လမှာ ကျင်းပမယ့် ဂူနန်းယှဉ်ပြိုင်မှုမှာ ငါတို့ကို ယှဉ်ပြိုင်ခိုင်းတော့မယ်။ ဒါပေမယ့် ငါတို့ အောင်မြင်သွားပြီးရင်လည်း ခရမ်းရောင်ဂူနန်းက နောက်ဆုံးမှာ ဇူယွမ်၏ လက်ထဲကို ရောက်ရှိသွားမှာပဲ။”

“သူဘာလို့ သည်လို အရေးပေးခံနေရတာလဲ။ သူက တောင်ထွတ်ရွေးချယ်မှုအခမ်းအနား ချန်ပီယံ ဖြစ်နေလို့လား။ သည်လိုမျိုး အရင်တစ်ခါမှ ငါတို့ မဖြစ်ဖူးခဲ့ဘူး။”

“……”

များစွာသော တပည့်များသည် သူတို့၏ မကျေနပ်ချက်များကို ဝေမျှရင်း သူတို့နှလုံးသားထဲမှ မပျော်မရွင် ဖြစ်နေမှုအား ဖော်ထုတ်ပြောဆိုနေခဲ့ကြပေသည်။

ထိုလူအုပ်ကြားထဲတွင် ဆံပင်ရှည်နှင့် လူငယ်တစ်ယောက်က တည်ငြိမ်သော အမှုအယာဖြင့် တည်ရှိနေခဲ့သည်။ ထိုသူမှာ ချောင်းစူည်ပင် ဖြစ်သည်။

သူ့အနေဖြင့် ရွှေရောင်မူလဂူနန်းကို ကြာရှည်သော အချိန်ကတည်းက မျက်စိကျနေခဲ့ပြီး ထိုအရာကို ပိုင်ဆိုင်နိုင်ရန် မူလကျောက်စိမ်းများ စုဆောင်းနေခဲ့သည်။ အဆုံးတွင် ထိုနေရာကို ဆရာစိန်းက တပည့်အသစ်ယောက်အား ပေးအပ်လိုက်လေသည်။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…

ချောင်းစူည်က အေးစက်စက်ရယ်မောကာ ပြောလိုက်သည် “တပည့်အသစ်တစ်ယောက်က လွယ်လွယ်ကူကူနဲ့ ငါ့အပေါ်လာကြောလို့ရတယ်များ ထင်နေလား။”

“အကိုတော် ချောင်းစူည်မှာ ဘယ်လိုလုပ်ဖို့ အစီအစဉ်ရှိလဲ။”

ချောင်းစူည်၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားပြီး မသဲကွဲသော အပြုံးတစ်ခုက သူ၏ နှုတ်ခမ်းတွင် ပေါ်လာခဲ့သည် “ဂူနန်းယှဉ်ပြိုင်မှုမှာ ပါဝင်နိုင်တဲ့တပည့်က လက်ရှိမှာ များများစားစား မရှိဘူး။ မျှော်လင့်မထားတာတွေသာ မဖြစ်ပျက်ခဲ့ရင် ငါက ရွေးချယ်စရာတွေထဲက တစ်ယောက်ပဲ။ ”

“အကြီးကဲ စိန်းက ထိုကောင်လေးကို အရမ်းအရေးပေးလွန်းတယ်လို့ ခံစားနေရတဲ့ အခြားတပည့်ကြီးတွေကိုလည်း လိုက်စည်းရုံးဦးမှာပါ။ ဂူနန်းယှဉ်ပြိုင်ပွဲ ရောက်လာခဲ့တာနဲ့ ငါတို့ကို ပြိုင်ပွဲမှာ ပါဝင်ခိုင်းမယ်ဆိုရင် ဆရာအနေနဲ့ အဲ့သွေးကြီးနေတဲ့ ကောင်းလေးကို ခရမ်းရောင်မူလဂူနန်း မပေးပါဘူးဆိုတဲ့ ကတိ ပြန်ပေးရလိမ့်မယ်။”

ထိုစကားလုံးများက အုပ်စုအတွင်းမှ ထောက်ခံသံများကို ထွက်ပေါ်လာစေခဲ့သည်။

“အကိုတော်ချောင်းမှန်တယ်။ ဇူယွမ်မှာ အရည်အချင်းအချို့ရှိပေမယ့် သူက အခုမှ ပည့်အသစ်ပဲရှိသေးတယ်။ ပထမဆုံး ငါတို့က သူ့အဆင့်အတန်းကို သူနားလည်သွားအောင် လုပ်ရမယ်။ ငါတို့ရဲ့ ရှေ့မှာသာဆိုရင် သူက ဘာအတွေ့အကြုံမှ မရှိတော့တဲ့ တပည့်အသစ်တစ်ယောက်ပါ။”

“ဟုတ်တယ်။”

“……”

လူစု၏ အမျက်ဒေါသကို မြင်ရချိန်တွင် ချောင်းစူည်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူက ခွက်ကို မြှောက်လိုက်ပြီး တစ်ချက်တည်းဖြင့် ကုန်စင်အောင် သောက်လိုက်သည်။ ထိုနောက် သူက အကွာအဝေးတစ်ခုဆီသို့ မျှော်ကြည့်နေခဲ့ပြီး အေးစက်စက် အလင်းတန်းတစ်ခုက သူ့မျက်လုံးတွင် လင်းလက်သွားခဲ့သည်။

“ကလေးအသစ်လေး။ ဆရာစိန်းက မင်းကို မြင့်မားစွာ မျှော်လင့်ထားပေမယ့်လည်း ဒီနေရာမှာ စည်းမျဉ်း စည်းကမ်းတွေ ရှိကြောင်းကို ငါမင်းကို သိရအောင် ပြရသေးတာပေါ့။”

All Chapters