သူဌေးကြီး ဖုန်းရှင်းထိုက်
Vol. 19 Ch. 271
“ဒါရိုက်တာဖန်း ကျွန်တော်မှားထားတဲ့ မီးရှူးမီးပန်းနဲ့ ဗျောက်အိုးတွေ အဆင့်သင့် ဖြစ်ပြီလား။ ကျွန်တော် ဒီနေ လာယူမယ်လို့ ပြောခဲ့တယ်နော်။ အခုမှ အဆင်သင့် မဖြစ်သေးဘူးလို့ လာမပြောနဲ့”
ဖုန်းရှင်းထိုက်က မေးလိုက်သည်။ သူက ကုတ်အင်္ကျီနှင့် တောက်ပသည့် သားရေဖိနပ်ကို ဝတ်ဆင်ထားပြီး သူ့လက်မောင်းကြားထဲ ပိုက်ဆံအိတ်ကို ညှင်ထားသည်။
“မစ္စတာဖုန်း အေးအေးဆေးဆေးသာနေပါဗျာ။ ဒီနေ့အကုန် အဆင်သင့် ဖြစ်မှာပါ။ ဒီနှစ်ပတ်အတွင်းမှာ အမှာစာကို နှစ်ဆ တိုးမှာခဲ့တာနော်။ ခင်ဗျားတို့ မိသားစုမှာ ပျော်စရာ ကိစ္စများ ရှိလို့လား”
ဘင်းမြို့တော် မီးရှူးမီးပန်းစက်ရုံ ဒါရိုက်တာက မေးလိုက်သည်။
ဖုန်းရှင်းထိုက်သည် အမှာစာ အများကြီးမှာထားသည်။ သူသည် ပျော်ရွှင်နေ၏။ သို့သော် ဖုန်းရှင်းထိုက် မှာယူထားသည့် ပစ္စည်းများသည် အထူးစိတ်ကြိုက်မှာယူထားခြင်း ဖြစ်ပေ၏။ ဉပမာအနေဖြင့် အခြားသူများသည် ပုံမှန်အားဖြင့် ၁၀၀သို့မဟုတ် ၂၀၀ပါသော ဗျောက်အိုးကြိုးကို မှာယူကြသည်။ လူတချို့မှာ ၅၀၀ပါသော ဗျောက်အိုးကြိုးကို မှာယူကြခြင်း ဖြစ်သည်။ သို့သော် ဖုန်းရှင်းထိုက်က ဗျောက်အိုး ၅၀၀၀ပါသော ဗျောက်အိုးကြိုးကို မှာထားသည်။
အခြားသူများသည် နှစ်ချောင်းတွဲ ဗျောက်အိုးများကို ဝယ်ယူကြသော်လည်း ဖုန်းရှင်းထိုက်က လေးချောင်းတွဲ ဗျောက်အိုးများကို ဝယ်ယူချင်သည်။
အခြားသူများက တစ်ခါတည်းပစ်သည့် မီးပန်းကို ဝယ်ယူချင်သည်။ သို့သော် ဖုန်းရှင်းထိုက်က တလဆက်ထွက်သော မီးပန်းကို ဝယ်ယူချင်သည်။ ထို့အပြင် လေထဲ ပေါက်ကွဲသည့်အခါ ပုံစံ အမျိုးမျိုး ထွက်ရပေမည်။ ထိုကဲ့သို့သော မီးပန်းအမျိုးအစားများကို ထုတ်လုပ်နိုင်သည့် သို့သော် ထိုအမျိုးအစားများအား အထူးသဖြင့် အဓိက ပွဲအခမ်းအနားများ ဖြစ်သည့် နှစ်သစ်ကူးပွဲများတွင်သာ အသုံးပြုကြသည်။ မြို့တော် အစိုးရကတောင် ၁၀မိနစ်စာအတွက် ယွမ် တစ်သောင်းတန်ဖိုးရှိ မီးပန်းများကိုသာ မှာယူ၏။
ဖုန်းရှင်းထိုက်သည် ယွမ် နှစ်သောင်းတန်ဖိုးရှိ မီးပန်းများကို ဝယ်ယူခဲ့ပြီး အစက ယွမ်တစ်သောင်းဖိုးသာ ဝယ်ယူခဲ့သည်။ သို့သော် နှစ်ရက်ကြာပြီးနောက် စက်ရုံကို ဖုန်းခေါ်ပြီး နောက်ထပ်အမှာစာများ တင်ခဲ့သည်။
ထိုအခါ မီးပန်းစက်ရုံ ဒါရိုက်တာသည် သူ့အလုပ်သမားများကို ထိုအမှာစာများ ပြီးစီးရန်အတွက် အချိန်ပိုခေါ်ရသည်။ ဖုန်းရှင်းထိုက်သည် တစ်ဖန်ခေါ်ပြန်ပြီး သူ့အနေဖြင့် ဗျောက်အိုး ၁၀၀၀၀ပါ ဗျောက်အိုးကြိုးကို လိုချင်ကြောင်း ပြောသည်။ ဗျောက်အိုးများအနေဖြင့် အတော်ကြီးရမည် ဖြစ်ကာ အကျယ်ဆုံး ဖြစ်ရပေမည်။ သူသည် မီးပန်းများကိုလည်း တိုးမှာလိုက်သည်။
ဖုန်းဖြင့် လှမ်းမှာခြင်း ဖြစ်သည့်အတွက် စရံငွေမပေးရသော်ငြား စက်ရုံဒါရိုက်တာသည် သူ့အလုပ်သမားများကို အမှာစာများ ပြီးစီးရန်အတွက် စီစဉ်ရသည်။ ဖုန်းရှင်းထိုက်သည် ထျန်ဖုန်းဝက်ခြံ၏ သူဌေးဖြစ်ကြောင်းသိပေသည်။ ယခုလက်ရှိ တစ်မြို့လုံးရှိလူများက သူ့ဝက်သားကို စားကြပေ၏။ သူ့ဝက်ခြံသည် အဆင့်မြင့်သည့် ဝက်ခြံ ဖြစ်သည့်အတွက် တီဗွီမှာလည်း ပြသပေသည်။ သူ့အနေဖြင့် ပြည်နယ်ခေါင်းဆောင်များတောင် သူ့ဝက်ခြံကို သွားရောက်ကြည့်ရှုသည်ဟုတောင် ပြောကြပေ၏။ ကောလဟာလများအရ သူ့တစ်နှစ်လျှင် အမြတ်ငွေ ယွမ်သိန်းချီရှိသည်ဟု ပြောကြပေသည်။ သူ့အနေဖြင့် မီးပန်းစက်ရုံကို ပိုက်ဆံမရှင်းမည်ကို စိတ်ပူစရာ မလိုပေ။
နှစ်သစ်ကူးနေ့တွင် ဖုန်းယွီက သူ့အဖေကို ခေါ်ပြီး အရင်နှစ်က အကျိုးအမြတ် တော်တော်များများ ရခဲ့ကြောင်း ပြောခဲ့သည်။ ဖုန်းယွီသည် သူ့အဖေကို ဖုန်းခေါ်ဆိုပြီး ဂုဏ်ပြုရန်အတွက် မီးရှူးမီးပန်းအချို့နှင့် ဗျောက်အိုးများကို မှာယူရန် ပြောခဲ့သည်။
ဖုန်းရှင်းထိုက်သည် ဖုန်းယွီ မီးရှုးမီးပန်းနှင့် ဗျောက်အိုး ယွမ် ၅၀၀၀၀ဖိုးမှာသည်အတွက် ဖြုန်းတီးသည်ဟု ခံစားနေရသည်။ ယွမ် ၅၀၀၀၀ရရန် ပဲပိစပ်ဆီ ပုလင်း ဘယ်လောက် ရောက်ရန် လိုအပ်သနည်း။
သို့သော် ဖုန်းရှင်းထိုက်သည် စက်ရုံကို အမှာစာ ပို့ခဲ့သည်။ ယင်းက ယွမ် ၃၀၀၀၀ဖိုးမျှသာ ဖြစ်သည်။
မကြာမီတွင် ဖုန်းယွီသည် သူ့ကို တဖန် ဖုန်းထပ်ခေါ်ကာ သူတို့အနေဖြင့် တိရစ္ဆာန်အစာ ရောင်းချသည့် ငွေများ ကို တွက်ပြီ ဖြစ်ကြောင်း ပြောသည်။ ရောင်းရငွေကား ယွမ် တစ်သန်းထက် ပုလေသည်။ အစားအစာ ထုတ်လုပ်သည့် စက်ရုံသည် အမြတ်များ ရနေဆဲ ဖြစ်သည်။ ယခုလက်ရှိ သူ့တွင် နောထက်ထပ် ယွမ် တစ်သန်းရှိလာသည်။ ယင်းက ကောင်းကင်မှ ပိုက်ဆံများ ကျလာသည့် အတိုင်းပင် ဖြစ်၏။
ထို့ကြောင့် ဖုန်းရှင်းထိုက်သည် စိတ်ကြည်လင်နေသည်။ ပြီနောက် သူ့အနေဖြင့် ယွမ် နှစ်သောင်းတန်ဖိုးရှိ မီးရှူးမီးပန်းများနှင့် ဗျောက်အိုးများကို မှာယူလိုက်သည်။ ဖုန်းရှင်းထိုက်က သူ့ကိုယ်သူ ယင်းက ပိုက်ဆံ ဖြုန်းတီးခြင်းမဟုတ်ဟု ပြောနေ၏။ သူ့သားအနေဖြင့် ယင်းကို လိုချင်သည့်အတွက် သူ့အနေဖြင့် လုပ်ပေးရခြင်းသာ ဖြစ်သည်။
မကြာမီတွင် ဖုန်းယွီက အိမ်ကို ထပ်ခေါ်ကာ သူ့အနေဖြင့် ဘေကျင်းတက္ကသိုလ်ကို ဝင်ခွင့်ရကြောင်း ပြောပြန်၏။
ဖုန်းရှင်းထိုက်က အံ့အားသင့်သွားသည်။ နွေရာသီမှာ စစ်မဲ့ ဝင်ခွင့်စာမေးပွဲကို ဖြေစရာ မလိုဘူးလား။ ဘယ်လိုလုပ် အခု ဖုန်းယွီက ဝင်ခွင့်ရသွားတာလား။ သူက ဖုန်းယွီကို မေးခွန်းများ ဆက်မေးလိုက်သည်။ ပြီးနောက် ဖုန်းယွီသည် စာမေးပွဲမှ ကင်းလွှတ်ခွင့်ကြကြောင်း သိရှိသွား၏။
သူ့သားသည် တရုတ်နိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်တစ်ခုကို ဝင်ခွင့်ရခဲ့သည်။ သူအပျော်လွန်နေ၏။
ဂုဏ်ပြုပွဲ။ ဒါက သေချာပေါက် ဂုဏ်ပြုပွဲ ကြီးကြီးမားမား ဖြစ်ရမယ်။ ထိုသတင်းက သူကို အရင်နှစ်က ပိုက်ဆံများစွာ သူရခဲ့ကြောင်း ပြောသည်ထက်ပို ပျော်စရာ ဖြစ်သည်။ ဖုန်းမိသားစုအတွက် ထူးခြားဆန်းပြားသည့် အဖြစ်ပျက် ဖြစ်သည်။ ဖုန်းယွီသည် ဖုန်းမိသားစုအတွက် ဂုဏ်ယူစရာများ ယူဆောင်လာခဲ့သည်။
ဖုန်းရှင်းထိုက်သည် ချက်ချင်းပင် လူများကို ရုပ်ရှင်ရုံသို့ ခေါ်ပြီး လူတိုင်းကို အခမဲ့ ပြသ၏။
ပြီးနောက် သူသည် မီးပန်းစက်ရုံကို ဗျောက်အိုများကို ထပ်မှာပြန်သည်။ ဗျောက်အိုး ၅၀၀၀သည် လုံလောက်ခြင်း မရှိပေ။ သူ့အနေဖြင့် ဗျောက်အိုး ၁၀၀၀၀ပါသော ဗျောက်အိုးကြိုးကို မှာယူချင်သည်။ မလုပ်နိုင်ဘူးလား။ ငါမင်းကို ယွမ် ၅၀၀ပိုပေးမယ် လောက်ပြီမလား။
မီးပန်းများကုန်ကျငွေသည် နှစ်ဆ ဖြစ်သွားသည်။ ပိုက်ဆံသည် ပြဿနာ တစ်ရပ်မဟုတ်ပေ။
ယနေ့တွင် ဖုန်းရှင်းထိုင်သည် ဘင်းမြို့တော် မီးပန်းစက်ရုံကို သူ့အမှာစာများ ယူရန်အတွက် လာခဲ့သည်။ ဗျောက်အိုးများနှင့် မီးပန်းများမှာ ထရပ်ကား တစ်စီးအပြည့် ဖြစ်သည်။ အစပိုင်းက ဖုန်းရှင်းထိုက်သည် မီးပန်းအတွက် ယွမ် ၅၀,၀၀၀သုံးစွဲခြင်းသည် ဖြုန်းတီးသည်ဟု ခံစားခဲ့ရပြီး ယခုတွင် သူသည် ယွမ် ၁၀၀,၀၀၀တန်ဖိုးရှိ မီးပန်းများနှင့် ဗျောက်အိုးများမှာ လောက်ငှမှု မရှိဟုတောင် တွေးနေ၏။
ယခုရက်များအတွင်း သူပြုံးသည်မှာ မရပ်တော့ပေ။ ကလေးရှိသည့် မိဘများနှင့် တွေ့သည့်အခါ သူ့အနေဖြင့် ကလေးများ၏ ပညာရေးအကြောင်း ပြောနိုင်တော့မည် ဖြစ်သည်။
ထိုသတင်းကို သိရှိပြီးနောက် ကျန်းမူဟွသည်လည်း အိမ်နီးချင်းများဆီကို နေ့တိုင်းသွားပြီး သူမ၏ သားအကြောင်းကို ပြောနေတော့၏။
“အို ရှင့်ရဲ့ ချည်ထိုးတဲ့ စွမ်းရည်က တကယ်ကောင်းတာပဲ။ ရာသီဉတုကလည်း အေးလာပြီ။ အခုတော့ ငါ့သားအတွက် ချည်ထိုးဖို့ စဉ်းစားရတော့မယ်။ ရှင်သိပြီးပြီလား။ ကျွန်မသားကလေ ဘေကျင်းတက္ကသိုလ်ကို ဝင်ခွင့်စာမေးပွဲ ဖြေစရာ မလိုဘဲ ဝင်ခွင့်ရခဲ့တာ”
“အ.. ရှင် ဒီနေ့ ငါးဝယ်လာတာလား။ ကျွန်မရဲ့ သားကလည်း ငါးကြိုက်တာ။ ငါးစားတာက ဦးနှောက်အတွက် ကောင်းတယ်လေ။ ရှင်သိပြီးပြီလား။ ကျွန်မသားကလေ ဘေကျင်းတက္ကသိုလ်ကို ဝင်ခွင့်စာမေးပွဲ ဖြေစရာ မလိုဘဲ ဝင်ခွင့်ရခဲ့တာ”
“ရှင့်ကလေးတွေကလည်း စာလုပ်ရတာကို နှစ်သက်တာလား။ ကျွန်မရဲ့ သားလည်းစာအရမ်းလုပ်တယ်။ သူက ဘင်းမြို့တော်ရဲ့အမှတ်သုံး ကျောင်းကို ဝင်ခွင့်ရခဲ့တယ်လေ။ ရှင်သိပြီးပြီလား။ ကျွန်မသားကလေ ဘေကျင်းတက္ကသိုလ်ကို ဝင်ခွင့်စာမေးပွဲ ဖြေစရာ မလိုဘဲ ဝင်ခွင့်ရခဲ့တာ”
……
လူတိုင်း၏ မှင်သက်ပြီး အံအားသင့်ဖွယ် အမူအရာများက ကျန်းမူဟွကို တစ်နေ့လုံးပျော်စေခဲ့၏။
ပထမက ကျန်းမူဟွသည် မီးရှူးမီးပန်းနှင့် ဗျောက်အိုးများ ဝယ်မည့်အစီအစဉ်ကို ကန့်ကွက်ခဲ့ပြီး ယခုတွင် သူ့အနေဖြင့် ဖုန်းရှင်းထိုက် မှာယူထားသည်မှာ နည်းလွန်းသည်ဟု ခံစားနေကြသည်။ သူ့အနေဖြင့် ပိုဝယ်သင့်သည်။ မီးပန်းများ တစ်နာရီကျော် ကြာသည်အထိ ဖောက်ရမည်။ ဒေသထဲရှိ လူတိုင်းမဟုတ်ဘူး။ မြို့ထဲရှိ လူတိုင်း ဒီမီးပန်းဖောက်တာကို ကြည့်ရမယ်”
“လူကြီးဖုန်း မြို့တော်ကနေ ပြန်လာတာလား။ ဘာတွေ ဝယ်လာတာလဲ။ နှစ်သစ်ကူးလက်ဆောင်တွေလား”
“မဟုတ်ဘူး ဒါတွေ အကုန်လုံးက မီးပန်းတွေနဲ့ ဗျောက်အိုးတွေ”
“ဒီမီးပန်းတွေကို ခင်ဗျားရောင်းဖို့ လိုသေးတာလား။ ခင်ဗျားရဲ့ စက်ရုံက အမြတ်အများကြီးရတယ်။ ပြီးတော့ ခင်ဗျားရဲ့ တစ်ဘဝလုံး သုံးကုန်မှာကို မဟုတ်ဘူး”
“ဘယ်သူက ရောင်းမယ်လို့ ပြောလို့လဲ။ ကျွန်တော်အတွက် ကျွန်တော် အသုံးပြုမှာ။ နှစ်သစ်ကူးပွဲတော်မှာ မီးရှူးမီးပန်းပွဲ ကြည့်ဖို့ ယဉ်ကျေးမှု နန်းတော်ရှေ့ကို လာခဲ့။ အို ဒီရက်တွေမှာ ရုပ်ရှင်လည်း အခမဲ့ ပြတယ်နော်။ သွားပြီး ကြည့်ဖို့ မမေ့နဲ့ဦး”
သူ့အတွက် ဒီမီးပန်းတွေ အကုန်ဝယ်ခဲ့တာလား။ ဖြတ်သွားသည့် လူတိုင်းသည် သူ့ကို မယုံကြည်ပေ။ ထရပ်ကားတစ်စီးလုံး အပြည့်တင်ထားသော မီးရှူးမီးပန်းများမှာ သူ့အတွက်လော။ မင်္ဂလာဆောင်မှာတောင် ဘယ်သူမှ ဒီလောက်များတဲ့ မီးရှူးမီးပန်းတွေနဲ့ ဗျောက်အိုးတွေကို ဖောက်မှာ မဟုတ်ဘူး။
ဖုန်းရှင်းထိုက်သည် ဝမ်သဲကွမ်းကို သွားရှာတော့သည်။ ထိုမျှများပြားသော မီးရှူးမီးပန်းများကို စက်ရုံတွင် သိမ်းထားခြင်းက မလုံခြုံပေ။
“လူကြီးဝမ်။ ကျွန်တော် မီးရှူးမီးပန်းတွေနဲ့ ဗျောက်အိုးအများကြီး နှစ်ကူးမှာ လွှတ်ဖို့အတွက် ဝယ်ထားတာ။ ခင်ဗျားအနေနဲ့ ကျွန်တော်ကို ယဉ်ကျေးမှူနန်းတော်ရဲ့ နောက်က သိုလှောင်ရုံကို ငှားပေးနိုင်မလား”
“ဟ မင်းက သိုလှောင်ရုံလိုသေးတာလား။ မီးပန်း ဘယ်လောက်များများ ဝယ်ထားတာလဲ။ အဲ့သိုလှောင်ရုံက ဒေသက ဝယ်ထားတဲ့ မီးပန်းတွေကို ထားဖို့အတွက် အသုံးပြုတာ။ ဒေသက ယွမ် ၅၀၀၀ဖိုးတန်ဖိုးရှိတဲ့ မီးပန်းတွေ ဝယ်ထားတာ။ ငါတို့တွေက နှစ်သစ်ကူးမှာ လွှတ်မှာ”
“ယွမ် ၅၀၀၀လား။ ဒါကို မီးပန်းတွေလို့ ခေါ်သေးတာလား။ ဘယ်သူက မီးပန်း ဒီလောက် နည်းနည်းလေး လွှတ်မှာကို ကြည့်မှာလဲ။ ကျွန်တော် ယွမ် ၁၀၀,၀၀၀တန်ဖိုးရှိတဲ့ မီးပန်းတွေ ဝယ်ထားတယ်။ ဒေသတစ်ခုလုံး ကြည့်လို့ရတယ်။ အဲ့သိုလှောင်ရုံမှာပဲ ကျွန်တော်ရဲ့ မီးပန်းတွေကို သိုလှောင်ဖို့ ပြဿနာ မဖြစ်ဘူးမလား”
“ဘယ်လောက်။ ယွမ် ၁၀၀,၀၀၀ကျော်ဖိုးလား။ လူကြီးဖုန်း ဘာကြောင့် မီးပန်း ဒီလောက် အများကြီး ဝယ်တာလဲ”
ဝမ်သဲကွဲက ထိုမီးပန်းဝယ်ထားသည့် ပိုက်ဆံများကို ကျန်အကျိုးရှိသည့် နေရာများတွင် သုံးသင့်သည်ဟု တွေးမိသည်။ ထိုငွေကြေးနှင့်ဆိုပါက ဖုန်းရှင်းထိုက်မအနေဖြင့် မြို့တော်တွင် တိုက်ခန်းကြီးကြီး ဝယ်နိုင်ပြီး ကျောင်းကို လှူဒါန်းပြီး ကျောင်းအနေဖြင့် ဘောလုံးကွင်း ဆောက်နိုင်သည်။
ဖုန်းရှင်းထိုက်က မေးစေ့ကို ပွတ်လိုက်ပြီးနောက် ပြောလိုက်သည်။
“ငါ့မှာ ပိုက်ဆံရှိတယ်။ ပြီးတော့ ငါက ဝယ်ရတာကို နှစ်သက်တယ်လေ”