← Chapters

ဆီဈေးကျဆင်းလာခြင်း

Vol. 19 Ch. 272

ဆီဈေးကျဆင်းလာခြင်း

Vol. 19 Ch. 272

ဖုန်းရှင်းထိုက်သည် နှစ်သစ်ကူးဂုဏ်ပြုပွဲအတွက် ပြင်ဆင်နေစဉ် ဖုန်းယွီသည် ဘင်းမြို့တော်သို့ ပြန်ခဲ့ပြီး သူသည် ဟေကျောက်ကျီထံမှ ဖုန်းလက်ခံရရှိခဲ့သည်။ သူ့အနေဖြင့် နိုင်ငံတကာ ဆီဈေးများနှင့် လန်ဒန်ဂိုးလ်ဈေးနှုန်းများ ကျဆင်းကြောင်း တင်ပြခဲ့၏။

ဇန်နဝါရီလ ၁၇ရက်နေ့တွင် ဆီဈေးသည် မကျဆင်းမှီ တစ်ဒေါ်လာ တက်သွားခဲ့သည်။ ထို့နေ့မှ စပြီး နေ့တိုင်း ဆီဈေးနှုန်း ကျဆင်းခဲ့သည်။ ဆယ်ရက်ကြာပြီ ဖြစ်ပြီး ဆီဈေးသည် အမေရိကန်ဒေါ်လာ ၂၀၇ဒေါ်လာမှ ၁၉ဒေါ်လာ ကျဆင်းခဲ့သည်။ ဆီဈေးအကျဆုံးသည် ဇန်နဝါရီလ ၁၇ရက်နေ့ ဖြစ်သည်။ ၂၇ဒေါ်လာမှ ၂၃ဒေါ်လာအထိ ကျဆင်းခဲ့ခြင်း ဖြစ်သည်။ နောက်တစ်နေ့တွင် ၂၀ဒေါ်လာအောက်သို့ ကျဆင်းသွားခဲ့၏။

ထို့နောက် ဆီဈေးသည် စတင်ပြီး အနည်းငယ် ဈေးနှုန်းအတက်အကျ ရှိသည်။ သို့သော် ဆေးမတက်သွားပေ။ ဈေးနှုန်းသည် တဖြည်းဖြည်းချင်း တစ်ရက်နှင့် တစ်ရက် ကျလာခဲ့၏။

ဟေကျောက်ကျီသည် ဖုန်းယွီ၏ ဈေးကွက်အပေါ် စိစစ်အကဲဖြတ်လေ့လာမှုကို အားကျမိသည်။ စစ်ပွဲ စတင်ပြီးကတည်းက ဖုန်းယွီသည် ဆီများကိုစုဆောင်းရဲပြီး ယခု သူ့ခန့်မှန်းချက်များက အမှန် ဖြစ်လာသည်။ သို့သော် ဟေကျောက်ကျီသည် ဖုန်းယွီအနေဖြင့် ရောင်းဈေးကို ၁၈ဒေါ်လာသတ်မှတ်မည်ကို စိုးရိမ်နေသေးဆဲ ဖြစ်သည်။ အကယ်၍ သူသာ အမေရိကန်ဒေါ်လာ ၂၀သတ်မှတ်ပါက သူ့အနေဖြင့် ကြိုတင်စာချုပ်များ ချုပ်ဆိုရာတွင် အမြတ်များစွာ ရပေလိမ့်မည် ဖြစ်၏။

ဖုန်းယွီသည် ဟေကျောက်ကျီက စိတ်ရှည်ရှည်ဖြင့် စောင့်ရန် ပြောခဲ့သည်။ ဈေးနှုန်းအနည်းငယ် အတက်အကျ ရှိသော်ငြား ဆီဈေးသည် မတက်သေးပေ။ ရက်အနည်းငယ် ကြာပြီးနောက် အမေရိကန်ဒေါ်လာ ၁၈ဒေါ်လာအထိ ကျဆင်းသွားခဲ့သည်။ ကြိုတင်ချုပ်ဆိုသည့် စာချုပ်များသည် အလိုအလျောက် အတည်ပြုပြီး ဖြစ်သွားသည်။

တစ်ချိန်တည်းတွင် ဖူမိသားစု၏ မိသားစုဝင်များ အားလုံးသည် ဖူရုံချီအိမ်သို့ လာပြီးနောက် သူတို့အနေဖြင့် ဖုန်းယွီ၏ ပြောဆိုမှု ဖြစ်သည့် အမေရိကန် ဒေါ်လာ ၁၈ဒေါ်လာအောက်အထိ ဆီဈေးကျမှုကို ယုံကြည်ရန် ဆွေးနွေးပြောဆိုကြသည်။

သူတို့အနေဖြင့် ဈေးကွက်ကို ဆီဈေး ဒေါ်လာ ၂၀အထက်ဖြင့် ဝင်လျှင်တောင် သူတို့၏ မရွေ့ပြောင်းနိုင်သော ရင်းနှီးမြှုပ်နှံမှု တန်ဖိုးသည် ၂ဆခန့် ကျော်သွားမည် ဖြစ်သည်။ ဈေးကွာခြားချက်မှာ ၂ဒေါ်လာသာ ဖြစ်သည်။

သို့သော် သူတို့သည် အစက ဖုန်းယွီ ပြောသည်ကို မယုံကြည်ကြပေ။ သူတို့အနေဖြင့် ဖုန်းယွီအတိုင်း ဆီကို ၂၇ဒေါ်လာဖြင့် စုဆောင်းခဲ့လျှင် ဆီဈေး ၁၈ဒေါ်လာသို့ မကျခင် သူတို့၏ ရင်းနှီးမြှုပ်နှံမှုကို ခြောက်ကြိမ်ကျော် ပြုလုပ်နိုင်သည်။

ဖုန်းယွီသည် အမေရိကန်ဒေါ်လာ သန်းရာဂဏန်းသာ သူ့၏ ငွေများထဲမှသာ အသုံးပြုခဲံသည်။ ယင်းအဓိပ္ပာယ်က အနည်းဆုံး ဖုန်းယွီအနေဖြင့် ဒေါ်လာ သန်း၂ထောင် ရှာနိုင်သည်ဆိုသော အဓိပ္ပာယ်လော။

ညီငယ်သုံးယောက်သည် သူ့အစ်ကိုကြီး ဖြစ်သူ ဖူရုန်ချီကို စတင် အပြစ်တင်ကြသည်။ အကယ်၍ ဖူရုံချီသာ ဖုန်းယွီနောက် လိုက်လုပ်ခဲ့ပါက သူတို့လည်း ဖုန်းယွီကဲ့သို့ ရနေမည် ဖြစ်သည်။ အကယ်၍ သူတို့အနေဖြင့် ဟောင်ကောင်ဒေါ်လာ သန်း ၁၀၀ရင်းနှီးမြှပ်နှံလျှင်တောင် သူတို့ ပြန်ရမည်ကား ဟောင်ကောင်ဒေါ်လာ သန်း ၅၀၀မှ ၆၀၀အထိ ဖြစ်သည်။ အကယ်၍ သူတို့ ပိုရင်းနှီးမြှပ်နှံပါက အကျိုးအမြတ်များစွာ ပိုရမည် ဖြစ်သည်။

ဖူရုံချီသည် ဒေါသထွက်နေသည်။ ဟောင်ကောင် တစ်ခုလုံးတွင် ကြည့်လျှင်တောင် မည်သူက ဆီကို ဝယ်ယူမည်နည်း။ ကမ္ဘာလုံးတွင် လူမည်မျှက ဆီများကို စုဆောင်းမည်နည်း။ အကယ်၍ ငါ ဖုန်းယွီအတိုင်း လိုက်လုပ်ရင် သူ့အတိုင်း ငွေတွေကို အသုံးပြုပြီး လုပ်ရဲခဲ့လျှင် မည်သည့် ဖြစ်မည်နည်း။ ဘာလို့ ငါက ဒီဈေးနည်းနည်းကို စွန့်စားရဲမှာလဲ။ မင်းတို့တွေလည်း တွေးခဲ့တာပဲ။ စစ်ပွဲစတာနဲ့ ဆီတွေ စပြီး ဈေးတက်လာမယ်လို့။ ဒါပေမဲ့ ဘယ်သူက ဈေးကျသွားမယ်လို့ မျှော်လင့်ခဲ့လို့လဲ။

“မင်းတို့တွေ အကုန်လုံး ဖုန်းယွီ ဘယ်လောက် ရင်းနှီး မြှုပ်နှံလည်းဆိုတာ သိကြတာပဲ ဘာကြောင့် မင်းတို့တွေ မရင်းနှီး မမြှပ်နှံကြတာလဲ”

ဖူရုန်ချီသည် သူ့ညီငယ်များကို ဆူလိုက်ပြီး သူတို့သည် တိတ်ဆိတ်ကုန်ကြသည်။ သူတို့သည် ပြောသာ ပြောရဲသည်။ အကယ်၍ ဖူမိသားစုကို သူ့အစ်ကိုကြီး ဖြစ်သူ ဦးမဆောင်လျှင် သူတို့ အောင်မြင်ကြလိမ့်မည် မဟုတ်ချေ။

တကယ်တမ်းတွင် ဖူရုန်ချီသာ သူတို့ကို ဆီဝယ်ယူရန် ပြောလျှင်တောင် သူတို့အနေဖြင့် လုပ်ရဲမည် မဟုတ်ချေ။ သူတို့အနေဖြင့် ယင်းက အခွင့်အရေး တစ်ခုမှန်း သိပေသည်။ သို့သော် သူတို့သည် စွန့်စားရန်အတွက် သတ္တိမရှိပေ။

ဖူရုန်ချီသည်လည်း စိတ်ထဲတွင်တော့ အဆင်မပြေသလို ခံစားနေရသည်။ ဇန်နဝါရီလ ၁၆ရက်နေ့တွင် တက်နေဆဲ ဖြစ်သည်။ ပြီးနောက် သူက ဖုန်းယွီ၏ စိစစ်မှု မှားယွင်းသည်ဟု တွေးခဲ့သည်။ နောက်တစ်နေ့တွင် ဆီဈေးများသည် ကျဆင်းလာတော့သည်။ မည်သူက ထိုသို့ ဖြစ်မည်ဟု တွေးမည်နည်း။

ပြီးနောက် ဆီဈေးများသည် ကျပြီး ပြန်မတက်ပေ။ သူတို့ တုန့်ပြန်နိုင်သည့်အချိန်တွင် ဆီဝယ်ယူရန်က အလွန်နောက်ကျသွားပြီ ဖြစ်သည်။

ဖုန်းယွီသည် ဆီဈေးအနေဖြင့် ၁၈ဒေါ်လာသို့ ရောက်လိမ့်မည် ဖြစ်ကြောင်း ပြောခဲ့ပြီး ခြားနားချက်မှာ ၂ဒေါ်လာမျှသာ ဖြစ်သည်။ ပြန်လည်ရရှိမှုသည် အလွန်နည်းပေလိမ့်မည်။ အကယ်၍ သူ့ပိုင်ဆိုင်မှုများကို ဖုန်းယွီကို သုံးလိုက်ပါက ရလာမည့် အကျိုးအဆက်သည် သေချာပေါက် အန္တရာယ်များပေလိမ့်မည်။

ထိုနှစ်များတွင် ဖူရုန်ချီသည် အောင်မြင်သည့် သူဌေးကြီး တစ်ယောက်အဖြစ်မှ ဖြည်းဖြည်းခြင်း လျော့ကျခဲ့သည်။ သူတို့ထဲမှ အများစုမှာ သူတို့ ငွေကြေးဈေးကွက်တွင် သူတို့ ကံကောင်းမှုကား ပျောက်ကွယ်သွားသည့်အတွက် ဖြစ်၏။

ရင်းနှီးမြှပ်နှံမှုသည် ကြောက်စရာ မကောင်းပေ။ အကယ်၍ ဆုံးရှုံးနိုင်ချေ ရှိလျှင်တောင် ထိုအန္တရာယ်သည် ဈေးကွက်ကို ကောင်းကောင် စိစစ်အကဲဖြတ်ရန် ပြန်လည် ထိန်းကြောင်းမည် ဖြစ်သည့်အတွက် ဖြစ်သည်။ သို့သော် ခန့်မှန်းမှုများက လောင်းကစား ပြုလုပ်သည်နှင့် တူပေသည်. ပြန်ရမှုသည် အလွန်မြင့်သော်လည်း အန္တရာယ်သည်လည်း အလွန်ပင် များပေသည်။ သူ့အနေဖြင့် ပိုက်ဆံ အကုန်လုံးတောင် ဆုံးရှုံးသွားနိုင်ပေသည်။

ဖူရုန်ကျင်းသည် ဉပမာ ဖြစ်သည်။ သူ့အနေဖြင့် အချိန်ခဏလေးအတွင် ငွေကြေးဈေးကွက်တွင် သန်းလေးရာ ဆုံးရှုံးခဲ့သည်။ သူ့သည် ဆုံးရှုံးမှုများကို ပြန်လည်ရရှိခြင်းမှာ လန်ဒန်ဂိုးလ်များဝယ်ရန်အတွက် အကြံများပေးသည့်အတွက်ကြောင့် ဖြစ်ပေ၏။

ဖူရုန်ကျင်းသည် သင်ခန်းစာ ရရှိခဲ့သည်။ သူ့ဆုံးရှုံးမှုများကို ပြန်လည်ရရှိပြီးနောက် သူသည် ချက်ခြင်းဆိုသလိုပင် သူ့အကြွေးများကို ဆက်လိုက်သည် ပြီးနောက် သူ့အနေဖြင့် ဆီဈေးကျမည်တွင် မလောင်းရဲပေ။

ဖူရုန်ချီသည်လည်း ဆီတွင် ရင်းနှီးမြှပ်နှံရန်ကား စိတ်မဝင်စားပေ။ ပြန်လည်ရရှိမည့် ပမာဏသည် မက်စရာ မရှိသည့်အတွက် ဖြစ်သည်။ ပြီးနောက် အန္တရာယ်လည်း များပေးသေး၏။ သူ့အနေဖြင့် ရွှေဈေးကွက်ကိုသာ ရွေးချယ်မည် ဖြစ်သည်။ ရွှေဈေးကွက်တွင် ဈေးနှုန်းအတက်အကျသည် အလွန်ပင် အတက်အကျမြန်သည်။ပြီးနောက် ဖုန်းယွီပြောသည့်အတိုင်း ရွှေနှုန်းကျသွားခဲ့လျှင် တစ်အောင်စလျှင် ဒေါ်လာ ၃၆၀ မဟုတ်ပေ။ ဖုန်းယွီ၏ ခန့်မှန်းချက် ဖြစ်သည့် တစ်အောင်စလျှင် ၃၅၅ဒေါ်လာဆိုသည့် ဈေးနှင့်လည်း အရမ်းကြီး မကွာတော့ပေ။

ဖူညီအစ်ကိုများသည် ဖုန်းယွီနောက်လိုက်ပြီး ရွှေစုရင်း ငွေများ အမြောက်အမြားရရှိခဲ့သည်။ ယခုအချိန်တွင် ဖူရုန်ချီက သူတို့အားလုံးကို ခေါ်လိုက်ရသည့် အကြောင်းအရင်းသည် သူတို့အား ရွှေဈေးကွက်တွင် ရင်းနှီးမြှပ်နှံရန်အတွက် ဖြစ်သည်။ သူ့အနေဖြင့် ရွေကို တစ်အောင်စလျှင် ၃၅၅ဒေါ်လာဖြင့် ဝယ်ရန် ဆုံးဖြတ်ချက် ချလိုက်ပြီး သူ့အနေဖြင့် ယင်းက ဘေးကင်းသည်ဟု ခံစားမိသည်။ သို့သော် သူတို့ ရင်းနှီးမြှပ်နှံ မနှံကို သူတို့ကိုယ်တိုင် ဆုံးဖြတ်ချက် ချရဦးမည် ဖြစ်သည်။

ညီငယ်သုံးယောက်သား အချင်းချင်း ကြည့်လိုက်ကြသည်။ ပြီးနောက် သူတို့ အားလုံးသည် ငွေပမာဏ များများ ရင်းနှီးမြှပ်နှံရန် ဆုံးဖြတ်ချက် ချလိုက်သည်။ သို့သော် သူတို့သည် ဖုန်းယွီပြောထားသည့်အတိုင်း ရွှေဈေး သိသိသာသာကျမည်ကို မယုံကြည်ပေ။ သူတို့အစ်ကိုကြီး၏ အသင်းသည် ကျွမ်းကျင်သည့်သူများနှင့် ဖွဲ့စည်းထားခြင်း ဖြစ်သည့်အတွက် ယင်းက ဖြစ်လာမည်မှာ သေချာပေ၏။ သူတို့အနေဖြင့် ဈေးဘယ်လောက်ထိ ပြန်တက်မည်ကို မခန့်မှန်းနိုင်ပေ။ သို့သော် သူတို့သည် ကျွင်းကျင်သူများကိုတော့ ယုံကြည်၏။

မည်သို့ပင် ဖြစ်စေ သူတို့အနေဖြင့် ရွှေဝယ်မည် ဖြစ်သည်။ ပြီးနောက် သူတို့အနေဖြင့် အချိန်မရွေး ပြန်ရောင်းချနိုင်သည်။ သူတို့အနေဖြင့် သူတို့၏ ချေးငွေများကို အသုံးပြုမည် မဟုတ်ပေ။ ပြီးနောက် သူတို့အနေဖြင့် အမြတ်များရရှိနေဆဲပင် ဖြစ်သည်။

ဖူရုန်ချီသည် တွန့်ဆုတ်နေသေးသည်။ သူ့အနေဖြင့် ရွှေကို ကြိုတင်ရောင်းဝယ်မှုအဖြစ် ထားပါက သူ့အန္တရာယ်ကို လျော့ချနိုင်လော။ အတိတ်က သူ့အနေဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်တိုင်း ကြိုတင်ရောင်းဝယ်ပြုလုပ်၏။

ကြိုတင်ရောင်းဝယ်မှုကို များသောအားဖြင့် ကုမ္ပဏီကြီးများနှင့် အဓိကပလေယာများ လုပ်ကြပေသည်။ ပြန်ရမှုက နည်းသော်ငြား အန္တရာယ်က နည်းပေသည်။

ကြိုတင်ရောင်းဝယ်မှုသည် သန်း ၁၀၀အသုံးပြုပြီး သန်း၁၀၀၀ရရှိမည်ကို လက်လွှတ်လိုက်ခြင်းပင် ဖြစ်သည်။ သို့သော် တစ်ချိန်တည်းတွင် သူ့အနေဖြင့် သန်း၁၀၀၀မှ သန်း၁၀၀သို့ ဒီထက်နည်းအောင် ဆုံးရှုံးခြင်းမှ ကာကွယ်နိုင်မည် ဖြစ်သည်။ ဖူရုန်ချီသည် ယင်းနည်းလမ်းကို အသုံးပြုပြီး သန်း၁၀၀၀ ရင်းနှီးမြှပ်နှံပြီး သန်း၁၀၀ အမြတ်ကိုသာ ပြန်လည်ယူခြင်း ဖြစ်သည်။

ဖူရုန်ချီသည် ဖုန်းယွီ ဆီများကို ဝယ်ယူစဉ် သူ့အမူအရာကို ပြန်လည်တွေးလိုက်သည်။ သူသည် အလွန်ယုံကြည်မှု ရှိသည်။ သူ့အနေဖြင့် သေချာပေါက် အနိုင်ရလိမ့်မည်ဟု ယုံကြည်ပေ၏။

လူငယ်တို့သည် လုပ်ရဲကိုင်ရဲသည်။ သို့သော် သူတို့သည် ဖူရုန်ချီကို အရွယ်ရောက်ပါက သူတို့အနေဖြင့် ပြန်လည်ရရှိမှာ များလျှင်တောင် သူတို့အနေဖြင့် အန္တရာယ်ကို စွန့်စားရဲတော့မည် မဟုတ်ချေ။

ဖူရုန်ချီသည် ကြိုတင်အရောင်းအဝယ် အချို့ ပြုလုပ်ပြီး အန္တရာယ်ကို လျော့ချစေးချင်သည်။ သူ့အနေဖြင့် တစ်ဖန် ၂၅၅ဒေါ်လာသို့ ကျဆင်းသွားပြီး ပြန်တက်လာမည်ကို ယုံကြည်သည်။ သို့သော် သူ့အနေဖြင့် ရွှေသည် ဖုန်းယွီပြောသလို ၄၀၀ဒေါ်လာကျော် တက်သွားမည်ကိုတော့ ယုံကြည်ချက်မရှိပေ။ သူ့အသင်းမှ မည်သူမျှ ယင်းကဲ့ကို လုပ်ရဲမည် မဟုတ်ချေ။

ရက်အနည်းငယ် ကြာပြီးနောက် ရွှေဈေးသည် ၁၈ဒေါ်လာသို့ ကျဆင်းသွားခဲ့သည်။ ဖူရုန်ချီသည် ဖုန်းယွီ၏ စွမ်းရည်ကို အားကျနေတော့၏။

ဖုန်းယွီသည် ဆီဈေးကို တိတိကျကျ ဖြစ်အောင် ခန့်မှန်းနိုင်ကတည်းက သူ့ခန့်မှန်းချက် ဖြစ်သည့် ရွှေဈေးသည်လည်း သေချာပေါက် မှန်ကန်လာမည်ပင်။ ယခုအချိန်တွင် ဖူရုန်ချီသည် ကြိုတင်အရောင်းအဝယ် မပြုဘဲ ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်လိုက်သည်။ သူသည် ရွှေအပေါ် လောင်းကြေးထပ်လိုက်ခြင်း ဖြစ်သည်။

All Chapters