← Chapters

မိုင်းတွင်းတွင် အစုရှယ်ယာဝယ်ယူခြင်း

Vol. 19 Ch. 273

မိုင်းတွင်းတွင် အစုရှယ်ယာဝယ်ယူခြင်း

Vol. 19 Ch. 273

ဖေဖော်ဝါရီလတွင် ဟေကျောက်ကျီသည် ဖုန်းယွီကို ခေါ်ပြန်၏။ လန်ဒန်ဂိုးလ်နှင့် ဆီများကို ဖုန်းယွီ ရင်းနှီးမြှုပ်နှံမှုသည် ပြီးမြောက်သွားပြီ ဖြစ်သည်။ ယခုလက်ရှိတွင် ရွှေဈေးသည် ၃၅၄ဒေါ်လာအထိ ကျသွားပြီ ဖြစ်သည်။ ယင်းက ရွှေကို ဝယ်ယူရန် အချိန်ကောင်း ဖြစ်သည်လော။

လေနှင့်မိုး ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီရှိ ဟေကျောက်ကျီနှင့် အခြားသော အကျိုးဆောင်များသည် ရွှေဈေးများ ပြန်လည် မြင့်တက်တော့မည်ဟု ဆိုလိုက်သည်။ ယခုလက်ရှိဈေးသည် အနည်းဆုံး ဖြစ်သည်။ ဒေါ်လာ ၃၅၀အောက် ကျလိမ့်မည် မဟုတ်ချေ။

ဈေးနှုန်းသည် အမြဲတမ်းတမ်း ပြောင်းလဲသည်။ ပြီးနောက် ဖုန်းယွီသည် ပိုပြီး မယုတ်မလွင့် ဖြစ်စွာ ဆုံးဖြတ်ချက် ချရသည်။ သူ့သည် ဟေကျောက်ကျီကို ငွေပမာဏ အနည်းငယ်သုံးပြီး အကြွေးယူထားမှု အနည်းငယ် အသုံးပြုရန် ပြောလိုက်သည်။ သူ့အနေဖြင့် ဈေးကွက်ကို အနည်းငယ် ပိုက်ဆံ ပမာဏ အနည်းငယ် သုံးကာ စမ်းသပ်ခြင်း ဖြစ်သည်။ သို့သော် အလွန်ဆုံးမှာ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ဖြစ်သည်။

ဟေကျောက်ကျီသည် စိတ်ထဲ သက်ပြင်းချမိလိုက်သည်။ မန်နေဂျာဖုန်းသည် သူ့အား အလုံးစံ မယုံကြည်သေးပေ။ မန်နေဂျာဖုန်းသည် သူ့၏ အမေရိကန်ဒေါ်လာ သန်း ၂၀၀၀ကို လန်ဒန်ဂိုးလ်နှင့် ဆီများတွင် ရင်းနှီးမြှုပ်နှံခဲသည်။ ယခုလက်ရှိတွင် ဖုန်းယွီသည် အမေရိကန်ဒေါ်လာ သန်း၃၀၀၀ ရန်ပုံငွေ အဖြစ် ရှိနေပြီ ဖြစ်သည်။ သူ့အနေဖြင့် သူ့အား သန်း၁၀၀သာ ရင်းနှီးမြှပ်နှံရန် ခွင့်ပြုပေးခြင်း ဖြစ်သည်။

သို့သော် ဟေကျောက်ကျီသည် သူ့အနေဖြင့် ကောင်းကောင်း လုပ်ဆောင်နိုင်ပါက မန်နေဂျာဖုန်းသည် သူ့ကို ငွေများများစီမံခန့်ခွဲမှု ပေးမည်ကို ယုံကြည်သည်။ သူ့အနေဖြင့် ဖုန်းယွီအတွက် ရွှေဈေးကွက်တွင် အမြတ်များ ပိုမိုရရှိအောင် လုပ်နိုင်ပြီး တစ်ချိန်တည်းတွင် သူကောင်မရှင်ခ ပိုရမည်ကို ယုံကြည်ချက် ရှိပေသည်။

သုံးရက်ကြာပြီးနောက် ဟေကျောက်ကျီသည် ကြိုတင်သဘောတူစာချုပ်များမှုတဆင့် ဖုန်းယွီအတွက် အမေရိကန်ဒေါ်လာ ၁၀သန်းရှာပေးနိုင်ခဲသည်။ ဖုန်းယွီသည်လည်း စိတ်ကြေနပ်နေသည်။ ပြီးနောက် ဟေကျောက်ကျီကို သန်းနှစ်ရာ ရင်းနှီးမြှပ်နှံရန် ခွင့်ပြုပေးလိုက်သည်။

ရက်အနည်းငယ် ကြာပြီးနောက် ဟေကျောက်ကျီသည် အမြတ်များ ထပ်ရပြန်သည်။ ရွှေဈေးသည် ဒေါ်လာ ၃၈၆ ဒေါ်လာ မဟုတ်တော့ပေ။ ပြီးနောက် ဖုန်းယွီသည် ဟေကျောက်ကျီကို သတ်မှတ်ချက်ကို သန်း၅၀၀အထိ တိုးပေးလိုက်သည်။

လေးကြိမ်မြောက်အဖြစ် ဟေကျောက်ကျီသည် ဖုန်းယွီအတွက် ငွေများ ရှာပေးခဲသည်။ ဖုန်းယွီက သူ့အား ရန်ပုံငွေ၏ သန်းတစ်ထောင် သုံးရန် ခွင့်ပြုပေးခဲသည်။ ဟေကျောက်ကျီသည် ပိုက်ဆံများ ရှိနေဆဲ ဖြစ်သည်။ ပြန်လည်ရရှိမှုသည် ၁၀ရာခိုင်နှုန်းကျော်ကျော်သာ ရှိသည်။ ဖုန်းယွီသည် စိတ်ကျေနပ် နေသေးဆဲ ဖြစ်သည်။

ဖုန်းယွီသည် ဟေကျောက်ကျီအနေဖြင့် ယုံကြည်မှု လွန်ကဲပြီး သူ့ရင်းနှီးမြှပ်နှံမှုများ ငွေများစွာ သုံးမည်ကို သူစိုးရိမ်၏။ သူပြန်ရမည့် ငွေကြေးသည် များနိုင်သော်လည်း သူသည် ငွေများအကုန်လုံးလည်း ဆုံးရှုံးသွားနိုင်ပေသည်။ ဖုန်းယွီအနေဖြင့် နေ့စဉ် ဈေးကွက်ကို ကြည့်ရှုရန်ကလည်း သူ့တွင် အချိန်မရှိပေ။ သူ့အနေဖြင့် အတိတ်ဘဝက ဖြစ်ပျက်ခဲ့သည့် ထင်ရှားသည့် ငွေကြေးအဖြစ်အပျက်များကိုသာ မှတ်မိသည်။ သူ့အနေဖြင့် တိတိကျကျ ရက်မသိရှိပေ။ တစ်ရက်တွင် ရွေဈေးအတက်အကျ အလွန်မြန်ဆန်မှုများ ဖြစ်ပွားခဲ့လျှင် သူအရင်က ရထားသည့် ငွေကြေးများအားလုံး ဆုံးရှုံးသွားပေလိမ့်မည်။

ဟေကျောက်ကျီသည် ကြိုတင်အရောင်းအဝယ်ကို အသုံးပြုပြီး အန္တရာယ် လျော့ချခဲသည်။ သူ့သူဌေးသည် ငွေကြေးပြတ်တောက်မှုကို မလိုလားသည်ကို သူသိပေသည်။ ထို့ကြောင့် ထိန်းထိန်းသိမ်းသိမ်းလုပ်သည်။ အမှန်တကယ်တွင် သူသည်လည်း အန္တရာယ်ကင်းကင်းဖြင့် ရင်းနှီးမြှပ်နှံချင်သည်။ သူ့အနေဖြင့် ရွှေကို ရင်းနှီးမြှပ်နှံလျှင် အကျိုးအမြတ်အနေဖြင့် သန်း ၁၀၀၀သုံးပြီး ရက်သတ္တပတ်အတွင်း အနည်းဆုံး သန်းပေါင်း ဆယ်ဂဏန်းကို ရှာနိုင်ပေသည်။ သူ့၏ ကော်မရှင်ခသည်လည်း တော်တော်များများ ရလာမည် ဖြစ်သည်။

အကယ်၍ သူသည် ငွေကြေးအလွန်သုံးစွဲပြီး ဆုံးရှုံးပါက သူ့အနေဖြင့် ဒီဘဝ ဆုံးရှုံးသွားပြီး ဖြစ်သည်။ ငွေအတွက် လူများကို သတ်ရန် ဆန္ဒရှိသည့် ဂိုဏ်းများ ဟောင်ကောင်တွင် များစွာ ရှိသည်။

ထိုကာလတွင် ဖူမိသားစုသည်လည်း ရွှေဈေးတွင် ရင်းနှီးမြှပ်နှံခဲ့သည်။ သို့သော် သူတို့အနေဖြင့် ကာလတို ရင်းနှီးမြှပ်နှံမှုသာ ဖြစ်သည်။ ဖူရုန်ချီနှင့် သူ့ညီအစ်ကိုများသည် ငွေကြေးအလုံးအရင်းကို တစ်ခါတည်း အသုံးပြုပြီး သူတို့ ရင်းနှီးမြှုပ်နှံမှုအား နှစ်ဆ ဖြစ်အောင် လုပ်ခဲ့သည်။ ပြီးနောက် သူတို့သည့် ကြိုတင်ဝယ်ရောင်းသာ ပြုလုပ်ပြီး အန္တရာယ်ကင်းစွာဖြင့် ရင်းနှီးမြှပ်နှံခဲ့သည်။

ဖူမိသားစုသည် သူတို့၏ ပထမဆုံး ရင်းနှီးမြှုပ်နှံမှုတွင် ဟောင်ကောင်ဒေါ်လာ သန်း၂၀၀၀ရခဲ့သည်။ ယင်းက လုံလောက်ပြီ ဖြစ်သည်။ ဖူရုန်ချီသည် ကျန်သည့် ဖူမိသားစုဝင်များကို လောဘကြီးရန် ခွင့်မပြုပေ။ သူသည် ရင်းနှီးမြှုပ်နှံမှုကို အန္တရာယ်ကင်းကင်းဖြင့် လုပ်ကိုင်ရန် ရွေးချယ်ခဲ့သည်။ အကယ်၍ သူတို့သည် တစ်လလျှင် ဟောင်ကောင်ဒေါ်လာ သန်း ၁၀၀မှ ၂၀၀ရလျှင်တောင် ဖူမိသားစုအတွက် အဆင်ပြေပြီ ဖြစ်သည်။ သူတို့တွင် အခြားသော စီးပွားရေး လုပ်ငန်းများမှ အမြတ်များလည်း ရသေးသည့်အတွက် ဖြစ်သည်။ ငွေကြေးဈေးကွက်တွင် ပြန်လည်ရရှိမှုက အလွန်ပင် အန္တရာယ်များလှသည်။ ဖူရုန်ချီသည် ဟောင်ကောင်၏ အိမ်ခြံမြေဈေးကွက်ကို ဝင်ရောက်ရန်အတွက် ဆုံးဖြတ်ထားပြီး ဖြစ်သည်။ အိမ်ခြံမြေများသည် လုံခြုံစိတ်ချရသည့် ရင်းနှီးမြှပ်နှံမှု ဖြစ်သည်။

ရင်းနှီးမြှပ်နှံသည့်သူ များစွာတွင် တူညီသည့် အမူအကျင့် ရှိသည်။ သူ့အနေဖြင့် အချိန်တိုင်း ကြီးမားများပြားသည့် ငွေများကို ရင်းနှီးမမြှပ်နှံကြပေ။ ပြီးနောက် သူတို့၏ ရင်းနှီးမြှုပ်နှံသည့် အရာအချို့သည် လုံခြုံစိတ်ချရပြီး လွယ်တကူ ရောင်းထုတ်နိုင်ရမည် ဖြစ်သည်။ တစ်ဖန် ရင်းနှီးမြှပ်နှံမှုများသည် အခွင့်အရေးကို မြင်ပါက သူတို့အနေဖြင့် ငွေကြေးအရင်းအနှီးများစွာ ထုတ်ပြီး အကျိုးအမြတ်များစွာကို ရယူကြသည်။

George Soros နှင့် သူ့အသင်းသည် ယင်းနည်းအတိုင်း လည်ပတ်သည်။ အမေရိကန်ဒေါ်လာ ၁၀ဘီလျံ( ၁ဘီလျံ=သန်း၁၀၀၀)ကို အသုံးပြုပြီး နှစ်စဉ် ပြန်ရသည့် အကျိုးအမြတ်သည် အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ထက် မနည်းပေ။ သို့သော် သေချာသည့် နှစ်များသို့မဟုတ် တိကျသည့် အချိန်ကာလတွင် သူ့အနေဖြင့် ၁၀ဘီလျံ ဒေါ်လာကို အကျိုးအမြတ်အဖြစ် ရှာနိုင်သည်။ သူတို့သည် ရင်းနှီးမြှပ်နှံမှုတွင် ဆုံးရှုံးလျှင်တောင် ယင်းက သိသာသည့် ပမာဏ မဟုတ်ပေ။

ဟောင်ကောင်မှ သတင်းကောင်းများကို ကြားရပြီးနောက် ကီရီလန်ကိုသည် သူ့ဖက်မှ သတင်းကောင်းများကို ဖုန်းယွီအား အကြောင်းကြားလေသည်။

ဆိုဗီယက် ပြည်ထောင်စု၏ နောက်ဆုံး အစည်းအဝေးတွင် ကီရီလန်ကို ကြားခဲ့သည်ကား အချို့သော ပြည်ထောင်စု အဖွဲ့ဝင်ခေါင်းဆောင်များသည် သမ္မတ မီခေးဂေါ်ဘာချော့လ်၏ ပေါ်လစီများကို ဆန့်ကျင်ကြသည်။ မီခေးဂေါ်ဘာချော့လ်သည် သူ့အားထောက်ခံသည့် သူများ ဆုံးရှုံးသွားပြီ ဖြစ်သည်။ ယခုလက်ရှိ အခြေအနေအရ မီခေးဂေါ်ဘာချော့လ်သည် နောက်ထပ် အသင်းတစ်သင်းဖြင့် ဆက်လက်ဆောင်ရွက်ရန်ကလည်း မဖြစ်နိုင်ပေ။

လူများစွာက ယက်ဆက်အနေဖြင့် နောက်ထပ် ဆိုဗီယက် ပြည်ထောင်စု၏ သမ္မတဖြစ်လာမည်ဟု ခံစားမိပြီး မီးခေးဂေါ်ဘာချော့လ်သည် စောစော ဆင်းပေးရမည် ဖြစ်သည်။ သေချာသည်မှာ အချို့သောသူများ တွေးကြသည်ကား ယက်ဆင်အနေဖြင့် ဆိုဗီယက် ပြည်ထောင်စု ဖြစ်လာမည်မဟုတ်ပေ။ အကြောင်းကား ယက်ဆက်အနေဖြင့် ရုရှားသည် ဆိုဗီယက် ပြည်ထောင်စုမှ ခွဲထွက်မည်ဟု ကြေငြာမည် ဖြစ်သည်။ သူ့မအနေဖြင့် ဆိုဗီယက် ပြည်ထောင်စုကို ပြိုကွဲစေလိုသည်။

ကီရီလန်ကို၏ ဖခင် စန်ချမ်းကိုသည် ရုရှားတွင် လက်နက်ပေါင်းများစွာ သိုလှောင်ရန် ညွှန်ကြားထားသည်။ ယင်းက ကိစ္စကြီးကြီး ဖြစ်လာတော့မည်ကို ပြသခြင်း ဖြစ်ပေသည်။

ယခုလက်ရှိတွင် ဆိုဗီယက် ပြည်ထောင်စု၏ စက်ရုံအများစုသည် ရပ်သွားကြပြီ ဖြစ်သည်။ စက်ရုံဒါရိုက်တာများသာမက အစိုးရ အရာရှိများသည် စက်ရုံများနှင့် လုပ်ငန်းများကို ရောင်းချပြီး ငွေရှာဖွေနေကြသည်။ ယင်းနည်းလမ်းသည် အစိုးရ၏ ငွေကြေးပြဿနာကို ဖြေရှင်းရာရပြီး အလုပ်သမားများကိုလည်း လစာ ပေးနိုင်သည်။သို့သော် ယင်းက ယာယီ ထိန်းသိမ်းမှုသာ ဖြစ်သည်။ နောက်ထပ် ရွေးချယ်စရာလည်း မရှိတော့ချေ။

ဆိုဗီယက် ပြည်ထောင်စု၏ အခြေအနေသည်လည်း ရှုပ်ထွေးနေသည်။ ဆိုဗီယက်များစွာသည် သူတို့ စားပွဲပေါ်တွင် အစားအစာကိုတောင် မတင်နိုင်ကြတော့ပေ။

ဆိုဗီယက် ပြည်ထောင်စုတွင် ငွေများရှာရန်အတွက် နည်းလမ်းရှာနေသည့် လူများစွာ ရှိသည်။ ကီရီလန်ကို၏ နောက်ခံ ပိုက်ဆံများကြောင့် မိုင်းတွင်းခုနှစ်တွင်းသည် သူနှင့်စာချုပ် ချုပ်ဆိုပြီးအခြားကုမ္ပဏီကို သူတို့၏ ရှယ်ယာများ ရောင်းချကြသည်။ ထိုကုမ္ပဏီသည် အစုရှယ်ယာရှင် ကုမ္ပဏီ ဖြစ်သည်။ သို့သော် ရှယ်ယာပိုင်ရှင်များ အားလုံးကား ကီရီလန်ကို၏ လူများ ဖြစ်ကြသည်။ ကီရီလန်ကိုသည် ရှယ်ယာများ အားလုံးကို ပိုင်ဆိုင်သည့် အစစ်အမှန် ပုဂ္ဂိုလ်ပင် ဖြစ်သည်။

ကီရီလန်ကိုသည် ပြဿနာနှင့် ရင်ဆိုင်နေရသည်။ သူ့တွင် ငွေကြေးအလုံအလောက် မရှိတော့သည့်အတွက် ဖြစ်သည်။ မိုင်းတွင်းအနည်းငယ်၏ ဒါရိုက်တာများသည် သူ့ဆီ အပြေးလာကာ ငွေများ တောင်းခံကြသည်။ စာချုပ်သည် သတ်မှတ်ချိန်အတွင်း ငွေပေးဆောင်ခြင်း မပြုပါက စာချုပ်ပျက်မည် ဖြစ်သည်။

ကီရီလန်ကိုသည်လည်း ယခုကာလတွင် ငွေများရှာမိသည်။ သို့သော် လုံလောက်ခြင်း မရှိပေ။ နောက်ဆုံးအချိန်က ဖုန်းယွီသည် ကီရီလန်ကိုအား သူ့အနေဖြင့် ကုမ္ပဏီတွင် ရှယ်ယာဝယ်ယူခြင်းကြောင်း ပြောခဲ့သည်။။ ပြီးနောက် ကီရီလန်ကိုသည် စာရွက်စာတန်းများ ပြင်ဆင်ရသည်။ ယခုတွင် ပြင်ဆင်မှုများ အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။ သူ့အနေဖြင့် ဖုန်းယွီဆီ ဖုန်းခေါ်ဆိုပြီး သူ့ကို စာချုပ်တွင် လက်မှတ်ထိုးပေးရန် ပြောလိုက်၏။

ဖုန်းယွီသည် အပျော်လွန်နေသည်။ သူသည် နောက်ဆုံးတွင် ဆိုဗီယက် ပြည်ထောင်စု မိုင်းတွင်းလုပ်ငန်းတွင် ရှယ်ယာပိုင်ဆိုင်ခဲ့ပြီ ဖြစ်သည်။ ယင်းက သတင်းကောင်း ဖြစ်သည်။ ဖုန်းယွီအနေဖြင့် ဟေကျောက်ကျီအား သူပိုင်ဆိုင်သည့် ငွေများအားလုံး အသုံးမပြုခိုင်းရသည့် အကြောင်းအရင်းသည် သူ့အနေဖြင့် ဆိုဗီယက် ပြည်ထောင်စု မိုင်းတွင်းလုပ်ငန်းတွင် ရှယ်ရာ တစ်စု ဝယ်ယူရမည် ဖြစ်သေးသည့်အတွက် ဖြစ်၏။

နောက်ဆုံးတစ်ခေါက်က ကီရီလန်ကိုသည် ဖုန်းယွီအနေဖြင့် သူ့ထက်ပိုပြီး ပေးရန် မလိုကြောင်းနှင့် သူ့အနေဖြင့် ရှယ်ယာအနည်းငယ်သာ ရမည် ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီး ဖြစ်သည်။ ဖုန်းယွီသည်လည်း စိတ်ထဲမထားပေ။ အကယ်၍ သူပိုင်ဆိုင်သည့် ရှယ်ယာများ နည်းလျှင်တောင် သူ့အနေဖြင့် အခြားသောနိုင်ငံများမှ သတ္တုများဝယ်ယူရခြင်းထက် ပိုပြီး ဈေးသက်သာမည် ဖြစ်သည်။ ထပ်ပြောပါက ဆိုဗီယက် ပြည်ထောင်စုသည် သတ္တုတွင်းထွက်များ ကြွယ်ဝပေ၏။

ထို့အပြင် အကြောင်းပြချက် တစ်ခုလည်း ရှိနေပေသည်။ ယင်းကား ဖုန်းယွီအနေဖြင့် ထုတ်ထားသည့် သတ္တုများနှင့် သတ္တုများ၏ ဈေးနှုန်းကို ဆုံးဖြတ်ချက်ပေးနိုင်သည့်အတွက် ကီရီလန်ကိုက ကတိပေးထားခြင်း ဖြစ်သည်။

ကီရီလန်ကိုဖုန်းချပြီးနောက် ဖုန်းယွီသည် သူ့ရှေ့နေ ဖြစ်သည့် ဝီဆင်လ်နှင့် HSBC ဘဏ်ကို ဖုန်းဆက်လိုက်သည်။ သူ့အနေဖြင့် သူတို့ကို ပြင်ဆင်ထားစေချင်သည်။ ကီရီလန်ကိုသည် ဟောင်ကောင်ကို လာပြီး ဖုန်းယွီနှင့် စာချုပ်ချုပ်ဆိုမည် ဖြစ်သည်။ တစ်ချိန်တည်းတွယင် ဖုန်းယွီသည် ကီရီလန်ကို၏ ပြည်ပဘဏ် အကောင့်ကို ငွေများ လွဲပြောင်းပေးနိုင်သည်။ သူ့ရှေ့နေနှင့် စာရင်းစစ်များသည် ကျန်သည့် အချက်အလက်များကို ပြင်ဆင်ထားရမည် ဖြစ်သည်။

ဖုန်းယွီသည် သူ့ခရီးဆောင်အိတ်ကို ယူလိုက်ပြီးနောက် ဟောင်ကောင်သို့ သွားရန် လက်မှတ်တစ်စောင် ဝယ်ယူလိုက်သည်။

All Chapters