ဖုန်းယွီ၏ ရင်းနှီးမြှပ်နှံမှု
Vol. 19 Ch. 274
ဘင်းမြို့တော်မှ ဟောင်ကောင်သို့ လေယဉ် စီးရသည်မှာ အတော်လေး ဒုက္ခရောက်ပေသည်။ ဖုန်းယွီအနေဖြင့် ချန်ဒူး ထျန်ဖူ သို့မဟုတ် ရှန်ဟိုင်းတွင် လေဆိပ်ပြောင်းဆီးရန်အတွက် ဘေကျင်းကို ဝင်ရန်ကားလိုအပ်သေးသည်။ သူကံကောင်းပါက သူ့အနေဖြင့် တစ်ခါတည်းသာ ပြောင်းဆီးရမည် ဖြစ်သည်။ အကယ်၍ သူကံဆိုးလျှင် သူ့အနေဖြင့် လေယဉ်ကို ၃ကြိမ် ပြောင်းစီးရမည် ဖြစ်သည်။ ထိုအချိန်က တရုတ်နိုင်ငံ၏ လေကြောင်းအခြေအနေသည် တော်တော်ဆိုးဝါးပေ၏။ ဘင်းမြို့တော် လေဆိပ်မှ ဟောင်ကောင်သို့ တိုက်ရိုက်ပြန်သန်းနိုင်သည့် ယခုခေတ်နှင့် မတူပေ။
ဟောင်ကောင်တွင် တစ်ရက်ကြာ စောင့်ပြီးနောက် ကီရီလန်ကို ရောက်လာခဲ့သည်။ သူနှင့်အတူ လူ ၈ယောက်ကိုလည်း ခေါ်ဆောင်လာခဲ့သည်။ သူတို့သည် ရှေ့နေ၊ စကားပြန်နှင့် အိပ်သယ် သို့မဟုတ် နောက်လိုက်များ ဖြစ်ပေသည်။
ဝီဆင်လ်၏ ရှေ့နေရုံးခန်းတွင် သူတို့ နှစ်ယောက်စလုံး စာချုပ် ချုပ်ဆိုလိုက်ကြသည်။ ဖုန်းယွီသည် ၄၉ရာခိုင်နှုန်းသော ရှယ်ယာအတွက် မော်စကို ပုဂ္ဂလိက မိုင်းတွင်း လီမိတက်ကို အမေရိကန်ဒေါ်လာ သန်း ၂၀၀၀လွဲပေးလိုက်သည်။ ထိုကုမ္ပဏီသည် အစပိုင်းက အမေရိကန်ဒေါလာ သန်း ၁၅၀၀သာ တန်ကြေးရှိခဲ့သည်။
ဖုန်းယွီသည် အံ့အားသင့်နေသည်။ သူ့အနေဖြင့် ကီရီလန်ကိုသည် အမေရိကန်ဒေါ်လာ ရာဂဏန်းလောက်သာ ရှိမည်ဟု ထင်ခဲ့သည်။ ဖုန်းယွီအနေဖြင့် ကီရီလန်ကိုထံတွင် ဒေါ်လာ သန်း ၁.၅ ဘီလျံ ရှိမည်ဟု ထင်တောင် မထင်ထားခဲ့ပေ။ ယင်းအဓိပ္ပာယ်ကား သူသည် ရူဘယ်လ်ပေါင်း သန်းရာဂဏန်းအထိ ချေးငွေရယူနိုင်ခဲ့သည်ဟု ဆိုလိုခြင်း ဖြစ်သည်။ သူ့အနေဖြင့် နောက်ပိုင်းတွင် ချေးငွေများကို ပိုပြီး များများ ယူရမည် ဖြစ်သည်။
သေချာသည်မှာ ဖုန်းယွီအနေဖြင့် ဆုံးရှုံးမှုကို တွေ့ကြုံလိမ့်မည် မဟုတ်ချေ။ သူသည် အမေရိကန်ဒေါ်လာ သန်း ၅၀၀ကို အသုံးပြုပြီး နောက်ထပ် ရှယ်ရာ ၁ရာခိုင်နှုန်းကိုတောင် ယူနိုင်သေး၏။ ကီရီလန်ကိုသည် ဖုန်းယွီအတွက် အခြားသော အရာများကိုလည်း လုပ်ပေးထားသည်။ ဉပမာအနေဖြင့် ဖုန်းယွီ အမြဲတမ်းလိုချင်သည့် Volga ကားထုတ်လုပ်သည့် လမ်းကြောင်းနှင့် ဆိုင်ကယ် ထုတ်လုပ်ရေး လမ်းကြောင်းများ၊ ဂျင်နရေတာ နည်းပညာများနှင့် အခြားသော လေကြောင်းဆိုင်ရာ နည်းပညာများ ဖြစ်သည်။
ထိုပစ္စည်းများ၏ တန်ဖိုးကို ဖြတ်ရန်ကား မလွယ်ကူလှချေ။ ငွေများ ပေးလျှင်တောင် ဈေးကွက်တွင် မရနိုင်သည့် ပစ်စည်းများစွာ ရှိသည်။ ဖုန်းယွီအနေဖြင့် ထိုနည်းပညာများကို အလိုရှိခြင်းက စက်ပစ္စည်းစက်ရုံနှင့် လေကြောင်းထုတ်လုပ်သည့် စက်ရုံများနှင့် ရင်းနှီးမှု တည်ဆောက်ချင်သည့်အတွက် ဖြစ်၏။
နှစ်ဦးနှစ်ဖက်လုံး ပျော်ရွှင်နေကြသည်။ ကီရီလန်ကိုသည် ပိုက်ဆံများစွာကို ချွေတာနိုင်ခဲ့ပြီး မိုင်းကုမ္ပဏီ၏ ရှယ်ရာ ၅၀ရာခိုင်နှုန်းကျော်ကို ပိုင်ဆိုင်သေးဆဲ ဖြစ်သည်။ ဖုန်းယွီသည် ငွေများစွာ သုံးစွဲခဲ့ရသော်လည်း ကီရီလန်ကိုက သူ့အတွက် အဆင့်မြင့်ဆုံး နည်းပညာပစ္စည်းများကို ရယူပေးမည်ဟု ကတိပေးထားသည်။ သူ့အနေဖြင့် မိုင်းတွင်းကုမ္ပဏီ၏ ဆုံးဖြတ်ချက်များကို ချမှတ်နိုင်သေးဆဲ ဖြစ်သည်။
ကီရီလန်ကိုသည် အဓိကရှယ်ယာရှင် ဖြစ်သော်လည်း ဖုန်းယွီသည် သူ့အနေဖြင့် တရုတ်ကို သတ္တုများ ရောင်းမည်ဟု ယုံကြည်ချက်ရှိပြီး ကီရီလန်ကိုအနေဖြင့် ကန့်ကွက်မည် မဟုတ်ချေ။
ဖုန်းယွီ ဟောင်ကောင်ကို ရောက်နေသည်ဟု ကြားသည့်အခါ ဖူကွမ်းကျမ်းကို ဖူမိသားစုကိုယ်စား ဖုန်းယွီနှင့် သူ့သူငယ်ချင်းအား ဂရုစိုက်ရန် တာဝန်ပေးလိုက်သည်။ ဖုန်းယွီသည် ဖူမိသားစု သူတို့ကို လာတွေ့လိမ့်မည်ကို သိသည်။ အကြောင်းမှာ သူတို့သည်လည်း ကီရီလန်ကိုနှင့် မိတ်ဆွေဖြစ်လိုသည့်အတွက် ဖြစ်၏။
သို့သော် ဖုန်းယွီက စိတ်ထဲမထားပေ။ ကီရီလန်ကိုနှင့် သူ၏ ရင်းနှီးမှုသည် တောင့်တင်းခိုင်မာနေပြီ ဖြစ်သည့်အတွက် ဖူမိသားစုအနေဖြင့် သူတို့၏ ရင်းနှီးမှုကို ဖျက်ပစ်ဖို့က မဖြစ်နိုင်ပေ။ ဖုန်းယွီသည် ကီရီလန်ကို၏ မိသားစု နောက်ခံကို အသုံးပြုပြီး ဖူမိသားစုစိတ်ထဲရှိ သူ့ အဆင့်ကို မြင့်တင်နိုင်ပေသည်။
သို့သော် ဖူကွမ်းကျန်းရောက်လာပြီးနောက် ဖုန်းယွီ နောက်တရမိ၏။ သူတို့ သုံးယောက် စကားပြောနေစဉ် ကီရီလန်ကို၏ ဘာသာပြန်က သူတို့နှင့်အတူ မလိုက်လာပေ။ အဆုံးတွင် ဖုန်းယွီသည် ကီရီလန်ကိုနှင့် ဖူကွမ်းကျန်းတို့အကြား စကားပြန် ဖြစ်သွားတော့သည်။
ချီး ငါက မင်းတို့တွေထက် ပိုချမ်းသာတယ်မလား။ ဘာလို့ ငါက မင်းတို့ရဲ့ စကားပြန် ဖြစ်နေရတာလဲ။
ညစာစားပြီးနောက် ဖူကွမ်းကျန်းကို လိုက်ပို့ပြီး ဖုန်းယွီနှင့် ကီရီလန်ကိုသည် ဟိုတယ်ကို ပြန်ခဲ့သည်။ သူတို့ နှစ်ယောက်သည် စီးပွားရေးအကြောင်းကို စတင်ဆွေးနွေးကြသည်။ တစ်ချိန်တည်းတွင် ဖူညီအစ်ကိုများနှင့် တဖန် တွေ့ပြန်၏။
“ကွမ်းကျန်း အဲ့ဒီ ဆိုဗီယက်ကောင်က စစ်တပ်နောက်ခံရှိတယ်လို့ မင်းပြောတာလား”
ဖူရုန်ချီက မျက်နှာမှန်ကုပ်စွာဖြင့် မေးလိုက်သည်။
“ဟုတ်တယ်။ သူ့အဖေက ဆိုဗီယက် ပြည်ထောင်စုရဲ့ အဆင့်မြင့် အရာရှိတစ်ယောက်။ ဖုန်းယွီ အရင်လတုန်းက လေယဉ်အရောင်းအဝယ်ကို မှတ်မိသေးလား။ အဲ့တာက ဒီလူကြောင့် ဖြစ်တာ။ သူ့က စစ်တပ်စက်ရုံတွေကနေတောင် လေယဉ်တွေကို ဈေးချိုချိုနဲ့ ရနိုင်တယ်”
ညီအစ်ကို လေးယောက်သား အချင်းချင်း ကြည့်လိုက်ကြသည်။ သူတို့သည် ထိတ်လန့်သွားတော့သည်။ သူတို့သည် ဖုန်းယွီ၏ နောက်ခံကို ပြန်ပြီး ဆန်းစစ်ရတော့မည်ဖြစ်ကြောင်း သူတို့ နားလည်သွားသည်။
ဖုန်းယွီတွင် ဆိုဗီယက် ပြည်ထောင်စုနှင့် အဆက်အသွယ်ရှိကြောင်း သူတို့ သိကြပေသည်။ မဟုတ်ပါက ဖုန်းယွီအနေဖြင့် ဆိုဗီယက် ပြည်ထောင်စုနှင့် ကုန်သွယ်နိုင်လိမ့်မည် မဟုတ်ချေ။ သူတို့က ဖုန်းယွီသည် ဆိုဗီယက် ပြည်ထောင်စု၏ အစိုးရပိုင်းနှင့် အဆက်အသွယ်ရှိသည်ဟု တွေးခဲ့မိသည်။ သို့သော် သူတို့ လုံးဝ မမျှော်လင့်ထားသည်ကား ဖုန်းယွီသည် ဆိုဗီယက်ပြည်ထောင်စု စစ်တပ်နှင့် အဆက်အသွယ်ရှိသည်ဆိုသည့် အချက်ပင် ဖြစ်သည်။ သူတို့သည် နိုင်ငံရေးတွင် မကျွမ်းကျင်ကြသော်ငြား သူတို့သည် တိုင်းပြည်တစ်ပြည်၏ စီးပွားရေးသည် ဆိုးရွားလာလျှင် အုပ်ချုပ်သူ အစိုးရအနေဖြင့် ဘာမှ မပြောနိုင်မှန်း သူတို့ သိကြပေသည်။ ယင်းက စစ်တပ်ပိုပြီး အာဏာ ကြီးလာခြင်းပင်ဖြစ်သည်။ ထပ်ပြောရပါက ဆိုဗီယက် ပြည်ထောင်စု၏ စစ်တပ်သည် ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံး စစ်တပ် တစ်ခု ဖြစ်သည်။
“ဖုန်းယွီက ဆိုဗီယက် ပြည်ထောင်စု ကုမ္ပဏီမှာ ရင်းနှီးမြှပ်နှံခဲ့တယ်လို့ ပြောတာလား။ ဖုန်းယွီ ဘယ်လောက် ရင်းနှီးမြှပ်နှံလည်းဆိုတာ မင်းသိလား”
“ကျွန်တော် သေချာတော့ မသိဘူး။ ဒါပေမဲ့ ဖုန်းယွီပြောတာက သူကုမ္ပဏီမှာ ပိုင်ဆိုင်တဲ့ ပိုင်ဆိုင်မှုတွေရဲ့ တစ်ဝက်ကို ရင်းနှီးမြှပ်နှံတယ်လို့ ပြောတယ်။ ဖုန်းယွီရဲ့ အရင်က ဆီရင်းနှီးမြှပ်နှံမှုကနေဆိုရင် သူ့အနေဖြင့် အနည်းဆုံး အမေရိကန်ဒေါလာ ၂ဘီလျံလောက် ရခဲ့တယ်။ သူ့လန်ဒန်ရွှေဈေးကနေလည်း အကျိုးအမြတ်တော်တော်ရတယ်။ သူ့ရဲ့ ရင်းနှီးမြှပ်နှံမှု အကုန်လုံးက အကျိုးအမြတ်အများကြီးရတယ်။ သူဘယ်တော့မှ မရှုံးဘူး။ ကျွန်တော်ရဲ့ ခန့်မှန်းတွက်ချက်မှုအရ ဖုန်းယွီရဲ့ ပိုင်ဆိုင်မှုက အမေရိကန်ဒေါ်လာ ၃ဘီလျံနားထိ ကပ်လိမ့်မယ်”
ချီး
ဖူရုန်ချီမှ လွှဲပြီးအခြားသော ညီအစ်ကို သုံးယောက်မှာ အံ့အားမှင်သက်သွားကြသည်။
ဖုန်းယွွီမှာ ဒီလောက်ပိုင်ဆိုင်မှု အများကြီးရှိတာလား။ ဒါက သူတို့ သုံးယောက်ထက် ဖုန်းယွီ ပိုပြီး ချမ်းသာတာလို့ ဆိုလိုချင်တာလား။ သူတို့ သုံးယောက်သည် သူတို့၏ အမွေများတွင်သာ မှီခိုနေရပြီး သူတို့အစ်ကိုအကြီးဆုံးသာ သူတို့ ယခုရောက်သည့်နေရာအထိ ရောက်အောင် လုပ်ပေးခဲ့ရသည်။
ဒါပေမဲ့ ဒီဖုန်းယွီက နှစ်ဆယ်တောင် မပြည့်သေးဘူး။ ပြီးတော့ ဘာလို့ ပိုင်ဆိုင်မှုတွေ ဒီလောက် များရတာလဲ။
ဖူရုန်ချီက သက်ပြင်းချလိုက်ရင်း
“လောင်စီ မင်းက ဖူမိသားစု မဟုတ်ဘူး။ ဖုန်းယွီဆီကနေ ရှယ်ယာတွေကို ယူချင်ရင် မင်းရဲ့ ကုမ္ပဏီ ပြိုမှာ။ မင်းသူ့ကို ပြန်ပြီး လက်တုန့်ပြန်လို့ မရတော့ဘူး”
“ဟမ့်.”
ဖူရုန်ကျင်းသည် ဖုန်းယွီက အရင်က ကောင်းကောင်း မဆက်ဆံခဲ့မိသည့်အတွက် နောက်တ ရလို့ မဆုံးပင်။ ဖုန်းယွွီ၏ ခန့်မှန်းနိုင်သည့် အမြင်က အချိန်တခဏအတွင်း ပိုက်ဆံများ ရအောင်လုပ်နိုင်ခဲ့လျှင် သူ့အနေဖြင့် သူ့သား ဖြစ်သူ ဖူကွမ်းကျန်းကို သူ့နားတွင် နေခိုင်းမည်ပင်။
ဖူရုန်ချီသည် ဖူရုန်ကျင်းအား လက်တုန့်ပြန်ခြင်း လက်လျော့ရန် ပြောသော်ငြား ထိုမတော်တဆမှုမှ ဝမ်းနည်းစရာ ကောင်းမှုသည် ဖူရုန်ကျင်းအား ခြောက်လန့်နေသေးဆဲပင် ဖြစ်သည်။ သူ့အနေဖြင့် ဖုန်းယွီ၏ အရောင်းပိုင်းနှင့် ပတ်သက်ပြီး ပြဿနာများ ဖန်တီးချင်သည်။ ဖူရုန်ကျင်းအနေဖြင့် ငွေကြေးဈေးကွက်တွင် ရင်းနှီး မမြှပ်နှံသ၍ ဖုန်းယွီ ဘာမျှ မလုပ်နိုင်ဟု မယုံကြည်ပေ။
သို့သော် ယခုတွင် သူ့အနေဖြင့် ထိုသို့တောင် မစဉ်းစားရဲတော့ပေ။ ဖုန်းယွီ၏ ပိုက်ဆံရှာနိုင်စွမ်းပကားက သူတို့ အားလုံးထဲတွင် အထင်ကြီးစရာ အကောင်းဆုံး ဖြစ်သည်။ ထို့အပြင် ဖူရုန်ကျင်းသည် သူဆုံးရှုံးထားသည့် ပိုက်ဆံများကို ပြန်လည်ရရှိပြီး ဟောင်ကောင်ဒေါ်လာ သန်း၁၀၀ကိုတောင် ရှာနိုင်ပြီ ဖြစ်သည်။
သူ့အနေဖြင့် ဖုန်းယွီကို လက်တုန့်ပြန်ချင်လျှင်တောင် သူ့အနေဖြင့် လုပ်နိုင်တော့မည် မဟုတ်ချေ။ သူ့အစ်ကိုကြီးဆုံး ဖြစ်သူက သူ့အား မကူညီလျှင် သူ့ပိုင်ဆိုင်သည့် အရာများနှင့် ဖုန်းယွီကို ရင်ဆိုင်ရန်ကား လုံလောက်မှု မရှိချေ။ တိတ်တဆိတ် နည်းလမ်းသုံးလျှင်ကော။ ဖူရုန်ချီသည် ဖုန်းယွီထို သတင်းအချက်အလက်များ ရရှိနိုင်ခြင်းမှာ သူ့နောက်ကွယ်တွင် ရှိသည့် လူကြောင့်ဖြစ်သည်ဟု သူ့တို့အား ပြောထားသည်။ သူ့နောက်ကွယ်မှ တစ်ယောက်သည် တရုတ်နိုင်ငံ၏ အရေးပါသော အစိုးရ အဖွဲ့ဝင်များထဲမှ တစ်ယောက် ဖြစ်ပေလိမ့်မည်။ သူ့အနေဖြင့် ထိုမတော်တဆမှု သေးသေးလေးများကို ဖြေသိမ့်မှ ရပေတော့မည် ဖြစ်သသည်။ သို့သော် ဖုန်းယွီ မကောင်းသည့် အရာ တစ်ခုခု ဖြစ်ပါက သူ့အနေဖြင့် ဖူမိသားစုကို လက်စားချေမည် ဖြစ်သည်။
ယခုအခြေအနေတွင် ဖူမိသားစု အဆင်ပြေသေးသည်။ သို့သော် ဟောင်ကောင်ကို တရုတ်ပြည်မဆီ လက်လွဲပြီးနောက် ဖူမိသားစု မည်သို့ ဆက်ဖြစ်မည်နည်း။
ထို့ကဲ့သို့ အင်အားကြီးမားသည့်သူ တစ်ယောက်နှင့် ရန်သူလုပ်ရခြင်းထက် အဘယ်ကြောင့် မိတ်ဆွေဖြစ်ရန် မရွေးချယ်ရမည်နည်း။ ဖူမိသားစုသည် သူတို့၏ သစ္စာရှိမှုကို အိုက်ဝ၏ ရှယ်ယာများကို ရောင်းပြီး ပြသခဲသည်။ ဖုန်းယွီသည်လည်း သူတို့အတွက် အရေးကြီးသည့် အချက်အလက်များကို ပြန်လည် မျှဝေခဲ့သည်။
ဖူရုန်ချီသည် ပိုက်ဆံအတွက် ဆန့်ကျင်မည် မဟုတ်ပေ။ တရုတ်နိုင်ငံရှိ သူ့စီးပွားရေးကိုလည်း ဆက်လက် ဖွံ့ဖြိုးစေချင်၏။ အကယ်၍ သူ့အနေဖြင့် တရုတ်ဈေးကွက်ထဲ ဝင်နိုင်ခဲ့လျှင် သူ့အနေဖြင့် ဘီလျံနာ တစ်ယောက် ဖြစ်သွားမည်ပင်။
ဖုန်းယွီ ပိုက်ဆံ အများကြီး ရင်းနှီးမြှပ်နှံသည့် ကုမ္ပဏီသည် မည့်သည့်ကုမ္ပဏီ ဖြစ်ကြောင်း တွေးတောနေသေည်။ ထိုရင်းနှီးမြှပ်နှံမှုကား အမေရိကန်ဒေါ်လာ သန်း ၁၅၀၀ (၁.၅ ဘီလျံ) ရှိသည်။ ဆိုဗီယက် ပြည်ထောင်စုတွင် မည့်သည့်အရာက ရင်းနှီးမြှပ်နှံသင့်သည့် အရာနည်း။
ဖုန်းယွီက ဆိုဗီယက် ပြည်ထောင်စုသည် ပြိုကွဲတော့မည် ဖြစ်ကြောင်း ပြောခဲ့သော်လည်း အဘယ်ကြောင့် ထိုနိုင်ငံတွင် သူရင်းနှီးမြှပ်နှံသနည်း။ သူ့၏ ရင်းနှီးမြှပ်နှံမှုများကို အစိုးရအသစ်က အသိအမှတ်မပြုခြင်း သို့မဟုတ် အရာအားလုံးကို သိမ်းယူသွားခြင်းအား မကြောက်ရွံ့သည်လော။
မည်သို့ပင် ဖြစ်စေကာမူ သူ့နှလုံးထဲတွင် ဖုန်းယွီသည် အဆင့်မြင့်သည့် နေရာကို ယူသွားပြီ ဖြစ်သည်။ သူဌေးကြီးများ ဖြစ်သည့် စူပါးမန်းလီကိုတောင် ကျော်သွားပြီပင်။
ဖုန်းယွီနှင့် သေချာပေါက် မိတ်ဆွေ ဖြစ်ရမည်ပင်။