← Chapters

အဆင့်မြင့်မြင့် ဖုန်းရှင်းထိုက်

Vol. 19 Ch. 275

အဆင့်မြင့်မြင့် ဖုန်းရှင်းထိုက်

Vol. 19 Ch. 275

ဖုန်းယွွီ ဘင်းမြို့တော်သို့ ပြန်လာသည့် အချိန်တွင် နှှစ်သစ်ကူး ရောက်တော့မည် အချိန် ဖြစ်နေ၏။ ထိုက်ဟွ၏ ဝန်ထမ်းများသည်လည်း ဆိုဗီယက် ပြည်ထောင်စုကို နောက်ဆုံး ထုတ်ကုန်များ တင်ပို့ပေးပြီးနောက် သူတို့၏ နှစ်စဉ် အားလပ်ရက်ကို ကုန်ဆုံးတော့မည်ပင်။

ဝူကျီကန်းနှင့် ကျန်သည့် ဝန်ထမ်းများသည် စိတ်လှုပ်ရှားနေကြသည်။ သူတို့၏ နှစ်ကုန်ဘောနပ်စ် သည် မည်မျှရမည်ကို သူတို့ မသိကြပေ။ လွန်ခဲ့သည် နှစ်နှစ်က ပေဂျာ တစ်ခု ရခဲ့ကြသည်။ ယမန်နှစ်က သူတို့သည် မော်တော်ဆိုင်ကယ် တစ်စီးရခဲ့၏။ နှစ်တိုင်း သူတို့သည် အကောင်းဆုံး ဘောနပ်စ်များ ရရှိခဲ့ကြသည်။ တရုတ်နိုင်ငံရှိ မည်သည့်ကုမ္ပဏီကမျှ သူတို့နှင့် မယှဉ်ပြိုင်နိုင်ကြပေ။ ယခုနှစ်တွင် သူတို့ ဘာရရှိမည်နည်း။

ယခုနှစ်တွင် ဖုန်းယွီသည် မည်သည့် ပစ္စည်းမှ မပြင်ဆင်ထားပေ။ သူသည့် နေ့စဉ်လိုအပ်ချက် ပစ္စည်းများ ဖြစ်သည့် ဆန်၊ ဂျုံအစရှိသည့် အရာများကိုပင် မပြင်ဆင်ထားပေ။ ယခုနှစ်တွင် ဖုန်းယွီသည် သူတို့ကို ငွေထုတ်ပေးမည်ပင်။

ဘောနပ်စ်သည် သူတို့ တစ်ယောက်ချင်းစီ၏ စွမ်းဆောင်ရည်ပေါ် မူတည်ပြီး ရရှိခြင်း ဖြစ်သည်။ သူတို့ အကုန်လုံးသည် ဘောနပ်စ်များ ရရှိကြမည်ပင် ဖြစ်သည်။ အနိမ့်ဆုံးပမာဏသည် ယွမ် ၈၀၀၀ ဖြစ်ပြီး ဝူကျီကန်းသည် အများဆုံးရသူ ဖြစ်ပြီး ယွမ် ၁၂,၀၀၀ ရရှိခဲ့သည်။

သူတို့သည် ယမန်နှစ်များထက် ဘောနပ်စ်ရသည်မှာ နည်းသည်ဟု ဆိုနိုင်သော်လည်း ဖုန်းယွီသည် သူတို့၏ ပိုက်ဆံများအား ရင်းနှီးမြှပ်နှံရန် ကူညီပေးခဲ့သည်။ သူတို့သည် သူတို့၏ ရှယ်ယာများကို ကိုင်ထားဆဲ ဖြစ်သော်ငြား ဖုန်းယွီသည် သူတို့ကို ထိုရှယ်ယာများအား ဇွန်လရောက်မှသာ ရောင်းချရန် ပြောထားသည်။ ဖုန်းယွီက လူတိုင်းကို သူတို့ ထည့်ဝင်ထားသည့် ပမာဏထက် အနည်းဆုံး အဆပေါင်းများစွာ ရရှိမည် ဖြစ်ကြောင်း ပြောထားခဲ့၏။

ယင်းအဓိပ္ပာယ်ကား ယခုနှစ်တွင် လူတိုင်းသည် အနည်းဆုံး ယွမ် သိန်းချီ ရရှိမည် ဖြစ်သည်။ ယင်းက ယမန်နှစ်က ရသည်ထက်တောင် များနေသေး၏။

ထိုက်ဟွကုန်သွယ်ရေး၏ နှစ်ကုန်ဘောနပ်စ်သတင်းသည် မကြာခင်တွင် စက်ပစ္စည်းစက်ရုံကို ပျံ့နှံသွားသည်။ လူတိုင်းက ထိုက်ဟွကုန်သွယ်ရေး၏ ဝန်ထမ်းများကို မနာလို ဖြစ်ကြသည်။ အချို့သော သူများက ဝူကျီကန်းအား မနာလို ဖြစ်ကြသည်။ သူတို့၏ လစဉ် လစာသည် နိုင်ငံတော်က သတ်မှတ်ထားသည့် ပျှမ်းမျှလစာထက် များပြိး သူတို့၏ လစဉ် အကျိုးအမြတ်များကလည်း သူတို့ထက်တောင် ကောင်းသေး၏။ ယခုနှစ် နှစ်ကုန် ဘောနပ်စ်များကို အလုပ်သမားတိုင်းကို အားကျစေ၏။ ပေဂျာနှင့် မော်တော်ဆိုင်ကယ် အခြားသော စက်ပစ္စည်းစက်ရုံများမှ ခေါင်းဆောင်များမှ လွဲပြီး မည်သူက တက်နိုင်ကြမည်နည်း။

ယခုနှစ်တွင် ထိုက်ဟွ ကုန်သွွယ်ရေးက ငွေထုတ်ပေးခြင်း ဖြစ်သည်။ ထိုက်ဟွကုန်သွယ်ရေး၏ ဝန်ထမ်းများ၏ နှစ်ကုန်ဘောနပ်စ်များက သူတို့၏ ၅နှစ်၆နှစ်စာ လုပ်အားခနှင့် ညီမျှပေ၏။

သေချာသည်မှာ အချို့သော သူများက ထိုက်ဟွကုန်သွယ်ရေးသည် ဒီနှစ်တွင် သိပ်မပေးဟု ဆိုကြပြန်သည်။ ယမန်နှစ်က မော်တော်ဆိုင်ကယ်၏ တန်ဖိုးသည် တစ်စီးလျှင် ယွမ် ၂၀,၀၀၀နီးပါး ရှိပြီး ယခုနှစ်တွင် ဝန်ထမ်းများကား ယွမ် ၁၀,၀၀၀သာ ရရှိကြပေ၏။

ထိုသူများက သူတို့အား ချဉ်နေသည့် အုပ်စုများ ဖြစ်ကြသည်။ သူတို့သည် ထိုက်ဟွကုန်သွယ်ရေးကို မနာလိုရုံသာ တက်နိုင်ပေသည်။

ဖုန်းယွီသည်လည်း သူ့ကိုယ်သူ အဆင့်မြင့်လာသည်ဟု ထင်ရသည်။သို့သော် သူ့ဒေသတို့ ပြန်သည့်အခါ သူ့အနေဖြင့် အဆင့်မြင့်ဆိုသော အဓိပ္ပာယ်အစစ်ကို နားလည်လာ၏။

အ ဘာလို့ လမ်းမီးတိုင်တွေမှာ ဘန်နာတွေ ချိတ်ထားရတာလဲ။ ပုံမှန်ဆို နှစ်သစ်ကူးပွဲတော်တွေမှာ ဘန်နာတွေ မရှိပါဘူး။ ပုံမှန်က အဆင့်မြင့်အရာရှိတွေ လာရောက်လည်ပတ်တဲ့အခါမှ ချိတ်တာလေ။

“ဘေကျင်းတက္ကသိုလ်ကို ဝင်ခွင့်ရတဲ့အတွက် ဖုန်းယွီကို ဂုဏ်ပြုပါတယ်”

“ဖုန်းယွီဆီက သင်ယူပြီး နိုင်ငံတော်ကို အကျိုးပြုကြပါ”

“နိမ့်ကျတဲ့ ကျောင်းသားကတောင် ဘေကျင်းတက္ကသိုလ်ကို ဝင်နိုင်တယ်”

……

ခဏ... ဒီဘန်နဦတွေက ငါ့အကြောင်းရေးထားတာလား။

စတီယာတိုင်ပေါ်တွင် ဖုန်းယွီ၏ လက်များက လှုပ်သွားပြီး ကားက မြောင်းထဲသို့ ကျသွားတော့မည်ပင် ဖြစ်သွားခဲ့သည်။ ဘေကျင်းတက္ကသိုလ်ကို ဝင်ခွင့်ရသည့်အကြောင်း ဂုဏ်ပြုထားသော ဘန်နာ ဒါဇင်ပေါင်းများစွာရှိပြီး ယင်းက ဖုန်းယွီကို ခံစားချက် ကောင်းစေသည်။

ဒေသ ပညာရေးဌာနလူတွေက ဒီဘန်နာတွေကို ချိတ်ထားတာလား။ ဖုန်းယွီသည် နိုင်ငံ၏ ထိပ်တန်းကျောင်းသား တစ်ယောက်လည်း မဟုတ်ပေ။ သူ့အနေဖြင့် ဘေကျင်းတက္ကသိုလ်သို့ ဝင်ခွင့်ရသည်ကို အများပြည်သူထိ ချပြဖို့ရန် လိုအပ်သည်လော။

နိမ့်ကျတဲ့ ကျောင်းသားဆိုတဲ့ အဓိပ္ပာယ်က ဘာလဲ။ တကယ်လို့ ဖုန်းမိသားစုကို နိမ့်ကျတယ်လို့ စဉ်းစားရင် တရုတ်တစ်နိုင်ငံလုံး ချမ်းသာတဲ့ မိသားစုရှိမှာကို မဟုတ်ဘူး။

ဟမ့်”ဖုန်းယွီဆီက သင်ယူပြီး နိုင်ငံတော်ကို အကျိုးပြုပါ” ဒီစာတမ်းကလည်း တကယ် သင့်တော်တယ်။ ဒီလို ဘန်နာမျိုး အများကြီး ချိတ်ထားသင့်တယ်။ ဒါကို သေချာပေါက် ဆရာဆရာမတွေ ရေးတာပဲ ဖြစ်မယ်။ ဒေသက ကျောင်းတွေိကို ငါကျောင်းလှူလို့ ဖြစ်မယ်။

ဖုန်းယွီသည် သူ့အိမ်ကို ကားမောင်းလာပြီး အပြင်ဖက်တွင် လူအုပ်စု တစ်စု ရှိနေသည်ကို သတိပြုမိလိုက်၏။ သူတို့သည် သူ့အဖေနား စုဈေးနေကြခြင်း ဖြစ်သည်။ ပြီးနောက် သူတို့ တစ်ခုခု ပြောဆိုနေကြသည့် ဟန်ပင် ဖြစ်၏။

ဖုန်းယွီက ထိတ်လန့်သွားသည်။ ဒီလူတွေက ဘယ်သူတွေလဲ။ နှစ်သစ်ကူးတောင် မရောက်သေးဘူး။ ဒီကိုလာပြီး ပြဿနာ လာရှာနေကြတာလား။ ခဏလေး အဖေကလည်း ပြုံးဖြီးနေတာ ပြီးတော့ ပြောရမယ်ဆိုရင် ဒီဒေသက ဘယ်သူက ငါ့အဖေကို ပြဿနာ ဖန်တီးရဲမှာလဲ။ လယ်ယာဌာနရဲ့ အရာရှိချုပ်တောင် အဖေကို ဆန့်ကျင်ရဲတာမှ မဟုတ်တာ။

ဖုန်းယွီ ကားထဲက ထွက်လာသည့်အခါ လူတိုင်းက သူ့နားကို ဝိုင်းလာကြတော့၏။

“ရှောင်ယွီလေးရေ ဂုဏ်ပြုပါတယ်။ သားက ဟွာချင်းတက္ကသိုလ်ကို ဝင်နိုင်တယ်လို့ ကြားတာ ဟုတ်လား”

“ဘာဟွာချင်း တက္ကသိုလ်လဲ။ ဘေကျင်းတက္ကသိုလ်”

“ဖုန်းယွီက ဘေကျင်းတက္ကသိုလ်မှာ နေရာ တစ်နေရာ ရခဲ့တာ။ အဲတာရဲ့ အဓိပ္ပာယ်ကို မင်းမသိဘူးလား”

“သေချာတာပေါ့။ သူက ဝင်ခွင့်စာမေးပွဲကို ဖြေစရာတောင် မလိုခဲ့ဘူး။ ငါ့ရဲ့ အစ်ကိုကလည်း အရင်က အဲ့အတိုင်းပဲ သူက စိုက်ပျိုးရေးနဲ့ စစ်ဖက်ဆိုင်ရာ တက္ကသိုလ်မှာ ဝင်ခွင့်ရရှိခဲ့တာ”

……

“မင်္ဂလာပါ ဦးလေးတို့ ဘာကြောင့် ဒီနေရာမှ ရှိနေကြတာလဲ”

ဖုန်းယွီက ပြုံးရင်း ယဉ်ကျေးစွာ မေးလိုက်၏။ ထိုသူများသည် သူ့ထက် အသက်ကြီးသူများပင် ဖြစ်ကြလေ၏။

“ရှောင်ယွီ ဦးလေးတို့က ဒီနေ့မင်းကပြန်လာမယ်လို့ ကြားလို့ ဒီမှာ မင်းကို ကြိုဆိုဖို့ စောင့်နေကြတာ”

“ရှောင်လေ့ ဒီကိုလာပြီး အစ်ကို ဖုန်းယွီကို နှုတ်ဆက်လိုက်ဦး။ သူက ဘေကျင်းတက္ကသိုလ်က ကျောင်းသား တစ်ယောက်။ ကြီးလာရင် ဒီကိုကိုကြီးက ခေါင်းဆောင် တစ်ယောက် ဖြစ်လာလိမ့်မယ်။

တစ်စုံ တစ်ယောက်က ကလေးကို ဆွဲခေါ်လိုက်လေ၏။

ဖုန်းယွီက”......”

ငါက မိုးနတ်မင်းမှ မဟုတ်တာ။ ဘယ်လိုလုပ် သူ့ကို ထိပေးရုံနဲ့ အမှတ်ကောင်းကောင်း ရအောင် လုပ်ပေးနိုင်မှာလဲ။ အဲ့တာအပြင် မင်းရဲ့ကလေးကလည်း အရမ်းကို ငယ်လွန်းသေးတယ်။

“ဒီကိုလာပြီး သကြားလုံးတွေ လာယူကြ။ ငါ့သားလေး ပင်ပန်းနေပြီ။ အခုတော့ ပြန်တော့နော် ပြီးမှ သူ့ကို လာတွေ့”

ကျန်းမူဟွသည် လင်ဗန်းကြီးကြီးထဲ သကြားလုံး အပြည့်ဖြင့် ရောက်ချလာ၏။

ဖုန်းယွီ စိတ်သက်သာ ရာရသွားသည်။ သူ့လမ်းပိတ်မည့် လူအုပ်ကြီးကို နောက်ဆုံးတွင် ရပ်နိုင်ခဲ့ပြီ ဖြစ်သည်။

“အဖေ၊ အဖေ ဘာတွေ ဖြစ်နေတာလဲ။ ဘာကြောင့် လူတွေ အများကြီး ရှေ့မှာ စောင့်နေကြတာလား။ ဒါ့အပြင်ကို ဒေသတစ်ခုလုံး ဘန်နာတွေ အများကြီး ရှိနေရတာလဲ”

ဖုန်းယွွီသည် ပျားရည် တစ်ခွက် သောက်ပြီးနောက် မေးလိုက်၏။

“လူတိုင်းက ဘေကျင်းတက္ကသိုလ်ကို ကျောင်းတက်ခွင့်ရတဲ့ ကျောင်းသား တစ်ယောက်ရှိတဲ့ အဖေကို အားကျနေကြတာလေ”

ဖုန်းရှင်းထိုက်က ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်၏။

“ဒါပေမဲ့ ဘာကြောင့် ဒီလောက် ဘန်နာတွေ အများကြီးကို ချိတ်ထားရတာလဲ။ အဖေက လူတွေကို ဒီဘန်နာတွေ ချိတ်ဖို့ ပြောခဲ့တာလား”

“မဟုတ်ဘူး။ ဒေသအဖွဲ့ ဒီဘန်နာတွေကို ချိတ်ခိုင်းတာ။ မင်းက ငါတို့ ဒေသမှာ ပထမဆုံး ဘေကျင်းတက္ကသိုလ် ဝင်ခွင့်ရတဲ့ ကျောင်းသားလေ”

ဖုန်းရှင်းထိုက်က ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြောလိုက်၏။

“တော်တော့။ မင်းအဖေရဲ့ အခြေအမြစ်မရှိတဲ့ စကားတွေကို နားထောင်တာ ရပ်လိုက်တော့ ။ သူက ဝယ်ထားတဲ့ မီးပန်းတွေ အကုန်လုံးကို ဒေသအဖွဲ့ကို လှူလိုက်တာ။ ဒေသက လူကြီးတွေကလည်း အဲ့မီးပန်းတွေကို နှစ်သစ်ကူးမှာ လွှတ်မှာ။ ဒေသက လူကြီးတွေက ကျေးဇူးတင်တဲ့အနေနဲ့ ဘန်နာ တစ်ခုကို ချိတ်ဖို့ ကတိပေးခဲ့တာ။ ဒါပေမဲ့ မင်းအဖေက ဘန်နာအခု သုံးဆယ်ပြောပြီး ဒေသက လူတွေကိုပဲ တက်ချိတ်ခိုင်းတာ”

ကျန်းမူဟွက ပြောလိုက်သည်။

“ဘာမှားလို့လဲ။ ငါလှူတဲ့ မီးပန်း ဘယ်လောက်များလဲ ဆိုတာ သိလို့လား။ ငါ့အနေနဲ့ ဘန်နာတောင် ချိတ်လို့ မရဘူးလား။ လူကြီးဝမ်က အရမ်းတွန့်တိုတယ်။ သူက ဘန်နာတွေကို နည်းနည်းပဲ ချိတ်ချင်တာ”

ဖုန်းရှင်းထိုက်က စိတ်တိုလျက် ပြောလိုက်၏။

“အဖေ အဲ့တာက ဂုဏ်ဖော်နေတယ်လို့ မတွေးမိဘူးလား။ နိမ့်နိမ့်ချချနေ့ဖို့ အဖေ ကျွန်တော်ကို မသွန်သင်ခဲ့ဘူးလား”

ဖုန်းယွီသည်လည်း ဘန်နာ တစ်ခုနှစ်ခုဆို အဆင်ပြေသည်ဟု တွေးခဲ့သည်။ သူ့ကိုယ်ပိုင် အစွမ်းအစဖြင့် ဘေကျင်းတက္ကသိုလ်ကို ဝင်နိင်ခဲ့လှင် ယင်းက အဆင်ပြေသည်။ သို့သော် သူထိုတက္ကသိုလ်တို့ တက်ရသည့် အကြောင်းအရင်းမှာ အချို့သော အကြောင်းပြချက်များကြောင့် ဖြစ်ပေသည်။

“ဘာကြောင့် ငါက ဂုဏ်မဖော်ဘဲ နေရမှာလဲ။ တခြားသူတွေရဲ့ သားက ဘေကျင်းတက္ကသိုလ်ကို ပထမဆုံး ဝင်ခွင့်ရတဲ့ ကျောင်းသား ဖြစ်ရင် အခြားသူတွေလည်း ဂုဏ်ဖော်ကြမှာပဲ”

‘

ဖုန်းရှင်းထိုက်က ပြန်ပြောလိုက်သည်။

“ကောင်းပြီ ကောင်းပြီ။ ဂုဏ်ဖော်လို့ ရတယ်။ ဒါပေမဲ့ ကျွန်တော် ပြောထားတဲ့ နှစ်သစ်ကူးအတွက် မီးရှူးမီးပန်းနဲ့ ဗျောက်အိုးတွေ ဝယ်ပြီးပြီလား။ ဘယ်လောက်ဖို့ ဝယ်ခဲ့တာလဲ”

ဖုန်းယွီက သူ့အဖေကို ယခုနှစ်တွင် မီးပန်းများ များဝယ်ရန် ပြောထားခဲ့၏။

“မင်းက ဒါကို ပြောရဲသေးတယ်လား။ မင်းက မင်းအဖေကို မီးရှူးမီးပန်းနဲ့ ဗျောက်အိုးကို ယွမ် ၅၀၀၀၀ ဖိုးဝယ်ဖို့ ပြောခဲ့တယ်။ ပြီးတော့ မင်းရဲ့အဖေက ယွမ် ၁၀၀,၀၀၀ကျော်ဖိုး ဝယ်ခဲ့တယ်”

ကျန်းမူဟွသည် ပိုက်ဆံကို ထိုနေရာတွင် အသုံးပြုသည့်အတွက် စိတ်ထဲတွင်တော့ ကျေနပ်ခြင်း မရှိပေ။

“ဟာ... ဘယ်တုန်းက ကျွန်တော် အဖေကို မီးပန်း ယွမ် ငါးသောင်းဖို့ ဝယ်ဖို့ ပြောဖူးလို့လဲ”

“မင်းငါ့ကို ပေဂျာပို့ပြီး ငါ့ကို ယွမ် ၅၀,၀၀၀တန်ဖိုးရှိ မီးရှူးမီးပန်းနှင့် ဗျောက်အိုးတွေကို ဝယ်ဖို့ ပြောခဲ့တာမလား”

“ကျွန်တော်က အဖေကို ဝူဝမ်ရဲ့ မီးပန်းတွေ ဝယ်ဖို့ ပြောခဲ့တာလေ။ (吴万သည် လူတစ်ယောက်၏ နာမည် ဖြစ်ပြီး五万 အသံ ၅၀,၀၀၀နှင့် ဆင်၏။) သူ့စက်ရုံက မီးပန်းတွေက အမိုက်ဆုံးပဲ”

ဖုန်းယွီက ပြောလိုက်သည်။ ယခုလက်ရှိ ပေဂျာများသည် ဂဏန်းများသာ ပြသသေးဆဲ ဖြစ်သည်။ မက်ဆေ့ တစ်စောင်ပို့ချင်ပါက ပေဂျာရုံးကို ခေါ်ပြီး အော်ပရေသာမှ တဆင့် စာသားဖြင့် ပေဂျာများ ပို့လို့ ရမည်ပင်။*1

“ကြည့် ကျွန်မ မပြောဘူးလား ကျွန်မရဲ့သားက ဒီလိုမျိုး ပိုက်ဆံ မဖြုန်းပါဘူးလို့။ သူ့ဆီ တစ်ခါ အတည်ပြုဖို့ မပြောဘူးလား။ ဘာလို့ ကျွန်မ မပြောတာ နားမထောင်တာလဲ”

ကျန်းမူဟွက ငေါက်လိုက်သည်။

“ဘာပဲ ဖြစ်ဖြစ် စိတ်ထဲမထားတော့နဲ့ မီးပန်းတွေကို ဝယ်ပြီးသွားပြီလေ။ ငါ့သားကလည်း ဘေကျင်းတက္ကသိုလ်ကို ဝင်ခွင့် ရသွားပြီ။ ပြီးတော့ ငါက မီးပန်းတွေ အများကြီးရချင်သေးတယ်။ ဒေသ တစ်ခုလုံး ဒီအကြောင်းကို သိရမယ်။ တကယ်လို့ မြို့တော်ရဲ့ စည်းကမ်းသတ်မှတ်ချက်တွေနဲ့ မဆန့်ကျင်ဘူးဆိုရင် ဒီမီးပန်းကို မြို့တော်ထဲမှာ လွှတ်မယ်။ ဒီနေ့ ညစာ မပြင်ဆင်နဲ့တော့။ ငါတို့တွေ ဒီနေ့ အစားအစာ ထုတ်လုပ်တဲ့ စက်ရုံရဲ့ ကန်တင်းမှာ စားကြမယ်။ ငါ့သူငယ်ချင်းတွေကို ဖိတ်ထားသေးတယ်။ သူတို့ကို ငါတို့သားနဲ့ တွေးစေချင်သေးတယ်”

ဖုန်းယွီက”....”

All Chapters