နှစ်သစ်ကူးအား ဇာတိမြေတွင် ဖြတ်သန်းခြင်း
Vol. 19 Ch. 276
နှစ်သစ်ကူးပွဲတော်နေ့ ည ၉နာရီ ရှိပြီ ဖြစ်သည်။ ဒေသရှိလူတိုင်းက ယဉ်ကျေးမှုနန်းတော်ရှေ့ရှိ ကွင်းပြင်တွင် စုဝေးနေကြသည်။ နွေဦးရာသီ ဖျော်ဖြေပွဲသည် နှစ်တိုင်းရှိပေသည်။ ပုံမှန်အားဖြင့် အစောပိုင်းပြသည့် အစီအစဉ်များသည် စိတ်ဝင်စားဖွယ် မကောင်းပေ။ သူတို့အနေဖြင့် ယမန်နေ့တွင် ပြန်လည်ပသသည့်အခါတွင်လည်း ကြည့်ရှုနိုင်လေသည်။ လူတိုင်းသည် ဤနေရာကို မီးပန်းပွဲ ကြည့်ရန် ရောက်ရှိနေကြခြင်း ဖြစ်သည်။ ယခုနှစ်တွင် သူတို့ ကြားသည်ကား ဒေသက ယွမ် တစ်သိန်းဖိုးရှိသည့် မီးပန်းများ စီစဉ်ထားသည့် ဆိုသည့် သတင်းပင် ဖြစ်သည်။ သူတို့အနေဖြင့် လက်လွှတ်မခံလိုကြပေ။
ဖုန်းယွီသည် ယခုကဲ့သို့သော မီးပန်းပွဲတော်မျိုးက နောက်လမည့် နှစ်များတွင် မြင်တွေ့နေကျ ပုံစံမျိုး ဖြစ်သည်ကို သိပေသည်။ အချို့သော နေရာများကို မီးပန်းအတွက် သန်းချီတောင် အသုံးပြုကြပေ၏။
စိုက်ပျိုးရေးဌာန အရာရှိချုပ်က မိန့်ခွန်းတွင် ဖုန်းယွီနှင့် ဖုန်းရှင်းထိုက် နာမည်ကို ကြိမ်ဖန်များစွာ ပြောကြားခဲ့သည်။ ဖုန်းရှင်းထိုက်သည်လည်း အရာရှိချုပ်နှင့်အတူ ပထမဆုံး ဗျောက်အိုးကြိုးဖောက်ရန် ဖိတ်ခေါ်ခြင်း ခံရသည်။
ဗျောက်အိုးဖောက်ပြီးသွားပြီးနောက် မီးပန်းများကို စတင် ပစ်လွှတ်တော့သည်။
လူကြီး လူငယ်မရွေး ပျော်ရွှင်နေကြသည်။ ကောင်းမွန်သည့် နှစ်တစ်နှစ် ရောက်လာပြီ ဖြစ်သည်။ သူတို့အားလုံး သူတို့၏ လယ်များမှ ပိုက်ဆံများ ရှာနိုင်တော့မည် ဖြစ်သည်။
ဖုန်းယွီသည် လီနကို လူအုပ်ထဲတွင် မြင်လိုက်ရသည်ပြီးနောက် သူမနောက်တွင် သွားရပ်လိုက်သည်။ သူသည် လီန၏ ဘယ်ဖက်ပခုံးကို ပုတ်လိုက်ပြီး သူမ၏ ညာဖက်ကို မြန်မြန်ဆန်ဆန်ဖြင့် ရွေ့လိုက်သည်။
“တော်လိုက်တော့။ ငါတို့တွေ မနက်ဖြန်က လျိုခွင်တို့အိမ်သွားမှာ။ ဒီနှစ် သူက သူ့ရဲ့ ဇာတိမြေကို မပြန်ဘူးလို့ ပြောတယ်”
လီနက ပျော်ရွှင်စွာဖြင့် ဖုန်းယွီကို အရိတ်အမြွတ်ပြလိုက်သည်။
ဖုန်းယွီက ပြန်ပြောလိုက်၏။
“ငါ နင်တို့တွေနဲ့ လိုက်လို့ မရဘူး။ မနက်ဖြန်က နှစ်သစ်ကူး ဖြတ်သန်းဖို့အတွက် ဇာတိမြေကို ပြန်ကြမှာ။ ငါတို့ လွန်ခဲ့တဲ့ နှစ်နှစ်လုံး မပြန်ခဲ့ရဘူး။ ပြီးတော့ ငါ့အဖိုးကလည်း ခေါ်နေတယ်။ ငါတို့တွေ ဒီနှစ်တော့ ပြန်လိုက်ဦးမယ်”
ဖုန်းယွီတွင် ဦးကြီးရှိနေဆဲ ဖြစ်သည်။ သူသည် လုံကျန်းပြည်နယ်တွင်ပဲ နေသည်။ သို့သော် သူတို့နေသည့် မြို့က မြောက်ပိုင်းပိုကျသည်။ သူ့အဖိုးသည် သူ့ဦးကြီး ဖြစ်သူနှင့် နေသည်။ သူ့အရင်ဘဝတွင် သူ့အဖိုးသည် အလွန်ကျန်းမာသည်။ သို့သော် ထောင်စုနှစ် ကူးပြီးနောက် သူသည် မတော်တဆမှု တစ်ခုကြောင့် ကွယ်လွန်ခဲ့သည်။ ဖုန်းယွီသည် သူ့အဖိုးကို အကြိမ်အနည်းငယ်မျှသာ တွေ့ဖူးသည် သူ့အနေဖြင့်သူ့ပုံရိပ်ကို ကောင်းကောင်း မမှတ်မိပေ။
ငွေရေးကြေးရေး ပြည့်စုံလာသည့်အခါ ဖုန်းရှင်းထိုက်က သူ့အဖေကို သူနှင့်အတူ နေစေချင်သည်။ သို့သော် သူ့အဖေက သူ့သူငယ်ချင်းများ ရှိသည့် နေရာတွင်သာ နေလိုကြောင်း ပြောခဲ့သည်။ ထို့ကြောင့် ဖုန်းရှင်းထိုက်အတျွက် နှစ်တိုင်း ပိုက်ဆံ ပိုပေးရသည်။ နွေရာသီတွင် သူ့ဆီ သွားလည်၏။
လွန်ခဲ့သည့် နှစ်များက ဖုန်းမိသားစုသည် မပျော်ရွှင်ကြပေ။ လူများစွာက သူတို့ဆီ အလည်လာကြသည်။ ပြီးနောက် သူတို့နှင့် မရင်းနှီးသည့် လူများတောင် သူတို့ဆီ လာလည်ကြသည်။ သူတို့သည် ဟုန်ပေါင်းများရရန်အတွက် ဖြစ်၏။
ယခုနှစ်တွင် ဖုန်းရှင်းထိုက်သည် နှစ်ဆန်းတစ်ရက်နေ့တွင် သူ့ဖခင်ဆီ မောင်းသွားရန် ဆုံးဖြတ်ချက် ချလိုက်သည်။ ကောင်းမွန်သည်ကား လွန်ခဲ့သည့် နှစ်ကမှ အဝေးပေးလမ်းမကြီးကို ဖွင့်လှစ်ခဲ့သည်။ ယင်းက ပိုပြီး သက်တောင့် သက်သာ ဖြစ်၏။
“နင်ဘယ်တော့ ပြန်လာမှာလဲ”
လီနက စိတ်ပျက်သည့် မျက်နှာထားဖြင့် မေးလိုက်သည်။ သူ့အနေဖြင့် အားလပ်ရက်တိုင်း ဖုန်းယွီနှင့် မတွေ့ရ ကျောင်းတက်ရများတွင်သာ ဖုန်းယွီနှင့် တွေ့ရ၏။
“နှစ်ဆန်းငါးရက်လောက်ကြ ပြန်လာမှာ။ ဘာလို့လဲ။ ငါ့ကို အခုကတည်းက လွမ်းနေပြီလား”
ဖုန်းယွီက ဟာသ လုပ်လိုက်သည်။
“ဘယ်သူက နင့်ကို သတိရလို့လဲ။ ဒီနေ့ မီးပန်းတွေက အရမ်းလှတာပဲ”
လီနက ရှက်သွေးဖြာနေ၏။
“နင်က မီးပန်းတွေကို ကြိုက်တာလား။ အဲတာဆို အနာဂတ်ကျ နှစ်တိုင်း ငါတို့တွေ မီးပန်းတွေ အများကြီး လွှတ်ကြမယ်”
ဖုန်းမိသားစုသည် တစ်ကြိမ် ဂုဏ်ဖော်ပြီးပါက သူတို့အနေဖြင့် နှစ်တိုင်း ဂုဏ်မဖော်ဘဲ နေမည်နည်း။ သူ့ဖခင်နှင့် မိခင်လည်း ပျော်ရွှင်နေကြ၏။
“မင်းတို့ နှစ်ယောက် ဘာကြောင်း ပြောနေကြတာလဲ”
ဝမ်တုန့်ကျွင်းက ရုတ်တရက် နောက်မှ ပေါ်လာသည်။ သူ့နောက်တွင်တော့ ထိပ်တန်းကျောင်းသား လျိုခွင် ဖြစ်သည်။
“ငါတို့တွေ မင်း ကျောင်းမှာ ချိန်းတွေ့နေပြီဆိုတာ ဦးလေးဝမ်ကို ပြောသင့်မပြောသင့် ဆွေးနွေးနေကြတယ်။ မင်းကို ကြိမ်တုတ်နဲ့ ဦးလေးဝမ် မရိုက်တာ တော်တော် ကြာပြီလေ”
ဖုန်းယွီက ပြောလိုက်သည်။
“အာ... မင်းငါ့ကို အဖေကို မပြောဘူးလို့ ကတိပေးထားတယ်မလား။ ငါလည်း ဦးလေးဖုန်းကို မင်းတို့ နှစ်ယောက်လုံးအကြောင်းကို မပြောဘူ့းလို့ ငါလည်း ပြောထားတယ်လေ”
ဝမ်တုန့်ကျွင်းက ခြိမ်းခြောက်လိုက်သည်။ သူ့အဖေသည် ကျောင်းတွင် ချိန်းမတွေ့ရန် သတိပေးထားသည်။
“ဟဟဟ သူက နင့်ကို စနေတာ။ ငါတို့တွေ ဟိုကိုသွားရအောင်။ မီးပန်းတွေက နည်းနေပြီ ဒါပေမဲ့ လှပနေတုန်းပဲ”
လျိုခွင်က ဝမ်တုန့်ကျွင်းကို အဝေးကို ဆွဲခေါ်သွားလိုက်သည်။ ထိုဝမ်တုန့်ကျွင်းသည် အလွန်နားညီးပြီး သူများကို နှောက်ယှက်ရသည်မှာ နှစ်သက်သူ ဖြစ်သည်။
သူတို့ နှစ်ယောက်သားက ထိုနေရာတွင် ရပ်ပြီး စကားပြောနေကြသည်။ လီနသည် ဖုန်းယွီကို လက်ကိုကိုင်ရန်တောင် ခွင့်မပြုပေ။ သူမအနေဖြင့် မိဘများ သိသွားမည်ကို ကြောက်ရွံ့၏။ မီးပန်းပြပွဲ ပြီးသွားပြီးနောက် လီနသည် အိမ်သို့ ပြန်သွားခဲ့သည်။
ဖုန်းယွီက သက်ပြင်းချလိုက်သည်။ သူ့အနေဖြင့် သူတို့ နှစ်ယောက်သား လာမည့် နွေရာသီတွင် တက္ကသိုလ်တက်သည့်အခါ လူတိုင်းအားသူတို့၏ ဆက်ဆံရေးကို လူတိုင်းသိစေရမည် ဖြစ်သည်။ သူတို့၏ အတန်းဖော်များသည် ကလေးများပင် ရနေကြပြီ ဖြစ်သည်။ အဘယ်ကြောင့် သူတို့အနေဖြင့် ချိန်းမတွေ့ရမည်နည်း။
…….
နှစ်ဆန်းတစ်ရက်နေ့တွင် စုန့်တာလျန်သည် ဖုန်းရှင်းထိုက်၏ တံခါးကို လာခေါက်သည်။ အချိန်အတော်ကြာ ခေါက်သော်လည်း မည်သူမျှ တံခါးလာမဖြင့်ပေ။ အိမ်နီးချင်းက သူ့အား မနက်ခင်းကတည်းက သူတို့အနေဖြင့် ထွက်သွားပြီ ဖြစ်ကြောင်း သူ့ကို ပြောခဲ့သည်။ သူတို့သည် ဇာတိကို ပြန်သွားပြီ နှစ်သစ်ကူးပြီးမှ ပြန်လာမည် ဖြစ်သည်။
မနက်ခင်းကတည်းက ထွက်သွားတာလား။ အခုမှ ၇နာရီပဲ ရှိသေးတယ်။ စုန့်တာလျန်သည် သက်ပြင်းချလိုက်သည်။ သူသည် အလွန်ပင် စိတ်ပျက်သွားသည်။ သူသည် မနက်၆နာရီထပြီး ဆိုင်ကယ်စီးခဲ့ရသည်။ သူ့အနေဖြင့် ယခုနှစ်တွင် ဖုန်းရှင်းထိုက်ဆီမှ ဘာမှ မရပေ။ သူထွက်သွားသည့်အခါ သူလောင်းကစားသာ လုပ်တော့၏။
ယနေ့မနက်ခင်းတွင် လာသည့်လူ များစွာ ရှိပေသည်။ သို့သော် သူတို့အားလုံးသည် စိတ်ပျက်လက်ပျက်ဖြင့် ပြန်သွားကြသည်။ ထိုက်ဟွ အစားအစာ ထုတ်လုပ်သည့် စက်ရုံဆီမှ လူများကဲ့သို့ ဖုန်းမိသားစုနှင့် နီးစပ်သူများသာ ဖုန်းမိသားစုအနေဖြင့် ရှိမည်ဟု မသိကြဘဲ သူတို့သည် ဖုန်းယွွီတို့ အိမ်သို့ မသွားကြပေ။
ထိုစဉ် ဖုန်းယွီသည် အဝေးပြေးလမ်းမသစ်ကြီးတစ်လျှောက် ကားမောင်းရင်း သူ့ဦးလေးကြီးဆီသို့ သွားလိုက်သည်။ အဖေနှင့် သား တစ်လှည့်ဆီ မောင်းကြသည်။ လမ်းအခြေအနေသည် အလွန်ကောင်းလာပြီ ဖြစ်သည်။ ပြီးနောက် လွန်ခဲ့သည့် ရက်များကို နှင်းမကျပေ။ ထို့ကြောင့် သူတို့သည် အရှိန်မြင့်မြင့်ဖြင့် မောင်းနှင်နိုင်သည် သူတို့သည် နေ့ခင်းမတိုင်ခင်ရောက်မည် ဖြစ်သည်။
“ကျွန်မတိုတွေ ဒီနှစ်တော့ အေးအေးချမ်းချမ်းနဲ့ နှစ်သစ်ကူးလို့ ရပြီ။ ဘာလို့ ဒီကို အရင်နှစ်ကတည်းက မလာမိပါလိမ့်”
ကျန်းမူဟွက ရယ်မောလိုက်သည်။ ထိုလူများသည် အမှန်ပင် စိတ်ပျက်စရာပင်။
“မနှစ်တုန်းက အဝေးပြေးလမ်းမတွေ မဖွင့်သေးဘူးလေ။ တကယ်လို့ ငါတို့ မောင်းရင် တစ်ရက်ကြာလိမ့်မယ်။ တကယ်လို့ ငါတို့တွေ ရထားနဲ့ သွားရင်လည်း ငါတို့တွေ ဘူတာရုံကို သွားရဦးမယ်။ ငါတို့တွေ ရထားလက်မှတ်တောင် ရမှာမဟုတ်ဘူး။ အခု ကားမောင်းပြန်ရတာ ပိုပြီး သက်တောင့် သက်သာ ဖြစ်တယ်။ ဒီနှစ်တော့ ငါတို့တွေ စိတ်ပျက်စရာ ကောင်းတဲ့ လူတွေနဲ့ မတွေ့တော့ဘူးမို့။ ငါတို့ ပျော်သင့်တယ်”
ဖုန်းရှင်းထိုက်သည်လည်း ထိုလူများအား မနှစ်သက်ပေ။ သူတို့ ဒေသမှ လူများသည် လယ်စိုက်ရန်အတွက် ငွေများ လာချေးလျှင် အဆင်ပြေသေးသည်။ ထိုလူများထဲမှ စိတ်ပျက်စရာ အကောင်းဆုံးလူများမှာ စုန့်တာလျန်လို လူမျိုး ဖြစ်သည်။ သူက သူတို့ဆီမှ အခွင့်အရေး လာယူခြင်း ဖြစ်သည်။
“ရှောင်ယွီ။ သားမောင်းသာ ရပ်လိုက်တော့။ မင်းအဖေကို မောင်းခိုင်းလိုက် မင်းက လမ်းမသိဘူး”
ကျန်းမူဟွက ဖုန်းယွီ၏ လက်မောင်းကို ပုတ်ကာ ပြောလိုက်သည်။
Honk, Honk~~~
“ပေါ် ပေါ်”
ခြံဝန်းရှေ့ရောက်သည့်အခါ ဖုန်းရှင်းထိုက်သည် ဟွန်းကို နှိပ်လိုက်သည်။ မကြာမီတွင် တံခါးသည် ပွင့်လာခဲသည်။ ပြီးနောက် ဖုန်းရှင်းထိုက် ထွက်လာခဲ့သည်။
“ရှင်းထိုက်၊ မူဟွ၊ ရှောင်ယွီ အခု အရပ်ကြီးကို ရှည်လို့ပါလား။ မင်းတို့ ရောက်တာ မြန်လှချေလား။ လမ်းအခြေအနေက ဘယ်လိုလဲ”
ဦးကြီး ဖြစ်သူ ဖုန်းရှင်ကောက မေးလိုက်သည်။
“မင်္ဂလာနှစ်သစ်ပါ ဦးလေး။ အစ်ကို တန်းဟွ ပြန်ရောက်ပြီလား”
“သူပြန်လာပြီ။ သူက မင်းရဲ့ ဒေါ်ကြီးနဲ့အတူ နေ့လည်စာ ပြင်နေတယ်။ လာခဲ့။ အာ.. ဘာကြောင့် မင်းတို့တွေ ဒီလောက် အများကြီး ယူလာရတာလဲ။ အိမ်မှာ ဘာမှ မလိုအပ်ပါဘူး”
ဖုန်းယွီသည် အိပ်ကြီးကြီးနှစ်လုံးကို သယ်ရင်း ခြံဝန်းထဲကို ဝင်ခဲ့သည်။ ထိုလက်ဆောင်များသည် သူ ဆိုဗီယက် ပြည်ထောင်စုနှင့် ဟောင်ကောင်မှ ဝယ်ယူခဲ့သော ပစ္စည်းများ ဖြစ်ကြပေသည်။
ဒေါ်ကြီးသည်လည်း အေပရွန်ဖြင့် ထွက်လာသည်။ ဖုန်းယွီ၏ ဝမ်းကွဲအစ်ကို ဖြစ်သူ ဖုန်းတန်ဟွသည်လည်း ဖုန်းယွွီ အိပ်များကို ကူသယ်ပေးသည်။
“ရှောင်ယွီ မင်းအခု အရပ်ကြီးက အရှည်ကြီးပဲကော ငါတို့တွေ မတွေ့ရသေးတာ သုံးနှစ် လေးနှစ်ပဲ ရှိသေးတာမလား”
“ဒေါ်ကြီး ကျွန်တော်က အစ်ကို တန်ဟွလောက် အရပ်မရှည်သေးပါဘူး။ ဒီနှစ်တွေမှာ ကျွန်တော်က အထက်တန်းကျောင်းမှာ စာတွေနဲ့ပဲ ပိနေခဲ့တာ။ ဒါကြောင့် ဒေါ်ကြီးတို့ဆီ မလာဖြစ်ဘူး”
ဖုန်းယွီသည် အကြောင်းပြချက်ပေးပြီး တစ်ချိန်တည်းတွင် သူ့ဝမ်းကွဲအစ်ကိုကို ချီးမွမ်းလိုက်သည် သူ့အဒေါ် ပျော်ရွှင်သွားခဲ့သည်။
“လာခဲ့။ အဘိုးက အထဲမှာ စောင့်နေတယ်”
လူတိုင်းက အိမ်ထဲကို ဝင်လာကြသည်။ အဘိုးသည် ပျော်လွန်းသည့်အတွက် အပြုံးတောင် မရပ်နိုင်ပေ။
“ရှောင်ယွီ မြေးလေး တက္ကသိုယ် ဝင်ခွင့်ရတယ်မလား”
အဘိုးဖုန်းက မေးလိုက်သည်။
“တက္ကသိုလ်”ဆိုသည့် စကားကို ကြားသည့်အခါ ကျန်းမူဟွသည် အင်အားအပြည့် ဖြစ်သွားသည်။ ခရီးပန်းလာသမျှ အကုန် ပျောက်သွားခဲသည်။ သူမက ပြောလိုက်၏။
“ရှောင်ယွီက ဝင်ခွင့်စာမေးပွဲ ကင်းလွှတ်ခွင့်ရတယ်။ တော်တဲ့ ကျောင်းသားတွေပဲ ကင်းလွတ်ခွင့်ရတာလေ။ ပြီးတော့ သူက ဘေကျင်းတက္ကသိုလ်ကို ဝင်ခွင့်ရတာ အဖေရဲ့....”