ဖုန်းရှင်းထိုက်၏ မိသားစုသည် မရိုးရှင်းလွန်း
Vol. 19 Ch. 277
ဦးကြီးအိမ်သည် တစ်ထပ်တိုက်လေး ဖြစ်သော်ငြား တော်တော် ကျယ်ပေသည်။ စတုရန်းမီတာ တစ်ရာကျော် ရှိသည်။ ဖုန်းယွီ၏ ဦးလေးတွင် ဖုန်းတန်ဟွဟူသည့် သားတစ်ယောက်သာ ရှိပြီး ဖုန်းယွီ၏ အဖွားသည် လွန်ခဲ့သည့် နှစ်များစွာ ကတည်းက ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။ ဖုန်းယွီသည် သူမအပေါ်တွင် ထင်မြင်မှု အများကြီးမရှိပေ။
ဖုန်းယွီနှင့် ကျန်သည့်သူများသည် အိမ်ထဲသို့ ဝင်သွားကြပြီး သူ့ဒေါ်ကြီးသည် နေ့လည်စာ ပြင်ဆင်နေသည်။ သူတို့သည် မကြာခင်တွင် နေ့လည်စာကို အတူတကွ စားကြမည် ဖြစ်သည်။
သူတို့ခွက်ကို တိုက်ရန် ပြင်ဆင်နေစဉ် သူတို့သည် ခြံဝန်းဆီမှ ခွေးဟောင်သံကို ကြားလိုက်ရသည်။ ဦးကြီးက ပဟေဠိ ဖြစ်သွားသည်။ နေ့လည်စာ စာချိန်တွင် မည်သူမျှ မလာသင့်ပေ။
“ဒါက ဖုန်းရှင်ကောရဲ့ အိမ်လားဗျ”
“ဟုတ်ပါတယ်။ ကျွန်တော်ကို သိလို့လား”
ဖုန်းရှင်ကောက ဧည့်သည်ကို ကြည့်လိုက်သည်။ သူ့အနေဖြင့် ထိုသူအား လုံးဝ မသိပေ။
“မင်္ဂလာပါ ကျွန်တော်က ထိုက်ဟွ ကုန်သွယ်ရေးရဲ့ မိတ်ဖက်ပါ။ ကျွန်တော်က မြို့တော်ရဲ့ ရှင်ဖ မော်တော်ဆိုင်ကယ်ဆိုင်ရဲ့ သူဌေးပါ။ ကျွန်တော် မန်နေဂျာဖုန်းကို နှစ်သစ် နှုတ်ခွန်းဆက် စကားချွေဖို့ ရောက်လာတာပါ။ ကျွန်တော်မှာ လက်ဆောင်တွေလဲ ပါလာတယ်။ ကျွန်တော် ဘယ်နေရာမှာ ထားထားရမလဲ”
“ရှင်းထိုက် ရှင်းထိုက် ဒီလူက မင်းကို လာရှာတဲ့ပုံပဲ”
ဖုန်းရှင်ကောက အော်လိုက်သည်။
ဖုန်းရှင်းထိုက်နှင့် ဖုန်းယွီက လမ်းလျှောက်ထွက်လာသည်။ ဖုန်းတန်ဟွက လည်း သူတို့နောက်မှ လိုက်ကာ အပြင်သို့ လိုက်လာသည်။
“အို .. မန်နေဂျာဖုန်း တကယ်ကြီးဒီမှာပဲ မင်္ဂလာနှစ်သစ်ပါ”
ဖုန်းရှင်းထိုက်က ထိုသူက မှုန်ကုပ်ကုပ်ဖြင့် ကြည့်နေသည်။ သူ့အနေဖြင့် ထိုသူကို မသိပေ။ သို့သော် သူ့အား မင်္ဂလာနှစ်သစ်ပါဟု ဆုတောင်းပေးနေသည် ပြီးနောက်သူသည် ပြုံးထားပြီး သူ့နှင့် လက်ချင်း နှုတ်ဆက်ရန် အဆင့်သင့် ဖြစ်နေပုံရသည်။
သူသည် လက်ထုတ်ရန် ပြင်လိုက်စဉ် ဖုန်းယွီသည် ထွက်လာပြီး ထိုလူကို လက်ဆွဲနှုတ်ဆက်လိုက်သည့်အခါ ဖုန်းရှင်းထိုက်သည် လက်ကို ပြန်ရုတ်လိုက်ရသည်။ ထိုသူသည် ဖုန်းယွီကို တွေ့ရန် ရောက်လာခြင်းပင် ဖြစ်ပေမည်။
“မစ္စတာလျို မင်္ဂလာ နှစ်သစ်ပါ။ ဘာလို့ လက်ဆောင်တွေ အများကြီး ယူလာရတာလဲ”
“ဒါက ကျွန်တော်တို့ရဲ့ မစ္စတာဖုန်းအတွက်ပါ။ အထူးသဖြင့် ဒီဝိုင် ဒါက ဆေးဖက်ဝင် ဝိုင်။ ရှေးသမားတော်ကြီးရဲ့ ဆေးညွှန်းအတိုင်း တရုတ်ဆေးဖက်ဝင် အပင်တွေနဲ့ ပြုလုပ်ထားတာ။ ဒါက ကျန်းမာရေးအတွက် တကယ်ပဲ သင့်တော်တယ်”
“ကောင်းပြီလေ။ မင်းလက်ဆောင်ကို လက်ခံလိုက်မယ်”
မစ္စတာလျိုသည် ဖုန်းယွီအနေဖြင့် သူ့အား ဤနေရာတွင် ဆက်နေရန် ဆန္ဒမရှိသည်မှန်း ပြောနိုင်ပေသည်။ ပြီးနောက် သူက ပြန်သွားခဲ့သည်။ မစ္စတာလျို ထွက်သွားပြီးနောက် ဖုန်းရှင်းထိုက်သည် ဖုန်းယွွီကို မေးလိုက်သည်။
“ဘာတွေ ဖြစ်နေတာလဲ”
“သူက စုန့်ကျန်းမော်တော်ဆိုင်ကယ်ရဲ့ အရောင်းကိုယ်စားလှယ်လေ။ ကျွန်တော်တို့ ဒီကို လာမယ်ဆိုတာ သူသတင်းရလို့ ဒီကို လာတာဖြစ်မယ်လို့ ကျွန်တော်ခန့်မှန်းမိတယ်။ အို ဒီ သစ်သီးတွေ အကုန်လုံးက လတ်လတ်ဆတ်ဆတ်တွေပဲ သူတို့ မခဲခင် ကျွန်တော်တို့ ယူသွားမှ ရမယ်”
ထိုမစ္စတာလျိုသည် ဝူကျီကန်းအား နှစ်သစ် နှုတ်ခွန်းဆက်စကားဆိုရန်အတွက် ခေါ်ခဲ့ပြီး ဖုန်းယွီသည် သူ့ဇာတိမြို့တွင် နှစ်သစ်ကူးကို ဖြတ်သန်းမည် ဖြစ်ကြောင်း သိရှိခဲ့သည်။ သူ့သည် လိပ်စာကို ရှာပြီး ဤနေရာကို အမြန်လာကာ လက်ဆောင်များ ပေးရခြင်းပင် ဖြစ်သည်။
သူသည် ဂျစ်ကားကို မောင်းသည်။ ပြီးနောက် ထိုဂျစ်ကားသည် အပူပေးစက်လည်း မပါပေ။ သူ့အနေဖြင့် အေးခဲ့တော့မည်ပင်။ သို့သော် အနည်းဆုံးတော့ ဖုန်းယွီသည် သူ့လက်ဆောင်ကို လက်ခံခဲ့သည်။ ယခုနှစ်တွင် သူ့အနေဖြင့် ပိုကောင်းသည့် အရောင်းအဝယ်များ ရနိုင်တော့မည်ပင်။
ဖုန်းယွီနှင့် ကျန်သည့်သူများသည် လက်ဆောင်များကို အိမ်ထဲကို သယ်သွားပြီးနောက် ခွေးသည် ဟောင်ပြန်သည်။
“ဒါက ဖုန်းရှောင်ကောရဲ့ အိမ်လားဗျ”
ဖုန်းယွီသည် ထလိုက်ပြီးနောက် သူ့ဦးကြီးနောက် လိုက်သွားတော့သည်။
“မန်နေဂျာဖုန်း မင်္ဂလာနှစ်သစ်ပါ။ ကျွန်တော်ရဲ့ ညီက ဟင်းသီးဟင်းရွက်တွေ ရောင်းတာလေ။ ပြီးတော့ ကျွန်တော် မန်နေဂျာဖုန်းအတွက် ဝယ်ခဲ့တယ်။ ဒီမှာ ကြက်သွန်မိတ်၊ ငရုတ်သီးစိမ်း၊ တရုတ်နံနံ၊ ဟင်းနုနွယ်နဲ့ ပန်းပွင့်။ ဒါတွေအကုန်လုံးက လက်ဆတ်တယ်”
“မစ္စတာရှု မင်္ဂလာနှစ်သစ်ပါ။ ကျေးဇူးတင်ပါတယ်”
သူတို့ နှစ်ယောက်သား ပျော်ရွှင်မှုကို မျှဝေနေကြသည်။ ပြီးနောက် မစ္စတာရှု ထွက်သွားခဲ့သည်။ ထိုမစ္စတာရှုသည် လေနှင့်မိုး ရေနွေးငွေ့စက်နှင့် ဒလက်မဲ့ပန်ကာ၏ ကိုယ်စားလှယ် ဖြစ်သည်။
ဖုန်းယွီ အိမ်ထဲကို မဝင်ရသေးခင် ကားသံ တစ်သံကို ကြားလိုက်ရသည်။
“ဒါက ဖုန်းရှင်ကောရဲ့ အိမ်လားဗျ”
ဖုန်းရှင်ကောက သူ့တူအား ကြည့်လိုက်သည်။ ဒီလူကလည်း သူ့ကိုပဲ လာရှာတာပဲလား။
“မစ္စတာစွန်း မင်္ဂလာနှစ်သစ်ပါ”
“မန်နေဂျာဖုန်း မင်္ဂလာနှစ်သစ်ပါ။ ကျွန်တော် တောကြက်တွေ၊ ယုန်တွေပြီးတော့ သမင်ကို မန်နေဂျာစားဖို့အတွက် ယူလာခဲ့တယ်။ ဒီမှာလည်း ငန်းအကြီးကြီးနှစ်ကောင်။ ကျွန်တော်ခြံကပဲ။ ကျေးဇူးပြုပြီး လက်ခံပေးပါ”
“ကောင်းပြီလေ ကျေးဇူးတင်ပါတယ် မစ္စတာစွန်း”
“မန်နေဂျာဖုန်း ကျွန်တော်က ထိုက်ဟွအမှတ်တံဆိပ် တိရစာ္ဆန်အစာတွေကို ရောင်းတာ ပြီးတော့ ကျွန်တော် ဝက်လည်းမွေးတယ်။ မနှစ်က ကျွန်တော် ပိုက်ဆံ အများကြီး ရှာနိုင်ခဲ့တယ်။ ဒါက ကျွန်တော်ရဲ့ ကျေးဇူးတင်ကြောင်းကို မန်နေဂျာဖုန်းကို ပြသတာပါ”
……
စုစုပေါင်း လာရောက်လည်ပတ်သူ ငါးယောက်ရှိသည်။ ပြီးနောက် တစ်အိမ်လုံး လက်ဆောင်များဖြင့် ပြည်သွားတော့သည်။ ဖုန်းမိသာစုရှိ လူတိုင်းက ဖုန်းယွီကို စိုက်ကြည့်နေကြသည်။ သူတို့သည် ဖုန်းယွီ၏ ရှင်းပြချက်ကို စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။
“သူတို့တွေက ကိုယ်စားလှယ်ထဲက အချို့ပါ။ ကျွန်တော် ဒီကို ရောက်နေမှန်း သူတို့တွေ ဘယ်ကနေ ကြားတာလဲ ဆိုတာ ကျွန်တော် မသိဘူး။ သူတို့ထဲက အချို့က မော်တော်ဆိုင်ကယ် ရောင်းကြတယ်။ တချို့က အိမ်သုံးပစ္စည်းတွေ၊ တိရစ္ဆာန်အစာတွေ၊ ပြီးတော့ ချည်စက်ရုံက ထုတ်တဲ့ လက်အိပ်တွေ။ ဦးကြီးရဲ့ အိမ်ကို သူတို့ ဘယ်လို ရှာတွေ့သွားတယ်ဆိုတာ ကျွန်တော်လုံးဝ မမျှော်လင့်ခဲ့ဘူး။ ဒါပေမဲ့ သူတို့ ပေးတဲ့ နှစ်သစ်လက်ဆောင်တွေက တကယ်ကောင်းတဲ့ဟာတွေ။ နောက်မှ ကျွန်တော် တစ်ယောက်ယောက်ကို လွှတ်ပြီး သူတို့ကို လက်ဆောင် ပြန်ပေးခိုင်းလိုက်မယ်”
အဘိုးဖုန်းက ပြောလိုက်သည်
“တန်ဟွ ဖုန်းယွီနဲ့အတူ ဒီလက်ဆောင်တွေကို သွားသိမ်းချေ”
လူများစွာ သူ့မြေးကို လက်ဆောင်များ လာပေးကြသည့်အတွက် သူသည် ပျော်ရွှင်နေ၏။ စွမ်းဆောင်ရည် ရှိသည့် သူများသာ လက်ဆောင်ပေးခြင်း ခံရသည် ဖြစ်သည်။
အဘိုးဖုန်း ပြောလိုက်သည်နှင့် ဖုန်းတန်ဟွနှင့် ဖုန်းယွီ ချက်ခြင်းပင် လက်ဆောင်များကို စတိုခန်းထဲကိုသယ်သွားကြတော့သည်။ လတ်ဆက်သည့် ဟင်းသီးဟင်းရွက်များနှင့် သစ်သီးများကို အပြင်တွင်ထားထား၏။
“အစ်ကို ကျွန်တော်တွေးတာတော့ အစ်ကို စက်ရုံမှာ လုပ်တာ နားလိုက်သင့်ပြီ။ အစ်ကိုရဲ့ လစာက အရမ်းမများဘူး ပြီးတော့ သူတို့တွေက လစာကို နောက်ကျမှ ပေးတာ”
ဖုန်းရှင်းထိုက်က ပြောလိုက်သည်။
ဖုန်းယွီက ထပ်ပေါင်းပြောလိုက်သည်။
“ဒါအမှန်ပဲ ဦးကြီး။ ဒီနေရာက ဂျူနီယာ အထက်တန်းကျောင်းနဲ့ မျက်နှာချင်းဆိုင်ရှိနေတာ။ ဘာကြောင့် အိမ်တန်းမဆောက်တာလဲ။ ပြီးတော့ စာရေးကိရိယာဆိုင်၊ မုန့်ဆိုင်အဲလိုဆိုင်တွေ ဖွင့်လို့ရတာပဲ။ ဦးကြီး သေချာပေါက် ပိုက်ဆံရှာနိုင်လိမ့်မယ်။ တကယ်လို့ ဦးလေးက စီမံမခန့်ခွဲချင်ဘူးဆိုရင် ဦးလေး တခြားသူတွေကို ငှားလို့ ရတာပဲ”
ဖုန်းရှင်းကော၏ အိမ်သည် ဂျူနီယာ အထက်တန်းကျောင်း၏ မျက်နှာချင်းဆိုင်တွင်ရှိသည်။ ယင်း တကယ်ပင် ကောင်းမွန်သည့် နေရာပင် ဖြစ်သည်။ ပြီးနောက် ဤမျှ ကျယ်သည့် မြေနေရာကို အဘယ်တွက် အပြည့်အဝ အသုံးမချဘဲ နေမည်နည်း။
ကျန်းမူဟွက ပြောလိုက်သည်။
“ကိုကြီး ကိုကြီးက ညီမတို့ကို ထွန်စက်ဝယ်ဖို့ ငွေပေးခဲ့တဲ့သူလေ။ အခု ရှင်းထိုက်နှင့် ရှောင်ယွီရဲ့ စီးပွားရေးက ကောင်းလာပြီ ပိုက်ဆံတွေလည်းရှာနိုင်ပြီ။ ညီမပြောတာ နားထောင်။ နွေဦးမှာ ညီမတို့ ဒီနေရာမှာ သုံးထပ်တိုက်ကြီး ဆောက်မယ်။ ပြီးတော့ အထဲမှာလည်း ဓာတ်လှေကားနဲ့ စက်လှေကားထည့်ထားမယ်။ ဒါဆိုရင် အဖေ အပေါ်ကို တက်ရင် မောတော့မှာ မဟုတ်ဘူး”
ဖုန်းရှင်ကောက သူ့ဇနီးကို ကြည့်လိုက်သည်။ ပြီးနောက် သူ့ဇနီးသည် မည်သို့ တုန့်ပြန်ရမည်ကို မသိအောင် ဖြစ်နေသည်။ သူ့ညီလေးသည် လတိုင်း သူတို့ဆီ ပိုက်ဆံပို့သည်။ ပို့သည့်ငွေပမာဏသည်လည်း အကြိမ်တိုင်း များများလာသည်။ သူတို့အနေဖြင့် ပိုက်ဆံကို ကုန်အောင်တောင်မသုံးဆွဲနိုင်ပေ။ လွန်ခဲ့သည့် တစ်ခေါက်က ဖုန်းရှင်းထိုက် သူတို့ဆီ လာလည်သည့်အါက ဆိုဗီယက် ပြည်ထောင်စုထုတ် ကားသေးသေးလေးကို စီးခဲ့သည်။ ယခုအကြိမ်တွင် သူက ကားကြီးကြီးကို မောင်းနှင်ခဲ့သည်။
ထို့ပြင် ယနေ့တွင် လူများစွာ လာပြီး လက်ဆောင်များပေးကြသည်။ ယင်းက ဖုန်းရှင်းထိုက်၏ စီးပွားရေးက တကယ်ပင် အောင်မြင်နေသည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ဖုန်းရှင်းထိုက်က သူ့အစ်ကိုအား သူ့ဒေသဆီ ပြောင်းခဲ့ဖို့ ပြောခဲ့သည်။ သို့သော် သူက မပြောင်းချင်ပေ။ ဤနေရာနှင့် အသားကျနေပြီ ဖြစ်သည့်အတွက် ဖြစ်သည်။
“ကောင်းပြီ။ မူဟွပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့။ မင်းတို့တွေက ညီအစ်ကိုတွေပဲ ဒီအကြောင်းက အံ့အားသင့်စရာ ကိစ္စမှ မဟုတ်တာ။ လာ သောက်ကြရအောင်”
အဘိုးဖုန်းသည် စားပွဲကို ခေါက်ကာ ပြောလိုက်သည်။
ဖုန်းယွီသည်လည်း သူ့ဝမ်းကွဲအစ်ကိုဖြစ်သူ ဖုန်းတန်ဟွဖက် လှည့်ကာ
“အစ်ကိုတန်ဟွ အစ်ကို နောက်နှစ်ကျ တက္ကသိုလ်ကနေ ယဲရမှာ မလား။ အစ်ကို ဘယ်မှာ အလုပ်ဝင်ရမယ်လို့ ကြားလဲ”
ယင်းက ဖုန်းရှင်းထိုက် ညွှန်ကြားထားသည့် ကိစ္စ ဖြစ်သည်။ ဖုန်းရှင်းထိုက်သည် သူ့တူအား ပြောသေးသည် သို့သော် ဖုန်းတန်ဟွသည် စီးပွားရေးလုပ်ရန် စိတ်မဝင်စားပေ။ သူသည် အစိုးရ အေဂျင်စီများတွင်သာ တည်မြဲသည့် လစာသာလိုချင်သည်။ သို့သော် အခြားသူများထက် စာလျှင် ယင်းက နေရာကောင်း ဖြစ်ရဦးမည်ပင်။ ဖုန်းရှင်းထိုက်သည် လူအများကြီး မသိပေ။ သို့သော် ဖုန်းယွီကတော့ မတူပေ။ ဖုန်းယွီတွင် အဆက်အသွယ်များစွာ ရှိပြီး သူမအောင်မြင်မည့် ကိစ္စမျိုးကို သူဘယ်တော့မှ ကြွားလေ့ မရှိပေ။ ထို့အတွက်ကြောင့် ဖုန်းရှင်းထိုက်က ဖုန်းယွီကို သူ့အစ်ကို ဖြစ်သူအတွက် နေရာ ကောင်းကောင်း တစ်ခု စီစဉ်ရန် ပြောထားခြင်း ဖြစ်သည်။
“အစ်ကို သိပ်တော့ မသေချာဘူး။ အစ်ကို ဒီလို ကျေးလက်ဒေသမှာပဲ ရမယ်ထင်တယ်။ ငါက မြို့မှာတော့ အလုပ်လုပ်ချင်တာပေါ့”
မြို့ရှိ လူနေမှု အဆင့်အတန်းသည် ကျေးလက်များထက် ပိုကောင်းပေသည်။
“အစ်ကို ဘင်းမြို့တော်မှာ အလုပ်မလုပ်ချင်ဘူးလား။ ကျွန်တော်မှာ အဆက်အသွယ်တွေ ရှိတယ်။ပြီးတော့ အစ်ကိုအနေနဲ့ ဘင်းမြို့တော်ရဲ့ အစိုးရ အေဂျင်ဆီတွေမှှာ အလုပ်လုပ်နိုင်မယ်”
“ဘင်းမြို့တော်မှာလား။ ဒါက ဖြစ်နိုင်ပါ့မလား”
ဖုန်းတန်ဟွက စိတ်လှုပ်ရှားသွာသည်။
“ဒီအဓိပ္ပာယ်က အစ်ကို သဘောတူပြီဆိုတာနဲ့ အတူတူပဲနော်။ အစ်ကိုရဲ့ ကိုယ်ရေး အချက်အလက်ပေးလိုက်။ အစ်ကိုကို ကျွန်တော် ဘင်းမြို့တော်ရဲ့ အစိုးရ အေဂျင်စီမှာ လုပ်ခွင့်ရမယ်လို့ အာမခံတယ်။ ဟုတ်သား အစ်ကို အလုပ်ဝင်ချင်တဲ့ ဌာနကောရှိလား”
ဖုန်းတန်ဟွ၏ မျက်လုံးများက လင်းလက်သွားတော့သည်။ ငါက ဘင်းမြို့တော်မှာ အလုပ်လုပ်ခွင့် ရရုံတင်မကဘူး။ ဌာနကိုပါ ရွေးချယ်နိုင်သေးတာလား။
“အစ်ကို မြို့တော် အစိုးရ အဖွဲ့ရုံးမှာ အလုပ်လုပ်လို့ ရမလား”
ဖုန်းတန်ဟွက မေးလိုက်သည်။
“ကျွန်တော်အနေနဲ့ မြို့တော်ကော်မတီမှာ အလုပ်ရမရတော့ အာမမခံနိုင်ဘူး။ ဒါပေမဲ့ မြို့တော် အစိုးရရုံးမှာဆိုရင်ကော ဘယ်လိုလဲ”
ကျန်းရွေ့ချင်နှင့် ဖုန်းယွီ၏ အဆက်အသွယ်နှင့်ဆိုပါက ယင်းကပြဿနာ တစ်ရပ်မဟုတ်ပေ။ ကျန်းရှေ့ချင်သည် ဖုန်းယွီကို ငြင်းလိမ့်မည် မဟုတ်ချေ။ အကယ်၍ ယင်းက အလုပ်မဖြစ်လျှင် ဖုန်းယွီသည် သူ့ဝမ်းကွဲအစ်ကို နေရာအတွက် တမူထူးသည့် လှူဒါန်းမှုမျိုးစီစဉ်နိုင်ပေသည်။
အဘိုးဖုန်းသည်လည်း ဖုန်းတန်ဟွနှင့် ဖုန်းယွီ ပျော်ရွှင်စွာ ပြောဆိုနေသည်ကို မြင်သောအခါ ပျော်ရွှင်နေ၏။ မိသားစုကြား ညီညွတ်မှုက သူ့အား ပြုံးပျော်စေသည်။ သူ့သားငယ်လေး၏ မိသားစုသည် ပုံမှန်တော့ မဟုတ်ပေ။