← Chapters

နည်းပညာဖလှယ်ခြင်း အပိုင်း ၂

Vol. 19 Ch. 279

နည်းပညာဖလှယ်ခြင်း အပိုင်း ၂

Vol. 19 Ch. 279

ဆိုဗီယက် နိုင်ငံ၏ နိုင်ငံရေး အခြေအနေ ပိုဆိုးရွားလာသည်နှင့်အမျှ ကီရီလန်ကိုသည်လည်း အခွင့်အရေးများ ပိုမိုရလာခဲ့သည်။ ယခုတွင် ယမန်နှစ်က မော်တော်ဆိုင်ကယ် ထုတ်လုပ်သည့် လမ်းကြောင်းအား တစ်ဝက်ဈေးဖြင့်သာ ရတော့သည်။ နည်းပညာများကို ရရန်ကား ပိုလွယ်ကူနေပြီ ဖြစ်သည်။

လွန်ခဲ့သည့် နှစ်ကဆိုလျှင် လေယဉ်များအတွက် နည်းပညာများကို ရရန်က မဖြစ်နိုင်ပေ။ ယခုတွင် ယင်းက ကီရီလန်ကိုအတွက် ပြဿနာ တစ်ရပ် မဟုတ်တော့ပေ။

ဖုန်းယွီ မလိုအပ်သည့် နည်းပညာ များစွာရှိသည်။ ပြီးနောက် ရောင်းချသည့် ဈေးမှာလည်း အရမ်းမမြင့်ပေ။

ထို့ကြောင့် ဖုန်းယွီသည် ထိုနည်းပညာများကို သူလိုသည့် နည်းပညာများနှင့် လဲလှယ်ပြီး အခြားသူများကို ပေးချင်းအားဖြင့် သူ့အား နှစ်သက်မှုများ ရလာနိုင်ပေသည်။ လွန်ခဲ့သည့် အချိန်များက နှစ်သက်မှုက ငွေထက်တောင် ပိုပြီး တန်ဖိုး ရှိပေသည်။

မတ်လတွင် IIyshin 76 လေယဉ် ပထမအသုတ်သည် ဘင်းမြို့တော် လေဆိပ်ကို ရောက်ရှိလာသည်။ လေယဉ်ငါးလိုင်းသည် တစ်စီးစီ ရရှိကြသည်။

ထိုလေယဉ်များနှင့်အတူ မတူညီသည့် မော်ဒယ်နှစ်ခုအတွက် အင်ဂျင်နှစ်ခုလုံး ပါခဲ့သည်။ ထိုအင်ဂျင်များကို ဘင်းမြို့တော် လေယဉ်ထုတ်လုပ်သည့် စက်ရုံက ယူသွားခဲ့သည်။ သူတို့ကို အလုပ်ရုံ နှစ်ခုတွင် တပ်ဆင်သည်။ ရွေးချယ်ထားသည့် အင်ဂျင်နီယာများမပါပဲ မည်သူမျှ အင်ဂျင်နားသို့ ကပ်ခွင့်မရကြပေ။

တစ်ဖန် ဖုန်းယွီသည် ဟိုဟိုက်ထောင်၏ ရုံးခန်းကို လာခဲ့သည်။ ယခုတစ်ကြိမ်တွင် သူသည် လက်ဗလာဖြင့် လာခဲ့သည်။

“မန်နေဂျာဖုန်း Antonov လေယဉ်ရဲ့ နည်းပညာ အချက်အလက်တွေကော ဘယ်မှာလဲ”

ဟိုဟိုက်ထောင်က စိတ်ပူပန်စွာ မေးလိုက်သည်။

“ဒါရိုက်တာဟို ဘာကြောင့့်် ခင်ဗျား ဒီလောက်ကြီး စိတ်ပူနေရတာလဲ။ IIyshinရဲ့ သုသေတန ပြုလုပ်နေတာ ပြီးပြီမို့လား။ ခင်ဗျား လောဘ အရမ်းမကြီးသင့်ဘူးနော်။ တစ်လှမ်းချင်းသွားကြတာပေါ့။ ကျွန်တော် ခင်ဗျားကို ကတိပေးထားပါတယ်။ ကျွန်တော် ဘယ်တုန်းက ကျွန်တော်စကားကို ပြန်ရုတ်သိမ်းဖူးလို့လဲ”

ဖုန်းယွီက ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“အဲတာဆို မင်းဘာကြောင့် ဒီကို ရောက်လာတာလဲ”

ဖုန်းယွီက ဒေါသထွက်သွားသည်။ ငါ့မှာ မင်းနဲ့ ကိစ္စမရှိဘူးဆိုရင် ဒီကို မလာရဘူးလို့ မင်းက ပြောချင်တာလား။

“ဒါရိုက်တာဟို ငါက လေယဉ်အင်ဂျင်ရဲ့ နည်းပညာကို မယူလာပေမဲ့ ငါ Mil ဟယ်လီကော်ပတာနဲ့ ဆက်စပ်တဲ့ နည်းပညာတွေရဲ့ အသေးစိတ်ပုံစံတွေ ရလာခဲ့တယ်။ နည်းပညာတွေထဲမှာ ဒါဗယ်ရိုတာနဲ့ ကိုအိတ်စ်ဇယ်ရိုတာတွေကောပါတယ်။ ဒီနည်းပညာတွေက အဆင့်အမြင့်ဆုံး မဟုတ်ဘူးဆိုတော့ ခင်ဗျားတို့ စက်ရုံက မလိုအပ်ဘူးထင်တယ်။ ပြီးတော့ ငါကို ဒီက မကြိုဆိုပုံထောက်တော့ ငါလည်း ဆိုဗီယက်ပြည်ထောင်စုက သူငယ်ချင်းကို ဒီနည်းပညာတွေ ငါ မလိုချင်ဘူးလို့ပဲ ပြောလိုက်ရတော့မှာပေါ့”

“အာ့... မန်နေဂျာဖုန်း အဲလို မဟုတ်ပါဘူး။ ရှောင်ရွှီ ဘာလုပ်နေတာလဲ။ မန်နေဂျာဖုန်းအတွက် လက်ဖက်ရည် ဘယ်မှာလဲ။ သွားပြီးတော့ သတ္တုသေတ္တာထဲက လက်ဖက်ခြောက်တွေ သွားယူ။ အဲ့လက်ဖက်ခြောက်တွေနဲ့ လက်ဖက်ရည် တစ်ခွက် လုပ်ခဲ့လိုက်”

ဟိုဟိုက်ထောင်သည် ဖုန်းယွီကို ပြန်ဆွဲလိုက်သည်။ သူ့အနေဖြင့် ဖုန်းယွီသည် Mil ဟယ်လီကော်ပတာ၏ နည်းပညာနှင့် အသေးစိတ်ပုံကို ရရှိနိုင်မည်လို့ လုံးဝ မမျှော်လင့်ခဲ့ပေ။ ထိုနည်းပညာများသည် ကမ္ဘာပေါ်တွင် အကောင်းဆုံး နည်းပညာများထဲမှာ တစ်ခု ဖြစ်ပေသည်။ ကမ္ဘာ့အကြီးဆုံး ဟယ်လီကော်ပတာသည် Mil-26 ဖြစ်ပြီး ထို ဟယ်လီကော်ပတာတွင် အသုံးပြုသည့် နည်းပညာများသည် အလွန် အဆင့်မြင့်ပေ၏။

ဟိုဟိုက်ထောင်သည် ယခုရက်များတွင် စိတ်တိုနေသည်။ သူ့အထက်လူကြီးများက သူ့အား ရှန်းမြို့တော် လေယဉ်ထုတ်လုပ်သည့် စက်ရုံအား မိတ္တူများပေးရန် အမိန့်ပေးခဲ့သည်။ ထိုစက်ရုံအနေဖြင့် ဆိုဗီယက်ပြည်ထောင်စု၏ လေယဉ်အင်ဂျင်ထုတ်လုပ်သည့် နည်းပညာများအား သုတေသန ပြုလုပ်နေသည်ဆိုသည့် အချက်ကြောင့် ဖြစ်သည်။

ဟိုဟိုက်ထောင်သည် အလွန်ဒေါသ ထွက်နေသည်။ သူ့အနေဖြင့် ထိုနည်းပညာများ ရရှိရန်အတွက် ကျားကုတ်ကျားခဲ အားထုတ်ခဲ့ရသည်။ သို့သော် ရှန်းမြို့တော် လေယဉ်ထုတ်လုပ်သည့် စက်ရုံအနေဖြင့် ထိုအရာ၏ မိတ္တူကို ရရှိနိုင်သည့်အတွက် ဖြစ်သည်။

သူ့အထက်အရာရှိများသည် သူ့အနေဖြင့် အခြားသော လေယဉ်များ၏ နည်းပညာများကို ရရှိနိုင်ကြောင်း သိပြီး သူ့အနေဖြင့် နောက်ဆုံးပေါက် လေယဉ်အင်ဂျင်များကိုတောင်် ရရှိနိုင်ပေသည်။ ယခုတွင် သူ့အနေဖြင့် အမှတ်ကို စောစော တောင်းဆိုသည်ကို နောင်တ ရနေမိသည်။ သူ့ ကြိုးပမ်းအားထုတ်မှုများ အကုန် အခြားသူများအတွက် ဖြစ်နေသည်။

ယနေ့တွင် ဖုန်းယွီက သူ့ဆီလာပြီး Mil ဟယ်လီကော်ပတာများ၏ နည်းပညာများကို သူရရှိနိုင်ကြောင်း ပြောသည့်အခါ သူအလွန်ပျော်ခဲ့သည်။

ယခုအချိန်တွင် သူ့အနေဖြင့် သူ့အထက်အရာရှိများအား အစီခံစာ တင်တော့မည် မဟုတ်ပေ။ သူ့အနေဖြင့် စက်ရုံသည် ဟယ်လီကော်ပတာများ ထုတ်လုပ်ရန်အတွက် နည်းပညာများကို လေ့လာပြီးကြောင်းကိုသာ တင်တော့မည် ဖြစ်သည်။ ယင်းကလည်း တကယ်ကို အောင်မြင်မှုကြီးပင် ဖြစ်သည်။

လေယဉ်အင်ဂျင်များ၏ နည်းပညာများသည် ပိုပြီး တန်ဖိုးရှိသော်လည်း ဘင်းမြို့တော် လေယဉ်ထုတ်လုပ်သည့် စက်ရုံတွင် ဟယ်လီကော်ပတာ၏ နည်းပညာများသည် အရေးပါဆုံး ဖြစ်သည်။

“ဟမ့်.... လက်ဖက်ရန်အရသာက ကောင်းသား။ ဒီလိုကောင်းတာမျိုး ငါဘယ်တုန်းကမှ မသောက်ဖူးခဲ့တာပါလိမ့်”

ဖုန်းယွီက ဟိုဟိုက်ထောင်ဖက် လှည့်ကာ ပြောလိုက်သည်။

ဟိုဟိုက်ထောင်က အံ့ကြိတ်ကာ ပြောလိုက်သည်။

“တကယ်လို့ မန်နေဂျာဖုန်း သေတ္တာထဲမှာ တစ်ဝက်ပဲ ကျန်တော့တာကို စိတ်ထဲမရှိဘူးဆိုရင် မန်နေဂျာဖုန်း ယူသွားလိုက်ပါ”

ထိုလက်ဖက်ခြောက်များကို သူ့အား အဆင့်မြင့် စစ်ဖက်ဆိုင်ရာ အရာရှိကြီး တစ်ဦးက ပေးခဲ့တာ ဖြစ်သည်။ သူ့ကိုယ်တောင် ၎င်းလက်ဖက်ခြောက်အား သိပ်မထိပေ။

“ဟဟဟ ငါက ငါယူသွားလို့ ရတာလား။ အတွင်းရေးမှူးရွှီ အဲ့လက်ဖက်ခြောက်တွေကို ဒီကို ယူလာခဲ့။ ခဏနေ ငါပြန်သွားမှ တခါတည်း သယ်သွားမယ်။ သေတ္တာထဲမှာ ရှိတဲ့ လက်ဖက်ခြောက် ကို ပြောင်းလဲဖို့ မကြိုးစားနဲ့နော်။ ငါ ဒီလက်ဖက်ခြောက်ရဲ့ အနံ့ကို မှတ်မိတယ်”

“ဟွတ်... မန်နေဂျာဖုန်း အဲ့ဒီ ဟယ်လီကော်ပတာ နည်းပညာတွေကို ခင်ဗျားက ရောင်းမှာလား”

ဟိုဟိုက်ထောင်က စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။ သူ့အနေဖြင့် လက်ဖက်ခြောက်နှင့် ပတ်သတ်ပြီး ပူပန်ခြင်း မရှိပေ။

“ရောင်းရမှာလား။ ငါက မရောင်းပါဘူး။ ငါက အလဲအလှယ်ပဲ လုပ်ချင်တာ။ မင်းတို့စက်ရုံမှာ ရှိတဲ့ ကားနည်းပညာတွေ အကုန်လုံးနဲ့ ငါလဲချင်တာ။ အထူးသဖြင့် တာဘိုချာ့ အင်ဂျင်နည်းပညာပေါ။ မင်းတို့ရဲ့ စက်ရုံကို ဒီဟာအတွက် သုတေသန ပြုလုပ်ပြီးပြီဆိုတာကို ငါသိတယ်”

“All the technologies? This……”

“နည်းပညာတွေ အကုန်လုံးလား။ ဒါက...”

“ဘာလို့လဲ။ Mli ဟယ်လီကော်ပတာနည်းပညာက မင်းတို့ရဲ့ ကားနည်းပညာ အကုန်လုံးနဲ့ မတန်ဘူးလို့ တွေးနေတာလား။ ဒါရိုက်တာဟို တကယ်လို့ ခင်ဗျား တွန့်ဆုတ်တွန့်ဆုတ် လုပ်နေမယ်ဆိုရင် ကျွန်တော် ခင်ဗျားနဲ့ လဲလှယ်မှာ မဟုတ်တော့ဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ငါက Volga ကားထုတ်လုပ်ရေး လမ်းကြောင်းကို ဝယ်မှာ ပြီးတော့ တခါတည်း သူတို့ နည်းပညာတွေ အတူ ပါလာမှာ။ ပြီးတော့ ငါက နည်းပညာအချို့ကိုလည်း ငှားထားတယ်။ အဆိုးဆုံးပြောရရင် ငါ့အနေနဲ့ သူတို့ကို ပိုက်ဆံပေးပြီး သုတေသန လုပ်ခိုင်းလို့ရတယ်”

ဖုန်းယွီက ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“သူတို့တွေ ဘယ်အချိန်မှ အင်ဂျင်ကို သုတေသန လုပ်တာ ပြီးမှာလဲ။ ဒါက လွယ်ကူတဲ့ ကိစ္စမဟုတ်ဘူးနော်”

ဟိုဟိုက်ထောင် ကပြောလိုက်သည်။

“ငါစောင့်နိုင်တယ်”

ဖုန်းယွီက သူ့ခြေထောက်ကို တင်ပျဉ်ခွေ ချိတ်ကာ ပြောလိုက်သည်။ ဘယ်သူက ပိုပြီး ပူပန်မလဲ ကြည့်ကြသေးတာပေါ့။

“မန်နေဂျာဖုန်း ခင်ဗျားအနေနဲ့ တခြားလေယဉ်မော်ဒယ်ရဲ့ နည်းပညာကို ရနိုင်တယ်လို့ ခင်ဗျားပြောဖူးတာ ကျွန်တော် မှတ်မိသေးတယ်။ အဲတာတွေက ခင်ဗျားအတွက် အသုံးမဝင်ဘူး။ ဘာကြောင့် အဲ့တာတွေကို ကျွန်တော်နဲ့ အလဲအလှယ်မလုပ်ရမှာလဲ”

ဟိုဟိုက်ထောင်က ပြောလိုက်သည်။

“ခင်ဗျားပြောတာ မမှားပါဘူး။ ဒီနည်းပညာတွေကို ငါမရနိုင်တာမဟုတ်ဘူး။ အဲ့နည်းပညာတွေက ငါနဲ့အတူ ရှိပြီးသား။ Antonov လေယဉ်ရဲ့ တည်ဆောက်တဲ့ နည်းပညာတွေကို လိုချင်တာလား။

ဖုန်းယွီက မေးလိုက်သည်။

“လိုချင်တာပေါ့။ ဘာကြောင့် မလိုချင်ရမှာလဲ”

ဟိုဟိုက်ထောင်သည် အပျော်လွန်နေသည်။ ယင်းက နောက်ထပ် နည်းပညာ တစ်ခု ဖြစ်သည်။

“ကောင်းပြီ။ အဲတာဆိုရင် ခင်ဗျားရဲ့ ရေနွေးငွေ့စက်နဲ့ ဒလက်မဲ့ ပန်ကာရဲ့ ရှယ်ယာတွေကို အဲတာတွေနဲ့ လဲလို့ရတယ်”

ဖုန်းယွီက ပြုံးကာ ပြောလိုက်သည်။

“မန်နေဂျာဖုန်း ခင်ဗျား ကျွန်တော်ကို လာနောက်နေတာလား”

ဟိုဟိုက်ထောင်သည် ထိတ်လန့်သွားသည်။ ထိုရှယ်ယာမှာ နှစ်စဉ်နှစ်တိုင်း ခွဲတမ်းသည် အလွန်များပြားလွန်းသည်။

“ခင်ဗျား ဘာတွေ တွေးနေတာလဲ။ ဒါက တိုင်းပြည်ကို ပံ့ပိုးနေတာနော်။ ဒီရှယ်ယာတွေကို ဘာလို့ လက်မလွှတ်ဘဲ မနေနိုင်ရမှာလဲ”

ဖုန်းယွီက ရည်ရွယ်ချက် ရှိရှိဖြင့် မေးလိုက်သည်။

ဟိုဟိုက်ထောင်သည် သူ့စိတ်ထဲတွင် ကျိန်ဆဲနေမိသည်။ မင်းက ငွေမလိုဘူးလေ။ ဒါပေမဲ့ လေယဉ်ထုတ်လုပ်တဲ့ စက်ရုံက ငွေလိုတယ်လေ။

ဟိုဟိုက်ထောင်က တခဏကြာ စဉ်းစားပြီးနောက် ပြောလိုက်သည်။

“မန်နေဂျာ ခင်ဗျား Mikoyan MiG ဖိုက်တာဂျက်နည်းပညာကို ရနိုင်မလား”

ဖုန်းယွီက မျက်နှာ မှုန်ကုပ်စွာဖြင့် ပြောလိုက်၏။

“မရဘူး”

ချီး Mikoyan MiG ဖိုက်တာ ဂျက်လေယဉ်တွေက ဆိုဗီယက် ပြည်ထောင်စုရဲ့ ထိပ်တန်း ဖိုက်တာဂျက်တွေ ပြီးတော့ အဲ့ဂျက်တွေက တကမ္ဘာလုံးမှာ အကောင်းဆုံး ဂျက်တွေထဲက တစ်ခု။ ကီရီလန်ကိုက ဒီလို ဂျက်တွေ ရဖို့အတွက် အင်အားမကြီးဘူး။

“မန်နေဂျာဖုန်း ကျွန်တော် ခေတ်အမှီဆုံး နည်းပညာကို မလိုပါဘူး။ ကျွန်တော်အနေနဲ့ အရင်မော်ဒယ်တွေရဲ့ နည်းပညာဆိုလည်း ရပါတယ်။ ဆိုဗီယက် တခြားနိုင်ငံတွေကို ရောင်းနေတဲ့အရာတွေပေါ့။ ဉပမာအနေနဲ့ အင်ဂျင်နည်းပညာ။ ခင်ဗျား ကျွန်တော်ကို ကူညီမှ ရမယ်။ အဲ့နည်းပညာနဲ့ဆိုရင် ကျွန်တော်တို့ နိုင်ငံရဲ့ လေကြောင်းနည်းပညာက ပိုပြီး အဆင့်မြင့် ခေတ်မှီလာလိမ့်မယ်”

တရုတ်သည် Mikoyan MiG ဂျက်၏ မော်ဒယ်ဟောင်းများကို ဝယ်ခဲ့ပြီး အရင်က တစစီ ဖြုတ်ခဲ့ဖူးသည်။ ပြီးနောက် တရုတ်နိုင်ငံ၏ ကိုယ်ပိုင် ဖိုက်တာ ဂျက်များသည် Mikoyan MiG ဂျက်များကို တုပ ထုတ်လုပ်ထားခြင်း ဖြစ်သည်။ သို့သော် တရုတ်၏ ဖိုက်တာဂျက်များသည် အသံဆူညံလွန်းသည်။ ထိုနည်းပညာနှင့် ဆိုပါက တရုတ်နိုင်ငံ၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်တွင် အချိန်အတော်လေး လျော့ချနိုင်မှာ ဖြစ်သည်။

“ကျုပ်ခင်ဗျားကို ဘာမှ ကတိ မပေးခဲ့ပေမဲ့ .... ကျုပ် ကြိုးစားကြည့်မယ်”

_______

All Chapters