← Chapters

ကျွန်တော် ကားစက်ရုံ တည်ဆောက်ချင်တယ်။

Vol. 19 Ch. 280

ကျွန်တော် ကားစက်ရုံ တည်ဆောက်ချင်တယ်။

Vol. 19 Ch. 280

ကျန်းရွေ့ချင်သည် ဖုန်းယွီကို မှင်သက်စွာဖြင့် ကြည့်လိုက်သည်။

“မင်းက ကားထုတ်လုပ်ချင်တာလား။ ရှောင်ယွီ ကားက မော်တော်ဆိုင်ကယ်လောက် မရိုးရှင်းဘူးနော်”

“အဲ့တာက အရမ်းကို ရှုပ်ထွေးမယ်လို့လည်း ကျွန်တော် မမှတ်ယူပါဘူး။ အဲတာက ဘီးလေးလုံး အင်ဂျင်တစ်လုံးပါတဲ့ ယဉ်ပဲမလား”

ဖုန်းယွီက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ကျန်းရွေ့ချင်သည် သူ့ခေါင်းကို ခါလိုက်သည်။ တကယ်လို့ အဲတာကို အရမ်းကိုရိုးရှင်းနေမယ်ဆိုရင် အခုဆို တရုတ် တစ်နိုင်ငံလုံး ကားတွေချည်း ဖြစ်နေမှာပေါ့။

“ရှောင်ယွီ ငါတို့နဲ့ ကပ်လျက် လင်းပြည်နယ်မှာ ဖောကားထုတ်လုပ်ရေးရှိတယ်။ ဖောကားထုတ်လုပ်ရေးက တရုတ်နိုင်ငံမှာ အကြီးဆုံး ကားထုတ်လုပ်ရေးပဲ။ မင်းက ဘင်းမြို့တော်မှာ ကားစက်ရုံ တည်ဆောက်ချင်တာလား။ မင်းက ဖောကားထုတ်လုပ်ရေးနဲ့ ပြိုင်ဖို့ ကြိုးစားနေတာလား”

ကျန်းရွေ့ချင်က ဖုန်းယွီကို သတိပေးလိုက်သည်။ ဖုန်းယွီအနေဖြင့် ယင်းအချက်ကို သိထားရမည်ပင်။

“သူတို့နဲ့ ပြိုင်ရတော့ကော ဘာအရေးလဲ။ ကျွန်တော်ရဲ့ နည်းပညာက ပိုကောင်းတယ်။ အပြင်ပိုင်း ဒီဇိုင်းကလည်း လှပတယ်။ အတွင်းပိုင်းက ပိုပြီး သက်တောင့်သက်တာ ဖြစ်ယ်။ ပြီးတော့ ကျွန်တော်ရဲ့ ကားက ပိုပြီး ဈေးချိုမယ်။ ဘာကြောင့် သူတို့နဲ့ မပြိုင်ဘဲ နေရမှာလဲ”

ဖုန်းယွီက သူ့အနေဖြင့် အခြားသော ကားကုမ္ပဏီများကို မတုပဘဲ အမျိုးသားအဆင့် ကားအမှတ်တံဆိတ်ကို တည်ဆောက်နိုင်မည်ဟု ယုံကြည်ချက်ရှိသည်။

“မင်းရဲ့ နည်းပညာတွေက ပိုကောင်းတာလား။ မင်းကားတွေက ပိုလှပြီး ပိုပြီး သက်တောင့်သက်သာ ဖြစ်တာလား။ မင်းရဲ့ ကားတွေက ပိုပြီး ဈေးပေါတာလား။ ဘယ်ကနေ ယုံကြည်မှုတွေ ရလာတာလဲ”

ကျန်းရွေ့ချင်သည် စကားလုံးများစွာ ထွက်မိသွားသည်။ စကားသာ ဈေးပေါသည်။ မင်းသာ ကားကို အရင်ဆုံး ထုတ်လိုက်ဦး။

“ကျွန်တော်က Volga ကားထုတ်လုပ်ရေးနဲ့ နည်းပညာတွေကို မှာယူထားတယ်။ ကျွန်တော်ကားရဲ့ အပြင်ပိုင်းနဲ့ အတွင်းပိုင်းကို ဒီဇိုင်း ဆွဲပေးဖို့အတွက် တစ်ယောက်ယောက်ရှိပြီးသား။ ကျွန်တော်ရဲ့ ကားတွေက ထိပ်ပိုင်းရောက်ရမယ်ဆိုတာ ကျွန်တော်အာမခံတယ်။ ဈေးအတွက်ကတော့ အသင့်အတောပဲ။ ပြီးတော့ စွမ်းဆောင်ရည်ကလည်း ကောင်းလိမ့်မယ်”

“မင်းက တကယ်ပဲ ကားထုတ်လုပ်ချင်တာလား”

“ဟုတ်တယ် ဒါပေမဲ့ ကျွန်တော် အနေနဲ့ မြို့တော်အစိုးရရဲ့ ထောက်ပံ့မှုလည်း လိုသေးတယ်။ ကျွန်တော်ကို မြေလွတ်တစ်ခုပေး။ ကျွန်တော် စက်ရုံ တည်ဆောက်ချင်တယ်”

“မင်းသေချာ စဉ်းစားမှ ရမယ်နော်။ ကားစက်ရုံ ဆောက်ဖို့ဆိုတာက ငွေများများ ရင်းနှီးမြှပ်နှံဖို့ လိုအပ်တယ်”

ကျန်းရွေ့ချင်က တဖန် ဖုန်းယွီကို နားချရန် ကြိုးစားသည်။ တရုတ်နိုင်ငံတွင် ကားကို ဝယ်ယူနိုင်သည့် ဦးရေ များများ စားစားမရှိပေ။ ယင်းက မော်တော်ဆိုင်ကယ်နှင့် ကွဲပြားခြားနားပေသည်။ ရင်းနှီးမြှပ်နှံမှုသည် များပြီး တစ်နှစ်လျှင် အစီးရေ တစ်သောင်း မရောင်းရနိုင်တာလည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ ယင်းက ဖုန်းယွီအတွက် အရှုံးပေါ်ရန် ရာခိုင်နှုန်း ပိုများပေသည်။

သေချာသည်မှာ ကျန်းရွေ့ချင်အနေဖြင့် ဖုန်းယွီကို ကြိုးစားတားမှ ရပေမည်။ အကြောင်းမှာ ထိုစက်ရုံကို စက်ယန္တရားကုမ္ပဏီ၏ လက်အောက်တွင် ထားပြီး တည်ဆောက်မည် ဖြစ်သည့်အတွက် ဖြစ်သည်။

မြို့တော်သာ ခွင့်ပြုလိုက်ပါက မြို့တော်အစိုးရသည် သူတို့၏ ရှယ်ယာများ ထပ်လျော့ချခြင်းမှာ တားဆီးရန်အတွက် ငွေများကို စက်ယန္တရားကုမ္ပဏီသို့ ထည့်ရမည် ဖြစ်သည်။ စက်ယန္တရားကုမ္ပဏီကို ထည့်ရမည့် ငွေကြေးက နည်းနည်းနောနောမဟုတ်ပေ။

ယခုလက်ရှိတွင် စက်ယန္တရားကုမ္ပဏီသည် ဖုန်းယွီကို မရပ်တန့်နိုင်ပေ။ ထပ်ပြောရပါက ရှယ်ယာရှင်များသာ ဆုံးဖြတ်ရသာ ဖြစ်သည်။ သို့သော် မြို့တော် အစိုးရအနေဖြင့် ထိုပရောဂျက် အတည်ပြု မပေးမချင်း ရပ်တန့်နိုင်သေးသည်။

“ငါ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးလိုက်ဦးမယ်။ ဒါပေမဲ့ မြို့တော်အနနဲ့ မင်းကို ခွင့်မပြုပေးနိုင်လောက်ဘူး”

ကျန်းရွေ့ချင်က ယင်းက ကြိုးစားသင့်သည့် အရာတစ်ခုဟု ခံစားမိသည်။ သို့သော် မြို့တော်၏ အခြားခေါင်းဆောင်များ အနေဖြင့် သူတို့၏ စက်ယန္တရားကုမ္ပဏီ၏ ရှယ်ယာများကို လျော့ချခံရမည်ကို မလိုလားကြပေ။ အကယ်၍ ဖုန်းယွီသာ သူ့ကိုယ်ပိုင် ကားစက်ရုံ တည်ဆောက်လျှင် မြို့်တော်အနေဖြင့် ဘာမျှ ပြောမည် မဟုတ်ပေ။ ပြီးနောက် မြို့တော်က သူ့ကို ထောက်ပံ့ပေးဦးမည်ပင်။

ကျန်းရွေ့ချင်သည်လည်း ဖုန်းယွီကို မြို့တော်၏ စက်ယန္တရားကုမ္ပဏီ၏ ရှယ်ယာများကို လျော့ချရန် အကြောင်းပြချက် တစ်ခု အဖြစ်သာ အသုံးပြုသည်လော သို့မဟုတ် တကယ်ပင် ကားထုတ်လုပ်ချင်သည်လောဟုတောင် သံသယ ဖြစ်မိသည်။ ထပ်ပြောရပါက စက်ယန္တရားကုမ္ပဏီသည် သူ့၏ လယ်ယာသုံး စက်ပစ္စည်းများနှင့် မော်တော်ဆိုင်ကယ်မှ အမြတ်များစွာ ရရှိနေသေးသည်။ ယမန်နှစ်က မော်တော်ဆိုင်ကယ် အစီး ၁၄၀,၀၀၀ကျော်တော် ရောင်းချနိုင်ခဲ့သည်။

ပထမက မော်တော်ဆိုင်ကယ် ဈေးကွက်သည် သေးလွန်းပြီး ပြိုင်ဖက်များသည်ဟု တွေးခဲ့သ်ည။ ဖုန်းယွီ၏ မော်တော်ဆိုင်ကယ်များသည် ဈေးလည်း ကြီးသေးသည်။ အကယ်၍ အစီးရေ တစ်သိန်းရောင်းချရလျှင် ယင်းက အောင်မြင်သည်ဟု စဉ်းစား၍ ရနိုင်သည်။ သို့သော် အစီးရေ ၁၄၀,၀၀၀ရောင်းချခဲ့ရပြီး စုန့်ကျန်းမော်တော်ဆိုင်ကယ်သည် တရုတ်နိုင်ငံတွင် နံပါတ်သုံး ဖြစ်ခဲ့သည်။ ယမန်နှစ်က ရောင်းချရသည်ထက် ဆက်လက် တက်နေသေးဆဲ ဖြစ်သည်။

ဖုန်းယွွီအနေဖြင့် မှန်ကန်သည့် လမ်းကြောင်းကို ခြောက်လှမ်းခဲ့ပုံပေါ်သည်။ သို့သော် ကားက ကွဲပြားပေသည်။ ချမ်းသာသည့် လူများကလည်း အရည်အသွေးပိုကောင်းသည့် ပြည်ပမှတင်သွားသည့် ကားများကို ပိုပြီး ရွေးချယ်ကြသ်ည။ မချမ်းသာသည့် သူများအနေဖြင့် ကားမဝယ်နိုင်ပေ။ မော်တော်ဆိုင်ကယ်က သူတို့အတွက် ပိုသင့်တော်သည်။ တပတ်ရစ်ကားများနှင့် ပြည်ပမှ တင်သွားသည့် ကားများသည် ပြည်တွင်းထုတ် ကားများထက် ပိုတောင်ရောင်းကောင်းသေးသည်။

ဘင်းမြို့တော်သည်လည်း နေရာကောင်းမဟုတ်ပေ။ ဘေးတွင် တရုတ်နိုင်ငံ၏ အကြီးဆုံး ကားထုတ်လုပ်သည့် ဖောကားထုတ်လုပ်ရေးရှိနေပြန်သည်။

“မြို့တော်ဝန်ကျန်း သုံးနှစ်အတွင်း နှစ်စဉ် ရောင်းချမှုက ငါးသောင်းကျော်မယ်လို့ အာမခံတယ်လို့ မြို့တော် အစိုးရကို ကျွန်တော် မပြောဘဲ နေရမှာလဲ။ ကျွန်တော်ဆီကနေကို မြို့တော်က ဘယ်လောက် အခွန်တွေ ရမလဲ။ ထပ်ပြောရမယ်ဆိုရင် မြို့တော်က ဒီနှစ်မှာ ပညာရေးမှာ ရင်းနှီးမြှပ်နှံဖို့ စီစဉ်နေတယ်။ ဒါပေမဲ့ ဘတ်ဂျက် မလုံလောက်ဘူး ဖြစ်နေတယ်။ ကျွန်တော် ကျောင်းအဆောက်အဦး သုံးဦး လှူဒါန်းနိုင်တယ်”

ကျန်းရွေ့ချင်၏ မျက်လုံးများ လက်သွားသည်။ ယင်းက သတင်းကောင်းပင် ဖြစ်သည်။ ကျောင်းအဆောက်အဦးသည် အနည်းဆုံး ယွမ် တစ်သိန်းကျော် ကုန်ကျမည်ပင်။ အကယ်၍ အဆောက်အဦးသည် ပိုကောင်းပါက ယွမ် တစ်သန်းထက်တောင် ကျော်နိုင်ပေသည်။ မြို့တော်အေနေဖြင့် သူတို့၏ ကျန်ရှိသည့် ဘတ်ဂျက်ငွေများဖြင့် ကျောင်းဟောင်းများကို အဆင့်မြင့်တင်နိုင်ပေသည်။

“ကောင်းပြီလေ ငါ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးလိုက်ဦးမယ် ငါမင်းကို နှစ်ရက်အတွင်း အဖြေ ပြန်ပေးမယ်”

……

နှစ်ရက်ကြာပြီးနောက် ဖုန်းယွီသည် ကျန်းရွေ့ချင် ရုံးခန်းသို့ လာခဲ့သည်။ သို့သော် ကျန်းရွေ့ချင်မျက်နှာထက်တွင် အပြုံးတစ်ခုကို မြင်လိုက်ရသည်။ သူသည် ကောက်ကျစ်သည့် မြေခွေးနှင့် ရင်ဆိုင်ရတော့မည် သိနေ၏။

ချက်ချင်းပင် ဖုန်းယွီသည် မြို့တော် အနေဖြင့် ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိလိုက်သည်။ သို့သော် ဖုန်းယွီထံမှ သူတို့ ပိုက်ဆံများများရရန် နည်းလမ်းရှာမည်ပင်။

ချီး ငါ့ဆီကနေ အသားယူဖို့ ကြိုးစားနေတာလား။ ငါသာ ဒီစက်ရုံကို တခြားနေရာမှာသွား တည်လိုက်ရမယ်ဆိုရင် ဒီလိုကြီးတွေ ငါ့ကို မိုးနတ်မင်း တစ်ယောက်လို ဆက်ဆံကြလိမ့်မယ်။

“မြို့တော်ဝန်ကျန်း မြို့တော်ဝန်ရဲ့ ပုံအရ မြို့တော်က သဘောတူလိုက်ပြီလား”

“ဟုတ်တယ် မင်းစဉ်းစားတဲ့ အတိုင်းပဲ ဒါပေမဲ့ တောင်းဆိုချက် အချို့တော့ ရှိတယ်”

“ဟန့်... ဘယ်လိုတောင်းဆိုချက်တွေလဲဗျ။ ကျွန်တော်လက်ခံနိုင်မနိုင် ကြည့်ရဦးမယ်လေ”

ဖုန်းယွီက သက်ပြင်းချလိုက်သည်။

“ကောင်းပြီ ပထမဆုံး မြို့တော်မှာ သုံးနှစ်အတွင်း ကျောင်းအဆောက်အဦး ၁၀လုံး ဆောက်ပေးရမယ်။ ပြီးတော့ ကျောင်းအဆောက်အဦးက မင်းအဖေနေတဲ့ ဒေသမှာ ရှိတဲ့ အဆောက်အဦးအတိုင်းပဲ”

ချီ အဆောက်အဦး ၁၀လုံးလား။ ဒါက ယွမ် ၁၀သန်းကျော် ကုန်ကျလိမ့်မယ်။ ဖုန်းယွီသည် လက်ခံနိုင်သေးဆဲ ဖြစ်သည်။ သူ့အနေဖြင့် ပညာရေးကို အသုံးချပြီး သူ့နာမည်ကြီးအောင် လုပ်နိုင်ပေသည်။

အနာဂတ်နှစ်များတွင် ဆာရှောလှူဒါန်းထားသည့် ကျောင်းအဆောက်အဦးများတွင် တက်ခွင့်ရသည့်အတွက် ဘွဲ့ကြိုကျောင်းသားအများအပြားသည် ဂုဏ်ယူနေကြသည်။ ဆာရှောသာ တရုတ်နိုင်ငံတွင် ကုမ္ပဏီ တည်ထောင်ပါက ထိုကုမ္ပဏီကို လာလျှောက်မည့် ထူးချွန်ကျွမ်းကျင်သူ အများအပြားရှိမည်ပင်။ လုပ်ခလစာများသည် သာမန်ထက်တောင် နည်းလျှင်တောင်မှ ဖြစ်သည်။

“တက္ကသိုလ်တွေကောလား”

“တက္ကသိုလ်တွေလား။ မပါဘူး။ အဓိကက အထက်တန်းကျောင်းတွေ”

တရုတ်နိုင်ငံအနေဖြင့် သူတို့ တက္ကသိုလ်များတွက် ထောက်ပံ့နေသည်။ ပြီးနောက် မြို့တော်အနေဖြင့် ယင်းအတွက် ဂရုစိုက်ရန် မလိုအပ်ပေ။

ဖုန်းယွီက နောင်တရသလို ခံစားမိသည်။ အကယ်၍ တက္ကသိုလ်များသာ ဆိုလျှင် ယင်းက အကောင်းဆုံးပင် ဖြစ်ပေလိမ့်မည်။ သို့သော် အထက်တန်းကျောင်းများသည်လည်း မဆိုးလှပေ။ သို့သော် ဖုန်းယွီအနေဖြင့် ယင်းအချက်ကို ပါစေချင်နေသည်။

“ကောင်းပြီ ဒါပေမဲ့ ကျောင်းအဆောက်အဦးကို ကျွန်တော် နာမည်ပေးမယ်”

“မင်းပေးမဲ့ နာမည်က လေနှင့်မိုး အဆောက်အဦးလား။ ခေါ်ရတာ သိပ်ပြီး မင်္ဂလာမရှိဘူး”

ဖုန်းယွီက ပြောစရာ စကားမဲ့သွားသည်။ ခင်ဗျားရဲ့ နာမည်မှ မင်္ဂလာမရှိတာ။ ခင်ဗျားရဲ့ တစ်မိသားစုလုံး မင်္ဂလာမရှိတာတော့ မဟုတ်ဘူးပေါ့။

“ထိုက်ဟွ အဆောက်အဦးလို့ ခေါ်တာက ပြဿနာ မဟုတ်ဘူးမလား”

ကျန်းရွေ့ချင်က မျက်လုံးကို ဝေ့လိုက်သည်။ မင်းမိဘတွေရဲ့ နာမည်ကို ငါမသိဘူးများ ထင်နေတာလား” (ဖုန်းရှင်းထိုက်က ထိုက်နဲ့ ကျန်းမူဟွက ဟွ ထိုက်ဟွ ဟဟ)

“ကောင်းပြီလေ။ ငါအဲ့အချက်ကို သဘောတူတယ်။ အဲ့တာဆိုတော့ မင်းက ပထမအချက်ကို သဘောတူတယ်လို့ ပြောလို့ရပြီ။ နောက်ထပ် တောင်းဆိုချက်ကို သွားလိုက်ရအောင်။ စက်ယန္တရားကုမ္ပဏီကို ဘင်းမြို့တော်ကနေ ရွေ့လို့မရဘူး။ ပြီးတော့ ရှယ်ယာတွေ ဘယ်လောက်ပဲ လျော့လျော့ မြို့တော်အနေနဲ့ အနည်းဆုံး ရှယ်ယာ တစ်ဆယ်ရာခိုင်နှုန်း ဖြစ်ရမယ်”

“ကျွန်တော်အနေနဲ့ စက်ယန္တရားကုမ္ပဏီကို ဘင်းမြို့တော်ကနေ မရွေ့ဘူးလို့ အာမခံတယ်။ ဒါပေမဲ့ အနည်းဆုံး ၁၀ရာခိုင်နှုန်းက မြို့တော်အနေနဲ့ ရံပုံငွေရဲ့ အကျိုးအမြတ် ထည့်ဝင်တဲ့ ပမာဏအပေါ် မူတည်တဘ်။ တကယ်လို့ မြို့တော်တာ ငွေထည့်နိုင်မယ်ဆိုရင် ရှယ်ယာအနေနဲ့ လျော့ချခံရမှာ မဟုတ်ဘူး”

ဘင်းမြို့တော်မှာပဲ ဆက်ရှိရမှာလား။ ဒါက ပြဿနာ မဟုတ်ပေ။ ဖုန်းယွီအနေဖြင့် အမြဲတမ်း ရှယ်ယာကုမ္ပဏီကို တည်ထောင်နိုင်ပြီး စက်ယန္တရားကုမ္ပဏီ၏ ရှယ်ယာများကို ထိုကုမ္ပဏီသို့ လွဲနိုင်သည်။ ပြီးနောက် သူ့အနေဖြင့် စက်ယန္တရားကုမ္ပဏီကို ထိုနေရာမှ ခန့်ခွဲနိုင်ဦးမည် ဖြစ်သည်။ မြို့တော်အနေဖြင့် အခွန်ကိစ္စနှင့် ပတ်သတ်ပြီး စိတ်မပူပေ။ သူ့အနေဖြင့် အခြားနေရာများတွင်လည်း အခွန်အမြဲတမ်း ပေးရမည် ဖြစ်သည့်အတွက် ဖြစ်သည်။

“ကောင်းပြီလေ။ အဲတာဆို ငါ တတိယ တောင်းဆိုချက်ကို ပြောမယ်”

ကျန်းရွေ့ချင်အနေဖြင့် ဖုန်းယွီသည် မြို့တော် အနည်းဆုံး ရှယ်ယာ ၁၀ရာခိုင်နှုန်းထားခြင်းကို ကုမ္ပဏီထဲ ငွေမထည့်ဘဲ မည်သည့်အခါမျှ ခွင့်ပြုမည်မဟုတ်ဟု သိပြီးသား ဖြစ်သည်။

“ခဏ... မြို့တော်ဝန်ကျန်း ခင်ဗျားမှာ တောင်းဆိုချက် ဘယ်နှစ်ခုတောင်ရှိတာလဲ။ အခုတစ်ရာလား”

ဖုန်းယွီသည် မပျော်တော့ပေ။ တောင်းဆိုချက်များမှာ များလွန်းလှသည်။

ကျန်းရွေ့ချင်က ပြုံးလိုက်ကာ

“ဒါက နောက်ဆုံး တောင်းဆိုချက်ပဲ။ မင်းအနေနဲ့ ဘင်းမြို့တော်မှာ နေတဲ့သူတွေကို အလုပ်သမားအဖြစ် ခန့်အပ်ရမယ်”

“ပြဿနာ မရှိဘူ။ ဒါက နောက်ဆုံး တောင်းဆိုချက်မလား။ အဲ့တာဆို အခုကိစ္စပြတ်သွားပြီ”

ဖုန်းယွီက ကျန်းရွေ့ချင်ကို နောက်ထပ် တောင်းဆိုချက် ထပ်ပေါင်းမပြောခင် သူ့က မြန်မြန်ပင် ရပ်တန့်လိုက်သည်။

“ဒီတောင်းဆိုချက်တွေက မြို့တော်က သတ်မှတ်ထားတာ။ ဒါက မြို့တော်ရဲ့ မြေပုံ။ မင်းစက်ရုံ တည်ဆောက်ချင်တဲ့ နေရာကို ရွေးလိုက်။ ပြီးရင် ငါတို့တွေ မြေအသုံးပြုခကို ဆွေးနွေးကြမယ်”

ချီး ငါအဲ့လောက် မရိုးရှင်းဘူးဆိုတာ သိတယ်။ မြို့တော်က မြေကို သူတို့ စိုက်ထည့်ရမဲ့ ငွေအစား လဲလှယ်ချင်နေတာ။

ဖုန်းယွီအနေဖြင့် တောင်းဆိုချက်များ အားလုံးကို သဘောတူမည် ဖြစ်သည်။ အကြောင်းမှာ သူ့အနေဖြင့် ကားထုတ်လုပ်မည့် ပရောဂျက်ကို မြန်နိုင်သမျှ မြန်မြန် စတင်ချင်နေသည့်အတွက် ဖြစ်သည်။

All Chapters