အနောက်တံခါးမှ ဝင်ခြင်း
Vol. 19 Ch. 281
ဖုန်းယွီသည် မြေကွက်တစ်ခုကို ရွေးလိုက်သည်။ အနာဂတ်တွင် မြို့တော်သည် ထိုနေရာ၌ စက်မှုဇုန် တည်ဆောက်မည် ဖြစ်သည်။ ပြီးနောက် ယခုလက်ရှိ သယ်ယူပို့ဆောင်ရေး အခြေအနေမှာလည်း ပြဿနာတစ်ရပ် အဖြစ် ရှိမနေပေ။
ကျန်းရွေ့ချင်သည် ဖုန်းယွီက မြေဈေးအကြောင်းပြောသည့်အခါ ဖုန်းယွီသည် သူ့မျက်နှာပေါက်ကို တံတွေးဖြင့် ထွေးပစ်ချင်မိသည်။ ထိုအသုံးမကျသည့် မြေကို ငါ့ဆီကနေ တကယ့်နေရာကောင်းက ဈေးအတိုင်း တောင်းနေတာလား။
အမှန်တကယ်တွင် မြို့တော်သည် ကျန်းရွေ့ချင် ပြောသည်ထက် တစ်ဝက်သာ ပြောခဲ့သည်။ သို့သော် မြို့တော် ခေါင်းဆောင်များသည် ဖုန်းယွီကို ကျန်းရွေ့ချင်လောက် နားမလည်ပေ။ ကျန်းရွေ့ချင် အနေဖြင့် ဖုန်းယွီသည် ကားစက်ရုံကို တည်ဆောက်ရန် လောနေမှန်းသိသည်။ ပြီးနောက် ကျန်းရွေ့ချင် အနေဖြင့် မြို့တော်ကို အကျိုးအမြတ်များစွာ ရစေချင်သည်။
ဖုန်းယွီသည် လေယဉ်များကို ရောင်းချခဲ့ပြီးယင်းမှ အကျိုးအမြတ် ကြီးကြီးမားမား ရခဲ့သည်။ ထိုပမာဏအနေဖြင့် သူ့အတွက် ပြဿနာ တစ်ရပ်တစ်ခု အဖြစ် မဖြစ်သင့်ပေ။
အဆုံးတွင် ဖုန်းယွီက ပေးမည်ပင်။ မြို့တော်သည် စက်ယန္တရားကုမ္ပဏီကို ပေးသွင်းရမည့် ငွေများအား မြေကွက်နှင့် အလဲအလှယ်လုပ်ခဲ့သည်။ ဖုန်းယွီသည် နည်းပညာ၊ ထုတ်လုပ်ရေဂလမ်းကြောင်းနှင့် ငွေပမာဏ မျာများကို စိုက်ထုတ်ခဲ့သည်။ ဖူကွမ်းကျန်းသည်လည်း ကုမ္ပဏီသို့ သူ့ရှယ်ယာမလျော့ကျရန် ငွေများကို ထည့်ခဲ့သည်။ သို့သော် မြို့တော်၏ ရှယ်ယာသည် ၂၈ရာခိုင်နှုန်းသို့ ကျသွားခဲ့သ်ည။ ဖုန်းယွီနှဌင့် ဖုန်းရှင်းထိုက်၏ ရှယ်ယာများသည် ၅၆ရာခိုင်နှုန်းအထိ တိုးသွားခဲ့သည်။
ကျန်းရွေ့ချင်သည် လက်ဖက်ရည်ကို ခွက်ကြီးကြီးဖြင့် သောက်လိုက်သည်။နောက်ဆုံးတွင် မြို့တော်က သူ့အား ပေးထားသည့် တာဝန် ပြီးဆုံးသွားပြီ ဖြစ်သည်။ မြို့တော်က သူတို့ မှန်းထားသည်ထက် ရှယ်ယာ ၃ရာခိုင်နှုန်းတောင် ရရှိခဲ့သည်။ သူတို့သည် ရှယ်ယာကို ၂၅ရာခိုင်နှုန်းအထိကျသွားမည်ဟု ထင်ခဲ့သည်။
လက်ဖက်ရည်သောက်ပြီးနောက် ကျန်းရွေ့ချင်သည် ဖုန်းယွီ သူ့ကို စိုက်ကြည့်နေသည်ကို သတိပြုမိလိုက်သည်။
“မင်းဘာလို့ ဒီမှာ ရှိနေသေးတာလဲ။ ငါ့ကို နေ့လည်စာ ကျွေးချင်သေးတာလား”
အခြားသော ရင်းနှီးမြှပ်နှံသူများသာဆိုလျှင် ကျန်းရွေ့ချင်သည် သူတို့၏ စီးပွားရေး ကိစ္စများပြီးသည်နှင့် နေ့လည်စာ ကမ်းလှမ်းမည်ပင်။ သို့သော် ဖုန်းယွီတော့ မဟုတ်ပေ။
“မြို့တော်ဝန်ကျန်း ကျွန်တော်တို့တွေ ရုံးပိုင်းဆိုင်ရာ ကိစ္စတွေ ပြီးသွားပြီ။ ကျွန်တော် ရုတ်တရက် ကိုယ်ရေး အကြောင်းအရာကို မှတ်မိသွားတယ်”
“ကိုယ်ရေး အကြောင်းအရာလား”
ကျန်းရွေ့ချင်က ဖုန်းယွီကို ကြည့်လိုက်သည်။
“ငါနဲ့ ဘာကိုယ်ရေး ကိစ္စတွေ ဆွေးနွေးစရာ ရှိလို့လဲ”
ဒီကောင်စုတ်လေး သေချာပေါက် ငါ့ကို အသုံးချဖို့ စဉ်းစားနေတာပဲ ဖြစ်ရမယ်။ ဒီတစ်ခေါက်ကော သူက ဘာရောင်းချင်တာလဲ။ မဖြစ်နိုင်ဘူး။ လုံးဝ မဖြစ်နိုင်ဘူး။
“မြို့တော်ဝန်ကျန်း ကျွန်တော်တို့တွေ စီးပွားရေး ကိစ္စတွေ မပါဘူးဆိုရင် ကျွန်တော်တို့ အချင်းချင်း မိတ်ဆွေလို့ စဉ်းစားလို့ ရတယ်။ ကျွန်တော် မြို့တော်ရဲ့ စီးကရက်စက်ရုံတုန်းက ခင်ဗျားကို ကူညီပေးခဲ့တယ်။ ကျွန်တော် ကြားတာတော့ အထူးထုတ် စီးကရက်တွေက ဂိုထောင်လက်ကျန် မရှိတော့တဲ့ အထိ ရောင်းရတယ်ဆို။ အဲတာတွေ အကုန်လုံးက ကျွန်တော်ကြောင့်ပဲ”
“မင်းဒီအကြောင်းကို ပြောရဲသေးလား။ မြို့တော်မှာ ရှိတဲ့ လူတိုင်းက ဒီအကြောင်းတွေ ပြောနေကြတယ်။ သူတို့တွေက အထူးထုတ်စီးကရက်တွေက ငါတို့အတွက် ထုတ်တာတဲ့ ပြီးတော့ ရှိသေးတယ်။ ငါတို့ သောက်တဲ့ စီးကရက် အရေအတွက်က အဆောက်အဦး တစ်လုံးစာ ရှိတယ်။ မင်းနဲ့ မင်းရဲ့ ရူးကြောင်ကြောင် အကြံတွေကြောင့်လေ”
ကျန်းရွေ့ချင်က ဒေါသထွက်နေသည်။
ဘင်းမြို့တော် အထူးထုတ်စီးကရက်သည် မျှော်မှန်းထားသည်ထက် ပိုရောင်းအား ကောင်းခဲ့သည်။ သို့သော် ယင်းက မကောင်းသတင်း ဖြစ်သည်။ မြို့တော်အစိုးရ၏ နာမည်သည်လည်း မြောင်းထဲ ရောက်သွားသည်ပင်။
“ဟမ့်... မြို့တော်ဝန်ကျန်း လူတွေကို ဒီအကြောင်းမပြောဖို့ ထိန်းချုပ်လေ ကောလဟလတွေက ပိုပြီး ပြန့်နှံလေပဲ။ ဘာကြောင့် မြို့တော်ဝန်တို့ အကုန်လုံးက ဟုန်ရှန်းတံဆိပ် စီကရက်ကို ဝယ်တာ ရပ်ပြီး အထူးထုတ်လိုမျိုး စီးကရက်ကို မသောက်ရမှာလဲ။ ဒါက ဒေသတွင်းထုတ်ကုန်တွေကို အားပေးရာ ရောက်တယ်လေ”
ကျန်းရွေ့ချင်သည် အတွေ့အကြုံမရှိသေးပေ။ သူ့အနေဖြင့် ထိုအကြောင်းပြောသည်ကို ရပ်တန့်စေချင်သည်။ သို့သော် သူ့အနေဖြင့် ထိုကောလဟာလများကို ထိန်းချုပ်ရန် ကြိုးပမ်းလေ ကောလဟလများက ပို့ပြန့်လေ ဖြစ်နေသည်။ အကယ်၍ သူသာ ထိုစီးကရက်များကို သောက်လျှင်တောင် ထိုလူများက ဘာလုပ်နိုင်မည်နည်း။
ထပ်ပြောရပါက ထိုအရာများသည် ဒေသတွင်း စက်ရုံအတွက် ဖြစ်ပြီး ခေါင်းဆောင်များသည် ဘယ်ဟာက ပိုလုပ်ရမည်မှန်း သိသည်။
ကျန်းရွေ့ချင်သည် သူ့ အံဆွဲကို ထုတ်လိုက်ပြီး အထူးထုတ် စီးကရက်ဘူးကို ထုတ်လိုက်သည်။
“မင်းပြောတာကို ငါတို့ မလုပ်နိုင်ဘူးလို့ မင်းတွေးနေတာလား။ ဒါပေမဲ့ လူတွေက ငါတို့သောက်တဲ့ စီးကရက်က စက်ရုံ တစ်ခုထဲက ထုတ်တာတောင် တခြားဟာထက် ပို အရသာကောင်းတယ်လို့ ကောလဟာလ ဖြန့်နေကြတာ။ ငါတို့ သောက်တဲ့စီးကရက်က ပိုအရသာ ရှိိပြီး ပိုဈေးကြီးတယ်လို့ပေါ့”
ဖုန်းယွီသည် ရယ်ချင်သွားတော့သည်။ ကျန်းရွေ့ချင် အပြောခံရသည်ကား ရယ်ချင်စရာ ကောင်းနေသည်။ ယင်းက အနာဂတ်ရှိ ဘင်းမြို့တော်များ၏ ခေါင်းဆောက်များနှင့် မတူပေ။
ဖုန်းယွီသည် သူ့ရယ်ချင်စိတ်ကို ထိန်းကာ ပြောလိုက်သည်။
“တကယ်တော့လေ။ ကျွန်တော်တို့ ဘင်းမြို့တော်ရဲ့ ဘိုင်ဂျူ စက်ရုံ၊ ဘီယာစက်ရုံနဲ့ အခြားစက်ရုံတွေကိုလည်း ဒီနည်းလမ်း အသုံးပြုလို့ ရတာပဲ။ အထူးထုတ် ထုတ်ကုန်တွေပေါ့။ ဒီအထူးထုတ် ထုတ်ကုန်တွေက ဘယ်သူတွေ အတွက်ထုတ်တာဆိုတာကို ပြည်သူတွေကို မှန်းခိုင်းကြတာပေါ့။ စက်ရုံတွေက ငွေရှာနိုင်ရင်း မြို့တော်က ငွေရှာနိုင်တာပဲလေ။ ဒါတွေ အကုန်လုံးက ပြည်သူတွေအတွက် ပြီးတော့ ကျွန်တော် အမြင်မှာ ခေါင်းဆောင်တွေအနေနဲ့လည်း စွန့်လွှတ်မှု တချို့ ပြင်ဆင်ထားသင့်တယ်လို့ ထင်တယ်”
“ရူးကြောင်ကြောင် အကြံဉာဏ်တွေငါ့ကို လာမပေးနဲ့ ငါတို့တွေ ပုံမှန် နည်းလမ်းတွေကို အသုံးပြုလို့ မရဘူးလား”
“ကျွန်တော်မှာ ရှိတာပေါ့။ ကြော်ငြာတွေလေ။ မြို့တော်အနေနဲ့ ကြော်ငြာခ ပေးချင်လား။ ကျွန်တော် ကြော်ငြာအစီအစဉ်ကို အခမဲ့ စွဲပေးမယ်နော်”
ကျန်းရွေ့ချင်သည် ပြောစရာ စကားမဲ့သွားသည်။ မြို့တော်အနေဖြင့် စီစီတီဗွီတွင် ကြော်ငြာရန် မတက်နိုင်ပေ။ ယင်းက အလွန်ဈေးကြီးပေသည်။ အကယ်၍ စက်ရုံတိုင်းသာ စီစီတီဗွီတွင် ကြောငြာထည့်ရပါက သူတို့ ရောင်းအားကောင်းလျှင်တောင် ကြော်ငြာစရိတ်တောင် ပြန်ရမည် မဟုတ်ပေ။
ဖုန်းယွီသည် ရှေ့ကို ကိုင်းပြီး ပြုံးကာ
“မြို့တော်ဝန်ကျန်း တကယ်တော့ မြို့နေပြည်သူတွေရဲ့ မြို့တော်အစိုးရအပေါ် မြင်နေတဲ့ အမြင်တွေကို ပြောင်းလဲနိုင်တဲ့ အကြံအဉာဏ် ကျွန်တော်ဆီမှာ ရှိပါတယ်”
ကျန်းရွေ့ချင်သည် ဖုန်းယွီ၏ အကြံကို နားထောင်ချင်သည့်အတွက်
“မင်းရဲ့ အကြံက ဘာလဲ”
“အမ်.... မြို့တော်ဝန်ကျန်း ကျွန်တော်ရဲ့ ဝမ်းကွဲအစ်ကိုက ဒီနှစ်မှာပဲ တက္ကသိုလ်ကနေ ဘွဲရတော့မှာ ပြီးတော့ သူလျှောက်ချင်တဲ့ အလုပ်က ပြဿနာ အနည်းငယ်ဖြစ်နေတယ်”
“သူလျှောက်တဲ့ နေရာ သူရမှာပဲလေ။ ဒေသ အစိုးရတွေက သင့်တော်တဲ့ စီစဉ်မှုတွေ ပေးမှာ။ သူက တက္ကသိုလ်ဘွဲ့ရပဲ။ ဘယ်မှာ စိုးရိမ်စရာ ရှိလို့လဲ”
ကျန်းရွေ့ချင်က ပြောလိုက်သည်။
“သူက ဘင်းမြို့တော် အစိုးရရုံးမှာ လုပ်ဖို့ တွေးနေတာ”
ဖုန်းယွီက ပြောလိုက်သည်။
“မင်းက သူ့ကို မြို့တော်အစိုးရထဲ နောက်တံခါးကနေ သွင်းချင်တာလား”
“မြို့တော်ဝန်က ဒီလိုတွေးတော့လည်း ဒီလိုပဲပေါ့”
ဖုန်းယွီက အရှက်မဲ့စွာဖြင့် ဝန်ခံလိုက်သည်။
“ငါ့ရဲ့ တူကလည်း ဘီယာထုတ်လုပ်ရေးရဲ့ ထုတ်လုပ်ရေးအပိုင်းမှာ လုပ်နေတယ်။ ပြီးတော့ နောက်ထပ် တူတစ်ယောက်ကလည်း ချည်ထည်စက်ရုံမှာ အလုပ်လုပ်နေတယ်”
“ဒါကွဲပြားနေတာပဲလေ။ သူတို့တွေက မြို့တော်ဝန်ရဲ့ ဆွေမျိုးတွေ။ တကယ်လို့ သူတို့ကို နေရာ ကောင်းကောင်းပေးမယ်ဆိုရင် ပြည်သူတွေက မြို့တော်ဝန်ရဲ့ နောက်မှာ ပြောနေကြမှာပေါ့။ ကျွန်တော်ရဲ့ ဝမ်းကွဲအစ်ကိုကတော့ ကွဲတယ်။ သူက နာမည်ရ တက္ကသိုလ်က ဘွဲ့ရ တစ်ယောက် ပြီးတော့ သူက ဘင်းမြို့တော် အစိုးရရုံးမှာ သာမန် အလုပ်လေးပဲ လုပ်ချင်တာ။ သူ့အနေနဲ့ အဆင့်မြင့် ရာထူးတွေမှ မလိုအပ်တာ”
ကျန်းရွေ့ချင်က ဖုန်းယွီကို စိုက်ကြည့်လိုက်သည်။
“သူက အခုမှ ဘွဲ့ရတာ ပြီးတော့ အရာရှိ ဖြစ်ချင်တာလား။ မင်းအနေနဲ့ အရာရှိ တစ်ယောက် ဖြစ်ရတာ လွယ်မယ်လို့ ထင်နေတာလား။ မင်းငါ့ကို ပထမဆုံးအနေနဲ့ မြို့တော်အစိုးရအပေါ် ပြည်သူလူထု အမြင် ဘယ်လို ပြောင်းလဲအောင် လုပ်ရမလဲဆိုတာ အရင်ပြော”
သူက သဘောတူလိုက်တာလား။ ဖုန်းယွီက အပျော်လွန်သွားသည်။ ပြီးနောက် သူက အလျင်အမြန်ဖြင့် ပြောလိုက်သည်။
“အမှန်တကယ်တော့ ဘင်းမြို့တော် အထူးထုတ် စီးကရက်က ဘင်းမြို့တော်က အဓိကထားတဲ့ အမှတ်တံဆိပ် ဖြစ်တယ်လို့ သတင်းထဲမှာ ထည့်လိုက်ရုံပဲ။ ဒီစီးကရက်တွေက ဘင်းမြို့တော်အတွက် အထူးထုတ်။ အဲတာဆိုရင် ပြဿနာတွေ အကုန် ဖြေရှင်းရာ မရောက်ဘူးလား”
ကျန်းရွေ့ချင်က ဖုန်းယွီကို ကြည့်လိုက်သည်။ ဖုန်းယွီက သူ့အား အဆင့်အတန်းနိမ့်ချပြီး မြို့နေလူထုကို လိမ်ရန် ဖြစ်သည်။ ယင်းက အကြံဉာဏ်ကောင်း တစ်ခု ဖြစ်သည်။ သို့သော် သူသည် လက်ထောက် မြို့တော်ဝန် ဖြစ်နေပြီ ဖြစ်သည်။ ပြီးနောက် သူ့အနေဖြင့် မျက်နှာကို ထိန်းသိမ်းထားရန်ကလည်း လိုသေးသည်။
အဓိပ္ပာယ်မရှိလိုက်တာ
“ဒါက မင်းရဲ့ ဖြေရှင်းနည်းလား”
“ဒါက မြို့တော်ဝန်ရဲ့ အခက်အခဲကို သေချာပေါက် ဖြေရှင်းပေးလိမ့်မယ်”
“မဖြစ်နိုင်တာ”
ကျန်းရွေ့ချင်သည် ထိုအကြံဉာဏ်ကို ငြင်းဆိုလိုက်သည်။ အကယ်၍ သူသဘောတူလျှင်တောင် အခြားခေါင်းဆောင်များက လက်ခံမည် မဟုတ်ပေ။
“နောက်ထပ် ဖြေရှင်းနည်း တစ်ခု ရှိသေးတယ်။ မြို့တော်ဝန်အနေနဲ့ ဘင်းမြို့တော် ဘီယာ စက်ရုံကလည်း ဘင်းမြို့တော် အထူးထုတ် ဘီယာကို ထုတ်တော့မယ်လို့ သတင်းစာထဲ ကြော်ငြာထည့်လိုက်။ တချိန်တည်းမှာ အစိုးရအဖွဲ့ထဲမှာ မြို့တော်ဝန်ကျန်းက တောက်ပနေလိမ့်မယ်”
ကျန်းရွေ့ချင်၏ မျက်လုံးများ လင်းလက်သွားတော့သည်။ ယင်းနည်းလမ်းက ကောလဟာလများကို ရပ်တန့်နိုင်ပြီး ဘင်းမြို့တော် အစိုးရအဖွဲ့၏ ပုံရိပ်ကိုလည်း မြင့်တင်ရာ ရောက်ပေသည်။ ဘီယာစက်ရုံ၏ အရောင်းပိုင်းသည်လည်း တိုးတက်လာမည် ဖြစ်သည်။
ယင်းနည်းလမ်းက စဉ်းစား၍ ရနိုင်ပေသည်။ သို့သော် အစည်းအဝေးမှသာ ခေါင်းဆောင်များက ယင်းကို ဆွေးနွေးနိုင်မည် ဖြစ်သည်။ ယင်းနည်းလမ်းသည် ခွင့်ပြုခွင့် ရသင့်ပေသည်။
“နောက်ခါ မင်းရဲ့ ဆွေးမျိုးတွေ အကြောင်းကို ငါ့ကို ပြောလို့ ရတယ်။ ဒါပေမဲ့ သူက သာမန် ရုံးစာရေးပဲ ဖြစ်မှာနော်။ အဲတာထက် ပိုမှာမဟုတ်ဘူး”
မြို့တော် အစိုးရသည် ယခုနှစ်တွင် ဝန်ထမ်းအများအပြား ခေါ်ယူမည် ဖြစ်သည်။ သူတို့လိုချင်သည်မှာ တက္ကသိုလ်ဘွဲ့ရများပင် ဖြစ်သည်။ .
“နောက်ထပ်တော့ မလိုတော့ပါဘူး။ ကျွန်တော်မှာ တခြားလုပ်စရာတွေ ရှိနေသေးတယ်။ ဒီကိစ္စကို မြို့တော်ဝန်ဆီပဲ အပ်ထားတော့မယ်။ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
ကျန်းရွေ့ချင်က”.....”
ဒီကိစ္စကို ရုတ်တရက်တွေးမိသွားတဲ့ ကိုယ်ရေးကိစ္စလို့ ပြောလို့ရတာလဲ။ ဒီကိစ္စက မင်းနဲ့မှ သာမန် ကိစ္စ ဖြစ်နေတာလား။ မင်းက ဒါကို အစကတည်းက စီစဉ်ထားတာ။ ငါမင်းလှည့်ဖြားတာ ထပ်ခံလိုက်ရပြန်ပြီ။