တံခါးနောက်ကွယ်တွင် ကားများ ထုတ်လုပ်ခြင်း
Vol. 19 Ch. 282
“မန်နေဂျာ ကျော့၊ မန်နေဂျာ မေ့ပြန်လာပြီ”
“ဟုတ်လား။ ဆွေးနွေးတာ ဘယ်လိုလဲ။ ဘင်းမြို့တော် အစိုးရက ငါတို့ရဲ့ ကမ်းလှမ်းမှုကို သဘောတူလိုက်ပြီလား”
မန်နေဂျာကျော့သည် သူ့လက်ဖက်ရည်ကို ဝမ်းသာစွာသောက်နေလျက် ပြောလိုက်သည်။
“အ... မန်နေဓျာကျော့ မန်နေဂျာမေ့ရဲ့ ပုံစံက တမျိုးပဲ။ ကျွန်တော်အထင် သူ့အနေနဲ့ ဆွေးနွေးမှုမှာ ပြသနာ တချို့ ရှိတဲ့ပုံပဲ”
“ဘာ... ဘာပြဿနာလဲ။ မေ့ဖန်ဝူဘယ်မှာလဲ။ သူ့ကို အခု ဒီကိုလာခိုင်းလိုက်”
ဖောကားထုတ်လုပ်ရေးသည် တရုတ်နိုင်ငံတွင် အကြီးဆုံး ကားထုတ်လုပ်သည့် လုပ်ငန်း ဖြစ်သည်။ သူတို့ အနေဖြင့် ဘင်းမြို့တော်တွင် စက်ရုံ သေး နှစ်ရုံကို လွှဲပြောင်းယူရန်တောင် ခွင့်ပြုချက် မရခဲ့သည်လော။
မဖြစ်နိုင်တာ။ ဘင်းမြို့တော်ကို ပေးတဲ့ ကမ်းလှမ်းချက်တွေက တော်တော်လေး ဆွဲမက်စရာ ကောင်းတယ်။ ပြီးတော့ ဒီစက်ရုံနှစ်ရုံကလည်း မကြာခင်မှာ ပိတ်သိမ်းတော့မှာ။ ဘင်းမြို့တော်က ငွေမလိုချင်ဘူးလား။ ဘင်းမြို့တော် အစိုးရက အန္တရာယ်ကို မစွန့်စားသင့်ဘူး။
“မန်နေဂျာကျောက်။ ကျွန်တော် ရှင်းပြပါမယ်။ ကျွန်တော် ဖောကားထုတ်လုပ်ရေး အကြောင်းကို ရှင်းပြခဲ့တယ်။ ဒါပေမဲ့ ညှိုနှိုင်းတာ ပျက်ခဲ့တယ်”
မေ့ဖန်ဝူက သက်ပြင်းချကာ ပြောလိုက်သည်။
“ပျက်ခဲ့တာလား။ ဘာကြောင့်လဲ။ ဈေးနှုန်းက မတော်လို့လား။ ငါမင်းကို လိုက်လျောညီထွေစွာ လုပ်ဖို့ကို ငါမပြောခဲ့ဘူးလား”
မန်နေဂျာကျော့သည် ဒေါသထွက်နေသည်။ အကယ်၍ ညှိုနှိုင်းမှု ပျက်ရင်တောင် မင်းစောစော ပြန်မလာသင့်ဘူးလေ။ မင်းအဲ့မှာ ဆက်နေပြီ ကြိုးစားသင့်တာပေါ့။
“မန်နေဂျာကျော့ ကျွန်တော်တို့မှာ နောက်ထပ် အခွင့်အရေး မရှိတော့ဘူး။ ဘင်းမြို့တော်က သူတို့ကိုယ်ပိုင် ကားစက်ရုံ တည်ထောင်တော့မှာ”
“ဘာ ဘင်းမြို့တော်က သူ့တို့ဘာသာ ကားထုတ်လုပ်တော့မှာလား။ သူတို့ ရူးနေကြတာလား”
မန်နေဂျာကျော့က မှင်သက်သွားသည်။ ဘင်းမြို့တော်သည် ကျီမြို့တော် အနီးတွင် ရှိသည်။ သူတို့အနေဖြင့် ဖောကားထုတ်လုပ်ရေးကို ယှဉ်ပြိုင်ရန် ကြိုးပမ်းမည်လော။
“မန်နေဂျာကျော့။ မန်နေဂျာကျော့ ဘင်းမြို့တော် စက်ယန္တရားကုမ္ပဏီကို သိတယ်မလား။ မော်တော်ဆိုင်ကယ်တွေကို ရောင်းချတဲ့ကုမ္ပဏီလေ။ အဲ့ကုမ္ပဏီကပဲ ကားတွေကို စထုတ်တော့မှာ။ ကျွန်တော် ကြားတာတော့ သူတို့တွေက ဆိုဗီယက် ပြည်ထောင်စုကနေ ထုတ်လုပ်တဲ့ လမ်းကြောင်းတွေနဲ့ နည်းပညာတွေ မှာထားတယ်လို့ ပြောတယ်။ သူတို့တွေ စက်ရုံနေရာအတွက် မြေသန့်စင်ခြင်းတောင် လုပ်နေကြပြီ”
“မော်တော်ဆိုင်ကယ် စက်ရုံက ကားထုတ်မှာတဲ့လား။ ဟန့် ဆိုဗီယက် ပြည်ထောင်စုနည်းပညာနဲ့ သူတို့က ဘာကားတွေ ထုတ်လုပ်မှာလဲ။ ကားထုတ်တာက မော်တော်ဆိုင်ကယ် ထုတ်တာထက် ပိုပြီး ရှုပ်ထွေးတယ်။ ထပ်ပြောရမယ်ဆိုရင် သူတို့တွေ ကားဈေးကွက်အကြောင်းကိုတောင် သေသေချာချာ မလေ့လာရသေးဘူး။ သူတို့တွေက ကားကို တော်တော်ကို ထုတ်ချင်နေတာပဲ။ အဲတာဆိုရင် ငါတို့တွေ ဘင်းမြို့တော်နဲ့ ဆွေးနွေးတာတွေကို ရပ်လိုက်တော့မယ်။ ပြီးနောက် သူတို့ ကားစက်ရုံ ဖျက်သိမ်းတာကို စောင့်ကြတာပေါ့။ သူတို့တွေ ငါတို့ဆီကို လာတောင်းပန်ပြီး ရောင်းလိမ့်မယ်”
မန်နေဂျာကျော့က စားပွဲကို ပုတ်လိုက်ကာ လက်ဖက်ရည်ကို ထွေးထုတ်လိုက်သည်။ အစီအရင်ခံစာသည် လက်ဖက်ရည်ကြောင့် ဆိုသွားတော့သည်။
“လူတိုင်း ငြိမ်ငြိမ်ဆိမ်ဆိမ်နေပေးကြပါ။ ငါတခုခု ပြောစရာ ရှိသေးတယ်။ ငါတို့တွေ ကားထုတ်လုပ်မယ်လို့ အချို့လူတွေ ကြားတယ်အခါ လူတွေက ရယ်ကြတယ်။ သူတို့တွေက ငါ့တို့ကို ဒိတ်အောက်နေတဲ့ နည်းပညာတွေကို ဝယ်တယ်လို့တောင် ပြောသေးတယ်။ ပြီးတော့ ငါတို့တွေက နောက်ကွယ်ကနေပဲ ကားတွေကို ထုတ်လုပ်မှာတဲ့။ ပြီးတော့ ရှိသေးတယ်။ ငါတို့တွေသာ ကားထုတ်လုပ်နိုင်မယ်ဆိုရင် ဘယ်သူမှ ဝယ်မှာ မဟုတ်ဘူးတဲ့။ ဒါပေမဲ့ မင်းတို့ အကုန်လုံးကို အဲ့ပြောဆိုချက်တွေ အကုန် နားထဲက ထုတ်ပြီးလျစ်လျူရှုဖို့ ပြောလိုက်မယ်။ မင်းတို့တွေ အကုန်လုံး စိုးရိမ်ဖို့ မလိုအပ်ဘူး။ ငါတို့တွေက အကောင်းဆုံး ဒီဇိုင်နာနဲ့ အင်ဂျင်နီယာတွေကို ခန့်ထားတယ်။ ငါတို့တွေမှာ ရံပုံငွေကလည်း အလုံအလောက်ရှိတယ်။ ငါတို့ရဲ့ စုန့်ကျန်းကားက တရုတ်နိုင်ငံမှာ ရေပန်းအစားဆုံး ဖြစ်လာမှာ”
လီမင်တသည် စင်ပေါ်တွင် စက်ယန္တရားကုမ္ပဏီ၏ အလုပ်သမားများကို မိန့်ခွန်းချွေနေသည်။ သူ့အနေဖြင့် အလုပ်သမားများအား သူတို့ ရွေးချယ်မှုဖြင့် ကားစက်ရုံ အသစ်ကို ပြောင်းရန် ဖြောင်းဖြနေခြင်းပင် ဖြစ်သည်။
စက်ရုံအသစ်သည် ဘင်းမြို့တော်၏ အနောက်ပိုင်းတွင် တည်ရှိသည်။ ပြီးနောက် ယင်းနေရာက မြို့အပိုင်း ဖြစ်သော်လည်း ခေါင်၏။ သူတို့အနေဖြင့် လစာ အတူတူပဲ ရလျှင် သူတို့အနေဖြင့် ထိုစက်ရုံကို မသွားချင်ကြပေ။ သူတို့သည် စက်ယန္တရားကုမ္ပဏီနှင့် မော်တော်ဆိုင်ကယ်စက်ရုံမှ ဝန်ထမ်းများသည် မကြာခင်တွင် လစာတိုးမည်ဟု သူတို့ ကြားထားသည်။ သူတို့လက် ယခုလက်ရှိ လစာသာ ရလျှင် အနာဂတ်ကျ ဘာဖြစ်မည်နည်း။
သူတို့ စိုးရိမ်နေရသည့် အကြောင်းအရင်းသည်ကား အကယ်၍ ကားစက်ရုံသည် ဆုံးရှုံးမှု ဖြစ်ခဲ့လျှင် သူတို့အနေဖြင့် ယခု စက်ရုံများကို ပြန်လည်ပြောင်းရွေ့ခံထားရသည့်အခါ သူတို့၏ အရင်နေရာများကို ရတော့မည်မဟုတ်ပေ။ အလုပ်ရုံတိုင်းသည် လစာနှင့် ဘောနပ်စ်များ ပေးသည့်အခါ ကွဲပြားကြပေသည်။ မော်တော်ဆိုင်ကယ်နှင့် လယ်ယာသုံး စက်ပစ္စည်းများသည် တရုတ်နိုင်ငံတွင် ရောင်းအား အကောင်းဆုံး ဖြစ်သည်။ ထို့ပြင် သူတို့ ကားစက်ရုံအနေဖြင့် ဖောကားထုတ်လုပ်ရေးကို မည်သို့ ယှဉ်ပြိုင်နိုင်မည်နည်း။
လီမင်တသည် တယောက်မှ တစ်ခွန်းမျှ မဟသည့်အခါ မှင်သက်သွားတော့သည်။ သူ့အနေဖြင့် ဘာမှ ထပ်မပြောခင် အလုပ်သများအချို့ကို ကြည့်လိုက်သည်။ ချက်ချင်ပင် ထိုသူသည် ရှေ့သို့ တက်လာပြီး အော်လိုက်တော့သည်။
“မန်နေဂျာလီ ကျွန်တော်အနေနဲ့ ကားစက်ရုံကို သွားပြီး အလုပ်လုပ်ချင်ပါတယ်”
“မန်နေဂျာလီ ကျွန်တော်လည်း ကားစက်ရုံ အသစ်မှာ အလုပ်လုပ်ချင်ပါတယ်။ မန်နေဂျာရဲ့ ဦးဆောင်မှု အောက်မှာ ကျွန်တော်တို့အနေနဲ့ သေချာပေါက် ဖောကားထုတ်လုပ်ရေးကို အောင်မြင်နိုင်မယ်လို့ ယုံကြည်ပါတယ်”
ဖုန်းယွီသည် တဖက်တွင် ကြည့်နေသည်။ ထိုသူတို့သည် မထိန်းချုပ်နိုင်ဘဲ ထွက်လာကြတော့သည်။ အစက ဖုန်းယွီတို့သည် မျိုးချစ်စိတ်နဲ့ အခြားသော အရာများကို ပြောခဲ့သည်။ သို့သော် ထိုအရာများကို လီမင်တပြောသည့် မိန့်ခွန်းလောက် အစွမ်းထက်ပုံ မပေါ်ပေ။ အချို့သော အလုပ်သမားများသည် စက်ရုံအသစ်တွင် လုပ်ကိုင်လိုကြသည်။
သို့သော် အလုပ်သမား အရေအတွက်မှာ မလောက်ငှသေးပေ။ ယခုလက်ရှိတွင် တရုတ်နိုင်ငံ၏ စီးပွားရေးသည် ကောင်းကောင်း အဆင်မပြေသေးပေ။ နိုင်ငံပိုင် လုပ်ငန်းများစွာသည် ပြန်လည်ဖွဲ့စည်းခြင်းသာ ပြုလုပ်နေကြဆဲ ဖြစ်သည်။ ပြီးနောက် မြို့များစွာတွင် အလုပ်လက်မဲ့ အလုပ်သမား များစွာ ရှိသည်။ ဘင်းမြို့တော်တွင်တော့ ကွဲပြားနေပေသည်။ ဘင်းမြို့တော်တွင် အလုပ်ကိုင် အခွင့်အလမ်းများ ရှိပြီး အလုပ်သမား မလုံလောက်ခြင်း ဖြစ်သည်။
ဖုန်းယွီ၏ အရင်ဘတွတွင် လေယဉ်ထုတ်လုပ်သည့် စက်ရုံ၊ စက်ပစ္စည်းစက်ရုံနှင့် စက်ယန္တရားကုမ္ပဏီနှင့် အခြားသော နိုင်ငံပိုင် လုပ်ငန်းများသည် တစ်ရက်လုပ် နှစ်ရက်နားသာ အလုပ်လုပ်ကြရသည်။
ယခုလက်ရှိတွင် ယင်းက လုံးဝ ကွဲပြားခြားနားသွားပြီ ဖြစ်သည်။ စက်ရုံ အကုန်လုံးသည် ဝန်အား အပြည့်ဖြင့် အလုပ်လုပ်နေကြပြီ ဖြစ်သည်။ ထိုထုတ်ကုန်အများစုသည် ဆိုဗီယက် ပြည်ထောင်စုမှ ဖုန်းယွီ တင်သွင်းခဲ့သည့် အသေးစား စက်မှု လုပ်ငန်းသုံး ပစ္စည်းများကြောင့် ဖြစ်သည်။ အတိတ်က စက်ရုံကြီးများမှ အလုပ်သမားများသည် အနားယူသည် အထိ သူတို့ ကလေးများသည် စောင့်ဆိုင်းကြရသည်။ ယခုလက်ရှိတွင် သူတို့၏ ကလေးများသည် စောင့်ရန်ကား မလိုတော့ချေ။ သူတို့သည် အလုပ်လုပ်နိုင်သည့် အရွယ်ရောက်သည်နှင့် တခါတည်း အလုပ်လုပ်နိုင်ကြသည်။ အနားယူထားသည့် အလုပ်သမားများတောင် လိုအပ်ချက်ကြောင့် စက်ရုံက ပြန်ပြီး အလုပ်ခန့်ထားရပြန်သည်။
ကျန်းရွေ့ချင်သည် ဖုန်းယွီကို အလုပ်သမားခေါ်ယူရာတွင် ဘင်းမြို့တော်မှ လူများကို ဦးစားပေး ခေါ်ယူစေချင်သည်။ သို့သော် ယခုလက်ရှိ အခြေအနေတွင် ဘင်းမြို့တော်မှ မည်သည့်သူမျှ ထိုအခွင့်အရေးကို မယူလိုကြပေ။ ထိုအလုပ်ကို လက်မခံသည့် သူများသည် အနားယူခါနီး လူများတောင် ပါဝင်ပေသည်။ ပြီးနောက် သူတို့အနေဖြင့် ထိုအလုပ်ကို စိတ်မဝင်စားခြင်း သို့မဟုတ် သူတို့အနေဖြင့် အတွေ့အကြုံ မရှိသည့်အတွက် ဖြစ်သည်။
ယခုလက်ရှိတွင် စက်ရုံ အများစု၏ တစ်ဝက်နီးပါးကျော်မှာ အလိုအလျောက် စန်စ ဖြစ်ကြပေသည်။ ပြီးနောက် စက်ရုံအလုပ်ရုံများတွင် ကြီးပြင်းခဲ့သူများနှင့် အခြားသူများသည်လည်း ကွဲပြားနေပေသေးသည်။ ထိုစက်ရုံများသည် သူတို့၏ ကစားကွင်းများဖြစ်သည်။ အကယ် သူတို့သည် အလုပ်နှင့် ပတ်သက်ပြီး ပြဿနာ တရပ်ရပ် ရှိခဲ့လျှင်တောင် သူတို့အနေဖြင့် မိဘဆီပြန်သွားပြီး အကူအညီ တောင်းနိုင်ပေသည်။
သို့သော် အပြင်တွင် ကြီးပြင်းခဲ့သူများအတွက်တော့ ကွဲပြားနေပေသည်။ သူတို့၏ ဆရာများသည် သူတို့ကို ကောင်းကောင်း မသင်ကြားလို ပြီးနောက် သူတို့၏ မိဘများသည်လည်း သူတို့ကို မသင်နိုင် ဖြစ်သည်။ ထိုကဲ့သို့သော လူမျိုးကို လေ့ကျင့်ရန်က ပိုတောင် ခက်ခဲလျှပေသည်။
ဖုန်းယွီကဲသို့ လူမျိုးအနေဖြင့် အခြားနိုင်ငံပိုင် စက်ရုံများမှ အလုပ်သမားများကို ရယူလိုပုံပေါ်သည်။ စက်ရုံအသစ်ကို ပြောင်းချင်သည် အလုပ်သမားများက အလွန်ပင် နည်းလှပေသည်။ ဟမ့် ဖောကားထုတ်လုပ်ရေးမှာ အနားယူတော့မဲ့ အလုပ်သမား အများကြီး ရှိတော့မဲ့ ပုံပဲ။
ဖုန်းယွီသည် ရုတ်တရက် ဖောကားထုတ်လုပ်ရေးသည်လည်း ယင်းကဲ့သို့ နည်းလမ်းကို အသုံးပြုကြောင်း ရုတ်တရက် သဘောပေါက်မိသွားသည်။ အလုပ်သမားများသည် အနားယူသည့် အချိန် ရောက်ပါက သူ့ကလေးများသည် သူတို့၏ နေရာကို ယူကြသည်။ ယင်းက ဘင်းမြို့တော် အတိုင်းပင် ဖြစ်သည်။
အချို့သော အတွေ့အကြုံရှိ အနားယူတော့မည် အလုပ်သမားများသည် အခြားစက်ရုံများသို့ ပြောင်းရွေ့သွားကြသည်။ ပြီးနောက် အချို့သော သူများသည် ဘင်းမြို့တော်ကို အလုပ်လာရှာကြသည်။ သူတို့အနေဖြင့် အခြားသော အလုပ်များတွင် သင့်တော်ပုံ မပေါ်ပေ။ ပြီးနောက် သူတို့၏ လစာသည်လည်း အရမ်းမမြင့်ပေ။ သို့သော် ကားစက်ရုံအသစ်အတွက်မူ သူတို့က သင့်တော်သည်ထက်တောင် ပိုနေသေးသည်။
လီမင်တသည် ဖုန်းယွီကို သူတို့ စိတ်တိုင်းကျ ပြောင်းရွေ့ရန် အဆိုပြုထားသည့် အလုပ်သမားများသည် မလုံလောက်သေးကြောင်း ပြောချင်သည်။ သူ့အနေဖြင့် ဖုန်းယွီနှင့် ဆွေးနွေးချင်နေသည်။ လိုအပ်လျှင် အမိန့်ထုတ်ပြီး ပြောင်းရွေ့ခိုင်းရန် ဖြစ်သည်။ သူ့တို့အနေဖြင့် စက်ရုံအသစ် လည်ပတ်မှု နောက်ကျ၍ မရသည့်အတွက် ဖြစ်သည်။
ဖုန်းယွီသည် ပြုံးကာ လီမင်တ၏ ပခုံးကို ပုတ်လိုက်သည် ။
“မန်နေဂျာလီ။ ကျွန်တော်တို့တွေ ဖောကားထုတ်လုပ်ရေးနားသွားပြီး အလုပ်သမားအသစ်ကို စုဆောင်းရင်ကော ဘယ်လိုသဘောရလဲ”
“ဖောကားထုတ်လုပ်ရေးနားကို သွားပြီး အလုပ်သမား စုဆောင်းမှာလား။ ကျွန်တော်တို့တွေ ဘယ်သူ့ကို စုဆောင်းမှာလဲ”
“အနားယူခါနီး သူတွေပေါ့။ သူတို့ကို တွန်းအားပေးပြီး အနားမယူခိုင်းသ၍ ငါတို့တွေ သူတို့ကို စုဆောင်းလို့ ရတယ်”
လီမင်တ၏ မျက်လုံးများ ကျယ်သွားတော့သည်။ ယင်းက ဖောကားထုတ်လုပ်ရေး မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းပင် ဖြစ်သည်။ မင်းက သူတို့နဲ့ ကားဈေးကွက်မှာ ပြိုင်ဦးမှာ။ ပြီးတော့ မင်းက အခု သူတို့စက်ရုံရှေ့မှာ ဒီလိုမျိုး လူသစ်သွားစုဆောင်းဦးမှာလား။ သူတို့တွေ မင်းကို ရိုက်မှာ မကြောက်ဘူးလား။
“မန်နေဂျာဖုန်း ကျွန်တော်တို့တွေ ဒီလို လုပ်ဖို့ လိုအပ်လို့လား”
လီမင်တသည် တံတွေးကို မျိုချရင်း ပြောလိုက်သည်။
“သေချာတာပေါ့။ သူတို့တွေက ငါတို့ကို တံခါးနောက်ကနေပဲ ကားတွေ ထုတ်မယ်လို့ မပြောခဲ့ဘူးလား။ ကောင်းပြီလေ။ အဲ့တာဆိုရင် ငါတို့တွေကလည်း သူတို့ရဲ့ အလုပ်သမားကို ခေါ်ပြီး ကားထုတ်ကြတာပေါ့။ သူတို့ အလိုရှိမယ်ဆိုရင် သူတို့အနေနဲ့ အနားယူမဲ့ အလုပ်သမားတွေကို ပြန်ပြီး ခန့်အပ်ကြမှာပဲ။ ငါတို့တွေက ဒီလို လုပ်မှာ”