← Chapters

အကြီးစား စက်မှု လုပ်ငန်းသုံး ပစ္စည်းများ ရောင်းချခြင်း အပိုင်း ၁

Vol. 19 Ch. 284

အကြီးစား စက်မှု လုပ်ငန်းသုံး ပစ္စည်းများ ရောင်းချခြင်း အပိုင်း ၁

Vol. 19 Ch. 284

လဝက်ခန့် ကြာပြီးနောက် ဖုန်းယွီသည် မာအိုက်ကောဆီမှ အစီရင်ခံစာကို တွေ့ခဲ့ရသည်။ ဖုန်းယွီသည် သူ့စွမ်းဆောင်ရည်ကို အတော် သဘောကျမိသည်။ သူသည် ကျွမ်းကျင် အလုပ်သမား အယောက် ၅၀ကျော်ကို စုဆောင်းနိုင်ခဲ့သည်။ ထိုအလုပ်သမားများထဲတွင် အဆင့် ၃ အဆင့်ရှိ အလုပ်သမား ခြောက်ယောက်ပါသည်။ ယင်းက မမျှော်လင့်ထားသည့် ဖြစ်ရပ်ပင် ဖြစ်သည်။

ဘင်းမြို့တော် စက်ယန္တရားကုမ္ပဏီမှ အလုပ်သမားများနှင့် အခြားမှ အနားယူပြီး ပြောင်းရွေ့လာသည့် အလုပ်သမားများနှင့် ဆိုလျှင် စက်ရုံအသစ်သည် လည်ပတ်မှု စတင်နိုင်ပြီ ဖြစ်သည်။

လင်းပြည်နယ် ကျီမြို့တော်၏ ခေါင်းဆောင် ဘင်းမြို့တော်ဝန်ကို ခေါ်ယူတာကြောင့် မဟုတ်လျှင် ဖောနှင့် အခြားစက်ရုံမှ အလုပ်သမားများ ယခုစက်ရုံတွင် ပိုများများ ရှိမည် ဖြစ်သည်။ ကျန်းရွေ့ချင်သည် ယင်းမတော်တဆမှုကို သိသည့်အခါ ယင်းက ဖုန်းယွီ၏ လက်ချက်ဖြစ်ကြောင်း အသေအချာ ပြောနိုင်ပေသည်။ မည်သူမျှ အလုပ်သမားများကို ဤနည်းဖြင့် စုဆောင်းခြင်းမျိုး မရှိပေ။

ကျန်းရွေ့ချင်သည် လီမင်တကို ခေါ်လိုက်သည်။ပြီးနောက် လီမင်တသည် အိမ်နီးချင်း ပြည်နယ်များမှ အလုပ်သမားများခေါ်ယူခြင်းကို ရပ်တန့်မည် ဖြစ်ကြောင်း ပြောခဲ့သည်။ ထပ်ပြောရပါက သူတို့ လိုအပ်သည့် အလုပ်သမားများသည် လုံလောက်နေပြီ ဖြစ်သည်။

ကားစက်ရုံသည် စတင်တည်ဆောက်နေပြီ ဖြစ်သည်။ ဩဂုတ်လတွင် အဆင်သင့် ဖြစ်မည် ဖြစ်သည်။ ယင်းက အရမ်းမမြန်ပေ။သို့သော် ဖုန်းယွီသည် လက်ခံနိုင်သေးဆဲ ဖြစ်သည်။ သူ့အနေဖြင့် နှစ်မကုန်ခင် ကားများကို ဈေးကွက်ထဲ ပို့ချင်သည်။

ဧပြီလတွင် လေယဉ် နောက်ဆုံးအသုတ်သည် ဘင်းမြို့တော်ကို ရောက်ရှိလာသည်။ လေကြောင်းလိုင်းများ အားလုံးက သူတို့၏ လေယဉ်များနှင့် ငွေများကို ပေးချေသွားကြသည်။

လေယဉ်အရောင်းအဝယ်၏ စုစုပေါင်းတန်ဖိုးသည် ယွမ် သန်း ၁၅၀၀ကျော်ပြီး ဖုန်းယွီ၏ အမြတ်သည် ယွမ် သန်းငါးရာ နီးပါး ဖြစ်သည်။

လေကြောင်းလိုင်းများသည် ပိုက်ဆံ အတော်များများကို ချွေတာနိုင်ခဲ့ပြီး ဈေးနည်းနည်းဖြင့် ကြီးမားသည့် လေယဉ်ကြီးများ တစ်သုတ်ကို ရရှိခဲ့သည်။ လေယဉ်ထုတ်လုပ်သည့် ကုမ္ပဏီသည်လည်း အင်ဂျင်နှင့် နည်းပညာများကြောင့် ကျေနပ်နေသည်။ သူ့အနေဖြင့် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်အတွက် ငွေတော်တော်များများကို ချွေတာနိုင်ခဲ့သည်။

ဆိုဗီယက် လေယဉ် ထုတ်လုပ်သည့် ကုမ္ပဏီနှစ်ခုသည်လည်း ပျော်ရွှင်နေကြသည်။ သူတို့သည် လေယဉ်များကို ရောင်းချပြီး နေ့စဉ် လိုအပ်သည့် အသုံးဆောင် ပစ္စည်းများနှင့် လဲလှယ်နိုင်ခဲ့သည်။ ထိုနေ့စဉ် လိုအပ်သည့် အသုံးအဆောင် ပစ္စည်းများသည် အခြားအလုပ်သမားများကို ကူညီပေးရာ ရောက်ပြီး စက်ရုံဒါရိုက်တာများ၏ အိပ်ကပ်ကို ဖြည့်ပြီးသားလည်း ဖြစ်သည်။

ဖုန်းယွီနှင့် ကီရီလန်ကို နှစ်ယောက်သည် အကျေနပ်ဆုံး ဖြစ်ကြသည်။ သူတို့ရသည်ကား အများဆုံး ဖြစ်သည်။ ပြီးနောက် သူတို့သည် လူကောင်းများဆိုသည် ရာထူးကိုလည်း ရခဲ့သည်။

သို့သော် ကီရီလန်ကိုသည် ခေါင်းခဲနေသည်။ အကြောင်းမှာ ဖုန်းယွီသည် Mikoyan MiG ဖိုက်တာ ဂျက်လေယဉ်များ၏ နည်းပညာကို လိုချင်သည့်အတွက် ဖြစ်သည်။ ဆိုဗီယက် ပြည်ထောင်စုသည် Mikoyan MiG ဂျက်များကို အတိတ်က ရောင်းချခဲ့ဘူးသည်။ သို့သော် နည်းပညာ အရင်းအမြစ်ကိုတော့ ကာကွယ်ထားသည်။ အကယ်၍ လေယဉ်ကို တစစီ ဖြုတ်လျှင်တောင် ထိုနည်းပညာများ ရရှိရန် နည်းလမ်းမရှီပေ။ ထိုနည်းပညာများကို သုတေသန ပြုလုပ်ရန်ကား ပိုတောင် မဖြစ်နိုင်သေးပေ။

Mikoyan MiG ဂျက်များသည် ဆိုဗီယက် ပြည်ထောင်စု၏ အဖိုးတန် ဂျက်များ ဖြစ်သည်။ ထိုနည်းပညာများကို ကာကွယ်ထားဆဲ ဖြစ်သည်။ ကီရီလန်ကိုသည် ဖုန်းယွီကို ကတိမပေးချင်ပေ။ သူ့အနေဖြင့် ထိုနည်းပညာကို မထိရဲပေ။ ယင်းက စီးပွားဖြစ် လေယဉ်များနှင့် မတူပေ။ သူ့အနေဖြင့် Mikoyan MiG နည်းပညာများကို ရရှိနိုင်သည်အထိ အင်အားမကြီးပေ။

သို့သော် ဖုန်းယွီက သူ့အနေဖြင့် မော်ဒယ်အဟောင်းများ၏ နည်းပညာရလျှင်လည်း အဆင်ပြေကြောင်း ပြေခဲ့သည်။ အခြားသော နည်းပညာများသည် အရမ်းအရေးမပါပေ။ ထပ်ပြောရပါက ဖုန်းယွီသည် ထိုခေတ်မမှီတော့သည် နည်းပညာများကိုသာ ရလိုတာ ဖြစ်ပြီး အဆင့်မြင့်ဆုံး နည်းပညာများ မဟုတ်ပေ။ အကယ်၍ Mikoyan MiG ၏ ပထမဆုံး မျိုးဆက် ဖြစ်လျှင်တောင် ဖုန်းယွီအနေဖြင့် စိတ်ထဲထားမည် မဟုတ်ပေ။

ထို့ကြောင့် ကီရီလန်ကိုသည် သဘောတူလိုက်သည်။ သူ့အနေဖြင့် ခေတ်မမှီတော့သည့် နည်းပညာများကို ရကောင်းရနိုင်ပေသည်။ သူသည် Mil Mi ဟယ်လီကော်ပတာ၏ အသေးစိတ်ပုံစံကိုလည်း ရရှိပြီး ဖြ်သည်။

ဖုန်းယွီသည် သူ့ကို ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲမည်ဟု ပြောကတည်း သူသည် သူ့ကိုယ်ပိုင်အတွက် ပိုပြီး ရဲတင်းလာခဲ့သည်၊။ ကီရီလန်ကိုသည် တကယ်ပင် ရဲတင်းလာသည်ပင်။ သူသည် ဖုန်းယွီကို မကြာခဏဆိုသလို လက်နက်များနှင့် အမြှောက်များ ဝယ်ယူမည်လားဟု မေးခဲ့သည်။ သူ့တို့အနေဖြင့် နယ်စပ်တွင် ကုန်ကူးနိုင်ပြီး တရုတ်နိုင်ငံသို့ ပစ္စည်းအပျက်များအဖြစ် တင်သွင်းနိုင်ပေသည်။

သို့သော် ဖုန်းယွီသည် သူ့ ကမ်းလှမ်းချက်ကို ငြင်းဆိုလိုက်သည်။ သူ့အနေဖြင့် လက်နက်ကုန်သည် တစ်ဦး မဖြစ်မချင်း သူ့အနေဖြင့် ထိုအရာများသည် အရေးပါမည် မဟုတ်ပေ။ အကယ်၍ တရုတ်နိုင်ငံတွင် လက်နက်များ ရောင်းဝယ်ချင်ပါက သေချာပေါက် အရာရှိများ၏ ဖိတ်ကြားခြင်းကို ခံရမည် ဖြစ်ပေသည်။ သို့သော် ဖုန်းယွီသည် နည်းပညာများတွင်သာ စိတ်ဝင်တစား ရှိနေဆဲ ဖြစ်သည်။ အကယ်၍ ကီရီလန်ကိုသည် ထိုလက်နက်များ၏ အသေးစိတ် ပုံစံများကို ရရှိနိုင်ပါက သူ့အနေဖြင့် ထိုအရာများကို ယူမည် ဖြစ်သည်။

နည်းပညာများအား တိုင်းပြည်ကို လေယဉ်ထုတ်လုပ်သည့် စက်ရုံမှ တဆင့် လှူဒါန်းနိုင်ပေသည်။ သို့သော် လက်နက်များကို ကိုယ်တိုင်ကိုယ်ကျ ရောင်းဝယ်ချင်းက ကောင်းသည့် ကိစ္စတစ်ရပ် မဟုတ်ပေ။ အကယ်၍ ကီရီလန်ကိုသာ မိုင်းတွင်းကုမ္ပဏီ၏ ရှယ်ယာများကို အခွင့်အရေး မယူခဲ့လျှင် ဖုန်းယွီအနေဖြင့် ထိုလက်နက် နည်းပညာများကို လိုချင်မည် မဟုတ်ပေ။

ယင်းကို သဘောတူသည့် နောက်ထပ် အကြောင်းပြချက် တစ်ခုသည် ကီရီလန်ကို၏ အဖေသည် ဗိုလ်ချုပ်ကြီးအဆင့်ကို ရာထူးတိုးခံရသည့်အတွက် ဖြစ်သည်။ သူ့ရာထူးတိုးပြီးနောက် ဆန်ချန်းကိုသည် ဖုန်းယွီကို ပိုတောင် ကျေးဇူးတင်မိသည်။ ဖုန်းယွီသည်လည်း မိုင်းတွင်းကုမ္ပဏီ၏ ရှယ်ယာ ၄၉ ရာခိုင်နှုန်းကို ကြေးကြီးကြီးပေးရန်လည်း ဆုံးဖြတ်ချက် ချခဲ့သည်။

ဖုန်းယွီသည် သူ့စကားကို ပြန်မရုတ်သိမ်းပေ။ တကယ်ပင် အမေရိကန် ဒေါ်လာ သန်း ၂၀၀၀ ထုတ်ခဲ့သည်။ ဆန်ချန်းကို အမှတ်ရသည်ကား ဆိုဗီယက် ပြည်ထောင်စုတွင် ကီရီလန်ကို၏ အကူညီ ရယူပြီး ပိုက်ဆံ ချေးသည့်အခါက ဖုန်းယွီအနေဖြင့် ပိုက်ဆံ များများစားစား မရှိပေ။ အဘယ်တွက် ဖုန်းယွီသည် ပိုက်ဆံများများရှာနိုင်ခဲ့သတည်း။ ယင်းက ဆန်ချန်းကိုအား ဖုန်းယွီသည် တရုတ်နိုင်ငံ ထိပ်ပိုင်းခေါင်းဆောင်နှင့် ပတ်သတ်နေရမည်ဆိုသည့်အချက်ကို ယုံကြည်စေသည်။

အနာဂတ်တွင် အရေးပါသော သတင်းအချက်အလက်များ ရရှိခြင်းက ပိုပြီး အသုံးဝင်သည့်အတွက် ဆန်ချန်းကိုသည် ကီရီလန်ကိုအား ဖုန်းယွီကို နည်းပညာများ များများ ရယူပေးရန် ကူညီပေးခဲ့ခြင်း ဖြစ်သည်။

ဖုန်းယွီသည် နည်းပညာများ အားလုံးကို စိတ်ဝင်စားခြင်း မရှိပေ။ ထိုနည်းပညာများကိုလည်း အသုံးချရန် သူ့တွင် နည်းလမ်းလည်း မရှိပေ။ ပြီးနောက် နည်းပညာများကို သူလုပ်နိုင်သည့် အရာမှာ အစိုးရကို လှူပေးရန်သာ ဖြစ်သည်။ သူ့အနေဖြင့် ဆိုဗီယက် ပြည်ထောင်စု၏ အကြီးစား စက်မှုလုပ်ငန်းများနှင့် စက်ပစ္စည်းများကို ပိုပြီး စိတ်ဝင်စားသည်။ ကီရီလန်ကိုသည်လည်း ဖုန်းယွီကို ကတိပေးထားပြီး ဖြစ်သည်။

ဖုန်းယွီသည် အကြီးစား စက်မှုလုပ်ငန်းသုံး ပစ္စည်းများနှင့် စက်ပစ္စည်းများကို ရောင်းချနိုင်သည်သာမက သူ့ကိုယ်တိုင် အသုံးပြုရန်အတွက် အချို့သော အရာများကို ချန်ထားနိုင်သေးသည်။ ကားများ ထုတ်လုပ်ရန်အတွက် လိုအပ်သည့် အရာများသည် အလွန်ဈေးကြီးပေသည်။

ထို့ပြင် ဖုန်းယွီသည် အာထရာအဆင့်မြင့် သံရည်ကြိုစက်ကို လေယဉ်ထုတ်လုပ်သည့် စက်ရုံသို့ ရောင်းချပြီးနောက် စက်ရုံကြီးအချို့သည် သူ့ဆီကို ချည်းကပ်က သူတို့အနေဖြင့် အချို့သော သံရည်ကြိုစက်များနှင့် အကြီးစား စက်မှုပစ္စည်းများကို အလိုရှိကြောင်း အမှာစာ တင်ကြသည်။

ဖုန်းယွီသည် ဝူကျီကန်းကို သူတို့၏ အမှာစာများကို နှုတ်သဘောအရသာ လက်ခံရန် ပြောခဲ့သည်။ အကယ်၍ သူ့အနေဖြင့် ထိုပစ္စည်းများရရှိပါက သူ့အနေဖြင့် သေချာပေါက် သူတို့အား ရောင်းချမည် ဖြစ်သည်။ ထို့ပြင် ထိုပစ္စည်းများ၏ အကျိုးအမြတ်ကား အလွန်များပေသည်။ ပြီးနောက် ဖုန်းယွွီသည် ဝယ်ယူသူ မရှိမှာကို စိတ်ပူရန် မလိုအပ်ပေ။

ယင်းက ဆိုဗီယက် ပြည်ထောင်စုနှင့် တရုတ်ကြား အကြီးစား စက်မှုလုပ်ငန်းကို လျစ်လျူရှုပါက အလွန်အမင်းကွာခြားနေသည်။ ပြီးနောက် ထိုနယ်ပယ်တွင် အသုံးပြုသည့် စက်ပစ္စည်းများ၏ အကျိုးအမြတ်သည်လည်း လွန်စွာ များပေသည်။ ဆိုဗီယက် ပြည်ထောင်စုမှ ဖုန်းယွီ တင်သွင်းသည့် စက်ပစ္စည်းများကြောင့် တရုတ်နိုင်ငံ အနေဖြင့် ဆိုဗီယက် ပြည်ထောင်စုကို လိုက်မိနေပြီဟု စဉ်းစား၍ မရနိုင်ပေ။ အကယ်၍ ယခုလက်ရှိ ထုံးစံသာ မပြောင်းလဲပါက ပစ္စည်းများသည် နှစ်အနည်းငယ်အတွင်း ခေတ်မှီတော့မည် မဟုတ်ပေ။

ဉပမာအနေဖြင့် စက်ယန္တရားကုမ္ပဏီသည် ဆိုဗီယက် ပြည်ထောင်စုထံမှ အဆင့်မြင့် နည်းပညာများကို စောစောရရှိခဲ့သည်။ ပြီးနောက် သူတို့အနေဖြင့် နည်းပညာ ဆက်လက်ဖွံ့ဖြိုးတော့မည် မဟုတ်ဟု စဉ်းစား၍ မရနိုင်ပေ။ မြို့တော်၏ ခေါင်းဆောင်များသည် အကျိုးအမြတ်ကို လိုချင်ကြသည်။ ပြီးနောက် ဖုန်းယွီသာ စက်ယန္တရားကုမ္ပဏီ၏ အဓိက ရှယ်ယာရှင် တစ်ယောက် မဖြစ်လာပါက စက်ယန္တရားကုမ္ပဏီသည် ၁၀နှစ်တောအတွင်း ခေတ်နောက်ကျသွားမည်ဖြစ်သည်။ မည်သူမျှ သူတို့ပစ္စည်းများကို ဝယ်ယူတော့မည် မဟုတ်ပေ။

ဖုန်းယွီသည် အခြားစက်ရုံများကို မထိန်းချုပ်နိုင်ပေ။ သို့သော် သူ့အနေဖြင့် စက်ယန္တရားကုမ္ပဏီကို ယင်းသို့ မဖြစ်စေလိုပေ။ စက်ယန္တရားကုမ္ပဏီသည် ကျန်သည့် ကုမ္ပဏီများထက် ပိုပြီး ရှေ့ရောက်ရန်ဖြစ်ပြီး တစ်ကမ္ဘာလုံးတွင် ဘင်းမြို့တော် စက်ယန္တရားကုမ္ပဏီသည် အကောင်းဆုံး ကုမ္ပဏီ ဖြစ်ရန်ကား သူ့၏ ပန်းတိုင် ဖြစ်သည်။

ထိုသို့ ဖြစ်ရန်အတွက် ရင်းနှီးမြှပ်နှံမှု ကြီးကြီးမားမား လိုအပ်မည် ဖြစ်သော်လည်း ယင်းက ကုမ္ပဏီ တိုးတက်မှုအတွက် လိုအပ်ပေသည်။ ထိုနည်းလမ်းဖြင့် သူတို့၏ ထုတ်ကုန်များသည် ဈေးကွက်တွင် ပြိုင်ဖက်ကင်း ဖြစ်လာမည် ဖြစ်သည်။

မကြာသေးမှီက ဘင်းမြို့တော်သို့ လာရောက်လည်ပတ်သူ များစွာ ရှိခဲ့သည်။ ထိုသူများသည် စက်ရုံကြီးများ၏ ဝယ်ယူရေး ဌာနမှ ဖြစ်ကြသည်။ သူတို့သည် ဘင်းမြို့တော်ကို ဆိုဗီယက် ပြည်ထောင်စု၏ စက်ပစ္စည်းများ ရောက်ရှိလာမည်ဟု သတင်းကြားသည့်အတွက် ဖြစသည်။ သူတို့သည် စက်ရုံအတွက် လိုအပ်သည့် ပစ္စည်းများကို သူတို့ကိုတိုင် လာရောက်ကြည့်ရှု ဝယ်ယူရန် လိုအပ်ပေ၏။

......

“ကျွန်တော်တို့ နိုင်ငံရဲ့ ခေါင်းဆောင် ကျန်းသာ့မင်က ဆိုဗီယက် ပြည်ထောင်စုထံမှ လာရောက်လည်ပတ်ရန် ဖိတ်ကြားလွှာရရှိခဲ့ပါတယ်။ ခေါင်းဆောင်ကြီးက ဆိုဗီယက် ပြည်ထောင်စုကို ယခုလ ၆ရက်နေ့မှာ သွားရောက်လည်ပတ်မှာ ဖြစ်ပါတယ်......”

ကျန်းရွေ့ချင်သည် သတင်းကြည့်နေသည်။ ပြီးနောက် သူ့နှလုံးမှာ ဒေါင်ချာစိုင်းလာတော့သည်။ ဖုန်းယွီသည် တရုတ်နိုင်ငံ၏ ခေါင်းဆောင် ဖြစ်သူသည် ဆိုဗီယက် ပြည်ထောင်စုမှ ဖိတ်ကြားခြင်းကို ခံရမည်ဟု ခန့်မှန်းခဲ့သည်။ ပြီးနောက် ယင်းက အတည် ဖြစ်လာခဲ့သည်။ ဒီအချိန်က မှန်မယ်ဆိုရင်။ ဒီအဓိပ္ပာယ်က ဆိုဗီယက် ပြည်ထောင်စုက ဒီနှစ်အတွင်းမှာ ပြိုကွဲတော့မှာလား။

သတင်းကြည့်ပြီးနောက် ကျန်းရွေ့ချင်သည် သူ့စာဖတ်ခန်းထဲကို သွားပြီး သူပြင်ဆင်ထားသည့် အစီရင်ခံစာကို ထုတ်လိုက်သည်။ ပြီးနောက် ထိုအထဲတွင် အချို့သော အချက်များကို ပြင်ဆင်လိုက်သည်။ မနက်ဖြန်တွင် သူ့အနေဖြင့် ပြည်နယ်အစိုးရ ၁ ဆီကို ထိုအစီရင်ခံစာ တင်သွင်းမည် ဖြစ်သည်။ ပြီးနောက် သူ့အနေဖြင့် ယင်းကို ပြည်သူ့နေ့စဉ်တွင် ထည့်သွင်းမည် ဖြစ်သည်။

All Chapters