← Chapters

အထူးစာရင်းသွင်းခံရတာလား

Vol. 20 Ch. 286

အထူးစာရင်းသွင်းခံရတာလား

Vol. 20 Ch. 286

ကီရီလန်ကိုသည် ဖုန်းယွီအတွက် MiG နည်းပညာကို ရရှိခဲ့သည်။ ထိုနည်းပညာသည် ဆိုဗီယက် ပြည်ထောင်စုတွင် အစုတ်အပြတ် ဖြစ်နေသည်။ သို့သော် တရုတ်နိုင်ငံအတွက်မူ ယင်းက နှစ်ပေါင်းများစွာ သုတေသန ပြုလုပ်ရာတွင် အချိန်များစွာ ချွေတာနိုင်မှာ ဖြစ်သည်။

ဖုန်းယွီသည် သူ့ဆီ ကီရီလန်ကိုထံမှ စာရွက်စာတမ်းများရသည်နှင့် ချက်ခြင်းပင် ဟိုဟိုက်ထောင်စီကို ပို့ပေးလိုက်တော့သည်။ တစ်ချိန်တည်းတွင် ဖုန်းယွီက ဟိုဟိုက်ထောင်ကို လေယဉ်ထုတ်လုပ်သည့် စက်ရုံ ပိုင်ဆိုင်သည့် ကားထုတ်လုပ်ရေးနှင့် ဆက်စပ်သည့် နည်းပညာများကို ပို့ပေးရန် သတိပေးလိုက်သည်။

ယခု တစ်ခေါက်တွင် ဘာမှ များများစာစား မပြောတော့ပေ။ ပြီးနောက် ချက်ခြင်းပင် သူ့လူများအား ဖုန်းယွီအတွက် စာရွက်စာတမ်းများ ပြင်ဆင်ထားရန် ပြောလိုက်သည်။ ဟိုဟိုက်ထောင်သည် ထို MiG နည်းပညာရရန်အတွက် အချိန်များစွာ စောင့်ဆိုင်းခဲ့ရသည်။

“မန်နေဂျာဖုန်း ဒီနည်းပညာကို ခင်ဗျားလက်နဲ့တောင် ရအောင် လုပ်နိုင်တာကို ဆိုဗီယက်ပြည် ထောင်စုကနေ သင်္ဘောတည်ဆောက်တဲ့ နည်းပညာတွေကော မရနိုင်ဘူးလား”

ဟိုဟိုက်ထောင်က ဖုန်းယွီကို ကြည့်လိုက်သည်။

ဖုန်းယွီက

“......”

ဒါတွေက လေယဉ်ထုတ်လုပ်တဲ့ နည်းပညာတွေကလေ။ ပြီးတော့ အဲတာက မင်းရဲ့ လေယဉ်ထုတ်လုပ်တဲ့ လုပ်ငန်းနဲ့ ဆက်စပ်မှု ရှိတယ်။ သင်္ဘောတည်ဆောက်ရေး နည်းပညာကို မင်းရဲ့ ကုမ္ပဏီမှာ ဘာလုပ်မလို့လဲ။

“မရဘူး။ ငါအဲ့နည်းပညာကို မရယူပေးနိုင်ဘူး”

ဖုန်းယွီသည် ဟိုဟိုက်ထောင်၏ အကြံအဉာဏ်ကို ပယ်ချလိုက်သည်။ ကီရီလန်ကိုသည် သူ့ကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် ပြောထားသည်။ သူ့အဖေ၏ လွှမ်းမိုးနိုင်စွမ်းသည် ဆိုဗီယက် ပြည်ထောင်စု စစ်တပ်အတွင်းသာ ဖြစ်သည်။ လေတပ်မှ လေယဉ်နှင့် ဆက်စပ်သည့် နည်းပညာများကို ရရန်အတွက် သူ့အဖေသည် ဈေးကြီးကြီး ပေးထားရသည်။ သူ့ဖခင်အနေဖြင့် ရေတပ်မှ နည်းပညာများကို ရရှိရန်က အလွန်ခက်ခဲမည် ဖြစ်သည်။

ဖုန်းယွီသည် ကီရီလန်ကို၏ အခက်အခဲကို နားလည်သည်။ သို့သော် ကီရီလန်ကိုတွင်လည်း သူ့နည်းနှင့်သူ ရှိနေဆဲပင်။ အဓိက ပြဿနာသည် ဆိုဗီယက် ရေတပ်မှ နည်းပညာများအတွက် ပြန်ပေးရမည့် ငွေပမာဏကြောင့် ဖြစ်သည်။ ထိုနည်းပညာများကို ဖုန်းယွီသည် ပိုက်ဆံ တပြားမှ မယူဘဲ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ ပြီးနောက် သူ့အနေဖြင့် တစ်ချိန်တည်း နည်းပညာများ အားလုံးအတွက် ပိုက်ဆံပေးရန်ကား မတက်နိုင်ပေ။

သေချာသည်မှာ ဖုန်းယွီသည်လည်း အနာဂတ်တွင် ထိုနည်းပညာများရရှိရန်အတွက် အခွင့်အရေးများ ရလာမည် ဖြစ်သည်။ သူအနေဖြင့် ထိုအရာများကို ရနိုင်ဆဲပင်။ သို့သော် သူ့အနေဖြင့် သူ့ကိုယ်တိုင်အတွက်ဟု ကီရီလန်ကိုအား မေးမည် မဟုတ်ပေ။

.....

ရက်အနည်းငယ် ကြာပြီးနောက် ဟိုဟိုက်ထောင်သည် ဖုန်းယွီကို လေယဉ်ထုတ်လုပ်သည့် စက်ရုံကို ထပ်ဖိတ်ပြန်သည်။ ဖုန်းယွီသည် အဘယ်ကြောင့် သူ့အား ရှာနေသည်ကို အံ့အားသင့်နေသည်။ သူ့အနေဖြင့် ဆိုဗီယက် ရေတပ်မှ နည်းပညာများကို ရယူချင်သေးသည်လော။

ဖုန်းယွီသည် သူဟိုဟိုက်ထောင် ရုံးခန်းထဲ ဝင်သည့်အချိန်တွင် စစ်ယူနီဖောင်းဝတ်ဆင်ထားသည့် လူတစ်ယောက်ကို တွေ့လိုက်သည်။ ဖုန်းယွီသည် သူ့အဆင့်ကို ကြည့်လိုက်သည့်အခါ မှင်သက်သွားတော့သည်။ ထိုသူသည် ဗိုလ်ချုပ် တစ်ဦး ဖြစ်သည်။

ဟိုဟိုက်ထောင်သည် အဆင့်မြင့်အရာရှိများနှင့် နည်းတူ ခံစားခွင့်များကို အတူတူရသော်လည်း ဗိုလ်ချုပ်နှင့် ယှဉ်လိုက်သည့်အခါ ဘာမှ မဟုတ်တော့ပေ။ ဒီသူက ဘယ်သူလဲ။ ငါ့ကို ဒီကို လာစေချင်တဲ့ တစ်ယောက်လား။

“မန်နေဂျာဖုန်း လာပါ။ ငါမင်းကို မိတ်ဆက်ပေးမယ်။ ဒါက ရှန်းယန်က ဗိုလ်ချုပ်ရှန်း သူက မန်နေဂျာဖုန်း ဖုန်းယွီပါ”

ဟိုဟိုက်ထောင်သည် ချက်ခြင်းပင် နှစ်ဦး နှစ်ဖက်လုံးကို နွေးထွေးစွာဖြင့် မိတ်ဆက်ပေးတော့သည်။

ဖုန်းယွီနှင့် ဗိုလ်ချုပ်ရှန်းသည် အချင်းချင်း ကြည့်လိုက်ကြသည်။ သို့သော် စကားတစ်ခွန်းမျှ မပြောပေ။ ဖုန်းယွီသည် အဘယ်ကြောင့် ဗိုလ်ချုပ် တစ်ယောက်သည် သူ့အားရှာနေသတည်း အထက်မှ အမိန့် တစ်ခု ဖြစ်နိုင်မလား။ ချီး ငါက နိုင်ငံအတွက် အများကြီး ထောက်ပံ့ခဲ့ပြီးပြီ။ သူတို့တွေ လောဘ မကြီးသင့်ဘူး။

ဗိုလ်ချုပ်ရှန်းသည် ဖုန်းယွီကို ဂရုတစိုက်ဖြင့် ကြည့်နေသည်။ သူသည် ဖုန်းယွီအကြောင်းကို စုံစမ်းပြီး ဖြစ်သည်။ သူ့အနေဖြင့် မည်သည့် နောက်ခံမှ မရှိပေ။ သူ့ အထက် ဆွေးမျိုးသုံးဆက်သည်လည်း အရာရှိ များ မဟုတ်ကြပေ။ ယင်းအဓိပ္ပာယ်က ထိုကလေးသည် သူ့ရဲ့ လုပ်ငန်းကို သူ့ကိုယ်ပိုင် အစွမ်းအစဖြင့် ထူထောင်ထားခြင်း ဖြစ်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ရှန်းသည် သူ့သားအကြောင်းကို တွေးလိုက်သည်။ သူ့သားသည် ဖုန်းယွီခြေဖျားတောင် မမှီပေ။

“မန်နေဂျာဖုန်း နေကောင်းလား”

ဗိုလ်ချုပ်ရှန်းသည် လက်ဆွဲနှုတ်ဆက်ရန်အတွက် သူ့လက်ကို ထုတ်လိုက်သည်။

ဖုန်းယွီက အံ့အာသင့်သွားသည်။ ထိုဗိုလ်ချုပ်သည် ဂုဏ်မဖော်ပေ။ ဖုန်းယွီ တွေးထားသလောက် သူသည် မာန မကြီးပေ။

“တွေ့ရတာ ဝမ်းသာပါတယ်။ ဗိုလ်ချုပ်ရှန်း။ ကျွန်တော်ကို ရှာနေတာလားဗျ။ တကယ်လို့ ဆိုဗီယက် ပြည်ထောင်စုက ရေတပ်နဲ့ ဆက်စပ်တဲ့နည်းပညာတွေ ရယူချင်တယ်ဆိုရင် တောင်းပန်ပါတယ်။ ကျွန်တော် မကူညီနိုင်ပါဘူး။ ကျွန်တော်အနေနဲ့ နိုင်ငံကို ပံ့ပိုးပေးဖို့ပဲ ရှိသေးတယ်။ ဒါပေမဲ့ နိုင်ငံအတွက် ကျွန်တော် တဘဝလုံးကိုတော့ မရင်းနိုင်သေးဘူး”

ဖုန်းယွီက ပြောလိုက်သည်။ သူ့အနေဖြင့် ဗိုလ်ချုပ်ရှန်း ထိုနည်းပညာများနှင့် ပတ်သက်ပြီး သူနှင့် ရှင်းရှင်းလင်းလင်း ဖြစ်ထားစေချင်သည်။

“ဟားဟားဟား။ မန်နေဂျာဖုန်းက ဟိုဟိုက်ထောင် ပြောသလို တကယ် စိတ်ဝင်စားဖို့ ကောင်းတဲ့သူပဲ။ တကယ်လို့ မင်းသာ ဉပဒေကို လိုက်နာသ၍ ငါတို့ တိုင်းပြည်က မင်းကို ဖိအားပေးမှာ မဟုတ်ဘူး။ ငါဒီနေ့ ဒီကို ရောက်နေတာလဲ မင်းကို တွေ့ဖို့ပဲ။ ငါ့အနေနဲ့ တရုတ်နိုင်ငံကို အဆင့်မြင့် နည်းပညာတွေ အများကြီး ယူဆောင်ပေးနိုင်တဲ့သူနဲ့ ကိုယ်တိုင်ကိုယ်ကျ တွေ့ချင်တာပဲ။ မင်းက ဘယ်လိုလူမျိုးလဲ ဆိုတာကော သိချင်တာပေါ့”

ဗိုလ်ချုပ်ရှန်း၏ ပြန်ဖြေမှုက ဖုန်းယွီကို ကြက်သေသေသွားစေသည်။ ငါ့ကို ဖိအားမပေးဘူးလား။ ဒါက ပြဿနာ တော်တော်များများကို ဖြေရှင်းပြီးသား ဖြစ်သွားပါ။ ဒါပေမဲ့ ဒီနေ့တွေ့တာက ဒီလောက် ရိုးရှင်းတဲ့ပုံမပေါ်ဘူး။

“ကျွန်တော်ကို ဗိုလ်ချုပ်ရှန်းတွေ့လိုက်တော့ စိတ်ပျက်သွားပြီလား”

ဖုန်းယွီက ဟာသလုပ်လိုက်သည်။

“ငါစိတ်မပျက်ပါဘူး။ ဒါပေမဲ့ ငါ အံ့ဩမိသား။ မင်းက အရမ်းကို ငယ်လွန်းတယ်။ မင်းအနေနဲ့ နိုင်ငံကို အများကြီးကိုပဲ အထောက်အပံ့ ပြုခဲ့ပြီးပြီ။ ငါတောင် မင်းနဲ့တောင် မယှဉ်နိုင်တော့ဘူး။ ငါ့အထင်တော့ တရုတ်နိုင်ငံမှာ မင်းနဲ့ နှိုင်းယှဉ်နိုင်တဲ့သူ တစ်ယောက်မှ ရှိပုံမရဘူး”

ထိုချီးမွမ်းမှုသည် ဖုန်းယွီ ကိုင်တွယ်ရန်အတွက် အရမ်းကို များသွားပြီ ဖြစ်သည်။ သို့သော် ဖုန်းယွီသည် ပျော်ရွှင်နေဆဲ ဖြစ်သည်။ အကယ်၍ သူ့မိဘများသာ ဗိုလ်ချုပ်ချီးကျူးတာကို ကြားခဲ့လျှင်.....။

“ဗိုလ်ချုပ်ရှန်း ကျွန်တော်ကို အရမ်းကို မြှောက်နေပြီ။ ဒီနေ့ ကျွန်တော် ဗိုလ်ချုပ်ကို ဧည့်ခံမယ်ဆိုရင်ကော ဘယ်လိုလဲ။ မြို့တော် အရှေ့ပိုင်းက အသစ်ဖွင့်ထားတဲ့ မော်စကို စားသောက်ဆိုင်ကို သွားကြရအောင်”

“ဟွတ်....”

ဟိုဟိုက်ထောင်သည် လက်ရှိတွင် သူ့ရုံးခန်းတွင်သာ ရှိနေဆဲ ဖြစ်ကြောင်း သတိပေးလိုက်သည်။ လေယဉ်ထုတ်လုပ်သည့် စက်ရုံတွင် ရှိနေဆဲ ဖြစ်ကာ ဖုန်းယွီအနေဖြင့် ဗိုလ်ချုပ်ရှန်းကို ဖိတ်ခေါ်ခြင်းက မသင့်တော်ပေ။ ဗိုလ်ချုပ်ရှန်းကလည်း ဘာတွေ ဖြစ်နေတာလဲ။ ဘာကြောင့် အဓိက အချက်ကို မရောက်ရသေးတာလဲ။ အကယ်၍ ယခုစကားပြောနေတာကို ကြားဖြတ်ပြီး ဖျက်လိုက်ပါက အယောင်ဆောင် ဖုန်းယွီအနေဖြင့် သူတို့ကို ဘာပစ္စည်းလိုချင်သနည်းဟု ထပ်မေးတော့မည် မဟုတ်တော့ပေ။

“မန်နေဂျာဖုန်း။ တကယ်တော့ ဗိုလ်ချုပ်ရှန်း ဒီကိုလာတာ ကိစ္စအချိို့ရှိတယ်။ ငါတို့တွေ ညစာအကြောင်းကို နောက်မှ ပြောကြရအောင်”

ဖုန်းယွီ၏ နဖူးသည် တွန့်သွားတော့သည်။ ငါ့ကို ပြောချင်တဲ့ အဓိက အကြောင်းအရာ မပြောရသေးဘူးလား။ တကယ်လို့ သူသာလိုသာမရှိဘူးဆိုရင် ရှန်းယန်ကနေ ဘယ်လိုလုပ် ဘင်းမြို့တော်ကို လာပါ့မလဲ။ ငါ့ကို တွေ့ရုံပဲလား။ မဖြစ်နိုင်တာ။

ဗိုလ်ချုပ်ရှန်းသည် သူ့အိပ်ကပ်ထဲမှ တံဆိပ်တစ်ခုကို ထုတ်ယူလိုက်ပြီး ဖုန်းယွီ၏ ရင်ဖက်တွင် ထိုးပေးလိုက်သည်။

ဖုန်းယွီက မှင်သက်သွားသည်။ ဒီအဓိပ္ပာယ်က ဘာလဲ။ ငါ့ကို ဆုပေးတာလား။ ငါက အခုမှ ကလေးပဲရှိသေးတာ။ ငါက တိုင်းပြည်အတွက် ပစ္စည်းအများကြီး ဝယ်ပေးခဲ့လို့ ဗိုလ်ချုပ်က ငါ့ကို ဆုတံဆိပ်ပေးတာလား။

“ဂုဏ်ပြုပါတယ် ဖုန်းယွီ။ ဒီနေ့က စပြီး မင်းက ပြည်သူ့စစ်တပ်ရဲ့ ဂုဏ်ထူးဆောင် စစ်သား ဖြစ်သွားပါပြီ”

ဟာ... ငါက အခု စစ်သား ဖြစ်သွားတာလား။

ချီး စစ်သားက ကိုယ်စိတ်ပါမှ လုပ်လို့ ရတာလေ။ ဘယ်ကတည်း စစ်တပ်က လူတွေက စစ်သား ဖြစ်ဖို့ ဖိအားပေးပြီး လုပ်နေတာလြ။

“ခဏ ဗိုလ်ချုပ်ရှန်း ဘာအဓိပ္ပာယ်လဲ”

ဖုန်းယွီက ဗိုလ်ချုပ်ရှန်းပေးသည့် တံဆိပ်ကို ကြည့်ရင်း ပြောလိုက်သည်။

“ဒါက ဒီလို အဓိပ္ပာယ်။ မင်းက တပ်ဖွဲ့ဝင် ဖြစ်သွားပြီ။ အထူး တပ်ဖွဲ့ဝင်။ မင်းအနေနဲ့ ငါးနှစ်အတွက်ဗိုလ်မှူး ဖြစ်လာမယ်လို့ ငါအာမခံတယ်”

ဗိုလ်မှူးလား အရမ်းများမနေဘူးလား။ ဖုန်းယွီက ပြောစရာ စကားမဲ့သွားသည်။ ငါ့ကို ဘာမှ ဖိအားမပေးဘူးလို့ မပြောခဲ့ဘူးလား။ စစ်သား တစ်ယောက် ဖြစ်ခြင်းက ဂုဏ်ယူစရာလို့ တွေးနေတာတော့ မဟုတ်ဘူးမလား။ ဒါပေမဲ့ စစ်ပွဲကာလမှ မဟုတ်တယ်။ အခုက ငြိမ်းချမ်းရေးကာလလေ။ နေ့တိုင်း လေ့ကျင့်ရပြီး သဘာဝ ဘေးအန္တရာယ် ပြန်လည် ထူထောင်ရေးတွေမှာပဲ လုပ်ရတော့တာ။

ဖုန်းယွီသည် ဘာမှ မလုပ်ပဲ သူ့တစ်ဘဝလုံး စည်းစိမ်ခံစားချင်သည် လူစားမျိုး ဖြစ်သည်။ ယင်းက သူ့လိုချင်သည့် ဘဝ ဖြစ်သည်။

“ခဏလေးပါ ဗိုလ်ချုပ်ရှန်း။ ဘာကို အထူးစာရင်းသွင်းခံရတာလဲ။ ကျွန်တော် ဘာကိုမှ သဘောမတူရသေးဘူးနော်။ ကျွန်တော်အနေနဲ့ ဥပဒေကို သိပါတယ်။ အခုလက်ရှိက စစ်ပွဲအချိန်မှ မဟုတ်သာ။ ပြီးတော့ ကျွန်တော်ကို စာရင်းထဲ အတင်းထည့်လို့ မရဘူး။ ကျွန်တော်အနေနဲ့ ဗိုလ်ချုပ်ရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ပါတယ်”

“မန်နေဂျာဖုန်း ဒါက ကောင်းတဲ့ အခွင့်အရေးနော်။ ပြီးတော့ မင်းအနေနဲ့ စစ်တပ်မှာ တာဝန် ထမ်းဆောင်ဖို့မှ မလိုတာ”

ဟိုဟိုက်ထောင်က ပြောလိုက်သည်။

“ဘာကို ဆိုလိုချင်တာလဲ”

ဖုန်းယွီက ဝေဝါးဝါး ဖြစ်သွားသည်။ အကယ်၍ သူ့အနေဖြင့် စစ်သား တစ်ယောက် ဖြစ်လျှင် စစ်တပ်ထဲ တာဝန် ထမ်းဆောင်ရန် မလိုဘဲ နေမည်နည်း”

“ဒါက နာမည်ပါပဲ။ မင်းလုပ်ရမှာက တိုင်းပြည်ရဲ့ ကာကွယ်ရေးမှာ ဖြည့်ဆည်းပေးဖို့ပဲ”

ဖုန်းယွီသည် ဟိုဟိုက်ထောင်၏ မျက်နှာကို တံတွေးဖြင့် ထွေးချင်စိတ် ပေါက်သွားသည်။ သူ့အနေဖြင့် လေယဉ်ထုတ်လုပ်သည့် စက်ရုံကို အခေါ်ခံရသည့်အခါ မကောင်းသည့် ကိစ္စဟုသာ စိတ်ထဲခံစားရ*သည်။ ထပ်ပြောရပါက ယခုလက်ရှိတွင် ဖုန်းယွီသည် သူ့ကုမ္ပဏီတွင် ခေါင်းဆောင် တစ်ယောက် ဖြစ်နေပြီ ဖြစ်သည်။ ပြီးနောက် သူ့သည် ထောင်ပေါင်းများစွာသော လူများကို အုပ်ချုပ်နေရသည်။ အကယ်၍ သူသာ စစ်တပ်ထဲကို ဝင်ခဲ့လျှင် သူ့အနေဖြင့် အထက်မှ အမိန့်များကို လိုက်ရာရန်လိုသည်။ အရူးတောင် ဘာကို ရွေးချယ်သင့်မှန်း သိပေသည်။

“ကျွန်တော်မှာ အခွင့်အရေးတွေ ရှိလာရင် တိုင်းပြည်ကို သေချာပေါက် ထောက်ပံ့မှာပါ။ ယခုလက်ရှိမှာလည်း ကျွန်တော်က တခြားသူတွေထက် တိုင်းပြည်ကို ပိုပြီး ထောက်ပံ့ထားတယ်လေ။ ပြီးတော့ ကျွန်တော်က စာရိတ္တမကောင်းဘူးဆိုရင် စစ်တပ်အတွက် မျက်နှာပျက်စရာပဲ ဖြစ်လိမ့်မယ်။ ဒါကြောင့် ကျွန်တော်အနေနဲ့ စစ်သားဖြစ်ဖို့ မလိုဘူးလို့ တွေးမိတယ်။ ဗိုလ်ချုပ်အနေနဲ့ ဒီအခွင့်အရေးကို ဒါရိုက်တာဟိုရဲ့ သားကို ပေးလို့ရပါတယ်”

“ငါ့သားက ဒီနှစ်မှ တက္ကသိုလ်ကနေ ဘွဲ့ရလာမှာ။ ပြီးတော့ သူက ဒီအခွင့်အရေးကို မလိုဘူး”

ချီး။ မင်းရဲ့ သားတောင် စစ်တပ်ထဲ မဝင်ချင်တာ။ အဲ့တာကို ငါ့ကို စစ်တပ်ထဲ ဝင်ဖို့ လာပြောနေသေးတာလား။ သူ့နှလုံးသားထဲတွင်တော့ ဟိုဟိုက်ထောင်ကို မကောင်းဆိုးဝါး တစ်ကောင်ဟု ရိုက်နှိပ်လိုက်တော့သည်။

“ကျွန်တော်လည်း တက္ကသိုလ်တက်ရတော့မှာ။ ဘေကျင်းတက္ကသိုလ်။ ဗိုလ်ကြီးရှန်း၊ ဒါရိုက်တာဟို၊ ကျွန်တော်ကုမ္ပဏီမှာ ကိစ္စလေးရှိလို့ ပြန်လိုက်ဦးမယ်နော်။ ဒီရက်တွေမှာ ကျွန်တော် ခရီးသွားဖို့ ရှိတယ် လာမရှာနဲ့နော်”

ဖုန်းယွီ ထွက်ခွာသွားသည်။ ဟိုဟိုက်ထောင် နောက်တစ်ခေါက် စစ်တပ်ထဲဝင်ရန် ပြောပါက သူ့နှင့် အတူ တစ်ခါတည်း ဆွဲချသွားရန် ဖုန်းယွီ ပြင်ဆင်တော့၏။

___

All Chapters