← Chapters

စစ်ဖက်မှ အရပ်ဖက်၊ အရပ်ဖက်မှ စစ်ဖက်

Vol. 20 Ch. 287

စစ်ဖက်မှ အရပ်ဖက်၊ အရပ်ဖက်မှ စစ်ဖက်

Vol. 20 Ch. 287

ဗိုလ်ချုပ်ရှန်းနှင့် ဟိုဟိုက်ထောင်သည် အချင်းချင်း ကြည့်လိုက်ကြပြီး သက်ပြင်းချလိုက်ကြသည်။ ဖုန်းယွီသည် တကယ်ပင် စစ်တပ်ထဲဝင်ရန် ဆန္ဒမရှိတာ ဖြစ်သည်။

အမှန်တကယ်တွင် ဗိုလ်ချုပ်ရှန်းသည် ခရီးစဉ်တွင် ဖုန်းယွီနှင့် တွေ့ချင်ခဲ့သည်။ သူဘင်းမြို့တော်ကို လာသည့် အဓိက အကြောင်းအရင်းမှာ ဟိုဟိုက်ထောင်နှင့် စကားပြောရန် ဖြစ်သည်။ ဟိုဟိုက်ထောင်သည်လည်း ဗိုလ်ချုပ်ရှန်းနှင့် တွေ့ချင်နေသည်။

ဘင်းမြို့တော် လေယဉ်ထုတ်လုပ်သည့် စက်ရုံသည် ယခင်က စစ်ဖက်ဆိုင်ရာ စက်ရုံ ဖြစ်ခဲံသည်။ ပြီးနောက် ဖိုက်တာဂျက်များကို ထုတ်လုပ်သည်။ လေယဉ်ထုတ်လုပ်သည့် စက်ရုံကို တရုတ်နိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ပစ္စည်းထုတ် စက်ရုံအဖြစ် စဉ်းစား၍ရနိုင်ပေ၏။ သို့သော် လွန်ခဲ့သည့် ပြုပြင်ပြောင်းလဲမှု အရ လေယဉ်ထုတ်လုပ်သည့် စက်ရုံကို အရပ်ဖက်သို့ လွှဲပြောင်းခဲ့သည်။

ထို့နောက်ပိုင်းမှ စပြီး ဘင်းမြို့တော်သည် သူ့ကိုယ်ပိုင် ကားထုတ်လုပ်ရေးများကို စတင်ခဲ့သည်။ လေယဉ်ထုတ်လုပ်သည့် စက်ရုံက သူတို့အနေဖြင့် အမြတ်များရရှိခြင်းက သူတို့၏ ဂျက်အင်ဂျင်နည်းပညာများနှင့် ကားအင်ဂျင်နည်းပညာများ ပူးပေါင်းဆောင်ရွက်မှုကြောင့် ရရှိခြင်း ဖြစ်သည်ဟု တွေးခဲ့သည်။

သို့သော်ငြား သူတို့သည် ဖောကားထုတ်လုပ်ရေးနှင့် မဝေးသည့် အကွာအဝေးတွင် ရှိနေကာ သူတို့ထုတ်လုပ်သည့် ကားများသည်လည်း ထူးခြားမကောင်းမွန်နေသည့်အတွက် ရောင်းအားသည်လည်း သူတို့ မှန်းထားသလောက် မရပေ။ သို့သော် သူတို့သည် အရှုံးမပေါ်ခဲ့ပေ။ သူတို့သည် အမြတ်လည်းမရခဲ့ပေ။

လေယဉ်ထုတ်လုပ်သည့် စက်ရုံသည် လေယဉ်ငယ်များကို စတင် ထုတ်လုပ်ပြီး ထိုလေယဉ်များ ရောင်းချခြင်းမှ အမြတ်များ ရယူချင်ခဲ့ကြသည်။ သို့သော် ရောင်းအားသည် မကောင်းပေ။

ရေနွေးငွေ့စက်ကြောင့်သာ မဟုတ်ပါက သူတို့သည် ပြည်တွင်းသုံး ဟယ်လီကော်ပတာများ ထုတ်လုပ်ပြီးနောက် သူတို့သည် အရှုံးပေါ်ကာ စက်ရုံပိတ်သွားရမည် ဖြစ်သည်။

လေယဉ်ထုတ်လုပ်သည့် စက်ရုံ ဒုက္ခတွေ့ရသည့် အဓိက အကြောင်းအရင်းသည် အသေးစိတ် စီမံမှုများ မရှိခြင်းနှင့် ဈေးကွက်၏ ပြောင်းလဲမှုအား မလိုက်နိုင်၍ ဖြစ်သည်။ သူတို့အနေဖြင့် ဝယ်ယူသူများအနေဖြင့် မည်သည့် ထုတ်ကုန်မျိုးလိုချင်သည်ကို မသိနိုင် ဖြစ်နေသည်။ အဆင့်မြင့် နည်းပညာများရှိပြီး သူတို့သည် ဈေးကွက်လိုအပ်ချက်ကို မသိပါက သူတို့အမနေဖြင့် မည်သည့် အကျိုးအမြတ်မျှ ရရှိမည်မဟုတ်ချေ။

သို့သော် လေယဉ်ထုတ်လုပ်သည့် စက်ရုံသည် မဆိုးသာဟု ပြောနိုင်ပေသည်။ စစ်ဖက်ဆိုင်ရာမှ အရပ်ဖက်သို့ ကူးပြောင်းသည့် စက်ရုံအများစုမှာ ဒေဝါလီ ခံကြရသည်။ စက်ရုံသည် ဒေဝါလီ မခံရလျှင်တောင် ဒေသအစိုးရ၏ အကူအညီအား ရယူကြရသည်။ ဖုန်းယွီ၏ အတိတ်ဘဝတွင် ထိုသို့သော အဖြစ်အပျက်မျိုး များစွာ ရှိခဲ့သည်။

ထိုခေတ်အခါက ခေါင်းဆောင်များကို ဖုန်းယွီ တကယ်ပင် အထင်အမြင်သေးမိသည်။ သူတို့တွင် နည်းပညာများရှိပြီး စက်ဖက်ဆိုင်ရာ စက်ရုံတွင် ထုတ်လုပ်နိုင်စွမ်း ရှိသော်ငြား သူတို့အနေဖြင့် ထိုလုပ်နိုင်စွမ်းများကို ပိုက်ဆံများအဖြစ် ပြောင်းလဲရန် နည်းလမ်းကို မသိရှိကြပေ။

အမေရိကန်နှင့် ဆိုဗီယက် ပြည်ထောင်စုတောင် သူတို့၏ လက်နက်များကို အခြားနိုင်ငံများကို တင်ပို့ရောင်းချကြသည်။ သူတို့က အသုံးမပြုတော့သည် လက်နက်ပစ္စည်းများကို ရောင်းချပြီး ငွေရှာနိုင်သည်။ ပြီးနောက် သူတို့၏ အဆင့်အမြင့်ဆုံး နည်းပညာများကို ဆက်လက် ထိန်းသိမ်းထားပြီး သူတို့၏ ထိုနည်းပညာများ တိုးတက်မှုအတွက် ကုန်ကျငွေကိုတောင် ပြန်ကာမိသည်။

တရုတ်နိုင်ငံ၏ ခေါင်းဆောင်များက လက်နက်ပစ္စည်းများ ရောင်းချရန် တွန့်ဆုတ်သည်။ သူတို့အနေဖြင့် တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေးကို မြတ်နိုးသည့် နိုင်ငံဟု ခံစားရပြီး သူတို့ကား လက်နက်များကို ရောင်းချခြင်း မပြုကြပေ။ တရုတ်နိုင်ငံ၏ ပတ်လည်တွင်ရှိသော မလေးရှား၊ ဂျပန်၊ ကိုရီးယား အစရှိသည့် နိုင်ငံများက တရုတ်နိုင်ငံသည် ဒေသတည်ငြိမ်ရေးကို ခြိမ်းခြောက်လျက်ရှိကြောင်း ပြောသည်။

တရုတ်နိုင်ငံ ဘာလုပ်လုပ် ထိုနိုင်ငံများက သူတို့ကို ခြိမ်းခြောက်သည်ဟု စဉ်းစားလျှင် အဘယ်ကြောင့် တရုတ်က သူတို့ကို လျစ်လျူရှုပြီး မနေနိုင်မည်နည်း။ ခေါင်းဆောင်အများစုကား ယင်းကို နားမလည်ကြပေ။

ထိုနိုင်ငံများသည် မဟာမိတ်ဖွဲ့ပြီး တရုတ်နိုင်ငံ၏ တိုးတက်မှုကို ဟန့်တားနိုင်ကြပေ၏။

စစ်ဖက်ဆိုင်ရာ စက်ရုံအဖြစ်မှ အရပ်ဖက် စက်ရုံအဖြစ်သို့ ပြောင်းလဲသွားသည့် စက်ရုံများတွင် အရပ်ဖက်က ၃ပုံပုံ ၂ပုံ ခံစားခွင့် ရှိကြသည်။ သို့သော် ထိုစက်ရုံ ဘယ်လောက်များမျာ ကြံကြံခံ ရင်ဆိုင်နည်မည်းနည်။ မရုန်းကန်ရသည့် စက်ရုံများသည် ၁၀ရာခိုင်နှုန်းအောက်သာ ရှီသည်။ ထိုစက်ရုံများသည် သူတို့၏ စစ်ဖက်ဆိုင်ရာ နည်းပညာများကို အသုံးပြုပြီး အရပ်ဖက် ထုတ်ကုန်များကို မည်သို့ ပြောင်းလဲရမည်ပုံကို မသိရှိကြပေ။

ထို့ကြောင့် တရုတ်တွင် စိတ်ပျက်စရာ ဓလေ့တစ်ခု ဖြစ်ပေါ်လာသည်။ တရုတ်နိုင်ငံတွင် ရေပန်းစားသည့် ထုတ်ကုန်တစ်ခု ပေါ်လာတိုင်း နောက်ပိုင်းတွင် မတူညီသည့် အမှတ်တံဆိတ်များဖြင့် တစ်ပုံတည်း ထွက်လာကြသည်။ အဆုံးတွင် စက်ရုံတိုင်းကား အကျိုးအမြတ် မခံစားရဘဲ အရှုံးသာ ပေါ်ကြရသည်။

အစပိုင်းတွင် လေယဉ်ထုတ်လုပ်သည့် စက်ရုံ၏ ပြောင်းလဲမှုက အောင်မြင်သည်ဟု မဆိုနိုင်သလို ရှုံးသည်ဟုလည်း မဆိုနိုင်ပေ။ လွန်ခဲ့သည့် နှစ်နှစ်က စမှ လေယဉ်ထုတ်လုပ်သည့် စက်ရုံအနေဖြင့် အကျိုးအမြတ်များ ရရှိလာသည်။ အကြောင်းမှာ ရေနွေးငွေ့စက်ကြောင့် ဖြစ်သည်။ နောက်ပိုင်းတွင် စက်ရုံသည် အာထရာ အဆင့်မြင့် လျှပ်စစ် သံရည်ကျိုစက်ကို ဝယ်ယူခဲ့သည်။ ထိုသံရည်ကျိုစက်ဖြင့် လေယဉ်ထုတ်လုပ်သည့် စက်ရုံသည် နည်းပညာ အခက်အခဲ အချို့ကို ကျော်လွှားနိုင်ခဲံပြီး သူတို့၏ ဟယ်လီကော်ပတာ ထုတ်လုပ်မှုကိုလည်း လျော့ချနိုင်ခဲ့သည်။

အထက်ပိုင်းမှ အရာရှိများသည် လေယဉ်ထုတ်လုပ်သည့် စက်ရုံကို တဖန် စတင်သတိပြုမိလာ၏။ ပြီးနောက် ဟိုဟိုက်ထောင်သည် အတော်ပင် စွမ်းဆောင်ရည်ရှိသည်။ မကြာမီတွင် ဟိုဟိုက်ထောင်သည် ဆိုဗီယက် ပြည်ထောင်စုမှ အင်ဂျင်နည်းပညာများကို ယူလာခြင်းဖြင့် သူတို့ကို တစ်ဖန် အံ့အားသင့်အောင် လုပ်ခဲ့သည်။ ထိုနည်းပညာများသည် တရုတ်နိုင်ငံအတွက် အရေးပါပေ၏။

သို့သော် လေယဉ်ထုတ်လုပ်သည့် စက်ရုံတွင် ခေတ်မှီသော သုတေသနစင်တာများ မရှိပေ။ ထို့အတွက်ကြောင့် ရှန်းယန် စစ်တပ်ကို အမိန့်ပေးပြီး ထိုနည်းပညာများနှင့် အင်ဂျင်များကို လာယူစေ၏။

သို့သော် ဟိုဟိုက်ထောင်သည် ဟယ်လီကော်ပတာ နည်းပညာအသစ်ကို ရရှိခဲ့ပြန်သည်။ လေယဉ်ထုတ်လုပ်သည့် စက်ရုံများသည် ထိုခေတ်အခါက ဟယ်လီကော်ပတာ ထုတ်လုပ်ရေးတွင် ကျွမ်းကျင်ကြသည်။ အဆင့်မြင့် အရာရှိများက ထိုနည်းပညာများကို အကြောင်းမရှိဘဲ မရယူကြပေ။

ထိုနည်းပညာများကို သုတေသန ပြုလုပ်ရန်အတွက် လေယဉ်ထုတ်လုပ်သည့် စက်ရုံသည် ရန်ပုံငွေများစွာ လိုအပ်သည်။ သူတို့အနေဖြင့် အထက်မှသာ အပို ဘတ်ဂျက်များကို တောင်းယူနိုင်၏။

ဟိုဟိုက်ထောင်၏ အကြီးမားဆုံး ဆန္ဒကား လေယဉ်ထုတ်လုပ်သည့် စက်ရုံကို စစ်ဖက်ဆိုင်ရာ စက်ရုံအဖြစ် ပြန်လည်ပြောင်းလဲရန် ဖြစ်သည်။

အရင်က မြို့တော်အစိုးရနှင့် ပြည်နယ်အစိုးရသည် လေယဉ်ထုတ်လုပ်သည့် စက်ရုံအား ဘာမျှ မလုပ်နိုင်ပေ။ ယခုလက်ရှိတွင် ဘင်းမြို့တော် အစိုးရသည် လေယဉ်ထုတ်လုပ်သည့် စက်ရုံ၏ မြေငှားရမ်းမှုတွင် စတင် ကြားဝင်လာခဲ့့သည်။ ယင်းက ဟိုဟိုက်ထောင်အတွက် ဒေါသအထွက်ဆုံး ဖြစ်စေသည်။ လေယဉ်ထုတ်လုပ်သည့် စက်ရုံသည် မြို့တော်က အခွန်ငွေများစွာ ပေးသွင်းသည်။ ပြီးနောက် သူတို့သည် အခြားသော နိုင်ငံပိုင် လုပ်ငန်းများကဲ့သို့ အပိုအခွင့်အရေးများ မရရှိခဲ့ပေ။

ယခုလက်ရှိတွင် ဟိုဟိုက်ထောင်တွင် အခွင့်အရေး ရှိနေသည်။ ဟိုဟိုက်ထောင်သည် ဖုန်းယွီကြောင့် MiG ဖိုက်တာ ဂျက်၏ နည်းပညာများကို ရခဲ့သည်။ အဆင့်မြင့် အရာရှိများသည် ထိုနည်းပညာများ၏ အရေးပါမှုကို သိကြသည်။ ပြီးနောက် သူတို့သည် ဟိုဟိုက်ထောင်၏ တောင်းဆိုချက် ဖြစ်သည့် အရပ်ဖက် စက်ရုံအဖြစ်မှ စစ်ဖက်ဆိုင်ရာသို့ ပြန်လည်ကူးပြောင်းရေးကို စတင် စဉ်းစားကြတော့သည်။

ဗိုလ်ချုပ်ကြီးရှန်း ဘင်းမြို့တော်သို့ လာရသည့် အကြောင်းပြချက်သည် ဟိုဟိုက်ထောင်နှင့် စကားပြောရန် ဖြစ်သည်။ သူသည် စစ်ဖက်ကို ကိုယ်စားပြုကာ ဟိုဟိုက်ထောင်နှင့် လေယဉ်ထုတ်လုပ်သည့် ကုမ္ပဏီအား စစ်ဖက် ၅၀ရာခိုင်နှုန်း၊ အရပ်ဖက် ၅၀ရာခိုင်နှုန်းအဖြစ် ပြောင်းလဲလိုကြောင်း ပြောဆိုချင်သည်။ ယင်းက ဂျပန်နှင့် အနောက်နိုင်ငံများရှိ စစ်ဖက်ဆိုင်ရာ စက်ရုံများနှင့် တူပုံပေါ်၏။

သေချာသည်မှာ လေယဉ်ထုတ်လုပ်သည့် စက်ရုံအနေဖြင့် အခွန်ငွေများစွာ ပေးဆောင်ရန် လိုတော့မည် မဟုတ်သည့်အပြင် အစိုးရ၏ စက်ရုံများကဲ့သို့ပင် အခွင့်အရေးများ ခံစားနိုင်ဦးမည် ဖြစ်သည်။ တစ်ချိန်တည်းတွင် ဟိုဟိုက်ထောင်သည် မြို့တော်ဝန်အဖြစ်တောင် ရာထူးတိုးခံရနိုင်သည်။

အဆင့်မြင့် အရာရှိများသည် စဉ်းစားပြီးသား ဖြစ်သည်။ ဟိုဟိုက်ထောင်သည် အကျိုးအမြတ်များနှင့် ထောက်ခံမှုများ ပိုရလိုဆဲ ဖြစ်သည်။

ဟိုဟိုက်ထောင် သည် ဖုန်းယွီပြောသည့် ဂျပန်၏ မီရှုဘီရှီ၊ ဖူဂျီ၊ နီကွန် အစရှိသည့် ကုမ္ပဏီများသည် အရင်က စစ်ဖက်ဆိုင်ရာ စက်ရုံများ ဖြစ်ခဲ့သည်။ ယခုလက်ရှိတွင် ထိုစက်ရုံများသည် အရပ်ဖက် စက်ရုံ ဖြစ်သွားသေ်ငြား သူတို့သည် စစ်တပ်အတွက် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များကို လုပ်ပေးနေရဆဲ ဖြစ်ပြီး ထိုသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များ၏ ရလဒ်များကို အများပြည်သူသုံး ထုတ်ကုန်များ ထုတ်လုပ်ရာတွင် အသုံးပြသည်။ အများပြည်သူများကို ရောင်းချသည့် ထုတ်ကုတ်များမှ ရရှိသည့် ငွေများကို သူတို့၏ စစ်ဖက်ဆိုင်ရာ သုတေသနများအဖြစ် ပြန်လည် အသုံးချနိုင်သည်။ စစ်ဖြစ်ပွားပါက ထိုစက်ရုံများအနေဖြင့် ချက်ခြင်းပင် စစ်ဖက်ဆိုင်ရာ စက်ရုံအဖြစ် ပြောင်းလဲနိုင်သည်။

မီရှုဘီရှီသည် တင့်ကားများကို ထုတ်လုပ်ပြီး ဖူဂျီသည် လေယဉ်များကို ထုတ်လုပ်သည်။ ပြီးနောက် နီကွန်သည် စစ်တပ်အတွက် မှန်ဘီလူးများကို ထုတ်လုပ်သည်။ သို့သော် ထိုတံဆိပ်များအောက်တွင် ထုတ်လုပ်သည့် တင့်ကား၊ ကားများနှင့် ကင်မရာများသည် ကမ္ဘာပေါ်တွင် နာမည် ကျော်ကြားသည်။ ပြီးနောက် ထိုအရာများမှ တဆင့် ထိုကုမ္ပဏီများအတွက် ငွေအများအပြား ရှာနိုင်ခဲ့၏။

စစ်ဖက်ဆိုင်ရာနှင့် အရပ်ဖက် အတူတကွ ပေါင်းစည်းခြင်းက ဖုန်းယွီ၏ အကြံ ဖြစ်သည်။ ယင်းက ဖွံ့ဖြိုးပြီး အနောက်နိုင်ငံများအတွက် စံပြုကုမ္ပဏီများ ဖြစ်ခဲ့သည်။ ယခုလက်ရှိတွင် တရုတ်နိုင်ငံတွင် ထိုပုံစံကို အသုံးပြုသည့် စက်ရုံ တစ်ရုံမှ မရှိသေးပေ။ ဟိုဟိုက်ထောင်အား သူအောင်မြင်ပါက သူအနေဖြင့် အောင်မြင်အောင် ပြုလုပ်နိုင်ခဲ့သည့် စက်ရုံ ဒါရိုက်တာအဖြစ် သမိုင်းတွင် နာမည် ကျန်ရစ်လိမ့်မည် ဖြစ်ကြောင်း ဖုန်းယွီက သူ့အား ပြောခဲ့၏။

ဖုန်းယွီသည် ထိုအကြောင်းများအား ဟိုဟိုက်ထောင်အား ဒီအတိုင်းသာ ပြောခဲ့သည်။ သို့သော် ဟိုဟိုက်ထောင်သည် ထိုအချက်များကို စိတ်ထဲတွင် မှတ်ထားတော့သည်။ သူ့အနေဖြင့် ယင်းကို သူ့ပန်းတိုင်အဖြစ် သတ်မှတ်ထားလိုက်ကာ သူ့ပန်းတိုင် မရောက်မချင်း ကြိုးစားမည် ဖြစ်သည်။

ယခုလက်ရှိတွင် ဟိုဟိုက်ထောင်သည် ထိုအခွင့်အရေးကို ရရှိပြီ ဖြစ်ပြီး သူအနေဖြင့် လက်လွှတ်ခံလိမ့်မည် မဟုတ်ချေ။ အဆင့်မြင့် အရာရှိများအတွက် ယင်းက ဆုံးဖြတ်ရ ခက်ခဲ့သည့် ကိစ္စတစ်ရပ်ဖြစ်သည်။ အကြောင်းမှာ ထိုပုံစံသည် တရုတ်နိုင်ငံတွင် ပထမဆုံး ဖြစ်သည့်အတွက် ဖြစ်၏။

စစ်ဖက်ဆိုင်ရာ စက်ရုံများသည် စစ်ဖက်ဆိုင်ရာအတွက်သာ ဖြစ်သည်။ အရပ်ဖက်စက်ရုံများသည် အရပ်ဖက်အတွက်သာ ဖြစ်သည်။ သူတို့ နှစ်ခုလုံးကို ဘယ်လိုလို့ ပူးပေါင်းနိုင်မည်နည်း။ ထိုစက်ရုံအမျိုးအစားများကား ပြည်ပတွင် ရှိသော်ငြား ယင်းက တရုတ်နိုင်ငံနှင့် ကိုက်ညီခြင်းမရှိပေ။

ဟိုဟိုက်ထောင်သည် စစ်ဖက်ဆိုင်ရာနှင့် အရပ်ဖက် စက်ရုံအဖြစ် ရှိနေလိုပြီး အများပြည်သူများအတွက် ထုတ်ကုန်များ ထုတ်လုပ်ချင်သေးသည်။ ယင်းက အစိုးရအတွက် ငွေပမာဏ နည်းနည်းနောနော မဟုတ်ပေ။

နောက်ဆုံးတွင် အထက်အရာရှိများက ဘင်းမြို့တော် လေယဉ်ထုတ်လုပ်သည့် စက်ရုံအား စမ်းသပ်ရန်အတွက်ခွင့်ပြုခဲ့ကြသည်။ အကယ်၍ လေယဉ်ထုတ်လုပ်သည့် စက်ရုံ အောင်မြင်ခဲ့လျှင် သူတို့အနေဖြင့် ကျန်သည့် စစ်ဖက်ဆိုင်ရာ စက်ရုံများ ပြောင်းလဲရာတွင် အကူအညီ ဖြစ်မည် ဖြစ်၏။

ဖုန်းယွီသည် ယင်းအကြောင်းကို မသိရှိပေ။ သူက ပုံမှန်အတိုင်းသာ ပြောလိုက်ခြင်း ဖြစ်သည်။ သူသည် တရုတ်နိုင်ငံရှိ စက်ရုံများအတွက် ကြီးမားသည့် ပြောင်းလဲမှုကြီး ဖြစ်စေခဲ့သ်ည။ ဟိုဟိုက်ထောင်သည် ဗိုလ်ချုပ်ရှန်းနှင့် စကားပြောနေစဉ် ဖုန်းယွီသည် သတင်းကို ကြည့်နေ၏။ ကြီးမြတ်တဲ့ ခေါင်းဆောင်ကြီးက တောင်ပိုင်းကို သွားလည်ပြီ ဖြစ်သည်။

All Chapters