← Chapters

ကြီးမားသော နွားသိုးဈေးကွက်

Vol. 20 Ch. 288

ကြီးမားသော နွားသိုးဈေးကွက်

Vol. 20 Ch. 288

နှစ်ပတ်ခန့် ကြာပြီးနောက် စတော့ဈေးကွက်သည် အနည်းငယ် ကျဆင်းလာခဲ့သည်။ ဖုန်းယွီသည် သူ့လူများကို လွှတ်ကာ ရှယ်ယာများကို ဝယ်စေ၏။ သူတွင် ကျန်ရှိသမျှ ငွေများအားလုံးကို အသုံးပြုပြီး ရှန်ဟိုင်း စတော့အိတ်ချိန်းနှင့် ရှန်ကျန်းတော့ အိတ်ချိန်းမှာ စာရင်းဝင် ကုမ္ပဏီများ၏ ရှယ်ယာများကို ဝယ်စေ၏။

ဖုန်းယွီသည် ကြီးမြတ်သည့် ခေါင်းဆောင် တောင်ပိုင်းသို့ လာပြီး ငွေကြေးဈေးကွက်အကြောင်း မိန့်ခွန်း ပြောကြားပြီးနောက် လူများသည် ရှယ်ယာများကို စတင် ဝယ်ယူကြသည်ကို သူရှင်းရှင်းလင်းလင်း မှတ်မိသေးသည်။ ယင်းက ရက်အနည်းငယ်အတွင်း ဈေးကွက်အတွင်း ရှယ်ယာဈေးနှုန်း ၅၀၀ ရာခိုင်နှုန်း တိုးတက်လာမည် ဖြစ်သည်။

ဖုန်းယွီသည် အရင်ကလည်း စိစစ်ပြီးသား ဖြစ်သည်။ အစိုးရ၏ ပေါ်လစီများနှင့် ပြည်သူများ၏ ငွေကြေးဈေးကွက်ကို လျစ်လျူရှုမှုနှင့် ရှေ့ပြေး အလားအလာနောက် လိုက်သည့် ဓလော့ကြောင့် တရုတ်နိုင်ငံ၏ စတော့ဈေးကွက်သည် ပထမဆုံး အကြိမ်အဖြစ် နွားသိုးဈေးကွက် ဖြစ်ပေါ်လာတော့မည် ဖြစ်၏။

ဖုန်းယွီသည် ဟောင်ကောင်တွင်ရှိသည့် သူ့ငွေကြေးများအား အသုံးပြုခြင်း မရှိပေ။ သူ့အနေဖြင့် ဟေကျောက်ကျီကို လန်ဒန်ဂိုးလ်ရောင်းဝယ်ရေးအား ဆက်လက် လုပ်ကိုင်ခွင့် ပေးထားသည်။ ဖုန်းယွီသည် ထိုငွေများဖြင့် ရှယ်ယာများကို ဝယ်ရန်လည်း တွေးခဲ့သည်။

သို့သော် ထိုခေတ်အခါက နိုင်ငံခြားမှ တရုတ်သို့ ငွေလွဲပြောင်းရန်ကား အတော်လေး ဒုက္ခရောက်ပေသည်။ ဖုန်းယွီအနေဖြင့် နိုင်ငံခြားမှ ငွေကြေးများကို တရုတ်နိုင်ငံသို့ အောင်အောင်မြင်မြင်ဖြင့် လွှဲပြောင်းနိုင်လျှင်တောင် သူ့အနေဖြင့် ရှယ်ယာများများ ဝယ်နိုင်မည် မဟုတ်ပေ။ တရုတ်နိုင်ငံမှ ငွေကြေးများကို အခြားကို လွဲရန်ကား ပိုတောင် ခက်ခဲပေ၏။

ဖုန်းယွီသည် ဟောင်ကောင်၏ အကြွေးများကို ပေးချေရသေးပြီး သူ့အနေဖြင့် အပေါင်ထားကာ ငွေများကို ပြန်လည် ရယူနိုင်ခဲ့သည်။ ထိုငွေများဖြင့် ဖုန်းယွီသည် ရှယ်ယာများကို ဝယ်ယူမည် ဖြစ်ပြီး တရုတ်နိုင်ငံတွင် ကိစ္စတော်တော်များများ ပြုလုပ်နိုင်ပေမည်။

ယခုလက်ရှိတွင် တရုတ်သည် အလွန် ခေတ်နောက်ဆဲ ဖြစ်ပြီး ဥပဒေများသည်လည်း အနာဂတ်နှစ်များကဲ့သို့ ကောင်းကောင်း အကာကွယ် မပေးသေးပေ။ ဖုန်းယွီအနေဖြင့်လည်း အခြားသူများက သူ့ကို အာရုံစိုက်မည်ကိုလည်း လိုလားခြင်း မရှိပေ။

အကယ်၍ သူသာ အခြားသူများထက် ခေါင်းအနည်းငယ် သာနေလျှင်တောင် သူအား ဉာဏ်ကြီးရှင် အဖြစ် စဉ်းစားကြမည် ဖြစ်သည်။ အကယ်၍ သူသည် အခြားသူများထက် ရှေ့များစွာ ရောက်နေခဲ့လျှင် သူ့အား လူထူးလူဆန်းဟု သတ်မှတ်မည်ပင် ဖြစ်၏။

“Vacuum အီလက်ထရောနစ်က ယွမ် တစ်သောင်း တန်ဖိုးရှိတဲ့ ရှယ်ယာတွေကို ငါလိုချင်တယ်။ ဘာ။ မရှိတော့ဘူးလား။ အဲတာဆိုရင် ငါ အသေးစား ချည်ထည်စက်ရုံက ရှယ်ယာတွေ လိုချင်တယ် မြန်မြန်လုပ်ကွာ”

“အခု ငါ့အလှည့်။ ဘယ်ရှယ်ယာတွေ ရဦးမလဲ။ ကောင်းပြီ။ ငါ ဒီရှယ်ယာတွေကို လိုချင်တယ်။ ယွမ် ရှစ်ထောင်”

“ငါ ယွမ် တစ်သောင်းတန်ဖိုးရှိတဲ့ ရှယ်ယာတွေကို လိုချင်တယ်။ မင်းမှာ ဘာရှယ်ယာပဲ ရှိရှိပေးကွာ”

ရွှေလက်စွပ် ကြီးကြီး ဝတ်ထားသည့် တစ်စုံ တစ်ယောက်က အော်လိုက်သည်။ အော်ပြီးနောက် သူသည် ဘေးပတ်လည်ရှိ လူများ အကြည့်ကို ခံရတော့သည်။

အခြားသော ဝယ်ယူသူများသည် မှင်သက်မှုကြောင့် ကြောင်အနေတော့သည်။ သူတို့သည် ထိုပုဂ္ဂိုလ်ကို အားကျသည်။ ထိုသူသည် အစောပိုင်း ကာလများတွင် ကံတရားကို ပြောင်းလဲနိုင်ခဲ့သည့် စီးပွားရေးသမား တစ်ယောက် ဖြစ်ရပေမည်။

တစ်ချိန်တည်းတွင် ထိုသူသည် အခြားသူများ၏ စတော့ဈေးကွက်အပေါ် ယုံကြည်မှုကိုလည်း ပေးစွမ်းနိုင်ခဲ့သည်။ ထိုစီးပွားရေး စောစော လုပ်ကိုင်သည့် သူများသည် အခြားသူများထက် ထက်မြက်ကြပြီး စွမ်းဆောင်ရည်လည်း ရှိကြပေသည်။ စီးပွားရေးသမားများ ရှယ်ယာများကို ဝယ်ယူကတည်းက ထိုအဓိပ္ပာယ်သည် ရှယ်ယာများမှလည်း ပိုက်ဆံ သေချာပေါက် ရှာနိုင်လိမ့်မည်ဟု ဆိုလိုခြင်း ဖြစ်သည်။ လူတိုင်းသည် ခေတ်ရေစီးကြောင်းကို လိုက်ပြီး ရှယ်ယာများကို စတင် ဝယ်ယူကြတော့၏။

အိတ်ချိန်းဈေးကွက် နှစ်ခုသည် လူများ ရှယ်ယာများစွာ ဝယ်ယူသည့်အတွက် လွဲပြောင်းမှု များစွာ ဖြစ်ပေါ်ခဲံသည်။ အချို့သော သူများသည် သူတို့၏ ရှယ်ယာများကို ရောင်းချပြီး အကျိုးအမြတ်များ ရရှိခဲ့ကြသည်။

သို့သော် ရှယ်ယာများအား စောစောစီးစီး ရောင်းသည့် သူများက နောင်တ ရမိကြသည်။ သူတို့ ရောင်းချသည့် ဈေးနှုန်းများသည် အတော်လေး မြင့်သည်ဟု ခံစားမိသည်။ ရှယ်ယာဈေးသည် ၃၀ရာခိုင်နှုန်းကျော် တက်လျက် ရှိပြီး ဆက်လက် ကြီးထွားလျက် ရှိသည်။

ဈေးများ စတင် တက်ကတည်းက ထိုသူများသည် သူတို့ရှယ်ယာများကို တဖန် ရောင်းချပြန်သည်။ မကြာမီတွင် ဈေးနှုန်းသည် တဖန် မြင့်တက်သွားပြန်၏။

အိတ်ချိန်းနှစ်ခုသာ အလုပ်ရှုပ်သည်မဟုတ် မြို့တော်တိုင်းရှိ ဘဏ်များ၏ ရင်းနှီးမြှပ်နှံမှု ကောင်တာများတွင်လည်း အလုပ်ရှုပ်နေကြသည်။ လူများသည် ရှယ်ယာများ ဝယ်ယူရန် စီတန်းသည်မှာ အတန်းလိုက် ဖြစ်နေတော့သည်။

ကောင်တာတွင် တာဝန်ကျသည့် ဝန်ထမ်းသည် ဈေးစဖွင့်သည်မှ ဈေးကွက်ပိတ်ချိန်အထိ မနားရပေ။

ရောင်းဝယ်မှု ပြီးနောက် ဝန်ထမ်းများက သူတို့၏ တစ်နေ့တာ စတော့ရောင်းအားကို တွက်ချက်ကြတော့သည်။ ပြီးနောက် စုစုပေါင်း ရောင်းအားသည် ယမန်နေ့ထက် အစပေါင်း ၁၀ဆ များပြားနေသည်ကို တွေ့လိုက်ရသည်။ ရှယ်ယာဈေးများသည်လည်း ဆက်တိုက် တက်နေဆဲပင် ဖြစ်၏။

ရှယ်ယာတွေက တကယ်ပဲ မြတ်တာလား။ ဒီနေ့ တစ်နေ့တည်းနဲ့တင် ရှယ်ယာတွေရဲ့ ဈေးနှုန်းက ၅၀ရာခိုင်နှုန်းအထိ တက်သွားတာ။ တကယ်လို့ ယွမ် တစ်ထောင် ရင်းနှီးမြှပ်နှံရင်တောင် ယွမ် တစ်ထောင့် ငါးရာ ဖြစ်နေပြီ။ တကယ်လို့ ယွမ် တစ်သောင်း ရင်းနှီးမြှပ်နှံမယ်ဆိုရင် ယွမ် ငါးထောင်တောင် ပြန်ရမှာ။ ဒါက ဝန်ထမ်းတွေရဲ့ နှစ် နှစ် သုံးနှစ်စာ လစာထက်တောင် များနေသေးတယ်။

ယခုလက်ရှိတွင် ရှယ်ယာများသည် ပန်ကိတ်ကဲ့သို့ ရောင်းကောင်းနေပြီး လူများစွာလည်း သူတို့တွင် ပိုက်ဆံများ ရှိလျှင်တောင် ရှယ်ယာများကို မဝယ်နိုင်ကြပေ။ သို့သော် ဘဏ်ဝန်ထမ်းများသာ လွဲပြောင်းမှုနှင့် ရောင်းချခြင်းကို ဆောင်ရွက်ကြရသည်။ အခြားသူများသည် ရှယ်ယာများကို မရနိုင်ကြပေ။ သို့သော် ယင်းက ဘဏ်ဝန်ထမ်းများအတွက် ပြဿနာ တစ်ရပ်တော့ မဟုတ်ပေ။ သူတို့သည် အခြားသူများ၏ ရှယ်ယာများကို သူတို့အတွက် သိမ်းထားလျှင်လည်း သိမည်မဟုတ်ပေ။

သူတို့တွင် ထိုသို့ လုပ်ရန် အခွင့်အရေး မရှိသော်ငြား သူတို့ မိသားစုဝင်များ၏ ရှယ်ယာများကိုတော့ လွဲပြောင်းမှုများ ပြုလုပ်နိုင်ပေသည်။

“ရှောင်ယွီ ဒီနေ့ စတော့ ဈေးကွက်ကို ကြည့်ပြီးပြီလား။ ရှယ်ယာဈေးတွေက မြင့်လာပြီ”

ညစာစားသည့် အချိန်တွင် လီရှစ်ချင်က ဖုန်းယွီကို စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။

ဖုန်းယွီသည် ဝက်ခြေထောက်ကို ဖြည်းဖြည်းချင်း ကောက်ကိုင်လိုက်ပြီး သူ့ပါးစပ်ထဲသို့ ထည့်လိုက်ကာ

“ကျွန်တော်သိတယ်။ ကျွန်တော် အစ်ကိုကို ရှယ်ယာတွေ သေချာပေါက် မြင့်တက်လာမယ်လို့ ပြောခဲ့တယ်လေ”

“အဲတာဆိုရင် ငါတို့တွေ ရှယ်ယာတွေကို မနက်ဖြန်ကျ ရောင်းကြတော့မလား”

လီရှစ်ချင်က မေးလိုက်သည်။

ဝမ်တုန့်ကျွင်းတောင် ဖုန်းယွီကို ကြည့်နေသည်။ သူ့မိသားစုသည်လည်း သောင်းချီ တန်ဖိုးရှိသည့် ရှယ်ယာများကို ဝယ်ယူထားသည်။

“မနက်ဖြန်လား။ မဟုတ်ဘူး စောင့်ဦး။ အစောဆုံးက နောက်အပတ်ပဲ။ ဒီအပတ်ထဲမှာ ရှယ်ယာဈေးတွေ တက်တာက အမြန်ဆုံး ဖြစ်လိမ့်မယ်။ ပြီးတော့ နောက်အပတ်က စပြီး ဖြည်းဖြည်းချင်း ပြန်ကျလိမ့်မယ်။ ဒါပေမဲ့ အဲ့တာက အရောင်းအဝယ်ကို အရမ်းမမြန်စေဘူး။ ကျွန်တော်တို့အနေနဲ့ ရှယ်ယာတွေကို ဈေးနှုန်းအတက်အကျ ကြီးကြီး ကွာဟမှုကို ရှောင်ရှားနိုင်ဖို့အတွက် ဖြည်းဖြည်းချင်း ရောင်းရမယ်”

“အဲတာဆို ဒီအပတ်ထဲမှာ ရှယ်ယာတွေ ဘယ်လောက်များများ ဈေးတက်လာမှာလဲ”

ဝမ်တုန့်ကျွင်းက ဖုန်းယွီကို ကြည့်လိုက်သ်။

“ငါမင်းကို စောစောက ပြောထားတဲ့ အတိုင်းလေ။ ရှယ်ယာတွေက အနည်းဆုံး ၃ဆကနေ ၅ဆအထိ တက်လိမ့်မယ်။ ငါ့တွက်ချက်မှုအရတော့ ငါတို့ရဲ့ ရှယ်ယာတွေက ၅ဆထက် ကျော်လိမ့်မယ်”

“ငါးဆလား”

ဝမ်တုန့်ကျွင်းနှင့် လီရှစ်ချင်သည် အချင်းချင်း ကြည့်လိုက်ကြသည်။ သူတို့သည် ပီတိ ဖြာနေကြတော့သည်။

ရင်းနှီးမြှပ်နှံမှုက ကောင်းမွန်သည်ဆိုသည့် အချက်သည် မှန်ကန်ပေသည်။ ယင်းက ဘဏ်တွင် ဓားမြတိုက်သည်ထက်ပင် ကောင်းမွန်သေး၏။ သူတို့ရင်းနှီးမြှပ်နှုံမှုမှ ၃ဆသာ ရလျှင်တောင် ယင်းက ပမာဏ တော်တော်များများ ရသည်ဟုဆိုနိုင်ပေသည်။ သို့သော် သူတို့အနေဖြင့် ငါးဆ ပြန်ရမည်ဟု ဘယ်တုန်းကမျှ မတွေးခဲ့ပေ။

ဖုန်းယွီ ပြောသည့် ၅ဆဆိုသည်မှာ ယခုအပတ်အတွက်သာ ဖြစ်သည်ဆိုသည်ကို သူတို့ နှစ်ယောက်သား မသိသေးပေ။ သူတို့၏ ရှယ်ယာများသည် သူ့တို့ ဝယ်သည့် အချိန်မှ စပြီး နှစ်ဆကျော်ခန့် တန်ဖိုး တက်လာပြီ ဖြစ်သည်။ ယင်းအဓိပ္ပာယ်ကား သူတို့ရှယ်ယာ တန်ဖိုးသည် ၁၀ဆနီးပါးသို့ ကပ်လာသည်ဟု ဆိုခြင်း ဖြစ်သည်။

ဖုန်းယွီသည် သူ့တွက်ချက်ချက်အား ၈ဆဟု ထားထားသည့်။ ယခုလက်ရှိတွင် သူ့ချမှတ်ထားသည်ကို ကျော်လွန်မည့်ပုံပေါ်၏။ သူ့အနေဖြင့် ထိုငွေများကို အသုံးပြုပြီး အနာဂတ် အစီအစဉ်များအတွက် ငွေကြေးများ သုံးစွဲနိုင်မည် ဖြစ်သည်။

ညစာစားပြီးနောက် ဝမ်တုန့်ကျွင်းသည် ချက်ခြင်းပင် သူ့အိမ်ကို ဖုန်းခေါ်ပြီး နောက်အပတ်တွင် ရှယ်ယာဈေးများ မြင့်မည် ဖြစ်ကြောင်းနှင့် နောက်အပတ်တွင် ရှယ်ယာများ ရောင်းချနိုင်မည့် အကြောင်းကို ပြောပြခဲ့သည်။ သူ့မိသားစုသည် ယွမ် သောင်းချီ ရင်းနှီးမြှပ်နှံခဲ့သဖြင့် ယွမ် ၂သိန်းကျော် ပြန်ရမည်ပင် ဖြစ်၏။

ဝမ်သဲကွမ်းသည် အသက်ကို ပြင်းပြင်း ရှုနေသည်။ ယွမ် ၂သိန်းကျော်။ သူ့အနေဖြင့် ပမာဏ နည်းနည်းသာ ရင်းနှီးမြှပ်နှံခဲ့သ်ည။ ပြီးနောက် သူ့အနေဖြင့် သူ့ပြန်ရသည့် ငွေကြေးမှာ များပြားလွန်းသည့်အတွက် ကျေနပ်နေသည်။ ယခုလက်ရှိတွင် သူရမည်ဟု တွေးထားသည်ထက် ပိုမို ရရှိမည် ဖြစ်သည်။

သူ့မိသားစုတောင် ထိုမျှ များပြားသည့် ပမာဏ ရပါက ဖုန်းမိသားစုဆို မည်မျှရမည်နည်း။ ဖုန်းမိသားစုသည် အတိတ်က သူ့ထက် ငွေများစွာ ပိုင်ဆိုင်ခဲ့ပြီး သူ့ထက်လည်း ပိုပြီး ရင်းနှီးမြှပ်နှံခဲ့သည်။ ယင်းအဓိပ္ပာယ်ကား ဖုန်းမိသားစုသည် သန်းချီ ရှာနိုင်မည်ဟု ဆိုလိုခြင်း ဖြစ်သည်။

ဝမ်သဲကွမ်းသည် ဖုန်းယွီ ပိုက်ဆံ ဘယ်လောက် ရှိလဲဆိုတာ မသိသလို ဘယ်လောက် ရင်းနှီးမြှပ်နှံ ထားကြောင်းလည်း မသိရှီပေ။ သူ့အနေဖြင့် ယွမ် သန်းချီက များပြားလှသည့် ငွေကြေးဟုသာ တွေးခဲ့သည်။

ဖုန်းမိသားစုမှ တစ်စုံ တစ်ယောက်သည် အတော်လေး စွမ်းဆောင်ရည် ရှိပေသည်။ ကံကောင်းချင်တော့ ဖုန်းယွီသည် သူ့သား ဖြစ်သူ ဝမ်တုန့်ကျွင်းနှင့် သူငယ်ချင်း ဖြစ်သည်။ သူ့အနေဖြင့် ဖုန်းယွီကဲ့သို့ လူမျိုးနှင့် သူငယ်ချင်း ဖြစ်ရသည်မှာ မှားမည်မဟုတ်မှန်း သူသိ၏။

အကယ်၍ သူ့သားသည် အရာရှိ မဖြစ်လျှင်တောင် သူ့အနေဖြင့် ဖုန်းယွီ၏ စီးပွားရေးကို ကူညီနိုင်ပေသည်။ သူ့သားအနေဖြင့် ကံတရား ပြောင်းလဲရာတွင်လည်း ပြဿနာ ရှိမည် မဟုတ်ပေ။

ဝမ်သဲကွမ်းသည် သူနှစ်ပေါင်းများစွာ သိမ်းထားသည့် ဝမ်ပုလင်းကို ဖောက်လိုက်သည်။ သူ့အနေဖြင့် လူကြီးဖုန်းနှင့် ဂုဏ်ပြုချင်နေ၏။

All Chapters