မနာလိုမှု
Vol. 20 Ch. 289
“မင်း ရှယ်ယာတွေ အကုန် ရောင်းပြီးပြီလား”
အသက်နှစ်ဆယ်ကျော် ဝန်းကျင်အရွယ်ရှိ အမျိုးသား တစ်ယောက်သည် သူ့လက်ထဲရှိ ဝိုင်ခွက်ကို ယမ်းရင်း ပြောလိုက်သည်။
နောက်ထပ် ၁၀နှစ်ကျော် ကြာပြီးနောက် ထိုမြင်ကွင်းက သာမန်ပင် ဖြစ်ပေမည်။ သို့သော် ယခုလက်ရှိ တရုတ်နိုင်ငံတွင် ဝိုင်နီ သောက်နိုင်သည့်သူ အနည်းငယ်သာ ရှိသည်။ ထိုပုဂ္ဂိုလ်သည် လူတိုင်းထက် နှာတစ်ဖျား သာပြီးသား ဖြစ်သည်။
“မာစတာလု ရှယ်ယာတွေ အကုန် ရောင်းကုန်သွားပါပြီ။ လွန်ခဲ့တဲ့ ၁၀ရက်အတွင်း ကျွန်တော်တို့ရဲ့ ပိုက်ဆံတွေက အဆ ၆ဆကျော် တိုးသွားပါပြီ”
မာစတာလုက ပြုံးလိုက်သည်။ အခြားသော သူများသည် ရှယ်ယာတက်သည်မှာ အလွန်မြန်ဆန်သည်ဟု သိကြမည် မဟုတ်ပေ။ သို့သော် သူနေ၏။ သူ့ ဦးလေးသည် ဗဟိုအစိုးရ၏ အဆင့်မြင့် ပုဂ္ဂိုလ် တစ်ယောက် ဖြစ်ပြီး သူသည် တရုတ် ငွေကြေးဈေးကွက်၏ တာဝန် ရှိသူ ဖြစ်သည်။
သူ့ဦးလေးတွင် ကလေး မရှိပေ။ သူ့တွင် သမီး တစ်ယောက်သာ ရှိသည်။ ပြီးနောက် မာစတာလုကို သူ့မိသားစု၏ နောက်ထပ် ခေါင်းဆောင် အဖြစ် မွေးထားသည်။ မာစတာလုသည် အသက် ၂၀ကျော် သာ ရှိသေးမည် ဖြစ်ကာ သူ့အနေဖြင့် တက္ကသိုလ်မှ ဘွဲ့ ရသည်မှာ နှစ်နှစ်ကျော်သာ ရှိသေးသည်။ သို့သော် သူသည် အစိုးရတွင် လက်ထောက် ညွှန်ကြားရေးမှူး ဖြစ်နေပြီ ဖြစ်သည်။ နောက်နှစ်တွင် သူ့အနေဖြင့် ညွှန်ကြားရေးမှူး အဖြစ် ရာထူးတိုး ခံရမည် ဖြစ်သည်။ အကြောင်းမှာ သူ့တွင် နောက်ခံ ရှိသည့်အတွက် ဖြစ်၏။
မာစတာလုသည် သူ့ရှေ့ရှိ အခြားမျိုးဆက်များနှင့် မတူပေ။ သူသည် ဘဝကို ပျော်ပျော်ရွှင်ရွှင် နေရတာကို နှစ်ခြိုက်သည်။ သူ့အနေဖြင့် ပိုက်ဆံ မရှိဘဲ မည်သို့ နေနိုင်မည်နည်း။ ထိုကဲ့သို့ လူမျိုးသည် အစိုးရ စာရွက် စာတမ်းများကို ရောင်းစားကြပြီး သို့သော် မာစတာ လုအနေဖြင့် ထိုသို့ ကိစ္စမျိုးကို လုပ်ရမည်ကို စိတ်ဝင်စားချင်း မရှိပေ။ သူ့အနေဖြင့် သူ့ဦးလေးဆီမှ ရရှိသည့် အချက်အလက်များကို အသုံးပြုပြီး ငွေရှာရန်သာ ရွေးချယ်မည် ဖြစ်သည်။
ယခုတစ်ကြိမ်တွင် သူသည် ရှယ်ယာများကို ရင်းနှီးမြှပ်နှံခြင်းမှာ သူ့ဦးလေးကြောင့် ဖြစ်သည်။ သူသည် အခြားသူများထံမှ ယွမ် ၁သန်း ချေးခဲ့ပြီး ၁၀ရက်အတွင်း ယွမ် ၆သန်း ရရှိခဲ့သည်။ ယင်းက ဌာနဆိုင်ရာ စာရွက်စာတမ်းများကို ရောင်းချခြင်းထက် ပိုကောင်းပေ၏။
ထပ်ပြောရလျှင် သူလုပ်သည့် လုပ်ရပ်အား မည်သူမျှ ဘာမျှ ပြန်မပြောနိုင်ပေ။ သူသည် အခြားသူများ၏ နာမည်ကို အသုံးပြုပြီး ရင်းနှီးမြှပ်နှံခဲ့ကာ ငွေများ ရရှီခဲ့သည်။ သူ့အနေဖြင့် သူ့ဆီကို လဲလှယ်ပေးခြင်း စသည့် အခြားသော နည်းလမ်းများကိုလည်း အသုံးပြုခဲ့သည်။
“ဟမ့်... မင်း ကောင်းကောင်း လုပ်ခဲ့သားပဲ။ မင်းအမေအတွက် အားဆေးတွေ ဝယ်ဖို့ ယွမ် ၁သိန်း ယူသား”
မာစတာလုက ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်။ မာစတာလု”
“မင်း အစုရှယ်ယာတွေ ရောင်းတုန်းက အထူး အာရုံစိုက် ခံရတဲသူလား”
မာစတာလုက ပြုံးလျက်သား မေးလိုက်သည်။ သန်းချီသည့် ရှယ်ယာများကို ရောင်းချခြင်းက အများသူများ၏ အာရုံစိုက်မှုကို ခံရမည်ကား အသေအချာပင်။
ဟ.. ဘာကြောင့် သူ့ပုံစံက ဒီလို ဖြစ်နေတာလဲ။ ငါ့ထက် ရှယ်ယာတွေ အများကြီး ရောင်းတဲ့သူ ရှိသေးတာလား။
“မာစတာလု ကျွန်တော်က မာစတာလု ညွှန်ကြားတဲ့အတိုင်း ရှန်ဟိုင်း စတော့ အိတ်ချိန်းကို သွားပြီး ရှယ်ယာတွေကို ရောင်းခဲ့တာပါ။ ဒါပေမဲ့ ဒီနေ့အဲ့မှာ အဓိက ကစားသူ အနည်းငယ် ရှိနေတယ်။ သူတို့ရဲ့ လွဲပြောင်းမှုက ယွမ် ၅သန်းကျော်တယ်။ အချို့သူတွေဆို လွဲပြောင်းတာက ယွမ် ၁၀သန်းကျော်တောင် ရှိတယ်။ သူတို့ရဲ့ လေသံအရ အရှေ့မြောက်ပိုင်းက လာတဲ့ပုံပဲ”
မာစတာလုသည် သူ့သူငယ်ချင်းများ ရှေ့တွင် ကြွားဝါချင်ခဲ့ပြီး သူ့သူငယ်ချင်းများကို သူကသာ ပိုက်ဆံများကို အများဆုံး ရှာနိုင်သည့်သူ ဖြစ်ကြောင်း သိစေချင်ခဲ့သည်။ သို့သော် ယနေ့တွင် သူသည် အခြားသူ၏ အရိပ် ဖြစ်နေသည်။ မာစတာလု၏ လွဲပြောင်းမှုသည် ထိပ်တန်း ငါးနေရာတွင်တွင် မရှိပေ။ သူ့အနေဖြင့် မည်သို့ ကြွားဝါ ရဲမည်နည်း။
အရှေ့မြောက်ပိုင်းလား။ မာစတာလု၏ အတွေးများ ပျောက်သွားတော့သည်။ အရှေ့မြောက်ပိုင်းက ဘယ်သူလဲ။ အရှေ့မြောက်ပိုင်းတွင် ထိုကဲ့သို့ လွဲပြောင်းမှု ကြီးကြီးမားမား လုပ်နိုင်သည့်အထိ အာဏာ ရှိသည့် သူအား တစ်ခါမျှ မကြားဘူးပေ။ ပြည်နယ်သုံးခုမှ ခေါင်းဆောင်များ၏ သားများသည်လည်း အစိုးရဌာနများတွင် တိတ်တဆိတ် လုပ်နေကြသည်။ ပြီးနောက် သူတို့သည် အသက် သုံးဆယ် ကျော်ပြီ ဖြစ်သည်။ သူတို့အားလုံးသည် သူတို့၏ အလုပ်အတွက် ကြိုးစား လုပ်ကိုင်နေကြသည်။ သူတို့သည် ပိုက်ဆံအတွက် အလုပ်ကို ထိခိုက်အောင် လုပ်မည့်သူများ မဟုတ်ကြချေ။
သူတို့တွေထဲက မဟုတ်ဘူးဆိုရင် ဘယ်သူက အဓိက ကစားသမား ဖြစ်နိုင်လဲ။
“ဒီလောက် ပမာဏ အကြီးကြီးကို လွဲပြောင်းနိုင်တဲ့ ပုဂ္ဂိုလ်ကို သွားရှာချေ။ သူတို့တွေနဲ့ သူငယ်ချင်း ဖြစ်သင့်တယ်”
ထိုသူသည် မည်သည့်သူပင် ဖြစ်စေ။ ထိုသူသည် သေချာပေါက် စွမ်းဆောင်ရည်ရှိမည့် သူများဖြစ်ကာ သူ့ဆီ ရင်းနှီးမြှပ်နှုံမည် ဖြစ်၏။ ထိုသူနှင့် သိရသည်မှာ တကယ်ပင် တန်ဖိုးရှိပေ၏။ ယခုခေတ်သည် စီးပွားရေးတံခါးဖွင့်ထားသည့် ကာလ ဖြစ်ပြီး သူ့အနေဖြင့် မြေပြင်တွင် နေရာ ရလျှင် သူမြင်နိုင်သည့် အပိုင်းတွင် ရင်းနှီးမြှပ်နှံမှုမှုကို မြန်မြန် ရနိုင်ပေသည်။ ယင်းက နိုင်ငံရေးအရ အောင်မြင်မှုဟု တွေးနိုင်ပေသည်။ သူ့မိသားစု၏ နောက်ခံနှင့် ဆိုပါက သူ့အနေဖြင့် ရာထူးတိုးရာတွင် ကြိုးစားအားထုတ်ရန် လိုအပ်တော့မည် မဟုတ်ပေ။
သို့သော် မာစတာလုသည် အရှေ့မြောက်ပိုင်းမှ လူအနည်းငယ်သာ သိပြီး သူတို့သည် နောက်ခံများ မရှိကြတော့။ ထိုသူများ အားလုံးသည် ထိုက်ဟွ ကုန်သွယ်ရေးမှ ဝန်ထမ်းများ ဖြစ်ကြသည်။
ဖုန်းယွီသည် လီရှစ်ချင်အား ရှန်ဟိုင်း စတော့ အိတ်ချိန်းတွင် ရှယ်ယာများ ရောင်းနေသည့် သူများအကုန်ကို ခေါ်ရန် ပြောခဲ့သည်။ အခြားတစ်ဖက်တွင် ဖုန်းယွီ နောက်ထပ် အသင်း တစ်သင်းနှင့်အတူ ရှန်ကျန်း စတော့ အိတ်ချိန်တွင် ဟောင်ကောင်မှ ချေးငွေဖြင့် ဝယ်ထားခဲ့သည့် ရှယ်ယာများကို ရောင်းချရန် ပြင်နေသည်။
ဖုန်းယွီအတွေးတွင် သန်းဂဏန်းဖြင့် အာရုံစိုက်မှုကို ရမည်မဟုတ်ဟု တွေးခဲ့သည်။ သို့သော် ထိုလအနည်းငယ်အတွင်း သူထင်ထားသည့်အတိုင်း ချောချောမွေ့မွေ့ ဖြစ်မနေပေ။ သူသည် တရုတ်ဈေးကွက်၏ ရှယ်ယာများသည် အများကြီး မဟုတ်သည်အချက်ကို မေ့သွားခဲ့သည်။ အရင်က ရှန်ဟိုင်း စတော့ အိတ်ချိန်း၏ တစ်နေ့လျှင် ရှယ်ယာ စုစုပေါင်း အရောင်းအဝယ်သည် ငါးသန်းသာ ဖြစ်သည်။ သို့သော် ယခု နွားသိုးဈေးကွက်အတွင် စုစုပေါင်းသည် ယွမ် သန်း ၅၀အထိ တက်သွားခဲ့သည်။ သို့သော် ဖုန်းယွီ၏ လွဲပြောင်းမှုသည် သန်းဂဏန်းနှင့် သန်း ဆယ်ဂဏန်းသာ ဖြစ်သည်။ စုစုပေါင်း လွဲပြောင်းမှု၏ တစ်ဆယ် ရာခိုင်နှုန်းထက် ပိုနေပေသည်။ သူတို့သည် သူတို့၏ ရှယ်ယာများကို ရောင်းချနေဆဲ ဖြစ်သည်။ သို့သော် ယင်းက ဈေးကွက်အပေါ် သက်ရောက်မှု ရှိခဲ့သည်။
ယခုလက်ရှိ လူများသည် စတော့ ဈေးကွက်တွင် အရူးအမူး ဖြစ်နေကြခြင်းကား ဖုန်းယွီအတွက်တော့ ကောင်းပေ၏။ အကယ်၍ ဖုန်းယွီသည် ထိုရှယ်ယာများကို ဈေးများများဖြင့် ရောင်းချပါက ရှယ်ယာဈေးသည် ကျဆင်းမည် မဟုတ်ပေ။ အနည်းငယ်တောင် တက်လာပေလိမ့်မည်။
နိုင်ငံပိုင် စက်ရုံများမှ ရှယ်ယာယူသည့် အလုပ်သမားများသည် နောင်တရနေကြသည်။ အကယ်၍ သူတို့အနေဖြင့် ရှယ်ယာများသည် ရောင်းကောင်းမှန်း သိပါက အတိတ်က ရှယ်ယာများပိုပြီး တောင်းဆိုနိုင်လိမ့်မည် ဖြစ်၏။ ယင်း သူတို့၏ လစာများထက်တောင် ကောင်းပေမည်။
အလုပ်သမားများစွာသည်လည်း ရှယ်ယာများ ရင်းနှီးမြှပ်နှံမှုကို စတင် လုပ်ကိုင်လာကြသည်။ မည်သို့ပင် ဖြစ်စေ သူတို့ထဲမှာ အများစုသည် ရုံးခန်းတွင်သာ ထိုင်နေကြပြီး ဘာမှ လုပ်စရာ များများစားစား မရှိပေ။
ထိုသူများ၏ ငွေကြေးများသည် စတော့ ဈေးကွက်သို့ ဝင်သည့်အခါ ယင်းက စတော့ ဈေးကွက်ကို တစ်ဖန် နွားသိုးဈေးကွက်ကို ဖြစ်စေ၏။ ထို့အတွက်ကြောင့် ဖုန်းယွီသည် ရှယ်ယာဈေး ကျော်လွန်ပြီး ရှယ်ယာများကို မရောင်းချခြင်း ဖြစ်သည်။
သန်းပေါင်း ရာဂဏန်းရှိသည့် ရှယ်ယာများကို ရောင်းချပြီးနောက် ဖုန်းယွီသည် လီရှစ်ချင်ထံမှ ဖုန်းခေါ်ဆိုမှု တစ်ခုကို လက်ခံ ရရှိခဲ့သည်။ တစ်စုံ တစ်ယောက်က လီရှစ်ချင်အကြောင်း စုံစမ်းရန် ကြိုးစားနေပြီး ထိုသူသည် နောက်ခံ ရှိသည့် သူဖြစ်၏။
ယင်းသတင်းက ဖုန်းယွီက သတိပေးလိုက်ခြင်းပင်။ သူသည် တရားဝင်သည့် အရာကို လုပ်နေလင့်ကစား ထိုခေတ်အခါတွင် အစိုးရ အရာရှိများနှင့် သူတို့၏ မိသားစုဝင်များသည် အကြောင်းပြချက်များမရှိကြပေ။ ယင်းက ပြဿနာကို ဖြစ်စသည်။
ဖုန်းယွီသည် ချက်ခြင်းပင် လီရှစ်ချင်ကို ရှန်ဟိုင်းအိတ်ချိန်းမှ ထွက်သွားခိုင်းပြီး အခြားမြို့များတွင် ရှယ်ယာများ ရောင်းချစေခဲ့သည်။ ဖုန်းယွီသည်လည်း ရှန်ကျန်း စတော့ အိတ်ချိန်းမှ ထွက်ပြီး အခြားမြို့များတွင် သူ့ရှယ်ယာများကို မြန်မြန်ပင် ရောင်းချခဲ့တော့၏။
ဖုန်းယွီသည် သူသာ စတော့ ဈေးကွက်ထဲတွင်သာ ရှိနေပါက မလိုလားအပ်သည့် အာရုံစိုက်မှုမျိုးကို မရနိုင်ဟု တွေးခဲ့သည်။ စတော့ အိတ်ချိန်းများရှိ လွဲပြောင်းမှုသည် ကြီးမားသည်။ သို့သော် သူတို့သည် သူတို့၏ ရှယ်ယာများကို ခပ်သွက်သွက် ရောင်းခဲ့သည်။ အကယ်၍ အီလက်ထရောနစ် လွဲပြောင်းမှု ဆိုပါက ပိုပြီး လုံခြုံကာ ပို အဆင်ပြေမည်ပင်။ ယခုကာလသည် ရွှေခေတ် ဖြစ်သည်။ သို့သော် တိုးတက်မှုနှုန်းက နည်းပါးလွန်း၏။
ယခုလက်ရှိ လူများက သူတို့ မည်သူဆိုသည်ကို ရှာကတည်း သူတို့က ထိပ်ပိုင်းမှ ခေါင်းဆောင်များ မဟုတ်ပေ။ ဖုန်းယွီသည် ပိုပြီး စိုးရိမ်လာသည်မှာ ထိုသူများက မောက်မာသည့် အရာရှိများ၏ ဒုတိယ မျိုးဆက်များ ဖြစ်နိုင်သည့်အတွက် ဖြစ်၏။ ထိုသူများတွင် အာဏာရှိပြီး ဉပဒေများကို လိုက်နာခြင်း မရှိကြပေ။
ဖုန်းယွီသည် ထိုသူများကို တကယ်ပင် ကြောက်ရွံ့၏။ အကယ်၍ ထိုသူများသည် သူတို့၏ မသမာသော လက်များဖြင့် သူ့အား ဆန့်ကျင်မည် ဆိုပါက ဖုန်းယွီသည်လည်း သူ့၏ ကြွယ်ဝ ချမ်းသာမှုကို အသုံးပြုကာ ထိုအရာရှိများကို ဆွဲချမည်ပင် ဖြစ်၏။ တစ်ယောက်ယောက်၏ ကြွယ်ဝမှုသည် အတိုင်းအတာ တစ်ခုအထိ ရောက်ရှိသည့်အခါ သူသည် အဆင့်မြင့် အရာရှိများကဲ့သို့ အာဏာ ရှိလာမည် ဖြစ်သည်။
ဖုန်းယွီသည် သူငယ်ချင်း လုပ်ရမည်ကို နှစ်သက်သည့်လူမျိုး ဖြစ်သည်။ ယင်းက သူ့အရင်ဘဝထဲက ရှိခဲ့သည့် အကျင့်ကောင်းပင် ဖြစ်သည်။ သင့်သူငယ်ချင်းတွင် မည်သည့်အဆက်အသွယ် မရှိဟု သိလျှင်တောင် သူတို့ဆီမှ ရရှိသည့် သတင်းအချက်အလက် တစ်ခုဖြင့်တောင် ငွေကို ရှာနိုင်ပေ၏။
အခြားသူသည် ဖုန်းယွီ ဘယ်သူဆိုသည်ကို ရှာသည့် အချိန်တွင် ဖုန်းယွီသည်လည်း အခြားသူများကို သူ့အား ရှာနေသည့်သူ မည်သူ ဖြစ်ကြောင်းကို စုံစမ်းစေသည်။
အကယ်၍ အခြားသူသည် သူနှင့် မိတ်ဆွေ ဖွဲ့လိုပါက ဖုန်းယွီအနေဖြင့် စိတ်ထဲ ထားမည် မဟုတ်ပေ။ သို့သော် အခြားသူသည် သူ့အပေါ် မနာလို ပါက ထိုသူသည် သူ့ဆီမှ အခွင့်အရေး အရယူမည် ဖြစ်ကာ ထိုအခါ ဖုန်းယွီသည် သူတို့ကို ပြန်လည် တုံ့ပြန်မည် ဖြစ်၏။
ဇွန်လ အစောပိုင်းတွင် ထိုက်ဟွ ကုန်သွယ်ရေးသည် သူတို့၏ ရှယ်ယာများ အားလုံး ရောင်းချပြီး ဖြစ်၏။ ဖုန်းယွီသည် အမှန်တကယ်တွင် ရှယ်ယာအချို့ကို သိမ်းထားချင်ခဲ့သည်။ သို့သော် တစ်ယောက်ယောက်က သူ့အား စုံစမ်းနေသည့်အတွက် ဖုန်းယွီသည် ရှယ်ယာ တစ်ခုမျှ သိမ်းထားမည် မဟုတ်ပေ။ သူ့တွင် ရှိသည့် ရှယ်ယာ တစ်ခု မကျန် ရောင်းချခဲ့သည်။ ယွမ် သန်း တစ်ထောင် ပိုင်ဆိုင်သည့် ကုမ္ပဏီ တစ်ခုကို အလွယ်တကူ အနိုင်ကျင့်ရန်ကား မဖြစ်နိုင်ပေ။
......
“မာစတာလု ကျွန်တော် အဲ့လူတွေကို သိပါပြီ။ သူတိုတွေက ထိုက်ဟွကုန်သွယ်ရေးလို့ ခေါ်တဲ့ ကုမ္ပဏီကပါ။ ဒီကုမ္ပဏီကို ဘင်းမြို့တော်မျာ မှတ်ပုံ တင်ထားပါတယ်။ ပြီးတော့ တရုတ် ဆိုဗီယက် ကုန်သွယ်မှုကို ပြုလုပ်တယ်။ ကုမ္ပဏီမှာ တာဝန်ရှိတဲ့သူက ဖုန်းယွီလို့ ပြထားပါတယ်”’
“ဘင်းမြိုတော်လား။ မျိုးရိုးနာမည်က ဖုန်းတဲ့လား”
မာစတာလုသည် သူ့မေးကို ကိုင်ရင်း စဉ်းစားလိုက်တော့၏။ မျိုးရိုးနာမည် ဖုန်းရှိတဲ့ အရာရှိ တစ်ယောက်မှ မရှိဘူး။ ဒီဖုန်းယွီက ဘယ်ကနေ ပေါ်လာတာလဲ။
တစ်ချိန်တည်းတွင် ဖုန်းယွီသည်လည်း သူ့အား ရှာနေသည့် သူ့ကို တွေ့ရှိသွားခဲ့သည်။ သူရှာနေသည့် သူက မာစတာလု ဖြစ်နေသည်ကို တွေ့ရှိသွားသည့်အခါ ဖုန်းယွီ၏ မျက်လုံးများ ကျယ်လာတော့၏။
သူကိုး.....