မာစတာ လူ၏ ဖိတ်ခေါ်မှု
Vol. 20 Ch. 290
မာစတာလုသည် အကျော်ဇေယျ တစ်ဦး ဖြစ်သည်။ အနာဂတ်တွင် မာစတာ လူသည်”တရုတ်၏ သခင်လေး လေးယောက် အဖွဲ့” မှ အဖွဲ့ ဝင် တစ်ယောက် ဖြစ်သည်။ မာစတာလုသည် နောက်ပိုင်းတွင် အစိုးရပိုင်းတွင် ရှိတော့မည် မဟုတ်ပေ။ ပြီးနောက် သူသည် စီးပွားရေး လောကထဲကို ဝင်ခဲ့သည်။ သူသည် တရုတ်၏ ထိပ်သီးစီးပွားရေးသမားများတွင် တစ်ယောက် ဖြစ်လာမည် ဖြစ်၏။
သူ့ဂုဏ်သတင်းသည် ကောင်းပေ၏။ ပြီးနောက် သူသည် အာဏာကို အလွဲသုံးစား လုပ်ပြီး အနိုင်ကျင့်သည်ကို မည်သူ တစ်ဦး တစ်ယောက်ကမှ မကြားဖူးပေ။ သူသည် မိတ်ဆွေကို တန်ဖိုးထားသည့်သူ တစ်ယောက် ဖြစ်ပြီး အခြားသူများ၏ လုပ်ငန်းများကို စွက်ဖက်ရတာကို နှစ်သက်ကြသည်ဟုလည်း ကောလဟာလ ရှိပေသည်။ ထို့အတွက်ကြောင့် သူသည် အစိုးရတွင် ဆက်လက် ရှိမနေခြင်း ဖြစ်သည်။ သို့သော် သူသည် အစိုးရအဖွဲ့အတွင်း လွှမ်းမိုးမှုများ ရှိနေဆဲ ဖြစ်သည်။
မာစတာလုသည် ဖုန်းယွီ အားကျသည့် သူ တစ်ယောက်ဟု ပြောနိုင်ပေသည်။ သူ့အနေဖြင့် အရင်ဘဝက ကိုယ်တိုင် ကိုယ်ကျ မတွေ့ဘူးပေ။သို့သော် ယခုတွင် သူသည် မာစတာလုနှင့် မိတ်ဆွေဖြစ်ရန် အခွင့်အရေး ရရှိပြီ ဖြစ်သည်။
မာစတာလုသည် ဖုန်းယွီကို အရက်သောက်ရန် ဖိတ်ခေါ်ချင်သည်။
မာစတာလုသည် ဖုန်းယွီမည်သူမည်ဝါ ဖြစ်ကြောင်း သိသွားသည့်အခါ ဖုန်းယွီ၏ ကြီးပြင်းမှုအား သူ အံ့အားသင့်စေခဲ့သည်။ ဖုန်းယွီသည် ၁၅နှစ် မတိုင်မီက သာမန် ဆယ်ကျော်သက်လေးသာ ဖြစ်ခဲ့သည်။ သိုသော် ၁၅နှစ် အရွယ်ရောက်ပြီးနောက် သူသည် ရုတ်တရက် ပြောင်းလဲခဲ့သည်။
ဖုန်းယွီ လုပ်ကိုင်သည့် စီးပွားရေး အကုန်လုံးသည် ငွေများစွာ ရရှိခဲ့သ်ည။ ဖုန်းယွီသည် နာမည်ကျော်ကြားသည့် လေနှင့်မိုး ရေနွေးငွေ့စက်နှင့် ဒလက်မဲ့ ပန်ကာများ စုန့်ကျန်းမော်တော်ဆိုင်ကယ်ကို စတင် ထုတ်လုပ်ခဲ့သည်။ ဖုန်းယွီကို ထိုခေတ်အခါက အကျော်ဇေယျ တစ်ဦးအဖြစ် စဉ်းစား၍ ရနိုင်ပေသည်။
မာစတာလုအတွက် အံ့ဩစရာ အကောင်းဆုံး အချက်မှာ ဖုန်းယွီသည်၏ လုံကျန်းပြည်နယ်တွင် လွှမ်းမိုးနိုင်စွမ်းပင် ဖြစ်သည်။ သူသည် မြို့တော် အစိုးရနှင့် ကောင်းမွန်သည့် အဆက်အသွယ် ရှိရုံသာမက ပြည်နယ် အစိုးရများသည်လည်း အမြဲတမ်း သူ့အား ချီးမွမ်းကြပေ၏။ ဖုန်းယွီသည် စစ်ဖက်ဆိုင်ရာနှင့်လည်း အဆက်အသွယ် အချို့ရှိသည်။
မာစတာလုသည် ဖုန်းယွီကဲ့သို့ လူမျိုးနှင့် တွေ့ချင်သည်။ အကယ်၍ သူတို့အချင်းချင်း ကောင်းကောင်း နားလည်ပါက သူတို့သည် သူငယ်ချင်းများ ဖြစ်လာမည်ပင်။ သူသည် ဖုန်းယွီ မည်ကဲ့သို့ စီးပွားရေး လုပ်ကိုင်ပုံကို သိချင်နေသည်။ သူနှင့် မိတ်ဖက် ဖြစ်ခြင်းက ပိုကောင်းသည့် အရာပင် ဖြစ်သည်။
အရင်ဘဝဖြစ်လျှင် ဖုန်းယွီသည် မာစတာလုကို အပြေးသွားတွေ့မည်ပင်။ သို့သော် ယခုလက်ရှိတွင် ဖုန်းယွီ၏ အခြေအနေက ကွဲပြားသွားပြီ ဖြစ်သည်။ ဖုန်းယွီအနေဖြင့် မာစတာလုကို မော်ကြည့်ရန် မလိုတော့ပေ။ ဖုန်းယွီသည် မာစတာလုနှင့် အဆင့်တူအတွင်း သူငယ်ချင်း ဖြစ်ရန်ကား လက်ခံနိုင်သေးသည်။ အကယ်၍ မာစတာလုသည် ဖုန်းယွီကို အခွင့်အရေးယူပါက ဖုန်းယွီသည် ပြန်တိုက်ခိုက်မည်ပင် ဖြစ်သည်။
ဘေကျင်းတွင်
စားသောက်ဆိုင် တစ်ခုတွင် အထူးအခန်းတစ်ခုထဲတွင် ဧည့်သည်ရှိပြီး စတင်ပြီး မသုံးဆောင်သေးပေ။
မာစတာလုသည် ဖုန်းယွီ တစ်ယောက်တည်း လမ်းလျှောက်လာသည်ကို မြင်သည့်အခါ သူက မှင်သက်သွားတော့သည်။ သူသည် တစ်ခဏကြာ စဉ်းစားလိုက်ပြီးနောက် သူ့လူများကို အခန်းထဲမှ ထွက်သွားစေခဲ့သည်။ ဖုန်းယွီနှင့် သူသာ အထူးအခန်းထဲတွင် ကျန်ရစ်ခဲ့သည်။
ယင်းက ဖုန်းယွီကို ပို သက်တောင့် သက်သာ ဖြစ်စေသည်။ မာစတာလုတွင် အင်အားတောင့်တင်းသည့် နောက်ခံ ရှိသော်လည်း သူ့အနေဖြင့် မာန ကြီးပုံ မပေါ်ပေ။ မာစတာလုတွင် သူငယ်ချင်းများစွာ မရှိသည်မှာ အံ့ဩစရာမရှိပေ။ သူ့ဦးလေး အနားယူသွားလျှင်တောင် မာစတာလုသည် သူ့အသိုင်းအဝိုင်းတွင် နာမည် ကျော်ကြားဦးမည် ဖြစ်သည်။
“ငါ မင်းအကြောင်းကို ကြားတယ် ဒါကြောင့် နောက်ဆုံးတော့ ဒီနေ့မှာ မင်းနဲ့ငါ တွေ့ဆုံဖို့အတွက် အခွင့်အရေး ရခဲ့ပြီ။ မန်နေဂျာဖုန်းက တကယ်ကို ငယ်ရွယ်ပြီး စွမ်းဆောင်ရည် ရှိတာပဲ”
မာစတာလုသည် ဖုန်းယွီကို မြင်သည့်အခါ ပြောလိုက်သည်။ သူသည် ဖုန်းယွီ၏ အရွယ်တွင် အခြားသူများနှင့် ရန်ဖြစ်နေဆဲ ဖြစ်သည်။
“ကျွန်တော် မာစတာလုနဲ့ မယှဉ်နိုင်ပါဘူး။ ဘင်းမြို့တော်မှာ မာစတာလုရဲ့ သစ္စာခံ သူငယ်ချင်းတွေတောင် ရှိတယ်လို့တောင် ကြားမိသေး”
ဖုန်းယွီက မြှောက်ပြောလိုက်သည်။
အမှန်တကယ်တွင် လက်ရှိတွင် မာစတာလုသည် အတော်လေး နာမည် ရှိသည်။ နောက်လာမည့် နှစ်အနည်းငယ်အတွင်း သူ့ဦးလေး ရာထူးတိုးခံရပြီးနောက် သူပိုပြီး နာမည် ကြီးမည် ဖြစ်သည်။
မာစတာလုသည် ဖုန်းယွီပြောတာ ကြားသော အခါ ပြုံးမိတော့၏။
“ဒါက သူငယ်ချင်းအချို့ ဖြန့်တဲ့ ကောလဟာလတွေပါ။ မန်နေဂျာဖုန်း မီနူးကို ကြည့်ပါ။ ခင်ဗျား ဘာအစားအစာ ကြိုက်နှစ်သက်သလဲ”
“မာစတာလုက ကျွန်တော် ကြိုက်တာ မှာခိုင်းတာလား။ ကျွန်တော် အစားအသောက်နဲ့ ပတ်သက်ပြီး ဂျီးမများပါဘူး”
မာစတာလုသည် ခေါင်းညိတ်လိုက်ပြီးနောက် တံခါးကို ညစာ လာချရန် မှာလိုက်တော့သည်။ စားသောက်ဆိုင်သည် အစားအသောက်များကို ယူလာတော့သည်။ ၁၀မိနစ်အတွင်း စားပွဲ တစ်ခုလုံး ပြည့်သွားတော့သည်။ မာစတာလုသည် အစားအသောက်များကို မှာပြီးသား ဖြစ်သည်။ ပြီးနောက် ဖုန်းယွီသည် အခြား ဟင်းပွဲများကို မှာလျှင်တောင် စားသောက်ဆိုင်အနေဖြင့် ချက်ပြုတ်ရန် အဆင်သင့် ပြင်ထားသည်။ သို့သော် ဖုန်းယွီသည် ဘာမှ ထပ်မမှာကတည်းက ဟင်းပွဲများကို ချက်ခြင်းပင် ချနိုင်တော့၏။
စားသောက်ဆိုင် တစ်ခုလုံး ထိုစားပွဲသာ ဧည့်ခံရန် ရှိသည်။ အစားအသောက် ချပေးသည့် နေရာမှာလည်း အလွန်ပင် မြန်ဆန်လှသည်။
“မန်နေဂျာဖုန်း ဘယ်လိုမျိုး သောက်ရတာ ကြိုက်လဲ”
ဖုန်းယွီသည် သူ့အရင်ဘဝကို ချက်ခြင်း သတိရမိသွားသည်။ ကောလဟာလများအရ မာစတာလု နှစ်သက်သည့် အရာ သုံးခု ရှိသည်။ မိန်းမ၊ ငွေနှင့် ဝိုင်ပင် ဖြစ်၏။ ဖုန်းယွီသည် သောက်စရာတွင်ညလ်း ဂျီးများခြင်း မရှိပေ။ အဘယ်ကြောင့် ဝိုင်မသောက်ဘဲ နေမည်နည်း။
“ကျွန်တော် ကောင်းကောင်း မသောက်တက်ဘူး။ မာစတာလုနဲ့အတူ ဝိုင်နီပဲ သောက်တော့မယ်”
မာစတာလုသည် ပျော်သွားတော့၏။ ဝိုင်နှစ်သက်သည့်သူမှာ အတော်ကလေး ရှားပေးသည်။ သူသည် ဖုန်းယွီကို ဝိုင် နှစ်သက်သည်ဆိုသည့် အချက်နှင့်ပင် ဖုန်းယွီအပေါ် ကောင်းမွန်သည့် အမြင် ရှိခဲ့၏။ ဖုန်ယွီ ဝိုင်ကို ဖြည်းဖြည်းချင်း အရသာ ခံသောက်နေသည်ကို မြင်သည့်အခါ သူ ပိုပျော်လာ၏။ ဝိုင်သောက်သည့်အတွက် ခြောက်သွေ့ခြင်းကို ညင်းညူခြင်း မရှိပေ။
“မင်း မာစတာလုက ကျွန်တော်ဆီက တစ်ခုခု လိုချင်တာလား။ ဒါမှမဟုတ် မိတ်ဆွေ ဖြစ်ချင်တာလား”
ဖုန်းယွီက ပြုံးကာ ပြောလိုက်သည်။
မာစတာလုသည် ဖုန်းယွီကို ပိုသဘောကျလာသည်။ မာစတာလုသည် အရင်က ချမ်းသာသည့် လူများစွာနှင့် တွေးဖူးသည်။ ပြီးနောက် ထိုစီးပွားရေး သမားများသည် သူတို့ တွေ့ဆုံသည့်အခါ သူတို့က တွန့်ဆုတ်နေကြသည်။ ဖုန်းယွီသည် သူ့ကို သာမန်အတိုင်းသာ ပြောသည်။ ပြီးနောက် သူသည် ထိုစိတ်ဝင်စားဖွယ် အချက်ကို တွေ့သွားတော့သည်။
လူများစွာက သူ့အကြိုက်ကို လိုက်လုပ်ကြသည်။ သူတို့သည် မာစတာလုဦးလေး၏ အာဏာကို မျက်စိကျ၍ ဖြစ်သည်။ မာစတာလုတွင် မိတ်ဆွေအစစ် အနည်းငယ်သာ ရှိသည်။ သူနှင့် နောက်ခံ အတူရှိသည့် အသိုင်းအဝိုင်းထဲတွင် သူနှင့် မိတ်ဆွေစစ် မရှိပေ။ သူသည် သူနှင့် ထိုသူများ ကြားထဲတွင် တံတိုင်းတစ်ခု ခြားထားသည်ဟု အမြဲတမ်း ခံစားရသည်။
“မန်နေဂျာဖုန်းကို ဒီမှာ ညစာ ဖိတ်ကျွေးတာက အချို့ ကိစ္စလေးတွေ ရှိလို့ပါ။ ပြီးတော့ ကျုပ်က မင်းနဲ့ သူငယ်ချင်း ဖြစ်တယ်။ ပြောရမယ်ဆိုရင်တော့။ ငါမင်းကို အရမ်း စိတ်ဝင်စားတယ်။ ပြီးတော့ မင်းက အချိန်ခဏလေးအတွင်းမှာ ကံတရားကို ပြောင်းလဲအောင် လုပ်နိုင်ခဲ့တယ်။ မင်းက အခုလက်ရှိ တရုတ်နိုင်ငံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်လို့တောင် စဉ်းစားလို့ ရနိုင်တယ်”
မာစတာလုက ပြောလိုက်သည်။
ဖုန်းယွီသည် ပိုက်ဆံများစွာ ရှာထားနိုင်မှန်း သိပေသည်။ သို့သော် သူ့အနေဖြင့် ဖုန်းယွီ ဘယ်လောက်များများ ရှာထားသည်ဆိုသည့် အချက်ကိုတော့ မသိရှိပေ။ ဖုန်းယွီသည် ချေးငွေများ ရယူပြီး စတော့ဈေးကွက်တွင် ရင်းနှီးမြှုပ်နှံခဲ့သည်ဟု ကြားခဲ့သည်။ သူ့အကျိုးအမြတ်ကား ယွမ် သန်း ရာဂဏန်းအထိ ရှိမည်ပင်။ တရားဝင်လုပ်ငန်းမှ ငွေများကို ထိုမျှ များများရှာနိုင်သည့်သူမျိုး တရုတ်နိုင်ငံတွင် အများကြီး မရှိပေ။
ဖုန်းယွီသည် ရယ်လိုက်ပြီး လက်ကို ယမ်းလိုက်ကာ
“မာစတာလုက ကျွန်တော်မှာ ပိုက်ဆံ အများကြီး ရှိနေတယ်လို့ တွေးနေတာပဲ။ ဒါပေမဲ့ ကျွန်တော်မှာ အကြွေးတွေ အများကြီး ရှိတာကိုလည်း မသိတာလား။ ကျွန်တော် တရုတ်၊ ဟောင်ကောင်နဲ့ ဆိုဗီယက် ပြည်ထောင်စုမှာ အကြွေးတွေ ရှိသေးတယ်။ အခုလက်ရှိ ကျွန်တော်က ဘဏ်တွေ အတွက်ကို အလုပ်လုပ်ပေးတယ်လို့တောင် ပြောလို့ ရနိုင်တယ်။ ဘဏ်အတိုးနှုန်းက အရမ်းကို များတာပဲ။ ကျွန်တော်အနေနဲ့ အကြွေးတွေ အကုန်ဆပ်ဖို့ သုံးနှစ်ကနေ ငါးနှစ်ထိတောင် လိုလိမ့်မယ်”
မာစတာလုက မျက်တောင် ပင့်လိုက်သည်။ ဖုန်းယွီ ဘဏ်ကို ပေးရမဲ့ ငွေ အများကြီး ရှိတုန်းပဲလား။ သူ့က ဘဏ်ကနေ ချေးငွေတွေ အများကြီး ပထမဆုံး ချေးယူနိုင်ခဲ့တာပဲ။ တော်တော်ကို တော်မဲ့ပုံပဲ”
“မန်နေဂျာဖုန်းက အရမ်းကို သတိရှိတာပဲ။ ကျွန်တော်က ခင်ဗျားရဲ့ ကုမ္ပဏီမှာ ရင်းနှီးမြှပ်နှံချင်ရုံပါ။ ကျွန်တော် ရှယ်ယာ ဘယ်လောက်ရရ ကိစ္စမရှိပါဘူး။ ခင်ဗျားကုမ္ပဏီရဲ့ ဈေးကွက်ပေါက်ဈေးကို မူတည်ပြီးတော့ ပေးလို့ရတယ်။ တကယ်လို့ မန်နေဂျာဖုန်းကုမ္ပဏီ အနာဂတ်မှာ ပြဿနာတွေ ကြုံလာမယ်ဆိုရင် ကျုပ်က ခင်ဗျားကို ကူညီပေးမှာပေါ့”
တစ်လျှောက်လုံး ဖုန်းယွီသည် အခြားသူ၏ ကုမ္ပဏီမှ ရှယ်ယာများကို ဝယ်ယူခဲ့သည်။ ယနေ့တွင် တစ်ယောက်ယောက်က သူ့ကုမ္ပဏီမှ ရှယ်ယာများကို ဝယ်ယူချင်သည်ဟု ဆိုသည်။ ဖုန်းယွီသည် ထိုကမ်းလှမ်းမှုကို တကယ်ပင် ဆွဲဆောင်စရာ ကောင်းပေသည်။
ယင်းက သူ့ကုမ္ပဏီ အနာဂတ်တွင် အချို့သော ကိစ္စများနှင့် ရင်ဆိုင်ရသည့်အခါ ဖုန်းယွီသည် မာစတာလုနှင့်အတူ ရှိနေပါက ထိုကိစ္စများကို ဖြေရှင်းနိုင်မည် ဖြစ်သည်။ ဖုန်းယွီသည် ချမ်းသာကြွယ်ဝမှုကို လုံလောက်အောင် စုဆောင်းမိလာတော့မည် ဖြစ်သည်။ ထိုအချိန်တွင် မာစတာလုသည် နှစ်ခါ ပြန်မစဉ်းစားဘဲ ဖုန်းယွီနှင့် အတူတူ လုပ်ကိုင်ချင်၏။
ထို့ပြင် မာစတာလုသည် ဖုန်းယွီ၏ ကုမ္ပဏီတွင် ရင်းနှီးမြှပ်နှံခြင်းဖြင့် အခြားသော အကျိုးအမြတ်များလည်း ရရှိမည်ပင်။ အကယ်၍ ဖုန်းယွီသာ စက်ယန္တရားကုမ္ပဏီ၏ ရှယ်ယာများကို လက်ရှိတွင် ဆက်ဝယ်ပါက မြို့တော် အစိုးရအနေဖြင့် သဘောတူမည် မဟုတ်ပေ။
သို့သော် မာစတာလု၏ ပါဝင်မှုက ဖုန်းယွီကို ကျင်းလင်နှင့် တုန့်ကွမ်ရှိ စက်ရုံများကို တစ်ချိန်တည်း မြန်မြန်ဆန်ဆန်ဖြင့် တည်ဆောက်နိုင်မည် ဖြစ်သည်။ ယင်းက မြို့တော်၏ ရှယ်ယာများကို ထပ်ပြီး လျော့ချလိုက်ခြင်း ဖြစ်မည်ပင်။ သူ့အစီအစဉ် အောင်မြင် မအောင်မြင်က မာစတာလု၏ လွှမ်းမိုးနိုင်မှုအပေါ် မူတည်နေသည်။
လွန်ခဲ့သည့် လအနည်းငယ်က ဖုန်းယွီ၏ ရင်းနှီးမြှပ်နှံမှုသည် အတော်လေး မြန်ဆန်ခဲ့သည်။ သို့သော် တရုတ်နိုင်ငံ၏ ကားနှင့် မော်တော်ဆိုင်ကယ် ဈေးကွက်သည် ထပ်ပြီး တိုးတက်မည်ပင်။ ထုတ်လုပ်ရေးသည်လည်း လိုအပ်ချက်ကို ပြည့်မှီအောင် လုပ်ရမည် ဖြစ်ကာ လိုအပ်ချက် ပြည့်မှီအောင် မထုတ်လုပ်နိုင်ပါက ပြည်ပမှ တင်သွင်းသည့် ကားများသည် ဈေးကွက်အတွင်း နေရာ ယူမည် ဖြစ်သည်။
အကယ်၍ ဖုန်းယွီသည် ဆိုဗီယက် ပြည်ထောင်စုမှ ထုတ်လုပ်သည့် လမ်းကြောင်းများကို ပိုပြီး ယူနိုင်ပါက ဖုန်းယွီအနေဖြင့် လူတုန့်နှင့် ချန်းကွမ်မြို့များတွင်တောင် စက်ရုံများကို တည်ဆောက်နိုင်မည် ဖြစ်သည်။ ယခုနည်းလမ်းဖြင့် သူ့အနေဖြင့် နိုင်ငံ တစ်ခုလုံးကို လျှင်လျှင်မြန်မြန်ဖြင့် ဖြန့်ချီနိုင်မည် ဖြစ်ကာ သူ့ကားများတောင် ပြည်ပသို့ တင်ပို့နိုင်မည် ဖြစ်သည်။
“မာစတာလု ဘင်းမြို့တော် စက်ယန္တရားကုမ္ပဏီကို ကြားဖူးလား။ ကျွန်တော်မိသားစုက အဲ့မှာ အဓိက ရှယ်ယာရှင် ပြီးတော့ ဈေးကွက်မှာ နာမည် ကြီးနေတဲ့ စုန့်ကျန်းမော်တော်ဆိုင်ကယ်ဆိုတာ အဲ့ကုမ္ပဏီကထုတ်တာပဲ။ ကျွန်တော်တို့တွေက မကြာခင်မှာ ကားထုတ်လုပ်တော့မှာ။ ကျွန်တော်တို့တွေက ဆိုဗီယက် ပြည်ထောင်စုကနေပြီး ထုတ်လုပ်ရေး လမ်းကြောင်းတွေကို တင်သွင်းပြီးပြီး ပြီးတော့ ဒီဇိုင်းအမြင် အသစ်ကို အသုံးပြုမှာ။ မော်တော်ဆိုင်ကယ် ပရောဂျက်ကိုလည်း ဆက်လက်ပြီး ချဲ့ထွင်ဦးမှာ။ ပြီးတော့ ကျွန်တော်တို့ရဲ့ မျှော်မှန်းချက်က ကမ္ဘာ့နံပါတ်တစ် ဖြစ်ဖို့ပဲ။ ဒါပေမဲ့ ဘင်းမြို့တော် အစိုးရက ရှယ်ယာရှင် တစ်ဦး ဖြစ်နေတယ်။ တကယ်လို့ မာစတာလုသာ မြို့တော် အစိုးရကို ကျွန်တော် ကုမ္ပဏီမှာ အသုံးပြုဖို့အတွက် ငွေ စိုက်ထုတ်ပြီး စက်ရုံတွေ ဆက်ဖွင့်နိုင်ဖို့ ညှို့နှိုင်းပေးနိုင်မယ်ဆိုရင် ကျွန်တော် မာစတာလုကို ယွမ် ၁၀သန်း တန်ကြေးရှိတဲ့ ရှယ်ယာပေးမယ်”
စာရေးဆရာ မှတ်စု။ ။ ဖုန်းယွီ ဟောင်ကောင်ကနေ ချေးငွေ ပြန်ဆပ်ပြီး ရှယ်ယာဝယ်တယ် ဆိုတဲ့ အပိုင်းမှာ ဖုန်းယွီက သူ့အရင်က ကုမ္ပဏီ ပေါင်ထားတာကို ရွေးပြီး ပြန်ဆပ်တာကို ပြောချင်တာ ဖြစ်ပြီးတော့ ချေးငွေ ပြန်ယူတာက သူအခုလက်ရှိ ဟောင်ကောင်မှာ ရှိတဲ့ ပိုင်ဆိုင်မှုတွေကို အာမခံပြီး ချေးငွေ ပြန်ယူတယ် ပြောတာပါ။ ဖူရုန်ကျင်းတုန်းကလည်း သူ့ သန်း ၃၀၀ ဆုံးရှုံးသွားတုန်းကတောင် ချေးငွေတွေ ယူလို့ ရတယ်ဆိုတာ သူ့ကုမ္ပဏီကိုလည်း ဘဏ်မှာ အာမခံ အဖြစ် ထားထားလို့ အများကြီး ချေးယူနိုင်ခဲ့တာပါ။ ချေးငွေဆိုတာကတော့ အတူတူပါပဲ။ ဒါပေမဲ့ ယူပုံ ယူနည်း မတူတာပါ။ အသေးစိတ် ကို ရေးမယ်ဆိုရင်လည်း အကြောင်းအရာက ရှည်ပြီး လိုရင်း ရောက်မှာ မဟုတ်တဲ့အတွက် အခုမှ ရှင်းပြလိုက်ခြင်း ဖြစ်ပါတယ်။ ချေးငွေ ယူတဲ့ တစ်နည်း ရှိသေးတယ် အဲ့တာတော့ နောက်မှ ထပ်ရှင်းပြပေးမယ်နော်။