← Chapters

ကားထုတ်လုပ်ရေး အိပ်မက်

Vol. 20 Ch. 291

ကားထုတ်လုပ်ရေး အိပ်မက်

Vol. 20 Ch. 291

ယွမ် ၁၀သန်းတန်ဖိုးရှိ ရှယ်ယာ

မာစတာလုသည် ဖုန်းယွီ၏ သဘောကောင်းမှုကြောင့် မှင်သက်သွားတော့သည်။

သူသည် ယခင်က ငွေကြေး အမြောက်အမြားကို မြင်ဖူးသည့်သူ ဖြစ်သည်။ ယွမ် သန်းဂဏန်းလောက်က သူ့အား စွဲဆောင်နိုင်ခြင်း မရှိပေ။ သိုသော် သူ့ဘဝ တစ်လျှောက်တွင် သူ့ဆီမှ နှစ်သက်မှုအတွက် တစ်စုံ တစ်ယောက်က အလဲအလှယ်အနေဖြင့် ယွမ် ၁၀သန်း မပေးဘူးပေ။

ထိုယွမ် ၁၀သန်းသည် ငွေကြေးမဟုတ်ပေ။ ရှယ်ယာများ ဖြစ်သည်။ ဖုန်းယွီ ရင်းနှီးမြှပ်နှံသည့် ကုမ္ပဏီတိုင်း ငွေအမြောက်အမြား ရကြသည်။ ယင်းက သူ့ကို ကာလရှည်ကြာ ရင်းနှီးမြှပ်နှံမှု ဖြစ်ပြီး ပြန်ရသည်မှာ အလွန်များမည် ဖြစ်သည်။

မာစတာလုသည် ဖုန်းယွီကို ကြည့်လိုက်ပြီးနောက် နက်နက်နဲနဲ တွေးလိုက်တော့သည်။ အကယ်၍ ဖုန်းယွီသည် သူ့ကို ထိုမျှ များပြားသည့် ရှယ်ယာများ ပေးလျှင် သူတောင်းဆိုသည် အရာသည်လည်း လွယ်ကူသည့် ကိစ္စတစ်ရပ် ဖြစ်မည် မဟုတ်ပေ။

စီးပွားရေးသမား တစ်ယောက်သည် ဘာမျှ မဟုတ်သည့် အရာအတွက် သူ့စည်းစိမ်ကို ပေးသည့် သူများ မဟုတ်ပေ။ သူ့အနေဖြင့် သိသာထင်ရှားသည့် အရာ တစ်ခုကို အလဲအလှယ်အနေဖြင့် ပြန်ယူချင်သည်။ ပြီးနောက် ထိုအရာသည် စီးပွားရေး သမားပေးသည့် အရာထက်ပိုတန်ကြေး ရှိမည်ပင်။ မဟုတ်ပါက ထိုသူသည် စီးပွားရေးသမား တစ်ယောက် ဖြစ်မည် မဟုတ်ပေ။

မာစတာလုသည် ဖုန်းယွီ၏ နောက်ခံကို စုံစမ်းပြီး ဖြစ်ကာ ဖုန်းယွီသည် စီးပွားရေးသမား တစ်ယောက် ဖြစ်ရုံသာမက အောင်မြင်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ဦး ဖြစ်သည်ကို သူသိ၏။

“မန်နေဂျာဖုန်း ခင်ဗျား ကျွန်တော်ဆီက ဘာလိုချင်လဲဆိုတာ အသေးစိတ် ပြောပြပေးလို့ ရမလား”

“အဲဒီ စက်ယန္တရားကုမ္ပဏီက အစက မြို့တော် အစိုးရပိုင်တဲ့ နိုင်ငံပိုင်လုပ်ငန်းတစ်ခုပဲ။ ဒါပေမဲ့ အဲ့ကုမ္ပဏီကို ပြန်လည် ဖွဲ့စည်းခဲ့တယ်။ ပြီးတော့ ကျွန်တော်က နည်းပညာတွေကို အသုံးချပြီး ထိုကုမ္ပဏီက ရှယ်ယာတွေကို အလဲအလှယ်အနေနဲ့ လုပ်ခဲ့တယ်။ ပြီးနောက် ကျွန်တော်က စက်ယန္တရားတွေကို အသုံးပြုပြီး အခြားရှယ်ယာရှင် တစ်ယောက်စီက ရှယ်ယာတွေကို ရခဲ့တယ်။ အဲ့နောက်မှာ နည်းပညာတွေနဲ့ စက်ပစ္စည်းတွေကို သုံးပြီး ကုမ္ပဏီမှာ ရင်းနှီးမြှပ်နှံခဲ့တယ်။ အခုလက်ရှိမှာ ကျွန်တော်က ရှယ်ယာ ၅၀ရာခိုင်နှုန်းကျော် ပိုင်တဲ့ အကြီးဆုံး ရှယ်ယာရှင် တစ်ယောက်ပဲ။ မြို့တော်အစိုးက ဒီလို ဖြစ်နေတာကို မပျော်ဘူး။ ဒါပေမဲ့ အခုလက်ရှိမှာ ကုမ္ပဏီအနေနဲ့ ချဲ့ထွင်ဖို့ လိုပြီး ဈေးကွက်ကို စိုးမိုးနိုင်ရမယ်။ ဒီအတွက် ရင်းနှီးမြှပ်နှံမှု အများကြီး လိုအပ်တယ်။ ဘင်းမြို့တော် အစိုးရမှာ ငွေကြေးအများကြီး မရှိဘူး။ ပြီးတော့ သူတို့တွေက ကျွန်တော်ကို တားကြတယ်။ ကျွန်တော်မှာ အကြီးဆုံး ရှယ်ယာရှင် တစ်ယောက် ဖြစ်တာတောင်ဘာမှ လုပ်ခွင့် မရှိဘူး။ ပြီးတော့ စက်ရုံမှာ ရှိတဲ့ လူအများစုက ဘင်းမြို့တော်က ကြီးပဲ ပြီးတော့ စက်ယန္တရားကုမ္ပဏီရဲ့ အရင်က အလုပ်သမားတွေပဲ။......”

ဖုန်းယွီသည် သူအခုလက်ရှိ ကြုံတွေ့နေရသည့် အခက်အခဲများကို ရှင်းပြလိုက်တော့သည်။ အုပ်ချုပ်မှုပိုင်းဆိုင်ကာ ဝင်ရောက်စွက်ဖက်မှုသည် ကုမ္ပဏီ၏ တိုးတက်မှုကို တားဆီနေသည်။ ဖုန်းယွီသည် သူ့အနေဖြင့် မြို့တော်၏ ရှယ်ယာများကို ထပ်လျော့တော့မည် မဟုတ်ဟု ကတိပေးထားရသည်။ ပြီးနောက် သူ့အနေဖြင့် ကုမ္ပဏီ၏ တိုးတက်မှုအတွက် အစီအစဉ် ရှိပြီး သူ့အနေဖြင့် နောက်ထပ် စက်ရုံများ တည်ဆောက်ရမည်ဖြစ်သည်။ ယင်းမှသာ အချိန်ခဏလေးအတွင်း ကားဈေးကွက်ကို ထိန်းချုပ်နိုင်မည် ဖြစ်သည်။ သူ့အနေဖြင့် ဂျပန်နှင့် ဂျာမန် ကားကုမ္ပဏီများ တရုတ်နိုင်ငံ၏ ဈေးကွက်ယူမည်ကို လိုလားခြင်း မရှိပေ။

အကယ်၍ အထက်ပိုင်းမှသာ ပုဂ္ဂလိကပိုင် ကုမ္ပဏီများ၏ တိုးတက်မှုကို အားပေးပြီး မြို့တော်မှ နှောက်ယှက်ခြင်း မပြုရန်ဟူသည် ပေါ်လစီ ထွက်လာခဲ့ပါက ယင်းပေါ်လစီသည် ဖုန်းယွီ၏ အခက်အခဲများကို ဖြေရှင်းနိုင်မည် ဖြစ်သည်။

ထိုသို့ ဖြစ်ပါက ဖုန်းယွီအနေဖြင့် မြို့တော် အစိုးရအား ကြီးမားသည့် အစီအစဉ် ပြသနိုင်ပေသည်။ မြို့တော်အစိုးရအနေဖြင့်လည်း စက်ရုံခွဲများ တည်ဆောက်ရန်ခွင့်ပြုမည်ဟု ယုံကြည်ပေသည်။ ပြီးနောက် မြို့တော်အနေဖြင့် နောက်ထပ် ငွေများ စိုက်ထုတ်ရန်လည်း မရှိသည့်အတွက် သူတို့၏ ရှယ်ယာများကို ထပ်မံ လျော့ချရမည် ဖြစ်သည်။

ဖုန်းယွီသည် ရှယ်ယာရှင်များကို ထိန်းချုပ်ချင်သည်။ သူ့အနေဖြင့် ၆၇ရာခိုင်နှုန်းသော ရှယ်ယာများကို ရရှိရန် လိုအပ်ပေသည်။ သူသည် ဖူမိသားစုထံမှ ထောက်ပံ့မှုမျိုးကို ရနိုင်သော်လည်း ယခုလက်ရှိတွင် ဖုန်းယွီသည် ဖူမိသားစုကို လုံးဝ မယုံကြည်တော့ပေ။ သူကိုယ်ပိုင် ရှယ်ယာများကို ပိုင်ဆိုင်ထားခြင်းက အကောင်းဆုံးပင် ဖြစ်မည် ဖြစ်၏။

ဖုန်းယွီသည် ဘဏ်ကို အကြွေးများကို ပေးပြီးနောက် ယွမ် သန်းတစ်ထောင်ရှိနေဆဲ ဖြစ်သည်။ ယွမ် သန်း၁၀၀သည် စက်ရုံ တည်ဆောက်ရန်အတွက် လုံလောက်သည်ထက်တောင် ပိုပေသည်။ သို့သော် ဖုန်းယွီအနေဖြင့် ကီရီလန်ကိုသည် သူ့အတွက် ထုတ်လုပ်ရေး လမ်းကြောင်းများ ထပ်ဝယ်ပေးနိုင် မပေးနိုင်ကလည်း မသေချာပေ။

ကီရီလန်ကို၏ မိုင်းတွင်းတွင် ရင်းနှီးမြှပ်နှံပြီးနောက် ကီရီလန်ကိုသည် ဖုန်းယွီကို ကတိပေးထားသည့် စက်ပစ္စည်းများနှင့် နည်းပညာများကို ပေးခဲ့သည်။ ဖုန်းယွီသည် ထိုအရာများမှလည်း အကျိုးအမြတ်ရခဲ့သည်။ ဈေးအကြိးဆုံး အရာများသည် စစ်ဖက်နှင့် ဆိုင်သည့် ပစ္စည်းများ ဖြစ်သည့် လေယဉ်အင်ဂျင်၊ ဖိုက်တာဂျက် ထုတ်လုပ်သည့် နည်းပညာအစရှိသည်တို့ ဖြစ်၏။ ထိုအရာများကို လေယဉ်ထုတ်လုပ်သည့် စက်ရုံကို ပေးခဲ့တာ ဖြစ်သည်။ ဂျင်နရေတာနှင့် ဆက်စပ်သည့် နည်းပညာများကို စက်ပစ္စည်းစက်ရုံသို့ ပေးခဲ့သည်။ အလဲအလှယ်အနေဖြင့် ရေနွေးငွေ့စက်၏ ရှယ်ယာများ ကားနှင့် ဘက်ထရီနှင့် ဆက်စပ်သည့် နည်းပညာများကို ရခဲ့သည်။

ဖုန်းယွီအတွက် အရှုံးဖြစ်သည်ဟု ထင်ရဖွယ် ရှိသော်ငြား ဟိုဟိုက်ထောင်သည် သူ့အတွက် ပြဿနာ အများအပြားကို ဖြေရှင်းပြီး ဖြစ်ခဲ့သည်။ ထို့ပြင် အနာဂတ်တွင် ဖုန်းယွီသည် ထိုထဲကို ဆက်ထည့်မည် ဖြစ်သည်။ အကြောင်းမှာ နည်းပညာတိုးတက်မှုသည် လုပ်ငန်းတိုးတက်မှုအတွက် အရေးပါသည့် အချက် ဖြစ်သည့်အတွက်ကြောင့် ဖြစ်၏။

အကယ်၍ ဖုန်းယွီသာ ကားစက်ရုံ ငါးရုံ တည်ဆောက်ချင်ပါက အပိုရံပုံငွေနှင့် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်အတွက် ငွေများ ချန်ထားရမည် ဖြ်သည်။ အကယ်၍ သူသာ မော်တော်ဆိုင်ကယ်များကိုလည်း ထိုနည်းအတိုင်း လုပ်ပါက ဖုန်းယွီ၏ ယွမ် သန်း တစ်ထောင်သည် လုံလောက်မည့်ပုံ မပေါ်ပေ။

တိုယိုတာကိုကြည့်လျှင်တောင် အနာဂတ်တွင် ကားထုတ်လုပ်သည့် လုပ်ငန်းသည် မည်မျှ အမြတ်အစွန်းရှိကြောင်း သိနိုင်ပေ၏။ ကမ္ဘာထပ်သီး ကုမ္ပဏီ ၅၀၀၊ ထိပ်ဆုံး အမှတ်တံဆိပ် ၁၀၀၊ ကမ္ဘာ့ ထိပ်တန်းမော်တော်ကား ထုတ်လုပ်သူဖြစ်ပြီး သူတို့ အကျိုးအမြတ်အများဆုံ ရရှိသည့် ဈေးကွက်သည် တရုတ်နိုင်ငံ ဈေးကွက် ဖြစ်သည်။

Volvo, General Motors မာစီတီး၊ BMW အစရှိသည့် မော်တော်ကား ကုမ္ပဏီများသည်လည်း တရုတ်နိုင်ငံ၏ ဈေးကွက်အတွင်း ပြိုင်ဆိုင်နေကြသည်။ များပြားသည့် လူဦးရေနှင့် တော်သည့် အင်ဂျင်နီယာ များစွာနှင့် ဖုန်းယွီ ခေါ်ခဲ့သည့် ဆိုဗီယက်မှ အင်ဂျင်နီယာများနှင့် ဖုန်းယွီ၏ အနာဂတ် အမြင်နှင့်သာ ဆိုပါက တရုတ်နိုင်ငံ၏ ဈေးကွက်ကို အလွယ်တကူ သိမ်းပိုက်နိုင်ပေမည်။

အနာဂတ်တွင် ဟန်ကျိုးမှ တစ်ယောက် ထွက်ပေါ်လာမည် ဖြစ်ကာ နောက်ဆုံးတွင် တရုတ်နိုင်ငံ၏ နာမည်ကြီး အမှတ်တံဆိပ် ထွက်လာမည် ဖြစ်သည်။ ထိုသူသည် ဟန်ကျိုးမှ ဖြစ်ကာ သူ့ပြောခဲ့သည့် နာမည်ကြီးသည့် စကားကို ဖုန်းယွီသည် အရင်က ကျန်းရွေ့ချင်ကို ပြောပြခဲ့ဖူးသည်။ ‘ကားသည် အင်ဂျင်တစ်ခုနှင့် ဘီးလေးဘီးပါသည့် ယဉ် ဖြစ်သည်။ ငါတို့တွေ ဘယ်လို တည်ဆောက်ရမလဲ သိပြီဆို ဘာကြောင့် ငါတို့က ကားမထုတ်ဘဲနေမှာလဲ။

ယခုလက်ရှိတွင် ဖုန်းယွီလိုချင်နေသည်မှာ ဗဟိုအစိုးရထံမှ ပေါ်လစီ တစ်ခု သို့မဟုတ် မြို့တော် အစိုးရအနေဖြင့် သူ့အစီအစဉ်များကို မနှောက်ယှက်ရဆိုသည့် အချက်ပင် ဖြစ်သည်။ ထိုနည်းလမ်းဖြင့် ဖုန်းယွီသည် သူ့၏ ကြွယ်ဝမှုကို ဆက်လက် တိုးမြင့်နိုင်ပြီး စက်ပစ္စည်းများက မြို့တော်၏ ရှယ်ယာများကို လျော့ချမည် ဖြစ်ကာ သူ့အစီအစဉ်သည် ပြီးမြောက်လာမည် ဖြစ်သည်။

ငါးနှစ်တာကာလအတွင်း ဖုန်းယွီသည် သူ့၏ စုန့်ကျန်းကားကို တရုတ်တစ်နိုင်ငံလုံးတွင်သာမက ပြည်ပတွင်တောင် သိစေချင်သည်။

၁၉၉၄ခုနှစ်တွင် ဆုံးဖြတ်ချက် အကောင်အထည်ဖော်မှု စတင်ပြီးနောက် များစွာသော တရုတ်နိုင်ငံ၏ ကားထုတ်လုပ်ရေး ကုမ္ပဏီများသည် အခက်အခဲများနှင့် တွေ့ကြုံပြီး ပြန်လည် ဖွဲ့စည်း တည်ဆောက်ကြသည်။ အချို့မှာ လက်လျော့သွားကြသည်။

မာစတာလုသည် တခဏကြာ တွေးလိုက်ပြီးနောက် ဖုန်းယွီကို မေးလိုက်သည်။

“အစိုးရရဲ့ ပေါ်လစီ အသစ် ချမှတ်တယ်ဆိုတာက ခက်ခဲတဲ့ အရာပဲ။ ဒါပေမဲ့ ငါလူတွေကို အသုံးပြုပြီး ဗဟိုအစိုးရကို ပြောကြည့်ပါမယ်။ မင်းအနေနဲ့ စက်ရုံများများ ဖြစ်နေမှ ရမယ်။ တကယ်လို့ မင်းက စက်ရုံ တစ်ရုံပဲ ဆောက်မယ်ဆိုရင် ခက်ခဲလိမ့်မယ်။ တကယ်လို့ မင်းသာ စက်ရုံ ၃ရုံ ဆောက်မယ်ဆိုရင် အထက်က မင်းကို စကြည့်လိမ့်မယ်”

ဖုန်းယွီသည် မာစတာလု ပြောချင်သည်ကို သိသည်။ မာစတာလုသည် စက်ရုံများများ ဆောက်စေချင်သည်။ ကုမ္ပဏီ တစ်ခုသည် ပမာဏ တစ်ခုအထိ ရောက်သည့်အခါ မြို့တော်အစိုးရသည် သူ့အား ဆုတ်ကိုင်ထားနိုင်တော့မည် မဟုတ်ချေ။

ယင်းက ဖုန်းယွီ အလိုရှိသည်နှင့် တစ်ထပ်တည်းဖြစ်နေသည်။ သူ့အနေဖြင့် လုပ်ငန်း ကြီးကြီးမားမားကို ဆောင်ရွက်လိုသည်။

“မာစတာလု ကျွန်တော်အနေနဲ့ ကားနဲ့ မော်တော်ဆိုင်ကယ် စက်ရုံ အတွက် စက်ရုံ ၃ရုံထက် ပိုမယ် ပြီးတော့ ကျွန်တော် မော်တော်ဆိုင်ကယ် စက်ရုံ တစ်ခုစီကနေ နှစ်စဉ် ထုတ်လုပ်မှုက အစီး တစ်သိန်းအောက် မလျော့စေရဘူး ပြီးတော့ ကားစက်ရုံတစ်ခုစီက နှစ်စဉ် ထုတ်လုပ်မှုကလည်း ကားအစီ ငါးသောင်းအောက် မနည်းစေရဘူး။ ဒါဆိုရင် အထက်အရာရှိတွေရဲ့ အာရုံကို ဖမ်းစားနိုင်ပြီလား”

ကားစက်ရုံ သုံးရုံနှင့် ဘင်းမြို့တော်ရှိ စက်ရုံနှင့် ဆိုလျှင် နှစ်စဉ် ကားထုတ်လုပ်မှုသည် အစီးရေ နှစ်သိန်းကျော်မည် ဖြစ်သည်။ ယင်းက သေချာပေါက် အထက်အရာရှိများ၏ အာရုံကို ဖမ်းစားနိုင်မည်ပင်။ မလုံလောက်သေးပါက ဖုန်းယွီအနေဖြင့် နောက်ထပ် စက်ရုံ ၂ရုံ တည်ဆောက်နိုင်သေးသည်။ ဖုန်းယွီတွင် ပိုက်ဆံရှိသည်။ ယခုလက်ရှိ တရုတ်ပြည်တွင် နှစ်စဉ် ကားထုတ်လုပ်မှုသည် မများသေးပေ။ ပြီးနောက် ဖုန်းယွီသည် ကားများသာ ထုတ်လုပ်မည်ဟု မပြောလိုက်ပေ။ သူ့အနေဖြင့် ထရပ်ကား ထုတ်လုပ်ရန်အတွက် ထုတ်လုပ်ရေး လမ်းကြောင်းများကို ဝယ်ယူမည် ဖြစ်သည်။ တရုတ်ပြည်သည် သူ့အား သေချာပေါက် ကြိုဆိုမည်ပင် ဖြစ်၏။

တရုတ်နိုင်ငံသည် နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုများကို ခွင့်ပြုပြီး ဖြစ်သည်။ အဘယ်ကြောင့် သူတို့အနေဖြင့် စက်ယန္တရားကုမ္ပဏီ၏ ကားဈေးကွက် ဖွံ့ဖြိုးမည့်အရေးကို မကူညီဘဲ နေမည်နည်း။

ထိုဖုန်းယွီသည် ထင်ထားသည်ထက် ပိုပြီး အင်အားကြီးသည်။ အနာဂတ်တွင် မာစတာလုသည် အစိုးရတွင်သာ ဆက်ရှိနေလျှင် ဖုန်းယွီအတွက် နိုင်ငံခြားများတွင် ရင်းနှီးမြှပ်နှံမှု ပြုလုပ်ရာတွင်လည်း လွယ်ကူလာမည် ဖြစ်သည်။

မာစတာလုသည် ဖုန်းယွီနှင့် မိတ်ဆွေ ဖြစ်ရန် ဆုံးဖြတ်လိုက်တော့၏။

All Chapters